← Chapters

#နှစ်များစွာကြာပြီးနောက် ဒုတိယတိုက်ပွဲ#

Vol. 83 Ch. 1165

#နှစ်များစွာကြာပြီးနောက် ဒုတိယတိုက်ပွဲ#

Vol. 83 Ch. 1165

"ဒါဆိုရင်တော့ နင်မှားသွားပြီ" ဟုန်ရင် အိုက်ရွှယ်ကို ကြည့်ရင်း တည်ငြိမ်စွာပြောသည်။ 

"ဒီကိစ္စမှာ ရှင်းဟုန်ယီမှာ နောက်ခံအစီအစဉ်မရှိဘူး"

အိုက်ရွှယ် အနည်းငယ်မျက်မှောင်ကြုတ်သည်။ 

"ငရဲနတ်ဆိုးဒေသ အကြွင်းအကျန်တွေက သေမျိုးနယ်မြေက လူတိုင်း သတ်ပိုင်ခွင့်ရှိတဲ့ မျိုးနွယ်စုတစ်ခုပဲ၊ ဒါကြောင့် သူကိုယ်တိုင် လုပ်ဆောင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ မဟုတ်ဘူးဆိုရင် သူငါတို့အားလုံးရဲ့ ဝန်းရံထားခြင်းကို ခံရလိမ့်မယ်၊ နင်တို့ကြီးကြပ်ရေးဗိမာန်ကရော ဒီလိုပဲ လုပ်မှာပဲမလား'

အိုက်ရွှယ်၏မျက်နှာက တောင့်တင်းသွားပြီး ခေါင်းခါယမ်းသည်။ 

သူမသာအခုခေါင်းညိတ်ပါက ကြီးကြပ်ရေးဗိမာန်က နက်ရှိုင်းသည့်ပြဿာနာတစ်ခုထဲ ကျသွားပေလိမ့်မည်။ 

ဟုန်ရင် မုရှီကိုဆက်ကြည့်နေသည်။ 

"သူကိုယ်တိုင်မလုပ်နိုင်ဘူးဆိုမှတော့ ဗလာနတ္ထိပုံတူထဲမှာ သူ့အင်္ကျီလက်ထဲမှာ တခြားလှည့်ကွက်တွေ သေချာပေါက်မရှိဘူး၊ ဒါကြောင့် သူက ငါတို့မကူညီလောက်ဘူးဆိုတဲ့အပေါ် လောင်းကြေးထပ်နေတာပဲ"

"သူကအရမ်းတော်တယ်၊ နတ်ဆိုးချီရဲ့ သက်ရောက်ခြင်းကိုခံရတဲ့သားရဲရိုင်းတွေက ဒီလူငယ်လေးအုပ်စုရဲ့ခွန်အားထက် အများကြီး မကျော်လွှားဘူး၊ ဒါက ငါတို့လက်ခံနိုင်တဲ့ တန်ဖိုးတစ်ခုထဲမှာပါပဲ"

"နင်ဒါကိုတောင်မမြင်နိုင်ဘူးလား" ဒီနေရာတွင် ဟုန်ရင် အိုက်ရွှယ်ကို ထူးမခြားနားသည့် အကြည့်ဖြင့် စိုက်ကြည့်သည်။ 

အိုက်ရွှယ်၏ရင်ဘတ်က တင်းကြပ်သွားသော်လည်း တခြားဘာတစ်ခုမှမပြောတော့ဘဲ အေးစက်စွာသာ နှာမှုတ်လိုက်သည်။ 

တခြားတစ်ဘက်တွင် တိုက်ဆိုင်စွာပင် နျိုကျောင်းနှင့် ၀မ်တန်တို့က မုရှီရှိရာဘက်သို့ ကျသွားကြ၏။ 

မုရှီ ၀က်ဝံကြီးတစ်ကောင်နှင့် တိုက်ခိုက်နေစဉ် သူတို့နှစ်ယောက် လွင့်စင်လာတာကို မြင်ရသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ 

တစ်ချိန်တည်းမှာပင် ကျန်သော၀က်ဝံကြီးနှစ်ကောင်ကလည်း သူတို့နှစ်ယောက်ကို လိုက်ဖမ်းသည်။ 

