← Chapters

#သစ်သားလူ၏ အစစ်အမှန်ခွန်အား#

Vol. 83 Ch. 1172

#သစ်သားလူ၏ အစစ်အမှန်ခွန်အား#

Vol. 83 Ch. 1172

သူအာကာသတခြားတစ်ဘက်ကနေ ထွက်လာပြီး ခန်းမတစ်ခုထဲသို့ ၀င်သွားသည်။ သူကနောက်ထပ် ရှုထောင့်တစ်ခုကို တက်လှမ်းသွားသည့်အသွင်။ ဆန်းကြယ်ကာ ထူးခြားသည့်စွမ်းအင်တစ်ခုက သူ့ထံ လိမ့်၀င်လာသည်။ 

ခန်းမထဲက နေရာကအတော်လေးကြီးမားကျယ်ပြောသည်။ 

မျက်စိတဆုံး ဧရာမကျောက်တိုင်ကြီးများကို သံနက်ဖြင့်ပြုလုပ်ထားပြီး အတော်လေး ခိုင်ခံ့ပုံရသည်။ မျက်နှာပြင်ပေါ်က အဆင်းများက နဂါးအကြေးခွံများပမာ စုဆုံနေပြီး ခန်းမ၏ အမိုးခုံးတစ်ခုလုံးကို ထောက်ကူပေးထားသည်။ 

ရှေ့သို့ကြည့်ပါက ခန်းမအလယ်တွင် ဧရာမယဇ်ပလ္လင်တစ်ခုရှိသည်။ ယဇ်ပလ္လင်ကို ရှေးဟောင်းအက္ခရာများနှင့် ရေးထွင်းထားသည်။ မြက်ခင်းများဖုံးနေသော်လည်း သိပ်သည်းထူထပ်သည့် မြက်ခင်းများမှ ခပ်မှိန်မှိန်အလင်းရောင်တစ်ခု ထွက်လာနေဆဲပင်။ 

အမွေးတိုင်များစွာက ယဇ်ပလ္လင်ကို ၀န်းရံထားပြီး ကောင်းကင်ဘုံမီးတောက်ကဲ့သို့ တောက်ပသည့်အလင်းနှင့် လောင်ကျွမ်းနေသည်။ 

ယဇ်ပလ္လင်အထက် အမွေးတိုင်များအလယ်တွင် အပြာရောင်အလင်းနှင့် တဖျပ်ဖျပ် လင်း၀င်းနေသည့် စက်လုံးတစ်လုံးရှိသည်။ 

စွမ်းအင်စီးကြောင်းများက စက်လုံးတစ်ဝိုက်တွင် ပုံမမှန်စွာစီးဆင်းနေပြီး အတော်လေးတည်ငြိမ်ပုံမပေါ်ပေ။ 

ရွာအုပ်ချုပ်ရေးမှူး ရှေ့သို့လျှောက်သွားပြီး ယဇ်ပလ္လင်အောက်ခြေသို့ ရောက်လာသောအခါ လူတိုင်းကို လှည့်ကြည့်သည်။ 

"ဒါက ဗလာနတ္ထိပုံတူရဲ့ ဗဟိုချက်ပါ၊ မင်းတို့ဗသိုချက်ကို ရနေသရွေ့ ဗလာနတ္ထိပုံတူက မင်းတို့အပိုင်ပဲ"

"ဒါဆိုဗဟိုချက်ကို ဘယ်လိုရနိုင်မလဲ" ယဲ့ချိုးပိုင်မေးသည်။ 

"အရမ်းရိုးရှင်းပါတယ်၊ မင်းတို့ ဗလာနတ္ထိပုံတူရဲ့စွမ်းအားနဲ့ ကိုက်ညီနေသရွေ့ ဗဟိုချက်က အသိအမှတ်ပြုလာလိမ့်မယ်" ရွာအုပ်ချုပ်ရေးမှူးပြုံးသည်။ 

"ဘာပဲဆိုဆို စမ်းသပ်မှုကလည်း အခြေခံအားဖြင့် ပြီးသွားပြီလေ"

