#ဗလာနတ္ထိပုံတူကို လုယူခြင်း#
Vol. 83 Ch. 1175
ကျန်းမု သူ့လည်မြိုအသီးကို ဖိထားသည့် လှံရှည်ကို ငုံ့ကြည့်ရင်း သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။
သူ့ခရီးစဉ်တစ်လျှောက်လုံးတွင် သူကအမြဲလိုလို နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခဲ့သည်။ ဘယ်တုန်းကများ နယ်ပယ်ဖြတ်ကျော်နိုင်သည့် ပြိုင်ဘက်တစ်ယောက်၏ စိန်ခေါ်ခြင်းကို သူခံခဲ့ရဖူးသနည်း။ ဒါ့အပြင် အနိုင်ယူခြင်းခံခဲ့ရသည်။
သူယခုလေးတင်က ထိုမောက်မာသည့်စကားလုံးများကိုပင် ပြောခဲ့သည်။
ဒါက ကျန်းမုကို လုံးဝအရှက်ရသွားစေသည်။
ဟုန်ရင် ကျန်းမုကို ထူးမခြားနားစွာ စိုက်ကြည့်ပြီးနောက် ရွာအုပ်ချုပ်ရေးမှူးကို ကြည့်ကာမေးသည်။
"စီနီယာ၊ ရလဒ်ကိုဆုံးဖြတ်ပြီးပြီလို့ထင်တယ်၊ ထပ်တိုက်ခိုက်နေစရာ မလိုတော့ဘူးမလား"
ရွာအုပ်ချုပ်ရေးမှူးပြုံးရင်း ခေါင်းညိတ်သည်။
"မင်းအရင်ဆုံး ဗလာနတ္ထိပုံတူရဲ့ ဗဟိုချက်ကို ကြိုးစားခံစားကြည့်လို့ရတယ်၊ အလုပ်မဖြစ်ဘူးဆိုရင် ကျန်းမုထပ်ပြီး ကြိုးစားနိုင်တယ်၊ အဆုံးမှာ အဲဒီနတ်ဆိုးဒေသက အကြွင်းအကျန်လေးပေါ့"
ရှင်းဟုန်ယီမျက်မှောင်ကြုတ်လိုက်၏။
"ကျွန်မမတိုက်ခိုက်ရသေးဘူးလေ၊ ဘာလို့နောက်ဆုံးဖြစ်ရတာလဲ"
ဒီတိုက်ပွဲအပြီးတွင် တခြားသူများ၏ ခွန်အားကိုလည်း သူမပုံဖော်ပြီးသွားလေပြီ။
ယခုသူမကိုယ်ထဲက သွေးကြောအသစ်နှင့် ရှင်းဟုန်ယီ ပို၍ကျင့်သားရလာပြီး အားဖြည့်ပြီးနောက် ခွန်အားကို ပိုနားလည်လာသည်။ သူမ သူတို့ကိုအနိုင်ယူနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိသည်ဟု ဆို၍ရသည်။
ရွာအုပ်ချုပ်ရေးမှူး အပြုံးကိုရုပ်သိမ်းရင်း ရှင်းဟုန်ယီကို အေးစက်စွာစိုက်ကြည့်သည်။
"လူသားဘိုးဘေးတွေချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေအရ စမ်းသပ်မှုကို အောင်မြင်သူတိုင်းက ဗလာနတ္ထိပုံတူကို ရယူဖို့ကြိုးစားနိုင်တယ်ဆိုပေမယ့် ဒါပဲလေ"
"ကျန်တာတွေက ငါ့အတွက်ပဲ၊ မင်းအစွမ်းထက်တယ်ဆိုရင်တောင် ငါမင်းကို ဗလာနတ္ထိပုံတူကို ရယူဖို့အတွက် အရင်ကြိုးစားခွင့်ပေးမယ်လို့ ထင်လား"
"မင်းကိုဒီမှာ မသတ်တာကတင် ငါအကောင်းဆုံး မျက်နှာသာပေးရာကျနေပြီ"
ရှင်းဟုန်ယီ၏ အမူအရာက မည်းမှောင်သွားပြီး နတ်ဆိုးချီက စတင်ထိုးထွက်လာသည်။
ဒီအော်ရာကိုမြင်သောအခါ ယဲ့ချိုးပိုင်ဖြစ်စေ၊ ဟုန်ရင် သို့မဟုတ် ကျန်းမုဖြစ်စေ အားလုံး၏ အမူအရာများက အနည်းငယ် အေးခဲသွားကြ၏။
နတ်သခင်နယ်ပယ်တစ်ဝက်အဆင့်!
