#နောက်ကွယ်က လုယူသူ#
Vol. 83 Ch. 1168
ရှင်းဟုန်ယီ၏ ကမ္ဘာတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုက မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့ကို ထိတ်လန့်စေသည်။
နယ်ပယ်တိုးတက်မှုတွင်ဖြစ်စေ သွေးကြောစွမ်းရည်၌ ခုန်ပျံကျော်လွှားမှုဖြစ်စေ သို့မဟုတ် လူတိုင်းအပေါ် အမြင်ဖြစ်စေ အဖက်ဖက်က ကောင်းမွန်သည်။
ဖူး......!
ဆူညံသံကိုကြားသဖြင့် မုဖူရှန်းလှည့်ကြည့်လိုက်လေရာ ယဲ့ချိုးပိုင် နောက်ထပ်ပါးစပ်အပြည့် သွေးတစ်လုပ်အန်တာကို တွေ့လိုက်ရသည်။ ထို့နောက် သူချက်ချင်းဆိုသလို မြေပေါ် ခြေချင်းချိတ်ထိုင်လိုက်၏။
မုဖူရှန်း ယဲ့ချိုးပိုင်ဘေးသို့လျှောက်သွားသည်။ သူ့လက်ဖဝါးကို ရှေးဟောင်းမိုးကြိုးစွမ်းအားက ဖုံးလွှမ်းနေပြီး ယဲ့ချိုးပိုင်ကျောပေါ်သို့ တင်ထားသည်။
ဒါက မုဖူရှန်းနှင့် ရှင်းဟုန်ယီတို့ တိုက်ခိုက်ပြီးနောက် အရေးပါသည့်တွေ့ရှိမှုတစ်ခုပင်။
မိုးကြိုးစွမ်းအားက နတ်ဆိုးစွမ်းအားကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်။
သို့သော် ဒီနတ်ဆိုးစွမ်းအားက တခြားနတ်ဆိုးအော်ရာများနှင့် ကွဲပြားပုံရသည်။ မိုးကြိုး၏သက်ရောက်မှုက အကန့်အသတ်ရှိသည်။ ဘာမှမရှိတာထက် စာရင် ဒါကပိုကောင်းပါသည်။
မိုးကြိုးစွမ်းအားက ယဲ့ချိုးပိုင်ကိုယ်ကို ၀န်းရံထားပြီး ကိုယ်ထဲက နတ်ဆိုးမီးတောက်များကို ဖယ်ထုတ်ပစ်ရန်အတွက် သူနှင့်အတယ ပူးပေါင်းဆောင်ရွက်နေသည်။
သို့စေကာမူ ဒါကကောင်းချီတစ်ခုလား သို့မဟုတ် ယဲ့ချိုးပိုင်၏ခိုင်မာသော အခြေခံကြောင့်လားမသိ။
ရုတ်ချည်းဆိုသလို အော်ရာက သမုဒ္ဒရာတစ်စင်းပမာ စတင်ထိုးတက်လာသည်။ ပတ်၀န်းကျင်က ဝိဉာဉ်ချီကလည်း ဝဲဂယက်အဖြစ် စုစည်းကာ ယဲ့ချိုးပိုင်အား ၀န်းရံထားသည်။
ဒါကအဆင့်ချိုးဖျက်တော့မည့် လက္ခဏာပေတည်း။
ဒါကိုမြင်သောအခါ မုဖူရှန်း သူ့အနီးတွင် ကာကွယ်ရေးအလွှာများစွာကို ချက်ချင်းတပ်ဆင်သည်။
ဒါက ရှင်းဟုန်ယီပြန်လာခြင်းကနေ တားဆီးကာကွယ်ရန်အတွက် ဖြစ်သလို ကြီးကြပ်ရေးဗိမာန်က လူများ ၀င်ရောက်စွက်ဖက်ခြင်းကနေ တားဆီးရန်လည်းဖြစ်သည်။
....