"ဒါပေမယ့်"

ဒီနေရာတွင် ရွာအုပ်ချုပ်ရေးမှူး အကြောင်းအရာကို ပြောင်းပစ်သည်။ သူ့အသံက လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည်။ 

"လူတိုင်းမှာ အခွင့်အလမ်းတစ်ခုစီရှိတယ်၊ ဒါပေမယ့် ဗလာနတ္ထိပုံတူက တစ်ခုတည်းပဲရှိတယ်၊ ငါဘာကိုဆိုလိုသလဲဆိုတာ မင်းတို့နားလည်တယ်မလား"

တစ်နည်းအားဖြင့် ဗဟိုချက်က အသိအမှတ်ပြုနေသရွေ့ အဆင်ပြေသည်။ အကယ်၍ ပထမဆုံးသွားပြီး အသိအမှတ်ပြုခြင်းခံရပါက တခြားသူများတွင် အခွင့်အလမ်းမရှိတော့ပါ။ 

ရှိနေသူတိုင်းတွက် ဒီအခွင့်အရေးရှိသည်။ 

ထို့ကြောင့်ဘယ်သူအရင်ဆုံး ကြိုးစားရမလဲဆိုတာ သူတို့ဆုံးဖြတ်ရပေမည်။ 

လေးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ 

"ဒါဆိုတိုက်ခိုက်ကြရအောင်၊ အနိုင်ရသူက အရင်ဆုံးသွားသူဖြစ်ရမယ်" ယဲ့ချိုးပိုင်ပခုံးတွန့်သည်။ 

ဒါကယခုအတွက် တစ်ခုတည်းသော အဖြေပေတည်း။ 

ထို့ကြောင့် သစ်သားလူယဲ့ချိုးပိုင်ကို ကြည့်လာသည်။ 

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း ရှေးဟောင်းရွှေနတ်ဓားကို ထုတ်ယူသည်။ 

"စီနီယာ၊ ကျေးဇူးပြုပြီး အကဲဖြတ်ပေးပါ"

ရွာအုပ်ချုပ်ရေးမှူးပြုံးရင်း ခေါင်းညိတ်သည်။ 

အမှန်ဆိုရပါက သစ်သားလူက သူ့ခွန်အားကို တစ်ခါမှ မဖော်ထုတ်ခဲ့သဖြင့် တစ်ဘက်လူက ဘယ်လိုမျိုးလဲဆိုတာ ယဲ့ချိုးပိုင်မသိပေ။ 

သို့စေကာမူ အများကြီးတွေးတောနေစရာမလိုပါ။ တိုက်ခိုက်ပြီးသောအခါ သူသိရမည်သာ။ 

ယဲ့ချိုးပိုင် ရှေးဟောင်းရွှေနတ်ဓားကို ကိုင်လိုက်စဉ် သူ့၏ဓားပိုင်နက်က ပေါက်ကွဲသွား၏။

ဓားနတ်ဘုရားဓားဆန္ဒက ကျယ်ပြောသည့် ခန်းမတစ်ခုလုံးတွင် ချက်ချင်းပြည့်နှက်သွားသည်။ 

ထို့နောက် သူသစ်သားလူထံ တိုး၀င်သွားသည်။

လျှပ်စီးကဲ့သို့ အလင်းနှင့်အတူ တစ်ချက်တည်းနှင့် ယဲ့ချိုးပိုင် တစ်ဘက်လူ၏ရှေ့ကို ရောက်လာလေပြီ။

သစ်သားလူဒါကို မြင်သောအခါ သူ့၏ ခပ်အအအမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။ တောက်ပသည့်အလင်းတစ်ချက်က သူ့မျက်လုံးတစ်လျှောက် ဖြတ်သန်းသွား၏။ 

ယဲ့ချိုးပိုင် အနည်းငယ်ထိတ်လန့်သွားသော်လည်း သူ့လက်ထဲက ဓားက ဖြတ်တောက်နေလေပြီ။ 

ကလန်.....!

