#ဖုံးကွယ်ထားတာလား#
Vol. 83 Ch. 1171
ဖုန်များကျလာခဲ့သည်။
အဆုံးတွင် ထိပ်ဆုံးလေးယောက်ကို နောက်ဆုံးတော့ ဆုံးဖြတ်ခဲ့လေပြီ။ သူတို့က ရှုမင်၊ ကျောင်းယ၊ ကျန်းဟီနှင့် မုရှီတို့ဖြစ်သည်။
အထက်အောက်လျှောက်နေခဲ့သည့် အိုက်ရွှယ်၏ တပည့်လေးဦးအနက် တစ်ဦးမှ ထိပ်ဆုံးလေးယောက်ထဲ မပါ၀င်ခဲ့ပါ။
အစက အိုက်ရွှယ်၏ ထင်ရှားသည့်တပည့်သစ်စုဆောင်းမှုက ရွာသားအားလုံးကို ဒီလူက ဒီအင်မော်တယ်ဆရာအုပ်စုအတွင်း အားအကောင်းဆုံးဟု တွေးထင်ခဲ့ကြစေသည်။
ယခုတွင်မူ.....!
ဟူးး၊ ဒီအကြောင်းကိုမပြောကြရအောင်!
အိုက်ရွှယ်ကရော!
သူမ ရှေ့က တပည့်လေးယောက်ကို မည်းမှောင်သည့်အမူအရာဖြင့် ကြည့်နေသည်။
နျိုကျောင်းခေါင်းငုံ့ထားသည်။
"ကျွန်တော်....ကျွန်တော် တောင်းပန်ပါတယ်၊ ဆရာ"
အိုက်ရွှယ် နျိုကျောင်းကို အေးစက်စွာကြည့်သည်။
ဒီအေးစက်သည့်အကြည့်ကို ခံစားမိသောအခါ နျိုကျောင်း ရေခဲတိုက်တစ်ခုထဲ ကျသွားသည့်အလားပင် ခံစားလိုက်ရသည်။
"ငါနင့်ကို အရင်းအမြစ်တွေ အများကြီးပေးခဲ့ပေမယ့် နင်ကအရမ်းစိတ်ပျက်စရာကောင်းလွန်းတယ်၊ နင်ရှိနေတာက ဘာအသုံး၀င်လို့လဲ"
နျိုကျောင်း၏မျက်နှာက အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သူပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိပေ။
"အခုကနေစပြီးတော့ နင်တို့ကိုယ့်ဘာသာလေ့ကျင့်နိုင်ပြီ၊ အနာဂတ်မှာ ငါ့နာမည်ကို မပြောနဲ့၊ ငါမျက်နှာမပျက်ချင်ဘူး"
နျိုကျောင်းနှင့် ကျန်သောသူများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
အိုက်ရွှယ်က သူတို့ကို ဂိုဏ်းကနေ နှင်ထုတ်လိုက်တာကို သူတို့သိပါသည်။
သို့စေကာမူ အိုက်ရွှယ်သူတို့ကို သူမ၏ တပည့်များအဖြစ် စစ်မှန်စွာ တစ်ခါမှ မဆက်ဆံဖူးပါ။ သူတို့က စမ်းသပ်မှုကို ဖြတ်ကျော်ရန်အတွက် အသုံးပြုရမည့် လက်ကိုင်တုတ်များသာ။
အိုက်ရွှယ်၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
သို့စေကာမူ ဒါကသူမ၏ကိုယ်ပိုင်ကိစ္စသာ။ သူတို့အတွက် အရမ်းကြီးဂရုစိုက်ရန် အဆင်မပြေပါ။
"ကျောက်တုံးအိမ်ရဲ့ပိုင်ရှင်ကို ဆုံးဖြတ်ပြီးပြီဆိုတော့ စမ်းသပ်မှုကိုပြီးပြီပေါ့" ဖန်ချန်းလှည့်ကြည့်လိုက်သော်လည်း အသံက ထွက်မလာသေးပါ။
ဒီအခိုက်အတန့်၌ ရွာအုပ်ချုပ်ရေးမှူးက ရုတ်တရက် ပြောလာခဲ့သည်။
"ရွာသားတို့၊ ကုသဖို့လိုတဲ့သူတွေ၊ လယ်ယာစိုက်ပျိုးရမယ့်သူတွေ၊ နွားကျောင်းရမယ့်သူတွေ၊ သွားကြတော့"
ရွာအုပ်ချုပ်ရေးမှူး၏ စကားလုံးများကို ကြားသောအခါ လူတိုင်း စကားပြောကာ ရယ်မောရင်း သွားကြသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ ပဟေဠိဖြစ်နေသည့် အကြည့်များအောက်တွင် ရွာအုပ်ချုပ်ရေးမှူးပြုံးရင်း ရှေ့းတိုးလာသည်။
