← Chapters

သွေးထိုးခြင်းလား

Vol. 018 Ch. 1777

သွေးထိုးခြင်းလား

Vol. 018 Ch. 1777

မေ့ထန်သည် ရီဖူးရှင်း၏ဘေးသို့လျှောက်သွားလိုက်သည်။အရှင်ထိုက်ရွမ်သည် သူ၏နေရာတွင် သတိထားပြီး ရပ်နေဆဲဖြစ်သည်။

မေ့ထန်သည် အလွန်အားကောင်းလှသည်။ရီဖူရှင်းသည် သူနှင့်အတူဤနေရာတွင် နီးနီးကပ်ကပ်ရှိနေသဖြင့် ရီဖူရှင်းအားသတ်ရန်ဆုံးဖြတ်ပါက မေ့ထန်အတွက်စက္ကန့်ပိုင်းမျှသာကြာမည်ဖြစ်သည်။

“တခြားသူတွေ ကိုယ်လုပ်စရာရှိတာလုပ်ကြပါ။ ငါလာတဲ့အကြောင်းကို မပြောပဲနေရင် ပိုကောင်းမယ်” မေ့ထန်သည် အရှင်ထိုက်ရွှမ်အားပြောလိုက်ပြီး ကျောခိုင်းလိုက်သည်။‌ယခု မေ့ထန်သည်လည်း တုံ့ဆိုင်းနေ၏။ သူအခုပဲလုပ်လိုက်သင့်လား ဒါမှမဟုတ် မိစ္ဆာဘုံကိုပဲ အရင်ပြန်သင့်သလား ဝေခွဲမရ​ပေ။ မူလက သူသည် ထိုလူ၏အကြောင်းကိုစုံစမ်းရန် ဤနေရာကိုရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုမူ ထိုသူ၏အမွေဆက်ဆံသူအား ရှာတွေ့ခဲ့၏။

ဤကိစ္စတွင် မိစ္ဆာဘုံ၏အမြင့်မြတ်ဆုံးသော တော်ဝင်သွေးကိစ္စ ပါဝင်နေသည်။ကိစ္စရပ်တော်တော်များများအား ဆုံဖြတ်ချက်များ ချမှတ်နိုင်သော မိစ္ဆာဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း မေ့ထန်သည် ဤကိစ္စကို ပေါ့ပေါ့တန်တန်မလုပ်ရဲပေ။

ထို့ကြောင့် သူက ရီဖူရှင်းနှင့် အရင်တွေ့ဆုံရန် ရွေးချယ်ခဲ့၏။

သို့သော် မေ့ထန်သည် အပြီးသတ် ဆုံးဖြတ်ချက်မချမီ ယူချင်း၏မူလဇစ်မြစ်အား ကျန်သူများကို မသိစေလိုပေ။

ထို့ကြောင့် အရှင်ထိုက်ရွှမ်အား သူလာရောက်ခြင်းကို သတင်းမဖြန့်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။

“အရှင်ထိုက်ရွှမ် ကျွန်တော်ဒီမှာ အဆင်ပြေတယ်။ စီနီယာမေ့နဲ့ကျွန်တော် ပေါ့ပေါ့ပါးပါးစကားစမြည်ပြောနေကြတာပါ။ ကျေးဇူးပြုပြီးဒီနေရာကိုပိတ်ပေးထားပေးပါ” ရီဖူရှင်းကပြောလိုက်သည်။အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းအားစိုက်ကြည့်နေပြီး သူက စိတ်ချလက်ချခေါင်းငြိမ့်ပြသည်ကိုတွေ့လိုက်ရသည်။ ရီဖူရှင်းသည် သူလုပ်နေသည့်အရာကိုသိသည့်အတွက် အရှင်ထိုက်ရွှမ်သည်နောက်ထပ်မပြောတော့ပေ။သူသည်လှည့်ထွက်သွားပြီး နေရာကို သူ၏စိတ်စွမ်းအားဖြင့်တားဆီးထားလိုက်၏။ အခြားသူများသည် သူတို့၏စိတ်အသိဖြင့်ပင်လျှင် ဤနေရာကို မကျူးကျော်နိုင်ပေ။

