#တိုက်ပွဲအတွင်းချိုးဖျက်ခြင်း၊ လှံသုံးဆင့်နှင့် အောင်ပွဲ#
Vol. 83 Ch. 1174
လုချန်ရှန်း သူဘတပည့်များကို အပြင်ဘက်သို့ သွားရောက်သောအခါ ဂိုဏ်းအကြောင်းနှင့်ပတ်သက်ပြီး ဘယ်တော့မှမကြွားဝါရ၊ သို့မဟုတ် သူ့အချက်အလက်များနှင့် စံအိမ်တော်၏ အခြေခံအုတ်မြစ်ကို ဘယ်တော့မှ မဖော်ထုတ်ရဟူ၍ အလေးပေးပြောခဲ့သည်။
ဒီနှစ်များအတွင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒီမူကိုလိုက်နာခဲ့ကြသည်။
သို့စေကာမူ တစ်ယောက်ယောက်က စံအိမ်တော်က သူတို့လောက်မကောင်း၊ အစရှိသည်တို့ကို ပြောလာပါက ဟုန်ရင် ဒေါသဖြစ်မည်သာ။
ဘယ်သူကများ သူတို့ဂိုဏ်းအကြောင်းကို တခြားသူများအား မကောင်းပြောစေချင်မည်နည်း။
ကျန်းမု အနည်းငယ်မျက်ခုံးပင့်ကာ ဟုန်ရင်၏ ကြေညာချက်ကိုကြားပြီးနောက် ယှဉ်၍မရနိုင်လောက်အောင် လှပသည့် အမျိုးသမီးကို အကဲခတ်တိုင်းတာကြည့်ရင်း ကောက်ကျစ်စွာပြုံးသည်။
"မင်းနယ်ပယ်ကလည်း အဲဒီဓားသမားနဲ့ အတူတူဖြစ်ပုံပဲ၊ သူ့ကိုငါအနိုင်ယူပြီးသွားပြီ၊ မင်းမှာ အခွင့်အရေးတစ်ခုရှိမယ်လို့ ထင်လား"
ဟုန်ရင် ကျန်းမုအတွက် အသက်ရှူသံလေးတစ်ချက်ကိုပင် မဖြုန်းတီးချင်ပေ။
ရလဒ်လောက်ဘာမှအသုံးမ၀င်။
ရှေ့တစ်လှမ်းတိုးလိုက်စဉ် အင်ပါယာဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွား၏။ ၎င်းက ဟုန်ရင်နောက်တွင် စုစည်းသွားပြီး ကြီးမားသည့်အရိပ်တစ်ခု ပေါ်လာပုံရသည်။ အနီးကပ်ကြည့်ပါက ဒီအရိပ်က ရွှေရောင်နဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်၌ ဖီးနစ်ငှက်မွေးပါသည့် အနီရောင်ပန်းဖွားတစ်ခုရှိနေတာကို မြင်နိုင်ပေသည်။
ဟုန်ရင်အနည်းငယ် လက်မြှောက်လိုက်စဉ် အရိပ်ကြီးကလည်း လက်မြှောက်သည်။
အင်ပါယာဆန္ဒက ခန်းမတစ်ခုလုံးထဲတွင် ချက်ချင်းဆိုသလိုဖိသိပ်သွားသည်။
ကျန်းမူ၏ မျက်သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားခဲ့သည်။ ဒီအင်ပါယာဆန္ဒက သူ့ကိုယ်ကို ဖိနှိပ်ထားပြီး အလွန်အမင်းပြင်းထန်သည့်ဖိအားတစ်ခုက သူ့တစ်ကိုယ်လုံးအတွင်း ပျံ့နေသည်။
သူ့ရုပ်ခန္ဓာတင်မဟုတ်ဘဲ သူ့အသိစိတ်နှင့် အသိစိတ်ပင်လယ်ကပါ သက်ရောက်ခံရသည်။
သူ့ကိုယ်ခန္ဓာက တုန်ယင်နေပြီး အင်ပါယာဆန္ဒဖိနှိပ်မှုကို ခုခံရန်အတွက် အကောင်းဆုံးကြိုးစားနေသည်။ သို့စေကာမူ ကျန်းမုစိတ်ထဲတွင် သူ့ကိုအညံ့ခံပြီး ဟုန်ရင်ရှေ့တွင် ဒူးထောက်ကာ အရှင်မဟု ခေါ်ဆိုရန်အတွက် နားချနေသည့်အသံများက မြည်ဟီးနေသေးသည်။
