← Chapters

#နတ်ဆိုးမီးလျှံကောင်းပင်ဘုံကပ်ဘေး#

Vol. 83 Ch. 1166

#နတ်ဆိုးမီးလျှံကောင်းပင်ဘုံကပ်ဘေး#

Vol. 83 Ch. 1166

ယဲ့ချိုးပိုင် ကိုယ်တစ်ဝိုက်တွင် လည်ပတ်နေသည့် ဓားနတ်ဘုရားဓားဆန္ဒက ဓားတာအိုနိယာမအမျှင်စတစ်ခုဖြင့် ပြည့်နှက်နေသည်။ 

ရှင်းဟုန်ယီသက်ပြင်းချသည်။ 

"စီနီယာလု ရှင့်ကို တပည့်အဖြစ် လက်ခံခဲ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"

သူမက မိသားစု၏ ကောင်းချီးမင်္ဂလာကို ရရှိပြီးနောက်မှသာ လက်ရှိနယ်ပယ်ကို ရောက်လာခဲ့ခြင်းပင်။ 

ဒီအတွက်ကြောင့်သာမဟုတ်ပါက သူမနှင့် ယဲ့ချိုးပိုင်အကြားက ကွာဟချက်က မရေမတွက်နိုင်လောက်သည့် အကြိမ်များစွာအထိ ကျယ်ပြန့်သွားမည်ဖြစ်ကာ သူမ သူ့ကျောကိုပင် မြင်နိုင်တော့မည်မဟုတ်။ 

"ဒါပေမယ့်....အခုတော့ ရှင်က ကျွန်မပြိုင်ဘက်မဟုတ်လောက်တော့ဘူး"

ထို့နောက် ရှင်းဟုန်ယီတစ်ကိုယ်လုံးကို အနက်ရောင်မျဉ်းများ လွှမ်းခြုံသွားသည်။ 

အနက်ရောင်အဆင်းများကနေ ထွက်လာသည့် မိစ္ဆာအော်ရာက တောက်ပသည့် မီးတောက်များအဖြစ် ပြောင်းလဲသွား၏။ 

မီးတောက်ျားက ခရမ်းရင့်ရောင်ရှိပြီး အပူချိန်မြင့်မားပုံမရပေ။ ဆန့်ကျင်ဘက်ပင် မီးတောက်စွမ်းအားက အရိုးခိုက်တမျှအော်ရာတစ်ခုကို ထုတ်လွှတ်နေပြီး ပတ်၀န်းကျင်က လေဟာနယ်ကို အလွှာတစ်ခုဖြင့် ဖုံးအုပ်သွားစေသည်။ 

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့သွေးစီးဆင်းမှု နှေးကွေးသွားတာကို ရှင်းလင်းစွာ ခံစားနေရသည်။ 

ရှင်းဟုန်ယီ လေထဲသို့ဖြည်းဖြည်းချင်း မျောလွင့်နေသည်။ မီးတောက်နက်များက ကျားကြီးနှစ်ကောင်အဖြစ် ပြောင်းသွားပြီး ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့အား ဟိန်းလိုက်၏။ သူမလက်အစုံကို ဖြန့်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သူတို့အား တိုက်ခိုက်လာသည်။ 

ကျားကြီးဖြတ်သွားသည့်နေရာတိုင်းတွင် ပတ်၀န်းကျင်က ရှေးဟောင်းသစ်ပင်များနှင့် ချုံပုတ်များက ပြာများအဖြစ် ပြောင်းလဲသွားကြ၏။ 

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ကျားကြီးထံ ပြေး၀င်သွားကြသည်။ 

ယဲ့ချိုးပိုင်ကတော့ အစွမ်းကုန်ထုတ်သုံးခဲ့သည်။ 

ဓားပိုင်နက်က အသက်၀င်လာသည်။ ဓားဆန္ဒထိုးတက်လာသည်နှင့် ရှေးဟောင်းရွှေဓားက ဓားအိမ်ထဲက ထွက်လာသည်။ 

ဓားတစ်ချောင်းက ထိုးဖောက်သွားစဉ် နွေးထွေးသည့် သက်တန့်အလင်းတစ်ခုက သူ့ထံပြေး၀င်လာသည့် ကျားကြီးကို ထိုးစိုက်ပစ်သည်။ 

သက်တန့်ချိုးဖျက်ခြင်းဓားပညာရပ်၊ သက်တန့်ထိုးဖောက်နေမင်း!