မေ့ထန်သည် ရီဖူရှင်းနှင့်တွေ့ဆုံရန် ကိုယ်တိုင်လာခဲ့သည်ကိုကြည့်၍ သူတို့ဆွေးနွေးမည့်ကိစ္စရပ်သည် ကြီးမားလိမ့်မည်ဟု အရှင်ထိုက်ရွှမ်ခံစားနေရသည်။ ဤကိစ္စသည် အချို့သောလျှို့ဝှက်ချက်များနှင့်ဆက်နွယ်နေနိုင်၏။

အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းအား ထိုက်ရွှမ်တောင်ပေါ်တွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်ကတည်းက ရီဖူရှင်းသည်ထက်မြက်သောစိတ်ထားရှိပြီး ပင်ကိုယ်အရည်အချင်းရှိကြောင်းသူသိထားခဲ့သည်။ထိုအချိန်ထဲကရီဖူရှင်း၏လုပ်ဆောင်မှုများသည် အလွန်အထင်ကြီးစရာကောင်းခဲ့သည်။ယခုအချိန်တွင် ရီဖူရှင်းတွင် အခြားသောမူလဇစ်မြစ်ရှိနေကြောင်း တစ်စုံတစ်ယောက်မှ ဖော်ထုတ်လာလျှင်ပင် အရှင်ထိုက်ရွှမ်သည် အံ့ဩမည်မဟုတ်တော့ပေ။ အမှန်တကယ်ပင် ရီဖူရှင်း၏ပင်ကိုယ်အရည်အချင်းပါရမီသည် ထူးခြားလွန်းနေ၏။

အရှင်ထိုက်ရွှမ်ထွက်သွားပြီးနောက် ရီဖူရှင်းသည် မေ့ထန်အား အနည်းငယ်ဦးညွှတ်လိုက်ပြီး “ဂျူနီယာရီဖူရှင်းက စီနီယာမေ့အား ကြိုဆိုပါတယ်” ဟုပြောလိုက်သည်။

မေ့ထန်သည် ရှေ့သို့‌ခြေလှမ်းလိုက်ပြီး ရီဖူရှင်းနှင့် မနီးမဝေးတွင် ရပ်လိုက်သည်။သူသည် အနက်ရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး နက်မှောင်နက်ရှိုင်းသောမျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ထိုနေရာမှာရပ်နေရင်းပင် သူသည် ရီဖူရှင်းအား ဖိအားများကိုခံစားမိနေစေပြီ ဖြစ်သည်။ သူ၏အရှိန်အဝါသည် အလွန်ပင်အားကောင်းလွန်းလှသည်။ သူ၏ရှေ့မှထိုသူသည် မှော်နက်စစ်တပ်ကို တစ်ယောက်တည်း အနိုင်ယူတိုက်ခိုက်ခဲ့သည် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

“မင်းက ဘယ်သူလဲ” မေ့ထန်က ရီဖူရှင်းအားကြည့်ပြီး မေးလိုက်သည်။ ဤအချက်ကို ပထမဆုံး သူသိလိုသည်။

“ကျွန်တော်က ရီဖူရှင်းလေ” ရီဖူရှင်းကဖြေလိုက်သည်။

မေ့ထန်သည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ငါမေးနေတာ ဒီအကြောင်းမဟုတ်ဘူးဆိုတာ မင်းသိပါတယ်”

“ဒါပေမယ့် ဒါက ကျွန်တော်သိသမျှ အကုန်ပဲ” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ ထိုသို့သူပြောပြီးပြီးချင်းမှာပင် မိစ္ဆာစွမ်းအားများသည် သူ့ပေါ်သို့ကျရောက်လာသည်။ သူ၏ပတ်ဝန်းကျင်တွင် မွန်းကြပ်စေသည့်ဖိအားတစ်ခုခုရှိနေပုံပေါ်သည်။ မေ့ထန်က သူ့အားစေ့စေ့ကြည့်လိုက်ပြီး ခြိမ်းခြောက်ပြောလိုက်သည်။

“မင်း မိစ္ဆာနဂါးရဲ့အကြောင်းကို သိထားသင့်တယ်။ဒီအကြောင်းကို သူကလည်းမပြောချင်ဘူး။သူ့အတွက် ဘယ်လိုအဆုံးသတ်သွားလဲဆိုတာ မင်းသိတာပဲ။ ငါသူနဲ့ဖြေရှင်းပြီးတော့မှ ဒီကိုလာရှာတာ...”