ဘေးကနေ တိတ်တဆိတ်ကြည့်နေသည့် ရှုအုပ်ချုပ်ရေးမှူးပင်လျှင် အနည်းငယ် အံ့ဩသင့်သွားရသည်။
ယခုလိုကြီးမားသိပ်သည်းသည့် အင်ပါယာဆန္ဒက ဒီနယ်ပယ်က ဂျူနီယာလေးတစ်ယောက်ထံတွင် တကယ်ပေါ်လာခဲ့သည်။
ကျန်းမုမယုံနိုင်ဖြစ်နေသည်။
ဒီဖိအားက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက် သူ့ထံ ယူလာနိုင်သည့်အရာတစ်ခုလား!
သူထပ်မစောင့်နိုင်တော့ပါ။
ကျန်းမုအံကြိတ်ရင်း ဒူးအစုံကို အနည်းငယ်ကွေးပြီး လှံရှည်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်၏။ သူ့ခြေထောက်များက ရုတ်တရက် ဖြောင့်တန်းသွားသည့်အခိုက်အတန့်၌ သူ့တစ်ကိုယ်လုံးက ဟုန်ရင်ထံ လေဆင်နှာမောင်းပမာ တိုး၀င်သွားသည်။
"လေလုံးထွားလိုက်တာ"
သူတို့အချင်းချင်းထိပ်တိုက်ရင်ဆိုင်နေသရွေ့ တစ်ဘက်လူက သူ့အစစ်အမှန်ပုံစံကို သေချာပေါက်ထုတ်ဖော်ပြသလိမ့်မည်ဟု ကျန်းမုယုံကြည်သည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းမုပြေး၀င်လာတာကို ဟုန်ရင်ကြည့်နေသော်လည်း သူမ၏အမူအရာက ပြောင်းလဲခြင်းမရှိ။ သူမတည်ငြိမ်နေဆဲဖြစ်ပြီး နောက်မဆုတ်ပေ။
ယင်းအစား လက်ထဲက ပြန်လည်မွေးဖွားခြင်းလှံကို မြှောက်ရင်း ကျန်းမုရှိရာသို့ ထိုးစိုက်လိုက်၏။
လှံထိပ်တွင် ပြန်လည်မွေးဖွားခြင်းတာအိုနိယာမက လေစီးကြောင်းတစ်ခုပမာ လေးလံစွာ ရောယှက်နေသည်။ အင်ပါယာဆန္ဒကလည်း လှံထိပ်တွင် သိပ်သည်းနေသည်။
သူမနောက်က အရိပ်ကြီးကလည်း လှံကိုကိုင်ထားသည်။
ကျန်းမုအေးစက်စွာ နှာမှုတ်သည်။ သူ့လက်ထဲက ရွှေရောင်လှံက ရွှေအလင်းနှင့်အတူ တောက်ပသွား၏။ ချက်ချင်းဆိုသလို ၀န်းရံနေသည့်မုန်တိုင်းတစ်စင်း ဆင်းသက်လာပြီး လေပြင်းက ခန်းမထဲတွင် တိုက်ခတ်သွားသည်။
၄င်းက လေထုကိုဖြတ်သန်းပြီး အသံများကို ထုတ်လွှတ်နေစဉ် သူတို့လှံထိပ်များက တိုက်မိကြသည်။
မုန်တိုင်းက တဟူးဟူးမြည်နေပြီး အင်ပါယာဆန္ဒက ပေါက်ကွဲသွား၏။
သို့စေကာမူ ဟုန်ရင်လုံး၀နောက်မဆုတ်သွားပေ။ သူမ၏အမူအရာက လေးနက်သွားသော်လည်း ဒဏ်ရာရသည့် မည်သည့်လက္ခဏာကိုမှ မပြသခဲ့ပေ။
ကျန်းမုထိတ်လန့်သွားသည်။ တစ်ဘက်လူ၏လှံအောက်တွင် အင်ပါယာဆန္ဒကို ဖြည့်ဆည်းပေးနေပြီး သူ့လှံကို ပြီးပြည့်စုံစွာ ခုခံနေသည့် အစွမ်းထက်တာအိုနိယာမစွမ်းအားကို သူခံစားရသည်။
