#ဓားသေတ္တာထိန်းချုပ်ခြင်းဓား၊ ဓားပေါင်းစပ်မှု#
Vol. 83 Ch. 1173
ကျန်းမု၏ခွန်းအားကို မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
ကျန်းမု၏ခွန်အားက မုဖူရှန်းက အရင်ကအာရုံခံမိခဲ့သော်လည်း အများဆုံး နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိသည်ဟု အာရုံခံနိုင်ခဲ့သည်။ သူပိုနက်ရှိုင်းသည့်ခွန်အားကို ရှာမတွေ့နိုင်ခဲ့ပါ။
ထိုအချိန်က ကျန်းမု ခွန်အားကို ဖုံးကွယ်ထားသည်ဟု မုဖူရှန်းနှင့်ကျန်သောသူများ မှန်းဆခဲ့ကြသော်လည်း ဒီလောက်ထိ အားကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဒီလူက နတ်အင်ပါယာနယ်ပယ်ထက်ပင် သာလွန်နေလေပြီ။ သူ့ကို နတ်သခင်နယ်ပယ်အောက်က အားအကောင်းဆုံးလူဟုပင် ခေါ်နိုင်သည်။
ကျန်းမု ရွှေချပ်၀တ်ကို၀တ်ဆင်ထားပြီး လက်ထဲတွင် ရွှေလှံရှည်ကိုကိုင်ထားသည်။ ရွှေရောင်အလင်းကနေ လေပြင်းများထိုးထွက်နေသည်။
ပြန်လည်ထရပ်လာသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း ကျန်းမုအနည်းငယ် ခေါင်းညိတ်သည်။
"ဓားတာအိုလမ်းကြောင်းမှာ မင်းဒီလောက်ဝေးဝေးလျှောက်နိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
ဒါ့အပြင်ဒါက အဆုံးသတ်မဟုတ်။ ဓားနှင့်ဓားမြှောင်များတွင် မျက်စိမပါပါ။
ဒီစိတ်အခြေအနေကို အခြေခံမည်ဆိုပါက ယဲ့ချိုးပိုင်က သူမြင်ဖူးသမျှလူများထဲတွင် ဓားကို ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးလူတစ်ယောက်ပင်။
ယဲ့ချိုးပိုင်၏အမူအရာက လေးနက်နေသည်။ ပြေး၀င်လာနေသည့် လေပြင်းက သူ့အဖြူရောင်အ၀တ်အစားကို ဆုတ်ဖြဲပစ်သည်။ ၎င်းနောက် သူရှေးဟောင်းရွှေဓားအိမ်ကို လက်နှစ်ဖက်ကိုင်ပြီး မြေကြီးပေါ်သို့ အပြင်းအထန်ရိုက်ချလိုက်၏။
ဓားပိုင်နက်မြင့်တက်လာစဉ် ယဲ့ချိုးပိုင် ရှေးဟောင်းရွှေးဓားအိမ်နှင့်ညွှန်ပြသည်။ ဓားပိုင်နက်ထဲက ဓားဆန္ဒက အမှန်တကယ်စတင်ဖိသိပ်လာသည်။ ဓားပိုင်နက်ကို ရှေးဟောင်းရွှေဓားအိမ်ထဲ ဖိသိပ်လိုက်သောအခါ ဓားချီက အထိန်းအချုပ်မဲ့ ထွက်လာသည်။