မိစ္ဆာနဂါးဆီမှ ယူချင်း၏ဖြစ်တည်ခြင်းအကြောင်းကို သူသိရှိပြီးဖြစ်ကြောင်းကို အရိပ်အမြွက်ပြောနေသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် သူ့ကိုရှာဖွေရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပေမည်။

“စီနီယာက ယူချင်းမဟုတ်ပဲ ကျွန်တော့ကိုလာရှာကတည်းက ယူချင်းကိုယ်တိုင်လည်း သူ့ရဲ့အကြောင်းကို သိမထားဘူးဆိုတာ စီနီယာလည်း သိတယ်လို့ဆိုလိုတာပဲ။ ကျွန်တော့အတွက်လည်း အတူတူပဲ။ စီနီယာရှာဖွေနေတာနဲ့ပတ်သတ်ပြီး အဖြေမရှိတဲ့အတွက် စိတ်မကောင်းပါဘူး” ရီဖူရှင်းကပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “ကျွန်တော့ဘက်ကလည်း စီနီယာကို မေးခွန်းအတူတူပဲမေးချင်တယ်။ ယူချင်းကဘယ်သူလဲ...”

မေ့ထန်သည် ရီဖူရှင်းက သူ့အားပြန်လည်မေးခွန်းထုတ်လိုက်သည်ကိုကြားသောအခါ ထူးဆန်းသည့်အကြည့်ထွက်‌ပေါ်လာသည်။အမှန်တကယ်တော့ ယူချင်းကိုယ်တိုင်ပင် သူ၏ကိုယ်ပိုင်ဖြစ်တည်မှုကိုမသိကြောင်း မိစ္ဆာနဂါးထံမှ သူကြားထားပြီးဖြစ်သည်။

ထို့ကြောင့် မေ့ထန်သည် ရီဖူရှင်းအားရှာဖွေရန် ရွေးချယ်ခဲ့ရသည်။သူတို့ကောင်းကင်အာဏာစက်ဘုံကိုလာခဲ့စဉ်ထဲက ယူချင်းသည် ရီဖူရှင်း၏နောက်တွင်လိုက်ပါခဲ့ပြီး သူ၏အရိပ်ကဲ့သို့ရှိနေခဲ့ကြောင်း သူကြားထားပြီးဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်းထံမှ တစ်စုံတစ်ရာသိရှိနိုင်မလားတွေးကာ ရီဖူရှင်းအား ပထမဆုံးရှာဖွေရန်ရွေးခဲ့ခြင်းဖြစ်သည်။

သို့သော် ရီဖူရှင်းသည် ယူချင်းမည်သူဖြစ်‌သည်ကို သူ့အားပြန်မေးနေသည်။

ရီဖူရှင်း၏အလွန်တည်ငြိမ်သည့်အမူအရာကို အကဲခတ်ကြည့်ခြင်းဖြင့် သူ့တွင် ခန့်မှန်းချက်အချို့ရှိနိုင်သော်လည်း အမှန်တရားကို သူသိလိမ့်မည်မဟုတ်ပေ။ သူသည် လိမ်နေသည့်ပုံမပေါ်ပေ။ ဒီဂျူနီယာနှစ်ယောက်သည်ပင် သူတို့၏မူလဇစ်မြစ်ကိုမသိသည်မှာ ဖြစ်နိုင်ပါ၏​လော။

သို့သော်လည်း ဤသည်မှာ ထိုသူ၏ လုပ်ရိုးလုပ်စဉ် ဖြစ်ဟန်ပေါ်သည်။

ရီဖူရှင်းအတွက် ယူချင်းသည် မည်သူဖြစ်သနည်းဟုမေးခြင်းက မေ့ထန်သည် မည်သူနည်းဟုမေးခြင်းနှင့်အတူတူပင်​​ဖြစ်သည်။သူသည် သူတို့၏နောက်ခံအကြောင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

မေ့ထန်သည် သိသာစွာပင် ရီဖူရှင်းအား ဖြေလိမ့်မည်မဟုတ်ပေ။ ယနေ့သူသည် မေးခွန်းမေးရန်လာခဲ့ခြင်းဖြစ်ပြီး သူတို့အား ဖြေကြားရန်မဟုတ်ပေ။

