#အမိန့်ပေးနေရာ#
Vol. 83 Ch. 1163
လူရိုင်းဒေသတွင် ရှင်းဟုန်ယီ အတော်လေးပါရမီရှိခဲ့သော်လည်း သေမျိုးနယ်မြေတစ်ခုလုံးနှင့်ယှဉ်ပါက အနည်းငယ်ပိုနိမ့်ကျသည်။
ရှင်းဟုန်ယီ ရှေးဟောင်းစစ်မြေပြင်တွင် ရုတ်တရက်ပေါ်လာသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အံ့ဩသွားခဲ့ရသည်။
ရှင်းဟုန်ယီ သူမ၏ပါရမီ၊ နယ်ပယ်နှင့် ဒီလိုနေရာမျိုးတွင် ဘာကြောင့်ပေါ်လာရလေသနည်း။
အရာများက ရှင်းလင်းလာပြီဖြစ်သည်။
လေထုကဟိန်းနေပြီး ဖုန်မှုန့်များ လွင့်စင်သွား၏။
သူတို့အားလုံး သဲမုန်တိုင်းတစ်စင်းပမာ သူတို့ထံဦးတည်လာနေပြီး ခပ်မှိန်မှိန်နတ်ဆိုးချီပါရှိသော သားရဲအုပ်ကို ကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမှာ ရှန်းဟုန်ယီက အမှန်တကယ်ပင် နတ်ဆိုးဒေသ၏ အကြွင်းအကျန်တစ်ဦးဆိုတာကို တဖြည်းဖြည်းနားလည်လာကြသည်။
တစ်ဘက်က လျှို့ဝှက်တာအိုကျောင်းတော်ကို မ၀င်ခင်ကတည်းက နတ်ဆိုးဒေသ၏ လက်ကိုင်တုတ်ဖြစ်နေသည်လား သို့မဟုတ် နတ်ဆိုးဒေသအကြွင်းအကျန်များက သူမကို လမ်းအလယ်တွင် သူတို့အတွက် အလုပ်လုပ်ပေးရန်အတွက် နားချခဲ့သလားဆိုတာ သူတို့မသိကြသော်လည်း ဒါက နောက်ထပ်အရေးမပါတော့ပါ။
ဒီကိစ္စပြီးသွားသောအခါ သူတို့ရှင်းဟုန်ယီကို သူမဆီကနေ သတင်းအချက်အလက်များ ရနိုင်မလားဆိုတာကို ကြည့်ရန်အတွက် သေချာပေါက်ခေါ်ဆောင်သွားရပေမည်။
"ဒါဆိုအခုဘာလုပ်မလဲ" ဖန်ချန်းမေးသည်။
ယဲ့ချိုးပိုင်တစ်ခဏမျှတွေးလိုက်သည်။
"ဒီလိုဆိုမှတော့ သူတို့ကို သူတို့ကစားပွဲမှာ အနိုင်ယူပြီး အကာအကွယ်ယူဖို့အတွက် ကောင်းချီပေးဂူရွာကို ဆုတ်ကြရအောင်"
"ဒီစမ်းသပ်မှုကို လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့ဘယ်လောက်ထိ တိုးတက်ကြီးထွားလာသလဲဆိုတာ စမ်းသပ်ကြည့်ဖို့ သုံးလို့ရတာပဲလေ"
ဒီနေရာတွင် ယဲ့ချိုးပိုင် မုရှီကိုကြည့်သည်။
သားရဲအုပ်ကြီးလာနေပြီဖြစ်လေရာ သူတို့ ကောင်းချီးပေးဂူကျေးရွာသားများ မြင်နိုင်သည့်နေရာကို မုရှီနှင့်ကျန်သောသူများအား စောင့်ကြည့်ခိုင်းရုံသာ ရှိသည်။
ဒါက တမင်တကာလုပ်ရာကျသော်လည်း အချိန်အများစုတွင် အမှောင်ထဲကနေ တိတ်တဆိတ်ကြိုးစားလုပ်ကိုင်ခဲ့သည့်အပေါ် သူတို့ဘာမှပြန်မရခဲ့ကြပေ။
