← Chapters

#ဓားဆန္ဒချိုးဖျက်ခြင်း၊ အိုက်ရွှယ် ဒေါသထွက်သည်#

Vol. 82 Ch. 1161

#ဓားဆန္ဒချိုးဖျက်ခြင်း၊ အိုက်ရွှယ် ဒေါသထွက်သည်#

Vol. 82 Ch. 1161

ဓားဆန္ဒက လိမ့်တက်လာပြီး ပို၍ပင် ပြတ်သားလာသည်။ 

အိုက်ရွှယ် ဒီမြင်ကွင်းကိုမြင်သောအခါ လှည့်ကာ ယဲ့ချိုးပိုင်ကို လေးနက်သည့်နှလုံးသားဖြင့် စိုက်ကြည့်သည်။ 

ဒါက သူ့ဓားဆန္ဒ ချိုးဖျက်တော့မည့် လက္ခဏာပေတည်း။ ဒီတိုတောင်းသည့်ကာလက သူမချိုးဖျက်သည့်တိုင် အတော်လေးရှားပါးသည်။ 

အကယ်၍ သူမသာ မျိုးစေ့များကို ဆွဲထုတ်ရန်အတွက် ဆေးလုံးများမသုံးခဲ့ပါက ရလဒ်က ကွဲပြားသွားလောက်သည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ နျိုကျောင်း အနည်းငယ်ကြက်သေသေသွားသာ်လည်း သူ့ကိုယ်သူ အလျင်အမြန် တည်ငြိမ်အောင် လုပ်ပြီးနောက် နှာခေါင်းရှုံ့သည်။ 

"ဘာအသုံး၀င်လို့လဲ၊ ငါတို့နယ်ပယ်ကြားက ကွာဟချက်က အရမ်းကြီးမားတယ်၊ မင်းကငါ့ပြိုင်ဘက် မဟုတ်သေးပါဘူး"

မုရှီအနည်းငယ် ခေါင်းမော့လိုက်သည်။ လိမ့်တက်လာသည့်ဓားဆန္ဒက လွန်ခဲ့သည့်သုံးလကတည်းက သူ့ဆံပင်များကို အများကြီး ပေါက်လာစေခဲ့သည်။ သူနျိုကျောင်းကို အေးစက်သောအမူအရာဖြင့် စိုက်ကြည့်သည်။ 

"မင်းအခုလေးတင်ပြောခဲ့တာကို ပြန်ရုပ်သိမ်းရအောင် ငါလုပ်ပြမယ်"

"မင်းငါ့ကိုရိုက်နိုင်ရင် ငါပြန်သိမ်းပေးမယ်"

ထိုစကားလုံးများပြောပြီးသည်နှင့် တစ်ပြိုင်နက် ပုံရိပ်နှစ်ခုက တစ်ချိန်တည်းတွင် စုဆုံသွားကြ၏။ 

နျိုကျောင်း လက်ထဲက တုတ်ရှည်ကို လွှဲယမ်းလိုက်စဉ် တုတ်အရိပ်များစွာက သူ့ပတ်လည်၌ ပေါ်လာသည်။ ဘယ်တစ်ခုက တကယ့်တိုက်ခိုက်ရေးလမ်းကြောင်းဆိုတာ မုရှီ မခန့်မှန်းနိုင်ပေ။ 

ဒါကိုမြင်သော် မုရှီ မျက်လုံးများနှင့် မှန်းဆနေတာကို ရပ်လိုက်သည်။ 

သူ့ဆရာ၏အဆိုအရ မျက်လုံးများက သူ့ကိုလှည့်စားပေလိမ့်မည်။ ဓားချီကတော့ မဟုတ်ပါ။ 

သူလေထဲက စီးကြောင်းကို ခံစားရန်အတွက် နှလုံးသားနှင့် ဓားဆန္ဒကို အသုံးပြုလိုက်၏။ 

မုရှီဓားကို ထုတ်လိုက်စဉ် နျိုကျောင်းကလည်း မီးတောက်နီတုတ်နှင့်အတူ ချဉ်းကပ်လာသဖြင့် အေးစက်သည့် အလင်းတစ်ချက်က မုရှီလက်ထဲက မိစ္ဆာနက်ဓားပေါ်၌ လင်း၀င်းသွားပြီး နျိုကျောင်း၏ ဘယ်ဘက်ရင်ဘတ်ကို ထိုးပစ်သည်။ 

ဘန်း......!