“မင်းနဲ့ အင်ပါယာရီချင်ရဲ့ပတ်သတ်မှုကဘာလဲ” မေ့ထန်သည် ရီဖူရှင်းအားစိုက်ကြည့်ပြီးမေးလိုက်သည်။ သူ၏မျက်လုံးများသည် ဖြည်းဖြည်းချင်းပို၍ကြောက်စရာကောင်းလာသည်။ မိစ္ဆာစွမ်းအင်များသည် ရီဖူရှင်းပေါ်သို့ဖိကျလာသည်။ ရီဖူရှင်းမလိမ်ကြောင်းကို မေ့ထန်ယုံကြည်ခဲ့လျှင်တောင် ဤကိစ္စအား ဤကဲ့သို့ပြီးဆုံးသွားသည်ကိုလက်ခံလိုက်ရန်သူ့အတွက် မဖြစ်နိုင်ပေ။

အင်ပါယာရီချင်တွင်  မျိုးရိုးနာမည် ရီ ရှိသည်။

ရီဖူရှင်းနှင့် သူက မည်သို့ပတ်သတ်နေသနည်း။

ရီဖူရှင်းသည် အင်ပါယာရီချင်၏ဆက်ခံသူဖြစ်နိုင်လေမလား။

မေ့ထန်၏ရှူထောင့်မှကြည့်လျှင် ထိုအချက်က ဖြစ်နိုင်ချေအလွန်များ၏။

မေ့ထန်၏စကားများအားကြားပြီး မေ့ထန်သည် သူတွေးထားသည်ထက်ပင် ပို၍သိရှိနေလိမ့်မည်ဟု ‌ရီဖူရှင်းသိလိုက်သည်။မေ့ထန်သည် ရီဖူရှင်းအား မဖြေသော်လည်း ယူချင်း၏နောက်ကြောင်းကို သေသေချာချာသိထားသည်။

“ယူချင်းရဲ့အဖေ ဘယ်မှာလဲ” မေ့ထန်သည် ရီဖူရှင်းအားဆက်လက်မေးမြန်းသည်။ သူသည် ရှေ့သို့လျှောက်လာပြီး ရီဖူရှင်းအား ဖိအားပေးနေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်တစ်ခုသည် ရီဖူရှင်း၏အသိစိတ်ထဲသို့တိုးဝင်လာသည်။ထိုမိစ္ဆာစွမ်းအင်ကြောင့် ရီဖူရှင်း၏မျက်လုံးများကြားတွင် ကြောက်မက်ဖွယ် မိစ္ဆာပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ရီဖူရှင်း၏အကြည့်သည် တဖြည်းဖြည်းပြောင်းလဲသွားပြီး အနည်းငယ် အေးစက်သွားသည်။

“ကျွန်တော်က စီနီယာကိုအထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ကျွန်တော့ရဲ့ရိုးသားမှုသင်္ကေတအဖြစ် အရှင်ထိုက်ရွှမ်ကို ထွက်သွားဖို့တောင်းဆိုခဲ့တယ်။ဒါပေမယ့် စီနီယာက ဒီလိုမျိုးလုပ်ဖို့ဆန္ဒရှိတယ်ဆိုရင် သေတဲ့အထိတိုက်ခိုက်ရမယ်ဆိုရင်တောင် ကျုပ်ကလက်လျှော့မှာမဟုတ်ဘူး” ရီဖူရှင်းကအေးစက်သည့်အသံဖြင့်ပြောလိုက်သည်။ “ပြီးတော့ စီနီယာက အမှန်တကယ်တစ်ချက်တည်းနဲ့ ကျုပ်ကိုထိခိုက်စေပြီး ဒီနေရာကထွက်သွားရင်တောင် ယူချင်းက သူ့ဘဝတစ်လျှောက်လုံး စီနီယာကို သတ်ဖို့ ကြိုးစားမှာ သေချာတယ်”

မေ့ထန်သည် မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်သည်။ရီဖူရှင်းသည် မေ့ထန်နှင့် ယူချင်းကြားကဆက်နွယ်မှုကို မှန်းဆမိသည်။ ထို့ကြောင့် သူက ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ရီဖူရှင်း၏ခြိမ်းခြောက်မှုကိုနားထောင်ပြီး မေ့ထန်သည် ခဏရပ်တန့်လိုက်သည်။ ရီဖူရှင်းအပေါ်သူအသုံးပြုထားသည့် ဖိအားများသည် သိသိသာသာလျော့နည်းသွားသည်။ သူသည် တွေဝေနေပုံပေါ်သည်။