"ဓားဧကရာဇ်ကို ကျော်ကြားစေခဲ့တဲ့ ကောင်းကင်ဘုံပစ္စည်းက မရိုးရှင်းဘူး" ကန့်လန့်ဖြတ်လာသည့်ဓားချီကို ကြည့်ရင်း ကျန်းမု ထူးမခြားနားစွာပြောသည်။
"ဒီတော့ဘာဖြစ်လဲ"
ကျန်းမု ယဲ့ချိုးပိုင်နောက်တစ်ခေါက်တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းရန်အတွက် ရည်ရွယ်ချက်မရှိပါ။ သူညာလက်တွင် လှံရှည်ကိုကိုင်ပြီး ထူးမခြားနားသည့် အမူအရာဖြင့် ယဲ့ချိုးပိုင်ဘက်မှ လေထုကို ထိုးဖောက်ပစ်သည်။
ချက်ချင်းဆိုသလို ရွှေရောင်အလင်းဖြင့် တောက်ပနေသည့် လေဆင်နှာမောင်းတစ်ခုက ယဲ့ချိုးပိုင်ထံ နဂါးတစ်ကောင်ပမာ ပြေး၀င်သွား၏။
လေဟိန်းသံက နဂါးအော်သံအလားထင်ရသည်။
လေထုက ထက်ရှသည့်လှံဆန္ဒဖြင့် သိပ်သည်းနေသည်။
ဒါကထက်ရှလွန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။
ခန်းမက အင်မတန်ခိုင်မာသည်။ အပြင်ပတွင်ဆိုပါက မြေကြီးပင်လျှင် မြင့်တက်လာလောက်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ဟုန်ရင် မျက်မှောင်ကြုတ်သည်။ ဒီလေပြင်းကနေ သူမကြီးမားသည့်ဖိအားကို ခံစားရသည်။
ယဲ့ချိုးပိုင် နဂါး၏တိုက်ခိုက်မှုကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။ သူညင်သာစွာ တစ်ချက်အော်ဟစ်ရင်း လက်အစုံနှင့် ရှေးဟောင်းရွှေဓားအိမ်ကို ရုတ်တရက် ဖွင့်လိုက်လေသည်။
ဓားအိမ်က နှစ်ဘက်စလုံးကနေ ပွင့်လာပြီး ဓားငါးချောင်း ထပ်မံပျံသန်းသွား၏။
ကိုးပေရှည်ကြယ်ကြွေဓား၊ သစ်သားဓား၊ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား၊ ငွေနဂါးဓားနှင့် ရှေးဟောင်းရွှေနတ်ဓားတို့က အရင်ကနှင့်မတူတော့ပါ။ အထက်က ဓားဝိဉာဉ်အော်ရာကလည်း အံ့ဩစရာကောင်းနေသည်။
ဓားနတ်ဘုရားနှင့် ဓားဝိဉာဉ်တို့က အထဲတွင် ပေါင်းစပ်သွားသည်။
ဓားငါးချောင်းထိပ်တွင် ဓားတာအိုနိယာမနှင့် ရောထွေးနေသည့် ဓားနတ်ဘုရားဓားဆန္ဒက ထွက်လာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျန်းမု၏ အမူအရာကအနည်းငယ် ပြောင်းလဲသွားသလို ရှင်းဟုန်ယီ၏ အမူအရာကလည်း ပြောင်းလဲသွားရသည်။
ဓားတာအိုနိယာမ!