"သူတို့မကြိုးစားဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ"
သူတို့ကောင်းချီးပေးဂူကျေးရွာကို ပြန်သွားသောအခါ ၀န်းရံနေသည့်သံခြံစည်းရိုးများ ရှိနေလေပြီ။ သို့စေကာမူ ထိုခြံစည်းရိုးများ၌ ကွက်လပ်များရှိနေဆဲပင်။ ကြိုတင်ပြင်ဆင်ချိန်မရခဲ့ကြောင်းဖြစ်တယ်ဆိုတာ သိသာထင်ရှားနေသည်။
ကောင်းချီးပေးဂူကျေးရွာက လူသန်ကြီး ယဲ့ချိုးပိုင်တို့ကို မြင်သောအခါ ချက်ချင်းအော်ဟစ်သည်။
"အင်မော်တယ်ဆရာတို့၊ ကျေးဇူးပြုပြီး ကောင်းချီးပေးဂူကျေးရွာကို ဒီအကျပ်အတည်းကို ကျော်လွှားဖို့အတွက် ကူညီပြီး သားရဲစီးကြောင်းကို တားဆီးပေးပါ"
ဒီအခိုက်အတန့်၌ အိုက်ရွှယ်ထရပ်သည်။
"ဒီသားရဲစီးကြောင်းကို တားဆီးဖို့အတွက် ငါတို့ကူညီမှာပါ"
တကယ်တမ်းတွင် ဆောင်ရွက်ရမည့်သူများက တပည့်များသာ။ တပည့်များသာ သားရဲများကို မခုခံမတားဆီးနိုင်ပါက သူတို့အရေးယူဆောင်ရွက်မည်ဖြစ်သည်။
အိုက်ရွှယ် သူမဘေးက တပည့်လေးယောက်ကို ကြည့်လိုက်၏။ ထို့ထဲတွင် နျိုကျောင်း၊ မု၀မ်အာဆီက သူမလုယူခဲ့သော တပည့်ဖြစ်သည့် ၀မ်တန်နှင့် ကျန်နှစ်ယောက်ဖြစ်သည်။
"ငါ့ကိုအရှက်မရစေနဲ့"
နျိုကျောင်း၊ ၀မ်တန်နှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။
သစ်သားလူဘေးက မုတ်ဆိတ်ထူထူနှင့်လူ ကျန်းဟီစိတ်လှုပ်ရှားစွာပြောသည်။
"ဆရာ၊ ကျွန်တော်အားအပြည့်သုံးလို့ရလား"
သစ်သားလးအသံပို့လိုက်၏။
"ငါခေါင်းညိတ်ပြတာကိုစောင့်နေ"
ကျန်းဟီခေါင်းညိတ်သည်။
သားရဲအုပ်စုက ချဉ်းကပ်လာပြီဖြစ်သလို တောင်ကုန်းကိုပင် ဖြတ်သန်းပြီးလေပြီ။
နတ်ဆိုးအော်ရာက ပိုပို၍သိသာထင်ရှားလာသည်။
မုဖူရှန်းပြုံးရင်းမေးသည်။
"ကျွန်တော်တို့ဘေးကနေ ကြည့်နေကြတော့မှာလား၊ ဒီမှာရက်စက်တဲ့သားရဲတွေ အများကြီးပဲ၊ ဒီငနဲလေးတွေ တကယ်ခုခံနိုင်မှာလား"
ဟုန်ရင်ဆက်ပြောသည်။
"စောင့်ကြည့်နေ"
"ကြည့်ရတာ ဒုတိယစီနီယာအစ်မက ကိုယ့်တပည့်ကိုယ် အတော်လေးယုံကြည်ထားပုံပဲ"
ဟုန်ရင်ပြုံးသည်။
ဒီအခိုက်အတန့်၌ အမျိုးသမီးတစ်ဦး အော်ဟစ်သည်။
"အားလုံးပဲ သားရဲအုပ်စုက တိုက်ခိုက်တော့မယ်၊ ပြီးတော့မကြုံစဖူးကြီးမားလွန်းတယ်၊ တစ်ယောက်တည်းတိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ဒါကြောင့် တစ်ယောက်ယောက် အမိန့်ပေးဖို့လိုတယ်"
