#မဲပေးမှုစတင်ခြင်း#
Vol. 83 Ch. 1169
လေးနာရီအကြာတွင် သားရဲအုပ်က နောက်ဆုံးတော့ အသတ်ခံလိုက်ရသည်။
ကောင်းချီးပေးဂူကျေးရွာတစ်ခုလုံးက ပျော်ရွှင်စွာဟစ်ကြွေးသံများနှင့် ပြည့်နှက်နေကြ၏။
သူတို့ဒီတစ်ကြိမ် သားရဲအုပ်၏ သက်ရောက်မှုကို သေချာပေါက် ခံနိုင်ရည်မရှိလောက်ဘူးဟု ထင်ခဲ့ကြသော်လည်း ယခုလိုဆိုးဝါးသည့်အခြေအနေမှာပင် ခံနိုင်ရည်ရှိခဲ့သည်။
ဒီကပ်ဘေးအတွင်း ရှင်ကျန်ရစ်သည့် ခံစားချက်က သူတို့ကို အားတက်စေသည်။
ထို့နောက် တိုက်ခိုက်ရေးစွမ်းအားမရှိသည့် ရွာသားများကမူ ခြံစည်းရိုးအပြင်ဘက်က မုရှီနှင့် ကျန်သောသူများအား ဒူးထောက်လိုက်ကြ၏။
ဒါကသက်တမ်းနှင့်ဘာမှမသက်ဆိုင်ဘဲ သူတို့ကို ကျေးဇူးတင်လိုသည့်အတွက်ကြောင့်သာ။
"ကျောင်းယ၊ ကောင်းချီးပေးဂူကျေးရွာကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျန်းဟီရေ၊ အနာဂတ်မှာ အမြဲလိုလို ငါ့နွားတွေကိုပဲ လာခိုးမနေနဲ့တော့၊ မင်းပြောလိုက်ရုံပါပဲ၊ ငါမင်းကြိုက်သလောက် ကျွေးမယ်"
ကျောင်းကမတုံ့ပြန်ပေ။ သူ့အမူအရာက အေးစက်နေဆဲပင်။
ကျန်းဟီကမူ ပြုံးလိုက်လေသည်။
လူသန်ကြီးများ ချူလေးနှင့် ဆေးဆရာ၀မ်ဆီက ကုသမှုများကို ခံယူနေစဉ် သူတို့ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
"မင်လေး၊ ချူလေး၊ ပြီးတော့ တခြားသူတွေလည်းရှိပါတယ်၊ ဒီကနေ ရှင်ကျန်နိုင်ခဲ့လို့ ကောင်းချီးပေးဂူကျေးရွာက မင်းတို့ကို ကျေးဇူးတင်ရမှာပါ"
ရှုမင်ခေါင်းညိတ်သည်။
တစ်ယောက်ကိုကုသပေးနေသည့် ချူလေးမှာ ရွာသားများ၏စကားလုံးများကို ကြားသောအခါ သူမမျက်နှာက ချက်ချင်းနီမြန်းသွားပြီး အလျင်အမြန်လက်ဝှေ့ယမ်းသည်။
"အာ...သမီးဘာမှမလုပ်ခဲ့ရပါဘူး"
"ချူလေး၊ ငါတို့ဆီမှာ နှိမ့်ချမနေပါနဲ့..." ချူလေး၏ ကုသခြင်းကို ခံနေရသည့် လူသန်ကြီးက နာကျင်မှုကို သည်းခံရင်းပြုံးသည်။
"မင်းသာငါတို့ကို မကုသပေးခဲ့ဘူးဆိုရင် ဒီခြံစည်းရိုးက ပြိုကျသွားတာကြာနေပြီ"
