← Chapters

#ကျေးရွာထဲက ထူးဆန်းသောစမ်းသပ်မှု#

Vol. 82 Ch. 1155

#ကျေးရွာထဲက ထူးဆန်းသောစမ်းသပ်မှု#

Vol. 82 Ch. 1155

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက် ဖြစ်သည့်အပေါ် လျိုကျိယုတွင် သတင်းအချက်အလက်များပိုရှိသည်။ 

ဗလာနတ္ထိပုံတူက ရှေးခေတ်က ဘိုးဘေးရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။ 

ဒီအရာက ငရဲနတ်ဆိုးဒေသကို ခုခံရာ၌ ကြီးမားသည့် အခန်းကဏ္ဍက ပါ၀င်ခဲ့သည်။ 

အကြောင်းရင်းက ဗလာနတ္ထိပုံတူ၏ လုပ်ဆောင်ချက်တစ်ခုက အစွမ်းထက်အာကာသစွမ်းအားနှင့် အချိန်ကို သက်ရောက်နိုင်သည့် စွမ်းရည်ရှိခြင်းပင်။ 

သက်ရှိလူတစ်ယောက်ကို အထဲသို့ စုပ်ယူနိုင်သည့် ဗလာနတ္ထိပုံတူထဲက တစ်နှစ်က အပြင်ပလောက၌ တစ်ရက်နှင့် ညီမျှသည်။ 

အရင်ရှေးခေတ်တုန်းက လူသားဘိုးဘေးများက ဗလာနတ္ထိပုံတူကို ပါရမီရှင်များကို ပျိုးထောင်ရန်အတွက် သုံးခဲ့သည့်အပြင် ဒဏ်ရာရနေသည့် ကျင့်ကြံသူများကို ဒဏ်ရုများအား ကုသရန်အတွက် ဗလာနတ္ထိပုံတူထဲတွင်ပင် ထည့်သွင်းနိုင်ခဲ့သည်။ 

ဒါကအရေးပါသည့်အကြောင်းရင်းတစ်ခုပင်။ 

ဒုတိယအကြောင်းရင်းက ဗလာနတ္ထိပုံတူက အစီအရင်တစ်ခုကို ထုတ်လွှတ်ပေးနိုင်သည်။ အထဲသို့ ရန်သူကို စုပ်ယူနေသရွေ့ တိုက်ခိုက်ရန်အတွက် အစီအရင်ကို အသက်သွင်းနိုင်သည်။ 

ဗလာနတ္ထိပုံတူထဲတွင် သူတို့ ဗလာနတ္ထိပုံတူ၏ ကန့်သတ်ချက်များကို ချိုးဖျက်ရင်ချိုးဖျက် မဟုတ်ပါက အစီအရင်ကို အတင်းခုခံရပေမည်။ အစီအရင်ကို ချိုးဖျက်ရန်အတွက်ရော။ အစီအရင်ကို ဗလာနတ္ထိပုံတူထဲတွင် ဖုံးကွယ်ထားသဖြင့် ချိုးဖတက်ရန်အတွက် ပထမဆုံးလုပ်ရမည့်အရာက ဗလာနတ္ထိပုံတူကို ဖျက်ဆီးခြင်းပင်။ 

ဒါက ဗလာနတ္ထိပုံတူ၏ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် စွမ်းရည်ပေတည်း။ 

ကြီးကြပ်ရေးဗိမာန်၏ပန်းတိုင်က ဗလာနတ္ထိပုံတူကို ရရန်နှင့် ဗလာနတ္ထိပုံတူက ဘိုးဘေးနန်းတော်တွင် ရှိတာကို ကြားသောအခါ ကြီးကြပ်ရေးဗိမာန်၏ ပန်းတိုင်တစ်စိတ်တစ်ပိုင်းကို လျိုကျိယုချက်ချင်းမှန်းဆနိုင်လာသည်။ 

ဗလာနတ္ထိပုံတူသာရှိပါက ကြီးကြပ်ရေးဗိမာန်က တပည့်အားလုံးကို ကျင့်ကြံရန်အတွက် ဗလာနတ္ထိပုံတူထဲ ထည့်သွင်းထားနိုင်သည်။ ထိုအချိန်တွင် ကြီးကြပ်ရေးဗိမာန်၏ အင်မားက မကြုံစဖူး တိုးပွားလာပေလိမ့်မည်။ 

အကယ်၍ ကြီးကြပ်ရေးဗိမာန်တွင်သာ မကောင်းသောရည်ရွယ်ချက်များရှိပါက ဒါက သေမျိုးနယ်မြေအတွက် ကပ်ဘေးကြီးတစ်ခုဖြစ်လာပေလိမ့်မည်။ 

ဒါကိုတွေးမိသောအခါ လျိုကျိယု၏ အမူအရာက လေးနက်သွားရသည်။ သူဘိုးဘေးအင်ပါယာအပိုင်းကထွက်လာပြီး အသံလွှင့်ကျောက်စိမ်းဆွဲသီးနှစ်ခုကို ထုတ်ယူလိုက်သည်။ 

တစ်ခုက အမှောင်သခင်ကို ဆက်သွယ်ရန်နှင့် ကျန်တစ်ခုက လုချန်ရှန်းကို ဆက်သွယ်ရန်ဖြစ်သည်။ 

....