ဒါက သေစေလောက်သည့်လှုပ်ရှားမှုပေတည်း။ 

ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်ဖြစ်သည့် ရှင်းဟုန်ယီကို ရင်ဆိုင်ရသောအခါ ယဲ့ချိုးပိုင် မထိန်းချန်ထားခဲ့ပေ။ 

ဒါ့အပြင် တစ်ဘက်က ပြသသည့်စွမ်းအားက ထူးခြားပြီး သူ့ကို သေခြင်းတရား၏ ခြိမ်းခြောက်မှုကိုပင် ခံစားရစေသည်။ 

ဒါကိုမြင်သောအခါ ရှင်းဟုန်ယီအနည်းငယ် ခေါင်းညိတ်လိုက်၏။ သူမမျက်လုံးထဲက နောက်ဆုံးတွန့်ဆုတ်နေသည့် အရိပ်အယောင်လေးက နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး ကျောက်တုံးတစ်တုံးကဲ့သို့ ခိုင်မာလာသည်။ 

"ကျွန်မတို့က ဘက်မတူတော့ တစ်ဘက်တည်းမှာ မရှိနေနိုင်လူးဆိုတာ ကံတရားက သတ်မှတ်ထားပြီးသားပဲ၊ ဒီလိုဆိုမှာတော့ ရှင်တို့သေရမယ်၊ ကျွန်မကရှင်သန်ရမယ်"

ရှင်းဟုန်ယီ လက်အစုံကို ရှေ့သို့ ရုတ်တရက် တွန်းလိုက်သည်။ 

ကျားနက်ကြီးက သွေးစွန်း‌နေသည့် ပါးစပ်ကို ဟလိုက်စဉ် ချွန်ထက်သည့်သွားများက အေးစက်သည့်အလင်းနှင့်အတူ တဖျပ်ဖျပ်လင်းနေသည်။ အကယ်၍ ကိုက်ခံရပါက ယဲ့ချိုးပိုင်မခုခံနိုင်ဘဲ အပိုင်းပိုင်းအစစ ပြတ်တောက်သွားရပေလိမ့်မည်။ 

မုဖူရှန်းကလည်း ရှေးဟောင်းနတ်မိုးကြိုးငါးစင်းကို ထုတ်လွှတ်သည်။ 

ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကနေ သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုးတို့က လျှပ်စီးလှံတစ်ချောင်းအဖြစ် သိပ်သည်းစုစည်းသွားပြီး ကျားကြီးထံ ပစ်လွှတ်လိုက်၏။ 

ဒါက နတ်သခင်နယ်ပယ်စွမ်းအားနှင့် မပေါက်ကွဲသွားသော်လည်း မုဖူရှန်း ရှင်းဟုန်ယီ၏စွမ်းအားအပေါ် မထိန်ချန်ထားရဲပေ။ 

ပထမအချက်က တစ်ဘက်လူက သေချာပေါက်ဝှက်ဖဲတစ်ခု ရှိရပေလိမ့်မည်။ 

ဒုတိယအချက်က ငရဲနတ်ဆိုးဒေသတွင် တခြားရည်ရွယ်ချက်များ ရှိနေသလားဆိုတာ မုဖူရှန်းမသေချာပါ။ သူသာသူမကို တစ်ချက်တည်းနှင့် မသတ်ပါက သူမက သတင်းအချက်အလက်များကို ယူဆောင်သွားပေလိမ့်မည်။ 

