← Chapters

#ကူညီရန်အတွက် မျိုးစေ့များကို ဆွဲထုတ်ယူခြင်း၊ မုရှီ၏ ပထမဆုံးရပ်နားရာ#

Vol. 82 Ch. 1160

#ကူညီရန်အတွက် မျိုးစေ့များကို ဆွဲထုတ်ယူခြင်း၊ မုရှီ၏ ပထမဆုံးရပ်နားရာ#

Vol. 82 Ch. 1160

ရေတံခွန်က မြစ်တစ်လျှောက် စီးဆင်းသွားပြီး ကြီးမားသည့်ရေလျှံမှုတစ်ခုကို ဖြစ်စေသည်။ 

တဖြည်းဖြည်းမြင့်တက်လာသည့် ပူပြင်းသောလေထုအောက်တွင် မြစ်က စတင်ဆူပွက်လာကာ အငွေ့အစက်အပျောက်များပင် လွင့်မြောလာကြ၏။ 

မုရှီ စတင်အသက်ပြင်းပြင်းရှူသည်။ သူ့မျက်နှာက ဖြည်းဖြည်းချင်းနီရဲသွားပြီး ပုလဲစေ့အရွယ်ခန့်ချွေးများက စီးကျလာသည်။ 

ယဲ့ချိုးပိုင် ထူထပ်သောသစ်တောထဲကနေ ထွက်လာသည့် လူနှစ်ယောက်ကို ကြည့်ရင်း မျက်လုံးကျဉ်းလိုက်မိသည်။ 

"ကြည့်ရတာ မင်းတို့ရဲ့ကြီးကြပ်ရေးဗိမာန်က ရွေးချယ်ပွဲမတိုင်ခင် ကိုးလအလိုကတည်းက ရှင်ကျန်ရစ်ထားဖို့ အစီအစဉ်မရှိဘူးထင်တယ်"

အိုက်ရွှယ် နျိုကျောင်းပခုံးကို ပုတ်ရင်း နှာခေါင်းရှုံ့သည်။ 

"ငါတို့ဒီလိုမလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းမရှိဘူးလေ"

"ဒါ့အပြင် အခုငါက ငါ့တပည့်ကို ဘယ်လောက်ထိ အားကောင်းလာသလဲဆိုတာ စမ်းသပ်ဖို့အတွက် ခေါ်လာရုံပါပဲ၊ အကောင်းဆုံးနည်းခမ်းက ရွေးချယ်ပွဲမှာ တစ်ချိန်တည်းမှာပါ၀င်နေတဲ့ တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်တာပဲလေ၊ ဒါပေမယ့် ဘာပဲဆိုဆို ဓားမှာ မျက်စိမှ မပါတာ"

"မျက်စိမပါတဲ့ဓား" ယဲ့ချိုးပိုင်လှောင်ပြောင်သည်။ 

"ကြည့်ရတာ ငါတို့မှာ တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပုံပဲ"

အိုက်ရွှယ်လေးနက်စွာပြောသည်။ 

"ရှင့်မတိုက်ဘူးဆိုရင်တော့ နျိုကျောင်းက တိုက်လိမ့်မယ်"

ယဲ့ချိုးပိုင် နျိုကျောင်းကို ကြည့်လိုက်စဉ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ 

သူ့ကိုယ်ထဲက အော်ရာကထူးခြားသည်။ 

ဒီအော်ရာက နာနာခံခံကျင့်ကြံခြင်းလက္ခဏာမဟုတ်ဘဲ နယ်ပယ်ကို တဖြည်းဖြည်းတိုးမြှင့်ထားခြင်းပင်။ 

တစ်နည်းအားဖြင့် ဒါက မုရှီ၏‌အော်ရာထက် ပိုကြီးမားသည့် အခြေအနေတစ်ခုဟု ဆို၍ရသော်လည်း အလွန်အမင်းပြန့်ကြဲနေပြီး မခိုင်မာပေ။

ယဲ့ချိုးပိုင်အပြည့်အ၀ နားမလည်နိုင်သေးခင်မှာပင် မုရှီစေတနာ့၀န်ထမ်းလုပ်ရန်အတွက် ရှေ့တိုးလိုက်လေသည်။ 