မေ့ထန်၏တုံ့ပြန်မှုသည် ရီဖူရှင်း၏ခန့်မှန်းချက်ကိုခိုင်မာသွားစေသည်။ယူချင်း၏နောက်ခံသည် အလွန်အထက်တန်းကျပုံရသည်။ မေ့ထန်ပင်လျှင် ယူချင်းအားဆန့်ကျင်ဖို့ဖြစ်လာသောအခါ စိုးရိမ်ပူပန်နေသည်။

သူသည် ယူချင်းအပေါ်ပြစ်မှုမကျုးလွန်ရဲပေ။

မေ့ထန်သည် ဤနေရာကိုယူချင်းအားဖမ်းဆီးရန် ရောက်လာခဲ့လျှင် သို့မဟုတ် သူသည် ယူချင်း၏ဇစ်မြစ်ကို ဂရုမစိုက်ဘူးဆိုလျှင် ရီဖူရှင်း၏ခြိမ်းခြောက်မှုကိုလျစ်လျူရှူနိုင်မည်ဖြစ်သည်။

သို့သော် ခဏမျှတုန်လှုပ်သွားပြီးနောက် မေ့ထန်သည် ရီဖူရှင်းအား သူ၏စွမ်းအားဖြင့်ဆက်လက်ဖိအားပေးခဲ့သည်။ထိတ်လန့်ဖွယ်ရာ မိစ္ဆာအသိစိတ်သည် ရီဖူရှင်းစိတ်ထဲကိုကျူးကျော်ဝင်ရောက်လာသည်။မေ့ထန်၏မျက်လုံးများသည် ညကဲ့သို့‌မည်းမှောင်နေသည်။ ရီဖူရှင်းသည် သူနှင့်အတူလျှို့ဝှက်ချက်အချို့ကိုသယ်ဆောင်ထားသည်။ ထိုလျှို့ဝှက်ချက်များသည် အင်ပါယာရီချင်နှင့်ဆက်နွယ်နေနိုင်သည်။

သူသည် ကိစ္စရပ်အားလုံးကို သေချာစုံစမ်းနိုင်မည်ဆိုလျှင် မိစ္ဆာအင်ပါယာသည် ရူးသွပ်စွာလုပ်ဆောင်သည့်အတွက် သူ့အားအပြစ်တင်မည်မဟုတ်ဟုသူယုံကြည်သည်။

အနာဂတ်တွင် ယူချင်းသည် သူ့အားမုန်းသွားလျှင်‌ပင် သူလက်ခံနိုင်လိမ့်မည်။

ထို့ကြောင့် ခဏတာစဉ်းစားပြီးနောက် မေ့ထန်သည် ရီဖူရှင်း၏စိတ်ကိုကျူးကျော်ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။

သူသည် ရီဖူရှင်းအား မနာကျင်စေလိုသော်လည်း သူ၏နောက်ခံအကြောင်းသိရန်လိုအပ်ပြီး သူသည် ထိုသူရှိနေသောနေရာအား ရှာဖွေကောင်း ရှာဖွေနိုင်လိမ့်မည်။

“ရပ်လိုက်” အေးစက်သည့်အသံတစ်သံထွက်ပေါ်လာသည်။မေ့ထန်သည် တခဏချင်းရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ ထွားကျိုင်းသန်မာသည့်လူငယ်တစ်ယောက်သည် သူ၏နောက်တွင်ရပ်နေပြီး သူ့အားအလွန်အေးစက်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူသည် ယူချင်းမှလွဲ၍ မည်သူမျှမဖြစ်နိုင်ပေ။

မေ့ထန်သည် ယူချင်းအားစိုက်ကြည့်လိုက်သည်။

ယူချင်းသည် မိစ္ဆာဘုံ၏ဒဏ္ဍာရီလာပုဂ္ဂိုလ်မှ ဆင်းသက်လာသူဖြစ်သည်။ သို့သော် ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်မှာ မိစ္ဆာဘုံ၏သစ္စာဖောက်ဖြစ်သည်။