မိစ္ဆာနက်ဓားက နျိုကျောင်း၏ တုတ်ရှည်ကို တည့်တည့်ပင် ထိုးစိုက်ပစ်သည်။ 

နျိုကျောင်း၏အမူအရာက အေးစက်သွား၏။ တစ်ချိန်တည်းမှာပင် တုတ်ကိုင်ထားသည့် သူ့လက်မောင်းက သိသိစာသာပင် တုန်ယင်နေခဲ့သည်။ 

မိစ္ဆာနက်ဓားပေါ်မှ ဓားဆန္ဒက တုတ်ရှည်ကနေတဆင့် လက်မောင်းတစ်လျှောက် ပျံ့သွားသည်။ ထိုးဖောက်ခံရသည့် နာကျင်မှုက သူ့ကိုမသက်မသာဖြစ်စေသည်။ 

အရင်တိုက်ခိုက်မှုက ဒီလောက်ထိမပြင်းထန်ခဲ့တာ သိသာနေသည့်တိုင် နောက်ထပ်ဓားချက်က ဒီအတိုင်းအတာအထိပင် ရင့်ကျက်လာခဲ့သည်။ 

ဒါပေမယ့်.......!

နျိုကျောင်းနှာခေါင်းရှုံ့သည်။ 

"နယ်ပယ်အကြားကွာဟချက်က သိသာနေတာပဲ၊ မင်းဒါကိုဘယ်လိုချိုးဖျက်မလဲ"

နျိုကျောင်း၏ လက်မောင်းက တုန်ခါသွားပြီး တုတ်ရှည်ပေါ်က မီးပုံစံကွက်များက မီးတောက်အများကြီးကို စတင်ပစ်လွှတ်သည်။ 

မီးတောက်ပမာဏအများအပြားက မီးလေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွား၏။ ဒါက မုရှီကို ဝါးမြိုရန်အတွက်ပင် လုံလောက်အောင် အားကောင်းပေသည်။ ထို့နောက် မုရှီထံတိုး၀င်လာသည်။ 

မုရှီ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မသိစိတ်ကနောက်ဆုတ်လိုက်မိသည်။ 

သို့စေကာမူ သူမထိခိုက်ဘဲ မလွတ်မြောက်နိုင်သေးပါ။ 

သူ့လက်က မီးလေဆင်နှာမောင်း၏ လုံး၀လွှမ်းမိုးခြင်းကို ခံရသည်။ 

မုရှီ တိတ်တဆိတ်ညည်းညူသံကို ထုတ်လွှတ်ရင်း သူ့အမူအရာက ပုံပျက်သွားသည်။ 

သူ့လက်မောင်းက မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရပြီးနောက် မည်းတူးသွားသည်။ သူ့အရေပြားနှင့် အသားကလည်း မီးလောက်ထားသည့် အရေပြားအောက်တွင် စုတ်ပြဲနေသည်။ 

"နောက်ထပ်တိုက်ချက်ကတော့ မင်းကို အဆုံးသတ်ပစ်လိမ့်မယ်" နျိုကျောင်း မုရှီကို အသက်ရှုရန်အတွက်ပင် ဘာအခွင့်အလမ်းမှ မပေးချင်ပုံရသည်။ သူဆိုးယုတ်သည့်အပြုံးဖြင့် လက်ထဲတွင် တုတ်ရှည်ကို ကိုင်ပြီး မုရှီ၏ နောက်ဆုတ်နေသည့် ပုံရိပ်နောက်သို့လိုက်ဖမ်းသည်။ 

မုရှီ ဒါကိုကိုင်တွယ်ရန်အတွက် မိစ္ဆာနက်ဓားကို ဆက်လက်ကိုင်ရန်သာတတ်နိုင်တော့သည်။ 

တိုက်ခိုက်မှုတိုင်းတွင် သူ့ဒဏ်ရာများက ပို၍ပင် ဆိုးရွားလာသည်။ 

ဒီမြင်ကွင်းကို မြင်ရသည့်အပေါ် ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ 