ထိုအချိန်က ရှင်းဟုန်ယီ ဉာဏ်အလင်းနှင့် သွေးဖလှယ်မှုကို ရရှိပြီးနောက် အပြည့်အ၀မစုပ်ယူခဲ့ပေ။ ယခုသူက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီဖြစ်လေရာ သူမ၏ နယ်ပယ်ကလည်း ချိုးဖျက်သွားခဲ့သည်။
"မင်းလှုပ်ရှားချင်တာလား" ရွာအုပ်ချုပ်ရေးမှူး အေးစက်စွာပြောသည်။
"ဒါလည်းကောင်းပါတယ်လေ၊ ငါ့မှာမင်းလို နတ်ဆိုးနယ်မြေအကြွင်းအကျန်တစ်ယောက်ကို ရှင်းပစ်ဖို့အတွက် အကြောင်းပြချက်တစ်ခုရသွားတာပေါ့"
ရှင်းဟုန်ယီအံကြိတ်ရင်း အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ဒီအတွေးကို ဖယ်ရှားလိုက်သည်။
တစ်ဘက်လူက သူ့ခွန်အားကို မဖော်ထုတ်ခဲ့သော်လည်း ဗလာနတ္ထိပုံတူ၏ အစောင့်တဖြစ်လဲ စစ်ဆေးသူအနေဖြင့် သူ့ခွန်အားက သေချာပေါက် အတော်လေး ကြောက်စရာကောင်းလွန်းသည်။
သို့သော် သူမလက်လွှတ်လိုက်တာက သူမကို ပေးအပ်ထားသည့်တာ၀န်က ဗလာနတ္ထိပုံတူကို ကြီးကြပ်ရေးဗိမာန်လက်ထဲ ကျရောက်ခွင့်မပေးရန်ပင်။
ရှင်းဟုန်ယီ အော်ရာကို ရုပ်သိမ်းသွားတာကို မြင်သောအခါ ရွာအုပ်ချုပ်ရေးမှူးခေါင်းညိတ်သည်။
"မင်းမှာ အသိစိတ်တစ်ချို့တော့ရှိသားပဲ"
ထို့နောက် သူဟုန်ရင်ကို ကြည့်ရင်းပြုံးသည်။
"ကောင်းပြီ၊ သွားကြိုးစားကြည့်"
ဒါကိုကြားသော် ဟုန်ရင် ယဇ်ပလ္လင်ဆီသို့ လျှောက်သွားသည်။
ကျန်းမုဒီမြင်ကွင်းကို မြင်သောအခါ ဟုန်ရင် ဗလာနတ္ထိပုံတူ၏ ဗဟိုချက်၏ အသိအမှတ်ပြုခြင်းကို မခံရရန်အတွက် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
မဟုတ်ပါက သူ့တာ၀န်က ကျရှုံးမှုတစ်ခုအဖြစ် မှတ်ယူခံရပေလိမ့်မည်။
ဟုန်ရင်တစ်လှမ်းချင်းလျှောက်သွားပြီးနောက်တွင် အမွေးတိုင်များနှင့် ၀န်းရံနေသည့် ယဇ်ပလ္လင်အလယ်ကို ရောက်လာသည်။ သူမ ရှေ့က နိယာမစွမ်းအားမျိုးစုံနှင့် ပြည့်နှက်နေသည့် စွမ်းအင်လုံးကို ကြည့်လိုက်၏။
