← Chapters

#မုရှီ၊ နှစ်ထပ်ကွမ်းစံပေါ်လာခြင်း#

Vol. 82 Ch. 1157

#မုရှီ၊ နှစ်ထပ်ကွမ်းစံပေါ်လာခြင်း#

Vol. 82 Ch. 1157

အိုက်ရွှယ်၏အသံက အချိန်မတန်ဘဲ ထွက်လာပြန်သည်။ 

ယဲ့ချိုးပိုင်၏မျက်ခုံးများက အနည်းငယ်ကျုံ့သွားပြီး စင်မြင့်ပေါ်က အိုက်ရွှယ်ကို ကြည့်သည်။ 

အိုက်ရွှယ်ကလည်း မေးစေ့ကိုမော့ကာ ယဲ့ချိုးပိုင်ကို အားနည်းချက်လုံး၀မပြဘဲ ပြန်ကြည့်သည်။ 

"ဒီနည်းလမ်းက နည်းနည်းတော့မဆီလျော်ဘူးမလား" ယဲ့ချိုးပိုင် တည်ငြိမ်စွာပြောသည်။ 

အိုက်ရွှယ်မထီမဲ့မြင်ပြုံးသည်။ 

"မဆီလျော်တာ၊ ဘာက မဆီလျော်တာလဲ၊ ဆရာက တပည့်တွေကိုလက်ခံပြီး တပည့်တွေက ဆရာကို အသိအမှတ်ပြုတယ်၊ ဒါက နှစ်လမ်းသွားရွေးချယ်မှုပဲ၊ တစ်ယောက်ယောက်ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့အတွက် ရှင့်ဘယ်လိုလုပ် အတင်းတွန်းအားပေးနိုင်ရတာလဲ"

"ဒါ့အပြင် ဆရာက ပါရမီထူးချွန်တဲ့ လူတစ်ယောက်ကို တပည့်အဖြစ်ရွေးချယ်မှာပဲလေ၊ ဒီတော့ ပိုအားကောင်းပြီး တပည့်ကို ရွေးချယ်ဖို့အတွက် ငါ့မှာလည်း အခွင့်အရေးရှိတာပဲလေ"

အိုက်ရွှယ်ပြောသည်နှင့်ပတ်သက်၍ ဘာမှ မှားယွင်းမနေသော်လည်း ဒါက နည်းနည်းတော့ ရွံစရာကောင်းသည်။ 

သူမတပည့်များကို ပြုစုပျိုးထောင်ရန်အတွက် မျှတသင့်တော်သည့် ပြိုင်ဆိုင်မှုကို လုံး၀မတွေးဘဲ ယင်းအစား ပြဿာနာကို အမြစ်ကနေ ဖြေရှင်းချင်နေသည်။ 

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"မင်းပြောတာမှန်တယ်"

ထို့နောက် သူမုရှီအား ငုံ့ကြည့်ရင်းပြုံးသည်။ 

"ဒါဆို မင်းဘာကိုရွေးမလဲ"

မုရှီခပ်တုံးတုံးပြုံးကာ ခေါင်းကုတ်ရင်း အိုက်ရွှယ်ကိုကြည့်ပြီး အဝေးကနေပြောသည်။ 

"တောင်းပန်ပါတယ် အင်မော်တယ်ဆရာ၊ ကျွန်တော် အင်မော်တယ်ဆရာယဲ့ရဲ့ ဂိုဏ်း၀င်ဖြစ်နေပါပြီ၊ အခုကျွန်တော်စိတ်ပြောင်းလိုက်မယ်ဆိုရင် အဖေ ကျွန်တော့်ကို တုတ်နဲ့ခေါင်းကို ရိုက်လိမ့်မယ်"