ဒါကဘာမှမဟုတ်သည့်အလား ထင်ရသော်လည်း ဒီစကားလုံးများက သူတို့ဘယ်သူ့ကို ပို၍စိတ်၀င်စားသလဲဆိုတာ ဖော်ပြနေသည်။
အိုက်ရွှယ်နှာမှုတ်ရင်း ထွက်သွားသည်။
နျိုကျောင်းနှင့် ကျန်သုံးယောက် တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် အလျင်အမြန် နောက်လိုက်သွားကြ၏။
သူမ၏အစီအစဉ်က ကျရှုံးပြီး ကြားဖြတ်ခံရသောအခါ သူမဘယ်လိုလုပ် စိတ်အခြေအနေကောင်းတော့မည်နည်း။
ဒီတဒင်္ဂ၌ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ ပြန်လာကြသည်။
ဒါကိုမြင်သောအခါ ဟုန်ရင်မေးသည်။
"အာ၊ အစ်ကိုကြီးက နတ်အင်ပါယာနယ်ပယ်ကို လုံး၀ချိုးဖျက်ခဲ့ပြီလား၊ ကြည့်ရတာ ဒီတစ်ခါ အများကြီးရသွားပုံပဲ"
ရှောင်ဟိုင်မေးသည်။
"ရှင်းဟုန်ယီရော"
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ အမူအရာများက လေးနက်သွားကြ၏။
ဒီအမူအရာကို မြင်သောအခါ ကျန်သောသူများကလည်း တစ်စုံတစ်ရာကို ခန့်မှန်းမိကြသည်။
"သူ့စွမ်းအားက ငါတို့စိတ်ကူးနိုင်တာထက်တောင် ပိုနေတယ်" ယဲ့ချိုးပိုင်၏အသံက အနည်းငယ်လေးလံနေသည်။
မုဖူရှန်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"သူ့စွမ်းအားကို သွေးကြောစွမ်းအားက ယူဆောင်လာပေးခဲ့ပုံပဲ၊ အခုသူက နတ်အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့် ဆိုပေမယ့် ကျွန်တော် နတ်သခင်နယ်ပယ် တစ်၀က်အဆင့်စွမ်းအားကို ထုတ်လွှတ်ခဲ့တုန်းက သူ့ကိုအောင်မြင်စွာ အနိုင်မယူနိုင်ခဲ့ဘူး၊ အများဆုံး အသာစီးတစ်ချို့ပဲ ရခဲ့တယ်"
မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့၏ စကားလုံးများကို ကြားသောအခါ ကျန်သောသူများ၏ အမူအရာများကလည်း အနည်းငယ် ပြောင်းလဲသွားကြ၏။
"ကြည့်ရတာ နတ်ဆိုးနယ်မြေရဲ့ သွေးကြောစွမ်းအားက ပေါ့သေးသေးတော့ မဟုတ်ဘူးဘဲ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"အနည်းဆုံးတော့ လက်ရှိထောက်လှမ်းရေးသတင်းတွေအရပေါ့"
"ဒါပေမယ့် သူ့မှာငါတို့ကို တိုက်ခိုက်ဖို့အတွက် ရည်ရွယ်ချက်မရှိဘူး၊ စောင့်ကြည့်ကြရအောင်"
.....