ရွာအုပ်ချုပ်ရေးမှူးသတိပေးသည်။
"မင်းစွမ်းအားကို ထုတ်လွှတ်လိုက်ရုံပဲ"
ဒါကိုကြားသော် ဟုန်ရင်သူပြောသည့်အတိုင်း လုပ်ဆောင်သည်။
ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကနေ အင်ပါယာဆန္ဒကို ထုတ်လွှတ်သည်။
စွမ်းအင်နှစ်ခုကို ထုတ်လွှတ်လိုက်သောအခါ စက်လုံးက ဒါတွေကို အာရုံခံမိပုံရသည်။ အမဲလိုက်မြွေတစ်ကောင်ပမာ စွမ်းအင်က စပျစ်နွယ်များအဖြစ် ပြောင်းကာ ဒီစွမ်းအင်များကို ရစ်ပတ်ရင်း ဝါးမြိုရန်အတွက် စက်လုံးထဲသို့ သယ်ဆောင်သွားသည်။
ဟုန်ရင်ဆက်လက်ထုတ်လွှတ်နေပြီး စက်လုံးကလည်း အချိန်အတော်ကြာ ဝါးမြိုနေခဲ့သည်။
ဟုန်ရင်မျက်မှောင်ကြုတ်သည်။
ယဲ့ချိုးပိုင်အံ့ဩသင့်သွားရသည်။
ကျန်းမုကမူ နှာခေါင်းရှုံ့သည်။
ကြည့်ရတာ သူဗလာနတ္ထိပုံတူရဲ့ ဗဟိုချက်နဲ့ လိုက်ဖက်အောင် မလုပ်နိုင်တော့ဘူးဘဲ!
သူဒါကိုတွေးနေစဉ် စက်လုံးကနေ အလင်းတန်းတစ်ခုပွင့်လန်းလာခဲ့သည်။
မရေမတွက်နိုင်လောက်သည့်စပျစ်နွယ်စများက အလုံးကနေ ထွက်လာကြပြီး ဟုန်ရင်ကိုယ်ကိုရစ်ပတ်လိုက်ကြ၏။
စပျစ်နွယ်များက ဟုန်ရင်ကိုယ်ထဲသို့ပင် စတင်ထိုးဖောက်နေကြသည်။
သို့စေကာမူ ဒါက ဟုန်ရင်၏ စွမ်းအားကို ဝါးမြိုနေခြင်းမဟုတ်ဘဲ ယင်းအစား စက်လုံးက သူမကိုယ်ထဲက နိယာမစွမ်းအားကို ဖြည့်နေခြင်းပင်။
တစ်ခဏအကြာတွင် ဟုန်ရင်၏နယ်ပယ်က သိသိသာသာစတင်တိုးလာခဲ့သည်။
ဒါကိုမြင်သော် ရွာအုပ်ချုပ်ရေးမှူးပြုံးရင်း ခေါင်းညိတ်သည်။
"ကြည့်ရတာ ဗလာနတ္ထိပုံတူက ဒီမိန်းကလေးကို ရွေးချယ်ခဲ့ပုံပဲ"
ရွာအုပ်ချုပ်ရေးမှူး၏ စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်တောက်ပစွာ ပြုံးသည်။
တခြားတစ်ဘက်တွင် ကျန်းမု၏ အမူအရာက အေးစက်သည့်အပြုံးကနေ မှောင်မိုက်ကြည့်ရဆိုးသည့် အမူအရာအဖြစ် ပြောင်းလဲသွား၏။
သူတကယ်ပဲ ဗလာနတ္ထိပုံတူကို ရယူနိုင်ခဲ့တာလား!