မုရှီနှင့် ကျန်သောသူများ အမျိုးသမီးကို ကြည့်လိုက်ကြ၏။ အမျိုးသမီး၏ ဆံပင်နက်များကို ချည်ထားပြီး သူမက ၀တ်စုံဖြူနှင့် ရဲစွမ်းသတ္တိရှိပုံရသည်။
သူတို့အားလုံး သူမကိုအရင်က မြင်ဖူးကြသည်။ သူမက အင်မော်တယ်ဆရာဟုန်ရင်၏ တပည့် ရှုမင်ဖြစ်သည်။
ဟုန်ရင်နှင့် သူ့ဆရာတို့က ဆရာတူမောင်နှမများဖြစ်တာကို သိလေရာ မုရှီခေါင်းညိတ်သည်။
သို့စေကာမူ အိုက်ရွှယ်၏ တပည့်လေးယောက်ကမူ ဂရုမစိုက်ပေ။
ကျန်းဟီနှာခေါင်းရှုံ့သည်။
"ရှုမင်၊ မင်းလိုမိန်းကလေးတစ်ယောက်ရဲ့ စကားကို ငါဘာလို့နားထောင်ရမှာလဲ"
ရှုမင်အေးစက်စွာပြောသည်။
"နင်သေချာပေါက်နားထောင်စရာမလိုပါဘူး၊ တကယ်တော့ ငါလည်းနင့်လို မလိုပါဘူး"
ဒါကနာခံသည့်စစ်သားများအား ယုံကြည်စေရန်အတွက်သာ အဓိပ္ပာယ်ဖော်ထားသည်။
သူတို့ကျန်းဟီလို လူတစ်ယောက်ကို ခေါ်သွားပါက တစ်သင်းလုံးထိခိုက်သွားပေလိမ့်မည်။
"မင်း...."
သူမကျန်းဟီကို လျစ်လျုရှုလိုက်ပြီး ရှုမင် ပြတ်ပြတ်သားသားပင် ညွှန်ကြားသည်။
"ဦးလေးတို့၊ ခြံစည်းရိုးနောက်မှာရပ်ပြီး လှံတွေကို လုံး၀စွန့်လွှတ်လိုက်ကြပါ၊ အုပ်စုနှစ်စုခွဲပြီး အဝေးကနေ တိုက်ခိုက်ဖို့အတွက် လေးနဲ့မြှားတွေကို အသုံးပြုကြပါ"
လှံတွေကိုစွန့်ပစ်ရမယ်!
လူတိုင်းကြက်သေသေသွားကြ၏။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျောက်တုံးလေးက ဒီသားရဲတွေကို ထိခိုက်အောင်လုပ်ဖို့ အားနည်းလွန်းတယ်၊ ဒါ့အပြင် သားရဲအုပ်က ကြီးမားတယ်၊ ဒီမြှားတွေသက်သက်က မလုံလောက်ဘူး"
ရှုမင်ပြတ်သားစွာပြောသည်။
"လေးနဲ့မြှားမလုံလောက်တဲ့အခါကျမှ လှံတွေနဲ့ပစ်ရမယ်"
"တစ်ဘက်က မြင်ကွင်းထဲ၀င်လာတာနဲ့ ကျွန်မတို့ လေးပစ်ခြင်းရဲ့ ပထမအဆင့်ကို စတင်နိုင်ပြီ"
ဒါကိုကြားသောအခါ လူတိုင်းတစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သို့စေကာမူ ရှုမင်က အင်မော်တယ်ဆရာ၏ တပည့်ဖြစ်လာလေရာ သူတို့သူမကို ယုံကြည်ဖို့သာ ရွေးချယ်နိုင်ခဲ့သည်။
ရှုမင် မုရှီနှင့်ကျန်သောသူများကို ကြည့်ပြီး စနစ်တကျ အမိန့်ဆက်ပေးသည်။
"သားရဲအုပ်ချဉ်းကပ်လာတာနဲ့ ငါတို့ခြံစည်းရိုးဟာကွက်တွေကို ဖြည့်ပြီး တိုက်ခိုက်ကြမယ်"
