#တခြားဂိုဏ်းသို့ပြောင်းသည်၊ မုရှီကို တပည့်အဖြစ်လက်ခံပါ#
Vol. 82 Ch. 1156
တပည့်ရှာရန်အတွက် စံနှုန်းများအရ လူတိုင်း၏အာရုံက မတူပေ။
သို့စေကာမူ ဒီရေတိုပျိုးထောင်ခြင်းတွင် ကျောက်တုံးအိမ်ကို လုယူရန်အတွက် အများစုက ပါရမီအပေါ် အာရုံစိုက်ရန်အတွက်သာ ရွေးချယ်ကြပေလိမ့်မည်။
ဥပမာအားဖြင့် အိုက်ရွှယ် ရွာသားများကို ရှာနေစဉ် ပါရမီကိုစမ်းသပ်ရန်အတွက် ဓမ္မရတနာတစ်ခုကိုပင် ထုတ်ခဲ့သည်။
သူတို့၏လက်ရှိခွန်အားအရ တစ်ချက်ကြည့်ရုံနှင့် တစ်ဘက်လူက ဘယ်လောက်ပါရမီရှိသလဲဆိုတာ အကြမ်းဖျင်းပြောဆိုနိုင်သော်လည်း ဒါကခန့်မှန်းခြေတစ်ခုသာ။ မှော်ရတနာတစ်ခုကို အသုံးပြုခြင်းက သူတို့တိကျစွာမြင်နိုင်ရန်အတွက် အထိရောက်ဆုံးရွေးချယ်မှုဖြစ်သည်။ ယဲ့ချိုးပိုင်တို့ကမူ ဒီလိုမထင်ကြပါ။
သူတို့၏အာရုံစိုပ်မှုက ပါရမီ၏အခြေခံအုတ်မြစ်ပေါ်တွင်ဖြစ်ပြီး ပင်ကိုယ်စရိုက်အပေါ် ပို၍ပင် အာရုံစိုက်ရပေမည်။
ယဲ့ချိုးပိုင်အတွက် ကျင့်ကြံခြင်းကို ဖန်တီးပေးတာက အင်မတန်လေးနက်သည့် ကိစ္စရပ်တစ်ခုပေတည်း။
အချိန်က တစ်နှစ်တည်းသာဖြစ်သည့်တိုင် ရွာသားတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး သူ့စရိုက်က ဆိုးရွားနေပါက ပြဿာနာများကို ဖြစ်စေလိမ့်မည်။
ဒါကသူတို့၏တာ၀န်လည်း ဖြစ်လာမည်သာ။
ထို့ကြောင့် သူတို့၏စိတ်နေစိတ်ထားအပေါ် ယဲ့ချိုးပိုင်တို့ ပို၍အာရုံစိုက်ကြသည်။
ဒီတဒင်္ဂမှာပင် လူတိုင်းက တပည့်များရှာရန်အတွက် စတင်ဆောင်ရွက်နေကြလေပြီ။
ယဲ့ချိုးပိုင် ရွာလမ်းတစ်ခုပေါ်တွင် လျှောက်နေသည်။ ရွာသားတစ်ချို့ကရပ်ကာ ကြည့်နေကြသော်လည်း လူတိုင်း၏မျက်နှာက ပူပန်မှုနှင့် မသက်သာမှုများဖြင့် ပြည့်နှက်နေကြ၏။ သူတို့က ရှေ့တိုးကာ မမေးရဲကြပေ။
ဒါကအံ့ဩစရာမဟုတ်ပါ။ ယဲ့ချိုးပိုင်က ဈေးကြီးသည့်အ၀တ်အစားများကို မ၀တ်ဆင်ထားသော်လည်း သူ့၏ရိုးစင်းသော အပြာရောင်၀တ်စုံနှင့် ကျင့်ကြံသူအော်ရာက ဒီရွာသားများကို အ၀တ်စများ ဆုတ်ဖြဲခံရသည့်ပမာ ခံစားရစေသည်။
သူကသူတို့နှင့် ကမ္ဘာတူမဟုတ်ပါ။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ပြုံးရင်း ရှေ့တိုးရန် ပဏာမခြေလှမ်းလှမ်းလိုက်သည်။
သို့စေကာမူ ရွာသားများက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။
ယဲ့ချိုးပိုင်အားကိုးရာမဲ့စွာပြုံးသည်။
"အားလုံးပဲ၊ ကြောက်နေစရာမလိုပါဘူး၊ ငါမင်းတို့ကို ကူညီပေးဖို့ရှိနေတာ၊ ငါ့မှာ မင်းတို့ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိပါဘူး"
ဒီနေရာတွင် အဆုံးမဲ့ခံစားချက်တစ်ခု စိမ့်ထွက်လာသည်။
