#ဆေးပင်ရှာဖွေသူမိန်းကလေး#
Vol. 82 Ch. 1158
မု၀မ်အာကလွဲပြီး လူတိုင်းသူတို့လက်ခံထားကြသည့် တပည့်များကို စတင်လမ်းညွှန်ပေးနေကြသည်။
ကျေးရွာထဲတွင် အလုပ်လုပ်နေကြသူများအပါအ၀င် အိမ်တွင် ချက်ပြုတ်နေကြသော ရွာသားအားလုံးနီးပါးက ဒီတပည့်စုဆောင်းမှုအပြီးတွင် ဒီအကြောင်းကို ဆွေးနွေးနေကြသည်။
တစ်ချို့ကပျော်နေကြသလို တစ်ချို့က ၀မ်းနည်းနေကြ၏။
ပျော်နေကြသူများက သူတို့မိသားစုက လူငယ်လေးတစ်ဦးက အင်မော်တယ်၏ တပည့်အဖြစ် လက်ခံခြင်းကို ခံရသောကြောင့်ဖြစ်ပြီး ၀မ်းနည်းနေကြသူများကမူ ဆန့်ကျင်ဘက်ပင်။
မု၀မ်အာ ယှဉ်၍မရနိုင်လောက်သော မကျေမချမ်းဖြစ်နေသည့် အမူအရာနှင့်အတူ သူတို့၏ ဆွေးနွေးမှုကို နားထောင်နေကြ၏။
"ဒါတွေအားလုံးက အဲဒီကြီးကြပ်ရေးဗိမာန်က ကောင်မရဲ့အပြစ်တွေပဲ"
မု၀မ်အာ ဒေါသတကြီးခေါင်းငုံ့ပြီး ကျောက်တုံးလေးကို ခြေနှင့် ကန်ကျောက်ပစ်သည်။
"ငါနောက်တစ်ယောက်ရှာဖို့လိုတယ်၊ ဒါပေမယ့် အဂ္ဂိရတ်ပါရမီရှိတဲ့ တပည့်တစ်ယောက်ကို ရှာဖို့ဆိုတာ ဘယ်လိုလုပ်လွယ်နိုင်မှာလဲ..." ဒီနေရာတွင် မု၀မ်အာ သက်ပြင်းချမိသည်။
"ဖယ်ပေးပါ၊ ဖယ်ပေးပါ"
မု၀မ်အာမော့ကြည့်လိုက်စဉ် ရွှံ့များပေကျံနေပြီး ရွှံ့ခွက်တစ်ခွက်နှင့်အတူ ကြာရွက်အနည်းငယ်ကို လက်နှစ်ဖက်နှင့်ကိုင်ထားသည့် ညစ်ပတ်သောကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ရွာသားများအနီးကနေ ဖြတ်သွားပြီး ရှေ့သို့ ပြေးလာသည်။
ဒါကိုမြင်သောအခါ မု၀မ်အာ ကလေးမလေးကို သွားခွင့်ပေးရန်အတွက် ကိုယ်ကို အနည်းငယ်လှည့်လိုက်၏။
ကလေးမလေး သူမကိုဖြတ်သွားစဉ် ခွက်က အငွေ့ပျံနေသောအစိမ်းရင့်ရောင်အရည်များနှင့် ပြည့်နှက်နေတာကို မု၀မ်အာ တွေ့လိုက်ရသည်။ ယင်းထဲကနေ အားကောင်းစူးရှသည့် ဆေးအနံ့များထွက်နေသည်။
မု၀မ်အာ အရမ်းကြီးဂရုမစိုက်ဘဲ ဆက်လျှောက်နေသည်။