နျိုကျောင်းနှင့်၀မ်တန်တို့ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်လုပ်ရင်း တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် တစ်ချိန်တည်းတွင် ခေါင်းညိတ်ကြသည်။ ထို့နောက် ဆေးလုံးတစ်လုံးစီထုတ်ယူကာ တစ်ချိန်တည်းမှာပင် သောက်သုံးလိုက်ကြ၏။ သူတို့ ခြံစည်းရိုးရှိရာ၌ လင်း၀င်းသွားပြီး သူတို့၏အရှိန်က အဆမတန်မြင့်တက်သွားခဲ့သည်။ 

သူတို့နှစ်ယောက် အလျင်အမြန်ထွက်ပြေးနိုင်ခဲ့ပြီး တခြား၀က်ဝံကြီးနှစ်ကောင်၏ ပစ်မှတ်ကို မုရှီအပေါ် အောင်မြင်စွာ ပိတ်ဆို့ထားနိုင်ခဲ့သည်။ 

ဒီလိုနှင့် မုရှီတစ်ယောက် ၀က်ဝံကြီးသုံးကောင်ကြောင့် ကြားညှပ်သည့် အခြေအနေတစ်ခုအတွင်း ကျရောက်လာရသည်။ 

အခြေအနေက စိုးရိမ်ရသည်။ 

၀က်ဝံကီုး၏လက်ဖဝ်းချက်တိုက်ခိုက်မှုကို ထပ်မံရှောင်ရှားပြီးနောက် မုရှီဓားနှင့် ထိုးစိုက်ရန် ပြင်လိုက်သော်လည်း ဘေးနှစ်ဘက်က တစ်ချိန်တည်းတွင် ထွက်လာသည့် လေပြင်းက မုရှီ၏အမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။ သူ့တွင် ချက်ချင်းနောက်ဆုတ်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပါ။ 

မုရှီအရင်ရပ်နေသည့်နေရာတွင် ဧရာမလက်ဖဝါးတစ်ခုနှင့် ခြေတစ်ချောင်း တက်ဆောင့်ပစ်ခဲ့သည်။ 

သူတိုက်ခိုက်မှုကိုရှောင်တိမ်းနိုင်သော်လည်း ဝက်ဝံကြီးနှစ်ကောင်က တစ်ချိန်တည်းတွင် ထုတ်လွှတ်သည့်စွမ်းအားက တုန်ခါမှုလှိုင်းများကို ဖန်တီးသည်။ 

မုရှီလွင့်စင်သွားရသည်။ 

နောက်ဆက်တွဲလှိုင်းက မုရှီ၏အတွင်းအင်္ဂါများကို နေရာပြောင်းသွားသည့်အလားပင် တုန်ခါသွားစေသည်။ 

ချီနှင့်သွေးထိုးလာစဉ် သူ့ပါးစပ်ထောင့်စွန်းက သွေးများစီးကျလာသည်။ 

သူထောင်ချောက်ထဲ ကျသွားခဲ့ရသည်။ 

မုရှီ၏အမူအရာက လေးနက်နေသလို ရှုမင်၏ အမူအရာကလည်း ကြည့်ရဆိုးနေသည်။ 

နျိုကျောင်းနှင့် ၀မ်တန်တို့က အစကတည်းက ကောင်းကောင်းပူးပေါင်းရန်အတွက် အစီအစဉ်မရှိခဲ့ကြပေ။ သူတို့ တခြားပြိုင်ဘက်များကို ရှင်းလင်းပစ်ရန်အတွက် ဒီနည်းလမ်းကိုသုံးချင်ခဲ့ကြသည်။ 

သို့စေကာမူ သူထပ်‌မတွေးနိုင်သေးခင်မှာပင် ၀က်ဝံကြီးသုံးကောင်က မုရှီအား ပိတ်ဆို့ထားပြီဖြစ်ကာ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လာကြ၏။ 

တခြားတစ်ဘက်တွင် မုရှီတွင် တိုက်ခိုက်နိုင်စွမ်းရှိသေးသော်လည်း သားရဲသုံးကောင်က အမြန်နှုန်းကင်းနဲ့မှုကို အပြည့်အ၀ အစားထိုးနိုင်ခဲ့သည်။ 

