← Chapters

#ပုံတူထဲက ဆယ်နှစ်တာ၊ ထောင်ချောက်အစပျိုးခြင်း#

Vol. 83 Ch. 1176

#ပုံတူထဲက ဆယ်နှစ်တာ၊ ထောင်ချောက်အစပျိုးခြင်း#

Vol. 83 Ch. 1176

ဗလာနတ္ထိပုံတူ၏ပိုင်ရှင်က ယခုဟုန်ရင်ဖြစ်သွားလေပြီ။ 

၎င်း၏လက္ခဏာရပ်များအနက်တစ်ခုက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအတွက် အတော်လေးသင့်တော်သည်။ ဒါက ဗလာနတ္ထိပုံတူထဲက အချိန်က ပြင်ပကမ္ဘာထက် အများကြီးပိုနှေးကွေးစွာ စီးဆင်းခြင်းပင်။ 

ထိုအချိန်တွင် သူတို့အချိန်ပြန်ရယူနိုင်ရန်အတွက် အထဲတွင်ကျင့်ကြံ၍ရသည်။ 

မည်သို့ပင်ဆိုစေကာမူ ငရဲနတ်ဆိုးဒေသ ဖိနှိပ်ခံရခြင်းကို ချိုးဖျက်ရန် အချိန်အများကြီးမကျန်ရှိတော့ပါ။ 

ဒီအခိုက်အတန့်၌ ရွာအုပ်ချုပ်ရေးမှူးလျှောက်လာသည်။ 

"မင်းက ဗလာနတ္ထိပုံတူရဲ့ ပိုင်ရှင်ဖြစ်သွားပြီဆိုတော့ တခြားသူတွေရဲ့အ၀င်အထွက်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပါပြီ"

"ဒါပေမယ့် ငါမင်းကိုတစ်ခုသတိပေးချင်တယ်၊ မင်းက ဗလာနတ္ထိပုံတူရဲ့ ပိုင်ရှင်ဖြစ်လာပြီဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပေမယ့် တစ်ခုတော့ရှိတယ်...."

ဒီနေရာတွင် ရွာအုပ်ချုပ်ရေမှူး ဟုန်ရင်ကို လေးနက်သည့်အမူအရာဖြင့် ကြည့်ရင်း ဖျောင်းဖျသည်။ 

"မင်းသေမျိုးနယ်မြေကို ထိခိုက်စေတာ ဘာတစ်ခုမှ မလုပ်ရဘူး၊ မင်းလုပ်ခဲ့တာကိုသာ ငါတွေ့မယ်ဆိုရင် ဗလာနတ္ထိပုံတူကို မင်းထိန်းချုပ်မှုထဲကနေ ဖယ်ရှားပစ်ဖို့ ငါဘာမဆိုလုပ်ပစ်မှာ၊ ငါဖျက်ဆီးပစ်ဖို့အတွက်လည်း တုံ့ဆိုင်းနေမှာမဟုတ်ဘူး"

ဒါကိုကြားသော် ဟုန်ရင်လေးနက်စွာပြောသည်။ 

"မစိုးရိမ်ပါနဲ့စီနီယာ၊ ကျွန်မက သေမျိုးနယ်မြေမှာ မွေးဖွားလာတာပဲ၊ ဒါက ကျွန်ရဲ့ အရင်းအမြစ်လည်းဖြစ်တယ်၊ ဘယ်သူက သူတို့ရဲ့အရင်းအမြစ်ကို ကိုယ်တိုင်ဆွဲထုတ်ပစ်မှာလဲ"

ဒီစကားလုံးများက တစ်ခုခုကို ရည်ညွှန်းနေပုံရသည်။ 

ရှင်းဟုန်ယီ၏မျက်ခုံးများ ကျုံ့သွားသည်။ 

"ဒါပေမယ့် စီနီယာဘယ်သူလဲဆိုတာ ကျွန်မမေးလို့ရမလား"

