← Chapters

#သားရဲအုပ်၏တိုက်ခိုက်မှု၊ ကိုယ်ပိုင်လက္ခဏာ ဖော်ထုတ်ခံရခြင်း#

Vol. 82 Ch. 1162

#သားရဲအုပ်၏တိုက်ခိုက်မှု၊ ကိုယ်ပိုင်လက္ခဏာ ဖော်ထုတ်ခံရခြင်း#

Vol. 82 Ch. 1162

မြက်ခင်းပြင်တစ်ခုတွင် ဝံပုလွေရိုင်းတစ်ကောင်က မြေပေါ်လဲကျသွားသည့် လူတစ်ယောက်ကို ဂရုတစိုက်၀န်းရံထားသည်။ 

ထိုလူမလှုပ်တာကိုမြင်ရသောအခါ ဝံပုလွေရိုင်းက တိတ်တဆိတ်ချဉ်းကပ်လာပြီး သွေးသံတရဲရဲပါးစပ်ကိုဟကာ သွေးရောင်ချွန်ထက်သည့်သွားများကို ပြသရင်း ထိုလူအား ကိုက်ချလိုက်၏။ 

ဒီအခိုက်အတန့်မှာပင် အေးစက်သည့် ဓားဆန္ဒရောင်ခြည်တစ်ချက် လင်း၀င်းသွားပြီး ဝံပုလွေရိုင်းမှာ ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရသည်။ 

တစ်ချိန်တည်းမှာပင် အေးစက်သည့် အလင်းလင်း၀င်းသွားစဉ် ယဲ့ချိုးပိုင်၏ပုံရိပ်က မုရှီဘေးတွင် ပေါ်လာပြီး သူလက်ချောင်းကို လှုပ်ရှားလိုက်သည်နှင့် အင်မော်တယ်စွမ်းအင်က မုရှီကိုယ်ကို လေထဲမြှောက်ကာ လှန်ပစ်သည်။ 

ထို့နောက် သူဆေးလုံးတစ်လုံး ပါးစပ်ထဲ ထည့်ပေးလိုက်၏။ 

ဆေးလုံးကို ချေဖျက်ရန်အတွက် ကူညီရန် အင်မော်တယ်စွမ်းအင်ကို သုံးနေစဉ် မကြာမီ မုရှီ၏ဒဏ်ရာများက လုံး၀ပျောက်သွားပြီး သူတဖြည်းဖြည်းနိုးလာသည်။ 

"ဆရာလား"

အစမှာတော့ သူမတုံ့ပြန်မိပေ။ တစ်ခဏအကြာတွင် သူ့စိတ်ထဲ၌ မှတ်ဉာဏ်အများအပြားပေါ်လာပြီး သူ့အမူအရာက ဗလာကျင်းနေရာကနေ စိတ်ပျက်သွားရသည်။ 

မုရှီခေါင်းငုံ့ကာ ယဲ့ချိုးပိုင်ရှေ့တွင်ရပ်ရင်း တိုးတိုးလေးပြောသည်။ 

"ကျွန်တော်တောင်းပန်ပါတယ်၊ ဆရာ.... ကျွန်တော်ဆရာ့ကို အရှက်ရစေမိတယ်"

သူ့အသံထဲတွင် ကိုယ့်ကိုကိုယ်အပြစ်တင်မှုက ပြည့်သိပ်လုနီးပါးပင်။ 

ယဲ့ချိုးပိုင်ပြုံးရင်း မုရှီ၏ခေါင်းကို ပွတ်သပ်သည်။ 

"ဘာမှမဖြစ်ပါဘူး၊ မင်းသူ့ကိုမနိုင်တာက ပုံမှန်ပါပဲ၊ ဘာပဲဆိုဆို မင်းတို့နှစ်ယောက်ကြားက နယ်ပယ်ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်လေ"

"ဒါက ကျွန်တော့်ပါရမီက နျိုကျောင်းထက် နိမ့်ကျတယ်ဆိုတာကို သက်သေပြနေသလို ဖြစ်နေတယ်မလား"

