← Chapters

#မုရှီ၏ဝှက်ဖဲ#

Vol. 83 Ch. 1170

#မုရှီ၏ဝှက်ဖဲ#

Vol. 83 Ch. 1170

သူလဲကျခဲ့သည့်နေရာကနေ ပြန်ထလာရပေမည်။ 

သူနျိုကျောင်းကို ခွန်းအားလျော့နည်းမှုကြောင့် ရှုံးနိမ့်ခဲ့ရသဖြင့် မုရှီ ပြန်အနိုင်ယူရန်အတွက် အခွင့်အ‌လမ်းတစ်ခု ပြန်ရှာချင်သည်။ 

သူတို့စကားပြောတာကို ကြားသည့်အပေါ် ရွာအုပ်ချုပ်ရေးမှူးအချက်ပြလိုက်သဖြင့် ရွာသားများစတင်နောက်ဆုတ်သွားကြပြီး သူတို့နှစ်ယောက်စလုံးအတွက် တိုက်ခိုက်ရန် နေရာအလုံ့လောက်ပေးလိုက်ကြ၏။ 

အိုက်ရွှယ် ယဲ့ချိုးပိုင်ကို ကြည့်ရင်း နှာခေါင်းရှုံ့သည်။

"ကြည့်ရတာ ရှင့်သူ့အပေါ် အတော်လေးယုံကြည်မှုရှိနေတုန်းပဲ"

ယခုလေးတွင် မုရှီ နျိုကျောင်း၏ တိုက်ခိုက်ရန်အတွက် တောင်းဆိုချက်ကို သဘောတူသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်ခဲ့သည်။ 

မည်သို့ပင်ဆိုစေကာမူ ဒါကစမ်းသပ်မှုတစ်ခုသာ။ မုရှိက မူလက စတုတ္ထနေရာတွင် တည်ငြိမ်စွာထိုင်နေခဲ့သည်။ ဒီတိုက်ပွဲကို လက်ခံခြင်းက အခြေအနေကို ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။ 

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။ 

"ငါသူ့ကိုအမြဲယုံကြည်ခဲ့တယ်"

"အတိတ်က သူမနိုင်နိုင်ဘူး၊ အခုလအနည်းငယ်ပဲ ရှိသေးတာပါ၊ ဘာက ပြောင်းလဲသွားနိုင်မှာမို့လဲ"

"ဒါကိုမပြောခင် ရလဒ်ကိုအရင်ကြည့်ကြတာပေါ့" ယဲ့ချိုးပိုင် အိုက်ရွှယ်ကို စိုက်ကြည့်ပြီးနောက် ခပ်ပေါ့ပေါ့ပြောသည်။ 

"အခုယုံကြည်မှုသာရှိမနေပေးဘူးဆိုရင် နောက်ပိုင်းကျရင် သူဒီကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး"

အိုက်ရွှယ်နှာခေါင်းရှုံ့ရင်း ဘာတစ်ခုမှမပြောတော့ဘဲ ယင်းအစား သူမ၏အကြည့်ကို မုရှီနှင့် နျိုကျောင်းတို့၏ တိုက်ပွဲမြေပြင်ထံ ပို့လိုက်၏။ 

နျိုကျောင်း မီးအဆင်းများနှင့် ပြည့်နှက်နေသည့် တုတ်ရှည်ကို ထုတ်ယူပြီး မုရှီကို တုတ်နှင့်ညွှန်ရင်း ဆိုးယုတ်စွာပြုံးသည်။ 

"အခုမင်းနယ်ပယ်က ငါ့ထက် အများကြီး နိမ့်ကျနေသေးတယ်၊ ရလဒ်က အရင်အတိုင်းဖြစ်နေဦးမှာပဲ"

မုရှီ မိစ္ဆာနက်ဓားကို ဓားအိမ်ကနေ ဖြည်းဖြည်းချင်းဆွဲထုတ်ရင်း လေးနက်သည့်အသံဖြင့်ဆိုသည်။ 

"ဒီတော့ဘာဖြစ်လဲ၊ မင်းက ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ ဆေးလုံးတွေသုံးထားတာ၊ အခုမင်းနဲ့တခြားသူတွေကြားက ခြားနားချက်ကို ခံစားရသင့်နေပြီမလား"

ဆေးလုံးကိုသာ အတင်းထုတ်ယူသုံးစွဲပါက နယ်ပယ်ပိုမြင့်လေလေ၊ ဘေးထွက်ဆိုးကျိုးများက ပိုသိသာလာလေလေဖြစ်သည်။ 

‌အော်ရာက အားနည်းမည်ဖြစ်ကာ ‌ခိုင်မာသည်ဟု ခံစားရတော့မည်မဟုတ်။ 

မုရှီ၏စကားက ချက်ကောင်းကို ထိသွားသည့်အလား နျိုကျောင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ဒေါသတကြီးပြောသည်။ 