ထိုအချိန်တွင် သူ့အခြေခံတစ်ပိုင်းတစ်စက ထုတ်ဖော်ခံရမည်ဖြစ်သည်။ 

ဒါက မုဖူရှန်းမြင်ချင်သည့်အရာမဟုတ်ပါ။ 

ဒီမျိုးနွယ်စုက ရှေးခေတ်က ဂုဏ်ကျက်သရေကြီးမားသည့် သေမျိုးနယ်မြေ၏ အမွေအနှစ်ကို ဆုံးရှုံးစေခဲ့သည့် မျိုးနွယ်စုပင်။ တိုက်ခိုက်သောအခါ မုဖူရှန်း အတော်လေးသတိထားတတ်သည်။

သူတို့၏တိုက်ချက်များက တစ်ချိန်တည်းမှာပင် ကျားကြီးကို ထိမှန်ခဲ့သည်။ 

ရှည်လျားသည့်သက်တန့်က ကျားကြီး၏ကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွား၏။ 

မုဖူရှန်း၏လျှပ်စီးလှံက အနည်းငယ်ပိုကောင်းသည်။ ၎င်းဖြတ်သွားသောအခါ ကျားကိုယ်တစ်၀က်သို့ ပြန့်သွားသည်။ 

ကျန်ရှိနေသည့်လျှပ်စီးစွမ်းအားက သူ့ထံ အလားတူအရှိန်ဖြင့် ပြေး၀င်လာသည့် ကျားကြီး၏ ညစ်ထေးခြင်းကို ခံရသည်။ 

ဒါကသူတို့နှစ်ယောက်စလုံးကို ထိတ်လန့်သွားစေသည်။ 

ယခုတိုက်ခိုက်ရန်သူသည် အတော်လေးနောက်ကျသွားလေပြီ။ 

ဓားပိုင်နက်ထဲက ဓားဆန္ဒက ယဲ့ချိုးပိုင်ရှေ့တွင် အရူးအမူးထိုးတက်လာပြီး သုံးပေရှည်ဓားသွားများအဖြစ် ကျုံ့သွားခဲ့သည်။ 

မုဖူရှန်းကလည်း ကိုယ်ခန္ဓာကို ကွေးရင်း လျှပ်စီးပေါ်တက်နင်းကာ အလျင်အမြန် ဆုတ်သွားသည်။ 

တစ်ချိန်တည်းမှာပင် သူကိုးလွှာလျှပ်စီးဒိုင်းအဆောင်ကို ပစ်ချလိုက်လေရာ ကျားကြီးဖြတ်ကျော်ရမည့်နေရာတွင် လျှပ်စီးဒိုင်းအလွှာများစွာ ပေါ်လာသည်။ 

ဘန်း......!

ယဲ့ချိုးပိုင်ရှေ့ကဓားများက ကျယ်လောင်သည့်အသံနှင့်အတူ ပြိုကွဲသွားရသည်။ 

ယဲ့ချိုးပိုင်၏မျက်နှာက နီမြန်းသွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။ သူလွင့်စင်သွားစဉ် ကျားနက်က မီးတောက်နက်အမျှင်စများအဖြစ် ပြောင်းလဲကာ သူ့နောက်ကလိုက်ဖမ်းသည်။ ထို့နောက် ယဲ့ချိုးပိုင်တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။ 

တခြားတစ်ဘက်တွင် မုဖူရှန်းက ကျားကြီး၏လိုက်ဖမ်းမှုကနေ လွတ်မြောက်သွားခဲ့သည်။ သို့သော် ယဲ့ချိုးပိုင်မြေပေါ် လဲကျသွားတာကို မြင်ရသောအခ့ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ 

အခြေအနေက မကောင်းပေ။ 

ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာက ခရမ်းရင့်ရောင်မီးတောက်များဖြင့် တိုက်စားခံနေရသည်။ 

သူ့အရေပြားအပေါ်ပိုင်းက လောင်ကျွမ်းနေသော်လည်း ကိုယ်တွင်းမှ အေးခဲနေသည့် အလွှာများက ကိုယ်ထဲတွင် လျင်မြန်စွာ ကျူံ့နေသည်။ 

ရေခဲနှင့်မီး!