ဒီနယ်ပယ်မှာပင် ယဲ့ချိုးပိုင်တွင် ဓားတာအိုနိယာမအမျှင်စတစ်ခု ရှိနေပြီလား။
ခေးအောစ့်အနှစ်သာရဓားသခင်ကဟာ ဒီနယ်ပယ်၊ ဒီအဆင့်တွင်ရှိပေသည်။
သို့စေကာမူ ဒါကအဆုံးသတ်မဟုတ်သေး။
ယဲ့ချိုးပိုင်၏မျက်လုံးများက အနည်းငယ် အေးစက်သွား၏။ သူမျက်မှောင်ကြုတ်ကာ ရုတ်တရက် လက်နှစ်ဖက်ကို ပူးကပ်လိုက်လေသည်။
လက်ဖဝါးနှစ်ချက်ကို အတူတကွပူးကပ်ထားပြီးနောက် သူကျန်းမုဘက်သို့ တွန်းလိုက်သည်။
ဒါကဓားတစ်ချောင်းထိုးဖောက်ပစ်သည့်အသွင်။
"ဓားသေတ္တာ၊ ဓားကိုထိန်းချုပ်ပါ၊ ဓားကို ပေါင်းစပ်ပါ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းရွှေဓားအိမ်က အသံမြည်လာပြီး အပြင်းအထန် စတင်တုန်ခါလာသည်။
ဓားငါးချောင်းက ပျံသန်းနေပြီဖြစ်သေည်လည်း ဓားအိမ်ထဲကနေ ဓားဟစ်ကြွေးသံတစ်သံထွက်လာနေဆဲပင်။ ၎င်းက ဓားများကို စီးနေသည့်အလားထင်ရသည်။
ဒီအခိုက်အတန့်၌ မုန်တိုင်းဆီသို့ ဦးတည်နေသည့် ဓားငါးချောင်းက ထက်ရှသည့်ဓားမြည်သံတစ်ခုစီကို ထုတ်လွှတ်သည်။
လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ဓားငါးချောင်းက တစ်ချောင်းအဖြစ် ပေါင်းစည်းသွားသည့်အလား အမှန်တကယ်ပိုမိုနီးကပ်လာကြ၏။
ဓားငါးချောင်းစုဝေးမှုမှ ဖန်တီးသည့် ကြောက်စရာကောင်းသော ဓားဆန္ဒက ကြီးမားသည့်ဓားအလင်းတစ်ခုကို ဖွဲ့စည်းပြီး မုန်တိုင်းနှင့်အတူ တိုက်မိသည်။
ဂျုန်း........!
တိုက်မိသည့်နေရာကနေ တဂျုန်းဂျုန်းမြည်သံများက ဘက်ပေါင်းစုံသို့ ပျံ့သွားသည်။
မုန်တိုင်းကကျဆင်းလာသည်။ မုန်တိုင်းနောက်တွင် ဓားဆန္ဒနှင့်လှံဆန္ဒတို့က ဆကါလက်တိုက်မိနေသည်။
ဟုန်ရင်နှင့် ရှင်းဟုန်ယီတို့ ဒီမြင်ကွင်းကို စူးစိုက်စွာ ကြည့်နေကြ၏။
ရှင်းဟုန်ယီ ယဲ့ချိုးပိုင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခုဖြင့် ကြည့်လိုက်မိသည်။
ကျင့်ကြံခြင်းနယ်ပယ်ကွာခြားချက်က အတော်လေးကြီးမားနေသည့်တ်ုင် သူတစ်ဘက်လူကို ရပ်တန့်စေရန်အတွက် တိုက်လိုက်နိုင်သေးသည်။
မိသားစုလျှို့ဝှက်နည်းစနစ်ပေါင်းစပ်မှုနှင့် သွေးဖလှယ်ခြင်းတို့၏ တိုးပွားမှုကြောင့်သာ မဟုတ်ပါက သူမ ဘ၀တစ်လျှောက်လုံး ယဲ့ချိုးပိုင်၏ ကျောကိုပင် မမြင်ရလောက်ပေ။
ကျန်းမု၏ အမူအရာကလည်း ပိုပို၍ လေးနက်လာသည်။
"မင်းငါ့ကို ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"
သူစကားပြောပြီးသွားသောအခါ ယဲ့ချိုးပိုင်လက်အစုံကို ရှေ့သို့တွန်းလိုက်ပြန်သည်။