ရွာအုပ်ချုပ်ရေးမှူးပြုံးသည်။ 

"ငါ့မှာဘာရာထူးမှမရှိပါဘူး၊ ငါက ဒီဗလာနတ္ထိပုံတူထဲက တံခါးစောင့်သက်သက်ပါပဲ"

ဟမ်...ဒါက သူက ဘဏ္ဍာစိုး ဒါမှမဟုတ် ဝိဉာဉ်ပစ္စည်းတစ်ခုလို တည်ရှိမှုမျိုးလို့ ဆိုလိုတာလား!

သူ့မှာ ဘယ်လို ကိုယ်ပိုင်လက္ခဏာမျိုး ရှိတာလဲ!

ဘိုးဘေးပစ္စည်းတစ်ခုရဲ့ ဝိဉာဉ်လကိက်က ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ!

"ဒါဆိုအခုအပြင်ထွက်ကြမလား"

ဟုန်ရင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို စိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းရင်း ပြုံးသည်။ 

"ကျွန်မတို့အရင်မထွက်ပါဘူး၊ ဒါပေမယ့် တစ်ချို့လူတွေကတော့ အရင်ထွက်သွားဖို့လိုတယ်"

လူတိုင်း အိုက်ရွှယ်၊ ကျန်းမုနှင့် ရှင်းဟုန်ယီတို့ကို ကြည့်လိုက်ကြ၏။ 

"နင်ငါတို့ကို အပြင်ထွက်သွားစေချင်တာလား"

အိုက်ရွှယ်၏မျက်နှာက မည်းမှောင်သွားသည်။ 

"နင်တို့ဒီမှာဘယ်လောက်ကြာကြာ အချိန်ဆွဲနေဆွဲနေ ကိစ္စမရှိဘူး၊ နင်တို့အထဲမှာ အလိုရှိသလောက်ပုန်းနေမယ်ဆိုရင်တောင် ဗလာနတ္ထိပုံတူကို ထုတ်ယူသွားလို့ရမယ် ထင်နေတာလား"

ရှေးဟောင်းစစ်မြေပြင်အပြင်ဘက်တွင် နတ်သခင်အဆင့် လက်ထောက်ခန်းမခေါင်းဆောင်နှစ်ဦး စောင့်ကြပ်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် ဒီနေရာတွင် နတ်သခင်နယ်ပယ်ကို ချိုးဖျက်ရန်ဟူသည်မဖြစ်နိုင်။ 

ဟုတ်တယ်မလား!

"ဒါနင်တို့ကိစ္စမဟုတ်ဘူး"

ထို့နောက် ဟုန်ရင် ရွာအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အတိုင်း လိုက်နာရင်း သူတို့သုံးယောက်ကို အပြင်ပို့ဆောင်ရန်အတွက် ဗလာနတ္ထိပုံတူကို အသက်သွင်းလိုက်သည်။ 

ယင်းနောက်တွင် ဟုန်ရင်နှင့်ကျန်သောသူများ ခွန်အားကိုတည်ငြိမ်အောင်လုပ်ပြီး အဆင့်ချိုးဖျက်ရန်အတွက် ဒီနေရာတွင် နှစ်အနည်းငယ်ကြာ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်။ 

ရှေးဟောင်းစစ်မြေပြင်၌ အများကြီးတွေ့ကြုံခံစားရပြီးနောက်တွင် သူတို့၏ နယ်ပယ်က အနည်းနှင့်အများ တည်ငြိမ်လာခဲ့သည်။ ယခုအချိန်က အဆင့်ချိုးဖျက်ရမည့်အချိန်ပေတည်း။ 

ဒီလိုနှင့် ဗလာနတ္ထိပုံတူထဲတွင် ဆယ်နှစ်တာကုန်ဆုံးသွားခဲ့ပြီး ပြင်ပကမ္ဘာတွင် ဆယ်ရက်သာလျှင် ကြာမြင့်ခဲ့သည်။ 

