#ပြောင်းလဲနေသောအခြေအနေ#
Vol. 83 Ch. 1164
တပ်မှူးရွှမ်မင်ဘာတစ်ခုမှ မလွှတ်ခဲ့ပါ။ ရွာသားများ နှစ်ကြိမ်မြောက်လေးများကို တင်ပြီး ကျန်ရှိနေသော မြှားအားလုံးကို ပစ်ခတ်သောအခါ စည်းချက်ညီညီ တိုက်ခိုက်လာသည့် သားရဲအုပ်၏ ပထမလှိုင်းက လုံး၀နှောင့်ယှက်ခံရသည်။
ဒီအခိုက်အတန့်၌ အရေအတွက်တွင်ဖြစ်စေ တိုးလာသည့်နှုန်းဖြစ်စေ သားရဲအုပ်က ကျဆင်းသွားခဲ့သည်။
"မြှားတွေကုန်သွားတာနဲ့ လှံတွေကိုကောက်ကိုင်ပြီး ရန်သူကိုခုခံကာကွယ်ဖို့အတွက် ခြံစည်းရိုးအတွင်းမှာ ရပ်ကြပါ"
ပထမအဆင့်အမိန့်ပေးပြီးနောက် ရွာသားအားလုံးက တုံ့ဆိုင်းမနေကြတော့။ သူတို့လက်ထဲက လေးအသီးသီးကိုပစ်ချကာ လှံများကို ကောက်ကိုင်ရင်း ခြံစည်းရိုးအတွင်းဘက်တွင် တန်းစီရပ်ကြသည်။
ယုံကြည်မှုကို တည်ဆောက်ခဲ့ပြီဆိုတာ ရှင်းနေသည်။
သားရဲအုပ်က နောက်ဆုံးတော့ ချဉ်းကပ်လာခဲ့သည်။
"အားလုံးပဲ၊ ခြံစည်းရိုးထဲက ကွက်လပ်တွေကို စောင့်ကြကြ၊ ရွာသားတို့၊ ခြံစည်းရိုးက မထွက်သွားကြနဲ့၊ သားရဲအုပ်ကို နှောင့်နှေးအောင်လုပ်ဖို့အတွက် ခြံစည်းရိုးကို ဖိထားကြပါ၊ တစ်ယောက်ယောက်ဒဏ်ရာရတာနဲ့ နောက်တစ်ယောက်နဲ့ ချက်ချင်းအစားထိုးပါ"
မုရှီနှင့်ကျန်သောသူများတွင် လေးနက်နေသည့်အမူအရာများရှိနေကြပြီး စောင့်နေကြ၏။
တပည့်များက သားရဲအုပ်ကို စတင်တိုက်ခိုက်နေတာကို မြင်ရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပြုံးလိုက်ကြသည်။
"ဂျူနီယာညီမလေး၊ မင်းတပည့်ကို ကောင်းကောင်းပြုစုပျိုးထောင်ပေးထားတာပဲ၊ လအနည်းငယ်အတွင်း ဒီလောက်ကြီးမားသည့်မြင်ကွင်းမျိုးကိုတောင် သူကိုင်တွယ်နိုင်တယ်"
နင်းချန်ရှင်းကလည်းပြုံးသည်။
"ဒါ့အပြင် ဒီသားရဲအုပ်စီးကြောင်း ပြီးသွားတဲ့အခါကျရင် ကောင်းချီးပေးဂူကျေးရွာမှာ စီနီယာအစ်မတပည့်ရဲ့ ဂုဏ်သတင်းက တခြားသူတွေထက် အများကြီးသာလွန်းသွားလောက်တယ်၊ အခြေခံအားဖြင့် သူကျောက်တုံးအိမ်တစ်လုံးကိုတောင် ရယူပိုင်ဆိုင်ထားနိုင်နေပြီ"
ဟုန်ရင်မျက်ခုံးပင့်လိုက်မိသည်။
"သူ့မှာ ဒီလိုစိတ်ဓာတ်ကြံ့ခိုင်မှုတစ်ခုရှိတယ်၊ သူကဗိုလ်ချုပ်တစ်ယောက်ပဲ"