"စမ်းသပ်မှုကို အောင်မြင်သူတွေက လက်ခံထားတဲ့တပည့်တွေကို နှုတ်ဆက်ဖို့အတွက် တစ်ရက်အချိန်ရပါမယ်"
ဒီနေရာတွင် ရွာအုပ်ချုပ်ရေးမှူး၏ အသွင်အပြင်ကလည်း သိသိသာသာပြောင်းလဲသွားသည်။
ကျင့်ကြံခြင်းအော်ရာမရှိသော်လည်း ဒီသိပ်သည်းသည့်ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်သောအခါ ကျယ်ပြန့်သည့် သမုဒ္ဒရာတစ်စင်းပမာ။
မြေအောက်အသူရာချောက်တနက်ပမာ။
မုဖူရှန်းပင်လျှင် သူ့ကိုမြင်နိုင်စွမ်းမရှိချေ။
ရွာအုပ်ချုပ်ရေးမှူး၏ ကိုယ်ပိုင်လက္ခဏာက သာမန်မဟုတ်တာရှင်းနေသည်။ သူက ဗလာနတ္ထိပုံတူထဲက စမ်းသပ်သူဖြစ်လောက်သည်။
"သေချာတာပေါ့၊ မင်းတို့နှုတ်ဆက်စရာ မလိုဘူးဆိုရင်တော့ ငါအခုအဓိကနေရာကို ခေါ်သွားပေးနိုင်ပါတယ်"
ရွာအုပ်ချုပ်ရေးမှူး၏ စကားလုံးများကို ကြားသောအခါ မုရှီနှင့် ကျန်သောတပည့်များ အနည်းငယ်ကြက်သေသေသွားကြ၏။
ချူလေး အလျင်အမြန်လှည့်ပြီး မု၀မ်အာ၏ အ၀တ်ထောင့်စွန်းကို ဆုပ်ကိုင်ရင်း အနည်းငယ်နှုတ်ခမ်းစူကာ မု၀မ်အာကို သနားချင်စဖွယ်မော့ကြည့်ပြီး တိုးတိုးလေးပြောသည်။
"ဆ...ဆရာ၊ ထွက်သွားတော့မှာလား"
မု၀မ်အာ ချူလေးကို ငုံ့ကြည့်ရင်း အားကိုးရာမဲ့စွာခေါင်းညိတ်သည်။
"ဒါဆို....ဒါဆို ဆရာ ချူလေးကို ထပ်နလိုချင်တော့ဘူးလား"
မု၀မ်အာ ဆောင့်ကြောင့်ထိုင်ကာ ချူလေး၏ခေါင်းကို ပွတ်သပ်သည်။
"ဖြစ်နိုင်မယ်ဆိုရင် ဆရာက နင့်ကိုလည်း ခေါ်သွားချင်တာပေါ့"
တစ်နှစ်တာပျိုးထောင်ပေးပြီးနောက် သူမ၏ ဒီတပည့် ချူလေးကို သူမသဘောကျသည်။
သူကအလုပ်ကြိုးစားပြီး သားသမီးကျင့်၀တ်ရှိသည်။
မုရှီကို စိုက်ကြည့်ရင်း ယဲ့ချိုးပိုင် ရွာအုပ်ချုပ်ရေးမှူးကို ကြည့်ပြီး မေးသည်။
"စီနီယာ၊ ကျွန်တော်တို့ရဲ့တပည့်တွေကိုလည်း ခေါ်သွားလို့ရနိုင်မလား"
ရွာအုပ်ချုပ်ရေးမှူးပြုံးသည်။
"ဘာလို့လဲ၊ သူတို့က မင်းတို့စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ လက်ခံခဲ့ကြတဲ့ တပည့်တွေပဲလေ၊ ရှင်းရှင်းပြောရရင် သူတို့က ကိရိယာလေးတွေသက်သက်ပဲ၊ ဘာလို့သူတို့ကို ပျိုးထောင်ဖို့ အပြင်ကိုခေါ်သွားချင်ရတာလဲ"
ရွာအုပ်ချုပ်ရေးမှူး၏ စကားလုံးများကို ကြားသောအခါ မုရှီနှင့်ကျန်သောသူများ သွေးဆုတ်ဖြူရော်သွားကြ၏။
"သူတို့က ကိရိယာတွေမဟုတ်ဘူး" ယဲ့ချိုးပိုင်ဖြေသည်ကိုပင် စောင့်မနေတော့ဘဲ မု၀မ်အာ ဒေါသတကြီးပြန်ပြောသည်။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်ပြုံးပြီး ခေါင်းခါယမ်းကာ မု၀မ်အာအတွက်သာ ထားလိုက်သည်။
"ကျွန်မတို့က အိုက်ရွှယ်လိုပဲလို့ ထင်နေတာလား၊ ပြောရရင် ကျွန်မတို့က တပည့်တွေကို ရိုးသားစွာလက်ခံပြီး သူတို့ကို ကိရိယာတွေအဖြစ် မဆက်ဆံဘူး"
အိုက်ရွှယ် "....."