"ချူလေး၊ နောက်ဘက်မှာ ဆေးလုံးတွေသန့်စင်ပါ၊ ဒဏ်ရာရသူတွေကို အချိန်မရွေး ကူညီဖို့အတွက် ပြင်ဆင်ပါ၊ ဆေးဆရာ၀မ်က ဘေးကနေ ကူညီလိမ့်မယ်"
သူမ၏ပြတ်သားသည့်အသံက ကောင်းချီးပေးဂူကျေးရွာက ရွာသားများ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ရွာသားအားလုံး အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကြ၏။ သူတို့ကို အားပေးရန်အတွက် ဗုံများတီးခတ်နေသည့်အလားပင် သူတို့ခံစားကြရသည်။
ဒါကရန်သူကိုခုခံရန်အတွက် သိပ်ကောင်းသောနည်းဗျူဟာတစ်ခု မဟုတ်သော်လည်း ရှုမင်က အန္တရာယ်ကို ရင်ဆိုင်ရသောအခါတွင်ပင် တည်ငြိမ်နေပြီး အမိန့်ပေးသောအခါ သူမ၏ရဲရင့်မှုက ဟုန်ရင်နှင့် နည်းနည်းလေးဆင်သည်။
မှန်ပေသည်။ ဟုန်ရင် ရှုမင်ကို သင်ပေးခဲ့စဉ်က ကျင့်ကြံခြင်းကို သင်ပေးခဲ့သည်သာမက ထူးချွန်သည့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ကိုလည်း သင်ပေးခဲ့သည်။
စစ်သားများက ရရှိရန်လွယ်ကူသော်လည်း ရှာရခက်ပေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အိုက်ရွှယ်နှင့် သစ်သားလူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့တစ်ဦး၏မျက်လုံးထဲတွင် လေးနက်မှုကိုမြင်ရသည်။
အကယ်၍ ရှုမင်၏အမိန့်အောက်တွင် သားရဲအုပ်ကိုသာ ခုခံနိုင်ပါက သံသယမရှိ ရှုမင်က ကောင်းချီးပေးဂူကျေးရွာ၌ အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်လာပေလိမ့်မည်။
ဒီလိုဆိုလာပါက လာမည့်မဲများအတွက် သူမကလုံး၀အသာစီးရသွားပေလိမ့်မည်။
သူတို့ သူမကိုအောင်မြင်ခွင့်ပေး၍မရပေ။
ဒါကိုတွေးမိသောအခါ အိုက်ရွှယ် နျန်ကျောင်းနှင့် ကျန်သုံးယောက်ထံ အသံပို့လိုက်၏။
"သတိရပါ၊ ဒီကာလအတွင်း စွမ်းအားအပြည့်အ၀မသုံးရဘူး၊ ဒါ့အပြင် သားရဲရိုင်းတစ်ချို့ကို ခြံစည်းရိုးထဲ တိတ်တဆိတ် ၀င်ခွင့်ပေးပြီး အစီအရင်ကို ဖျက်ဆီးပစ်ရမယ်"
နျန်ကျောင်းနှင့်ကျန်သုံးယောက်က မုရှီတို့နှင့် အဆင်မပြေသော်လည်း သူတို့က ကောင်းချီးပေးဂူရွာသားများ ဖြစ်နေဆဲပင်။
အိုက်ရွှယ်၏စကားလုံးများကို ကြားသောအခါ သူတို့ကြက်သေသေသွားကြ၏။
"အစီအရင်က ဖရိုဖရဲဖြစ်သွားသရွေ့ ရှုမင်ရဲ့အမိန့်ကလည်း ဖရိုဖရဲဖြစ်သွားမှာပဲ၊ အဲဒီအချိန်ကျရင် မင်းတို့အစွမ်းကုန်တိုက်ခိုက်နိုင်တယ်"