ယူချင်းသည် မိစ္ဆာဘုံကိုသစ္စာဖောက်သူ၏သားဖြစ်၏။

ယူချင်းသည် သစ္စာဖောက်၏သားဖြစ်သော်လည်း မိစ္ဆာဘုံ၏ အမြင့်မြတ်ဆုံးသော တော်ဝင်သွေးများသည် သူ၏သွေးကြောထဲတွင် လည်ပတ်နေဆဲဖြစ်သည်။ ထိုအချက်မှာ ငြင်းပယ်မရနိုင်ပေ။ သူသည် လူငယ်မျိုးဆက်ကြားတွင်  တော်ဝင်သွေးကိုပိုင်ဆိုင်သည့် တစ်ယောက်ထဲသောသူဖြစ်သည်။

ထို့ကြောင့် မေ့ထန်သည် ယူချင်းအား ထိခိုက်စေရန် သေချာပေါက်မလုပ်ဆောင်ရဲပေ။

မိစ္ဆာအင်ပါယာသာလျှင် ယူချင်း၏ကံကြမ္မာကို ဆုံးဖြတ်ရန်အာဏာရှိသည်။

မိစ္ဆာစွမ်းအင်သည် နှောင့်နှေးသွားသော်လည်း ရီဖူရှင်းပေါ်မှဖိအားသည်တဖြည်းဖြည်းအားနည်းသွားသည်။နောက်ဆုံးတွင် မေ့ထန်သည် တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး သူ၏မိစ္ဆာစွမ်းအင်ကိုရုတ်သိမ်းလိုက်သည်။ သူ၏အကြည့်သည် သူ၏နောက်တွင်ရပ်နေသည့်ပုဂ္ဂိုလ်ပေါ်တွင် စူးစိုက်နေဆဲဖြစ်သည်။

ဤထွားကျိုင်းသန်မာသည့်လူငယ်သည် စွမ်းအားအပြည့်ရှိနေပုံပေါ်သည်။ သူ၏ထူးမခြားနားအကြည့်များသည် လွှမ်းမိုးနိုင်ပြီးခံစားချက်မပါပဲ အေးစက်နေသည်။ လူငယ်၏စိတ်နေစိတ်ထားကို သုံးသပ်ကြည့်လျှင် သူသည် မွေးရာပါမိစ္ဆာကျင့်ကြံသူဖြစ်သည်။သူသည် မိစ္ဆာဘုံ၏ အမြင့်မြတ်ဆုံး​သောတော်ဝင်သွေးကို ဆက်ခံသူဖြစ်သည်။ သူသည် အခြားသောမိစ္ဆာများအားလုံး၏ထိပ်တွင်ရှိသည်။ သူသည် အနာဂတ်၏ မိစ္ဆာနတ်ဘုရားဖြစ်ပေသည်။

မေ့ထန်နှင့် ယူချင်းတို့သည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။ပထမလူသည် မိစ္ဆာအင်ပါယာ၏အမိန့်အောက်တွင်ရှိသည့် မိစ္ဆာစစ်သူကြီးရှစ်ပါးမှ တစ်ဦးဖြစ်ပြီး စွမ်းအားပြည့်ဝသည့် မိစ္ဆာစစ်သူကြီးဖြစ်သည်။နောက်တစ်ဦးမှာ ရန်ဟောင်အဆင့်သို့တက်ရောက်လာခါစ ဂျူနီယာဖြစ်သည်။ သို့သော်သူသည် မေ့ထန်၏မျက်လုံးကို ကြောက်ရွံ့မှုမရှိပဲစိုက်ကြည့်နေသည်။

“မင်းဘယ်သူလဲဆိုတာ မင်းသိလား” မေ့ထန်က ယူချင်းအားမေးလိုက်သည်။

ယူချင်းသည် မေ့ထန်အားစိုက်ကြည့်နေပြီး ပြန်မဖြေပေ။သူသည် အဖြေကိုမသိပေ။

“မှတ်ထားပါ။ မင်းက ဘယ်သူ့ကိုမှ ဦးညွှတ်စရာမလိုဘူး။ဘယ်သူတစ်ဦးတစ်ယောက်နောက်ကိုမှ လိုက်ဖို့မလိုဘူး။ အဲဒီလူပြောတာအားလုံးက အမှန်တွေမဟုတ်ဘူး။ သူပြောသမျှအကုန်လုံးက အမှားတွေတောင်ဖြစ်နိုင်တယ်” မေ့ထန်ကပြောလိုက်သည်။