"ဒီစကားကမမှန်ဘူး၊ သူ့ကို သူ့ဆရာအားပေးအားမြှောက်ပြုခဲ့တာ" ယဲ့ချိုးပိုင်ခေါင်းခါယမ်းရင်း လေးနက်စွာပြောသည်။ 

"ကျင့်ကြံခြင်းဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် အခြေချဖို့လိုတယ်၊ သူ့အနာဂတ်အောင်မြင်မှုတွေက မင်းနဲ့လုံး၀ယှဉ်လို့ရမှာမဟုတ်ဘူး"

"ဒါ့အပြင် ပါရမီတစ်ခုတည်းအရဆိုရင်တောင် မင်းကသူ့ထက်အများကြီး မြင့်တယ်လို့ ငါထင်တယ်"

"ဟင်"

မုရှီကြက်သေသေသွားသည်။ ထို့နောက် သူ့လက်ထဲက မိစ္ဆာနက်ဓားကို ကြည့်ရင်း သံသယဖြင့်ပြောသည်။ 

"ဒါပေမယ့်...ကျွန်တော်ရှုံးသွားတယ်လေ"

ယဲ့ချိုးပိုင်ရယ်မောသည်။ 

"အနိုင်အရှုံးဆိုတာက စစ်ပွဲမှာဖြစ်နေကျပဲလေ၊ ကျင့်ကြံခြင်းလမ်းကြောင်းမှာ လူတိုင်းက ပိုအားကောင်းတဲ့သူတစ်ယောက်ယောက်ကို အမြဲတွေ့ရမှာပဲ၊ ဒါက အဓိကအချက်မဟုတ်ဘူး၊ အဓိကအချက်က အတွေ့အကြုံကို စုပ်ယူပြီး ကြီးထွားလာဖို့အတွက် အာဟာရတွေအဖြစ် ပြောင်းပစ်ဖို့ပဲ"

"ပြီးတော့ မုရှီ၊ မင်းက မင်းရဲ့အလားအလာကို ငါကိုမြင်ခွင့်ပေးခဲ့တယ်၊ မင်းက သေချာပေါက် အစွမ်းထက်ဓားသမားတစ်ယောက်ဖြစ်လာမှာပါ"

"သေချာတာပေါ့၊ အနာဂတ်မှာ တစ်ဘက်လူကို အနိုင်ယူဖို့အတွက် မင်းကြိုးစားရဦးမယ်"

ဒါကိုကြားသော် မုရှီလေးလံစွာ ခေါင်းညိတ်သည်။ 

"နောက်တစ်ကြိမ် တိုက်ခိုက်တဲ့အခါကျရင် ကျွန်တော်ရှုံးမှာမဟုတ်ဘူး"

ဒီပြတ်သားသည့်အကြည့်ကို မြင်သောအခါ ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။ 

လူတစ်ယောက် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် စလျှောက်ခါစတွင် လမ်းလွဲသွားရန်ဟူသည် လွယ်ကူပါသည်။ 

သို့စေကာမူ သူ့ကိုလမ်းညွှန်ပေးနေသရွေ့ ကြီးကျယ်သည့်အရာများကို အောင်မြင်နိုင်မည်သာ။ 

မည်သို့ပင်ဆိုစေကာမူ သူကကလေးသာ ရှိသေးသည်။ 

.....

နွေဦးကကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ဆောင်းဦးကို ရောက်လာခဲ့သည်။ 

ရွေးချယ်ပွဲမတိုင်ခင် လေးလသာ ကျန်တော့သည်။ 

ကောင်းချီးပေးဂူကျေးရွာက အိမ်လေးတစ်အိမ်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် စိတ်ဓာတ်ကျပြီး ပြင်းထန်သောဒဏ်ရာများနှင့် ရွာသားများ အိမ်ထဲသို့ ၀င်သွားကြ၏။ 

သို့စေကာမူ ဒဏ်ရာများကနေ သက်သာလာပြီးနောက် သူတို့စွမ်းအင်အပြည့်နှင့် အပြုံးဖြင့်ထွက်လာကြသည်။ 

"ကျေးဇူးပါ ချူလေး၊ အာ...မဟုတ်ဘူး၊ ဆေးဆရာချူ"