သို့စေကာမူ မုဖူရှန်းတွင် စောင့်ကြည်ရန်အတွက် စွမ်းအားမရှိပါ။ ရှင်းဟုန်ယီ၏ တိုက်ခိုက်မှုက ပြန်ရောက်လာသည် မဟုတ်ပေလော။ 

သူတို့ယခုလိုအခြေအနေရောက်နေစဉ် သူတို့၏အသက်များကို အဆုံးစီရင်ပစ်ရမယ်ဆိုတာ သူမကောင်းကောင်းသိလေရာ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ကို ဘာအခွင့်အလမ်းမှ မပေးပေ။ 

သူမလက်ဖဝါးနှစ်ဘက်စလုံးကို ပိတ်ပစ်သည်။ 

"နတ်ဆိုးမီးလျှံကောင်းကင်ဘုံကပ်ဘေး...."

ကောင်းကင်က အရောင်ပြောင်းသွားပြီး မီးတိမ်နက်များက ကောင်းကင်ပြာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ 

ကျဆင်းလာတာက မိုးကြိုးမဟုတ်ဘဲ ဧရာမမီးလျှံဥက္ကာခဲတစ်လုံးပင်။ 

ဥက္ကာခဲက အနည်းဆုံးတောင်တစ်၀က်ခန့်ကို ဖုံးလွှမ်းပစ်သည်။ 

မုဖူရှန်းမျက်မှောင်ကြုတ်သည်။ ယခုလိုကျယ်ပြန့်သည့်တိုက်ခိုက်မှုနှင့်ဆိုပါက ရွာတစ်ခုခုဖြစ်သွားနိုင်သည်။

သို့စေကာမူ အနီးကပ်စစ်ဆေးကြည့်သောအခါ မုဖူရှန်း၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

ဥက္ကာခဲ၏ တိုက်ခိုက်မှုအတိုင်းအတာက ကောင်းချီပေးဂူရွာနှင့် အနည်းငယ်ဝေးသည်။ 

သို့သော် နောက်ဆက်တွဲလှိုင်းက ခြံစည်းရိုးတစ်ဝိုက်က လူတိုင်းကိုသေစေရန်အတွက်ပင် လုံလောက်နေလေပြီ။

ရှန်းဟုန်ယီအေးစက်သော အမူအရာဖြင့် ပြောသည်။ 

"မဲပေးဖို့အတွက် ကောင်းချီပေးဂူကျေးရွာမှာ လူတစ်ချို့တော့ ချန်ထားခဲ့တာပေါ့"

ပြိုင်ဘက်များသာမရှိပါက သူမ၏တပည့်က ကျောက်တုံးအိမ်ထဲက တစ်ခုကို သံသယမရှိ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ 

သူမ မုဖူရှန်းနောက်တွင် နာကျင်နေသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း သူမ၏မျက်လုံးများက လင်း၀င်းသွားကြ၏။ 

ယင်းနောက်တွင် မုဖူရှန်း ရှင်းဟုန်ယီကို အေးစက်စွာကြည့်သည်။ 

"မင်းအောင်မြင်မှာမဟုတ်ဘူး"

ထိုစကားနှင့်အတူ မုဖူရှန်းလက်ထဲတွင် ကျောက်တိုင်ရှစ်တိုင်ပေါ်လာသည်။ 

တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်!

ထို့နောက်သူလေထဲပစ်လိုက်၏။ 

ရှေးဟောင်းနတ်မိုးကြိုးငါးမျိုးကိုလည်း သူတစ်ချိန်တည်းမှာပင် အထဲသို့ လောင်းထည့်ခဲ့သည်။ 

ကျောက်တိုင်ရှစ်တိုင်က လေထဲတွင် ပြန့်ကြဲသွားပြီး ဧရာမတောင်ရှစ်လုံးအဖြစ် ပြောင်းကာ မီးလျှံဥက္ကာခဲကျဆင်းလာသည့် မြေပေါ်၌ ရပ်တည်သည်။ 