ယူချင်း၏အကြည့်သည် အနည်းငယ်တုန်လှုပ်သွားသော်လည်း ပို၍အေးစက်သွားသည် ။မေ့ထန်၏စကားများသည် သူနှင့်ရီဖူရှင်း၏ဆက်ဆံရေးကို သွေးထိုးနေပုံပေါ်သည်။

မေ့ထန်ပြောလိုက်သည့် ပုဂ္ဂိုလ်က သူ၏ဖခင်လား။

သို့သော် ဖခင်၏စကားများသည်မေ့ထန်စကားများနှင့်မတူညီပေ။ အမှန်တကယ်တွင် ဖခင်က သူ၏ဖြစ်တည်မှုသည် ရီဖူရှင်းအသုံးချရန်အတွက်ဟုပြောခဲ့သည်။

ယူချင်းသည် သူ့အားမလှုပ်မယှက်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၍ မေ့ထန်သည် ခေါင်းမော့လိုက်ပြီး အပြင်ကိုငဲ့ကြည့်လိုက်သည်။ ထို့နောက်သူသည် ရီဖူရှင်းနှင့် ယူချင်းအား တစ်ချက်ကြည့်လိုက်သည်။

မေ့ထန်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ယူချင်းအား ခေါင်းညွှတ်၍အရိုအသေပေးလိုက်သည်။သူသည် ယူချင်းအား တလေးတစားဆက်ဆံပုံပေါ်သည်။

ထို့နောက် မိစ္ဆာအသိစိတ်၏ကြိုးတန်းများသည် မေ့ထန်၏ခန္ဓာကိုယ်အား ဝန်းရံထားပြီး မိစ္ဆာအလင်း၏ရောင်ခြည်တန်းအဖြစ်ပြောင်းလဲသွားသည်။ မျက်စိတမှိတ်အတွင်းမှာပင် မေ့ထန်သည် ပျောက်ကွယ်သွားသည်။

ရီဖူရှင်းသည် ခေါင်းမော့လိုက်ပြီး ပျောက်ကွယ်သွားသည့် အရိပ်မည်းကိုကြည့်လိုက်ပြီးနောက် ယူချင်းအားကြည့်လိုက်သည်။ မလွယ်သည့်ကိစ္စဟု သူခံစားလိုက်ရသည်။ ယူချင်း၏ဇစ်မြစ်သည် သူစိတ်ကူးထားသည်ထက်ပင် ပို၍ထူးကဲပုံရ​သည်။ မေ့ထန်ကဲ့သို့သောလူပင် ထွက်မသွားခင် ယူချင်းအား ဦးညွှတ်အရိုအသေပေးသွားသည်။ သို့သော်သူသည် ရီဖူရှင်း၏မွေးစားအဖေကို ထိုသူဟုပြောဆိုသုံးနှုန်းခြင်းအားဖြင့် မလေးစားသည်မှာ ပေါ်လွင်ပေသည်။

အတိတ်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သနည်း။

မေ့ထန်၏သွေးထိုးခြင်းနှင့် ပတ်သတ်၍သူသည် ဘာမှမခံစားရပေ။သူသည် ယူချင်းထံလျှောက်သွားပြီး တီးတိုးပြောလိုက်သည်။” မင်းဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ငါမင်းကို အမြဲအားပေးနေမယ်”

ယူချင်းသည် သူ့ကိုကြည့်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ သူဘာကိုပဲဆုံးဖြတ်ပါစေ ရီဖူရှင်းက သူ့အား ထောက်ခံအားပေးမည်ကို သူသိနားလည်၏။

သူတို့၏ဆက်ဆံရေးသည် တစ်ယောက်နှင့်တစ်ယောက် ရှင်းပြနေရမည့်ကာလကိုကျော်လွန်ခဲ့ပြီဖြစ်သည်။ မေ့ထန်၏စကားတစ်ခွန်း နှစ်ခွန်းဖြင့် ယိမ်းယိုင်သွားမည့် ဆက်ဆံရေးမဟုတ်ပေ။

