← Chapters

တိုက်ခိုက်ခြင်း

Vol. 5 Ch. 436

တိုက်ခိုက်ခြင်း

Vol. 5 Ch. 436

"ဝူး ..."

ခဏအတွင်းမှာပင် ဝံပုလွေ သွေးနှောများ၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲ သွားတော့၏။ သူတို့ကား ရေခဲဝံပုလွေ ချိုင့်ဝှမ်း၌ ချန်းဖန် ရင်ဆိုင်ခဲ့ဖူးသော သမန်း ဝံပုလွေများထက် အရပ် ပို၍ ရှည်လျားသလို ခန္ဓာကိုယ် အရွယ်အစားမှာလည်း ပိုမို ကြီးမားသည်။

သာမန် သမန်းဝံပုလွေများမှာ အရပ် နှစ်မီတာခန့်သာ ရှည်လျားသော်လည်း ယခု အခန်းထံရှိ ဝံပုလွေသွေးနှောများကမူ ခေါင်းတစ်လုံးခန့် ပိုမို မြင့်မားသည်။ အရှည်ဆုံး ဝံပုလွေ သွေးနှောဆိုလျှင် နှစ်မီတာခွဲခန့် အထိ ရှည်လျားသည်။

ထို့အပြင် သူတို့သည် အနက်ရောင် ကိုယ်ကြပ် အင်္ကျီများကို ဝတ်ဆင်ထားရာ အမြင်တစ်မျိုး ဆန်းနေသည်။ သို့သော်လည်း သွေးဆာနေပုံရသည့် မျက်လုံးများမှာမူ မပြောင်းလဲချေ။

"သူတို့က ရုရှားရဲ့ ဝံပုလွေ သွေးနှောတွေလား ... သူတို့က ရေခဲဝံပုလွေ ချိုင့်ဝှမ်းက သမန်း ဝံပုလွေတွေနဲ့ အနည်းအကျဉ်းက လွဲရင် အားလုံး တူနေတာပဲ ..." ချန်းဖန်က တွေးလိုက်၏။

သို့သော်လည်း ထိုဝံပုလွေ သွေးနှောများမှာ သာမန် သမန်းဝံပုလွေများထက် ပိုမို အစွမ်းထက်သည်မှာ သေချာသည်။ ထိုအထဲမှ ခေါင်းဆောင် ငါးယောက်ဆိုလျှင် တန်ခိုးရှင် တစ်ပိုင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူတို့ကား နှင်းဝံပုလွေ ကလန်၏ ခေါင်းဆောင် လေးယောက်ထက် ပိုမို သန်မာပုံ ရသည်။

သို့သော်လည်း ချန်းဖန်အတွက်မူ ထိုဝံပုလွေ သွေးနှောများမှာ အားနည်းလွန်းလှသည်။

ထိုသတ္တဝါများမှာ လွန်ခဲ့သည့် တစ်နှစ်၊ အဇူရာသက်ရှည် ခန္ဓာကိုယ် စဦးအောင်မြင်ခြင်းသို့ မရောက်သေးကပင် ချန်းဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ ယခု အချိန်တွင်မူ ချန်းဖန်မှာ သူတို့အား လက်တစ်ချောင်းတည်းနှင့်ပင် သတ်ဖြတ် ပစ်နိုင်နေပြီ ဖြစ်သည်။

"အာ ... ဝူး ..."

ချန်းဖန် တွေးနေစဉ်မှာပင် ဝံပုလွေ သွေးနှောများက စတင် တိုက်ခိုက် လိုက်တော့၏။ သူတို့ကား ဝတ်စုံများ၏ အောက်၌ လွတ်လပ်စွာ လှုပ်ရှားနိုင်ပုံ ရသည်။

ချန်းဖန်ကလည်း စိတ်များအား ပြန်လည် စုစည်းရင်း လက်သီးချက် တစ်ချက်ကို ဝံပုလွေ သွေးနှော တစ်ကောင်ထံ ပစ်လွှတ်လိုက်သည်။ သူ၏ လှုပ်ရှားမှာက ပျင်းရိပျင်းတွဲ နိုင်လှ၏။

"ဘုန်း ..."