"မင်းတာအိုနိယာမစွမ်းအားကို ဘယ်လိုနားလည်နိုင်တာလဲ"
သူပင်လျှင် တာအိုနိယာမအစွန်းသို့ မတက်လှမ်းရသေးပါ။
နတ်သခင်တစ်ချို့ပင်လျှင် တာအိုနိယာမကို အပြည့်အ၀ မဖမ်းဆုပ်နိုင်ပေ။
သို့စေကာမူ ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကဲ့သို့ အဆင့်မြင့်တာအိုနိယာမကို နားလည်ခဲ့သည်။ သူဘယ်လိုလုပ် ယုံနိုင်မည်နည်း။
ဒါ့အပြင် အင်ပါယာဆန္ဒ၏ အားဖြည့်မှုနှင့်အတူ နတ်အင်ပါယာအစောပိုင်းအဆင့်နှင့် သူမ ကျန်းမု၏တိုက်ခိုက်မှုကို ခုခံနိုင်သည်မှာ အံ့ဩသင့်စရာမရှိတော့။
ဟုန်ရင်တည်ငြိမ်စွာပြောသည်။
"နင်စွမ်းအားအပြည့်မသုံးရသေးဘူးမလား၊ အခုမထုတ်သေးဘူးဆိုရင် နင့်မှာ အခွင့်အရေးမရှိလောက်တော့ဘူး"
ဒီနေရာတွင် ဟုန်ရင့်ကိုယ်ထဲက အင်ပါယာဆန္ဒက စတင်သိပ်သည်းလာပြန်ပြီး သူမနောက်က အရိပ်ကြီးကလည်း ပိုပို၍ ထင်ရှားလာသည်။
မုန်တိုင်းထဲတွင် အနီရောင်၀တ်စုံကို တဖျပ်ဖျပ်လွင့်မြောနေသည်။
ကြိုးနှင့်ချည်ထားခြင်းမရှိတော့သည့် သူမ၏ဆံပင်များက လေနှင့်အတူ ရိုင်းစိုင်းစွာ ကခုန်နေကြ၏။
"အင်ပါယာမှတ်တမ်း၊ ပထမလှုပ်ရှားမှု"
"တော်၀င်အာဏာ"
သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အင်ပါယာဆန္ဒက အပြင်းအထန်ထိုးတက်လာပြီး အာကာသထဲတွင် ကန့်လန့်ဖြတ်သွားသည်။
သူမနောက်က အရိပ်ကြီးကလည်း လှံကိုကိုင်ထားပုံရသည်။ ကြီးမားသည့် အင်ပါယာဆန္ဒလှိုင်းများက လှံထဲသို့ စီးဆင်းသွားကြပြီး ကျန်းမုကို တစ်ချိန်တည်းတွင် ထိုးစိုက်ပစ်သည်။
ကျန်းမု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
မူလက တစ်ဘက်လူ၏အင်ပါယာဆန္ဒက အာကာသထဲတွင် ပြန့်ကြဲနေသော်လည်း ယခုတွင်မူ ဒီလှံပေါ်၌ အပြည့်အ၀ သိပ်သည်းနေခဲ့သည်။
ထိုးထွက်လာသည့် အင်ပါယာဆန္ဒက ကြီးမားသည့်သက်ရောက်မှုတစ်ခုကို ယူဆောင်လာခဲ့သည်။
ဒါက ကျန်းမု၏လက်များကို တုန်ယင်စေပြီး တိုက်ရိုက်နောက်ဆုတ်သွားစေသည်။
ကျန်းမု သူ့၏အနည်းငယ်တုန်ယင်နေသော လက်များကို မယုံနိုင်စွာကြည့်လိုက်မိသည်။ နယ်ပယ်အရာ၌ သူ့ထက်အများကြီးနိမ့်ကျသောသူတစ်ယောက်က သူ့ကို ဒီအတိုင်းအတာအထိ တွန်းအားပေးနိုင်တယ်ဆိုတာကို သူမယုံနိုင်ဖြစ်နေသည်။