"မင်းကိုတော့ အနိုင်ယူဖို့လုံလောက်တယ်"

အော်ဟစ်ပြီးနောက် နျိုကျောင်း၏ခန္ဓာက မုရှီထံ အမြောက်ဆံတစ်ခုပမာ ပစ်၀င်သွား၏။ သူ့လက်ထဲက မီးအဆင်းတုတ်က ရုတ်တရက် မုရှီအား ဖိသိပ်ပစ်သည်။ 

သူ့အော်ရာက အားနည်းသော်လည်း နယ်ပယ်တိုးပွားမှုက အစစ်အမှန်ဖြစ်သည်။ အနည်းဆုံးတော့ ဒါကနည်းနည်းပိုအားကောင်းသည်။ 

တုတ်ရှည်က မုရှီပေါ်ဖိသိပ်လာသည့်အခိုက်အတန့်၌ မီးအဆင်းများထဲကနေ မီးတောက်များက မီးမြွေများပမာ ထိုးထွက်လာပြီး မုရှီထဲသို့ အရူးအမူး ကိုက်ဖြတ်သည်။ 

ဒါကိုမြင်သောအခါ မုရှီနောက်ဆုတ်ရမည့်အစား ရှေ့ဆက်ခဲ့သည်။ သူရှေ့တစ်လှမ်းတိုးပြီး လက်ထဲက မိစ္ဆာနက်ဓားဖြင့် အပေါ်ကနေ အောက်သို့ ပိုင်းဖြတ်လိုက်၏။ 

ဒီအချိန်မှာပင် မဟာဓားသခင်ဆန္ဒက မုရှီကို လွှမ်းခြုံသွား၏။ ဒီပွင့်လှစ်နေသည့် လေဟာနယ်ထဲတွင် ဓားပိုင်နက်တစ်ခုက သူတို့နှစ်ဦးကြားက စစ်မြေပြင်၌ မြင့်တက်လာခဲ့သည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ အိုက်ရွှယ်ရော နျိုကျောင်းပါ ကြက်သေသေသွားလေတော့သည်။ 

မဟာဓားသခင်!

လအနည်းငယ်အတွင်း မုရှီ မဟာဓားသခင်ဓားနယ်ပယ်သို့ အမှန်တကယ် ချိုးဖျက်သွားခဲ့သည်။ 

"ဒီကလေးက တစ်ခုခုကိုဖုံးကွယ်ထားပုံပေါက်နေတာ၊ ဒီလိုကြီးမားတဲ့အရာမျိုးကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး" ဟုန်ရင်အပြုံးဖြင့်ပြောသည်။ 

စုန့်ရှောင်ကလည်း ရေရွတ်သည်။ 

"ဒီလိုမျိုးစေ့ကောင်းက သီးသန့်တောင်ပေါ်ကျေးရွာလေးတစ်ခုမှာ ရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး"

"အဆင့်မြင့်ကြယ်နယ်မြေမှာ ဓားတာအိုမှာ သူ့ပါရမီကို ရွယ်တူတွေကြားမှာ ထိပ်တန်းလို့ယူဆလို့ရတယ်"

ယဲ့ချိုးပိုင်ရယ်မောသည်။ 

လွန်ခဲ့သည့်လအနည်းငယ်က မုရှီကို ရက်စက်ကြမ်းကြုတ်သည့် သားရဲများနှင့် အဆက်မပြတ် တိုက်ခိုက်ခွင့်ပေးတာအပြင် သူကိုယ်သူ သူနှင့်အတူ ဓားရေးလေ့ကျင့်ခဲ့သည်။ ဓားနတ်ဘုရားဓားဆန္ဒနှင့် ဓားတာအိုနိယာမ၏ သန့်စင်မှုအောက်တွင် သူဘယ်လိုလုပ် အမြန်မတိုးတက်ဘဲ နေမည်နည်း။ 

ဒီဓားချက်နှင့်အတူ ဓားဆန္ဒမှ သိပ်သည်းထားသည့် အနက်ရောင်ဓားချက်က မီးမြွေတစ်ဒါဇင်ကျော်ကို တိုက်ရိုက်ချေမွဖျက်ဆီးပစ်သည်။ 

"ဒီတော့ဘာဖြစ်လဲ၊ နယ်ပယ်အရ သူငါ့ထက်မသာလွန်နိုင်သေးဘူး၊ သူငါ့ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

နျိုကျောင်းဒေါသတကြီးအော်ဟစ်ပြီး တုတ်ရှည်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ ဓားချက်အား ပြင်းထန်စွာရိုက်ချလိုက်၏။ 

ဘုန်း.......!