ဒီဆယ်နှစ်တာအတွင်း သူတို့အနည်းငယ်က တစ်ချိန်လုံးကျင့်ကြံခဲ့ကြပြီး ဗလာနတ္ထိပုံတူထဲက ထူထဲသည့်တာအိုနိယာမစွမ်းအားကို ခံစားမိခဲ့ကြသည်။ 

သက်ရောက်မှုက အလွန်အမင်းကြီးမားသည်။ 

ယဲ့ချိုးပိုင်အများကြီးစုဆောင်းရရှိခဲ့သည်။ အလွန်အမင်းတည်ငြိမ်သည့် တာအိုအခြေခံအောက်တွင် သူနတ်အင်ပါယာနယ်နယ် နောက်ပိုင်းအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ဓားတာအိုယာမကလည်း အတော်လေး ချိုးဖျက်ခဲ့သည်။ 

ယဲ့ချိုးပိုင်၏ဓားတာအိုနယ်ပယ်က ခေးအောစ့်အနှစ်သာရဓားသခင်နှင့် တန်းတူအ‌နေအထားကိုပင် ရောက်နေလောက်သည်။ 

ဟုန်ရင်ကလည်း သူမစနယ်ပယ်ကို တည်ငြိမ်အောင်လုပ်ရင်း အင်ပါယာမှတ်တမ်းနှင့် ပြန်လည်မွေးဖွားခြင်းတာအိုနိယာမတို့ကို တစ်ချိန်တည်းတွင် ကျင့်ကြံခဲ့သည်။ 

သူမက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ 

နင်းချန်ရှင်းကမူ ကောင်းချီးပေးဂူကျေးရွာတွင် တရားဟောခဲ့သည်။ ကောင်းချီးပေးဂူရွာသားအားလုံးက ယခုအချိန်တွင် နင်းချန်ရှင်းကို ဆရာဟု ခေါ်ဝေါ်သမုတ်ကြသည်။ 

သူ့ကွန်ဖြူးရှပ်တာအိုကလည်း အကြီးအမားတိုးတက်လာခဲ့သည်။ အနည်းဆုံးတော့ သူနတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်နိုင်သည်။ 

ရှောင်ဟိုင်၏ရုပ်ခန္ဓာကလည်း နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်သွားခဲ့သည်။ 

ရှီရှန်း နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။ 

မုဖူရှန်းကရော! မုဖူရှန်းကလည်း အများကြီးတိုးတက်လာခဲ့သည်။ သို့စေကာမူ သူချိုးဖျက်ခဲ့သလား၊ မချိုးဖျက်ခဲ့ဘူးလားဆိုတာ ဘယ်သူမှမသိပါ။ မုဖူရှန်း ကျင့်ကြံရန်အတွက် မိုးကြိုးတာအိုနိယာမကြွယ်၀သည့် နေရာတစ်နေရာကို တွေ့ရှိခဲ့သဖြင့် သူဘယ်အဆင့်ကိုရောက်ခဲ့သလဲဆိုတာ ဘယ်သူမှမသိကြပါ။ 

သို့သော် အမှန်ပြောရပါက မုဖူရှန်း၏ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ပါရမီနှင့်ဆိုပါက ဒီကလေးက ဝှက်ဖဲအများကြီးပို၍ ဝှက်ထားလိမ့်မည်ဟု လူတိုင်းတွေးမိကြသည်။ 

မု၀မ်အာက လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဆေးလုံးများစွာကို သန့်စင်ခဲ့ပြီး ဆေးလုံးကျမ်းမှတဆင့် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ကို ၀င်ရောက်သွားခဲ့သည်။ 

ဖန်ချန်းကမူ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့ပြီး ရှေးဦးမူလအစီအရင်ကို အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်၊ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်တို့နှင့် ပေါင်းစပ်ခဲ့သည်။ 