သားရဲအုပ်စီးကြောင်းအပြီးတွင် ရွာသားများ၏ မဲများကို အခြေခံအားဖြင့် ဆုံးဖြတ်ပြီးသွားလေပြီ။
လူတိုင်းဒါကိုသိကြသည်။
ထို့ကြောင့် ဒီနောက်ဆုံးကာလတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သူတို့တပည့်များကို မဲအတွက် တိုက်ခိုက်ရန် ဘယ်လိုကူညီရမလဲဆိုတာကို မတွေးစေဘဲ ယင်းအစား ပြုစုပျိုးထောင်ရန်အတွက် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ရွေးချယ်လက်ခံခဲ့သည့် တပည့်များဖြစ်ပေသည်။ ဒီကာလအပြီးတွင် သူတို့သေချာပေါက် ခွဲခွာကြရမည်သာ။
ကြီးပြင်းရန်လိုနေသေးသည့် ဒီတပည့်များကို နေရာတိုင်းတွင် ခေါ်ဆောင်သွားရန်ဟူသည် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့ကျင့်ကြံခြင်းနည်းလမ်းအားလုံးကို သင်ကြားပေးကြသည်။
ကျန်သည့်ခရီးစဉ်အတွက် သူတို့ကိုယ့်ကိုကိုယ်သာ အားကိုးရပေမည်။
ဆိုရိုးစကားတစ်ခုရှိသည် မဟုတ်ပေလော။ ဆရာက လမ်းပြပေးသော်လည်း ကျင့်ကြံခြင်းက တစ်ဦးချင်းအပေါ်မူတည်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မဲပေးသည့်နေ့ကို ရောက်လာလေပြီ။
ရွာသားများက ကျောက်တုံးအိမ်လေးအိမ်ရှေ့တွင် စုရုံးနေကြသည်။ ယဲ့ချိုးပိုင်တို့ကလည်း သူတို့တပည့်များနှင့်အတူ ပေါ်လာကြသည်။
အဖိုးအိုတစ်ဦးထရပ်လိုက်၏။ သူက ကောင်းချီးပေးဂူကျေးရွာ၏ အုပ်ချုပ်ရေးမှူးပေတည်း။
ကျေးရွာခေါင်းဆောင်ပြုံးသည်။
"ကောင်းပြီ၊ ဒီကျောက်တုံးအိမ်လေးအိမ်ရဲ့ ပိုင်ရှင်တွေက အချိန်အတော်ကြာလစ်လပ်နေခဲ့တာ၊ ဒီတစ်ကြိမ်တော့ လူတိုင်းမှာ ရွေးချယ်ချင်ကြတဲ့ သူတစ်ယောက်စီ ရှိမယ်လို့ ယုံကြည်ပါတယ်"
"စည်းမျဉ်းအရ လူတိုင်းအတွက် မဲတစ်မဲစီရှိတယ်၊ ရွာအုပ်ချုပ်ရေးမှူအနေနဲ့ ငါ့မှာတော့ သုံးမဲရှိတယ်၊ မင်းတို့ ရွေးချယ်ထားတဲ့ လူနာမည်တွေရေးပြီး ငါ့ကိုပေးလို့ရပါပြီ"
ရွာသားများက စကားပြောကာ ရယ်မောနေကြပြီး တုံ့ဆိုင်းမနေကြဘဲ နာမည်များကိုရေးကာ မဲပေးလိုက်ကြ၏။
သူတို့ ကိုယ်စားလှယ်လောင်းကို နှလုံးသားထဲကနေ ဆုံးဖြတ်ထားပြီးသားဆိုတာ ရှင်းနေသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ဒီမြင်ကွင်းအပေါ် တုံ့ပြန်ခြင်းမရှိပါ။
တခြားတစ်ဘက်တွင် မုရှီနှင့် ကျန်သောသူများက စိုးရိမ်ပူပန်နေကြသည်။
အိုက်ရွှယ်ဘက်က နျိုကျောင်းနှင့် ကျန်သုံးယောက်ကမူ မျက်လုံးပြူးနေကြသည်။
များမကြာမီ မဲများကို ရေတွက်ပြီးသွားသည်။ စာရွက်တစ်ရွက်စီကို ကျောက်တုံးအိမ်အတွက် ပြိုင်ပွဲ၀င်တိုင်း၏ နာမည်ပါသည့် ကျောက်ချပ်ပေါ်၌ ကပ်ထားသည်။
ပဉ္စမနေရာ၊ မုရှီ၊ ၂၁မဲ!
စတုတ္ထနေရာ၊ ကျောင်းယ၊ ၂၄မဲ!
တတိယနေရာ၊ ကျန်းဟီ၊ ၃၁မဲ!
ဒုတိယနေရာ၊ ချူလေး၊ ၆၇မဲ!