လေလှိုင်းကြီးတစ်ခုပျံ့သွားသည်။ 

ယဲ့ချိုးပိုင်လက်ညိုးထိုးလိုက်သောအခါ နောက်ဆက်တွဲလှိုင်းကို ခုခံရန်အတွက် အတားအဆီးတစ်ခု ထွက်လာသည်။ 

ဒါကသူတို့အတွက် ဘာမှမဟုတ်လောက်သော်လည်း ကျင့်ကြံခြင်း၌ ဘာအခြေခံမှ မရှိသည့် ထိုရွာသားများအတွက် အနည်းငယ် အန္တရာယ်ရှိသည်။ 

တခြားတစ်ဘက်တွင် နျိုကျောင်း၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ 

ဒီတုတ်ချက်က ဓားချက်ကို ရိုက်ခွဲပစ်ခဲ့သော်လည်း သူ့လက်အစုံကို ငုံ့ကြည့်သောအခါ တုတ်ကိုင်ထားသည့် လက်များပ အထိန်းအချုပ်မဲ့ တုန်ယင်နေလေသည်။ 

သူ့လက်မောင်း၌ သွေးစက်လေးများပင် ရှိသည်။ ဒါကဓားဆန္ဒမှတဆင့် ဖြစ်ပေါ်လာသည့် ပျံ့နှံ့နေသောထိခိုက်မှုပေတည်း။ 

ဒါဘယ်လိုလုပ်ဖြစ်ရတာလဲ!

နျိုကျောင်း မုရှီကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ 

ကျင့်ကြံခြင်းနယ်ပယ်၌ ကွာခြားချက်က ကြီးမားနေဆဲပင်။ 

ဒါ့အပြင် သိပ်မကြာသေးပါ။ 

သို့စေကာမူ တိုက်ချက်များဖလှယ်ပြီးနောက် မုရှီ၏အမူအရာက ပြောင်းလဲမသွားဘဲ သူနောက်ဆုတ်ခြင်းလည်းမရှိချေ။ မျက်နှာပေါ်၌ ပြတ်သားသည့်အကြည့်နှင့်အတူ သူတိုင်တောင်တန်းပမာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ 

သူကိုယ်တိုင်ကရော!

သူဒဏ်ရာရနေလေပြီ။ 

သားရဲရိုင်းများနှင့် အချိန်အတန်ကြာ တိုက်ခိုက်နေခဲ့ပြီးနောက် တစ်ဘက်ကို အသက်ရှူရန်အတွက် အခွင့်အရေးပေး၍မရတာကို မုရှီသိလာခဲ့သည်။ 

ခြေလှမ်းကြီးနှင့်အတူ သူနျိုကျောင်းထံသို့ လေတိုက်သည့်ပမာ ပြေး၀င်လာသည်။ 

မုရှီပြန်ပြေးလာတာကို မြင်ရသောအခါ နျိုကျောင်း၏ အမူမရာက ကြည့်ရဆိုးသွားသည်။ 

ငါကအလွယ်တကူ အနိုင်ယူနိုင်တဲ့လူလို့ မင်းတကယ်ထင်နေတာလား!

ထို့နောက် သူ့အကြည့်က အိုက်ရွှယ်ပေါ် ကျရောက်သွားသည်။ 

အိုက်ရွှယ်လက်ပိုက်ကာ ခေါင်းညိတ်ပြသည်။ 

ဒါကိုမြင်သောအခါ နျိုကျောင်းပြုံးသည်။ သူ့အပြုံးက အနည်းငယ်ရက်စက်နေသည်။ 

"ငါမင်းကို ဒီလိုကိုင်တွယ်မယ်...."

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တုတ်ရှည်ပေါ်က မီးအဆင်းများက အမှန်တကယ်းတင်လှုပ်ရှားကာ နျိုကျောင်းလက်တစ်လျှောက် ဆန့်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးအဆင်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ 

သူမျက်နှာကလည်း အလားတူပင်။ 

နျိုကျောင်း၏ကိုယ်ကနေ မီးခိုးဖြူများ ထွက်လာသညိ။ 

ဒါက မီးအဆင်းများကြောင့် သူ့အရေပြား လောင်ကျွမ်းနေသည့်အတွက်ကြောင့်ပင်။ နျိုကျောင်းပြုံးနေသည်။ သူနာကျင်နေသော်လည်း ဆိုးယုတ်သည့်အပြုံးကို အားထုတ်ပြုံးလိုက်၏။ 

"မင်းရှုံးပြီ"

ထို့နောက် သူ့အော်ရာက ထိုးတက်သွားသည်။ 

သူအဆင့်မချိုးဖျက်ခဲ့သော်လည်း မီးတောက်များက နျိုကျောင်း၏ မူလအပေါ်ယံအော်ရာကနေတဆင့် မြင့်တက်လာသည်။ 

ဒီမီးတောက်ဝိဉာဉ်ချီက နျိုကျောင်းတစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။ 