"ဆရာ၊ တိုက်ခိုက်ကြတာပေါ့"

ယဲ့ချိုးပိုင် မုရှီကိုကြည့်ရင်း တည်ငြိမ်စွာပြောသည်။ 

"မင်းနားလည်လား"

မုရှီးခေါင်းညိတ်ပြီး လေးနက်စွာဆိုသည်။ 

"ဓားသမားတွေက တကယ့်တိုက်ပွဲတွေမှာပဲ ကြီးထွားနိုင်တယ်လို့ ဆရာပြောခဲ့တာမလား"

ဒါကိုကြားသော်ယဲ့ချိုးပိုင်ပြုံးသည်။ သူလူမှားပြီး မရွေးချယ်ခဲ့တာကို သိပါသည်။ 

မုရှီက ပါရမီအရဆိုပါက နျိုကျောင်းထက် အနည်းငယ်နိမ့်ကျသော်လည်း သူ့တွင် ဓားသမားများအတွက် အတော်လေးသင့်တော်သည့် နှလုံးသားရှိသည်။ 

ဓားနှလုံးသားက ဓားသမားများအတွက် ကျင့်ကြံခြင်းပါရမီထက် ပိုအရေးပါသည်။ 

"ဒါဆိုဆက်လုပ်တော့၊ ငါမင်းကို သင်ပေးခဲ့တာတွေကို မှတ်မိနေပါ"

မုရှီ အလွန်အမင်းလေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ 

"ကျွန်တော်ဆရာ့ကို အရှက်မရစေရပါဘူး"

ထို့နောက် သူလက်ထဲက သစ်သားဓားကို အနက်ရောင်ဓားနှင့် လဲလိုက်သည်။ 

မိစ္ဆာနက်ဓား!

ဒါက ယဲ့ချိုးပိုင် လူရိုင်းဒေသတွင် အသုံးပြုခဲ့သည့်ဓားပေတည်း။ ဒီဓားကမုရှီအတွက် အသုံးပြုရန် သင့်တော်သည်။ 

အိုက်ရွှယ်မျက်ခုံးပင့်လိုက်မိသည်။ 

"ဒီလိုဆိုရင် ငါတို့ရောယှဉ်ပြိုင်သင့်လား"

ယဲ့ချိုးပိုင် အိုက်ရွှယ်အား ထူးမခြားနားစွာ ကြည့်ရင်း ဘေးတွင်ရပ်သည်။ သူ မုရှီနှင့် နျိုကျောင်းတို့ရှိနေသည့် တိုက်ပွဲမြေပြင်ကို ကြည့်ကာ ပြောသည်။ 

"ငါ့လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ တွေးတောင်မတွေးနဲ့၊ မုရှီ ငါ့အကူအညီကို မလိုအပ်ဘူး၊ ဒါ့အပြင်....."

ဒီနေရာတွင် ယဲ့ချိုးပိုင်ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး ပြုံးလိုက်၏။ 

"ငါ့ကို တိုက်ခိုက်ခြင်းကနေ မင်းတကယ်တားဆီးနိုင်မယ်ထင်လား"

အိုက်ရွှယ်မျက်ခုံးပင့်ကာ နှာခေါင်းရှုံ့သည်။ 

"ဓားသမားတိုင်းက ဒီလောက်ထိ မောက်မာကြတာလား"

ယဲ့ချိုးပိုင် အာရုံစိုက်နေရန်အတွက် ရည်ရွယ်ချက်မရှိတာကို မြင်ရသောအခါ အိုင်ရွှယ်နှာမှုတ်ရင်း တခြားဘာတစ်ခုမှ မပြောတော့ပါ။ 

သူမ၏ရည်ရွယ်ချက်က ပြိုင်ပွဲ၀င်သူများကို အရင်ချို့ယွင်းအောင် လုပ်ရန်ပင်။ 

ဒီအခိုက်အတန့်၌ နျိုကျောင်းလက်ထဲတွင် သံတုတ်တစ်ချောင်းပေါ်လာပြီး မုရှီကို ကြည့်ကာပြုံးလိုက်လေသည်။ 

