← Chapters

#မုဖူရှန်း vs ရှင်းဟုန်ယီ#

Vol. 83 Ch. 1167

#မုဖူရှန်း vs ရှင်းဟုန်ယီ#

Vol. 83 Ch. 1167

ယဲ့ချိုးပိုင်က ရှင်းဟုန်ယီနှင့် အတော်လေးကွာဟနေလေပြီ။ 

နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်တစ်ဦးက ရှင်းဟုန်ယီနှင့်ရင်ဆိုင်ရာတွင် လုံး၀အသာစီးမရနိုင်ပေ။ ဒီတိုက်ခိုက်မှာကနေ ယဲ့ချိုးပိုင်မသေနိုင်ဘူးဆိုသော အချက်ကပင် သူဘယ်လောက်ထိ ပုံမှန်မဟုတ်သလဲဆိုတာကို ပြသရန်အတွက် လုံလောက်နေလေပြီ။ 

သို့စေကာမူကိုယ်ပေါ်၌ ဆက်လက်လောင်ကျွမ်းနေသေးသည့် နတ်ဆိုးနက်မီးတောက်များက ယဲ့ချိုးပိုင်ကို ဒုက္ခပေးနေဆဲပင်။ 

သူအရေပြားက လောင်ကျွမ်းခံနေရသလို အတွင်းအင်္ဂါများကလည်း အေးခဲခံနေရသည့်အပေါ် သူ့အသက်ဓာတ်က အဆက်မပြတ် အားနည်းလာသည်။ 

ရှေးဟောင်းရွှေဓားအိမ်ကို အသုံးပြုခြင်းကပင် ယဲ့ချိုးပိုင်၏ အကန့်အသတ်ဖြစ်နေလေပြီ။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ရှင်းဟုန်ယီ၏ မျက်လုံးများ၌ တွန့်ဆုတ်မှုအရိပ်အယောင် တစ်ချက် လင်း၀င်းသွားသော်လည်း ခက်ထန်သည့်အမူအရာ၏ လျင်မြန်စွာ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ 

"ဒီကျိုးနေတဲ့ခန္ဓာနဲ့ ရှင့်ဘာများလုပ်နိုင်လို့လဲ၊ ကျွန်မတိုက်ခိုက်မှုကို တားဆီဖို့ ရှင့်မှာ ဘာအခွင့်အရေးရှိလို့လဲ"

ယဲ့ချိုးပိုင် သူမကိုလျစ်လျူရှုထားပြီး စိတ်အခြေအနေကို အေးခဲသွားခြင်းကနေ ကာကွယ်ရန်အတွက် အသိစိတ်ပင်လယ်ကိုသာ အာရုံစိုက်ထားသည်။ ဒီတိုက်ခိုက်မှုကို သူအပြည့်အ၀အာရုံစိုက်ထားသည်။ 

ဒါကတကယ့်တိုက်ပွဲတွင် သူရှေးဟောင်းရွှေဓားအိမ်ကို ပထမဆုံးအသုံးပြုခြင်းပေတည်း။ ကိုးပေရှည်ကြယ်ကြွေဓား၊ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား၊ ငွေနဂါးဓားနှင့် ရှေးဟောင်းရွှေနတ်ဓားတို့က ပျံသန်းလာကြ၏။ 

ဓားတိုင်းက ဓားနတ်ဘုရားဓားဆန္ဒဖြင့် ရစ်ပတ်နေပြီး လေဟာနယ်ကို ဖြတ်သန်းသွားသည်။ 

ယဲ့ချိုးပိုင် ဒီဓားလေးလက်ကို ထိန်းချုပ်ပြီး နတ်‌ဆိုးမီးတောက်များနှင့် ရောနေသည့် ဥက္ကာခဲများ မကျလာသေးခင် ဥက္ကာခဲတစ်လုံးကို ထိုးဖောက်စေသည်။ 

သူလက်ချောင်းကိုမြှောက်ပြီး ဥက္ကာခဲရှိရာဘက်သို့ လေထဲတွင်ပိုင်းချလိုက်၏။ 

ဟူး....ဟူး....ဟူး.....!