အိုက်ရွှယ်ပြုံးသည်။ 

"ကြည့်ရတာပြီးသွားပုံပဲ"

ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်ထားသည်။ ကျင့်ကြံခြင်းနယ်ပယ်ကွာဟချက်နှင့် ဆိုပါက မုရှီချိုးဖျက်ခဲ့လျှင်ပင် တစ်ဖက်လူကို အနိုင်ယူရန်အတွက် ခက်ခဲနေဆဲပင်။ 

သို့စေကာမူ သူမုရှီကို မကယ်တင်သေးတာက အကြောင်းရင်းတစ်ခုရှိသည်။ 

သေခြင်းရှင်ခြင်းအခြေအနေတွင် မုရှီ ဘယ်လောက်ထိ ပေါက်ကွဲနိုင်မလား‌ဆိုတာ ဆုံးဖြတ်ရန်အတွက် သူကြည့်နေခြင်းပင်။ 

ဘန်း.....!

ရုတ်တရက် မုရှီလွင့်စင်သွားရသည်။ 

သူမြေပေါ်ကျသွားစဉ် သူ့အ၀တ်များက စုတ်ပြဲနေပြီး သွေးများက အရေပြားကနေ စီးကျနေသည်။ 

နျိုကျောင်း ဆိုးယုတ်သည့်အပြုံးဖြင့် မုရှီထံ တစ်လှမ်းချင်းလျှောက်လာသည်။ 

"မင်းလယ်သမားတစ်ယောက်ပဲ လုပ်နိုင်တာပါကွာ၊ ဘာလို့ဒီကျင့်ကြံခြင်းလမ်းကြောင်းကို စတင်ရတာလဲ၊ မင်းသတိမထားဘူးဆိုရင် သေသွားရလိမ့်မယ်၊ မင်းသာကံကောင်းမယ်ဆိုရင် လယ်သမားအဖြစ် အသက်ရှည်လျားစွာ နေနိုင်တာပဲလေ"

ဒီနေရာတွင် မြေပေါ်လဲနေသည့် မုရှီထံသို့ နျိုကျောင်း လျှောက်လာပြီဖြစ်ကာ လက်ထဲက တုတ်ရှည်ကို မြှောက်လိုက်၏။ 

"ဒါကိုအဆုံးသတ်ရအောင်၊ မင်းအရင်ကလောက် မခံစားရအောင် ငါအမြန်ဆုံးဆောင်ရွက်မယ်၊ ဒါကို ရွာသားတွေကြားက ခင်မင်ရင်းနှီးမှုတို့ပဲ မှတ်ယူလိုက်ပါ"

ထိုသို့ဆိုပြီးနောက်တွင် တုတ်ရှည်က သူ့အပေါ် ရက်စက်စွာကျဆင်းလာသည်။ 

အိုက်ရွှယ် မနီးမဝေးကနေ ယဲ့ချိုးပိုင်ကို မုရှီအား ကယ်တင်ခြင်းကနေ တားဆီးရန်အတွက် အော်ရာကို ထုတ်လွှတ်ပိတ်ဆို့ထားသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်ဘာမှမလုပ်ပါ။ 

ဒါက အိုက်ရွှယ်ကို ပဟေဠိဖြစ်စေသည်။ 

သူ့တပည့်ဒီနေရာမှာသေပြီး စမ်းသပ်မှုကို ဆောင်ရွက်ဖို့အတွက် ကံမပါတာကို သူမစိုးရိမ်ဘူးလား!

