← Chapters

ကုသိုလ်အကာအကွယ်၊ ပိုင်ရှန်းကျဆုံးခြင်း

Vol. 43 Ch. 802

ကုသိုလ်အကာအကွယ်၊ ပိုင်ရှန်းကျဆုံးခြင်း

Vol. 43 Ch. 802

အကြီးအကဲချီယန်သည် ဖန်ထျန်းယွင်နှင့်တိုက်ခိုက်နေချိန်၌ နတ်ဘုရားအရှင်ပင်လယ်က အကြီးအကဲယွမ်ဖန်နှင့် ပြင်းထန်သောအခြားတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် မီးတောက်ဓားဧကရာဇ်နှင့်ပိုင်ရှန်းတို့သည် ရှီရှန်းယောင်နှင့် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရပြီး သူတို့သည် လက်ဖျားခါလောက်သည့် အင်အားဖြင့် တိုက်ခိုက်နေကြသည်။

ရုတ်တရက်၊ ကောင်းကင်သည် ရှိန်လောက်သည့်စွမ်းအား ခုနှစ်ခုအတွက် တိုက်ပွဲနယ်မြေ ဖြစ်လာခဲ့ကာ၊ သူတို့သည် မိုင်သောင်းချီအထိပင် လှိုင်းများဖြစ်စေခဲ့ပြီး နယ်မြေအား မတည်မငြိမ်ဖြစ်စေခဲ့သည်။

အရိပ်များကြားတွင်ပုန်းအောင်းနေကာ ကျန်းချန်ရွှမ်သည် စိုးရိမ်သောအမူအရာဖြင့် ကြည့်နေခဲ့သည်။

သူသည် ရန်သူ၏တိုက်ခိုက်မှုသည် သာမန်ထပ်ပိုသည်ကိုတွေ့လိုက်ရသည်။

ထိုနေရာတွင် သေချာပေါက် သူတို့သတိမထားမိသောအရာတစ်ခုခုရှိနေပါသည်။

ဝုန်း…

အကြီးအကဲချီယန်နှင့် ဖန်ထျန်းယွင်၊ အကြီးအကဲယွမ်ဖန်နှင့် နတ်ဘုရားအရှင်ပင်လယ်တို့သည် တိုက်ခိုက်နေကြပုံပေါ်သော်လည်း၊ မည်သည့်ဘက်ကမှ အချိန်တိုအတွင်းအသာစီးရမည့်ပုံမပေါ်ပါ။

သို့ရာတွင် ရှီရှန်းယောင်က ကွဲပြားကာ တစ်ယောက်ထဲနှင့် မီးတောက်ဓားဧကရာဇ်နှင့်ပိုင်ရှန်းတို့အား ဖိနှိပ်ထားနိုင်သည်။

သို့သော် ထိုအခြေအနေသည်ကျန်းချန်ရွှမ်အား မသက်မသာဖြစ်နေစေသေးသည်။

သူ၏စီနီယာအစ်မ၏စွမ်းအားသည် သူ၏အဖော်များအကြားမယှဉ်နိုင်ကာ၊ သူသည် မီးတောက်ဓားဧကရာဇ်နှင့် ပိုင်ရှန်းတို့အား ရှုံးရန်မှာ မဖြစ်နိုင်ပါ။

အချက်အလက်များကလည်း သက်သေပြနေပါသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ မီးတောက်ဓားဧကရာဇ်နှင့်ပိုင်ရှန်းတို့သည် ရှီရှန်းယောင်နှင့် ရင်ဆိုင်ရသည်မှာ ပို၍ခက်ခဲလာကြောင်း တွေ့ရှိလာရသည်။

အချိန်မရွေးရှုံးသွားနိုင်ချေရှိနေပါသည်။

သို့ရာတွင်၊ အခြေအနေက ထိုသို့ဖြစ်လာလေလေ ကျန်းချန်ရွှမ်သည် တစ်ခုခုမှားနေသည်ဟု ပို၍ ခံစားလာရသည်။

“ဒီမှာသေချာပေါက် တစ်ခုခုတော့ ငါလွတ်သွားတာရှိရမယ်။” သူက ရေရွတ်လိုက်ကာ မျက်မှောင်ကုပ်လိုက်သည်။