ဝံပုလွေ သွေးနှောမှာ နောက်သို့ အနည်းငယ် လွင့်စဉ်သွားသော်လည်း ချက်ချင်းပင် ပြန်ထလာခဲ့၏။

"ဟမ် ..."

ထိုမြင်ကွင်းအား ကြည့်ရင်း ချန်းဖန်၏ မျက်လုံးများ ကျည်းမြောင်းသွားတော့သည်။ တစ်ခုခု လွဲချော်နေပြီ ဖြစ်ကြောင်း ချန်းဖန် ကောင်းစွာ သိသည်။

ပထမဆုံး လက်သီးချက်၌ ချန်းဖန်မှာ အားကုန် မထည့်ထားသော်လည်း သမန်းဝံပုလွေ တစ်ကောင် မပြောနှင့် ဧဒင်ကိုပင် သတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ဝံပုလွေသွေးရော၏ ကိုယ်၌ ဝတ်ဆင်ထားသော အဝတ်များကား တစ်ခုခုပင် ဖြစ်ရမည်။

"လာစမ်း ..."

ချန်းဖန်က ရယ်မောရင်း လက်နှစ်ချောင်းဖြင့် လေထုအား လွှဲခုတ်လိုက်သည်။ ချက်ချင်းပင် အဇူရာ ဓားအလင်းက သူ၏ လက်နှစ်ချောင်းကြားတွင် ပေါ်ထွက်လာကာ အရာရာအား ခုတ်ပိုင်းရန် ပြင်သည်။

"ဂါး ..."

ဝံပုလွေ သွေးနှော ငါးကောင်က ချန်းဖန် အပေါ်သို့ ခုန်အုပ်ကာ လက်သည်းရှည်များဖြင့် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ လက်သည်းများကား တစ်ဆယ် စင်တီမီတာခန့် ရှည်လျားရာ ရုပ်ရှင်ထဲမှ X-man ဟီးရိုးအလားပင် ထင်ရသည်။

"ဘုန်း ..."

ချန်းဖန်က ထိုသတ္တဝါ ငါးကောင်အား အဇူရာ ဓားအလင်းဖြင့် ဆီးကြိုကာ ပိုင်းဖြတ်သည်။ ဓားအလင်း၏ ရိုက်ခတ်မှုဖြင့် ဝံပုလွေသွေးရော ငါးကောင်မှ နောက်သို့ လွင့်စဉ်သွားခဲ့၏။ သို့သော် အဇူရာ ဓားအလင်းကလည်း သူတို့၏ လက်သည်းများအား မပိုင်းဖြတ်နိုင်ခဲ့ပေ။

"စိတ်ဝင်စားစရာပဲ ..."

ချန်းဖန်၏ မျက်လုံးအတွင်း၌ အေးစက်စက် အလင်းတစ်ခု ပေါ်လာခဲ့သည်။

ဤဝံပုလွေသွေးနှော ငါးကောင်၏ လက်သည်းများကား နှင်းဝံပုလွေ ဘုရင်၏ လက်သည်းများ အလား အန္တရာယ်များပုံ ရသည်။ ထို့အပြင် သူတို့ ဝတ်ဆင်ထားသော ဝတ်စုံကလည်း သေချာ ပြင်ဆင်ထားပုံ ပေါ်သည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို မတားနိုင်ပါဘူး ..."

ချန်းဖန်က ပြုံးရင်း မြေပြင်အား ဖနှောင့်တစ်ဖက်ဖြင့် ပေါက်လိုက်၏။

"ကျိုးစမ်း ..."

"ဘုန်း ..."

ဆယ့်တစ်ထပ် ရှည်လျားသော အဆောက်အဦကြီးကား ငလျင်လှုပ် သကဲ့သို့ စတင် တုန်ခါလာခဲ့သည်။ ချန်းဖန်၏ ဖနှောင့်အောက်တွင်မူ မြေပြင်ထိ ရောက်သော အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ထိုခဏတွင်ပင် ချန်းဖန်က အသံထက်မြန်သော လှုပ်ရှားမှုကို ဖော်ထုတ်ကာ အနားရှိ ဝံပုလွေ သွေးနှော တစ်ကောင်အား လက်သီးဖြင့် ထိုးချလိုက်၏။

"ဘုန်း ..."