များသောအားဖြင့် သူကသာ ပြိုင်ဘက်များကို နယ်ပယ်ဖြတ်ကျော်အနိုင်ယူတတ်သူပင်။ နယ်ပယ်ပိုနိမ့်သည့်လူတစ်ယောက်က သူ့ကို ယာယီဖိနှိပ်လာတာကို သူဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။
လေပြင်းက လှံကိုလွှမ်းခြုံသွားပြီး ထပ်မံထိုးဖောက်ပစ်သည်။
ဒီအခိုက်အတန့်၌ ဟုန်ရင်က ထိုးဖောက်လာသည့် လှံရှည်ကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ကမ္ဘာပျက်ကိန်းကနေ ဆိုက်ရောက်လာသည့် မုန်တိုင်းကြီးတစ်စင်းကို ရင်ဆိုင်နေရသည့်အသွင်။
ဧကရီတစ်ပါးအဖြစ် သူမ၏ပုန်းလျှိုနေသည့်ဂုဏ်ကျက်သရေက ဟုန်ရင်ကို နောက်ဆုတ်ခွင့်မပေးပေ။
တစ်ချိန်တည်းမှာပင် နောက်ဆုတ်ရန်အတွက် နည်းလမ်းမရှိပါ။
"ဒုတိယလှုပ်ရှားမှု၊ နတ်ဘုရားစွမ်းအား"
လှံကဖြတ်သန်းသွားပြီး လှံအလင်းပေါ်လာသည်။
လှံအလင်းထဲက အင်ပါယာစွမ်းအားက လေဟာနယ်ထဲက နိယာမစွမ်းအားအားလုံးကို နစ်မြှုပ်သွားစေသည်။
နှစ်ခုလုံးတိုက်မိသွားသော်လည်း လှံအလင်းက တိုက်ရိုက်ချိုးဖျက်ခံရသည်။
ကျန်းမု ကျယ်လောင်စွာရယ်မောသည်။
"မင်းကိုအစွမ်းကုန်တိုက်ခိုက်ရတာ နည်းနည်းမတရားရာကျပေမယ့် ဗလာနတ္ထိပုံတူအတွက် မင်းရှုံးရမယ်"
"ရလဒ်ကိုမဆုံးဖြတ်ရသေးပါဘူး" ဟုန်ရင် အေးစက်စွာပြောသည်။
"တတိယလှုပ်ရှားမှု၊ ကမ္ဘာမြေခွဲခြမ်း"
သူမလက်ထဲက လှံကပြောင်းလဲသွားပြန်သည်။ သူမလက်နှစ်ဖက်နှင့် ပြန်လည်မွေးဖွားခြင်းလှံ၏ အစွန်းကို ကိုင်ပြီး ရုတ်တရက်မြှောက်ကာ အောက်သို့ ထိုးနှက်လိုက်လေသည်။
အင်ပါယာဆန္ဒက အရင်ကထက်ပိုအားကောင်းလာပြီး ကောင်းကင်ပြိုကျလာသည့်အလား ဖိသိပ်ပစ်သည်။
သို့စေကာမူ ဒါကအဆုံးသတ်မဟုတ်သေး။
ဟုန်ရင်ထပ်မံအော်ဟစ်သည်။
"စတုတ္ထလှုပ်ရှားမှု၊ ကောင်းကင်ပြိုကွဲ"
လစ်တက်ဖက်က လှံအဆုံးကိုကိုင်ထားပြီး ကျန်တစ်ဖက်က လျှော့ကျလာကာ လှံအလယ်ကိုကိုင်ရင်း ရှေ့သို့ ထိုးစိုက်လိုက်၏။
အင်ပါယာဆန္ဒနှင့် လှံဆန္ဒတို့က ကောင်းကင်ကို ထိုးဖောက်ပစ်ချင်နေသည့်အလား ဖြောင့်တန်းသည့် မျဉ်းတစ်ကြောင်းတည်းအဖြစ် ပြောင်းစပ်သွားခဲ့သည်။
ယပ်တောင်ပုံသဏ္ဍာန်လှံအလင်းနှင့် ဖြောင့်တန်းသည့်လှံမျဉ်းအလင်းက တစ်ချိန်တည်းတွင် ရိုက်ခတ်သည်။
ကျန်းမု၏ မောက်မာနေသည့်အမူအရာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး လေးနက်သွားရသည်။
တစ်ဘက်လူက တကယ်ပဲ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်လား!