သူသည် သူ၏ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်ကို ကန့်သတ်ချက်ထိ တွန်းလိုက်သော်လည်း အသုံးဝင်သည့်အချက်အလက်ကို ရှာတွေ့ရန် ကျရှုံးခဲ့သေးသည်။

၎င်းသည် သာမန်မဟုတ်သည့်အခြေအနေပင်ဖြစ်ပါသည်။

“ကြည့်ရတာ ငါရဲ့ကံကြမ္မာတစ်ချို့နဲ့ ကုသိုလ်အချို့ကို လျှို့ဝှက်ချက်ဖယ်ရှားဖို့ သုံးလိုက်ရမဲ့ပုံပဲ။”

ထိုအတွေးဖြင့် ခရမ်းရောင်အရောင်အဝါတစ်ချို့က ကျန်းချန်ရွှမ်၏မျက်လုံးထဲ ရုတ်တရက် ဖြတ်သန်းသွားသည်။

ခနအကြာတွင်၊ သူ့ခန္ဓာကိုယ်ထဲမှ ရွှေကုသိုလ်ကြာပွင့်သည် ရုတ်တရက် ပွင့်လန်းလာခဲ့သည်။

ရွှေကုသိုလ်ချီစမ်းချောင်းသည် သူ၏ခန္ဓာကိုယ်ထဲစီးဆင်းလာခဲ့သည်။

“မင်းတို့ဘာတွေဖုံးကွယ်ထားလဲဆိုတာ ငါ့ကို ပေးကြည့်ပါဦး။”

ကျီ….

ကျန်းချန်ရွှမ်သည် ကုသိုလ်ကိုသုံးလိုက်သည်နှင့် သူ၏ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်သည် တစ်ကြိမ်ထပ်မံ၍ အထွတ်အထိပ်သို့ရောက်ရှိသွားသည်။

ပထမဆုံးအနေနှင့် ယခင်က ဘာကိုမှဖုံးကွယ်ထားခြင်းမတွေ့ခဲ့သော သူ၏တွက်ချက်ခြင်းမှ သဲလွန်စတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်ရွှမ်သည် သူ၏အင်အားများကို ထုတ်လိုက်ကာ သူ၏ကုသိုလ်ထဲမှ နောက်ထပ်တစ်မျှင်ကို ထုတ်၍ သူ၏တွက်ချက်ခြင်းထဲသို့ ထည့်လိုက်သည်။

ချက်ခြင်းပင်၊ အဆုံးမဲ့လေဟာနယ်၏အစွန်ဆုံးပိုင်းတွင် သူသည် ပုံရိပ်တစ်ခုက သူ၏စီနီယာအစ်မ ရှီရှန်းယောင်ကို အဝေးမှတိုက်ခိုက်ရန် ချိန်ရွယ်နေကြောင်းကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းသည် အမှန်တကယ်မဖြစ်လာသေးသော်လည်း၊ ၎င်းသည် တိုက်ပွဲကို ပြောင်းလဲပစ်နိုင်သည့် အရာဖြစ်ပါသည်။

သူ၏တွက်ချက်ခြင်းမှ ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ထိုကြောက်မက်ဖွယ်ကောင်းသည့် အလည့်အပြောင်းသည် မကြာမီတွင် အစစ်မှန်ဖြစ်လာလိမ့်မည်ဖြစ်သည်။

၎င်းသည် အဝေးမှ လာမည့်ကျိန်စာဖြစ်ကာ ဗလာနယ်ပြန်နတ်ဘုရားအရှင်တစ်ဦး၏ တိုက်ခိုက်မှုမဟုတ်ဘဲ၊ စစ်မှန်တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦး၏တိုက်ခိုက်မှုပင်ဖြစ်သည်။

“သေစမ်း၊ ဂုဏ်ကျက်သရေရှိတဲ့ တာအိုဖွဲ့စည်းခြင်းသူတော်စင်က တကယ်ပဲ အဲ့လိုကောက်ကျစ်တဲ့ နည်းလမ်းကိုသုံးတာပဲ။

