#မု၀မ်အာ တပည့်လက်ခံပြီး ဆေးလုံးကျမ်းကို သင်ကြားပေးသည်#
Vol. 82 Ch. 1159
ဒါကိုကြားသောအခါ မု၀မ်အာ အနည်းငယ်ကြက်သေသေသွားသည်။
"ဘာလို့မမကို ဆရာအဖြစ် လက်ခံချင်တာလဲ"
ဒီမေးခွန်းတွင် ဘာအဓိပ္ပာယ်မှမရှိဘဲ ပေါက်ကရဟုသာ ထိုရသော်လည်း တပည့်တိုင်း နားလည်ရန်အတွက် အလိုအပ်ဆုံးအရာဖြစ်သည်။
စင်ကြယ်သည့်အတွေး၊ မစင်ကြယ်သည့်အတွေးရှိသူများက ဒီအဖြေတွင် မကြာခဏဆိုသလို နှစ်ဘက်ကွဲကြသည်။
ချူလေးကြားသောအခါ ထစ်ထစ်ငေါ့ငေါ့နှင့်ပြောသည်။
"သမီး ရောဂါတွေကို ကုသပြီး လူတွေကို ကယ်တင်ချင်တယ်၊ ရွာထဲက သဘောကောင်းတဲ့ ဦးလေးအတော်များများက တောင်ပေါ်က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကြောင့် မကြာမကြာဒဏ်ရာရကြတယ်၊ အဒေါ်၊ အဖိုးနဲ့ အဖွားတို့ကလည်း ထူးဆန်းတဲ့ရောဂါမျိုးစုံကို ခံစားကြရတယ်၊ ကုသလို့မရရင် သူတို့သေကြတာများတယ်"
ဒါကိုကြားသော် မု၀မ်အာပြုံးရင်းမေးသည်။
"တခြားဘာရှိသေးလဲ"
"အာ...အဖိုးသာ အနာဂတ်မှာ ထပ်ပြီး ဖျားနာလာခဲ့ရင် အဖိုးကို နတ်သမီးမမလို ကုသပေးနိုင်ပြီလေ"
"တခြားဘာမှ မရှိတော့ဘူးလား"
ချူလေးကြက်သေသေသွားသည်။ သူမအချိန်အတော်ကြာတွေးနောက် မျက်နှာလေးက နီမြန်းသွားသည့်တိုင် တခြားဘာမှ မတွေးနိုင်တော့ပါ။ ထို့ကြောင့် ခေါင်းငုံ့ကာ တိုးတိုးလေးပြောသည်။
"ထပ်မ....မရှိတော့ပါဘူး"
"သမီးက လုံလောက်အောင် ပါရမီမရှိလို့လား" သူမမု၀မ်အာကို သနားချင်စဖွယ် အမူအရာဖြင့်မော့ကြည့်သည်။ သူမ၏ အဖြေက မု၀မ်အာကို စိတ်မကျေနပ်စေမှာကို စိုးရိမ်နေသည့်အသွင်။
ပါရမီ.....!