သို့စေကာမူ ဒီတဒင်္ဂ၌ အင်ပါယာဆန္ဒ၏ အရူးအမူးထိုးတက်လာမှုအောက်တွင် ဒါက ဟုန်ရင်နယ်ပယ်၏ အချုပ်အတည်းများကို ထိမိသွားပုံရသည်။ အင်မော်တယ်ချီ တိုက်ခိုက်လာသည်နှင့် ၎င်းက အတားအဆီးများကို ချိုးဖျက်ကာ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်သွားလေတော့သည်။
တိုက်ပွဲအတွင်း ချိုးဖျက်ခြင်း!
ကျန်းမုအံ့ဩသင့်နေတာကိုပင် စောင့်မနေတော့ဘဲ ဟုန်ရင် လက်ထဲက ပြန်လည်မွေးဖွားခြင်းလှံကို လွှဲယမ်းပြီး အော်ဟစ်သည်။
"နင်ကငါ့ဂိုဏ်းကို အထင်အမြင်သေးရဲမှတော့ မင်တို့ရဲ့ကြီးကြပ်ရေးဗိမာန်မှာ ဒီလှံပညာရပ်နဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုခုများရှိလား"
ဒီနေရာတွင် ဟုန်ရင်ရှေ့တစ်လှမ်းတိုးပြီး လှံနှင့်အတူတိုက်ခိုက်လိုက်သည်။
"ပြန်လည်မွေးဖွားခြင်းလှံပညာရပ်"
ဒါက လုချန်ရှန်းသူမကို သင်ကြားပေးခဲ့သည့် လှံပညာရပ်ပေတည်း။
ယခုတွင်မူ ဟုန်ရင် သူမခွန်အားနှင့် ၅၀ရာခိုင်နှုန်းကို ထုတ်လွှတ်နိုင်လေပြီ။
ပြန်လည်မွေးဖွားခြင်းလှံဆန္ဒက နတ်ဘုရားနှင့်နတ်ဆိုးလှံတစ်ချောင်းပမာ ကျန်းမုကို ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ခေါ်သွင်းပစ်ချင်သည်။
ဒီနေရာတွင် ကျန်းမု၏အမူအရာက လုံး၀ပြောင်းလဲသွားရပြီး သူ့ရွှေလှံရှည်ကလည်း သုံးချက်အပြီးတွင် လွင့်စင်သွားရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ရင် သူမလှံနှင့် ကျန်းမု၏လည်မြိုကို ဖိထားပြီး အေးစက်စွာပြောသည်။
"အခုအစ်ကိုကြီးက နင်တို့ရဲ့ ကြီးကြပ်ရေးဗိမာန်ကို ၀င်ဖို့လိုသေးတယ်လို့ထင်လား"
ကျန်းမု၏နဖူးကနေ ချွေးအေးများ စီးကျလာကြ၏။
အပိုင်း(1175) coming။