ပထမနေရာက ရှုမင်ဖြစ်ပြီး ၁၀၄မဲနှင့် လူစုကို ဦးဆောင်ထားသည်။
ဒါအားလုံးက မျှော်လင့်ထား၍ရသည်။
မည်သို့ပင်ဆိုစေကာမူ ရှုမသ်က တပ်မှူးဖြစ်သလို ဗိုလ်ချုပ်လည်းဖြစ်နေသည် မဟုတ်ပေလော။ သားရဲအုပ်စီးကြောင်းအပြီးတွင် လူတိုင်းက ရှုမင်၏ ခေါင်းဆောင်အရည်အချင်းကို မြင်ခဲ့ရသဖြင့် မဲများက တိုးလာခဲ့သည်။
မျှော်လင့်မထားဆုံးလူက တကယ်တမ်းတွင် ချူလေးဖြစ်လေသည်။
ချူလေးကိုယ်တိုင်ပင်လျှင် ကြက်သေသေနေသည်။
ငါဘာလို့မဲအများကြီးရတာလဲဆိုတာ ငါလည်းမသိဘူး!
မု၀မ်အာ အရာတိုင်းကိုမြင်သဖြင့် အပြုံးနှင့်အတူရှင်းပြသည်။
"ဒါကနင်ရသင့်တာပါပဲ၊ ရောဂါတွေကို ကုသခြင်းနဲ့ လူတွေကို ကယ်တင်တာက လူတွေကို သတ်တာနဲ့ နှိုင်းယှဉ်လို့မရဘူးလို့ မတွေးလိုက်နဲ့"
"တစ်ခါတစ်လေ စစ်ပွဲတစ်ပွဲအောင်မြင်ဖို့အတွက် ထောက်ပံ့ရေးကလည်း အဓိကကျတယ်"
"ဒါ့အပြင် နင်လူအများကြီးကို ကယ်တင်ခဲ့တယ်လေ၊ ရွာသားတွေကလည်း မြင်ခဲ့ပါတယ်"
"ဒါပေမယ့်....ဒါပေမယ့် သမီးဒါကို စိတ်မ၀င်စားဘူး" ချူလေးအလျင်အမြန်ပြောသည်။
မု၀မ်အာပခုံးတွန့်သည်။
"နင်လုပ်ချင်တာလုပ်လို့ရတယ်၊ နင်မလုပ်ချင်ဘူးဆိုရင် လက်လွှတ်လိုက်ပေါ့"
ထိုအခါမှသာ ချူလေးပျော်ရွှင်စွာ ခေါင်းညိတ်ပြီး လက်မြှောက်ကာ ဝှေ့ယမ်းသည်။
"ဒါ....အုပ်ချုပ်ရေးမှူးရေ၊ ကျွန်မ....ကျွန်မလက်လွှတ်ချင်တယ်"
ရွာအုပ်ချုပ်ရေးမှူးကြက်သေသေသွားသည်။
အိုက်ရွှယ်ဘေးက ၀မ်တန်တွင်လည်း ကြည့်ရဆိုးနေသည့်အမူအရာတစ်ခုရှိသည်။
အစက မု၀မ်အာ သူ့ပါရမီကို သဘောကျခဲ့ပြီး သူမ၏တပည့်ပင် ဖြစ်လာနိုင်ခဲ့သည်။
သို့သော် ယခုတွင်မူ သူကထိပ်ဆုံးလေးယောက်ကိုမဆိုထားနဲ့၊ ထိပ်ဆုံးရှစ်ယောက်ထဲတွင်ပင် မပါခဲ့ပါ။
ချူလေးကရော!