သူ့လက်ထဲကဓားက သစ်သားလူ၏ကိုယ်ကို မဖြတ်ဘဲ ယင်းအစား သတ္တုချင်းတိုက်မိသည့် နားကွဲလုနီးပါးအသံထွက်လာသည်။ 

သစ်သားလူလက်မြှောက်ပြီး ယဲ့ချိုးပိုင်၏ဓားကို လက်မောင်းနှင့်ပိတ်ဆို့ပစ်သည်။ 

ဓားအစွန်းက သူ့အင်္ကျီလက်ကို ဖြတ်တောက်မိသဖြင့် အထဲက ရွှေရောင်သံလက်အိတ်ကို ဖော်ပြသည်။ 

ယဲ့ချိုးပိုင်ကို တွေးတောတုံ့ပြန်ရန်အတွက်ပင် အခွင့်အရေးမပေးဘဲ သစ်သားလူ တခြားလက်တစ်ဖက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်၏။ 

ယဲ့ချိုးပိုင်တုံ့ပြန်လာသောအခါ ဒီလက်က သူ့ရင်ဘတ်ပေါ်သို့ ကျရောက်နေလေပြီ။ 

ဒုန်း......!

လေလှိုင်းတစ်ခုက ယဲ့ချိုးပိုင်၏ ရင်ဘတ်ကို ချက်ချင်းထိုးဖောက်သွားလေရာ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရသည်။ 

သူ့ခန္ဓာက ပုဇွန်တုပ်ပမာ ကွေးသွားပြီး အမြောက်ဆံတစ်ခုပမာ နောက်သို့ လွင့်စင်သွား၏။ 

ထို့နောက် သံတိုင်တစ်ခုနှင့်တိုက်မိပြီး ကျယ်လောင်သည့်အသံတစ်ခု မြည်လာပြီးနောက်တွင်သာရပ်သွားသည်။ 

ဟုန်ရင်၏မျက်လုံးများက ကျဉ်းသွားပြီး သစ်သားအမူအရယက ပျောက်သွားပြီး ဂရုမစိုက်သည့်အမူအရာက အစားထိုးထားသည့် သစ်သားလူအား ကြည့်လိုက်သည်။ 

"နင်ကအကြာကြီးပုန်းကွယ်နေတာပဲ၊ ကြည့်ရတာ နင်က ကြီးကြပ်ရေးဗိမာန်မှာ အားအကောင်းဆုံးလူပဲဖြစ်ရမယ်"

ကျန်းမု ဒီအချက်ကို ပြောနေစရာမလိုဘဲ သဘောတူသည့်အလား ထူးမခြားနားစွာ ရှိနေသည်။ 

ထို့နောက် သံတိုင်အောက်ကနေ ဖြည်းဖြည်းချင်းထလာသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း သူထူးမခြားနားစွာပြောသည်။ 

"မင်းတိုက်ခိုက်ချင်သေးတယ်ဆိုရင် ငါမင်းကိုအဖော်လုပ်ပေးလို့ရပါတယ်၊ ဒါပေမယ့် လိုအပ်မယ်လို့တော့ ငါမထင်ဘူး"

ခြားနားချက်က သိသာထင်ရှားနေလေပြီ။ ဒါက နည်းနည်းလေးသာမဟုတ်။ 

ဒီတိုက်ခိုက်မှုနှင့်အတူ ကျန်းမု သူ့၏ နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ထုတ်ဖော်ပြသခဲ့သည်။ 

ယခုယဲ့ချိုးပိုင်က နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကိုသာ ရောက်သေးသည်။ 

ဒါ့အပြင် ကျန်းမုက သာမန်လူတစ်ယောက်မဟုတ်။ 

ယဲ့ချိုးပိုင် ချိုင့်နေသည့်ရင်ဘတ်ကိုကိုင်ရင်း ပါးစပ်ထောင့်စွန်းက သွေးများကို သုတ်လိုက်ပြီးနောက် လေးနက်စွာပြောသည်။ 

"ငါကြိုးစားကြည့်ရမယ်"