သူ့တွင် တကယ်လည်းပါရမီသိပ်မရှိပါ။
လိုက်ဖက်သည့်အရည်အချင်းနှင့် ထူးခြားသည့်စိတ်စွမ်းအားတို့ဖြင့် မွေးဖွားလာခဲ့သည့် ထိုပါရမီရှင်များနှင့် ယှဉ်ပါက ချူလေးက သာမန်ဟု ဆိုနိုင်သည်။
သို့သော် သူမ လုချန်ရှန်းကို တပည့်အဖြစ် လက်ခံပေးရန်အတွက် အနှောင့်အယှက်ပေးသောအခါ သူမလည်းအတူတူပဲဆိုတာ မု၀မ်အာသတိရသွားသည်။
စံအိမ်တော်က တပည့်များထဲတွင် သူမ၏ပင်ကိုယ်ပါရမီက မထူးခြားဆုံးဆိုတာကို သိသဖြင့် မု၀မ်အာ ပိုကြိုးစားရုံသာ တတ်နိုင်သည်။
ဒါကိုတွေးမိသောအခါ မု၀မ်အာ ကလေးမလေးကို ကြည့်လိုက်၏။
"ချူလေး၊ အဂ္ဂိရတ်ပညာကို သင်ယူတာက အရမ်းပင်ပန်းရတယ်၊ ဆော့ကစားဖို့အတွက် အချိန်တောင်မရှိလောက်ဘူး"
"သမီးမကြောက်ဘူး" ချူလေး၏အကြည့်က ခိုင်မာပြတ်သားနေသည်။
"အဖိုးအတွက်လည်း နင့်မှာအချိန်အများကြီး မရှိလောက်ဘူး"
"အာ... ဒါဆိုရင်တော့..." ချူလေး၏ အမူအရာက ချက်ချင်းဝိရောဓိဖြစ်ကာ တုံ့ဆိုင်းသွားသည်။
ဒါကိုမြင်သောအခါ မု၀မ်အာရယ်မောလိုက်မိသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆို ချူလေး မမနဲ့အတူ အနာဂတ်မှာကျင့်ကြံလို့ရတယ်"
ဒီစကားကိုကြားသော် ချူလေးချက်ချင်းမော့ကြည့်လိုက်၏။ သူမမျက်နှာပေါ်က မည်းမှောင်မှုက ပျောက်ကွယ်သွားပြီး အံ့ဩသင့်တကြီးပြောသည်။
"တကယ်လား"
"တကယ်ပေါ့" မု၀မ်အာခေါင်းညိတ်သည်။
ဒီအခိုက်အတန့်၌ ဘေးတွင်ရှိနေသည့် အဖိုးကြီးချူကလည်း သူ့မြေးမလေးက အင်မော်တယ်တစ်ဦးကို ဆရာအဖြစ် အသိအမှတ်ပြုနိုင်သည့်အပေါ် ပျော်နေသည်။ သူကြမ်းပြင်ပေါ်သို့ အလျင်အမြန် ထပ်မံဒူးထောက်ပြီး ချူလေးကိုလည်း ဘေးသို့ဆွဲလိုက်သည်။
"လာ၊ ချူလေး၊ သမီးဆရာကို မြန်မြန်သုံးကြီး ကန်တော့လိုက်တော့လေ"
ချူလေးပြောသည့်အတိုင်း လုပ်လိုက်သည်။
မု၀မ်အာ လက်ခံပြီးနောက် သူမအဖိုးအိုကို ကြည့်ပြီး စနောက်လိုက်၏။
"အဖိုး၊ ကျွန်မအဖိုးရဲ့မြေးမလေးကို တပည့်အဖြစ် လက်ခံလိုက်တာလေ၊ အဖိုးဘာလို့ ဒူးထောက်နေရတာလဲ"
အဖိုးအိုချူ အလျင်အမြန်ဆိုသလို ကြင်နာစွာပြုံးသည်။
"ငါအင်မော်တယ်ဆရာကို ကျေးဇူးတင်ချင်လို့ပါ၊ ချူလေးက ငယ်ငယ်ကတည်းက ငါ့အတွက်နဲ့ အများကြီးဒုက္ခခံခဲ့ရတယ်၊ အင်မော်တယ်ဆရာက သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတော့ ချူလေးရဲ့ အဖိုးအနေနဲ့ ငါအင်မော်တယ်ဆရာကို ဦးညွတ်ရမှာပဲလေ၊ အင်မော်တယ်ဆရာက လူကောင်းတစ်ယောက်ပဲ"
.....