ဓားလေးလက်က လေဟာနယ်ကို ဖြတ်သန်းပြီး ယဲ့ချိုးပိုင်၏အမိန့်ကို ခံစားမိသည့်အလား ဥက္ကာခဲထဲသို့ သက်တန့်အလင်းအမျှင်စများနှင့်အတူ ထိုးဖောက်သွားသည်။ 

ရှေးဟောင်းရွှေဓားအိမ်က ဓားဧကရာဇ်၏ အထင်ကရနတ်ပစ္စည်းတစ်ခု ဖြစ်လာနိုင်သည့်အကြောင်းရင်းက ဓားများစွာကို ထိန်းချုပ်သောအခါ အလွန်အမင်း အားကောင်းသည့် ညှိနှိုင်းမှုနှင့် ဆက်နွှယ်မှုကို ရရှိစေသည်သာမက ပိုအရေးကြီးတာက ဒီဓားများထဲတွင် အသုံးပြုသူ၏ ဓားပညာရပ်ကိုလည်း သုံးနိုင်ခြင်းပင်။ 

ယဲ့ချိုးပိုင် ဒါကိုထပ်ဆင့်သွားစေရန်အတွက် သက်တန့်ချိုးဖျက်ဓားပညာရပ်ကို သုံးခဲ့သည်။ 

သို့စေကာမူ ဒါက ယဲ့ချိုးပိုင်၏ စွမ်းအင်အများအပြားကို ကုန်ခမ်းစေသည်။ 

သူ၏မူလ အပြင်းအထန် ဒဏ်ရာရနေသည့်ခန္ဓာက ဒီတဒင်္ဂတွင် ပို၍ပင် လေးလံလာသည်။ 

ဓားလေးလက်က တစ်ချိန်တည်းတွင် ဥက္ကာခဲကို တိုက်မိပြီး ဥက္ကာခဲတစ်ခု ကွဲအက်သွားကာ လေးပိုင်းပိုင်းခံလိုက်ရသည်။ 

ကျင့်ကြံခြင်းနယ်ကွာဟချက်နှင့် ဒီလိုပြင်းထန်တဲ့ဒဏ်ရာတွေရနေတာတောင် သူနတ်ဆိုးမီးလျှံဥက္ကာခဲကို ကြေမွအောင် တကယ်လုပ်နိုင်တာလား!

သို့စေကာမူ ယဲ့ချိုးပိုင်နောက်ထပ်သွေးတစ်လုပ် အန်လိုက်ပြီး မူလက ဖြူရော်နေသည့် မျက်နှာက ပို၍ပင်ဖြူရော်လာသည်။ 

ဒါကိုမြင်သော် မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။ 

ယဲ့ချိုးပိုင် မုဖူရှန်း ငရဲနတ်ဆိုးဒေသအကြွင်းအကျန်များရှေ့တွင် ခွန်အားကို ဖုံးကွယ်ထားရန် လိုတာကို နားလည်သည့်အပေါ် အပြင်းအထန်ဒဏ်ရာရနိုင်သည့် ဖိအားကနေ သက်သာလာစေရန်အတွင် သူ့ကိုကူညီပေးခဲ့တာကို မုဖူရှန်းသိပါသည်။ 

မုဖူရှန်းသာ တကယ့်အစစ်အမှန်စွမ်းအားကို ဖော်ပြလိုက်ပါက သူရှင်းဟုန်ယီကို တစ်သက်လုံး‌ဒီနေရာမှာ ကျန်ရစ်သွားအောင် လုပ်နိုင်သရွေ့အဆင်ပြေသည်။ မလုပ်နိုင်ပါက ဒါက ကြီးမားသည့်ပြဿနာတစ်ခုဖြစ်လာပေလိမ့်မည်။ 

သို့သော်ယခုသူ့တွင် ရွေးချယ်စရာမရှိတော့ပါ။ 

မုဖူရှန်းနှာခေါင်းရှုံ့လိုက်စဉ် သူ့ကိုယ်ထဲမှ အင်မော်တယ်ချီများထွက်လာသည်။ သူ့မျက်ခုံးကြားတွင် မီးတောက်ဖြူတစ်စင်း ပေါ်လာသည်။ 

ဒါကိုမြင်သောအခါ ရှင်းဟုန်ယီ မျက်မှောင်ကြုတ်သည်။ 

"နတ်သခင်နယ်ပယ် တစ်၀က်အဆင့်လား"