ပြန်လည်တိုက်ခိုက်ရန်ကို မဆိုထားနဲ့၊ ရှောင်တိမ်းခြင်းကပင် လွန်ကဲသည့် မျှော်လင့်ချက်တစ်ခုဖြစ်လာရသည်။ 

ရှုမင် လူအုပ်စုကို စိစစ်ရင်း မုရှီကို ကူညီရန်အတွက် တစ်ယောက်ယောက်ကို ရှာချင်သော်လည်း ရွေးချယ်နိုင်သူတစ်ယောက်မှ မရှိပါ။ 

လူတစ်ယောက်ကို စေလွှတ်လိုက်သည်နှင့် ကာကွယ်ရေးလိုင်းက လုံး၀ပြိုလဲကျသွားနိုင်သည်။ 

နောက်ကရွာသားများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏နှလုံးသားများပင် တုန်ယင်သွားကြရသည်။ 

"ဘာဖြစ်နေတာလဲ၊ အရင်သားရဲအုပ်တွေမှာ ဒီ၀က်ဝံကြီးတွေ တစ်ခါမှ မပေါ်လာဖူးဘူးမလား"

"အာ၊ အင်မော််ဆရာတွေရဲ့ တပည့်တွေနဲ့တောင် ငါတို့မနိုင်နိုင်ဘူးလား၊ ဒါဆို အဲဒီ၀က်ဝံကြီးသုံးကောင် ပြန်လာတဲ့အခါကျရင် ဘယ်လိုခုခံရင်ဆိုင်ကြမလဲ"

လူတိုင်းထိတ်လန့်နေကြသည်။ ဒါက စစ်တပ်ထဲတွင် တားမြစ်ချက်တစ်ခုပေတည်း။ 

စိတ်ရှုပ်ထွေးနေသည့်ရှုမင်ကို ကြည့်ရင်း ဟုန်ရင်၏အမူအရာက တည်ငြိမ်နေပြီး တွေးနေမိသည်။ 

အကယ်၍ ရှုမင်သာထိတ်လန့်ပြီး မုရှီကို ကူညီရန်ရွေးချယ်ခဲ့ပါက သူမစိတ်ပျက်သွားလောက်သည်။ 

တပ်မှူးတစ်ဦးအနေနှင့် အခြေအနေရပ်၏ တည်ငြိမ်မှုကို အာမမခံပေးနိုင်သရွေ့ ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်၍ မရပါ။ 

ဧကရာဇ်တစ်ရာမြို့၌ ဟုန်ရင်၏လုပ်ရပ်ကဲ့သို့ သေခြင်းရှင်ခြင်းအခြေအနေမျိုး မဟုတ်သရွေ့ဖြစ်သည်။ 

ယခုလိုအခြေအနေမျိုးတွင် ရှုမင်ကိုယ်တိုင် ပြိုင်ကွင်းထဲ၀င်လိုက်တာနှင့် သူမအမိန့်အောက်က ရွာသားများက သေချာပေါက် စတင်ထိတ်လန့်လာကြပေလိမ့်မည်။ 

သူတို့ထိတ်လန့်သွားသည်နှင့် မူလက မတည်ငြိမ်သည့်ခြံစည်းရိုးက သားရဲရိုင်းများ၏ သံခွာများကြောင့် လုံး၀နင်းချေခြင်းကို ခံရပေလိမ့်မည်။ 

ဒီလိုဆိုပါက ဘာဆက်လုပ်တော့မည်နည်း။ 

အဆုံးတွင် ရှုမင် ဟုန်ရင်ကိုစိတ်မပျက်စေခဲ့ပေ။ 

အသက်ပြင်းပြင်းရှုပြီးနောက် သူမပြောသည်။ 

"မုရှီ၊ ထိန်းထားပါဦး" ရှုမင်ဆက်လက်အမိန့်ပေးသည်။ 

"ဒဏ်ရာရသူတွေက ဆင်းပြီးကုသကြ၊ နောက်ကလူတွေ သူတို့ကိုအစားထိုးမယ်"

"၀က်ဝံကြီးကမတိုက်ခိုက်ရသေးဘူး၊ ပုံမှန်အတိုင်း ဆက်လက်စောင့်ကြည့်ကြ"