လက်သီးက ဝံပုလွေသွေးနှော၏ ရင်ဘတ်အား ထိမှန်ကာ အရိုးများကို ချိုးဖဲ့ပစ်သည်။ ထိုတိုက်ခိုက်မှု၏ အရှိန်ကြောင့် ကျယ်လောင်သော လှိုင်းတစ်ခု ပေါ်ထွက်လာကာ ပြတင်းပေါက် မှန်တံခါးများ အပိုင်းပိုင်း အစစ ကျိုးပဲ့ကုန်တော့သည်။ အပြင်ဘက်မှ ကြည့်လျှင် ဆယ်လွှာမြောက်၌ ပေါက်ကွဲမှု တစ်ခု ဖြစ်နေသည်ဟုပင် ထင်မှတ်ရ၏။

"အာ ... သူ့ရဲ့ အကာအကွယ် ဝတ်စုံက ဘာမှ မဖြစ်ဘူးလား ... မဖြစ်နိုင်ပါဘူး ... ငါ့လက်သီးချက်က သံချပ်ကာ ကားကိုတောင် ဖောက်ထွက်နိုင်တာ ..." ချန်းဖန်က အနက်ရောင် ဝတ်စုံကို ငေးကြည့်ရင်း ရေရွတ်လိုက်၏။ "မဟုတ်မှလွဲရော ... ဒါတွေက ဇီဝကျည်ကာတွေ များလား ..."

ချန်းဖန်က ဝံပုလွေ သွေးနှောများ၏ ဝတ်စုံများကို သေချာစွာ အကဲခတ်လိုက်သည်။ ခဏအတွင်းမှာပင် ထိုဝတ်စုံများအား သူသေချာစွာ စစ်ဆေးလိုက်နိုင်သည်။

ထိုဝတ်စုံများကား သတ္တု၊ ပလက်စတစ်၊ ဖိုက်ဘာ သုံးခုရောစပ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ဝတ်စုံမျိုးကို လူနေမှု အဆင့် မြင့်မားသော ဂြိုဟ်တစ်ခုတွင် ချန်းဖန် တွေ့မြင်ခဲ့ဖူးသည်။ ထိုဝတ်စုံများမှာ ခေတ်မီ ဇီဝနည်းပညာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဒုံးခွင်းများ၏ တိုက်ရိုက် တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသည်။

"စိတ်ဝင်စား စရာပဲ ... ဒီကမ္ဘာမှာ ရှိတဲ့ သေမျိုးတွေက နည်းပညာမှာ တော်တော်လေးကို ရှေ့ရောက်တာပဲ ... ဒီဇီဝကျည်ကာက တကယ့် ဇီဝကျည်ကာတွေကို မှီဖို့ အဆ တစ်ထောင်လောက် လိုသေးပေမဲ့ ... သူ့ဟာနဲ့သူတော့ မဆိုးဘူး ပြောရမှာပဲ ..."

ချန်းဖန်က ပြုံးရင်း ခေါင်းခါလိုက်သည်။

ဇီဝကျည်ကာမှာ ရုရှား ဇီဝဗေဒ သုတေသန တက္ကသိုလ်မှ ထုတ်လုပ်သည့် အကောင်းဆုံးသော ထုတ်ကုန် ဖြစ်သည်။ သို့သော်လည်း ထုတ်လုပ်မှုက အကန့်အသတ် ရှိနေသေးရာ အနည်းစုလောက်သာ အသုံးပြုနိုင်သေးသည်။

"အာ ... ဝူး ..."

ချန်းဖန်၏ လက်၌ ဝံပုလွေသွေးရော တစ်ကောင် သေဆုံးသွားသည်ကို မြင်သည်နှင့် အခြားကောင်များက ဒေါသတကြီး အူလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာလည်း ဒေါသကြောင့် အခိုးအငွေ့များပင် ထွက်နေခဲ့ပြီ ဖြစ်၏။

"ဂါး ..."