နောက်ဆုံးလူထွက်သွားသောအခါ အိမ်ထဲက ဆေးလုံးဖိုရှေ့တွင် ထိုင်နေသည့် ကလေးမလေးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ 

ထို့နောက် သူမကျေနပ်သည့်အပြုံးတစ်ပွင့်ကို ဖော်ပြရင်း မု၀မ်အာကို ကြည့်ပြီး ပြေးသွားကာ လက်ကိုဆုပ်ကိုင်ရင်း ခုန်ပေါက်နေသည်။ 

"ဆရာ၊ ဆရာ၊ ဒီတစ်ကြိမ်ဘယ်လိုလဲ"

မု၀မ်အာပြုံးရင်းခေါင်းညိတ်သည်။ 

"မဆိုးဘူး၊ အရင်ပြဿာနာတွေကို ဖြေရှင်းပြီးသွားပြီ၊ နင်အနက်အဆင့်ဆေးလုံးတွေကို ကျွမ်းကျင်စွာ သန့်စင်နိုင်နေပြီ၊ နင့်နယ်ပယ် ထပ်တိုးလာတဲ့အခါကျရင် အနည်းဆုံး ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်ကို ရောက်တာနဲ့ မြေအဆင့်ဆေးလုံးတွေကို သန့်စင်ဖော်စပ်ဖို့အတွက် ကြိုးစားကြည့်လို့ရတယ်"

(ကနဦးနယ်ပယ်ဆေးလုံးအဆင့်များ - ကောင်းကင်၊ မြေ၊ အနက်နဲ့ အဝါ)

အဂ္ဂိရတ်‌စာအုပ်၏ အကူအညီနှင့်အတူ ချူလေး အဂ္ဂိရတ်ဆရာဖြစ်လာရန်အတွက် အချိန်ယူရန်ပင် မလိုခဲ့ပေ။ 

သူမဆေးလုံးများကို သန့်စင်ဖော်စပ်နေသရွေ့ နယ်ပယ်ကို တိုးတက်အောင် လုပ်နိုင်သည်။ 

ချူလေး၏ပါရမီက အတိတ်က သိပ်မကောင်းခဲ့ပုံပေါ်သော်လည်း သူမရုပ်ခန္ဓာအပေါ် မု၀မ်အာ၏ အဆက်မပြတ် တိုးမြှင့်ပေးမှုနှင့် ဆေးလုံးကျမ်းနှင့်အတူ ချူလေး၏ အံ့ဖွယ်အားထုတ်မှုများကိုပါ ပေါင်းစပ်လိုက်ပါက ဒါက မြန်မြန်ဆန်ဆန် တိုးတက်လာသည်ဟု ဆို၍ရသည်။ 

ချူလေး လေးလံစွာခေါင်းညိတ်သည်။ 

"ဒါဆို သမီးဆေးလုံးတွေ ဆက်သန့်စင်ဖော်စပ်ပါမယ်"

သို့စေကာမူ ဒီအခိုက်အတန့်မှာပင် တောင်က တုန်ခါသွားပြီး ကောင်းချီးပေးဂူကျေးရွာရှိ အိမ်တိုင်းက စတင်တုန်ခါလာသည်။ 

မု၀မ်အာ အနည်းငယ်ခေါင်းမော့လိုက်သလို ချူလေးကလည်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။ 

သူတို့နှစ်ယောက်အိမ်ထဲကနေ ထွက်လာစဉ် ကောင်းချီးပေးဂူကျေးရွာအနောက်ဘက်က တောင်မှ ဖုန်များထိုးတက်လာတာကို တွေ့လိုက်ရသည်။ မရေမတွက်နိုင်လောက်သည့် သစ်ပင်များပြိုကျကာ တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးကိုပင် တုန်ခါစေသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲမျိုးစုံ၏ ဟိန်းသွများက ဒီနေရာတစ်ခုလုံးတွင် ပျံ့သွားသည်။ 