ဒါကိုမြင်သော် ဟုန်ရင်အနည်းငယ် ခေါင်းညိတ်လိုက်သည်။ 

မုရှီ၏ အမူအရာကလည်းလေးနက်နေသည်။ ဝံပုလွေကြီးသုံးကောင်၏ တိုက်ခိုက်မှုကို အပြည့်အ၀ ရှောင်ရှားရန်ဟူသည် မဖြစ်နိုင်ပေ။ သူတတ်နိုင်သမျှ ဒဏ်ရာများကို လျှော့ချရုံသာ ရှိတော့သည်။ 

လွန်ခဲ့သည့်လအနည်းငယ်က သူ့ဆရာ သူ့ကို သင်ကြားပေးခဲ့တာတွေကို အမှတ်ရမိသွားသည်။ 

ဝံပုလွေသုံးကောင်၏ တိုက်ခိုက်မှုက လိုက်ပါလာသည်။ 

ဓားဆန္ဒမြင့်တက်လာစဉ် ၎င်းက မုရှီအနီးက လေဟာနယ်ကို လုံး၀လွှမ်းခြုံပစ်သည်။ 

ဓားပိုင်နက်!

တစ်ချိန်တည်းမှာပင် သူမျက်လုံးများကို မှိတ်ကာ လေပြင်းသုံးခုကို ခံစားကြည့်သည်။ 

တိုက်ခိုက်မှုတစ်ခုဖြစ်သရွေ့ ဟာကွက်ဆိုတော့ ရှိရမည်သာ။ 

ဒီဟာကွက်၊ အားနည်းချက်ကို မိမိစွမ်းအားနှင့် မြင်နိုင်ပါ့မလားဆိုတာကသာ အရေးပါသည်။ 

ရုတ်တရက် မုရှီဆတ်ခနဲ မျက်လုံးဖွင့်လိုက်၏။ ဓားချီက ထိုးထွက်လာပြီး သူကိုယ်ခန္ဓာကိုကိုင်းရင်း ရှေ့သို့ပစ်၀င်သွားကာ လက်ထဲက မိစ္ဆာနက်ဓားကို မြှောက်လိုက်၏။ 

ဒီဦးတည်ချက်က လေပြင်း၏ အားအနည်းဆုံးအပိုင်းပေတည်း။ 

မျှော်လင့်ထားသည့်အတိုင်းပင် ဧရာမလက်ဖဝါးသုံးခုကျဆင်းလာသောအခါ မုရှီ ဟာကွက်နေရာလေးတစ်ခုကနေ ဖိသိပ်ထွက်သွားနိုင်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ဓားက ၀က်ဝံကြီးတစ်ကောင်၏ လက်ဖဝါးကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်။ 

"အစ်ကိုကြီးရဲ့တပည့်က မဆိုးဘူးဘဲ"

ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင်ခေါင်းညိတ်ရင်း ပြုံးသည်။ 

"ဒါက ဓားနှလုံးသားနက်ရှိုင်းမှုတစ်ခုလိုပဲ'

နင်းချန်ရှင်းကလည်းပြုံးသည်။ 

"ကြည့်ရတာ အစ်ကိုကြီးမှာ လူတွေရွေးချယ်တဲ့အခါကျရင် မျက်စိကောင်းရှိပုံပဲ"

မုဇီရှင်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

မည်သို့ပင်ဆိုစေကာမူ မုရှီက ယဲ့ချိုးပိုင်၏ တပည့်ဖြစ်နေသည် မဟုတ်ပေလော။ 

နောက်ဆုတ်သွားကြသည့် ၀မ်တန်နှင့် နျိုကျောင်းတို့ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်နှာများက သွေးဆုတ်ဖြူရော်သွားကြ၏။ 

ချီပင်လယ်အဆင့်က ၀က်ဝံကြီးသုံးကောင်က ချီပင်လယ်အဆင့်နဲ့ တစ်လှမ်းဝေးနေသေးသည့် မုရှီကို မကိုင်တွယ်နိုင်သေးတာလား!

ဘယ်လိုဟာသလဲ!