မုဖူရှန်းပြန်မဖြေဘဲ ယင်းအစားလက်ကို အနည်းငယ်မြှောက်လိုက်စဉ် ရှေးဟောင်းနတ်မိုးကြိုးငါးခုက သူ့လက်ဖဝါးပေါ်၌ စတင်စုစည်းလာသည်။ 

ရှေးဟောင်းမိုးကြိုးငါးခုကိုစုစည်းပြီး ငါးရောင်ခြယ်လျှပ်စီးကို ထုတ်လွှတ်နေသည့် လျှပ်စီးလုံးတစ်လုံးက ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။ 

တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ တခြားလက်တစ်ဖက်ပေါ်၌ အဆောင်တစ်ခုပေါ်လာသည်။ 

ရုတ်တရက် သူအဆောင်ကို အပေါ်သို့ ပစ်လိုက်၏။ 

အဆောင်က ဧရာမဥက္ကာခဲပေါ်သို့ ကပ်သွားသောအခါ မုဖူရှန်းလက်ညိုးထိုးလိုက်၏။ 

ထိုအခါ အဆောင်က ချက်ချင်းဆိုသလို လျှပ်စီးကွန်ရက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဥက္ကာခဲတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။ 

၎င်းနောက် မုဖူရှန်း လျှပ်စီးလုံးကို ကိုင်ထားသည့် လက်ကို မြှောက်လိုက်သည်။ 

လျှပ်စီးလုံးက တစ်ချိန်တည်းတွင် လေထဲသို့ မြင့်တင်သွားသော်လည်း ဥက္ကာခဲများနှင့် မတိုက်ဘဲ ယင်းအစား မီးတိမ်ထဲသို့ နိုက်ရိုက်၀င်သွားသည်။ 

"လျှပ်စီး.....ကမ္ဘာ့ဖျက်ဆီးခြင်း"

မုဖူရှန်းရေရွတ်သည်။ 

ဂျုန်း......!

မူဘက နတ်ဆိုးနက်မီးတောက်များနှင့် လောင်ကျွမ်းနေသည့် မီးတိမ်က တောက်ပသည့်လျှပ်စီးနှင့် ပြည့်နှက်သွားသည်။ 

လျှပ်စီးရောင်ခြည်များက မီးတိမ်၏ ဘက်ပေါင်းစုံကနေ ထိုးဖောက်သွားပြီး ချက်ချင်းဆိုသလို မီးတိမ်တစ်ခုလုံးက ပြိုကွဲသွားရသည်။ 

ကျန်ရစ်နေသေးသည့်လျှပ်စီးက ကောင်းကင်ထက်တွင် ရစ်ဝဲနေဆဲပင်။ 

ရှင်းဟုန်ယီ မထိတ်လန့်သွားနိုင်သေးခင်မှာပင် မုဖူရှန်း သူမရှေ့တွင်ပေါ်လာသည်။ 

လျှပ်စီးစွမ်းအားနှင့်ပြည့်နှက်နေသည့် မုဖူရှန်း၏လက်ဖဝါးက သူမရင်ဘတ်ကို ရိုက်နှက်လိုက်လေတော့သည်။ 

ရှင်းဟုန်ယီ၏အမူအရာက တင်းကျပ်နေပြီး နတ်ဆိုးအော်ရာတစ်ခုထွက်လာသည်။ 

သူမနောက်ဆုတ်ရန်အတွက် မည်သည့်ရည်ရွယ်ချက်မှမရှိပေ။ နတ်ဆိုးနက်မီးတောက်များက သူမ၏လက်ဖဝါးကို လွှမ်းခြုံသွားပြီး ကြိုဆိုနေသည်။ 

ဘန်း......!

