← Chapters

မိုင်ပေါင်းများစွာမှ လူအား သတ်ခြင်း

Vol. 5 Ch. 433

မိုင်ပေါင်းများစွာမှ လူအား သတ်ခြင်း

Vol. 5 Ch. 433

ချန်းဖန်ထွက်ခွာသွားသည်နှင့် စစ်မြေပြင် တစ်ခုလုံးကား လုံးဝ တိတ်ဆိတ်သွားခဲ့တော့၏။ များစွာသော လူများ၊ စစ်သားများမှာလည်း ဆွံ့အနေကြဆဲပင်။

ပိန်လိန် ပျက်စီးနေသော သံချပ်ကာ တင့်ကားများ အစ ဗိုလ်မှူးကြီး ဂရိုမော့၏ ရုပ်ခန္ဓာ အဆုံး အရာအားလုံးကား အိပ်မက် ဆန်လွန်းလှသည်။ ချန်းပေ့ရွှမ်းကား စစ်တပ်ကို အနိုင်ယူ၍ သူ၏ လမ်းအား သွေးဖြင့် ခင်းကျင်းခဲ့သည်။

လူတစ်ယောက်တည်းအား တိုက်ခိုက်ရမည့် စစ်ဆင်ရေးမှာ ပန်းခြံထဲ လမ်းလျှောက်ရ သကဲ့သို့ လွယ်ကူလိမ့်မည်ဟု ခြေလျင်တပ်မ ၁၁၆ ၏ စစ်သားတိုင်းလိုလို တွေးခဲ့ကြသည်။ နာတာရှာ အပါအဝင် အခြား ခရီးသည်များမှာလည်း ချန်းဖန် ကျိန်းသေ သေဆုံးရလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း အဆုံးသတ် ရလဒ်ကမူ သူတို့၏ အတွေးများနှင့် ခြားနားလွန်းပေသည်။

ချန်းဖန်မှာ ခြေလျင်တပ်မ ၁၁၆ တစ်ခုလုံးအား ရစရာ မရှိအောင် ဖျက်ဆီးခဲ့ကာ ဗိုလ်မှူးကြီး ဂရိုမော့ကိုပင် သတ်ဖြတ် ပစ်ခဲ့သည်။ ကျည်ဆန်များ၊ လောင်ချာများကား သူနှင့် ရင်ဆိုင်ရာ၌ အသုံးဝင်ပုံ မရချေ။

အချို့ စစ်သားများဆိုလျှင် အဖြစ်အပျက်များကို လက်ခံရန် ခက်ခဲနေကြတုံးပင်။

"ဂရိုမော့ ... ဂရိုမော့ ... အခြေအနေ ဘယ်လိုလဲ ... ရန်သူက ချန်းပေ့ရွှမ်း ဆိုတာ သေချာလား ... သူဆိုရင် မင်းတို့ ရအောင် တားထားပါ ... အဲဒါ ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းရဲ့ အမိန့်ပဲ ... ကြားလား ... ဂရိုမော့ ... ကြားလား ..."

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗျူဟာမှူး တစ်ဦး၏ အသံက တယ်လီကွန်မှ ထွက်ပေါ်လာသည်။

ဂရိုမော့၏ လက်ထောက် တစ်ယောက်က တယ်လီကွန်အား ကောက်ကိုင်ရင်း  ...

"အစီရင်ခံပါတယ် ... အစီရင်ခံပါတယ် ... ကျွန်တော်တို့ ... ရှုံးနိမ့်သွားပါပြီ ... ဗိုလ်မှူးကြီး ဂရိုမော့လည်း မသေရင်တောင် အသိစိတ် မရှိတော့ပါဘူး ... ရန်သူက ထွက်ခွာသွားပါပြီ ..."

"ဘယ်လို ..."