နင်နဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ!
ငါအခုမပျော်မရွှင်ဖြစ်နေတာလေ၊ ဘာလို့ ငါ့ကို လာပြီး ထိုးနှက်နေရတာလဲ!
မု၀မ်အာ ချူလေးကို လက်နှစ်ဖက်လုံးနှင့် ဖက်ထားပြီး ရွာအုပ်ချုပ်ရေးမှူးကို ဒေါသတကြီးကြည့်သည်။
"ကျွန်မတို့သူတို့ကို မခေါ်သွားနိုင်ဘူးဆိုရင်တောင် သူတို့က ကျွန်မတို့ရဲ့ တပည့်တွေဖြစ်နေတုန်းပဲ"
မု၀မ်အာကိုကြည့်ရင်း ရွာအုပ်ချုပ်ရေးမှူး ရုတ်တရက်ပြုံးကာခေါင်းညိတ်သည်။
"ဒီလိုအတွေးမျိုးရှိဖို့ဆိုတာက အရမ်းရှားတယ်၊ ဒီလိုဆိုမှတော့ သူတို့ကို ခေါ်ထုတ်သွားလို့ရပါတယ်"
ရွာအုပ်ချုပ်ရေးမှူးက သူတို့ကို စမ်းသပ်မှုလေးတစ်ခုပေးခဲ့ပုံရသည်။
ရွာအုပ်ချုပ်ရေးမှူး၏အဖြေကို ကြားရသောအခါမှသာ မု၀မ်အာနှင့် ကျန်သောသူများ စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။
ထို့နောက် သူမပြုံးရင်း ချူလေးကိုကြည့်သည်။
"ကောင်းပြီ၊ အချိန်ကျလာတဲ့အခါကျရင် နင်ဆရာနဲ့အတူ ပြင်ပကမ္ဘာကို လိုက်လို့ရမယ်၊ ဘယ်လိုလဲ"
ချူလေး၏အမူအရာက ချက်ချင်းတောက်ပသွားသော်လည်း သူမ၏ မျက်နှာသေးသေးလေးက တဖြည်းဖြည်းမှိန်သွားပြန်သည်။
"ဒါပေမယ့်...အဖိုး...."
မု၀မ်အာပြုံးသည်။
"အဖိုးလည်း ငါတို့နဲ့အတူသွားလို့ရတယ်၊ အချိန်ကျတဲ့အခါကျရင် နင့်အဖိုးအတွက် မိသားစုနဲ့ နှစ်ခြိုက်ပျော်ရွှင်ဖို့ ဆရာ နေရာတစ်ခုရှာပေးမယ်"
ဒါကိုကြားသောအခါမှသာ ချူလေးမျက်နှာပေါ်က မည်းမှောင်မှုက ပျောက်ကွယ်သွား၏။
"ကောင်းပြီ၊ မင်းတို့ယူသွားဖို့အတွက် ဆုံးဖြတ်ကြပြီးပြီဆိုတော့ အခုငါနဲ့အတူ အဓိကနေရာကို သွားကြတော့မလား" ရွာအုပ်ချုပ်ရေးမှူးမေးသည်။
အရင်က တပည့်တွေကိုနှုတ်ဆက်ရန်အတွက် သူတစ်ရက်အချိန်ပေးမည်ဟု ပြောခဲ့သည်။
ယခုတွင်ဒါကို ထုတ်ပြောစရာမလိုတော့။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။
"ဒီလိုဆိုမှတော့ စမ်းသပ်မှုကို မအောင်မြင်တဲ့ တခြားသူတွေက ဒီမှာစောင့်နိုင်တယ်"
ဒီတဒင်္ဂမှာပင် အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရသည့် ရှင်းဟုန်ယီပေါ်လာသည်။
ဒါကိုမြင်သောအခါ ကျောင်းယ ရှင်းဟုန်ယီဘေးသို့လျှောက်သွားသည်။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ကလည်း ရှုပ်ထွေးလေးနက်သည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ရွာအုပ်ချုပ်ရေးမှူးကလည်း မျက်ခုံးပင့်ကာ ရှင်းဟုန်ယီကို ကြည့်ရင်းပြောသည်။