ဒါကိုတွေးမိသောအခါ ကျန်းမုပြောလာသည်။
"ငါတို့ကြီးကြပ်ရေးဗိမာန်က လက်ထောက်ခန်းမသခင်နှစ်ယောက် ရှေးဟောင်းစစ်မြေပြင်အပြင်မှာ စောင့်ကြပ်နေတာကို မင်းသိသင့်တယ်၊ မင်းတို့ဒါကို ရှေးဟောင်းစစ်မြေပြင်ကနေ ထုတ်ယူသွားနိုင်ရင်တောင် ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ်လို့ အာမခံနိုင်တယ်ထင်လား၊ မင်းတို့ ငါတို့ကြီးကြပ်ရေးဗိမာန်ကို လွှဲပြောင်းပေးရဦးမှာပဲလေ"
ယဲ့ချိုးပိုင် ကျန်းမုကို စိုက်ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
ဒါကတိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုပေတည်း။
ဟုန်ရင်မတုံ့ပြန်တာကို မြင်သောအခါ ကျန်းမုဆက်သည်။
"အချိန်ကျလာတဲ့အခါကျရင် မင်းဒါကို ကြီးကြပ်ရေးဗိမာန်ကို လွှဲပြောင်းပေးနိုင်တယ်၊ ငါမင်းကို အခကြေးငွေတစ်ချို့ပေးနိုင်တယ်ဆိုပေမယ့် မင်းအခုငါ့ကို တိုက်ရိုက်ပေးမယ်ဆိုရင် ငါပိုပေးမယ်၊ ဘယ်လိုသဘောရလဲ"
ဒါကကျန်းမု၏ ပန်းတိုင်ပေတည်း။
ကျန်းမု၏အမြင်အရ တစ်ဘက်ကဒါကို ယူသွားနိုင်လျှင်ပင် ကြီးကြပ်ရေးဗိမာန်၏ ကြားဖြတ်ခြင်းကို ခံရမည်သာ။
ယင်းအစား သူ့ကိုတိုက်ရိုက်ပေးလိုက်တာက ပိုကောင်းသည်။
ဒီလိုဆိုပါက ကြီးကြပ်ရေးဗိမာန်တွင် ကျန်းမု ပြောပိုင်ခွင့်ပိုရှိလာပေလိမ့်မည်။
ဒါ့အပြင် ဟုန်ရင်သာထွက်သွားပြီး လက်ထောက်ခန်းမသခင်နှစ်ယောက်ကို ကြီးကြပ်ရေးဗိမာန်၏ ကျင့်ကြံခြင်းအဆင့်က ထင်ထားသလောက် မမြင့်မားဘူးဟု ပြောလိုက်ပါက ကြီးကြပ်ရေးဗိမာန်က ကျန်းမုကို ဘယ်လိုထင်ကြမည်နည်း။
မင်းက နယ်ပယ်တူက ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်တဲ့အချိန် ပြိုင်ဘက်ကင်းတာမလား!
မင်းအမြဲနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခဲ့တာမလား!
မင်းဘယ်လိုလုပ် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်တဲ့ လူတစ်ယောက်လက်ထဲမှာ အဆုံးသတ်သွားရတာလဲ!
ဒီတဒင်္ဂတွင် ဟုန်ရင် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်၀င်ရောက်သွားခဲ့သည်။
ဟုန်ရင်၏အခြေခံက ယဲ့ချိုးပိုင်လောက် မတည်ငြိမ်သော်လည်း အင်ပါယာဆန္ဒ၏ အားဖြည့်မှုနှင့် သူမအတွက် နောက်ပိုင်းအဆင့်ကို ချိုးဖျက်ရန်ဟူသည် ပြဿာနာတစ်ခုမဟုတ်။ သူမနယ်ပယ်ကို တည်ငြိမ်အောင်လုပ်ရန်အတွက် အချိန်တစ်ချို့သာ လိုအပ်သည်။
ဟုန်ရင် ဗဟိုချက်ကို ဒန်တျန်ထဲတွင် ထည့်သွင်းလိုက်၏။ အာကာသက ကျုံ့သွားပြီး ကမ္ဘာကြီးက လည်သွားသည်။