မုရှီစကားပြောနေစဉ် သူ့ခေါင်းကို မသိစိတ်က ဖုံးထားလိုက်မိသည်။ 

သူအတော်လေးအရိုက်ခံခဲ့ရပုံရသည်။ 

အိုက်ရွှယ် မုရှီကိုအေးစက်စွာကြည့်သည်။ မုရှီအနည်းငယ် ကြောက်နေပြီး သူမအကြည့်ကို ရှောင်နေသော်လည်း ယဲ့ချိုးပိုင်၏ အားပေးနေသော အကြည့်ကို မြင်ရသောအခါ သူမျက်လုံးပြူးရင်း အိုက်ရွှယ်ကို တုန်ယင်နေသည့် မျက်ခုံးများနှင့် ကြည့်နေသည်။ 

အိုက်ရွှယ် ဖိအားကို တမင်တကာထုတ်ဖော်ထားခြင်းမရှိသော်လည်း အချိန်အတော်ကြာကြည့်နေပြီးနောက်တွင် သာမန်လူတစ်ယောက်ဖြစ်သည့် မုရှီကို မျက်လုံးများ လောင်ကျွမ်းသွားသည့်ပမာ ခံစားရစေသည်။ 

ဒီတဒင်္ဂမှာပင် ယဲ့ချိုးပိုင် မုရှီရှေ့တွင် ရပ်ပြီး အိုက်ရွှယ်ကို ကြည့်လိုက်၏။ 

"သာမန်ကလေးတစ်ယောက်ကို ဒီလိုဆက်ဆံတာက လူကြီးလူကောင်းမပီသလွန်းရာ မကျဘူးလား"

ဒါကိုကြားသော် အိုက်ရွှယ်နှာမှုတ်သည်။ 

"ဒီလိုဆိုမှတော့ ရှင့်ရဲ့ဒီတပည့်မှာ ဘယ်လိုထူးခြားချက်တွေရှိသလဲဆိုတာ ငါတကယ်မြင်ချင်မိတယ်"

ထို့နောက် သူမသူ့ကိုလျစ်လျုရှုကာ စင်မြင့်ပေါ်၌ တပည့်များကို ဆက်လက်လက်ခံနေသည်။ 

ရက်တစ်၀က်ခန့်ကြာပြီးနောက် စင်မြင့်ပေါ်က ပြဇာတ်က နောက်ဆုံးတော့ အဆုံးသတ်သွားပြီး အဆုံးတွင် အိုက်ရွှယ် တပည့်လေးယောက် လက်ခံခဲ့သည်။

တခြားတစ်ဘက်တွင် ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ကျန်သောသူများကလည်း ယဲ့ချိုးပိုင်နှင့် တွေ့ဆုံကြသည်။ 

ရလဒ်ကအနည်းငယ် အံ့ဩစရာကောင်းသည်။ 

မု၀မ်အာ၏မျက်နှာက မကျေမနပ်မှုများနှင့် ပြည့်နှက်နေသည်။ သူမခြေထောက်နှင့် မြေကိုစောင့်တာ ဒေါသတကြီးပြောသည်။ 

"ငါအစက အဂ္ဂိရတ်တာအိုနဲ့ ကိုက်ညီတဲ့ တပည့်တစ်ယောက်ကိုရခဲ့တာ၊ ဒါပေမယ့် အိုက်ရွှယ်တကယ် လုယူသွားတယ်"

မုဖူရှန်းပြုံးသည်။ 

"သူဘယ်လိုလုယူသွားတာလဲ"

သူတို့ထဲတွင် မု၀မ်အာ၏တပည့်သာလျှင် လူသိရှင်ကြား လုယူခံရခြင်းပင်။ 

မု၀မ်အာဒေါသတကြီးပြောသည်။ 

"ဒါတွေအားလုံးက အဂ္ဂိရတ်ပညာက သူ့အတွက် သိပ်အသုံးမ၀င်ဘူးထင်လို့လေ၊ အိုက်ရွှယ်လိုမျိုး မီးတောက်တွေနဲ့ ၀န်းရံခံထားရတဲ့ ခံစားချက်ထက် အားမကောင်းတော့ လုယူခံလိုက်ရတာပဲ"