ဒီစကားနှင့်အတူ ဓားပိုင်နက်ထဲက ဓားဆန္ဒတိုင်းက ရှေးဟောင်းရွှေနတ်ဓားပေါ်၌ စုစည်းလာသည်။ 

ယဲ့ချိုးပိုင် ဓားကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး ကျန်းမုအား ထပ်မံတိုက်ခိုက်လိုက်၏။ 

သူကျန်းမုအနား ချဉ်းကပ်လာစဉ် အထဲက ဓားဆန္ဒက လေနှင့်အတူ ပြင်းထန်သည့် ပွတ်တိုက်မှုတစ်ခုကို ဖြစ်နေပုံရသည်။ ၎င်းက တဖြည်းဖြည်းအနီရောင်ပြောင်းသွားသည်။ 

သူကျန်းမုရှေ့ကို ရောက်လာသောအခါ အနီရောင်ဓားဆန္ဒပါရှိနေသည့် ရှေးဟောင်းရွှေနတ်ဓားက ကျန်းမုရင်ဘတ်ကို ထိုးစိုက်ပစ်သည်။ 

ကျန်းမု အနည်းငယ်မျက်ခုံးပင့်ကာ ဒီမြင်ကွင်းကို ထူးမခြားနားစွာကြည့်သည်။ 

"သက်တန့်စိမ့်ဓားဧကရာဇ်ရဲ့ သက်တန့်ချိုးဖျက်ဓားပညာရပ်လား၊ မင်းနယ်ပယ်က အရမ်းနိမ့်ကျနေသေးတာ နှမျောစရာပဲ...."

သူ့လက်ဖဝါးပေါ်၌ လေပြင်းက ဧရာမလက်ဖဝါးချက်တစ်ခုအဖြစ် စုစည်းလာပြီး လေနံရံတစ်ခုပမာ ရှေးဟောင်းရွှေနတ်ဓားနှင့် ဆက်စပ်သွား၏။ 

သို့စေကာမူ သက်တန့်က လေနံရံလက်ဖဝါးချက်ကို ထိုးဖောက်သွားပုံမပေါ်ဘဲ ယင်းအစား ရှေးဟောင်းရွှေနတ်ဓား လက်ဖဝါးချက်ပေါ်သို့ ကျရောက်လာသောအခါ ကျန်းမု လက်ဖဝါးချက်ကို ဖြည်းဖြည်းချင်းပိတ်လိုက်စဉ် ထိုလက်ဖဝါးချက်ကလည်း ဖြည်းဖြည်းချင်းဖမ်းဆုပ်ပစ်သည်။ 

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏ အမူအရာက တင်းကြပ်သွားသော်လည်း သူ့ခွန်အားကို သူအသုံးပြုထားလေပြီ။ ယခုသူအတင်းကြားဖြတ်ပြီး လက်ဖဝါးချက်အကွာအဝေးကနေ လွတ်မြောက်ရန် ကိုယ်ခန္ဓာကို အတင်းကွေးညွတ်လိုက်ရလေရာ ယဲ့ချိုးပိုင်ထပ်မံတစ်ချက်ညည်းညူလိုက်ရပြန်သည်။ 

သို့သော် ယဲ့ချိုးပိုင်နောက်မဆုတ်ဘဲ ကိုယ်ကိုကိုင်းပြီး ကျန်းမု၏ကိုယ်အောက်ပိုင်းသို့ ရောက်သွားသည်။ သူ့လက်ထဲကဓားက ပိုင်းဖြတ်လိုက်လေသည်။ 

ကျန်းမုခပ်ပေါ့ပေါ့ပင်ပြောသည်။ 

"ကိုယ်တွယ်ဖို့နည်းလမ်းကောင်းပဲ"

၎င်းနောက် သူကန်ကျောက်ပစ်သည်။

ရှေးဟောင်းရွှေနတ်ဓားက သူ့ဒူးခေါင်းကို ဖြတ်သွားသော်လည်း သတ္တုချင်းတိုက်မိက ထပ်ကျော့မြည်ဟီးလာသည်။ 

ကျန်းမာ၏ခြေထောက်တွင်လည်း ရွှေရောင်ချပ်၀တ်ရှိသည်။ 

ထို့နောက် ကျန်းမုခုန်လိုက်ပြီး တခြားခြေတစ်ဖက်နှင့် ပစ်ကန်လိုက်၏။ 

ဘန်း.....!