ထိုစဉ် အနီးအနားက ရွာသားများ ဖြတ်သွားသည့် ကလေးမလေးအကြောင်း ဆွေးနွေးနေတာကို သူမကြားလိုက်ရသည်။
"ဟူးး၊ ချူလေးမှာ သန့်စင်တဲ့နှလုံးသားရှိတယ်၊ မိသားစုမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောအဖိုးအိုက သေခါနီးရောဂါသည်ပဲ၊ ရွာထဲက ဆေးဆရာ၀မ်ကတောင် သူကမျှော်လင့်ချက်မဲ့နေပြီလို့ ပြောတယ်၊ ဒါပေမယ့် အဲဒီကလေးမလေး ချူလေးကတော့ သူ့အဖိုးကို ကုသဖို့အတွက် ဆေးပင်တွေကောက်ဖို့ တနေကုန် တောင်ပေါ်ကို သွားနေတုန်းပဲ"
"အဖိုးကြီးချူက အသက်ကြီးရင့်နေပြီမို့ ကယ်တင်လို့မရတော့ဘူး၊ ချူလေးက သနားစရာကောင်းလိုက်တာ"
"တောင်ကလည်း တောရိုင်းတိရိစ္ဆာန်မျိုးစုံနဲ့ အရမ်းအန္တရာယ်များတယ်လေ၊ တစ်ခုခုဖြစ်သွားပင်ရော၊ သူကအရမ်းငယ်သေးတယ်"
"မတတ်နိုင်ဘူးလေ၊ ငါသူ့ကို အကြိမ်များစွာပြောပြီးတာတောင် ကလေးမက လုံး၀နားမထောင်ဘူး"
ဒါကိုကြားသောအခါ သူမတွင်လည်း ဘာမှလုပ်စရာမရှိသလို ကလေးမလေးကလည်း သားသမီးကျင့်၀တ်ရှိသဖြင့် တစ်ချက်သွားကြည့်တာက ကောင်းသည်ဟု တွေးလိုက်မိသည်။
၎င်းနောက်သူမရှေ့တိုးကာမေးသည်။
"အဖိုး၊ ဒီကလေးမလေးရဲ့အိမ်က ဘယ်မှာလဲဆိုတာ မေးလို့ရမလား"
ခါးကိုင်းနေသည့်ရွာသားအဖိုးအို မု၀မ်အာကို မြင်သောအခါ ချက်ချင်းပြောလာသည်။
"အင်မော်တယ်ဆရာပဲ၊ ဟိုမှာရှိပါတယ်၊ ဘယ်ဘက်ကတံခါးမှာ ငါးမျှားပိုက်တစ်ခုရှိနေတဲ့ အိမ်ပါ" ထို့နောက် သူဘယ်ဘက်သို့ လက်ညိုးထိုးပြသည်။
မု၀မ်အာခေါင်းညိတ်ကာ ထိုနေရာသို့ လျှောက်သွားသည်။
ကျိုးနေသည့်သစ်သားတံခါးက ပိတ်ထားခြင်းမရှိပါ။ မု၀မ်အာတံခါးရှေ့တွင်ရပ်ရင်း နီရဲနေသည့် ကလေးမလေး၏ လက်ကလေးတွေကို ကြည့်နေသည်။ သူမက နာကျင်မှုကို အံကြိတ်သည်းခံရင်း တစ်ကိုယ်လုံးတွင် အမည်းစက်များရှိနေသည့် အဖိုးအိုကို ဆေးတိုက်နေသည်။
အဖိုးအို မျက်ခုံးများကို အတင်းမြှောက်ထားသော်လည်း မျက်လုံးမဖွင့်နိုင်ဘဲ နှလုံးသားနာကျင်စွာပြောသည်။