ကိုးလွှာရှင်သန်ခြင်းတံခါးကနေ ထွက်လာပြီးနောက် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၊ စုန့်ရှောင်၊ ကျန်းချင်းလန်တို့အပြင် ကြီးကြပ်ရေးဗိမာန်က အိုင်ရွှယ်နှင့် သစ်သားလူသာမက အနီ၀တ်အမျိုးသမီးတို့ပါရှိနေပြီး သူတို့၏ တောင်များဖြင့် ၀န်းရံထားသည့် ကျေးရွာတစ်ရွာတွင် ရှိနေကြသည်။

ရွာထဲတွင် အိမ်ခြေအများကြီးမရှိပါ။ အများစုကို ရိုးရှင်းသည့်ကောက်ရိုးများနှင့်မြက်များဖြင့် ပြုလုပ်တည်ဆောက်ထားသည်။ အလယ်က အိမ်များကိုသာ ကျောက်နှင့် ဘိလပ်ဖြေဖြင့် တည်ဆောက်ထားသည်။ 

သို့စေကာမူ သူတို့ဒီကျေးရွာကို မကြည့်ရသေးခင်မှာပင် ဖန်ချန်းကလွဲ၍ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အနီ၀တ်အမျိုးသမီးကို လှမ်းကြည့်ရင်း သူတို့၏မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားကြသည်။ 

"ရှင်းဟုန်ယီ၊ မင်းဘာလို့ဒီမှာရှိနေရတာလဲ" ယဲ့ချိုးပိုင်မေးလိုက်သည်။ 

လူရိုင်းဒေသ၌ ရှင်းဟုန်ယီ၏ ပါရမီက ထိပ်တန်းဖြစ်သော်လည်း ဒီရှေးဟောင်းစစ်မြေပြင်ကို လာရန်အတွက်တော့ အထောက်အပံ့မဖြစ်ပါ။ 

ဒီနေရာ၌ အားအနည်းဆုံးက နတ်ဘုရင်နယ်ပယ်ဖြစ်သည်။ 

သူမတွင်ရုတ်တရက် ထူးခြားသည့်မရီဒျန်ရှစ်ခုကို ဖွင့်နိုင်ခဲ့ပြီး ဉာဏ်အလင်းရသွားသည့် ကာလတစ်ခုရှိလာလျှင်ပင် သူမစွမ်းအား ဒီလောက်မြန်မြန် တိုးမြှင့်လာရန်ဟူသည် မဖြစ်နိုင်ပေ။ 

တစ်ခုတည်းသောထိုးထွင်းအမြင်နှင့် အချုပ်အနှောင်များကို ချိုးဖျက်ရန်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို လိုအပ်သည်။ 

မုဖူရှန်းနှင့် နင်းချန်ရှင်းတို့ကလည်း ရှင်းဟုန်ယီကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ၏။ 

ရှင်းဟုန်ယီ ရှုပ်ထွေးနေသည့်အကြည့်တစ်ခုနှင့်အတူ ယဲ့ချိုးပိုင်တို့ကို ကြည့်ပြီးနောက် အကြည့်လွှဲလိုက်လေသည်။ 

သူမ သူတို့ကို မကြည့်ရဲသည့်အလားပင်။ 

အိုက်ရွှယ် ရှင်းဟုန်ယီကို ကြည့်ရဆိုးသည့် အမူအရာဖြင့်ကြည့်ရင်း သူမ၏မျက်လုံးများက အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ 

သစ်သားလူကမူ ကြည့်ပင်မကြည့်ပေ။ 

ရှင်းဟုန်ယီ၏ အမူအရာကို မြင်ရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သံသယဖြစ်မိကြသော်လည်း ဒါက သူမ၏ကိုယ်ပိုင်ကိစ္စဖြစ်နေသည်။ သူတို့အတွက် ဆက်လက်စုံစမ်းရန် မကောင်းလေရာ သူတို့ရွာကိုသာ ကြည့်လိုက်သည်။ 