တခြားတစ်ဘက်တွင် မုရှီက ဒဏ်ရာများနှင့်ဖုံးနေသည်။ ယဲ့ချိုးပိုင်သူ့ကို ပေးခဲ့သည့်၀တ်စုံဖြူက သွေးများနှင့် စွန်းထင်းနေလေပြီ။ သူဘယ်လက်မောင်းက ကျိုးသွားသည့်အလား ခါးတွင် ဆွဲထားလေသည်။
၀က်ဝံကြီးသုံးကောင်၏ ဝိုင်းရံမှုအောက်တွင် မူရှီရှောင်လွှဲရန်ပင် ခက်ခဲနေသည်။
သို့စေကာမူ အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ်ထဲက ဝိဉာဉ်ချီနှင့် ခံနိုင်ရည်များကလည်း ကုန်ဆုံးသွားသဖြင့် သူဒဏ်ရာရလာသည်။
ဒါက အလွန်အမင်းစိတ်မကောင်းစရာ အခြေအနေတစ်ခုပေတည်း။
သို့သော် ယခုလိုပြင်းထန်သည့်ဖိအားအောက်တွင် ဒါကမုရှီအတွက် ကြီးမားသည့် တိုးတက်မှုတစ်ခုကိုလည်း ဆောင်ကြဉ်းပေးခဲ့သည်။
သူ့ဓားတာအို၌ဖြစ်စေ ကျင့်ကြံခြင်းနယ်ပယ်တွင်ဖြစ်စေ အောင်မြင်ခဲ့ပြီး သူ ချီပင်လယ်နယ်ပယ် အစောပိုင်းအဆင့်ကို တက်လှမ်းသွားခဲ့သည်။
တခြားစစ်မြေပြင်တွင် နျိုကျောင်း၊ ၀မ်တန်နှင့် အိုက်ရွှယ်၏ ကျန်တပည့်နှစ်ယောက် အင်အားအပြည့်နှင့် တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။ သူတို့ခံနိုင်ရည်ကို သေချာစေရန်အတွက် အစွန်းတစ်ဝိုက်တွင်သာ လျှောက်နေခဲ့ကြသည်။
ရှုမင်၏အမိန့်အောက်တွင် ရပ်တည်နေကြသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ရွာသားများ စတင်ပြင်းထန်စွာ ဒဏ်ရာရလာကြ၏။
ချူလေးသာ ဆေးလုံးတွေကို သန့်စင်ပြီး သူတို့ကို မကူညီပါက ဒီရွာသားများ သေဆုံးသွားသည်မှာ ကြာမြင့်နေလောက်ပြီ။
ရုတ်တရက် သားရဲရိုင်းတိုင်း၏ ကိုယ်များပေါ်မှ အနက်ရောင်အဆင်းများက တဖြည်းဖြည်းစတင်ပျောက်ကွယ်လာပြီး ၎င်းတို့မျက်လုံးများထဲက ထူထဲသည့်သွေးကြောများပင် ငြိမ်သက်သွားသည်။
၎င်းတို့၏အော်ရာကလည်း အလျင်အမြန် ကျဆင်းသွားခဲ့ကြသည်။
၀က်ဝံကြီးသုံးကောင်အပါအ၀င် သားရဲရိုင်းများ တစ်ခဏတာ မူးဝေမှုထဲကျသွားသည်။
သစ်သားလူ ကျန်းဟီကိုကြည့်လိုက်၏။ ကျန်းဟီ တစ်ခဏမျှကြက်သေသေနေပြီးနောက် ဆိုးယုတ်သည့်အပြုံးဖြင့် ခေါင်းညိတ်လိုက်လေသည်။
သူချီပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်အော်ရာဖြင့် ချက်ချင်းဆိုသလိုပေါက်ကွဲလာခဲ့ပြီး သားရဲများထံ ပြေး၀င်သွား၏။
ထိုးနှက်မှုတိုင်းက သားရဲရိုင်းအများအပြားကို သေဆုံးစေသည်။
ရှုမင်ဒီမြင်ကွင်းကိုမြင်သောအခါ ဘာဖြစ်ခဲ့မှန်းမသိသော်လည်း ကျယ်လောင်စွာ အမိန့်ပေးနေဆဲပင်။
"အားလုံးပဲ၊ ပြန်တိုက်ခိုက်ကြ"
တစ်ချိန်တည်းမှာပင် အိုက်ရွှယ်မျက်မှောင်ကြုတ်ကာ အသံပို့လိုက်၏။
"မင်းတို့လေးယောက်၊ သွားပြီး အဲဒီ၀က်ဝံသုံးကောင်ကို သတ်လိုက်ကြ"
နျိုကျောင်းနှင့် ကျန်သုံးယောက် ခေါင်းညိတ်ပြီးနောက် ၀က်ဝံကြီးသုံးကောင်ထံ အမြန်ပြေးသွားကြသည်။
သို့စေကာမူ လမ်းတစ်၀က်မှာပင် အေးစက်ပုံပေါ်သည့်လူတစ်ယောက် ဝက်ဝံသုံးကောင်ကြားတွင် ရုတ်တရက်ပေါ်လာပြီး မုရှီရှေ့တွင် ရပ်လိုက်၏။
မုရှီ တစ်ခဏမျှကြက်သေသေသွားပြီးနောက် အော်ဟစ်သည်။
"အစ်ကိုကျောင်းယလား"
ကျောင်းယ မုရှီကို လှည့်မကြည့်ဘဲ လက်ထဲတွင် အရိုးဆူများနှင့် ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားပြီး ၀က်ဝံကြီးတစ်ကောင်ကို လွှဲယမ်းလိုက်၏။
အရိုးဖြူများက ကြာပွတ်တွင် တွယ်ကပ်နေပြီး ၀က်ဝံကြီးဆီသို့ လွှဲယမ်းလိုက်စဉ် လေပေါ်၌ တုတ်ကွေးပုံသဏ္ဍာန်တစ်ခုကို ရေးဆွဲပစ်သည်။
ကျာပွတ်က ၀က်ဝံကြီးခေါင်းကို ထိတော့မည့်အချိန်တွင် ကျောင်းယ၏ လက်ကောက်၀တ်က အနည်းငယ်တုန်ယင်သွားပြီး ပျော့ပျောင်းနေသည့် အရိုးဆူးချွန်ကြာပွတ်က ချက်ချင်းဖြောင့်သွားကာ ၀က်ဝံကြီး၏ခေါင်းထဲသို့ လှံတစ်စင်းပမာ ထိုးစိုက်ပစ်သည်။
သို့စေကာမူ ကျောင်းယ ဒီနေရာတွင်မရပ်ဘဲ လက်ကောက်၀တ်ကို နောက်တစ်ကြိမ် လှန်လိုက်စဉ် ကြာပွတ်က ပျော့သွားပြီး ဘယ်ဘက်က ၀က်ဝံကြီးကို လွှဲယမ်းပစ်သည်။
အရိုးဆူးကြာပွတ်က ၀က်ဝံ၏လည်ပင်းကို ရစ်ပတ်ပစ်ပြီး အရိုးများက တစ်ချောင်းပြီးတစ်ချောင်း ထိုးစိုက်သွား၏။
ပြင်းထန်သည့်နာကျင်မှုကြောင့် ၀က်ဝံကြီးနိုးထလာသည်။ ၎င်းပါးစပ်ကိုဟကာ အော်ဟစ်ချင်သော်လည်း အသံမထွက်နိုင်ခင်မှာပင် ကျောင်းယ၏ မျက်လုံးများက ကျဉ်းသွားပြီး ကြာပွတ်ပေါ်က အရိုးဆူးများက စတင်ဆန့်ထွက်လာသည်။
ရွှီး........!