မြေကြီးကတုန်ခါသွားသည်။ 

နတ်ဆိုးမီးတောက်နှင့် ငါးရောင်ခြယ်လျှပ်စီးတို့က လေဟာနယ်အတွင်း အဆက်ပြတ်ပျံ့နေသည်။ 

မြေကြီးကကွဲအက်သွားပြီး အလွန်အမင်းကျယ်လောင်သည့်အသံက သားရဲအုပ်စု၏ အသံကိုပင် လွှမ်းခြုံသွားသည်။ 

သို့စေကာမူ ရှင်းဟုန်ယီ တုန်ယင်သွားသော်လည်း နောက်မဆုတ်သွားပေ။ 

မုဖူရှန်းမျက်မှောင်ကြုတ်သည်။ 

"ကြည့်ရတာ မင်းကစွမ်းအားကို ဖုံးကွယ်ထားနေသေးပုံပဲ"

ရှင်းဟုန်ယီနှာခေါင်းသည်။ 

"တစ်ယောက်ကိုတစ်ယောက်သိဖို့လိုတယ်လေ"

ထို့နောက် ရှင်းဟုန်ယီအော်ဟစ်ကာ ရှေ့တစ်လှမ်းတိုးရင်း ခါးကို ကွေးလိုက်သည်။ 

သူမအလွန်အမင်းထူးဆန်းသည့် ပုဲစံတစ်ခုဖြင့် မုဖူရှန်းကိုယ်အောက်ပိုင်းကို ကန်ကျောက်ပစ်သည်။ 

မုဖူရှန်းမရှောင်တိမ်းပေ။ 

ရှင်းဟုန်ယီ၏နှုတ်ခမ်းများက ကွေးညွတ်သွားပြီး အောင်ပွဲက သူမလက်ထဲရှိနေပြီဟု တွေးထင်နေခိုက် သူမ၏အမူအရာက ပြောင်းလဲသွားရသည်။ သူမခြေထောက်က ရွှေနက်သံအပြားထက် ပိုမာသည့် အရာတစ်ခုခုကို ကန်ကျောက်မိသည့်အလား လုံး၀ရွေ့လျားခြင်းမရှိပါ။ 

သူမလှမ်းကြည့်လိုက်သောအခါ မုဖူရှန်းကိုယ်အောက်ပိုင်းကို မကန်နိုင်သေးခင်မှာပင် သူမခြေထောက်ကို ပိတ်ဆို့ထားသည့် အတားအဆီးအလွှာများရှိနေတာကို တွေ့လိုက်ရသည်။ 

"အင်း......"

သူမ မုဖူရှန်းကိုပြန်မော့ကြည့်သောအခါ သူမအား ကြိုဆိုနေတာက အဆောင်တစ်ခုပင်။ 

ရှင်းဟုန်ယီ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ကျန်လက်တစ်ဖက်ကို ပစ်လွှတ်လိုက်၏။ 

ဒီအဆောင်ကလည်း မုဖူရှန်းကြောင့် ရှင်းဟုန်ယီ၏ ကျန်လက်ဖဝါးတစ်ဖက်ပေါ်၌ ကပ်ထားခြင်းခံလိုက်ရသည်။ မုဖူရှန်း ချက်ချင်းလွတ်မြောက်သွားပြီး ဆုတ်ခွာသည်။ ဆုတ်ခွာနေစဉ် မုဖူရှန်း လက်တစ်ဖက်နှင့် တံဆိပ်တစ်ခုဖန်တီးသည်။ 

အဆောင်က တောက်ပသည့်လျှပ်စီးအလင်းတစ်ခုကို ချက်ချင်းထုတ်လွှတ်ပြီး ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ထွက်လာခဲ့သည်။ 

ပေါက်ကွဲသံများမြည်ဟီးနေပြီး လျှပ်စီးနှင့် မီးတောက်များထိုးထွက်လာသည်။ 

သူ့ခေါင်းထက်က ဥက္ကာခဲကလည်း နောက်ဆုံးတော့ ထိန်းချုပ်မှုကင်းမဲ့သွားရပြီး နတ်ဆိုးမီးလျှံများ ပျောက်ကွယ်သွား၏။ 

မုဖူရှန်း၏လျှပ်စီးကွန်ရက်နှင့် ယဲ့ချိုးပိုင်၏ ဓားလေးလက်တို့ကလည်း ဒါကို ချိုးဖျက်ပစ်ခဲ့သည်။ 

လျှပ်စီးနှင့်မီးတောက်များအလယ်တွင် ရှင်းဟုန်ယီ၏ ပုံပန်းဆိုးနေသည့်ပုံရိပ်က ထွက်လာခဲ့သည်။ 

သို့သော် သူမ၏ထိုလက်မောင်းက ပျောက်ကွယ်သွားပြီး မျက်နှာက အနည်းငယ် ဖြူရော်နေသည်။ 

'စီနီယာလုရဲ့တပည့်တွေထဲမှာ နင့်လို ကောက်ကျစ်တဲ့လူတစ်ယောက်ရှိလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"

မုဖူရှန်းပြုံးသည်။ 

"ချီးကျူးမှုအတွက် ကျေးဇူးပါ"

ရှင်းဟုန်ယီ "....."