"ဒီနေရာက ပန်းချီကားထဲမှာပဲလား" မု၀မ်အာ လှည့်ပတ်ကြည့်ရင်း သိချင်စိတ်ဖြင့် မေးသည်။ 

"ဒီလိုပဲဖြစ်မယ်၊ ဒါက စမ်းသပ်မှုတစ်ခုခု ဖြစ်လောက်တယ်" ရှီရှန်းခေါင်းကုတ်လိုက်သည်။ ဒီနေရာ၌ သူဘာစမ်းသပ်မှုကိုမှ မတွေးတောနိုင်ပေ။ 

မည်သို့ပင်ဆိုစေကာမူ ဒီရွာထဲတွင် သွားလာနေကြသည့် ရွာသားများက သာမန်သေမျိုးများသာဖြစ်ပြီး မည်သည့်ကျင့်ကြံခြင်းအော်ရာမှ မရှိကြပါ။ 

လယ်ယာခင်းများကနေ ထွက်လာကြသည့် ရွာသားများမှာ ရွာလမ်းများထဲသို့ ဟိုဒီသွားလာကြရင်း သူတို့ကိုသိချင်စိတ်ဖြင့်ပင် ကြည့်ကြသည်။ 

သူတို့က သူတို့တောင်ခြေကို ဒီထူးခြားသောလူများ ဘာကြောင့် ရောက်လာရသလဲဆိုတာကို သိချင်နေသည့်အသွင်။ 

ဒီအခိုက်အတန့်၌ လူတိုင်းကြက်သေသေသွားကြသည်။ 

အဘယ်ကြောင့်ဆိုသော် သူတို့စိတ်ထဲ အသံတစ်သံထွင်ပေါ်လာသောကြောင့်ပင်။ 

"နောက်ဆုံးစမ်းသပ်မှု၊ ဒါကိုပြီးမြောက်သူတွေက ဗလာနတ္ထိပုံတူအတွက် ပြိုင်ပွဲမှာ ပါ၀င်နိုင်ပါတယ်"

"ဒါကသာမန်ကျေးရွာတစ်ရွာပဲ၊ လူတိုင်းက ပျိုးထောင်ဖို့နဲ့ ကျင့်ကြံပေးပြီး စစ်ရေးအတွေ့အကြုံကို ကျွမ်းကျင်အောင် လုပ်ပေးဖို့ ရွာသားကိုယ်စီရွေးရမယ်"

"ရွာအလယ်မှာ မင်းတို့မြင်ရတဲ့ ကျောက်တုံးအိမ်လေးလုံးက ရွာရဲ့အုပ်ချုပ်ရေးမှူးတွေပဲ၊ မင်းတို့သူတို့ကို ကျောက်တုံးအိမ်တွေထဲမှာ အောင်မြင်စွာ နေခွင့်ပေးဖို့လိုတယ်၊ ဒီလူဘေးယောက်က ကျောက်တုံးအိမ်ပြိုင်ပွဲမှာ ပါ၀င်ကြလိမ့်မယ်"

"အချိန်ကန့်သတ်ချက်ရှိတယ်၊ တစ်နှစ်အကြာမှာ ကျောက်တုံးအိမ်အတွက် တိုက်ခိုက်ဖို့ အချိန်ကျလာလိမ့်မယ်၊ ကျောက်တုံးအိမ်အတွက် တိုက်ပွဲကို ရွာသားတွေက ဆုံးဖြတ်ကြလိမ့်မယ်၊ ရွာအုပ်ချုပ်ရေးမှူး၏ မဲတစ်မဲတည်းက မဲသုံးမဲနဲ့ညီမျှတယ်"

"ပြီးတော့ မင်းတို့၀င်စွက်ဖက်လို့မရဘူး"

ယဲ့ချိုးပိုင်တို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ 

တစ်နှစ်ဆိုတာက ဖြစ်နိုင်လို့လား!

ယဲ့ချိုးပိုင်တို့တွေးနေတာကို အာရုံခံမိသည့်အလား အသံကပြန်ပေါ်လာသည်။ 

"ဗလာနတ္ထိပုံတူထဲက တစ်နှစ်က အပြင်ပကမ္ဘာရဲ့ တစ်ရက်နဲ့ညီမျှတယ်၊ မင်းတို့စိုးရိမ်စရာမလိုဘူး"

ဒါကသူ့သတင်းစကား၏ အဆုံးသတ်ပင်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကို တစ်ဦး စိတ်၀င်တစားကြည့်လိုက်ကြ၏။ 

ဒါကစိတ်၀င်စားစရာကောင်းသည်။ 

ရွာသားတစ်ဦးကို အစကနေပျိုးထောင်ပေးတာက တပည့်တစ်ဦးပျိုးထောင်ပေးတာနဲ့ ညီမျှမနေဘူးလား!