"သူ့ကို တိမ်ဖီးနစ်အင်ပါယာကို ပြန်ခေါ်သွားဖို့အတွက် စီစဉ်ထားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်" ယဲ့ချိုးပိုင်အံ့ဩသင့်သွားရသည်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ" ဟုန်ရင်ပြောသည်။
"ဒီလိုပါရမီမျိုးက တိမ်ဖီးနစ်အင်ပါယာက ယခုချို့တဲ့နေတဲ့အရာတစ်ခုဆိုတာ သေချာတာပဲလေ"
အကြီးစားအသေးဓားတိုက်ပွဲတိုင်းကို အခြေခံအားဖြင့် ဟုန်ရင်ကိုယ်တိုင် ဦးဆောင်သည်။ ဒါက ဟုန်ရင်၏ဂုဏ်သတင်းကို အကြီးအမားတိုးစေခဲ့သော်လည်း ယေဘုယျပါရမီအရ တိမ်ဖီးနစ်အင်ပါယာ၏ ကြီးထွားမှုကိုလည်း အကြီးအမား လျော့ကျသွားစေသည်။
"စကားမစပ်၊ ဒီအကြောင်းပြောနေတုန်း ကျွန်တော်တို့ ရှင်းဟုန်ယီကို တကယ်ပဲ ဂရုစိုက်စရာမလိုဘူးလား" ရုတ်တရက် မုဖူရှန်းအသံတိုးပြီးမေးသည်။
"သူ့ကိုသာ ကျွန်တော်တို့ဂရုမစိုက်ဘူးဆိုရင် ဒီကလူတိုင်း ပင်ပန်းပြီးသေသွားတဲ့အထိ သူက ဒီသားရဲအုပ်ကို ဆက်တိုက်အစပျိုးနေလောက်တယ်"
ဒါကိုကြားသော် ယဲ့ချိုးပိုင်၏မျက်နှာက မည်းမှောင်သွားသည်။
"ငါသူ့ကိုရှာဖို့ မင်းနဲ့အတူသွားမယ်၊ တချိန်တည်းမှာပဲ ဘာလို့ ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်အဖြစ် ပြောင်းသွားပြီး ကမ္ဘာကြီးကို ထိခိုက်အောင် လုပ်ရသလဲဆိုတာ ငါသူ့ကိုပေးရမယ်"
မုဖူရှန်းခေါင်းညိတ်သည်။
သူတို့နှစ်ယောက် တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားကြ၏။
သစ်သားလူ ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများက လင်း၀င်းသွားသော်လည်း ဂရုမစိုက်ပေ။ ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့သည့်အလား သူအကြည့်ကို ရုပ်သိမ်းရင်း သူ့တပည့်ကို ကြည့်လိုက်သည်။
ဒီအခိုက်အတန့်၌ မုရှီ လက်ထဲတွင် မိစ္ဆာနက်ဓားကိုကိုင်ထားပြီး မကြောက်မရွှံ့ ဝင်ရောက်တိုက်ခိုက်လာသည့် ရက်စက်သော သားရဲများကို ဆက်တိုက်သတ်ဖြတ်နေသည်။
ဒီရက်စက်ကြမ်းကြုတ်သည့် သားရဲများ၏ ကျင့်ကြံခြင်းအဆင့်များက ယေဘုယျအားဖြင့် အတော်လေး နိမ့်ကျသည်။
၎င်းတို့က များသောအားဖြင့် ချီသန့်စင်ခြင်းနယ်ပယ်၊ အခြေတည်နယ်ပယ်တွင်သာ ရှိတတ်သည်။ တစ်ခါတစ်ရံ ရွှေဗဟိုနှင့် ထရမ်းရောင်ဘုံဗိမာန်နယ်ပယ်က ရက်စက်သည့်သားရဲများကလည်း တိုက်ခိုက်လာတတ်ကြသည်။