ကျန်းချင်းလန်ချွေးများကို သုတ်လိုက်၏။ 

"ငါ့ဘက်ကလည်း လုယူခံရလုနီးပါးပဲ၊ ငါခွန်အားအနည်းငယ်ထုတ်ပြလိုက်မှ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် လုပ်နိုင်ခဲ့တာ၊ မဟုတ်ဘူးဆိုရင် ငါ့မှာဒီစမ်းသပ်မှုမှာ ပါ၀င်ဖို့ အခွင့်အလမ်းတောင် မရှိလောက်ဘူး"

ဟုန်ရင်ပြုံးသည်။ 

"သူ့ကိုပြန်ပေးဆွဲနိုင်တယ်ဆိုတော့ ဒါက သူ့မှာကောင်းချီးခံရခြင်းမရှိသလို နင့်တပည့်ဖြစ်ဖို့လည်း မထိုက်တန်ဘူးလို့ ဆိုလိုတာပဲ၊ တစ်နည်းပြောရရင် ဒါကကောင်းတဲ့အရာပဲ"

လူတစ်ယောက်၏စိတ်ဆန္ဒကသာ မခိုင်မာပါက ဘက်ပေါင်းရန်ဟူသည် ဧရာမတားမြစ်ချက်တစ်ခုပင်။ 

ဒီလိုလူတစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်ပါက အနာဂတ်တွင် ဘယ်လောက်ပင်အားကောင်းနေပါစေ သူ့ဆရာ သို့မဟုတ် ဂိုဏ်းကိုပင် ထိခိုက်လာစေနိုင်သည့် အခွင့်အလမ်းရှိသည်။ 

သို့စေကာမူ ဒီစမ်းသပ်မှုထဲတွင် ဒါကို စစ်မှန်သောတပည့်တစ်ယောက်ဟု ယူဆ၍မရပါ။ ဒါက သင်ကြားရေးတစ်နှစ်တာကာလသာဖြစ်သည်။ 

ထို့ကြောင့်လည်း အိုက်ရွှယ်အရမ်းကြီး ဂရုမစိုက်ခြင်းပင်။ 

သူမအတွက် သူမလက်ခံခဲ့သည့်တပည့်များက လက်ကိုင်တုတ်များသာဖြစ်သည်။ ဒါပြီးသွားပါက သူတို့က သူမနှင့် ဘာမှ မသက်ဆိုင်တော့ပါ။ 

"ဒါပေမယ့် အခုဘာလုပ်ရမလဲ" မု၀မ်အာ မျက်နှာထားရှည်ရှည်နှင့်ပြောသည်။ 

တပည့်သာလက်မခံဘူးဆိုရင် စမ်းသပ်မှုမှာ ဒီလိုပဲကျရှုံးသွားရလိမ့်မယ်လေ"

မုဖူရှန်းရယ်ချင်စိတ်ကို ချုပ်တည်းထားရသည်။ 

"ဘာမှမဖြစ်ပါဘူး၊ ဘာကဲဆိုဆို ငါတို့မှာ လူအများကြီးရှိပြီး တပည့်တွေအများကြီး လက်ခံထားတာပဲလေ၊ ဒါကလုံလောက်ပါပြီ"

မု၀မ်အာ မုဖူရှန်းကိုစိုက်ကြည့်သည်။ 

"နင်ဘာသိလို့လဲ၊ အဆုံးမှာ ငါကျောက်တုံးအိမ်ကို မသိမ်းပိုက်နိုင်ရင်တောင် တပည့်တွေကို သင်ကြားပေးရတာက ဘယ်လိုခံစားရသလဲဆိုတာ တွေ့ကြုံချင်သေးတယ်"