ဒါ့အပြင် သူက သူ့အရောင်အဝါကိုဖုံးကွယ်ဖို့ ရှားပါးတဲ့ရတနာတစ်ခုကိုတောင်သုံးလိုက်သေးတယ်။

အကယ်၍သာ ငါ့ကုသိုလ်ကိုသုံးပြီးမတွက်ချက်ခဲ့ရင်၊ အခြားတစ်ဘက်က တည်ရှိမှုကိုတောင် ခန့်မှန်းနိုင်မှာမဟုတ်ဘူး။

ဒါ့အပြင် အခြားတစ်ဘက်က အထောက်အထားကိုတွက်ချက်ခဲ့တဲ့တန်ဖိုးက ငါသည်းခံနိုင်တာထပ် ပိုခံရလိမ့်မယ်။

ဒါမဲ့ ငါအခုမင်းရဲ့နေရာကိုကြိုမြင်ပြီးပြီဆိုတော့ မင်းမအောင်မြင်စေရဘူး။”

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်သည် နောက်မဆုတ်တော့ပါ။

သူ၏အသိစိတ်ပင်လယ်ထဲမှ ရွှေကုသိုလ်ကြာပွင့်သည် ရုတ်တရက် လင်းလက်သည့်အလင်းဖြင့် ပေါက်ထွက်လာခဲ့သည်။

တိတ်ဆိတ်စွာဖြင့် အလင်းတန်းသည် အလင်းနှင့် အရိပ်များအဖြစ်ပြောင်းလဲသွားပြီး ရှီရှန်းယောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် မမြင်ရသောအတားဆီးတစ်ခုပေါ်လာခဲ့လေသည်။

ကျန်းချန်ရွှမ်ကလှုပ်ရှားလိုက်သည်နှင့်တပြိုင်နက်၊ ကျယ်ပြောသည့်တောင်ထိပ်တစ်နေရာမှ ပုံရိပ်တစ်ခု သည်လည်း သူ၏လက်ကိုမြောက်လိုက်သည်။

ချက်ခြင်းပင် ထိုလက်သည် အဆုံးမဲ့အကွာအဝေးကိုဖြတ်ကျော်ကာ ရှီရှန်းယောင်အားဖျက်စီးဖို့ရန် ကြံရွယ်လာနေသည်။

“ချင်ရှန်းဝူ၊ ဒီနေ့၊ ငါမင်းရဲ့ တပည့်ကနေပြီး အရင်ဆုံး စိတ်ဝင်စားမှုကိုရယူလိုက်မယ်။”

ထိုစကားများဖြင့် ထိုလက်သည် ကြယ်များအဖြစ်ပြောင်းလဲသွားပြီး မူလဝိညာဉ်များပင် ခံစားမိနိုင်သည့် ကျယ်လောင်သည့်ဟိန်းသံများ ထွက်လာခဲ့သည်။

လူတိုင်းက ရပ်သွားကာ သူတို့၏မျက်နှာများသည် အံ့အားသင့်နေကြပြီး ရှီရှန်းယောင်တို့ဘက်ကသို့ လှည့်ကြည့်လိုက်ကြသည်။

ရှီရှန်းယောင်သည် သူမ၏ပတ်ဝန်းကျင်ရှိပြောင်းလဲမှုကိုခံစားလိုက်မိကာ သူမသည် ကျယ်ပြောသည့် ရွံ့နွံတောထဲတွင်ပိတ်မိနေသကဲ့သို့ စွမ်းအားများနှင့် ရုန်းထွက်လျှင်ပင် အလကား ဖြစ်နေသည်။

သူမသည် သူမ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားဖြင့်ပင် မခံနိုင်သော ပြင်းထန်သည့် စွမ်းအားကို အာရုံခံလိုက်မိသည်။

ကျီ…

ထိုအရေးကြီးသည့်အချိန်တွင်၊ ထူးဆန်းသောစွမ်းအားတစ်ခုသည် သူမ၏အထဲမှ ပေါက်ထွက်လာခဲ့သည်။

သူမဆီသို့ချိန်ရွယ်ကာလာနေသည့်လက်သည် ရုတ်တရက် ဖရိုဖရဲဖြစ်နေသည့် အချိန်နှင့် နေရာလပ်နှင့် ရင်ဆိုင်လိုက်ရသည်။