၀က်ဝံကြီး၏လည်ပင်းက လည်သွားပြီး အရိုးဆူးများက တစ်ဘက်ကနေ တစ်ဘက်သို့ ထိုးဖောက်ထားသည်။
"ဝူး......." ၀က်ဝံကြီးပါးစပ်ဟလိုက်စဉ် သွေးများစီးကျလာသည်။ ၎င်း၏ မျက်လုံးများက ပြူးကျယ်နေပြီး မြေပေါ် ပြင်းထန်စွာလဲကျသွားကာ ဖုန်မှုန့်များကိုပင် မြင့်တက်သွားစေသည်။
အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်း သူ၀က်ဝံကြီးနှစ်ကောင်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။
တစ်ဘက်က အကြောင်းရင်းတစ်ခုခုကြောင့် တစ်ခဏတာကြက်သေသေနေခဲ့သော်လည်း ချီပင်လယ်နယ်ပယ်ခေါ် ရေအလျဉ်းစီးခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်က သားရဲဖြစ်နေဆဲပင်။
၎င်းတို့၏အရေပြားနှင့် အသားထူသလို သတ်ဖြတ်ရန်လည်း မလွယ်ကူပေ။
သို့သော် အသက်ရှုကြိမ်ရေသုံးကြိမ်အကြာတွင် ကျန်နေသည့်၀က်ဝံကြီးက တဖြည်းဖြည်း မူးဝေနေရာကနေ နိုးထလာသည်။
၎င်းက ခြေလက်များကိုဖြန့်ပြီး ကမ္ဘာတုန်လှုပ်မတတ်အော်သံကို ထုတ်လွှတ်ရင်း ကျောင်းယထံ ပြေး၀င်သွား၏။
၎င်း၏ဧရာမကိုယ်က တောင်ပေါ်တင်နင်းသည်။ ခြေလှမ်းတိုင်းတွင် ကောင်းချီးပေးဂူကျေးရွာတစ်ခုလုံးက တုန်ခါနေပုံရသည်။
သို့စေကာမူ ကျောင်းယ လက်မြှောက်လိုက်တာကို မြင်သောအခါ ၎င်းကနှစ်လှမ်းသာလှမ်းရသေးသည်။ အရိုးဆူးကျာပွတ်က တဝှီးဝှီးမြည်သံကို ထုတ်လွှတ်ရင်း အာကာသကို ဖြတ်သန်းပြီး အပေါ်သို့လွှဲယမ်းလာသည်။
ထို့နောက် အားတစ်ခုနှင့်အတူ လေထဲသို့ လွင့်မြောသွားပြီး ဝက်ဝံကြီး၏ ခေါင်းအထက်သို့ လွှဲယမ်းလာသည်။
ယင်းနောက်တွင် ရုတ်တရက်ကျဆင်းလာသည်။
ဒါက ဓားသိုင်းအကထဲမှ ဓားရှည်တစ်စင်းပမာ ကျဆင်းလာခဲ့ပြီး ၀က်ဝံကြီး၏ ခေါင်းကို ထိပ်ကနေ အောက်အထိ ထိုးဖောက်သွားသည်။
ကျန်ရှိနေသည့်၀က်ဝံမှာ မျက်လုံးလိမ့်လိုက်ပြီး တည့်တည့်ကျသွားရတော့သည်။
ဒီလိုနှင့် ၀က်ဝံကြီးသုံးခုက အသက်ရှုကြိမ်ရေဆယ်ကြိမ်အတွင်း ကျောင်းယ၏ ကိုင်တွယ်ခြင်းကို ခံလိုက်ရသည်။
မုရှီ ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်နေသည်။
ကျောင်းယဘယ်လောက်ထိ အားကောင်းသလဲဆိုတာ သူခံစားနိုင်သည်။
တစ်ချိန်တည်းမှာပင် လင်း၀င်းပြီး ထက်သန်သည့် အစ်ကိုကျောင်းယ ထွက်သွားနေတာကိုလည်း သူမြင်နေရသည်။
လက်ရှိတွင် ကျောင်းယ မုရှီအတွက် ယူလာပေးသည့် တစ်ခုတည်းသောခံစားချက်က ရေခဲစိုင်အောက်ခြေက အေးစက်လှသည့် ရေခဲတုံးတစ်ခုအလား အေးစပ်ကာ နှလုံးသားမဲ့ခြင်းပင်။