"နတ်ဆိုးဒေသအကြွင်းအကျန်လား၊ ယုတ္တိတန်စွာပြောရရင် မင်းက၀င်ခွင့်မရှိဘူးဆိုပေမယ့် လူသားဘိုးဘေးပြောခဲ့သလိုမျိုးပဲ စမ်းသပ်မှုကို အောင်မြင်သရွေ့ ဘယ်သူမဆို ၀င်နိုင်တယ်၊ သဘာ၀ကပဲ သူ့လမ်းစဉ်အတိုင်း ဆောင်ရွက်ပါစေ၊ ဒီလိုဆိုမှတော့ ငါ့နောက်ကလိုက်ခဲ့ကြပါ"
ထို့နောက် ရွာအုပ်ချုပ်ရေးမှူးလက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်စဉ် သူ့ရှေ့က လေဟာနယ်က ပါးလွှာသည့်စက္ကူစအလား ဆုတ်ဖြဲခံလိုက်ရသည်။
ထို့နောက်သူအရင်၀င်သွားသည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ သစ်သားလူနှင့် ရှင်းဟုန်ယီတို့ကလည်း ရွာအုပ်ချုပ်ရေးမှူးနောက်မှ လိုက်သွားကြသည်။
သုတို့၀င်သွားပြီးနောက် လေဟာနယ်က ချက်ချင်းပိတ်သွားသည်။
ပိတ်သွားသည့် ဟင်းလင်းပြင်အက်ကြောင်းကို ကြည့်ရင်း ကျန်းချင်းလန် နှုတ်ခမ်းကွေးလိုက်မိသည်။
"လူသားဘိုးဘေးစီနီယာတွေ ဘာတွေးနေသလဲဆိုတာ ငါတကယ်မသိတော့ဘူး၊ နတ်ဆိုးဒေသအကြွင်းအကျန်ကို ၀င်ခွင့်ပေးတာလား၊ သူဗလာနတ္ထိပုံတူကို ရသွားရင်ရော"
မုဇီရှင်းရယ်မောသည်။
"မစိုးရိမ်ပါနဲ့၊ သူရမှာမဟုတ်ပါဘူး"
ကျန်းချင်းလန် မုဇီရှင်းကို စိုက်ကြည့်ကာ အားကိုးရာမဲ့စွာပြောသည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ နင့်ရဲ့ယဲ့ချိုးပိုင်ကပဲ ရမှာပါ၊ ဟုတ်တယ်မလား"
မုဇီရှင်းရှက်သွေးဖြာသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
မုဇီရှင်း ယဲ့ချိုးပိုင်ကို အမြဲလိုလို အပြည့်အ၀ယုံကြည်သည်။
"ဒါပေမယ့် အဲဒီပျင်းစရာကောင်းတဲ့လူ ၀င်သွားရင် ကြီးကြပ်ရေးဗိမာန်ရဲ့ပန်းတိုင်က မအောင်မြင်လောက်တော့ဘူးမလား" စုန့်ရှောင်အပြုံးဖြင့်ပြောလာသည်။
အိုက်ရွှယ်နှာခေါင်းရှုံ့သည်။
"နင်တောင်မှ ဒီလိုနည်းလမ်းကို တွေးနိုင်တယ်ဆိုတော့ ဒါက ငါ့ပန်းတိုင်က အောင်မြင်နေပြီလို့ ဆိုလိုနေတာပဲလေ"
ဒါကိုကြားသော် စုန့်ရှောင်၏ အမူအရာက ပြောင်းလဲသွား၏။
မုဇီရှင်းနှင့် ကျန်သောသူများကလည်း လှမ်းကြည့်လိုက်ကြသည်။
"ငါက ကြီးကြပ်ရေးဗိမာန်ရဲ့ ခေါင်းဆောင်ဆိုပေမယ့် အားအကောင်းဆုံးမဟုတ်ဘူး" အိုက်ရွှယ်ခေါင်းခါယမ်းသည်။
"ငါ၀န်မခံချင်ပေမယ့် သူ့ခွန်အားက ငါ့ထက်အများကြီးသာတယ်"
"နင်တို့မှာ သူ့ကိုဆန့်ကျင်ဖို့ အခွင့်အလမ်းလေးတစ်ခုတောင် ရှိမှာမဟုတ်ဘူး"
မည်သို့ပင်ဆိုစေကာမူ အထဲသို့ အသံပို့၍မရတော့လေရာ အိုက်ရွှယ်နောက်ထပ် ဖုံးကွယ်ထားခြင်းမရှိတော့ပါ။
အပိုင်း(1172) coming။