ခရမ်းရောင်ဘုံဗိမာန်နယ်ပယ် အထွတ်အထိပ်အဆင့်ကို တက်လှမ်းနေသူများအတွက် ပြဿာနာအများကြီးမရှိပါ။
သို့စေကာမူ သားရဲများက အတော်လေးများပြားပြီး တိုက်ခိုက်မှုများကလည်း အင်မတန်ရက်စက်ကြသည်။ အခြေခံအားဖြင့် သူတို့တစ်ကောင်ကို သတ်၍ မပြီးသေးခင်မှာပင် ဒုတိယ သို့မဟုတ် တတိယရက်စက်သည့်သားရဲ၏ တိုက်ခိုက်မှုများက ရောက်နှင့်နေလေပြီ။
ရှေ့က ရက်စက်သည့်သားရဲများကို သတ်ဖြတ်ရင်း သူတို့ ခြံစည်းရိုးဆီပြေး၀င်လာကာ ပြင်းထန်သောတိုက်ခိုက်မှုကို စတင်ကြသည့် ကြမ်းကြုတ်သောသားရဲများကိုလည်း ကိုင်တွယ်ကြရသည်။
မဟုတ်ပါက ရွာသားများ၏ ခွန်အားနှင့်ဆိုပါက ခြံစည်းရိုးက လုံး၀ကျိုးသွားပေလိမ့်မည်။
သို့စေသည့်တိုင် ဒဏ်ရာရသူများက ဆက်လက်ပေါ်လာနေဆဲပင်။ နောက်ကျောဘက်တွင် ရှိနေသည့် ချူလေးမှာ မရပ်မနား ဆေးလုံးများကို သန့်စင်ဖော်စပ်ရင်း စတင်အလုပ်ရှုပ်နေသည်။
ယခုထိတိုင် သူတို့တွင် ခုခံနိုင်စွမ်းရှိနေသေးသည်။
အကယ်၍ဘာတစ်ခုမှမမှားသွားပါက မတော်တဆမှုတစ်ခုခုဖြစ်လာမည်မဟုတ်။
ထိုစဉ် ပေါက်ကွဲသံများမြည်ဟီးလာပြီး မြေကြီးကတုန်ခါသွားသည်။ သားရဲအုပ်နောက်တွင် ဧရာမ၀က်ဝံကြီးသုံးကောင် ပေါ်လာခဲ့သည်။
၀က်ဝဲကြီးများ၏ကိုယ်တွင် ထူးဆန်းသည့် အနက်ရောင်အဆင်းများရှိသည်။ ဒီအဆင်းများက ကိုယ်ခန္ဓာကနေတဆင့် မျက်လုံးထောင့်စွန်းအထိ ကျယ်ပြန့်သွားသည်။ နတ်ဆိုးစွမ်းအားများက စီး၀င်လာစဉ် သူတို့မျက်လုံးများကို သွေးမျဉ်းများနှင့် ပြည့်နှက်သွားစေသည်။
ဂရား.......!
၀က်ဝံကြီးသုံးကောင်က တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြလေရာ ခြံစည်းရိုးပင်လျှင် တုန်ခါသွားရသည်။
ကျင့်ကြံခြင်းလုံး၀မရှိသည့် ရွာသားများမှာ သူတို့နားများကို ဖုံးထားရပြီး သွေးများက လက်ချောင်းများအကြားမှ စီးကျလာသည်။
အော်ဟစ်ပြီးနောက် ၀က်ဝံကြီးများက ရှေ့သို့ပြေးတက်လာကြ၏။
ရှုမင် ကောင်းကင်အမြင့်တစ်နေရာကနေ ဒီမြင်ကွင်းကိုမြင်သောအခါ သူမ၏မျက်နှာက လေးနက်သွားရသည်။ သူမအခြေအနေရပ်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် အမိန့်ပေးသည်။
"ချီပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်က သားရဲသုံးကောင်တိုက်ခိုက်လာနေပြီ၊ မုရှီ၊ နျိုကျောင်း၊ ၀မ်တန်နဲ့ နင်တို့နှစ်ယောက် ဒီသားရဲသုံးကောင်ကို တားဆီးထားကြ"