ဒါက ပူနွေးသည့်နေရောင်ခြည် ထွန်းလင်းလာသည့်ပမာ ရွာသားများ၏ကိုယ်ပေါ် ကျရောက်လာသဖြင့် သူတို့တစ်ကိုယ်လုံးကို နွေးထွေးစေသည်။ ရေရှည်လယ်ယာအလုပ်ကြောင့် ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုများကလည်း ပပျောက်သွားကြ၏။
ဒီသက်ရောက်မှုကို ခံစားမိသောအခါ ရွာသားများ အလွန်ထိတ်လန့်သွားကြ၏။
တစ်ချို့လူကြီးများကမူ ဒူးထောက်ကာ ဦးညွတ်ကြသည်။
"အင်မော်တယ်တစ်ပါးပဲ၊ ငါတို့ကောင်းချီးပေးဂူရွာမှာ အင်မော်တယ်တစ်ပါးရောက်လာတာက ငါတို့အတွက် ကောင်းချီးတစ်ပါးပဲ"
ထို့နောက် လူငယ်တစ်ယောက်က ရှေ့တိုးလာပြီး ပြောသည်။
"ဘာလို့အင်မော်တယ်တစ်ပါးက ကောင်းချီးပေးဂူရွာကို ရောက်လာရသလဲဆိုတာ မေးလို့ရမလား"
ယဲ့ချိုးပိုင်ပြုံးသည်။
"ငါတပည့်တစ်ယောက် လက်ခံဖို့အတွက် ရောက်လာတာပါ"
တပည့်လက်ခံမှာလား!
လူငယ်စိတ်လှုပ်ရှားစွာပြောသည်။
"ဒါက ကျွန်တော်တို့အားလုံး အင်မော်တယ်တွေဖြစ်လာနိုင်တယ်လို့ ဆိုလိုတာမလား"
"မှန်တယ်၊ ဒါပေမယ့် ငါလူတစ်ယောက်ပဲ ရွေးမှာပါ" ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
ဒါကိုကြားသောအခါ ချက်ချင်းဆိုသလို ငယ်ရွယ်ပြီးသန်မာသော လူငယ်တစ်ယောက် ပေါက်ပြားကိုကိုင်ကာ ရှေ့တိုးလာသည်။ သူအင်္ကျီအစွန်းနှင့် မြေများကို သုတ်ပစ်ကာ စိတ်လှုပ်ရှားစွာပြောသည်။
"အင်မော်တယ်၊ ကျွန်တော်လုပ်နိုင်မယ်လို့ထင်လား"
ယဲ့ချိုးပိုင်ပြုံးရင်း ဒီသန်မာသောလူငယ်ကို မျက်လုံးထဲက ရွှေရောင်အလင်းနှင့်အတူ ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလို သန်မာသောလူငယ်လေးမှာ သူ့တစ်ကိုယ်လုံး ကြည့်ရှုခံနေရသည့်အလားပင် ခံစားရသည်။
သို့သော် ယဲ့ချိုးပိုင်၏ နောက်ဆက်တွဲစကားလုံးများက သန်မာသောလူငယ်၏ နှလုံးသားပေါ် ပက်ဖြန်းလာသည့် ရေအေးအလားပင်။
"မင်းရုပ်ခန္ဓာက မဆိုးပါဘူး၊ ကံဆိုးချင်တော့ ဒါက ငါကျင့်ကြံခြင်းလမ်းကြောင်းအတွက် မသင့်တော့ဘူး"
လူငယ်လေးဒါကို ကြားသောအခါ အေးခဲသွားရသည်။
"ဒါဆိုရင်....ကျေးဇူးပါ၊ အင်မော်တယ်ဆရာ" ထို့နောက် သူဘေးသို့ဆုတ်သွားသည်။
တခြားရွာသားလူငယ်တစ်စု ရှေ့သို့တိုးလာတာကို မြင်သောအခါ ယဲ့ချိုးပိုင်ပြုံးရင်း ပြောသည်။
"တစ်ယောက်ချင်းလာကြပါ၊ မင်းတို့အားလုံးမှာ အခွင့်အရေးတစ်ခုစီရှိတယ်"
ရွေးချယ်မှုတစ်ခုလုပ်ပြီးနောက် နောက်ဆုံးတွင် ယဲ့ချိုးပိုင် လူငယ်လေးနှစ်ဦးကို ရွေးချယ်ခဲ့သည်။
တစ်ယောက်က အသက်မပြည့်သေးပုံပေါ်သော်လည်း သူ့၏ အညိုရောင်မျက်နှာက အနည်းငယ် နူးညံ့နေပုံပင်။