သတင်းဆိုးကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတော့၏။ သူတို့အား တစ်နှစ်တိုင်တိုင် ခြောက်လှန့်ခဲ့သော အရိပ်မည်ကြီးကား နောက်ဆုံး၌ ပြန်လည် ပေါ်ထွက်လာခဲ့ချေပြီ။

များစွာသော ဗိုလ်ချုပ်များကား ထိုသတင်းကြောင့် ခြေလက်များပင် တုန်ယင်နေကြပြီ ဖြစ်သည်။

"ရှုံးသွားတာလား ... ခြေလျင်တပ်ရင်း တစ်ခုလုံး ရှုံးသွားတာလား ..." ဗိုလ်ချုပ် တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ထိုရေရွတ်သံ အဆုံးတွင်ပင် ဌာနချုပ် ဝင်ပေါက်နားမှ ကျယ်လောင်သော ပေါက်ကွဲသံနှင့် သေနတ် ပစ်ခတ်သံများအား ကြားလိုက်ရသည်။

"ချန်းပေ့ရွှမ်း ဒီကို ရောက်လာပြီလား ..."

ဌာနချုပ်၊ အစည်းအဝေးခန်းမ အတွင်းရှိ လူတိုင်း၏ မျက်နှာများကား သွေးဆုတ် ဖြူရော် ကုန်ကြတော့၏။ ချန်းပေ့ရွှမ်း ယခုကဲ့သို့ လျင်လျင်မြန်မြန် ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။ ထို့အပြင် ယခု အချိန်ထိ ချန်ပေ့ရွှမ်းအား ခုခံတိုက်ခိုက်ရန် သူတို့ မပြင်ဆင်ရသေးချေ။

ဌာနချုပ်သို့ စစ်ကူခေါ်ထားသည့် တပ်ဖွဲ့များစွာမှာလည်း ယခုထိ ရောက်လာခြင်း မရှိသေးသည့် အတွက် ဌာနချုပ်၏ လူ စစ်သားအင်အားမှာ ရာဂဏန်းမျှသာ ရှိသည်။

ချန်းဖန်က ရာဂဏန်းမျှသော စစ်သားများကား လွယ်လွယ်ကူကူ အနိုင်ယူရင်း ဌာနချုပ် အတွင်းသို့ ဝင်လာခဲ့၏။

ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းမှာ သေနတ်သံများအား စတင်ကြားချိန်မှ စ၍ အစည်းအဝေး စားပွဲအောက်၌ ဝင်ရောက် ပုန်းနေခဲ့သည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သေနတ်သံများ တိတ်ဆိတ်သွားခဲ့သည်။ အစည်းအဝေး ခန်းမ အတွင်းရှိ အရာရှိများကား အပြင်ဘက်မှ တပ်သားများ၏ ကံကြမ္မာကို ရိပ်မိနေကြပြီ ဖြစ်သည်။

"ရှပ် ... ရှပ် ... ရှပ် ..."

ကျယ်လောင်ပြီး ရှင်းလင်းသော ခြေသံ တစ်ခုက အစည်းအဝေး ခန်းမ၏ တံခါးဝနားတွင် ပေါ်ထွက်လာခဲ့၏။ လူတိုင်းကား အလွန်ပင် တုန်လှုပ်နေကြရာ အသက်ရှူရန် မဝံ့ရဲကြတော့ချေ။

"ကျွီ ..."

ကျယ်လောင်သော တံခါးဖွင့်သံနှင့်အတူ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် လူငယ် တစ်ယောက် အစည်းအဝေး ခန်းမ အတွင်းသို့ ဝင်လာခဲ့သည်။ သူ၏ ပုံရိပ်ကား လွန်ခဲ့သည့် တစ်နှစ်ခန့်ကနှင့် စာလျှင် သိသိသာသာ ပြောင်းလဲသွားခြင်းမျိုး မရှိချေ။ သူကား ငယ်ရွယ်၊ နုပျိုနေဆဲ ဖြစ်သလို ချောမောပြီး အင်အား အပြည့်ရှိနေဆဲ ဖြစ်သည်။

ချန်းပေ့ရွှမ်း သို့မဟုတ် အမှောင်ကမ္ဘာ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကား သေရွာမှ ပြန်ရောက်လာခဲ့ချေပြီ။

"ရှပ် ... ရှပ် ... ရှပ် ..."

ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း အစည်းအဝေး ခန်းမအတွင်း လမ်းလျှောက်ဝင်လာခဲ့သည်။ ဤနေရာကား ရုရှား မြောက်ပိုင်း၏ ဩဇာအာဏာ တည်ရာ နေရာဖြစ်သည်။ လူပေါင်းများစွာ၏ အသက်၊ အိုး၊ အိမ်များကို အဆုံးအဖြတ် ပေးနိုင်သည့် စစ်ရေး ဆုံးဖြတ်ချက်များ ချရာ နေရာ ဖြစ်သည်။ ဤစားပွဲတွင် ထိုင်ရသူများမှာလည်း ရုရှား၏ နိုင်ငံရေး အင်အားကြီး ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

"မင်းက ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းလား ... နျူကလိယဗုံးနဲ့ ရေခဲ ဝံပုလွေချိုင့်ဝှမ်းကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာ မင်းလား ..." ချန်းဖန်က စားပွဲ ထိပ်ဆုံး၌ ထိုင်နေသည့် မျက်နှာ ဖြူရော်နေသော အဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။

ထိုအချိန်၌ ရှာချန်း၏ ခြေလက်များကား မထိန်းချုပ်နိုင်အောင် တုန်ယင်နေခဲ့ပြီ ဖြစ်သည်။

"ရုရှားက ကမ္ဘာရဲ့ မဟာအင်အားကြီး နိုင်ငံကြီးပဲ ... မင်း တစ်ခုခုလုပ်တော့မယ် ဆိုရင် နှစ်ခါ ပြန်စဉ်းစား ..." ရှာချန်းက ထိုင်ရာမှ ထရပ်ရင်း ပြောလိုက်သည်။

"မင်းတောင်မှ မစဉ်းစားခဲ့သေးတာပဲ ... ငါက ဘာကို စဉ်းစားရမှာလဲ ..." ချန်းဖန်က တိတ်ဆိတ်စွာပင် ပြောလိုက်သည်။

ထို့နောက် သူက လက်ညှိုးအား ရှေ့သို့ ဆန့်ထုတ်ရင်း အဇူရာ ဓားအလင်းကို ဖော်ထုတ်လိုက်သည်။

"ဒါက ရန်ချင်ဟူ အတွက် ..."

ဓားအလင်းက တည့်မတ်စွာပင် ပျံသန်းသွားပြီး ရှာချန်း၏ ဦးခေါင်းကို ထက်ဝက် ပိုင်းဖြတ်သည်။

အဖြစ်အပျက်များက လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်ရာ လူအများစုကား အဇူရာ အလင်းတစ်ခု ရုတ်တရက် တောက်ပသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ ထို့နောက် သူတို့၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်မှာ အစည်းအဝေးခန်းမ အတွင်းမှ ပြန်လည် ထွက်ခွာသွားတော့၏။

အစည်းအဝေးခန်းမ တစ်ခုလုံးကား လုံးဝ တိတ်ဆိတ်နေခဲ့ပြီ ဖြစ်၏။ လူတိုင်းမှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သတိပြုမိသည်နှင့် တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်မိကြသည်။

ချန်းပေ့ရွှမ်းကား ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးကို တုံ့ဆိုင်းမှု မရှိပဲ သတ်ဖြတ် ပစ်ခဲ့သည်။ သူကား တစ်ကိုယ်တည်းဖြင့်ပင် ရုရှား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံးအား ရှင်းလင်း သုတ်သင်နိုင်စွမ်း ရှိသူ ဖြစ်သည်။

သို့သော်လည်း ယာခူးမြို့မှ ဤနေရာအထိ ရောက်လာခဲ့သည့် ချန်းပေ့ရွှမ်း၏ အဓိက ရည်ရွယ်ချက်ကား လူတစ်ယောက်တည်းကိုသာ သတ်ရန် ဖြစ်ပုံရသည်။

၂၀၁၀၊ မတ်လ ၅ ရက် ...

ရုရှား၊ ခါဘာရို့မြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ချန်းဖန်ရွှမ်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းအား သတ်ဖြတ်ပစ်ခဲ့၏။

ထိုသတင်းက လျင်မြန်စွာဖြင့် ကမ္ဘာ တစ်ဝန်းလုံးအား ပျံ့နှံ့သွားခဲ့တော့၏။

***

All Chapters