ယခုလိုကြီးမားသည့်ဆူညံသံကြီးကို ကောင်းချီပေးဂူ‌ကျေးရွာအနီးက လူများကလည်း သတိထားမိကြသည်။ 

ဟုန်ရင်နှင့် ကျန်သောသူများ မျက်မှောင်ကြုတ်လိုက်ကြ၏။ 

"ကြည့်ရတာ စနေပြီပဲ"

ရှုမင်တို့မြင်သောအခါတွင်မူ သူတို့အသက်ရှုပင် ကျပ်သွားရသည်။ 

ဒါကသူတို့ဘ၀တွင် ယခုလိုကြီးမားသည့် အော်ရာမျိုးကို ပထမဆုံးမြင်ဖူးခြင်းပေတည်း။ 

ဒါက ဆရာနဲ့ တခြားသူတွေကြားက တိုက်ပွဲလား!

လူတိုင်း၏အကြည့်အောက်တွင် မီးလျှံဥက္ကာခဲက တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်အား ဖြည်းဖြည်းချင်း၀င်တိုက်သည်။ 

ကောင်းကင်ဘုံမိုးကြိုးစွမ်းအားကို သယ်ဆောင်ထားသည့် တောင်ကြီးရှစ်လုံးက မီးလျှံဥက္ကာခဲကို ဆွဲထားပြီး ဆက်လက်ကျဆင်းခွင့်မပေးပေ။ 

ဒါကိုမြင်သော် ရှင်းဟုန်ယီ အေးစက်စွာ နှာမှုတ်သည်။ 

"ကြည့်ရတာ ရှင့်က အရင်ကလို စွမ်းအားကို ထိန်းချုပ်ထားနေတုန်းပဲ....."

ဒီနေရာတွင် ရှင်းဟုန်ယီကိုယ်ပေါ်က အနက်ရောင်အဆင်းများက စတင်လင်း၀င်းလာသည်။ ညင်သာသည့်အော်သံတစ်သံနှင့်အတူ သူမလက်ဖဝါးကို ရုတ်တရက် အောက်သို့ ဖိချလိုက်၏။ 

နောက်ထပ်ဥက္ကာခဲအနည်းငယ် ကျဆင်းလာသည်။ 

သို့စေကာမူ ဒီဥက္ကာခဲများက ပိုသေးငယ်သည်မှာ ရှင်းနေသည်။ 

ကြည့်ရသည်မှာ ရှင်းဟုန်ယီ ဒီပညာရပ်ကို အပြည့်အ၀ မဖမ်းဆုပ်မိသေးပုံရသည်။ 

မုဖူရှန်းအနည်းငယ်မျက်မှောင်ကြုတ်သည်။ ယခုသူက နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားကို ထုတ်ဖော်ထားလေရာ တခြားဥက္ကာခဲများကိုပါ ခုခံကာကွယ်လိုပါက ဒီထက်ပိုဖော်ထုတ်ပြသရန် လိုအပ်သည်။ 

သို့စေကာမူ ဒီတဒင်္ဂမှာပင် ဓားဆန္ဒတစ်ခု ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဓားများက လေဟာနယ်ထဲတွင် ကခုန်နေသည်။ 

ယဲ့ချိုးထရပ်သည်။ သူ့ကိုယ်ကို မီးတောက်နက်များရစ်ပတ်သည့်တိုင် ဓားအိမ်တစ်ခုက သူ့ရှေ့တွင်ပေါ်လာသည်။ ဓားများက အထဲကနေ ကခုန်ထွက်လာကြ၏။ 

ရှေးဟောင်းရွှေဓားအိမ်!

ယဲ့ချိုးပိုင်အသက်ပြင်းပြင်းရှုရင်း မျက်လုံးကျဉ်းလိုက်သည်။ 

"ငါထောက်ပံ့သူဖြစ်ပေးမယ်၊ မင်းသူ့ကို ကိုင်တွယ်လိုက်"

အပိုင်း(1167) coming။ 

All Chapters