မှန်ပေသည်။ ဒါက မု၀မ်အာ၏ တကယ့်ပန်းတိုင်ပင်။ 

ဟုန်ရင်ရယ်မောသည်။ 

"ဒီလိုဆိုရင် နောက်တစ်ယောက်ရှာလိုက်တော့၊ သင့်တော်တဲ့သူတစ်ယောက်ယောက်တော့ ရှိမှာပါ"

မု၀မ်အာ အားကိုးရာမဲ့စွာပြောသည်။ 

"ဒါပေမယ့်အဂ္ဂိရတ် အရည်အချင်းရှိတဲ့ လူကအရမ်းနည်းတယ်"

အဂ္ဂိရတ်ဆရာများက အစီအရင်ဆရာနှင့် အဆောင်သခင်များနှင့် ဆင်တူသည်။ သူတို့က လမ်းကြောင်းတွင် လျှောက်လှမ်းရန်အတွက် အထူးပါရမီကို လိုအပ်သည်။ 

ဒီသုံးမျိုးက ဓားသမားအရေအတွက်ထက်ပင် ပိုနည်းပါးသည်ဟု ဆိုနိုင်သည်။ 

ဒါ့အပြင် ဒီလူများက တစ်ခါမှမကျင့်ကြံဖူးသလို နားမလည်ကြသည့် သာမန်သေမျိုးအုပ်စုတစ်စုဖြစ်လေရာ အဂ္ဂိရတ်အရည်အချင်းရှိသည့် နောက်တစ်ယောက်ကို ရှာရန်ဟူသည် အင်မတန်ခက်ခဲသည်။ 

မု၀မ်အာလက်ဝှေ့ယမ်းသည်။ 

"မေ့လိုက်တော့၊ မေ့လိုက်တော့၊ နောက်တစ်ခါသွားကြည့်လိုက်မယ်"

ထို့နောက် မု၀မ်အာ ရွာတစ်ဝိုက်တွင် စတင်လမ်းလျှောက်လေတော့သည်။ 

ယဲ့ချိုးပိုင်တို့ကလည်း လက်ခံထားသည့် တပည့်များကို စမ်းသပ်ရန်လိုသေးသဖြင့် နေရာတစ်ခုစီ စတင်ရှာဖွေကြ၏။ 

အရွေးမခံရသည့် ရွာသားများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့ကို မနာလိုအားကျစွာကြည့်ရင်း ဂေါ်ပြားများကို ကောက်ကိုက်ကာ ဆက်လက်အလုပ်လုပ်နေကြတော့သည်။ 

......

ဒီအချိန်တွင် တောင်တစ်တောင်ထဲတွင် ယဲ့ချိုးပိုင် သူ့ရှေ့က မုရှီကိုကြည့်ရင်း သစ်သားဓားတစ်လက် ပစ်ပေးလိုက်၏။ 

မုရှီအလျင်အမြန်ကောက်ကိုက်ကာ ယဲ့ချိုးပိုင်အား မမှိတ်မသုတ်စိုက်ကြည့်သည်။ 

ယဲ့ချိုးပိုင်ပြောသည်။ 

"ဒီရက်တွေမှာ ဓားပညာရပ်တွေကို လေ့ကျင့်ဖို့အတွက် မင်းဒီသစ်သားဓားကို သုံးနိုင်တယ်"

မုရှီအနည်းငယ်ကြက်သေသေသွားပြီးနောက် သစ်သားဓားကိုကြည့်လိုက်၏။ 

"အင်မော်တယ်....ဆရာ၊ ဆရာဒီသစ်သားဓားနဲ့ပဲ လေ့ကျင့်တာလား"

ဒါကိုကြားသော် ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဂရုတစိုက်နားထောင်၊ ငါအခုပြောမှာက ဓားသမားတစ်ယောက်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးအချက်တွေထဲက တစ်ခုပဲ"