"မုရှီ၊ ဆရာရဲ့လမ်းညွှန်မှုအောက်မှာ ငါအရမ်းအားကောင်းလာပြီ၊ ငါတို့က တစ်ရွာတည်းက ဖြစ်တာမို့ ငါမင်းကိုသတ်နိုင်စွမ်း မရှိဘူးဆိုရင်တောင် ငါ့အနာဂတ်အတွက် ငါပြောခဲ့သလိုလုပ်ဖို့ပဲ တတ်နိုင်တယ်"

မုရှီ နျိုကျောင်းလက်ထဲက မီးပုံစံကွက်များဖြင့် ပြည့်နှက်နေသည့် သံတုတ်ကို ကြည့်ရင်း လေးနက်စွာပြောသည်။ 

"အစ်ကိုနျို၊ သုံးလပဲရှိသေးတာတောင် မင်းက အများကြီးပြောင်းလဲသွားတာပဲ၊ အနာဂတ်မှာ ငါကျင့်ကြံခြင်းလမ်းကြောင်းပေါ် တက်လှမ်းခဲ့တယ်ဆိုရင်တောင် ငါ့ရဲ့ မူလရည်ရွယ်ချက်ကို မေ့ပစ်လို့မရဘူးလို့ ဆရာပြောခဲ့တယ်"

"အစပျိုးသူရဲ့နှလုံးသားလား" နျိုကျောင်းရယ်မောသည်။ 

"ဒါဆို ငါ့ဆရာကလည်း ဗိုလ်ချုပ်တစ်ယောက် အောင်မြင်တဲ့အခါ အရိုးတစ်သောင်းခြောက်သွေ့ညိုးနွမ်းသွားလိမ့်မယ်လို့ သင်ကြားပေးခဲ့တယ်၊ အားကောင်းသူရဲ့လမ်းကြောင်းက အမြဲလိုလို မရေမတွက်နိုင်လောက်တဲ့ အရိုးတွေနဲ့ တွဲဖက်နေတယ်"

ထို့နောက် နျိုကျောင်း သံတုတ်ရှည်ကို ကိုင်ပြီး မုရှီရှိရာသို့ တိုက်ခိုက်လိုက်သည်။ 

တိုက်ခိုက်နေစဉ် သူ့လက်ထဲက တုတ်ရှည်က မီးတောက်များနှင့်အတူ တဟုန်ထိုး လောင်ကျွမ်းလာသည်။ 

ခရမ်းရောင်ဘုံဗိမာန်နယ်ပယ် အထွတ်အထိပ်အဆင့်အော်ရာက ဒီအခိုက်အတန့်၌ ပေါက်ကွဲထွက်လာသည်။ 

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် အနည်းငယ် မျက်မှောင်ကြုတ်ရင်း သူ့အမူအရာက ပြောင်းလဲသွား၏။ သူမနီးမဝေးက အိုက်ရွှယ်ကိုလှမ်းကြည့်ရင်း မည်းမှောင်သည့် အမူအရာဖြင့်ပြောသည်။ 

"စမ်းသပ်မှုအတွက် မင်းသူတို့အနာဂတ်ကိုတောင် ဂရုမစိုက်ဘူးလား"

ခရမ်းရောင်ဘုံဗိမာန် အထွတ်အထိပ်အဆင့်၊ ယခုလိုအော်ရာနှင့်ပါ ပေါင်းစပ်လိုက်ပါက ဒါကို ဆေးလုံးများနှင့် အားဖြည့်ပေးထားသည်မှာ ရှင်းနေသည်။ 

မု၀မ်အာ ယခုလိုဆေးလုံးမျိုးကို စိတ်ကြိုက်သန့်စင်နိုင်သည်။ 

သို့စေကာမူ အခြေခံများကိုပင် မကျင့်ကြံရသေးသည့် သာမန်လူများအတွက် ဒါက သူတို့၏ စွမ်းဆောင်ရည်နှင့် ဘ၀အတတ်ပညာများကို အလွန်အကျွံ ကုန်ခမ်းစေမည်သာ။ 