ဒါကချီးကျူးစကားလား!

"ဒါပေမယ့် ငါအခုလုပ်ချင်တာက နင်တို့ကို အမြစ်ဖြတ်ပစ်ဖို့မဟုတ်ဘူး" ရှင်းဟုန်ယီ ဖြောင့်မတ်စွာရပ်နေသည်။ နက်ဆိုးနက်အော်ရာက သူမ၏ဖြတ်ခံထားရသည့် လက်မောင်းပေါ် ရစ်ပတ်နေပြီဖြစ်ကာ ကြွက်သားတစ်ရှူးများက ဖြည်းဖြည်းချင်း ကောင်းမွန်လာနေသည်။ 

"ဒီတော့ ဒီတိုက်ပွဲကို နောက်တစ်ကြိမ်အတွက် ချန်ထားလိုက်ကြရအောင်"

မုဖူရှန်း၏အမူအရာက အေးစက်သွားသည်။ 

"ကြည့်ရတာ မင်းကထိန်းချုပ်ထားတုန်းပဲ"

ရှင်းဟုန်ယီနှာခေါင်းရှုံ့သည်။ 

"နင့်လိုလူတစ်ယောက်မှာလည်း တခြားဝှက်ဖဲတွေရှိမှာပဲလေ"

ဒါကိုကြားသောအခါ မုဖူရှန်း၏မျက်လုံးများက သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြည့်နှက်သွား၏။ 

"ငါ့ကိုအဲလိုကြည့်နေစရာမလိုဘူး၊ နင်ငါ့ကို ဒီမှာမထိန်းသိမ်းထားနိုင်တာကို နင်ကိုယ်တိုင်လည်း သိမယ်ဆိုတာ ငါသေချာတယ်၊ ဒါ့အပြင် နင်တို့က ငရဲနတ်ဆိုးဒေသရဲ့ တခြားနည်းလမ်းတွေကို ကြောက်နေကြတာလေ" ရှင်းဟုန်ယီနှာခေါင်းရှုံ့သည်။ 

"ဒီလိုဆိုမှတော့ ဒီမှာရပ်လိုက်ကြတာပေါ့"

"အိုး၊ ဟုတ်သားပဲ၊ ငါနင့်ကို လျှို့ဝှက်ချက်တစ်ခု အခမဲ့ပြောပြမယ်၊ ငါတို့နတ်ဆိုးဒေသရဲ့ နတ်ဆိုးချီကို ခြေရာခံလို့မရဘူးဆိုတော့ နင့်အတွက် ငါ့တည်နေရာကို နည်းလမ်းတစ်ချို့နဲ့ ခြေရာခံဖို့ဆိုတာက မဖြစ်နိုင်ဘူး"

ဒီစကားကိုပြောပြီးနောက် ရှင်းဟုန်ယီပျောက်ကွယ်သွားသည်။ 

မုဖူရှန်း အရင်ကလုပ်ခဲ့တာတွေကို ခံစားမိသည်။ 

တကယ်တမ်းတွင်လည်း ရှင်းဟုန်ယီပြောသည့်အတိုင်းပင်။ သူတစ်ဘက်လူ၏အော်ရာကို လုံး၀ခြေရာမခံနိုင်ခဲ့ပေ။ 

ငရဲနတ်ဆိုးဒေသ......!

ဒီလိုကြီးမားသည့်သတ္တဝါအတွက် သူအဆင်သင့်မဖြစ်လောက်သေးပါ။ 

ဒါမုဖူရှန်းတွေးနေသည့်အရာပင်။ 

အပိုင်း(1168) coming။ 

All Chapters