ယဲ့ချိုးပိုင်လက်မောင်းနှင့် တားဆီးချင်သော်လည်း သူတို့၏ကျင့်ကြံခြင်းနယ်ပယ်နှင့် ခွန်အားက လုံး၀မတူညီသည့်အဆင့်တွင် ရှိနေလေရာ ထပ်မံလွင့်စင်သွားရပြန်သည်။ 

ကျန်းမု၏နယ်ပယ်က သာမန်နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးထက် အများကြီးပိုမြင့်သည်။ 

သူက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကိုပင် ရောက်နေလောက်သည်။ 

ကျန်းမုဆက်ပြောရန်ပြင်နေစဉ် ယဲ့ချိုးပိုင်လွင့်စင်သွားသည်နှင့် ဓားအိမ်တစ်ခုက ယဲ့ချိုးပိုင်ရှေ့တွင် ပေါ်လာပြီး ဓားများက ကျန်းမုအား ထိုးဖောက်သွား၏။ 

ဒါ့အပြင် ဓားတိုင်းက သက်တန့်ချိုးဖျက်ဓားပညာရပ်နှင့် ပြည့်နှက်နေသည်။ 

ကျန်းမု၏အမူအရာက အနည်းငယ်အေးခဲသွား၏။ သူနောက်တစ်လှမ်းဆုတ်ပြီး ကိုးပေရှည်ကြယ်ကြွေဓားကို လက်ဖဝါးနှင့် ပိတ်ဆို့ပစ်သည်။ 

သို့စေကာမူ ဓားများက နေရာတိုင်းကနေ ပိုင်းဖြတ်လာကြသည်။ 

ဒါကိုမြင်သောအခါ ကျန်းမု အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့ရင်း ရွှေရောင်အလင်းက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသည်။ 

သူ့ကိုယ်ပေါ်ကအ၀တ်များက စုတ်ပြဲသွားရပြီး အထဲက ရွှေရောင်ချပ်၀တ်ကို ဖော်ပြသည်။ 

သူ့လက်ထဲတွင် စစ်ပုဆိန်သွားပါလှံရှည်တစ်စင်းပေါ်လာသည်။ စစ်ပုဆိန်သွားလှံရှည်ကို သူလက်နှစ်ဖက်နှင့်ကိုင်ပြီး လက်ကောက်၀တ်ကို ကွေးလိုက်စဉ် လှံရှည်ကလည်း လည်ပတ်သွားသည်။ 

ကျန်းမု၏ဗဟိုချက်နေရာကနေ ကောင်းကင်ထက်သို့ မုန်တိုင်းတစ်စင်း ၀င်ရောက်ထိုးဖောက်သွားသည်။ 

ဓားများကိုတွန်းဖယ်ရင်း မုန်တိုင်းက ပေါက်ကွဲသွားသောအခါ ဓားအားလုံးက အတင်းတွန်းခံရသည်။ 

ကျန်းမု လေးနက်နေသည့်ယဲ့ချိုးပိုင်ကို ကြည့်ရင်း ရွှေရောင်လှံရှည်ကို ကိုင်ကာ အနည်းငယ်ခေါင်းညိတ်သည်။ 

"မင်းမဆိုးဘူး၊ ဒီနယ်ပယ်မှာ ငါ့ခွန်အားအပြည့်သုံးရအောင်အထိ တွန်းအားပေးနိုင်ခဲ့တယ်၊ ငါတို့စာ နယ်ပယ်တူဆိုရင် ဒါက တကယ်ပြောဖို့ခက်တယ်"

"ဒါပေမယ့် အခုကစပြီး မင်းမှာ ဘာအခွင့်အလမ်းမှ မရှိတော့ပါဘူး...."

အပိုင်း(1173) coming။ 

All Chapters