ဒါကအရိုးခိုက်တမျှအေးစက်လှပြီး သူ့အရိုးများနှင့် ဝိဉာဉ်ထံ နက်ရှိုင်းစွာ စိမ့်ဝင်နေသည်။
ကျောင်းယလှည့်လာပြီး မုရှီကို တည်ငြိမ်စွာ ကြည့်ပြီးနောက်တွင် ကျန်ရှိနေသည့် သားရဲအုပ်ထံ ဆက်လက်တိုး၀င်သွားသည်။
ရွာသားများ ဒီမြင်ကွင်းကိုမြင်သောအခါ အားပေးကြသည်။
လူသန်ကြီးများက လှံများကိုပင် ကောက်ကိုင်ပြီး ခြံစည်းရိုးကနေကျော်ကာ အော်ဟစ်ရင်း သားရဲရိုင်းများထံ ပြေး၀င်သွားကြ၏။
နောက်ကျောဘက်တွင် တိုက်ခိုက်ရေးစွမ်းအားမရှိသည့် ရွာသားများကမူ ပျော်ရွှင်စွာ ဆွေးနွေးနေကြ၏။
"ကျောင်းယက အခုအရမ်းအားကောင်းလာပြီ၊ သူ အဲဒီ၀က်ဝံကြီးသုံးကောင်ကိုတောင် အလွယ်တကူသတ်ပစ်ခဲ့တယ်"
"ပြီးတော့ ကျန်းဟီရောပဲ၊ အရင်က သူက ရွာမှာ လူ့ဇာတိခံယူထားတဲ့ နတ်ဆိုးဆိုပေမယ့် ရွာအတွက် အများကြီးကူညီပေးခဲ့တယ်"
ရွာသားများက မကျင့်ကြံကြသဖြင့် အထဲတွင် ဘာရှိသလဲဆိုတာ သူတို့နားမလည်နိုင်ကြဘဲ အပေါ်ယံကိုသာ မြင်နိုင်ကြသည်။
ကျောင်းယ ၀က်ဝံကြီးသုံးကောင်ကို တစ်ယောက်တည်း ကိုင်တွယ်ခဲ့သော်လည်း မုရှီ ၀က်ဝံကြီးသုံးကောင်ရှေ့တွင် ဒီလောက်ကြာကြာခုခံခဲ့တာကို သူတို့မတွေးမိကြပါ။
ကျန်းဟီ သားရဲအုပ်ကို တစ်ယောက်တည်း ၀င်ရောက်တိုက်ခိုက်သော်လည်း တခြားသူများ သားရဲအုပ်ကို ခုခံရန်အတွက် အကောင်းဆုံးကြိုးစားခဲ့တာကို သူတို့မတွေးမိကြပေ။
သားရဲများက မိန်းမောတွေဝေမှုထဲ ကျဆင်းသွားတာကို သူတို့မြင်နိုင်စွမ်းမရှိ။
ဟုန်ရင်နှင့် ကျန်သောသူများ ဒီမြင်ကွင်းကို ကောင်းကင်ပေါ်ကနေ မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြ၏။
"အဲဒီလူက ရှင်းဟုန်ယီရဲ့တပည့်မလား"
"ကြည့်ရတာ ရှင်းဟုန်ယီ သူ့ပန်းတိုင်ကို အောင်မြင်သွားခဲ့ပုံပဲ"
"အဲဒီ၀က်ဝံကြီးသုံးကောင်ကို တစ်ယောက်တည်းသတ်ပစ်တာက ရွာသားတွေရယ်၊ မုရှီနဲ့ တခြားသူတွေအတွက် ကြီးမားသည့် အမြင်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုကို ဖန်တီးဖို့အတွက် လုံလောက်နေပါပြီ.."
အိုက်ရွှယ်ကရော!
သူမ၏အမူအရာက အလွန်အမင်း မည်းမှောင်နေသည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းက သူမ နျိုကျောင်းနှင့် ကျန်သောသူများအတွက် စီစဉ်ပေးထားသည့် အခွင့်အလမ်းကို လုယူသွားသည့်အတွက်ကြောင့်ပင်။
သူတို့ပြပွဲတစ်ခု အတန်ကြာလုပ်နေခဲ့သော်လည်း အဆုံးသတ်တွင် ဒါက တခြားတစ်ယောက်၏ မင်္ဂလာ၀တ်စုံသာ ဖြစ်သွားရသည်။
အပိုင်း(1169) coming။