မုဇီရှင်းကလည်း သိသာသောတိုးတက်မှုကို လုပ်နိုင်ခဲ့ပြီး နတ်အင်ပါယာနယ်ပယ်၏ အတားအဆီးများကို ကျော်ဖြတ်ကာ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။ 

စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ကလည်း အတော်လေးတိုးတက်လာခဲ့သည်။ 

ဥပမာအားဖြင့် စုန့်ရှောင်က နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ တိုးတက်နှုန်းကိုမြင်ပြီးနောက် သူ့ကိုယ်သူကြည့်လိုက်သည်။ 

စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိသည်။ 

မေ့လိုက်တော့၊ ငါတို့်မှာရှိတာတွေနဲ့ ကိုယ့်ကိုကိုယ်အရှက်ရအောင် မလုပ်ကြတာပေါ့!

သို့စေကာမူ ဆယ်နှစ်အတွင်းချိုးဖျက်ခြင်းက အရင်ကထက် အများကြီးနှေးသည်။ 

သူတို့သာဆက်လက်ချိုးဖျက်လိုပါက ဆန်းကြယ်နယ်မြေတစ်ခုထဲကို၀င်ပြီး အမွေအနှစ်ကို လုယူရန်လိုအပ်သည်။ တကယ့်တိုက်ပွဲက ပိုမြန်ပါသည်။ 

သို့စေကာမူ ဒီနေရာတွင် တိတ်တဆိတ်ကျင့်ကြံခြင်းကလည်း အကျိုးရှိသည်။ 

ဒါက လူတစ်ယောက်၏ တာအိုအခြေခံကို တည်ငြိမ်စေပြီး စိတ်အခြေအနေကို ပျိုးထောင်နိုင်သည် မဟုတ်ပေလော။ 

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ ငါတို့ထွက်သွားသင့်ပြီ" ယဲ့ချိုးပိုင်ပြုံးသည်။ 

"အပြင်ပကမ္ဘာမှာ ငါတို့ကိုယ်တွယ်ဖို့အတွက် စောင့်နေတဲ့ အရာတွေရှိသေးတယ်လေ"

လူတိုင်း ရှောင်ဟိုင်ကို ကြည့်လိုက်ကြ၏။ 

ယခုရှောင်ဟိုင်က နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေပြီဖြစ်လေရာ သူ့တွင် နတ်ဆိုးဘုရင်ပိုင်နက်ကို စိန်ခေါ်ရန်အတွက် အရည်အချင်းပြည့်မီလာလေပြီ။ 

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ငါတစ်ယောက်ယောက်ကိုကယ်ချင်တယ်"

ထိုလူက သူ့မှတ်ဉာဏ်အပိုင်းအစများထဲတွင် မရေမတွက်နိုင်လောက်သော အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ 

ယခုတွင်မူ သူမ၏ ကိုယ်ပိုင်လက္ခဏာကို သူသိပြီဖြစ်သလို သူ့အတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာကိုလည်း သိခဲ့သည်။ 

သူ့တွင် သူမကိုမေးစရာမေးခွန်းများစွာ ရှိသည်။ 

"ကောင်းပြီ၊ နောက်ထပ်ပစ်မှတ်ကို ဆုံးဖြတ်ပြီးသွားပြီ၊ နတ်ဆိုးဘုရင်ပိုင်နက်ကို သွားစိန်ခေါ်ကြရအောင်"

စုန့်ရှောင်ဘေးကနေသတိပေးသည်။ 

"ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က နတ်ဆိုးဘုရင်ပိုင်နက်နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့၊ မင်းတို့ နတ်ဆိုးဘုရင်ပိုင်နက်ကို တိုက်ခိုက်မယ်ဆိုရင် သူတို့ကိုလည်း စဉ်းစားရမယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ရန်သူကအလင်းထဲမှာဆိုပေမယ့် ငါတို့က အမှောင်ထဲမှာပဲ၊ အခုငါတို့မှာ ဗလာနတ္ထိပုံတူရှိနေပြီဆိုတော့ သူတို့တိုက်ခိုက်လာမှာကို ပိုတောင်မကြောက်တော့ဘူး"