မုရှီ၏ကျင့်ကြံခြင်းကလည်း ချီပင်လယ်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေလေပြီ။ နျိုကျောင်းနှင့် ၀မ်တန်တို့ကမူ အိုက်ရွှယ် ပျိုးပင်များကို ဆွဲနုတ်ပစ်ရန်အတွက် စုံးခဲ့သည့် ဆေးလုံးများ၏ အခြေအနေရပ်အောင်တွင် ချီပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ကြသည်။
အချိန်ဆွဲထားရန်ဟူသည် လုံး၀ဖြစ်နိုင်သည်။
အမိန့်ကိုကြားသောအခါ မုရှီသူ့ရှေ့က သားရဲရိုင်းကို ချက်ချင်းသတ်ပစ်ပြီး အလယ်က ၀က်ဝံကြီးဆီပြေးသွားသည်။
နျိုကျောင်းနှင့် ၀မ်တန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် အနည်းငယ်ခေါင်းညိတ်ရင်း ပြေး၀င်သွားကြ၏။
၀က်ဝံကြီးများက သူတို့တစ်ချိန်တည်း ပြေးဝင်လာတာကို ကြည့်ရင်း တစ်ချိန်တည်းမှာပင် ကျယ်လောင်သည့်အော်သံကို ထုတ်လွှတ်ပြီး သူတို့သုံးယောက်ကို ရိုက်ရန်အတွက် တောင်ငယ်လေးတစ်လုံးကဲ့သို့သော ဧရာမလက်ဖဝါးများကို ဆန့်ထုတ်လိုက်သည်။
လက်ဖဝါးများမရောက်လာသေးခင်မှာပင် တိုက်ခတ်လာသည့်လေထုက အရိုးခိုက်မတတ် အေးစက်နေသည်။
ရုတ်ချည်းဆိုသလို မုရှီလေပြင်းတိုက်သံကို ခံစားရသည်။
လေပြင်းကို ခုခံရင်း မုရှီဓားကိုဆွဲထုတ်ပြီး ပိုင်းဖြတ်လိုက်၏။
ကောင်းကင်ဘုံကိုးသွယ်မိစ္ဆာဓား၊ တတိယဓားချက်!
သူ့ထက်နယ်ပယ်တစ်ခုလုံးပိုမြင့်သည့် ၀က်ဝံကြီးကိုရင်ဆိုင်ရင်း မုရှီသတိမပေါ့ရဲပေ။ သူသတ်ဖြတ်ခြင်းလှုပ်ရှားမှုနှင့်အတူ တိုက်ခိုက်သည်။
သို့စေကာမူ ၀က်ဝံကြီးက ခွန်အားအရာ၌ဖြစ်စေ၊ နယ်ပယ်အရာတွင်ဖြစ်စေ အကြွင်းမဲ့အသာစီးရနေသည်။
လက်ဖဝါးတစ်ချက်တည်းနှင့် မုရှီနောက်ဆုတ်ရန် တွန်းအားပေးခံရသည်။ သူ့ချီနှင့်သွေးက ထိုးတက်လာပြီး လက်အစုံက တုန်ယင်နေလေသည်။
ဝံပုလွေကြီး သူ့ထံထပ်မံချဉ်းကပ်လာတာကို မြင်သောအခါ မုရှီ၏မျက်လုံးများ လေးနက်သွား၏။ သူ့ထံလွှဲယမ်းလာသည့် လက်ဖဝါးကြီးကို စိုက်ကြည့်ရင်း မုရှီ ဘေးသို့ ရှောင်ထွက်လိုက်သည်။
၀က်ဝံကြီး၏တိုက်ခိုက်မှုက လွဲချော်သွားပြီး သားရဲရိုင်းများစွာကို ထိမိသောအခါ မုရှီ ဝက်ဝံကြီး၏ရင်ဘတ်ဆီသို့ ပြေးသွားပြီး ထပ်မံပိုင်းချလိုက်ပြန်သည်။
ဖူး......!