ကောင်းချီးပေးဂူကျေးရွာ၌ အသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။ 

လူငယ်တစ်ချို့ ပြေးလာကြပြီး အထိတ်တလန့်အော်ဟစ်ကြသည်။ 

"သားရဲအုပ်ကြီးရောက်လာပြီ၊ သားရဲအုပ်ကြီးရောက်လာပြီ"

လူငယ်များက အိမ်ထဲကနေ သံလှံများနှင့် လေးများဖြင့် တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြ၏။ သူတို့၏မျက်နှာများက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ 

"သားရဲအုပ်စီးကြောင်းက နှစ်နှစ်ဆယ်မှ တစ်ခါဖြစ်တတ်တာပဲလေ၊ ဘာလို့ ဒီတစ်ကြိမ် ဆယ်နှစ်စောပြီးဖြစ်လာရတာလဲ"

"ငါလည်းမသိဘူး၊ ဒါပေမယ့်ငါတို့ရွာက သံနဲ့ခြံစည်းရိုးက အဆင်သင့်မဖြစ်သေးဘူး"

"ငါတို့ဘာလုပ်ကြမလဲ၊ လုံလောက်တဲ့ သံပစ္စည်းတွေနဲ့ ခြံစည်းရိုးတွေမရှိဘူးဆိုရင် ငါတို့ဒီသားရဲအုပ်ကို တားနိုင်မှာမဟုတ်ဘူး"

နှစ်နှစ်ဆယ် တစ်ကြိမ်ဖြစ်ပျက်လာတတ်သည့် သားရဲအုပ်စီးကြောင်းကာလအတွင်း ကောင်းချီပေးဂူကျေးရွာက သားရဲအုပ်မရောက်လာခင် လုံလောက်သည့်လက်နက်များနှင့် ကာကွယ်ရေးပစ္စည်းများကို ပြင်ဆင်ထားကြသည်။ အကြိမ်တိုင်း သူတို့ ကောင်းချီးပေးဂူကျေးရွာကို ကာကွယ်ရန်အတွက် ကြီးမားသည့်တန်ဖိုးတစ်ခုစီ ပေးဆပ်ရသည်။ 

ချူလေးကလည်း ဒါကို သူမအဖိုးဆီက ရှင်းလင်းစွာ ကြားဖူးသဖြင့် ကြောက်လန့်စွာပြောသည်။ 

"သမီးတို့ဘာလုပ်ကြမလဲ၊ ဆရာ၊ သားရဲအုပ်က လာနေပြီ"

မု၀မ်အာ ဘာတစ်ခုမှမပြောပေ။ သူမအပြုံးကို ရုတ်သိမ်းရင်း တုန်ခါနေသည့်တောင်ကို ကြည့်လိုက်၏။ 

၎င်းကနေထွက်လာသည့် ခပ်မှိန်မှိန်နတ်ဆိုးနက်အော်ရာက ဒီသားရဲအုပ်စီးကြောင်းက အနည်းငယ်ပုံမှန်မဟုတ်ဟု သူမကို ခံစားရစေသည်။ 

ဒါက အဲဒီတောင်ပေါ်က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ထုတ်ဖော််နိုင်တဲ့ အော်ရာလား!

တောင်ထဲက ရက်စက်သောသားရဲများ၏ နယ်ပယ်များက ယေဘုယျအားဖြင့် အတော်လေးနိမ့်ကျသည်။ ၎င်းတို့အဖို့ ယခုလိုအော်ရာမျိုးရှိရန်ဟူသည် မဖြစ်နိုင်။ 

ဒါ့အပြင် ဒါကနည်းနည်း ရင်းနှီးနေပုံရသည်။ 

"ဆရာ၊ ဆရာ့မှာ‌အဖြေရှိလား" ချူလေး မု၀မ်အာကို အလျင်အမြန်ဆွဲသည်။ 

"ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ရွာတစ်ခုလုံးကို ရက်စက်တဲ့သားရဲတွေ စားပစ်လိမ့်မယ်"

မု၀မ်အာ ချူလေးခေါင်းကို ပွတ်သပ်သည်။ 

"ရွာကဘာမှဖြစ်မှာမဟုတ်ဘူး၊ ငါ့နောက်က လိုက်ကြည့်"