အဖိုးအိုချူကို နှုတ်ဆက်ပြီးနောက် အပြင်ဘက်တွင် ညတာပင် ဆိုက်ရောက်နေလေပြီ။ ကောင်းကင်က ကြယ်များနှင့်ပြည့်နှက်နေပြီး မှောင်မိုက်သည့်ကောင်းကင်ကို လင်း၀င်းစေသည်။
မု၀မ်အာ ချူလေးလက်ကိုကိုင်ပြီး တောင်ပေါ်တက်သွားသည်။
ထို့နောက် သူတို့တောင်ထဲတွင် ဂူတစ်ဂူရှာတွေသွားပြီးနောက် မု၀မ်အာ စာအုပ်ထူတစ်အုပ်ကို ထုတ်ယူပြီး ချူလေးကိုပေးသည်။
ချူလေး သူမကိုယ်အထက်ပိုင်းထက်ပင် ပိုကြီးသည့်စာအုပ်ကို လှမ်းယူကာ သိချင်စိတ်ဖြင့်မေးသည်။
"ဆရာ၊ ဒီမှာဘာလုပ်ရမှာလဲ"
"ကျင့်ကြံရမယ်" မု၀မ်အာပြောသည်။
"အခုကနေစပြီးတော့ နင်အရမ်းပင်ပန်းရ..."
သို့စေကာမူ သူမမပြီးသေးခင်မှာပင် ချူလေးကြားဖြတ်ပြောသည်။
"သမီးပင်ပန်းရမှာကို မကြောက်ပါဘူး"
မု၀မ်အာခေါင်းညိတ်သည်။
"ဒီစာအုပ်ကို ကောင်းကောင်းသိမ်းဆည်းထားရမယ်၊ ပြီးတော့ မကျင့်ကြံတဲ့နေ့ကျရင် နေ့တိုင်းလိုလိုဒီစာအုပ်ကိုဖတ်ပြီး မှတ်မိနေဖို့လိုတယ်"
"ဒါဆို သမီးအခုဖတ်လိုက်မယ်လေ"
"အခုတော့မလိုပါဘူး၊ ငါဆေးလုံးတွေ သန့်စင်တာကို အရင်ကြည့်နေ"
သေမျိုးတစ်ယောက်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လိုပါက ကျင့်ကြံခြင်းလမ်းကြောင်းကို အရင်သွားရန်လိုအပ်သည်။
ဝိဉာဉ်၊ နိယာမစွမ်းအားနှင့် ကျင့်ကြံခြင်းက မရှိမဖြစ်လိုအပ်သည်။
သို့စေကာမူ ချူလေး၏ရုပ်ခန္ဓာက အရမ်းနူးညံ့ကာ ကျင့်ကြံခြင်းပါရမီကလည်း နည်းနည်းညံ့ဖျင်းသည်။ သူမသာ ချူလေးကို ယခုအချိန် အဂ္ဂိရတ်စာအုပ်ကို ဖတ်ခွင့်ပေးပါက ရလဒ်က ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူမရုပ်ခန္ဓာနှင့် ဝိဉာဉ်ကို တိုးတက်အောင် မလုပ်ခင် ဆေးလုံးတစ်ချို့ သန့်စင်ရန် မု၀မ်အာဆုံးဖြတ်ခဲ့သည်။
"သေချာလေးကြည့်" မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို မထုတ်ဘဲ ယင်းအစား မုမိသားစုတွင် ကျင့်ကြံရန် သုံးခဲ့သည့် ဆေးပြင်းဖိုကို ထုတ်ယူလိုက်၏။ ထို့နောက် လက်ကိုဆန့်ကာ မီးတောက်များကို ထုတ်လွှတ်ရင်း သဘာ၀ရတနာများကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်သည်။ ၎င်းနောက် သူမပြောသည်။
"နင်အဂ္ဂိရတ်ဆရာအဆင့်ကို မရောက်သေးသလို ဒါကိုနားမလည်နိုင်သေးပေမယ့် အဂ္ဂိရတ်ပညာနဲ့ ထိတွေ့ပြီးနောက်မှာ ဒါက နင့်အတွက် အရမ်းအကျိုးရှိလာလိမ့်မယ်"
ချူလေး လေးလံစွာခေါင်းညိတ်ပြီးနောက် မု၀မ်အာ၏ လုပ်ဆောင်ချက်များကို လေးစားစွာကြည့်နေသည်။