"ဓားသမားတစ်ယောက်အနေနဲ့ မင်းဓားတာအိုနယ်ပယ်ကို ရောက်နေသရွေ့ သစ်သားဓားဖြစ်ဖြစ် သံဓားဖြစ်ဖြစ်၊ သစ်ရွက်တစ်ရွက်၊ ပန်းတစ်ပွင့် ဒါမှမဟုတ် သစ်ကိုင်းတစ်ကိုင်း၊ ကမ္ဘာကြီးထဲက အရာတိုင်းက မင်းလက်ထဲက ဓားဖြစ်လာနိုင်တယ်၊ ဥပမာပြရရင်..."

ယဲ့ချိုးပိုင် အနည်းငယ်ငုံ့‌ပြီး မြေကြီးကနေ ပါးလွှာသည့် အကိုင်းတစ်ကိုင်း ကောက်ယူလိုက်၏။ 

သစ်ကိုင်းက လေတိုက်လျှင်ပင် ကျိုးသွားနိုင်သည့်အလား အတော်လေးပါးလွှာလှသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင် သစ်ကိုင်းကို သူ့ရှေ့က ကျောက်တုံးကြီးဆီသို့ လွှဲယမ်းသည်။ 

‌ပါးလွှာသည့်သစ်ကိုင်းက ကျောက်တုံးကြီးကို ထိမှန်သွားပြီး ချက်ချင်းဆိုသလို ကျောက်တုံးကြီးက နှစ်ခြမ်းကွဲသွားသည်။ 

မုရှီ၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် ကျောက်တုံးကြီးက ဘေးနှစ်ဘက်သို့ ကျသွားပြီး ဖြတ်ထားသည့်နေရာက မှန်တစ်ချပ်ပမာ ချောမွေ့နေသည်။ 

မိနစ်အနည်းငယ်ကြာ ဆွံအနေပြီးနောက် မုရှီတုံ့ပြန်လာပြီး ယဲ့ချိုးပိုင်ကို ချက်ချင်းပြောသည်။ 

"ကျွန်တော်နားလည်ပြီ၊ ဆရာ"

"ကောင်းပြီ" ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"မင်းပါရမီက မဆိုးဘူး၊ မင်းဓားသမားတစ်ယောက်ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်ဘူးလားဆိုတာက မင်းကံကြမ္မာအပေါ် မူတည်တယ်"

"ကျွန်တော် သေချာပေါက်ဆရာ့ကို စိတ်မပျက်စေရပါဘူး" မုရှီ လက်ထဲက သစ်သားဓားကို ဝှေ့ယမ်းကာ ခက်ထန်စွာပြောသည်။ 

"နျိုကျောင်း ဘက်ပြောင်းတဲ့အတွက် နောင်တရအောင် ကျွန်တော်သေချာပေါက် လုပ်ပြမယ်"

ဒါက တမင်တကာလား သို့မဟုတ် တစ်ဘက်က သင့်တော်တယ်လို့ ခံစားရသည့်အပေါ် နျိုကျောင်းဘက်ပြောင်းခဲ့သလားဆိုတာ သူမသိပါ။ သို့သော် အိုက်ရွှယ်က တကယ်ပင် နျိုကျောင်းကို တပည့်အဖြစ် လက်ခံခဲ့သည်။ 

ယဲ့ချိုးပိုင်နောက်ပြောင်လိုက်သည်။ 

"ဓားသမားတွေက ယှဉ်လို့မရဘူး"

မုရှီ "အို....နားလည်ပါပြီ"

"ဒါပေမယ့်တစ်ခါတစ်လေ ငါတို့ခွန်အားနဲ့ ပါရမီကို သက်သေပြဖို့ လိုသေးတယ်လေ၊ ဒါကမမှားပါဘူး"

မုရှီ "......"

ဘာကိုပြောချင်တာလဲ!

နှစ်ထပ်စံနှုန်းလား!

အပိုင်း(1158) coming။

All Chapters