ယင်းနောက်တွင် မုရှီ ၀က်ဝံကြီးများ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ်ရှောင်ရှားသည်။ သူရှောင်ရှားနိုင်ခဲ့သော်လည်း ဖိအားနှင့် နောက်ဆက်တွဲလှုပ်ခတ်မှုက သူ့ကို အနည်းငယ်အများထိခိုက်စေသည်သာ။ 

သူမထိန်းထားနိုင်တော့မည်က ရှောင်လွှဲ၍မရပေ။ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုသည့် မေးခွန်းတစ်ခုသာရှိသည်။ 

.....

တခြားတစ်ဘက်တွင် မုဖူရှန်း၏ နတ်အသိမှတဆင့် သူတို့နှစ်ယောက် ရှင်းဟုန်ယီရှိရာနေရာကို အောင်မြင်စွာ ရှာတွေ့သွားခဲ့သည်။ 

သူတို့ရောက်လာသည့်အပေါ် ရှင်းဟုန်ယီ အံ့ဩသင့်ခြင်းမရှိဘ ယင်းအစား သူမ၏ အမူအရာက အနည်းငယ်ရှုပ်ထွေးနေသည်။ 

သူတို့က ရင်းနှီးသည့်မိတ်ဆွေ မဟုတ်လောက်သော်လည်း မိတ်ဆွေသူငယ်ချင်းများအဖြစ် မှတ်ယူ၍ရသည်။ 

ပို၍ကျယ်ပြောစွာဆိုပါက သူတို့ကို ဂိုဏ်းတူတပည့်များအဖြစ် ယူဆနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ စံအိမ်တေယ်ကလည်း လျှို့ဝှက်တာအိုကျောင်းတော်၏ ပိုင်ဆိုင်မှုဖြစ်ခဲ့ဖူးသည့် မဟုတ်ပေလော။ 

ယဲ့ချိုးပိုင် ရှင်းဟုန်ယီကို ကြည့်ရဆိုးသည့် အမူအရာဖြင့်ကြည့်ရင်း ပူပန်စွာမေးသည်။ 

"မင်းဘာဖြစ်နေတာလဲ၊ ဘာလို့ငရဲနတ်ဆိုးဒေသမှာ ပါ၀င်လိုက်ရတာလဲ"

ရှင်းဟုန်ယီတိုက်ရိုက်မဖြေကြားဘဲ ပြန်ပြောသည်။ 

"ကျွန်မတို့မှာ မတူညီတဲ့ရပ်တည်ချက်တွေရှိတယ်"

"ရပ်တည်ချက်" မုဖူရှန်းအေးစက်စွာပြောသည်။ 

"ဒီတော့ မင်းက ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်လို့ ပြောချင်တာပေါ့"

ရှင်းဟုန်ယီပြန်မဖြေပါ။ ယင်းအစား သူမရှုပ်ထွေးနေသည့် အမူအရာကို ဘေးဖယ်ထားပြီး ထူးမခြားနားစွာပြောသည်။ 

"ရှင့်တို့ဘာလုပ်ချင်တာလဲဆိုတာ ငါသိတယ်၊ နတ်ဆိုးချီထုတ်လွှတ်ခြင်းကနေ ရှင့်တို့ကျွန်မကိုရပ်စေချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လုပ်လို့ရတယ်"

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။ 

"ဒါက ငါတို့ရဲ့ဒုတိယမြောက်တိုက်ပွဲဟုတ်တယ်မလား" ယဲ့ချိုးပိုင်ပြောသည်။ 

ရှင်းဟုန်ယီခေါင်းညိတ်သည်။ ပထမအကြိမ်က တောင်ပိုင်းဒေသက လျှို့ဝှက်တာအိုကျောင်းတော်တွင် ဖြစ်သည်။ သို့စေကာမူ နှစ်များစွာကြာသွားခဲ့လေပြီ။ 

ခရက်ခ်......!

အေးစက်သည့် အလင်းတစ်ချက် လင်း၀င်းသွားပြီး ယဲ့ချိုးပိုင် ရှေးဟောင်းရွှေနတ်ဓားကို ကိုင်လိုက်၏။ 

ဂျုန်း......!

တိမ်မည်းများကစုစည်းလာပြီး ရှေးဟောင်းမိုးကြိုးက မုဖူရှန်းကိုယ်ကို လွှမ်းခြုံသွားသည်။ 

မဟာတိုက်ပွဲကြီးတစ်ခုစတင်ပေတော့မည်။ 

အပိုင်း(1166) coming။ 

All Chapters