စုန့်ရှောင်ပျော်သွားသည်။ 

"မှန်တာပေါ့"

"အနည်းဆုံးတော့ နတ်သခင်က ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူးလေ"

စုန့်ရှောင်ပြောနေသည့် နတ်သခင်ဆိုတာက နတ်သခင်ဟောင်တျန်းပေတည်း။ 

ဆွေးနွေးမှုအပြီးတွင် လူတိုင်းသူတို့၏ တပည့်များကိုနှုတ်ဆက်ကာ ဗလာနတ္ထိပုံတူထဲတွင် သူတို့အား ဆက်လက်ကျင့်ကြံစေသည်။ ကိစ္စတစ်ချို့ဖြေရှင်းပြီးနောက်မှသာ သူတို့ကို ခေါ်ထုတ်သွားမည်ဖြစ်သည်။ 

သူတို့အပြင်သို့ ပို့ဆောင်ခံရပြီးနောက် ဘိုးဘေးအင်ပါယာနန်းတော်ကို ပြန်ရောက်လာသည်။ 

မူလလမ်းကြောင်းအတိုင်း သွားလာရင်း မုဖူရှန်း သိသိသာသာတိုးတက်လာခဲ့သည့် ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သူပတ်၀န်းကျင်ကို အာရုံခံကြည့်သည်။ 

"ကြီးကြပ်ရေးဗိမာန်ကလူတွေနဲ့ ရှင်းဟုန်ယီကို သတိထားကြ၊ သူတို့လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး"

ကျန်းချင်းလန်အားကိုးရာမဲ့စွာပြောသည်။ 

"အရင်က သူတို့ကရှင့်တို့ပြိုင်ဘက်မဟုတ်ဘူးလေ၊ အခုရှင်တို့အများကြီး တိုးတက်လာပြီဆိုတော့ သူတို့ကဘယ်လိုလုပ် ရှင်တို့ပြိုင်ဘက်ဖြစ်နိုင်ဦးမှာလဲ"

"သတိထားတာက ဘယ်တော့မှမမှားဘူး၊ သူတို့မှာ အစီအရင်တစ်ခုခု၊ အဆောင်တွေ ဒါမှမဟုတ် ပြင်ပအကူအညီတွေ ရှိနေရင်ရော"

မုဖူရှန်းအကူအညီမဲ့စွာပြောသည်။ 

"အင်း၊ ငါပြောခဲ့တာပဲလေ"

သူတို့ချောက်ထဲသို့ရောက်လာသည်နှင့် အစီအရင်အော်ရာက နံရံဘေးနှစ်ဘက်ကနေ ထွက်လာသည်။ 

မုဖူရှန်းဒါကိုသတိမထားမိခြင်းမဟုတ်ဘဲ ဒီအစီအရင်များ၌ ဝိဉာဉ်အော်ရာကို ဖုံးကွယ်ထားမည့် နည်းလမ်းတစ်ခုရှိနေပုံရသောကြောင့်ပင်။ မုဖူရှန်းလျှင်ပင် အဝေးကနေ ဒါကိုရှာမတွေ့နိုင်ခဲ့။ သို့စေကာမူ နီးလာသောအခါ သူတို့ အစီအရင်ထဲတွင် ပိတ်မိသွားကြသည်။ 

ဒီလွှမ်းမိုးနိုင်သည့်အစီအရင်အော်ရာက သူတို့ကို လုံး၀ပိတ်ဆို့၀န်းရံပစ်သည်။ 

အပိုင်း(1177) coming။ 

All Chapters