မု၀မ်အာ အရင်ကကဲ့သို့ ဆေးလုံးများကို မသန့်စင်ဘဲ ယင်းအစား အဆင့်အားလုံးကို ဖြည်းဖြည်းချင်းပြသသည်။
နှစ်နာရီအကြာတွင် ဆေးလုံးလေးလုံး သန့်စင်ပြီးသွားသည်။
ဒီဆေးလုံးလေးလုံးက လူတစ်ယောက်၏ ရုပ်ခန္ဓာကို တိုးတက်စေပြီး ဝိဉာဉ်ကို အားဖြည့်ကာ နိယာမစွမ်းအားကို ခံစားစေပြီး ကိုယ်ထဲက မရီဒျန်များကို တိုးချဲ့ရန်ဖြစ်သည်။
သာမန်လူများ ဒီဆေးလုံးကို သောက်ပါက သူတို့အတွက် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန်လုံလောက်သည်။
ဆေးလုံးလေးလုံးကို ချေဖျက်ရန်အတွက် သုံးရက်တိတိကြာမြင့်ခဲ့သည်။
ချူလေး၏ မူလက အဝါရောင်အသားအရေက သလင်းကျောက်ကဲ့သို့ ကြည်လင်လာပြီး သူမစိတ်ဓာတ်တစ်ခုလုံး၊ စွမ်းအင်နှင့် ဝိဉာဉ်တို့က ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
ဒီအရာအားလုံးကို လုပ်ပြီးမှသာ မု၀မ်အာ သူမကို ဆေးလုံးကျမ်းကို လက်ဆင်းကမ်းပေးသည်။
သို့စေကာမူ ချူလေးအရင်က တစ်ခါမှ မကျင့်ကြံဖူးသဖြင့် ဆေးလုံးကျမ်းကို ကျင့်ကြံရန်အတွက် ကိုယ်ထဲက ဝိဉာဉ်ချီကို ဘယ်လိုလည်ပတ်အောင် လုပ်ရမလဲဆိုတာကို မု၀မ်အာ ဒီရက်အနည်းငယ်တွင် ချူလေးအား သင်ကြားပေးရန်လိုသေးသည်။
နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးသွားပြီးသောအခါမှသာ ချူလေး အခြေတည်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့သည်။
(ကနဦးအဆင့်နယ်ပယ်၊ ချီသန့်စက်ခြင်း၊ အခြေတည်၊ ရွှေဗဟို၊ ခရမ်းရောင်ဘုံဗိမာန်၊ ချီပင်လယ်၊ ရေအနှစ်သာရ၊ ချန်းယွမ်၊ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်၊ သိုင်းဧကရာဇ်နယ်ပယ်၊ အာရုံထွေပြားခြင်းနယ်ပယ်၊ သဟဇာတတာအိုနယ်ပယ်)
တစ်ချိန်တည်းမှာပင် သူမမီးဆန္ဒနယ်ပယ်ကို စတင်အာရုံခံနိုင်လာသည်။
ကျင့်ကြံခြင်းအပြင် ချူလေး အဂ္ဂိရတ်မှတ်တမ်းနှင့် ဆေးလုံးဖော်မြူလာမျိုးစုံကို မှတ်တမ်းတင်ထားသည့် စာအုပ်ကို အလေးအနက်ဖတ်ရှုခဲ့သည်။
ချူလေး ဆန္ဒနယ်ပယ်ကို မရောက်သေးသဖြင့် ဒီကာလအတွင်း အစားအစာများလုပ်ရန်အတွက် မု၀မ်အာ သဘာရတနာမျိုးစုံကို သုံးခဲ့သည်။ ဒီအခြေခံနှင့်အတူ သူမ ချူလေး၏ ရုပ်ခန္ဓာနှင့်ပါရမီကို အမြဲတိုးမြှင့်အောင် လုပ်ပေးခဲ့သည်။
သို့မှသာ မု၀မ်အာ ချူလေးကို ဆေးလုံးဘယ်လိုသန့်စင်ရမလဲဆိုတာ စတင်သင်ကြားပေးသည်။
.....