"ချူလေး၊ အဖိုးရဲ့ရောဂါက ကယ်တင်လို့မရတော့ဘူး၊ တောင်ပေါ်ကို ထပ်မသွားပါနဲ့တော့"
ချူလေး အပြင်းအထန်ခေါင်းခါယမ်းရင်း ငိုကြွေးသည်။
"သမီးလက်မလျှော့ချင်ဘူး၊ တောင်ပေါ်မှာ ဝိဉာဉ်ဆေးပင်မျိုးစုံရှိတယ်လို့ ပြောကြတယ်၊ သမီး ဆက်လုပ်နေသရွေ့ အဖိုးရဲ့ ရောဂါကို ကုသဖို့အတွက် ဝိဉာဉ်ဆေးပင်တွေကို အမြဲရှာတွေ့နိုင်ပါတယ်"
ဒါကိုကြားသောအခါ တံခါး၀တွင် ရပ်နေသည့် မု၀မ်အာပြောသည်။
"ဒီဆေးပင်တွေက နင့်အဖိုးရဲ့ရောဂါကို မကုသနိုင်ဘူး"
ထိုအခါ ကလေးမလေးလှည့်လာပြီး မု၀မ်အာကို ကြည့်ကာ ခေါင်းမာစွာဆိုသည်။
"ဆေးဆရာ၀မ်ဒီလိုပြောခဲ့တာပဲ၊ သူပြောတာက တောင်ပေါ်က ဝိဉာဉ်ဆေးပင်တွေကို ရှာနိုင်နေသရွေ့ အဖိုးရဲ့ရောဂါကို ကုသနိုင်တယ်တဲ့"
မု၀မ်အာမေးသည်။
"ဒါပေမယ့် ဒီ၀ိဥာဥ်ဆေးပင်တွေက ဘယ်လိုမျိုးလဲ၊ ဘယ်မှာ ရှင်သန်ပေါက်ဖွားတယ်ဆိုတာကိုရော နင်သိလို့လား"
ကလေးမလေး ထပ်ငြင်းချင်သော်လည်း မငြင်းနိုင်ပါ။
သူမမသိသလို ဆေးဆရာ၀မ်လည်းမသိ။
ထို့ကြောင့် သူမထိုဆေးပင်များကို တစ်ပင်ချင်းရှာပြီး စမ်းသပ်ရုံသာ တတ်နိုင်သည်။
ကလေးမလေး၏ ဝမ်းနည်းကာ မျက်ရည်များနှင့် ပြည့်နှက်နေသည့် မျက်နှာဝိုင်းဝိုင်းလေးကို မြင်ရသောအခါ မု၀မ်အာ အနည်းငယ် ခေါင်းခါယမ်းရင်း အခြေခံကျသည့် အိမ်အခွံလေးထဲသို့ ၀င်ကာ အဖိုးအို၏အိပ်ရာဆီသို့ တည့်တည့်လျှောက်သွားသည်။
ဒါကိုမြင်သောအခါ ကလေးမလေးဒေါသထွက်သွားသည်။ သူမ ချက်ချင်း မု၀မ်အာရှေ့တွင်ရပ်ပြီး လက်အစုံကိုဖြန့်လိုက်၏။
"ဒါဘာလုပ်တာလဲ"
မုဝမ်အာပြုံးသည်။
"ငါက ဆေးဆရာတစ်ယောက်ပဲ၊ နင့်အဖိုးမှာ ဘယ်လိုရောဂါမျိုးရှိသလဲဆိုတာ ငါသိရအောင် ကူညီပေးမလို့"
ဒီစကားကိုကြားရသောအခါ ကလေးမလေး၏မျက်နှာက လင်း၀င်းသွားပြီး အလျင်အမြန်မေးသည်။
"ဒါဆို အဖိုးကို ကုသပေးနိုင်လား"
မု၀မ်အာပြုံးရင်း ခေါင်းညိတ်သည်။