ဓားငါးချောင်း၏အသံက ပို၍ပင်ကျယ်လောင်လာသည်။ ၎င်းတို့က မုန်တိုင်းကို ကျော်ဖြတ်ပြီး ကျန်းမုအားတိုက်ရိုက်ပင် ထိုးဖောက်ပစ်သည်။
ကျန်းမုထိတ်လန့်သွားသည်။ ကျယ်လောင်သည့် အော်ဟစ်သံတစ်သံနှင့်အတူ သူ့လက်ထဲက လှံရှည်နှင့် ရှေ့သို့ ထိုးနှက်ပစ်ပြန်သည်။
သူဓားငါးချောင်းကို ပိတ်ဆို့ထားခဲ့သည်။
ရူးသွပ်ဖွယ်ရာဓားဆန္ဒက လှံရှည်နောက်ကနေ လိုက်လာပြီး ကလန်ဟူသော အသံနှင့်အတူ ရွှေချပ်၀တ်ကို ပိုင်းဖြတ်သည်။
ဒီအခိုက်အတန့်၌ ယဲ့ချိုးပိုင်၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး ကောက်ကျစ်စွာပြုံးသည်။
"ဒီလှုပ်ရှားမှုက ဘယ်လိုလဲဆိုတာ ငါသိချင်မိတယ်"
ကျန်းမုကြက်သေသေသွားသည်။ ယဲ့ချိုးပိုင် သူ့ကိုကြည့်ရင်း လက်ချောင်းကို ညင်သာစွာ တောက်လိုက်၏။
ဓားငါးချောင်းကြားက သိပ်သည်းနေသည့်ဓားဆန္ဒက ဒီတဒင်္ဂ၌ ထပ်မံပေါက်ကွဲသွားပြန်သည်။
ဓားပိုင်နက်က ကျန်းမုကိုလွှမ်းခြုံသွား၏။
ဓားဆန္ဒက ကျန်းမုတစ်ကိုယ်လုံးထဲသို့ စတင်စိမ့်၀င်လာသည်။
ယဲ့ချိုးပိုင်၏နယ်ပယ်က သူ့ထက်အများကြီး အားနည်းသော်လည်း ဓားတာအိုနယ်ပယ်ကမူ အတော်လေးမြင့်မားသည်။
ထူးခြားသည့်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ကျန်းမုပင်လျှင် ယဲ့ချိုးပိုင်၏ဓားကို သူ့ကိုယ်ခန္ဓာနှင့် ထိပ်တိုက်ရင်မဆိုင်ရဲပေ။
ဒီဓားဆန္ဒ၏ ထိုးဖောက်မှုအောက်တွင် ကျန်းမု၏မျက်နှာက ဖြူရော်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။
ဒီဓားဆန္ဒက သူ့ချပ်၀တ်အကာအကွယ်ကို လျစ်လျူရှုပြီး ကိုယ်ထဲသို့ တိုက်ရိုက်ထိုးဖောက်သွားပုံရသည်။
နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ဓားသမားတစ်ယောက်ကြောင့် ငါတကယ်ဒဏ်ရာရသွားတာလား!
တစ်ခဏကြာ ကျန်းမု မယုံနိုင်ဖြစ်နေခဲ့သည်။ နယ်ပယ်တူများကလူများနှင့် တိုက်ခိုက်ခဲ့သည့်တိုင် သူတို့ကို သူအမြဲချေမွပစ်လေ့ရှိသည်။
ဒါကိုတွေးမိသောအခါ ကျန်းမု၏ အမူအရာက အနည်းငယ်မည်းမှောင်သွားပြီး ဒေါသတကြီးအော်ဟစ်သည်။
"မင်းကစားပြီးပြီလား"
သူရုတ်တရက် ကြမ်းပြင်ကို ခြေထောက်ဖြင့် တက်နင်းသည်။
ရုတ်ချည်းဆိုသလို စစ်ပုဆိန်သွားတပ်လှံရှည်မှ လှံဆန္ဒက ကောင်းကင်ပေါ်သို့ ပစ်၀င်သွားပြီး ဓားပိုင်နက်ကို တိုက်ရိုက်ထိုးဖောက်သွား၏။
တစ်ချိန်တည်းမှာပင် ကျန်းမုကို ဗဟိုပြုရင်း မုန်တိုင်းတစ်စင်းက ကြီးမားသည့်ပေါက်ကွဲမှုတစ်ခုအလား နေရာတိုင်းသို့ တိုက်ခတ်သွားသည်။