"ဒါပေမယ့် တစ်ခါမှ မကျင့်ကြံဖူးတဲ့ ရွာသားတစ်ယောက်ကို ပျိုးထောင်ပေးချင်တယ်ဆိုရင် သူတို့မှာ ကျင့်ကြံဖို့အတွက် အရည်အချင်းရှိသလားဆိုတာ ကြည့်ရမယ်မလား" ဖန်ချန်းတွေးနေမိသည်။ 

"ကျင့်ကြံခြင်းအရည်အချင်းကို ရှာရတာ မခက်ပေမယ့် ပိုကောင်းတဲ့ကျင့်ကြံခြင်းအရည်အချင်းရှိဖို့က နည်းနည်းခက်တယ်"

ဒါကိုကြားသော် မုဖူရှန်းပြောသည်။ 

"ဒီလိုဆိုရင်တော့ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုသွားပြီ"

သာမန်လူများထက် ပိုတော်သည့်ပါရမီရှင် သို့မဟုတ် ပိုတော်သောလူတစ်ယောက်က တစ်ခါမှ ကျင့်ကြံသူမရှိဖူးသည့် သေမျိုးရွာတစ်ရွာတွင် ဘယ်လိုလုပ် ပေါ်လာနိုင်မည်နည်း။ 

သို့သော် စက္ကန့်တိုင်းကအရေးပါသည်။ 

ဒီအခိုက်အတန့်၌ အိုက်ရွှယ်ဖြစ်စေ၊ သစ်သားလူ သို့မဟုတ် ရှင်းဟုန်ယီဖြစ်စေ သူတို့ပိုပါရမီရှိသည့်ရွာသားများကို စတင်ရှာဖွေကြသည်။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း နှောင့်နှေးမနေကြတော့ဘဲ စတင်ရှာဖွေကြလေတော့သည်။ 

ရှာဖွေခြင်းဖြစ်စဉ်၌ သူတို့ကိုယ့်ကိုကိုယ် တွေးမိကြသည်။ 

သူတို့ကို ကျင့်ကြံပေးပြီး ကျောက်တုံးအိမ်အတွက် တိုက်ခိုက်စေရန်အတွက် ပျိုးထောင်ပေးတာက တကယ်ပဲ ရိုးရှင်းမည်လား။ 

မဟုတ်ပါ။ ဒီထဲတွင် ပါဝင်သည့်အရာများက အရမ်းကြီးရိုးရှင်းမည်မဟုတ်။ 

အသံကလည်း ကျောက်တုံးအိမ်လေးလုံးအတွင် တိုက်ပွဲ၀င်ရန်အတွက် ရွာသားများနှင့် ရွာအုပ်ချုပ်ရေးမှူးဆီက မဲများလိုအပ်သည်။ 

ဒီလိုဆိုပါက အာရုံစိုက်မှုက ရွာသားများနှင့် ရွာအုပ်ချုပ်ရေးမှုး၏ ယုံကြည်မှုကို ရယူရန်ဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။ 

ဒါက ပထမလမ်းဖြစ်သည်။ 

ဒုတိယလမ်းလည်းရှိသည်။ ဒါက ကျောက်တုံးအိမ်အတွက် တိုက်ခိုက်ကြသည့် တခြားသူများကို သတ်ရန်ပင်။ စမ်းသပ်မှုတွင် ပါ၀င်သည့် ယဲ့ချိုးပိုင်တို့ မတိုက်ခိုက်နိုင်သဖြင့် ပျိုးထောင်ပေးသည့် ရွာသားများက တခြားသူများထက် သာလွန်နေသရွေ့ လုပ်နိုင်ပေလိမ့်မည်။ 

အကျပ်ကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူပြုရန်အတွက်ရော!

သူတို့ပန်းတိုင်များကို အောင်မြင်ရန်အတွက် နည်းလမ်းမျိုးစုံရှိသည်။ 

ဒီစမ်းသပ်မှုက အဆုံးမရှိဖွင့်လှစ်ပေးထားသည်ဟု ဆိုနိုင်သော်လည်း ဘယ်နည်းလမ်းကိုသုံးမလဲဆိုတာက သူတို့အတွေးပေါ် မူတည်သည်။ 

သို့စေကာမူ လူတိုင်းက စိတ်အခြေအနေနှင့် ပါရမီအပေါ် မူတည်နေဆဲပင်။ 

အစွမ်းထက်ကာ ခိုင်မာကြင်နာတတ်သည့် နှလုံးသားရှိသောအခါမှသာ ရွာသားများ၏ ယုံကြည်မှုကို အပြည့်အ၀ ရယူနိုင်ပေလိမ့်မည်။ 

အပိုင်း(1156) coming။ 

All Chapters