သေမျိုးတစ်ဦး၏ရောဂါက သူမအတွက် အလွယ်ကူဆုံးဟုဆို၍ရသည်။ ဒီထက်ပိုလွယ်တာမရှိတော့။
ဒီအတွက် ရှုပ်ထွေးလွန်းသည့် ဆေးလုံးများကို သန့်စင်နေရာပင်မလို။
ခိုင်မာသည့်အတည်ပြုချက်အဖြေကို ရပြီးမှသာ ကလေးမလေး မု၀မ်အာကို ကြည့်ပေးရန်အတွက် တောင်းဆိုလာသည်။ သူမအဖိုးအိုလက်ကိုကိုင်ကာ ပျော်ရွှင်စွာပြောသည်။
"အဖိုး၊ အဖိုးကိုကယ်တင်လို့ရတယ်တဲ့၊ ဆေးဆရာတစ်ယောက်က အဖိုးရဲ့ရောဂါက်ု ကုသနိုင်တယ်လို့ပြောတယ်"
အဖိုးအို ခါးသီးစွာအားတင်းပြုံးရင်း ခြောက်သွေ့နေသည့်လက်ကို အားနည်းစွာ လွှဲယမ်းသည်။
"အဖိုးခန္ဓာအကြောင်း အဖိုးသိပါတယ်၊ အဖိုးက အဆုံးကိုရောက်နေပါပြီ၊ ဒီအားထုတ်မှုကို မဖြုန်းတီးပါနဲ့တော့"
မု၀မ်အာ အိပ်ရာဘေးတွင်ထိုင်ပြီးပြုံးသည်။
"အဖိုး၊ ကျွန်မက အဲဒီသာမန်ဆေးဆရာတွေနဲ့ မတူပါဘူး"
"ဒါ့အပြင် ကျွန်မကို ကြိုးစားခွင့်ပေးတာကလည်း အရှုံးမရှိဘူးမလား"
အဖိုးအိုအားကိုးရာမဲ့စွာ ခေါင်းညိတ်သည်။
မု၀မ်အာ အဖိုးအို၏ခန္ဓာကို ကြည့်လိုက်စဉ် တစ်ချက်ကြည့်ရုံနှင့် ပြဿာနာကိုပြောနိုင်သည်။
အချုပ်ဆိုရပါက ဒါက အာဟာရအလွန်အမင်းချို့တဲ့ခြင်းပင်။ နှစ်များစွာ တောင်ပေါ်တွင် ခရီးထွက်လွန်းသဖြင့် အဆိပ်အတောက်များများလာပြီး ကိုယ်ထဲတွင် စုဆုံနေခဲ့ခြင်းပင်။
အသက်ကြီးရင့်နေပြီး ကိုယ်ခန္ဓာလုပ်ဆောင်ချက်များက အဆုံးသတ်ကို ရောက်လုနီးပါးဖြစ်နေသည့်အချက်ကိုပါ ပေါင်းစပ်လိုက်ပါက အဆိပ်က လုံး၀ပေါက်ကွဲလာပြီး အနက်ရောင်အစက်အပျောက်များကို ဖြစ်ပေါ်လာစေသည်။
သာမန်ဆေးဆရာများ ဘာမှမတတ်နိုင်တာ အံ့ဩသင့်စရာမရှိတော့။
အခြေခံအကျဆုံးပြဿာနာက သူ့အသက်က အဆုံးသတ်တော့မည့်အချက်ပင်။
ကလေးမလေး မု၀မ်အာကို ကြည့်ပြီး သိချင်စိတ်ဖြင့်မေးသည်။
"မမနတ်သမီး၊ သူ့ကိုကုသနေတုန်း ဘာလို့ သွေးခုန်နှုန်းမစမ်းသပ်ရတာလဲ"
ဘယ်လိုတောင်စကားတတ်တာလဲ!