ဓားငါးချောင်းက ချက်ချင်းလွင့်စင်သွားရသည်။ ၎င်းတို့က လေထဲတွင်ပင် ဓားငါးချောင်းအဖြစ် ကွဲထွက်ကာ ရှေးဟောင်းရွှေဓားအိမ်ထဲသို့ ကျသွားကြသည်။
ယဲ့ချိုးပိုင်ဒါကိုမြင်သောအခါ သူ့ရှေ့တွင် ရှေးဟောင်းရွှေဓားအိမ်ရှိနေသည့်တိုင် သူ ဒီလေပြင်း၏ သက်ရောက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရသွားသည်။
သူကြိုးပြတ်သွားသည့် စွန်တစ်စင်းအလား လွင့်စင်သွားရပြီး လေထဲတွင်ပင် ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရသည်။
မြေပေါ်ကျလာသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း ကျန်းမု၏ အမူအရာက အေးစက်နေသည်။ သူပါးစပ်ထောင့်စွန်းက သွေးများကို လက်မနှင့် သုတ်လိုက်၏။
"မင်းငါ့ကို တကယ်ဒဏ်ရာရစေခဲ့တာလား၊ မဆိုးဘူး၊ ပါရမီရှင်ဓားသမားတစ်ယောက်အနေနဲ့ ငါ့ရဲ့ကြီးကြပ်ရေးဗိမာန်ကို မင်း၀င်ချင်လား"
"ကြီးကြပ်ရေးဗိမာန်ကို ၀င်မှ မင်းပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရလာမှာ၊ မဟုတ်ဘူးဆိုရင် ဒီသေမျိုးနယ်မြေမှာ မင်းပါရမီကို သည်းခံနိုင်တဲ့ ဂိုဏ်းဘယ်ဂိုဏ်းမှ မရှိဘူး၊ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းကလည်း အတူတူပဲ"
ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက ဓားသမားများကိုသာ လက်ခံသည့် တစ်ခုတည်းသော နတ်သခင်အဆင့်ဂိုဏ်းဖြစ်သည်။
ကျန်းမု ယခုလိုစကားလုံးများကိုပင် ပြောရဲသဖြင့် ကြီးကြပ်ရေးဗိမာန်၏ ပုန်းလျှိူနေသည့်အမွေအနှစ်ကို ပုံဖော်ကြည့်၍ရသည်။
ယဲ့ချိုးပိုင် ဒဏ်ရာအပြင်းအထန် ရထားသည့် ကိုယ်ကို ထရပ်ရန်အတွက် အတင်းကြိုးစားလိုက်၏။ ထို့နောက်သူပြုံးရင်း တိမ်ပြာဓားကို ထုတ်ယူရန်ပုင်လိုက်စဉ် ဟုန်ရင်၏ အသံထွက်လာသည်။
"ကြီးကြပ်ရေးဗိမာန်ကို ၀င်ရမှာလား၊ မလိုပါဘူး၊ ဒါပေမယ့် နင့်စကားအရဆိုရင် ငါတို့နောက်ကွယ်က ဂိုဏ်းကတောင် ကြီးကြပ်ရေးဗိမာန်ထက် နိမ့်ကျတယ်ပေါ့"
ကျန်းမုပြုံးသည်။
"မသိသာလို့လား"
ဟုန်ရင်ခေါင်းညိတ်သည်။ ပြန်လည်မွေးဖွားခြင်းလှံက သူမလက်ထဲတွင် ကျလာပြီး အင်ပါယာဆန္ဒက တဖြည်းဖြည်းထိုးတက်လာသည်။
"ရန်ငြိုးနှစ်ခုရှိတယ်"
ကျန်းမု အနည်းငယ် မျက်မှောင်ကြုတ်သည်။
ဟုန်ရင် ကျန်းမုကို ကြည့်နေသည့်အလား သူမ၏မျက်လုံးများက ထူးမခြားနားစွာ ရှိနေသည်။
"ပထမအချက်၊ အစ်ကိုကြီးကို နင်ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် မလုပ်ခဲ့သင့်ဘူး"
"ဒုတိယက ဆရာက ကြွားဝါရတာကို မကြိုက်ပေမယ့် ငါတို့ဂိုဏ်းကို နင်မစော်ကားသင့်ဘူး"
အပိုင်း(1174) coming။