လေးနက်သည့်ကိစ္စရပ်များတွင် အနာဂတ်၌ သူတို့အဆင့်ချိုးဖျက်နိုင်တော့မည်မဟုတ်။ 

"အနာဂတ်လား၊ သူတို့အနာဂတ်က ငါနဲ့ ဘာဆိုင်လို့လဲ" အိုက်ရွှယ်၏မျက်နှာက အေးစက်နေပြီး ယုတ္တိမရှိစွာပြောသည်။ 

"ဒါ့အပြင် သူတို့က အစကတည်းက သာမန်လူတွေပဲလေ၊ သူတို့အနာဂတ်မှာ မကျင့်ကြံနိုင်တော့ဘူးဆိုရင်တောင် လက်ရှိနယ်ပယ်က ဒေသတစ်ခုမှာ အကျိုးရှိဖို့ လုံလောက်သလို သူတို့လုပ်ချင်တာမှန်သမျှကိုလည်း လုပ်နိုင်တယ်၊ ဒါတင်မကဘူး သူတို့သက်တမ်းကိုလည်း ဆယ်စုနှစ်နဲ့ချီပြီး တိုးနိုင်သေးတယ်၊ သူတို့ငါ့ကို ကျေးဇူးတင်သင့်တာမလား"

"ဒါပေမယ့် သူတို့ဒီထက်ပိုသွားနိုင်တယ်လေ"

ယဲ့ချိုးပိုင်၏အမူအရာက အဆုံးစွန်ထိ မှောင်မိုက်သွားပြီး ဆက်ပြောသည်။ 

"ဒါ့အပြင် တစ်ယောက်ယောက် တွင်းထဲကထွက်ပြီး အပြင်ကရှုခင်းကို မြင်ပြီးမှ ပြန်ကျသွားမယ်ဆိုရင် သူတို့ဘယ်လိုသည်းခံနိုင်မယ်လို့ မျှော်လင့်လဲ"

သူတို့အပြင်က ရှုခင်းကိုမြင်သည်နှင့် ကြီးမားသည့်ဆန္ဒတစ်ခု ရှိလာကြပေလိမ့်မည်။ 

ဒီကြီးမားသည့်ဆန္ဒကိုသာ သူတို့မဖြည်းဆည်းနိုင်သလို နောက်လိုက်ရန်အတွက် ဖြစ်နိုင်ချေကိုပါ ဖျက်ဆီးပစ်မိပါက ဒီစိတ်ပိုင်းဆိုင်ရာခြားနားချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပါ။ 

ထိုအချိန်တွင် ဘာဖြစ်ပျက်လာမလဲဆိုတာ ဘယ်သူမှမသိပေ။ 

ဒါကိုကြားသောအခါ အိုက်ရွှယ် ကျယ်လောင်စွာ ရယ်မောရင်း ယဲ့ချိုးပိုင်ကို ကြည့်သည်။ 

"ရှင်းအောင်ပြောပါရစေ၊ ဗလာနတ္ထိပုံတူထဲမှာ သူတို့ရဲ့ရှင်ကျန်မှုက ငါတို့ကို ဘာမှမသက်ရောက်ဘူး၊ သူတို့က ငါတို့စမ်းသပ်မှုကို ပြီးမြောက်ဖို့အတွက် လိုအပ်တဲ့ ကိရိယာသက်သက်ပါပဲ၊ သူတော်စင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တောင် ရပါတယ်၊ ဒါပေမယ့် တခြားသူတွေရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်နိုင်မှာတဲ့လဲ"

အိုက်ရွှယ်ပြောတာ မှန်ပါသည်။ 

တစ်ယောက်က ရိုက်ရန်ဆန္ဒရှိပြီး နောက်တစ်ယောက်က ဒုက္ခခံရန် ဆန္ဒရှိသည်။ 

ယဲ့ချိုးပိုင် တိတ်ဆိတ်သွားရသည်။ 

တခြားတစ်ဘက်တွင် မုရှီနှင့် နျိုကျောင်းတို့အကြားက တိုက်ပွဲက ဆက်လက်ဖြစ်ပျက်နေသည်။ 

ဒီအခိုက်အတန့်၌ နျိုကျောင်း မုရှိရှေ့သို့ ပြေး၀င်သွားလေပြီ။ မီးတောက်များနှင့် လောင်ကျွမ်းနေသည့် သူ့လက်ထဲက တုတ်က မုရှီပြင်းထန်စွာ ရိုက်ခတ်ပစ်သည်။ 