သွေးများစီးထွက်လာသည်။
၀က်ဝံကြီးက နာကျင်မှုကိုခံစားရသဖြင့် အော်ဟစ်သည်။ ၄င်း၏တခြားလက်တစ်ဖက်က ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။
မုရှီကိုယ်ကို ကွေးပြီး ၀က်၀ံကြီးရင်ဘတ်ပေါ်သို့ ခြေနှစ်ဖက်စလုံးနှင့်တက်နင်းကာ ရုတ်တရက်ကျောက်ပစ်သည်။ သူ့ကိုယ်ခန္ဓာက ပေါက်ကွဲမှုတစ်ခုပမာ ပစ်၀င်သွားသည်။
ဒီတစ်ကြိမ်တွင် ၀က်ဝံကြီး၏တိုက်ခိုက်မှုကို သူထပ်ပြီးရှောင်ရှားနိုင်ခဲ့ပြီး သူ့လက်ဖဝါးချင်က ၀က်ဝံကြီး၏ကိုယ်ကို အောင်မြင်စွာ ရိုက်ခတ်သည်။
ဒီတိုက်ခိုက်မှုအနည်းငယ်အတွင်း ၀က်ဝံကြီးကအားကောင်းပြီး မြင့်မားသောနယ်ပယ်တွင် ရှိသော်လည်း သေစေနိုင်လောက်သည့် အားနည်းချက်တစ်ခုရှိတာကို မုရှီရှာတွေ့သွားခဲ့သည်။
ဒါက ၎င်းတွင်ဉာဏ်ရည်တစ်ခုတည်းသာရှိပြီး တုံ့ပြန်မှုနှုန်းကမမြန်ပေ။
သူဒါကိုအသုံးချနေသရွေ့ အောင်မြင်စွာ တိုက်ခိုင်နိုင်မည်သာ။
ရှုမင်ကလည်း ဒီအခြေအနေကနေ ချိုးဖျက်ရန်အတွက် နည်းလမ်းတစ်ခု တွေ့သွားသည်။ သူမ မုရှီနှင့် ကျန်သောသူများအား အော်ဟစ်သည်။
"မြန်မြန်၊ သူတို့ရဲ့တိုက်ခိုက်မှုတွေကို သားရဲအုပ်ဆီကို ဆွဲဆောင်သွားအောင်လုပ်"
သို့စေကာမူ သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နျိုကျောင်းနှင့် ၀မ်တန်တို့ တစ်ဦးပြီးတစ်ဦး လွင့်စင်သွားကြပြီး တစ်ချိန်တည်းမှာပင် လေထဲတွင် သွေးအန်လိုက်ကြရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ရှုမင်ထိတ်လန့်သွားရသည်။
မုရှီ၏အမူအရာကလည်း မည်းမှောင်နေသည်။
နျိုကျောင်းရော၀မ်တန်ပါ မုရှီထက် ပိုအားကောင်းကြသည်။
ဘာလို့နျိုကျောင်းနဲ့ ၀မ်တန်တို့ မတိုက်ခိုက်ချင်ရတာလဲ၊ ဘာဖြစ်နေတာလဲ!
သူတို့က မုရှီ၊ ရှုမင်နှင့် တခြားသူများဆီက ဖုံးကွယ်ထားနိုင်သော်လည်း တိုက်ပွဲကို စောင့်ကြည့်နေကြသည့် ဟုန်ရင်နှင့် ကျန်သောသူများထံမှ ဖုံးကွယ်ထား၍မရပေ။
ဟုန်ရင် အိုက်ရွှယ်ကိုကြည့်ရင်း တည်ငြိမ်စွာပြောသည်။
"လှုပ်ရှားမှုကောင်းပဲ"
အိုက်ရွှယ်က ငတုံးတစ်ယောက်လိုမပြုမူနေပေ။ ယခုလိုအခြေအနေရပ်မျိုးတွင် ငတုံးတစ်ယောက်လို ဆက်လက် ဆော့ကစားနေတာက သူမကို တခြားသူများ၏ အမြင်၌ အမှန်တကယ်ငတုံးပုံပေါက်စေသည်။
"ကျောက်တုံးအိမ်လေးလုံးပဲရှိတယ်၊ စမ်းသပ်မှာစကတည်းက ငါတို့က ပြိုင်ဘက်တွေဖြစ်နေကြပြီ၊ ဘယ်နည်းလမ်းတွေအကြောင်း ပြောနေတာလဲ"
"သေချာတာပေါ့၊ နင်တို့၀င်စွက်ဖက်မယ်လို့ ငါမထင်ဘူး၊ နင်တို့၀င်စွက်ဖက်တာနဲ့ နတ်ဆိုးနယ်မြေ အကြွင်းအကျန်က ဘာလုပ်ရမလဲဆိုတာ စဉ်းစားခဲ့မယ်လို့ ငါထင်တယ်၊ ဒါမှမဟုတ် နင်လောင်းကြေးထပ်ကြည့်ချင်လား"
အပိုင်း(1165) coming။