ဒီအခိုက်အတန့်မှာပင် မုရှီကိုယ်ထဲက ဓားဆန္ဒတစ်ခု ရုတ်တရက် ပေါက်ကွဲသွား၏။ 

ဒီထက်ရှသည့်ဓားဆန္ဒက လေပွေတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး နျိုကျောင်းကို အတင်းနောက်ဆုတ်သွားစေသည်။ 

လက်ပေါ်က သွေးစွန်းနေသည့်ဓားရာများကို ကြည့်ရင်း ဖြည်းဖြည်းချင်း ထရပ်လာသော မုရှီကို နျိုကျောင်း မယုံနိုင်စွာ ကြည့်လိုက်ပြီး အထိတ်တလန့်ပြောသည်။ 

"မင်းဘာလုပ်ခဲ့တာလဲ"

အိုက်ရွှယ်၏အမူအရာကလည်း တဖြည်းဖြည်းမည်းမှောင်သွားခဲ့သည်။ 

ယဲ့ချိုးပိုင်ပြုံးလိုက်မိသည်။ 

ကြည့်ရသည်မှာ သူလူမှားပြီးမရွေးချယ်ခဲ့ပေ။ မုရှီ၏အလားအလာက မဆိုးပေ။ 

ဒီသေခြင်းရှင်ခြင်းအခိုက်အတန့်၌ သူဓားသခင်နယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။ 

မုရှီထရပ်ရန်ရုန်းကန်ရင်း နျိုကျောင်းကို ကြည့်ပြီး လက်ထဲက မိစ္ဆာနက်ဓားနှင့်အတူ အလျင်အမြန်ပိုင်းဖြတ်ပစ်သည်။ 

နျိုကျောင်း မိန်းမောတွေဝေနေဆဲ။ 

အိုက်ရွှယ်အော်ဟစ်သည်။ 

"ငါနင့်ကို သင်ပေးခဲ့တာတွေကို မေ့သွားပြီလား၊ သူချိုးဖျက်ခဲ့တယ်ဆိုရင်တောင် နယ်ပယ်ကွာဟချက်ကို မဖြေရှင်းနိုင်ဘူး"

နျိုကျောင်းသတိပြန်၀င်လာပြီး အံကြိတ်ကာ လက်ထဲက တုတ်ရှည်ကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်၏။ 

တုတ်ရှည်ကလှည့်ပတ်နေစဉ် ၎င်းပေါ်က မီးအဆင်းများက အရူးအမူးတောက်ပလာသည်။ 

ထို့နောက် မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ မုရှီထံတိုး၀င်သွား၏။ 

မုရှီ၏အမူအရာက လေးနက်နေပြီး ဓားနှင့်အတူ ပိုင်းဖြတ်လိုက်လေသည်။ 

"ကောင်းကင်ဘုံကိုးသွယ်မိစ္ဆာဓား၊ ဒုတိယဓားချက်"

မီးနဂါးကဲ့သို့ပင် ဓားစွမ်းအင်က မီးဝဲဂယက်ကို ပိုင်းဖြတ်ပစ်သည်။ 

ဒီတဒင်္ဂမှာပင် မီးတောက်ဝဲဂယက်က နှစ်ပိုင်းဖြတ်ခံရသည်။ 

သို့စေကာမူ နျိုကျောင်းနှာမှုတ်သည်။ 

"ဒါအဆုံးသတ်လို့ မင်းထင်နေတာလား"

နျိုကျောင်း၏ ခရမ်းရောင်ဘုံဗိမာန်နယ်ပယ် ဝိဉာဉ်ချီ၏ ထည့်သွင်းမှာအောက်တွင် နှစ်ပိုင်းကွဲသွားသည့် မီးဝဲဂယက်က မီးဝဲဂယက်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး မုရှီထံသို့ ဘယ်နှင့်ညာကနေတဆင့် တိုးဝင်သွားလေတော့သည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ မုရှီအံကြိတ်ထားသည်။ 

သူ့ဆရာကို သူအရှက်ရအောင် မလုပ်နိုင်ပေ။ 

ဒီစကားကို သူ့နှလုံးသားထဲတွင် သူအထပ်ထပ်အခါခါပြောနေမိသည်။ ထို့နောက် ကျန်ရှိနေသည့် ဝိဉာဉ်ချီများကို အသည်းအသန်ဖျစ်ညှစ်ထုတ်ယူကာ ပိုင်းဖြတ်လိုက်လေသည်။ 

သို့စေကာမူ ဓားသခင်နယ်ပယ်ဓားဆန္ဒ၏ အားဖြည့်မှုနှင့်ပင် ဒီဓားချက်က မီးဝဲဂယက်တစ်ခုကိုပင် ဖြတ်တောက်နိုင်စွမ်းမရှိပါ။ 