သူ့ကိုယ်ပေါ်သို့ သံတုတ်ချောင်းမကျလာသေးခင်မှာပင် မုရှီ၏အ၀တ်စများက စတင်လောင်ကျွမ်းလာသည်။ 

သို့သော်ဂရုစိုက်ရန်အချိန်မရှိ။ 

မုရှီလက်ထဲက မိစ္ဆာနက်ဓားက ဓားဆန္ဒနှင့် ရစ်ပတ်နေသည်။ 

ဒီနယ်ပယ်တွင် ကြီးမားသည့်ခြားနားချက်ကြောင့် သူဖိနှိပ်ခံထားရပြီး အသက်မရှူနိုင်ဖြစ်နေသော်လည်း မုရှီအံကြိတ်ကာ လက်ထဲက မိစ္ဆာနက်ဓားကို လွှဲယမ်းသည်။ 

"ကောင်းကင်ဘုံကိုးသွယ်မိစ္ဆာဓား၊ ပထမဓားချက်"

ခပ်တိုးတိုးအော်သံနှင့်အတူ မိစ္ဆာနက်ဓားနှင့် တုတ်ချောင်းတို့က ရုတ်တရက်တိုက်မိသွားကြ၏။ 

ဘန်း......!

မီးတောက်များက ပြန့်ကြဲသွားပြီး ဓားဆန္ဒကမူ အနည်းငယ်ကွေးညွတ်သွားကာ ပတ်၀န်းကျင်က မြက်ပင်များကို လောင်ကျွမ်းဖြတ်တောက်ပစ်သည်။ 

သို့စေကာမူ များမကြာမီမှာပင် နျိုကျောင်း၏တုတ်ကြောင့် မုရှီလွင့်စင်သွားရလေတော့သည်။ 

၎င်းက လေထဲတွင် ပြီးပြည့်စုံသောမျဉ်းကွေးပုံသဏ္ဍာန်ရေးဆွဲရင်း ရေအား ရိုက်နှက်လိုက်စဉ် ရေများပက်ဖြန်းသွားရသည်။ 

နျိုကျောင်း အငွေ့ပျံနေသည့်မြစ်ကို ကြည့်ရင်း ကျယ်လောင်စွာရယ်မောသည်။ 

"ဘယ်လိုလဲ၊ မုရှီ၊ အဲဒီတုန်းက မင်းဆရာမှားပြီး ရွေးချယ်ခဲ့တယ်၊ အခုခြားနားချက်ကို မြင်နိုင်ပြီလား"

"မင်းဆရာရဲ့စံနှုန်းတွေက မကောင်းဘူးလို့ပဲ ငါပြောနိုင်တော့တယ်..."

ယဲ့ချိုးပိုင်တွင် မည်သည့်အမူအရာမှ မရှိ။ 

ဂျူနီယာလေးတစ်ယောက်၏ အရှက်ခွဲမှုကိုပင် သူမခံနိုင်ပါက ဓားသမားတစ်ယောက် ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။ 

ဗလုံ......!

မုရှီရေထဲကနေ ခုန်ထွက်လာပြီး မြေပေါ်ဆင်းကာ နျိုကျောင်းအား ဒေါသတကြီးကြည့်သည်။ 

"မင်းစကားတွေကို ပြန်ရုပ်သိမ်းလိုက်စမ်း"

"ဘာလို့လဲ၊ မင်းမယုံနိုင်သေးဘူးလား၊ အမှန်တရားက မင်းရှေ့မှာရှိနေပြီမလား'

ဒီနေရာတွင် နျိုကျောင်း ရုတ်တရက် ကြက်သေသေသွားသည်။ 

မုရှီကိုယ်ထဲက ဓားဆန္ဒက အမှန်တကယ်ပင် စတင်ဖြည်းဖြည်းချင်းလိမ့်တက်လာခဲ့သည်။ 

အပိုင်း(1161) coming။ 

All Chapters