အကြီးဆုံး ဝံပုလွေသွေးနှော ငါးကောင်က လက်သည်းချွန်များဖြင့် ခုတ်ပိုင်းလိုက်၏။ ထိုလက်သည်းများကား အလွန်တရာ ထက်ရှလွန်းရာ သံချပ်ကာ ကားများပင် အပိုင်းပိုင်း ဖြစ်သွားလောက်သည်။ ဧဒင်ပင်လျှင် ထိုတိုက်ခိုက်မှုက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

"မင်းတို့သာ နှင်းဝံပုလွေ ဘုရင်လောက် အစွမ်းထက်ရင် ငါ့ကို တားနိုင်လောက်ပါတယ် ... ဒါပေမဲ့ မင်းတို့က အရမ်း အားနည်းလွန်းတယ် ... ဝတ်ထားတဲ့ ဝတ်စုံကြောင့်သာ မဟုတ်ရင် ခုချိန်မှာ မင်းတို့တွေ သေနေလောက်ပြီ ..."

ချန်းဖန်က ပြုံးရင်း ခန္ဓာကိုယ်အား ရုတ်တရက် လှုပ်ခါလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှ ချွတ်ဆွတ်တူသော ကိုယ်ပွားများစွာ ပေါ်ထွက်လာခဲ့၏။ ထိုကိုယ်ပွားများကား အလင်းပုံရိပ်ယောင်ဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး ချန်းဖန်၏ လှုပ်ရှားမှုကို တုပနိုင်စွမ်း ရှိသည်။

"ဘုန်း ..."

မူလချန်းဖန်က လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ဆယ့်ငါးယောက်သော ကိုယ်ပွားများကလည်း လိုက်လံ ထိုးလိုက်၏။ ဆယ့်ခြောက်ခုသော လက်သီးများ၏ တိုက်ခိုက်မှု အောက်၌ ဝံပုလွေသွေးနှော ဆယ့်ခြောက်ကောင်မှာ လွင့်စဉ်သွားတော့သည်။

ဝံပုလ ွေသွေးနှောများကား ချန်းဖန်၏ လက်သီးချက်ကို ခုခံရန် အခွင့်အရေး မရှိချေ။

"ဘုန်း ..."

အနက်ရောင် အရိပ်များစွာကား အဆောက်အဦ ထက်မှ လွင့်စဉ်ကာ အောက်သို့ အရှိန်ပြင်းစွာ ကျသည်။ အောက်၌ မည်သည့် အဆောက်အဦမှ ရှိမနေသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။ မဟုတ်လျှင် ထိုအဆောက်အဦများမှာ ဝံပုလွေသွေးနှောများ၏ အလေးချိန်ကြောင့် ပြိုကျ ပျက်စီးကုန်မည် ဖြစ်သည်။

"ဘုန်း ..."

ဝံပုလွေသွေးနှောများမှာ ဆရာ အမြင့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသည့်တိုင် ချက်ချင်းပင် လူးလဲထကြ၏။ ထိုအချက်က သာမန် သမန်းဝံပုလွေများထက် ပိုမိုသော သူတို့၏ ခံနိုင်ရည်ကို ဖော်ပြနေသည်။ အကြီးမားဆုံး ဝံပုလွေသွေးနှော ငါးကောင်ဆိုလျှင် နံရံများမှ တစ်ဆင့် ချန်းဖန်ထံသို့ ပြန်လည် တွယ်တက်လာခဲ့ပြီ ဖြစ်သည်။

"အကာအကွယ် ဝတ်စုံရှိတာနဲ့ပဲ မင်းတို့ကို မသတ်နိုင်တော့ဘူး ထင်နေတာလား ..."

ချန်းဖန်၏ အကြည့်များက အေးစက်သွား၏။

"ကောင်းပြီလေ ... ကျင့်ကြံခြင်း အဖွဲ့အစည်းက မင်းတို့ နည်းပညာ အဖွဲ့အစည်းထက် ဘယ်လောက် ပိုအစွမ်းထက်လဲ ဆိုတာ ပြရသေးတာပေါ့ ..."

ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ရပ်လိုက်၏။ ထိုအခိုက်မှာပင် များစွာသော ဝံပုလွေ သွေးရောများကား ချွန်ထက်သော လက်သည်းများအား ဖြန့်ကြက်ရင်း နောက်တစ်ကြိမ် ပြေးဝင်လာခဲ့ပြီ ဖြစ်၏။ သူတို့၏ မျက်လုံးများမှာမူ သွေးဆာလောင်မှုဖြင့် ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နှက် နေခဲ့တော့သည်။

ရုတ်တရက်ပင် ချန်းဖန်၏ ဘယ်ဘက် မျက်လုံး၌ ရွှေရောင် မီးတောက်တစ်ခု ဖြစ်ပေါ်လာကာ ခဏချင်းပင် ကြီးထွားလာပြီး အနီးဆုံးရှိ ဝံပုလွေ သွေးနှောထံသို့ တိုးဝင်သွားတော့သည်။

"နောက်ဆုတ်ကြဟေ့ ..."

ရုတ်တရက် အဖြစ်အပျက်ကြောင့် အခြား ဝံပုလွေသွေးနှော လေးကောင်က အချင်းချင်း သတိပေးရင်း နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း ချန်းဖန်ကမူ သူတို့အား အလွတ်မပေးချေ။

"ဝူး ..."

ခဏအတွင်းပင် အခြား ရွှေရောင် မီးတောက်တစ်ခု ချန်းဖန်၏ ညာဘက် မျက်လုံးတွင် ပေါ်ထွက်လာကာ အရွယ်အစား ကြီးမားလာပြန်သည်။ စက္ကန့်ပိုင်း အတွင်းမှာပဲ မီးတောက်က အခန်းတစ်ခုလုံးအား ဟပ်ကာ ဝံပုလွေ သွေးနှော အားလုံးကို လောင်ကျွမ်း ပစ်တော့သည်။

နာတာရှာမှာမူ လုံခြုံသော တစ်နေရာမှ ဌာနခွဲအား လှမ်း၍ အကဲခတ်နေခဲ့သည်။ သိပ်မကြာခင်မှာပင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ် တစ်ယောက် သူမထံသို့ လမ်းလျှောက်လာသည်အား တွေ့မြင်လိုက်ရ၏။

ချန်းဖန်မှာ ထွက်သွားသည့် အချိန်မှ တွက်လျှင် ဆယ်မိနစ် မပြည့်ခင် ပြန်လည် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအတောအတွင်း၌ သူကား ဝံပုလွေသွေးနှော ဆယ့်ခုနစ်ကောင်ကို သတ်ကာ KGB ၏ ယူဖာဌာနခွဲအား ဖျက်ဆီးပစ်ခဲ့သည်။

"ဆရာ ..." နာတာရှာက ချန်းဖန်ထံသို့ အပြေးကလေးလာရင်း နှုတ်ဆက်လိုက်သည်။

"သွားရအောင် ... အသက်ရှင်နေသေးတဲ့ ဝံပုလွေသွေးနှောတွေ ရှိနေနိုင်သေးတယ် ... ဒါပေမဲ့ ငါတို့ကိုတော့ အန္တရာယ် ပြုတော့မှာ မဟုတ်ဘူး ..." ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ထိုဝံပုလွေသွေးနှော ဆယ့်ခုနစ်ကောင်မှာ KGB ၏ ချန်းဖန် အတွက် နောက်ဆုံး စမ်းသပ်မှု ဖြစ်နိုင်သည်။

ချန်းဖန်၏ ခန့်မှန်းမှုမှာ မှန်ကန်ပေသည်။ ယူဖာမြို့မှ ထွက်လာချိန်မှ စ၍ မည်သည့် လျှို့ဝှက် အေးဂျင့်၊ သွေးနှောဝံပုလွေမှ မတွေ့ရတော့ချေ။ KGB ကား ချန်းဖန်အား တိုက်ခိုက်ရန် လက်လျှော့လိုက်ပုံ ရသည်။

နောက်ပိုင်း နေ့ရက်များ အတွင်း ချန်းဖန်တို့၏ ခရီးစဉ်ကား ချောချောမွေ့မွေ့ပင်။ ဤသို့ဖြင့် နာတာရှာနှင့် ချန်းဖန်တို့ကား မော်စကိုသို့ ချောချောမွေ့မွေ့ ရောက်ရှိ လာခဲ့ကြတော့သည်။

***

All Chapters