နောက်တစ်ယောက်က သန်မာပြီး မျက်နှာပေါ်၌ သေသပ်ချေငံသည့် အပြုံးတစ်ပွင့် ရှိနေသည်။
ဒီလူနှစ်ယောက်က ယဲ့ချိုးပိုင် ဓားကျင့်ကြံရန်အတွင် အလားအလာရှိသည်ဟု ထင်သောသူများဖြစ်သည်။
ဓားသမား၏စရိုက်နှင့်ပါရမီက ချို့တဲ့နေ၍မရပါ။
သို့စေကာမူ လူတိုင်းတပည့်ရွေးချယ်ပြီးစီးသွားသောအချိန်တွင် ကောင်းကင်ပေါ် ထိုးတက်လာသည့် မီးတောက်တစ်ခုက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ယခုလေးတင်ရွေးချယ်ခံထားရသည့် တပည့်နှစ်ယောက်တို့ကလည်း လှမ်းကြည့်လိုက်ကြ၏။
ရွာ၀င်ပေါက်တွင် မြင့်မားသည့် စင်မြင့်တစ်ခု မြေပေါ်ကနေ မြင့်တက်လာပြီး အိုက်ရွှယ်က စင်မြင့်ပေါ်တွင်ရပ်နေကာ သူမတစ်ကိုယ်လုံးကို တောက်ပသည့်မီးလျှံများက လွှမ်းခြုံထားသည်။
ဒီမီးတောက်က အိုက်ရွှယ်တစ်ဝိုက်တွင် ပိုးခြည်မျှင်များပမာ ဖွဲ့စည်းကာ မျောလွင့်နေကြ၏။
ရွာသားများ၏မျက်လုံးထဲတွင် မီးလျှံနတ်ဘုရားမတစ်ပါး ဆင်းသက်လာသည့်အလားပင်။
အိုက်ရွှယ်ကျယ်လောင်စွာပြောသည်။
"ငါတပည့်တစ်ယောက်လက်ခံချင်တယ်၊ မင်းတို့ငါ့တပည့်ဖြစ်ချင်တယ်ဆိုရင် ဒီစင်မြင့်ပေါ်မှာ စမ်းသပ်မှုကို ခံယူနိုင်တယ်၊ မင်းတို့အောင်မြင်သရွေ့ ငါတပည့်ဖြစ်လာနိုင်တယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက အေးစက်သွားကြသည်။
ကြည့်ရသည်မှာ အိုက်ရွှယ်က ကျယ်ပြန့်သည့်ကွန်ရက်တစ်ခု ပစ်လွှတ်ရန်အတွက် ရွေးချယ်လိုက်ပုံပင်။
ဒါ့အပြင် အိုက်ရွှယ်၏ လုပ်ရပ်များက တခြားသူများ ဆုံးဖြတ်ထားပြီးသား တပည့်များကို လုယူသွားရန်အတွက် ဖြစ်လောက်သည်။
အားနည်းသောသူက အမြဲလိုလို အားကောင်းသောသူကို လေးစားသည်သာ။
အိုက်ရွှယ် သူမခွန်အားကို ဒီရည်ရွယ်ချက်ကြောင့်ပင် တမင်တကာဖော်ပြခဲ့သည်။
တခြားသူများသာ တပည့်မရပါက ဒါက သူတို့စမ်းသပ်မှုတွင် ကြိုတင်ကျရှုံးသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
မျှော်လင့်ထားသည့်အတိုင်းပင် အိုက်ရွှယ်၏ မြင့်မားသောပုံရိပ်အောက်တွင် ယဲ့ချိုးပိုင်ရှေ့က သန်မာသောလူငယ် နျိုကျောင်း၏မျက်လုံးထဲတွင် မနာလိုမှုနှင့် လေးစားမှုများပေါ်လာသည်။ သူယဲ့ချိုးပိုင်အား နှိုင်းယှဉ်နေသည့်အလား လှည့်ကြည့်ကာပြောသည်။
"ကျွန်တော်တောင်းပန်ပါတယ်၊ အင်မော်တယ်ဆရာ၊ အဲဒီဆရာသခင်အတွက် ကျွန်တော်ပိုသင့်တော်လောက်တယ်"
ဒါတွေအားလုံးက အဓိပ္ပာယ်မရှိပေ။ သူကဆင်ခြေတစ်ခုရှာနေခြင်းသာ။
သို့စေကာမူ ယဲ့ချိုးပိုင် ဒီအကြောင်းနှင့် ပတ်သက်၍ လုံး၀ဂရုမစိုက်ပါ။ ဆန့်ကျင်ဘက်ပင် ဒီကနေတဆင့် ဒီလူငယ်၏ စိတ်နေစရိုက်ကို မြင်နိုင်သည် မဟုတ်ပေလော။