သူသည် ရီဖူရှင်းနောက်လိုက်ဟု လူတိုင်းကတွေးနေကြသည်။ သို့သော် သူလုပ်ခဲ့သည်မှာ ရီဖူရှင်းကိုယုံကြည်၍ဖြစ်သည်။ထို့အပြင် ရီဖူရှင်းကိုယ်တိုင်ပင်လျှင် ယူချင်းသည်သူ၏နောက်လိုက်ဟု မည်သည့်အခါကမှ မတွေးခဲ့ပေ။ ရီဖူရှင်းအတွက် သူ့ကိုယ်သူစတေးဖို့လိုအပ်လာလျှင် ယူချင်းသည် တွေဝေနေမည်မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်းသည်လည်း သူ့အတွက်ဆိုလျှင် ထိုကဲ့သို့ပင်လုပ်ပေးမည်ကိုသူကောင်းကောင်းသိထားသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက်အလွန်ယုံကြည်မှုရှိပေသည်။

ပုံရိပ်နှစ်ခုသည် သူတို့ထံ ချဉ်းကပ်လာသည်။အရှင်ထိုက်ရွှမ်အပြင် အခြားတစ်ယောက်သည်လည်း ဤနေရာတွင်ရှိနေသည်။ထိုသူမှာ အင်ပါယာနန်ဖြစ်သည်။

အရှင်ထိုက်ရွှမ်သည် သူတို့အတွက်စိုးရိမ်နေသည်မှာ ထင်ရှားသည်။ မေ့ထန်သည် အလွန်စွမ်းအားကြီးသောကြောင့် အရှင်ထိုက်ရွှမ်သည် နန်ထျန်းနတ်ပြည်ထောင်သို့သွားရောက်ခဲ့ပြီး အင်ပါယာနန်ကိုဖိတ်ခေါ်ခဲ့သည်။

သို့သော် သူစိုးရိမ်သကဲ့သို့ဘာတစ်ခုမှ မဖြစ်ခဲ့ပဲ မေ့ထန်သည် ထွက်သွားခဲ့သည်။

“ရီဖူရှင်းက အင်ပါယာနန်ကိုနှုတ်ဆက်ပါတယ်” ရီဖူရှင်းသည် အင်ပါယာနန်ကိုမြင်သောအခါ ကြိုဆိုရန်ဦးညွှတ်လိုက်သည်။အင်ပါယာနန်သည် မဟာလမ်းစဉ်ဘုံသုံးထောင်၏ထိပ်ဆုံးတွင်ရှိသည့် ပုဂ္ဂိုလ်များအနက်မှ တစ်ယောက်ဖြစ်သည့်အတွက် သူသည် အင်ပါယာနန်အပေါ် အလွန်ယဉ်ကျေးသည်။

ထို့အပြင် အင်ပါယာနန်သည် သူတို့အားကူညီရန် ရောက်လာသည်မှာ ထင်ရှားပေသည်။

အင်ပါယာနန်သည် အသာအယာခေါင်းငြိမ့်လိုက်ပြီးမေးလိုက်သည်။ “မေ့ထန်က ဒီကိုဘာကြောင့်လာတာလဲ”

ရီဖူရှင်းသည် ခေါင်းယမ်းပြီး ပြုံးလိုက်သည်။သူ၏အမူအယာကိုမြင်ပြီး အင်ပါယာနန်သည် ရီဖူရှင်း၏ပူပန်မှုကိုနားလည်လိုက်ပြီး နောက်ထပ်ဘာမှ ‌မမေးတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိပေသည်။

မေ့ထန်သည် မည်သည့်အတွက်ကြောင့်လာခဲ့သည်ဖြစ်စေ ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အတွက် မည်သည့်အကျိုးဆက်မှ မရှိခဲ့ပေ။

“ကောင်းကင်အာဏာစက်ကျောင်းတော်က ခုခံဖို့အတွက် အင်အားရှိဖို့လိုအပ်နေဆဲပဲ။ မေ့ထန်ရဲ့အဆင့်ကကျင့်ကြံသူတွေက အရမ်းအန္တရာယ်များတယ်” အင်ပါယာနန်က မှတ်ချက်ပေးလိုက်သည်။ အရှင်ထိုက်ရွှမ်သည် ခေါင်းငြိမ့်ပြီး အပြည့်အဝထောက်ခံလိုက်သည်။

***

All Chapters