ဗလာနတ္ထိပုံတူထဲတွင် သုံးလအကြာ၌ လူတိုင်း၏တပည့်များက အောင်မြင်မှုများ လုပ်ဆောင်ခဲ့ကြသည်။
တောင်နောက်က မြစ်တစ်စင်းတွင် အရွယ်မရောက်သေးပုံရသည့် လူငယ်လေးတစ်ဦး သစ်သားဓားကိုကိုင်ပြီး ငွေရောင်အမွှေးများပြည့်နှက်နေသော ငွေခြင်္သေ့တစ်ကောင်ကို တိုက်ခိုက်နေသည်။
ငွေခြင်္သေ့က ရွှေဗဟိုနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။ ကောင်လေးက သစ်သားဓားကိုကိုင်ပြီး ငွေခြင်္သေ့၏တိုက်ခိုက်မှုများကို ရှောင်တိမ်းသည်။
သို့စေကာမူ ငွေခြင်္သေ့တိုက်ခိုက်ပြီးနောက်တွင် ကောင်လေးသစ်သားဓားကို ကိုင်ထားဆဲပင်။ ဓားဆန္ဒက သစ်သားဓားကနေ ပစ်လွှတ်လာပြီး ငွေခြင်္သေ့ကိုယ်ပေါ်၌ အမာရွတ်တစ်ခုကျန်နေခဲ့သည်။
ငွေခြင်္သေ့ အစွမ်းကုန်သုံးလိုက်သည့်အခါ ကောင်လေးနောက်ဆုံးတွင် ဒါကို အဆုံးသတ်လိုက်သည်။
ယင်းနောက်တွင်သာ ယဲ့ချိုးပိုင် ကောင်လေးရှေ့တွင် ပေါ်လာပြီး အပြုံးဖြင့်ပြောသည်။
"မဆိုးဘူး၊ မင်းရဲ့ဓားဆန္ဒက ထပ်ပြီး တိုးတက်လာပြီ၊ ကြည့်ရတာ မင်းဓားသခင်နယ်ပယ် တံခါးပေါက်ကို ထိတော့မယ့်ပုံပဲ"
မုရှီပြုံးရင်းခေါင်းကုတ်သည်။
"ဆရာ ကျွန်တော့်ကို ကောင်းကောင်း သင်ကြားပေးခဲ့တာပဲလေ"
ဒီကာလအတောအတွင်း ယဲ့ချိုးပိုင် မုရှီကိုယ်ကို ဆေးကြောရန်အတွက် ဓားဆန္ဒကိုသုံးနေခဲ့ပြီး ဓားတာအိုနှင့် တစ်ခါမှ မထိတွေ့ဖူးသည့် လူတစ်ယောက်ကို လက်ရှိနယ်ပယ်ကိုပင် ရောက်လာစေခဲ့သည်။
ရွှေဗဟိုနယ်ပယ် အထွတ်အထိပ်အဆင့်၊ ကနဦးဓားသခင်!
ယဲ့ချိုးပိုင်ပြုံးသည်။
"ကောင်းပြီ၊ နောက်တစ်ကောင်သွားရှာတော့၊ ဓားသမားတစ်ယောက်ရဲ့ အရေးအပါဆုံးကျင့်ကြံခြင်းက တကယ့်တိုက်ပွဲပဲ"
ဒီအခိုက်အတန့်၌ ပတ်၀န်းကျင်က အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
"ထွက်သွားဖို့ အလျင်မလိုပါနဲ့ဦး၊ အချိန်မကျသေးဘူးဆိုရင် ဒီသေမျိုးလေးကို ရှင့်ဘယ်လောက်ထိ ကောင်းကောင်းသင်ကြားပေးထားသလဲဆိုတာ ငါမြင်ချင်ပါသေးတယ်"
အပိုင်း(1160) coming။