မု၀မ်အာ ပျော်ရွှင်စွာပြောသည်။
"ဘာလို့လဲဆိုတော့ သွေးခုန်နှုန်းကို မစမ်းသပ်ဘဲ မမပြောနိုင်လို့လေ"
"ဒါဆို မမသိလား"
"သိတာပေါ့" မု၀မ်အာခေါင်းညိတ်သည်။
"ဒါကပြဿာနာကြီးမဟုတ်ပါဘူး"
ထို့နောက် သူမသိုလှောင်လက်စွပ်ထဲက ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။
ဒီကုသဆေးလုံးက မု၀မ်အာဖယ်ထုတ်ပစ်ခဲ့သည့် ဆေးလုံးတစ်လုံးဖြစ်ပြီး အဆင့်က အရမ်းနိမ့်လွန်းသော်လည်း ဒီအဖိုးအိုအတွက် ဒီဆေးလုံးက ပိုအဆင်ပြေသည်။
ဒါကိုသောက်သုံးပြီးနောက် သာမန်လူများ သူတို့သက်တမ်းကို အနည်းဆုံးဆယ်နှစ် ရှည်အောင်လုပ်နိုင်သည်။
အဖိုးအိုကို ဒီဆေးလုံးတိုက်ကျွေးပြီးနောက် သူမလက်ကို အဖိုးအိုရင်ဘတ်ပေါ် တင်လိုက်၏။ အင်မော်တယ်ချီစီးကြောင်းများက အဖိုးအိုကိုယ်ထဲ ဝင်သွားပြီး ဒီဆေးလုံး၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိကို ချေဖျက်ရန်အတွက် ကူညီပေးသည်။
အားနည်းသည့် အစိမ်းရောင်အလင်းအမျှင်တန်းများက အဖိုးအိုကိုယ်တစ်ဝိုက်တွင် လင်း၀င်းနေပြီး ကိုယ်ပေါ်က အနက်ရောင်အစက်အပျောက်များက ဖြည်းဖြည်း မှေးမှိန်ပျောက်ကင်းလာသည်။
အဖိုးအိုကိုယ်ထဲကနေ အနက်ရောင်အရည်အလွှာများစိမ့်ထွက်လာသည်။ ဒါက အတော်လေးအနံ့အသက်ဆိုးလွန်းသည်။
အဖိုးအို၏တင်းကျပ်စွာကျုံ့နေသည့် မျက်ခုံးများက ရုတ်တရက်ပြေလျော့သွားပြီး မျက်လုံးဖွင့်ကာ အဆုံးမဲ့စွမ်းအင်နှင့်အတူ ဆိုလာသည်။
"အာ... အဖိုးခန္ဓာက....."
အဖိုးအိုသူ့ဘာသာထရပ်လာတာကို မြင်သောအခါ ချူလေးလှမ်းဖက်သည်။
"အဖိုး၊ အဆင်ပြေလား"
"အဖိုးအဆင်ပြေပါတယ်၊ အဖိုးအဆင်ပြေပါတယ်" အဖိုးအို ချူလေးကျောကို ပုတ်ရင်း သူ့အမူအရာက တောက်ပနေသည်။
ထို့နောက်သူတစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ့အမူအရာက အနည်းငယ် တင်းကျပ်သွားပြီး အလျင်အမြန်ထရပ်ကာ မု၀မ်အာရှေ့လျှောက်သွားပြီးနောက် ဒူးထောက်သည်။
"ကျေးဇူးပါ၊ အင်မော်တယ်"
ချူလေးကလည်း ကလေးဆန်ဆန်ပြောသည်။
"ကျေးဇူးတင်ပါတယ်၊ မမနတ်သမီး"
မု၀မ်အာ ချူလေးခေါင်းကို ပွတ်သပ်ရင်း ပြုံးသည်။
"ဒါဆို မမအရင်သွားတော့မယ်နော်"
သူမတပည့်ရှာရန်လိုအပ်ပါသေးသည်။
သို့စေကာမူ မု၀မ်အာထရပ်သောအခါ ချူလေး သူမစကတ်ထောင့်စွန်းကို ရုတ်တရက် ဖမ်းကိုင်လိုက်၏။
"မမနတ်သမီး၊ သမီးကို ဆေးပညာသင်ပေးလို့ရမလား"
အပိုင်း(1159) coming။