ထို့ကြောင့် သူအများကြီးမပြောဘဲ ပြုံးရင်းခေါင်းညိတ်သည်။
"လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိပါတယ်၊ သွားပါ"
ဒါကိုကြားသော် နျိုကျောင်း၀မ်းသာသွားပြီး ဦးညွတ်ခြင်း၊ တောင်းပန်ခြင်းမရှိဘဲ စင်မြင့်ပေါ်ပြေးတက်သွားသည်။
နျိုကျောင်းတင်မဟုတ်ဘဲ တပည့်အဖြစ် လက်ခံထားကြသည့် တခြားရွာသားများကလည်း ပြေးသွားကြသည်။
ယဲ့ချိုးပိုင် သူ့ဘေးက ကောင်လေးကို ငုံ့ကြည့်ရင်း ပြုံးသည်။
"မင်းဘာလို့မသွားတာလဲ"
လူငယ်လေး၏ မရင့်ကျက်သေးသည့် မျက်နှာပေါ်၌ ရိုးရှင်းရိုးသားသည့် အပြုံးတစ်ပွင့်ပေါ်လာကာ ခေါင်းကုတ်သည်။
"ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေက စိတ်ကို ပြောင်းလဲလို့မရဘူးလို့ သင်ပေးခဲ့တယ်၊ ကျွန်တော်စခဲ့တာကို အဆုံးသတ်ဖို့လိုတယ်၊ တခြားသူတွေကို သေချာပေါက် သစ္စာဖောက်လို့မရဘူး"
ယဲ့ချိုးပိုင် အူလှိုက်သည်းလှိုက်ရယ်မောကာ ကောင်လေး၏ခေါင်းကို ပွတ်သပ်သည်။
"ဒီမှာမင်းစိတ်ကို ပြောင်းလဲစရာမလိုပါဘူး၊ ဒါ့အပြင် မင်းအဖေမင်းကို ကောင်းကောင်းသင်ကြားပေးခဲ့တယ်ဆိုတာ ငါပြောနိုင်ပါတယ်"
ဒီရိုးရှင်းသောစကားလုံးများကို ပြောရန် လွယ်ကူသည်။
သို့စေကာမူ ဒီကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် လူဘယ်နှစ်ယောက်ကများ ဒါကို လုပ်နိုင်ပြီး ကြည်လင်သောအသိစိတ်ကို ပိုင်ဆိုင်ကြလေသနည်း။
ကလေးများပင် နားလည်သည့် ဆင်ခြင်တုံတရားက သူတို့ကြီးပြင်းလာတာနှင့်အမျှ အသိစိတ်၏နောက်တစ်ဘက်သို့ ပစ်ချခံလိုက်ရသည်။
ယဲ့ချိုးပိုင်ပြုံးရင်းမေးသည်။
"မင်းနာမည်ဘာလဲ"
ကောင်လေး ကျယ်လောင်စွာပြောသည်။
"မုရှီ"
"မုရှီ...." ယဲ့ချိုးပိုင် မုရှီ၏ခေါင်းကို ပွတ်သပ်ရင်း အပြုံးကိုရုပ်သိမ်းကာ လေးနက်စွာပြောသည်။
"မင်းအဖေမင်းကို သင်ပေးခဲ့တာတွေကို အမြဲမှတ်မိနေပြီး မင်းရဲ့မူလရည်ရွယ်ချက်တွေကို မေ့မသွားဖို့အတွက် ငါမျှော်လင့်ပါတယ်"
မုရှီ လေးလံစွာခေါင်းညိတ်သည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ကောင်းပြီ၊ အခုကနေစပြီးတော့ မင်းက ငါ့တပည့်ပဲ၊ ငါ့နာမည်က ယဲ့ချိုးပိုင်"
ဒီနေရာတွင် ယဲ့ချိုးပိုင် သူ့ဆရာသူ့ကို ကယ်တင်ကာ တပည့်အဖြစ် လက်ခံခဲ့သည့်မြင်ကွင်းကို သတိရသွားမိသည်။ သူ့မျက်လုံးများက အမှတ်တရများနှင့် ပြည့်လျှမ်းသွား၏။
ရုတ်တရက် အိုက်ရွှယ်၏အသံထွက်လာသည်။
"မုရှီ၊ မင်းကအရမ်းပါရမီရှိပြီး ငါ့ကျင့်ကြံခြင်းလမ်းစဉ်ကို အမွေဆက်ခံဖို့ သင့်တော်တယ်ဆိုတာ ငါတွေ့ရတယ်၊ ဘာလို့ငါ့တပည့် လာမလုပ်သေးတာလဲ"
အပိုင်း(1157) coming။