လူတိုင်း ကောင်းချီးပေးဂူကျေးရွာတွင် ပြန်ပေါ်လာကြသည်။
ဒီနေရာ၌ မုဖူရှန်း၊ နင်းချန်ရှင်းနှင့် ကျန်သောသူများအပြင် မုရှီနှင့် တခြားတပည့်များကလည်း စောင့်နေကြသည်။
အိုက်ရွှယ်၊ ကျန်းချင်းလန်နှင့် စုန့်ရှောင်တို့ကလည်း ရလဒ်ကိုမြင်ချင်ကြသည်။
ဟုန်ရင်နှင့်ကျန်သောသူများ ပေါ်လာသောအခါ သူမကျန်းမုအားကြည့်လိုက်၏။
"ငါဘယ်တုန်းက နင်တို့ရဲ့ကြီးကြပ်ရေးဗိမာန်ကို လွှဲပြောင်းချင်တယ်လို့ ပြောခဲ့တာလဲ"
ဒီစကားလုံးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းနားလည်သွားကြ၏။
ဗလာနတ္ထိပုံတူကို နောက်ဆုံးရသွားတာက ဟုန်ရင်ဖြစ်သည်။
အိုက်ရွှယ်၏ အမူအရာကလည်း ကြည့်ရဆိုးသွားသည်။
ကျန်းမု၏အမူအရာက မကောင်းပေ။
"မင်းရှေးဟောင်းစစ်မြေပြင်ကနေ ထွက်သွားနိုင်မယ်လို့ ထင်လား"
ဟုန်ရင်တည်ငြိမ်စွာပြောသည်။
"ငါတို့ဘယ်လိုထွက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး နင်တို့စိတ်ပူနေစရာမလိုဘူး"
ဒါကိုမြင်သော် အိုက်ရွှယ်ကလည်း ခြိမ်းခြောက်လာသည်။
"နင်လုပ်နိုင်မယ်လို့ထင်...."
သို့စေကာမူ သူမမပြီးသေးခင်မှာပင် ဟုန်ရင်ကြားဖြတ်ပစ်သည်။
"နင်ဒါကို ဘယ်နှစ်ကြိမ်လောက်ပြောပြီးပြီလဲ"
ဟုန်ရင် သက်ရှိအားလုံးကိုငုံ့ကြည့်နေပုံရပြီး တည်ငြိမ်စွာပြောသည်။
"နင်တို့တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ပြီး နင့်တို့အရည်အချင်းနဲ့ လုယူလိုက်၊ နင်တို့ပြောကြတဲ့ အဲဒီလက်ထောက်နန်းတော်သခင်နှစ်ယောက်အတွက်ကျတော့ သူတို့လုယူနိုင်တယ်ဆိုရင် လုကြပါစေပေါ့"
"တိုတိုပြောရရင်၊ နင်တို့မတိုက်ခိုက်ဘူးဆိုရင် ဒီဗလာနတ္ထိပုံတူက နင်တို့နဲ့ ဘာမှမသက်ဆိုင်ဘူး"
အိုက်ရွှယ်ဒေါသထွက်သွားသည်။
"မောက်မာလိုက်တာ၊ နင်ဘယ်လိုလုပ် လက်ထောက်ခန်းမသခင်နှစ်ယောက်ကို မလေးမစားလုပ်ရဲတာလဲ"
သူမတိုက်ခိုက်ရန်ပြင်လိုက်စဉ် ကျန်းမု၏တားဆီးခြင်းကို ခံရသည်။ ကျန်းမု ခေါင်းခါယမ်းပြသည်။
"မင်းကသူ့ပြိုင်ဘက်မဟုတ်ဘူး"
အိုက်ရွှယ်ကြပ်သေသေသွားသည်။ သူမတစ်ခုခုပြောတော့မည့်အချိန်တွင် ကျန်းမု ကြားဖြတ်ပစ်သည်။
"ငါလည်းမဟုတ်ဘူး၊ အရင်ထွက်သွားကြရအောင်၊ ဒီကိစ္စကို ပြောင်းလဲဖို့အတွက် အခွင့်အရေးရှိပါသေးတယ်၊ ငါတို့ဒါကို နောက်မှ စဉ်းစားကြတာပေါ့"
သူတို့ပြောနေကြသည့် အလှည့်အပြောင်းက သူတို့တွင် ဒီရှေးဟောင်းစစ်မြေပြင်ကနေ ဒါကို လုယူရန်အတွက် အခွင့်အလမ်းရှိနေသေးတာကိုပင်။
အပိုင်း(1176) coming။