မု၀မ်အာနှင့်ကျင့်ကြံပြီးနောက် သူမဒုတိယနေရာကို ရခဲ့သည်သာမက အဆုံးတွင် ချူလေးက ကျန်သောလူတိုင်းလိုက်စားနေသည့် အရာတစ်ခုကိုပင် တိုက်ရိုက်လက်လွှတ်ခဲ့သည်။
ဒီအခိုက်အတန့်၌ ၀မ်တန်၏နှလုံးသားက နောင်တနှင့်ပြည့်နှက်နေသည်။
သူသာထိုတုန်းက အိုက်ရွှယ်ဘက်ကို မပြောင်းခဲ့ပါက ဒုတိယနေရာက သူ့နေရာဖြစ်လာမည်မဟုတ်ပေလော။
သို့စေကာမူ အခုဒါကိုပြောတာက အသုံးမ၀င်ပါ။ ၀မ်တန် သူ့ကံကြမ္မာကို လက်ခံရုံသာ တတ်နိုင်သည်။
ချူလေး၏ လက်လွှတ်မှုကြောင့် တတ်ယနေရာနှင့် စတုတ္ထနေရာက ကျောင်းယနှင့် မုရှီလက်ထဲသို့ ရောက်သွားသည်။
နျိုကျောင်းက အနီးကပ်လိုက်လာသည်။
နျိုကျောင်း၏မဲများက မုရှီ၏မဲများထက် နှစ်မဲသာလျှင် နောက်ကျကျန်နေခဲ့သည်။
နျိုကျောင်းထရပ်ကာ မုရှီကို ကြည့်ပြီးနောက် နက်မှောင်သည့်အမူအရာဖြင့် ပြောသည်။
"ဘာလို့လဲ၊ ငါကမင်းထက်အများကြီး ပိုအားကောင်းတယ်လေ၊ ဒါပေမယ့် မင်းမှာ ငါ့ထက်တောင် နှစ်မဲအပိုရှိတာလား"
ဒါက မဲနှစ်ခုကွာခြားချက်ကြောင့်တင်မဟုတ်ဘဲ နျိုကျောင်း ၀န်မခံချင်တာက ယဲ့ချိုးပိုင်နှင့် အိုက်ရွှယ်ကြားတွင် သူအိုက်ရွှယ်ကို ရွေးချယ်ခဲ့တာကိုပင်။
သို့စေကာမူ ယဲ့ချိုးပိုင်၏တပည့်မုရှီက သူ့ထက်နှစ်မဲပိုမြင့်နေသည်။
ဒါက သူ့မျက်နှာကို ရိုက်နှက်လိုက်ခြင်းပေတည်း။
"အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူးမှာ သုံးမဲကျန်သေးတယ်မလား"
ရွာအုပ်ချုပ်ရေးမှူးခေါင်းညိတ်သည်။
နျိုကျောင်းလေးနက်သည့်အသံဖြင့် ပြောသည်။
"ကျွန်တော်မုရှီနဲ့ တိုက်ခိုက်ချင်တယ်၊ ကျွန်တော်နိုင်ရင် အုပ်ချုပ်ရေးမှူးက ကျွန်တော့်အတွက် မဲပေးရမယ်"
ရွာအုပ်ချုပ်ရေးမှူးတွင် ကန့်ကွက်စရာမရှိပေ။ မည်သို့ပင်ဆိုစေကာမူ မူလက သူရှုမင်အတွက် မဲပေးလိုခြင်းပင်။ သို့သော် ရှုမင်က ဖိအားမပါဘဲ ချန်ပီယံဖြစ်လာသောအခါ သူကြိုက်တာသူလုပ်နိုင်လေပြီ။
သူမုရှီကိုကြည့်လိုက်၏။
"မုရှီ၊ မင်းသဘောတူလား"
မုရှီ ယဲ့ချိုးပိုင်ကို စိုက်ကြည့်သည်။
ယဲ့ချိုးပိုင်ပြောသည်။
"မင်းကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်"
ဒါကိုကြားသောအခါ မုရှီ ခေါင်းညိတ်ပြီး ပြတ်သားသည့်အမူအရာဖြင့် မိစ္ဆာနက်ဓားကို ဆွဲထုတ်ကာ ဓားထိပ်နှင့် နျိုကျောင်းကို ညွှန်ရင်းပြောသည်။
"ငါမင်းက အရင်ကရှုံးခဲ့တော့ ဒီတိုက်ပွဲမှာ အနိုင်ယူမယ်"
အပိုင်း(1170) coming။