ထို့နောက်သူအော်ဟစ်ကာ ရှေ့တစ်လှမ်းတိုးလိုက်၏။ နျိုကျောင်း တုတ်ရှည်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရိုက်ချလိုက်လေသည်။ 

မုရှီကလည်း နျိုကျောင်းထံ ချဉ်းကပ်လာသည်။ မီးဝိဉာဉ်ချီပါရှိသည့်တုတ်ရှည်က အထက်ကနေ ကျဆင်းလာတာကို မြင်ရသည့်တိုင် မုရှီ၏အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိပါ။ 

"မင်းဒါကိုအစားထိုးဖို့အတွက် တခြားနည်းစနစ်တွေကို သုံးခဲ့ရင်တောင် ဝိဉာဉ်ချီက အပေါ်ယံလေးပါပဲ.... မင်းငါ့ကိုပေး‌တဲ့ ဖိအားက အဲဒီချီပင်လယ်နယ်ပယ်က ၀က်ဝံကြီးသုံးကောင်ထက် အများကြီးပိုအားနည်းပါသေးတယ်" မုရှီတည်ငြိမ်စွာပြောရင်း လက်ထဲက မိစ္ဆာနက်ဓားနှင့်အတူ ပိုင်းချလိုက်သည်။ 

အလင်းနက်နှင့်အတူ တောက်ပနေသည့်ဓားချက်က ဟင်းလင်းပြင်ကိုဖြတ်သန်းပြီး တုတ်ရှည်နှင့် တိုက်မိသည်။ 

မိစ္ဆာနက်ဓားကျင့်စဉ်၊ တတိယဓားချက်!

ခရက်ခ်.....!

ဒီဓားချက်‌အောက်တွင် မီးဝိဉာဉ်ချီပမာဏအများအပြားက နှစ်ပိုင်းကွဲသွားရသည်။ 

မီးဝိဉာဉ်ချီကနေ နျိုကျောင်းထိတ်လန့်သွား၏။ တုတ်ထဲက မီးဝိဉာဉ်ချီက အမှန်တကယ်ပင် အရူးအမူးပြန့်ကြဲနေတာကို သူရှင်းလင်းစွာ ခံစားနိုင်သည်။ 

ဒါက စွမ်းအင်လုံးတစ်ခုပမာ။ အပြင်ဘက်တွင် ဘာမှမဖြစ်ပျက်လာခဲ့သော်လည်း အထဲကစွမ်းအင်ကမူ လုံးဝပျံ့သွားခဲ့သည်။ 

ထက်ရှသည့်ဓားဆန္ဒက တုတ်ရှည်နှင့်အတူ လိုက်ပါလာပြီး နျိုကျောင်းကိုယ်ခန္ဓာအစိတ်အပိုင်းမျိုးစုံကို အဆက်မပြတ် ဖဖြတ်တောက်နေသည်။ 

ရှီး.......!

နျိုကျောင်း၏ကိုယ်ကနေ သွေးစက်များပွင့်ထွက်လာပြီး လူတိုင်း၏အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် သူလွင့်စင်သွားရတော့သည်။ 

ထို့နောက် မြေပေါ်တွင်လိမ့်ရင်း နာကျင်စွာအော်ဟစ်နေစဉ် သွေးများက အထိန်းအချုပ်မဲ့ စီးကျလာသည်။ 

မုရှီ သူ့၏လောင်ကျွမ်းနေသည့်လက်ဖဝါးကို ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ 

ကံကောင်းချင်တော့ သူတို့တိုက်ခိုက်၍ ပြီးသွားလေပြီ။ 

ထို့နောက်သူယဲ့ချိုးပိုင်ကို 'ဆရာ၊ ဒီတစ်ကြိမ် ကျွန်တော်ဆရာ့ကို အရှက်မရစေခဲ့ဘူးမလား'ဟု ပြောနေသည့်အလား အံ့ဩသင့်တကြီး ကြည့်လိုက်၏။ 

ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။ 

ရွာအုပ်ချုပ်ရေးမှူးကလည်း လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။ 

"နျိုကျောင်းရဲ့ဒဏ်ရာတွေကို ဆေး‌ဆရာ၀မ်ကို တစ်ချက်ကြည့်ခွင့်ပေးလိုက်ပါ၊ ရလဒ်တွေထွက်လာပါပြီ၊ ငါဒီမဲသုံးမဲကို မုရှီကိုပေးမယ်"

"မင်းတို့မှာ ကန့်ကွက်စရာတစ်ခုခုရှိလား"

အားလုံးခေါင်းညိတ်ကြသည်။ 

အိုက်ရွှယ် ဒေါသတကြီးကျိန်ဆဲသည်။ 

"သောက်အမှိုက်ကောင်"

အပိုင်း(1171) coming။ 

All Chapters