ဒါက ရှုမင်၏အမိန့်ကို နှောင့်ယှက်ဖျက်ဆီးရန်အတွက်ပင်။
ဒါက ကောင်းချီးပေးဂူရွာသားများကိုလည်း ပိုမြင့်မားသည့်အန္တရာယ်ထဲ ကျသွားစေနိုင်သည်။
ထိုအချိန်တွင် သူတို့သာအကောင်းဆုံး ကြိုးစားခဲ့ပါက ရွာသားများ၏ ခွင့်ပြုချက်ကို ရရန် လွယ်ကူသွားပေလိမ့်မည်။
ကိတ်မုန့်ပေါ်တွင် သကြားရောခြင်းက နှင်းထဲသို့ မီးသွေးထည့်တာလောက်မကောင်းပါ။
ဒါက ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်ခြင်းပေတည်း။
သူတို့နားမလည်ကြသော်လည်း နျန်ကျောင်းနှင့် ကျန်သောသူများ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ကြသည်။
ဒီအခိုက်အတန့်မှာပင် သားရဲအုပ်၏ ရှေ့တန်းက ရက်စက်သောသားရဲများက မြင်ကွင်းထဲ ပေါ်လာကြလေပြီ။
ရှုမင် အနီးကပ်တစ်ချက်ကြည့်ပြီး ပြတ်သားစွာအော်ဟစ်သည်။
"လွှတ်လိုက်ကြ"
ခြံစည်းရိုးနောက်တွင် ကျေးရွာမှ အားကောင်းသောအမျိုးအသားများက သူတို့၏ကျောက်တုံးလေးကို ဆွဲတင်ထားကြသည်။ ရှုမင်၏အမိန့်ကို ကြားသောအခါ သူတို့တစ်ချိန်တည်းတွင် ထုတ်လွှတ်လိုက်ကြ၏။
မိုးကဲ့သို့ မြှားများက ကောင်းကင်ပေါ်သို့ ပစ်၀င်သွားကြ၏။
မက်မွန်ပွင့်မုန်တိုင်းအလား ၎င်းတို့က သားရဲအုပ်ပေါ်ကျဆင်းကြသည်။
ဂရား.....ဂရား.....!
ဟိန်းသံများက တစ်သံပြီးတစ်သံ ထွက်လာကြသည်။
သူတို့တစ်ချက်တည်းနှင့် မသတ်နိုင်ကြသော်လည်း ရှေ့တန်းက ရက်စက်သည့်သားရဲများက ဒဏ်ရာရသွားကြသဖြင့် သူတို့၏အမြန်နှုန်းက သက်ရောက်ခံရသလို ယာယီမြေပေါ် လဲကျသွားကြ၏။
နောက်ကနေ ဆက်လက်ပြေးလာနေကြသည့် ရက်စက်သောသားရဲများက သူတို့ကိုယ်ပေါ်ကနေ နင်းချေသွားကြသည်။
ခြေထောက်အများကြီးနင်းချေသွားလေရာ မြှားကြောင့်ပျက်စီးမှုက ပိုကြီးမားစေရန် လုံလောက်နေလေပြီ။
ချက်ချင်းဆိုသလို ပထမတန်းက ရက်စက်သည့်သားရဲအားလုံး ချက်ချင်းသေဆုံးသွားရသည်။
ဒါ့အပြင် ဒါက နောက်က ရက်စက်သည့်သားရဲများ၏ အမြန်နှုန်းကို သက်ရောက်ခဲ့သည်။
ရွာသားများကြက်သေသေသွားကြပြီးနောက် ကြောက်မက်ဖွယ်ရာအားပေးသံများထွက်လာသည်။
"ပထမမဆင့်၊ လေးကြိုးကိုဆွဲ၊ ဒုတိယအဆင့်၊ ဒီအတွက်အသင့်ပြင်"
အပိုင်း(1164) coming။