ထို့နောက် သူမ ချူလေးကိုဆွဲကာ ချက်ချင်းပျောက်ကွယ်သွား၏။ 

များမကြာမီ သားရဲအုပ် ရွာကို တိုက်ခိုက်ရန်အတွက် ဖြတ်သန်းရန်လိုအပ်သည့် တောင်ခြေရင်းတွင် သူတို့ပေါ်လာကြသည်။ 

ဒီနေရာတွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအပြင် ကြီးကြပ်ရေးဗိမာန်က လူများကလည်း သူတို့တပည့်များနှင့်အတူ ရောက်လာကြသည်။ 

ဒါကိုမြင်သော် မု၀မ်အာမေးသည်။ 

"ဒီအော်ရာက အရမ်းထူးဆန်းတယ်လို့ ခံစားရလား"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လေးနက်သောအမူအရာများဖြင့် ခေါင်းညိတ်ကြ၏။ 

"နတ်ဆိုးချီ" ရှီရှန်းရုတ်တရက်ပြောသည်။ 

ဒါကိုအရမ်းကို ဖုံးကွယ်ထားသည်။ 

သို့စေကာမူ ရှီရှန်း လုချန်ရှန်းနှင့်အတူ ကောင်းကင်ဖိနှိပ်စေတီဆီ လိုက်သွားတုန်းက နတ်ဆိုးချီကို အနီးကပ်ခံစားခဲ့ရသဖြင့် တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ 

"မင်းသေချာလား" ယဲ့ချိုးပိုင်၏ အမူအရာက မည်းမှောင်သွားသည်။ 

"ဒီလိုသာဆိုရင်တော့ သေချာပေါက် လူလုပ်ထားတာဖြစ်ရမယ်"

ဗလာနတ္ထိပုံတူထဲတွင် ဘယ်လိုလုပ် နတ်ဆိုးများရှိနေနိုင်မည်နည်း။ 

တစ်ခုတည်းသောအဖြေက ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်များက သူတို့နှင့်အတူ ဗလာနတ္ထိပုံတူထဲ လိုက်၀င်လာခဲ့ခြင်းဖြစ်ရပေမည်။ 

"ဒါဆိုကြည့်ရတာ ဒီစမ်းသပ်မှုကို လက်ခံခဲ့တဲ့ ငါတို့ထဲကတစ်ယောက်ဖြစ်ပုံပဲ"

အကယ်၍ သားရဲအုပ်ကိုသာ အစပျိုးပေးပါက သူတို့တပည့်များကို တိုက်ခိုက်ခွင့်ပေးရုံကလွဲပြီး ရွေးချယ်စရာမရှိပါ။ 

ဒါက ရွာသားများ၏ ထောက်ခံမှုကို ရရန်အတွက် ကြီးကျယ်သည့် အခွင့်အလမ်းတစ်ခုပေတည်း။ 

ဒါကပွင့်လင်းသော ကြံစည်းမှုတစ်ခုဖြစ်လေရာ သူတို့ခုန်၀င်ရန်သာတတ်နိုင်သည်။ 

တစ်ဘက်လူ၏ ပန်းတိုင်က သားရဲအုပ်နှင့် သူတို့၏တပည့်များအား အဆုံးသတ်ပစ်စေလိုခြင်းပင်။ 

ဒါက ပြိုင်ပွဲ၀င်သူများကို အနိုင်ယူရန်ပင်။ 

ဒီလိုဆိုပါက အဖြေက သိသာထင်ရှားနေလေပြီ။ ဒီနေရာတွင် မပေါ်လာခဲ့သောသူက နတ်ဆိုးနယ်မြေ၏ အကြွင်းအကျန်ပေတည်း။ 

ယဲ့ချိုးပိုင်၏အမူအရာက မယုံနိုင်သည့်အသွင် တုန်လှုပ်နေခဲ့ပြီး နာမည်တစ်ခုကို ဖြည်းဖြည်းချင်းပြောလာခဲ့သည်။ 

"ရှင်းဟုန်ယီ....."

အပိုင်း(1163) coming။ 

All Chapters