မီးဝဲဂယက်နှစ်ခုအနက် ဘယ်ဘက်ကတစ်ခု၊ ညာဘက်ကတစ်ခု မုရှီကို ဖိသိပ်ပစ်သည်။ 

သို့သော် မီးဝဲဂယက်နှစ်ခုက တစ်ခုကိုတစ်ခု ဖိသိပ်ပစ်နေစဉ် ရုတ်တရက် မိုးကြိုးစင်းတစ်ချက်လင်း၀င်းသွားပြီး မုရှီ ရှိနေသော‌နေရာမှ ပျောက်ကွယ်သွားသည်။ 

အိုက်ရွှယ်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

နျိုကျောင်း ကျယ်လောင်စွာရယ်မောသည်။ 

"ဟားဟားဟား၊ ငါလုပ်နိုင်ခဲ့ပြီ၊ ဆရာ၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တဲ့အပေါ် ကျွန်တော်ဆရာ့ကို နောင်တရအောင် မလုပ်မိခဲ့ဘူးမလား"

အိုက်ရွှယ်ကြည့်ရဆိုးသည့်အမူအရာဖြင့် ပြောလိုက်၏။ 

"အမှိုက်ကောင်"

နျိုကျောင်းကြက်သေသေသွားပြီး စိတ်ရှုပ်ထွေးနေပုံရသည်။ 

မီးဝဲဂယက်ပျောက်ကွယ်သွားသောအခါ မုရှီ၏အလောင်းက မပေါ်လာပေ။ 

ဒါက နျိုကျောင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ 

အိုက်ရွှယ် ယဲ့ချိုးပိုင်ရှေ့သို့လျှောက်သွားပြီး အေးစက်စွာကြည့်လိုက်၏။ 

"ရှင့်လုံး၀စိတ်မပူတာ မအံ့ဩတော့ပါဘူး၊ ဒီမတိုင်ခင် ရှင့်အချိန်ဆွဲထားမယ်ဆိုရင်တောင် ရှင့်တပည့်က နျိုကျောင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ နားလည်သင့်တယ်"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။ 

"ငါတို့မှာ အချိန်ရှိသေးတယ်လေ"

ထို့နောက် သူချက်ချင်း‌ဆိုသလို ထိုနေရာကနေ ပျောက်ကွယ်သွား၏။ 

သူသွားရှာရန်လိုအပ်သည်။ 

ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က မုရှီကို ဘယ်ကိုပို့လိုက်သလဲဆိုတာ သူဘယ်လိုလုပ်သိမည်နည်း။ 

ယဲ့ချိုးပိုင်ထွက်သွားတာကို အိုက်ရွှယ် ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေသည်။ 

နျိုကျောင်းရှေ့တိုးလာပြီး ခေါင်းငုံ့ထားသည်။ 

"ကျွန်တော်....ကျွန်တော်တောင်းပန်ပါတယ်၊ ဆရာ၊ ကျွန်တော်...."

"ကောင်းပြီ၊ အများကြီးပြောနေတာက အသုံးမဝင်ဘူး၊ ဆက်လက်ကျင့်ကြံပါ" အိုက်ရွှယ်အေးစက်စွာပြောသည်။ 

"မင်းငါ့တပည့်ဆိုမှတော့ အနာဂတ်ရွေးချယ်ပွဲမှာ ငါ့ကိုအရှက်ရအောင်လုပ်ရင် အကျိုးဆက်တွေကို မင်းသိပါတယ်"

နျိုကျောင်းခေါင်းကျုံ့လိုက်မိသည်။ 

"ကျွန်တော်နားလည်ပါတယ်"

သို့စေကာမူ သူတခြားတစ်ယောက်ကို ရှုံးနိမ့်မည်ဟု တွေးတောထားခြင်းမရှိပါ။ 

ဒါ့အပြင် ယဲ့ချိုးပိုင်အစား အိုက်ရွှယ်ကို ရွေးချယ်ခဲ့သည့်အပေါ် သူမှန်တယ်ဆိုတာကို တခြားသူများထက်ပို၍ သက်သေပြချင်သည်။ 

အပိုင်း(1162) coming။

All Chapters