တစ်ဆင့်ပြီးတစ်ဆင့်၊ သိပ်သည်းကာ ရစ်လိမ်နေသောစွမ်းအားသည် လက်၏ပုံစံကို ဝိုးတဝါးဖြစ်စေကာ ပြန်လည်လွဲလိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”

တောင်ထိပ်တွင် မြင့်မားသောပုံရိပ်သည် သူ၏မျက်လုံးထဲ၌ အံ့ဩရိပ်ကိုပြလိုက်သည်။

တစ်ချိန်တည်းမှာပင်။

ရှီရှန်းယောင်အားတိုက်ခိုက်ရန်ကြိုးစားလာသည့် ထိုလက်သည် သူမ၏ဘေးမှ ပိုင်ရှန်းထံသို့ ရောက်သွားခဲ့သည်။

ထိုအပြောင်းအလဲသည်ပိုင်ရှန်းနှင့် မီးတောက်ဓားဧကရာဇ်တို့သည် ကျောရိုးမှပင် ကြက်သီးများ ထသွားခဲ့သည်။

ပိုင်ရှန်းက ကြောက်လန့်စွာအော်လိုက်သည်။ စီနီယာအစ်ကို၊ ကျွန်တော့်ကိုကယ်ပါဦး။”

ဝုန်း…

သူ၏အော်ဟစ်သံပြီးနောက်တွင် ဆန်းကြယ်သောလက်ကြီးသည် သူ့အားတိုက်ရိုက်ပင် ထိုးချလိုက်သည်။

ချက်ခြင်းပင် ပိုင်ရှန်း၏ပုံရိပ်သည်ကြေမွသွားသည်။

မြန်ဆန်စွာပင် သူ၏ပုံရိပ်သည်ပြန်လည်ဖွဲ့စည်းလာပြီး စကားတစ်လုံးပြောပြီးနောက်တွင် ထပ်မံ၍ ပျောက်ကွယ်သွားခဲ့သည်။

ထိုသံသရာသည် လည်ပတ်နေကာ အကြိမ်တစ်ရာဖြစ်ပြီးနောက်မှ ပိုင်ရှန်းသည် ပြန်လည်မပေါ်လာခဲ့တော့ပေ။

သူသည်ကျဆုံးသွားခဲ့သည်။

ထိုအချိန်တွင်၊ လူတိုင်းသည် သူတို့၏လှုပ်ရှားမှုများရပ်တန့်သွားပြီး ရှီရှန်းယောင်နှင့် အခြားသူများဘက်သို့သာကြည့်ကာ ထိတ်လန့်နေကြသည်။

ဘာဖြစ်သွားတာလဲ?

ဘာလို့ပိုင်ရှန်းက ဒီလောက်အမြန်ကြီးကျဆုံးသွားရတာလဲ?

သိရမည်မှာ ထိုတိုက်ခိုက်မှုသည် ပြင်ပမှ မရေတွက်နိုင်သည့်နေရာလပ်များကိုကျော်ဖြတ်ကာ ‌ရောက်လာခဲ့ခြင်း ဖြစ်သည်။

တာအိုဖွဲ့စည်းခြင်းအရှင်အဆင့်သို့မရောက်လျှင် သာမန်ကျင့်ကြံသူသည် ၎င်းကိုသတိပြုမိရန် ခက်ခဲပါသည်။

တိုက်ခိုက်မှု၏ပစ်မှတ် ဖြစ်သည့် ရှီရှန်းယောင်သည်ပင် ထိုကျိန်စာက သူမကိုထိခိုက်တော့မည့် အချိန်တွင် အလွန်အန္တရာယ်ကြီးသည့် အရောင်အဝါကို အာရုံခံလိုက်မိပါသည်။

သို့ရာတွင် ယခုတွင် ဘာဖြစ်သွားကြောင်း မသိလိုက်ပါ။

သူမအားပစ်မှတ်ထားသည့်တိုက်ခိုက်မှုသည် ပိုင်ရှန်းဆီသို့ အဘယ်ကြောင့် ပြောင်းလဲသွားရပါသနည်း?

တိုက်ခိုက်သူမှ အမှားလုပ်ခြင်းဖြစ်ပါသလား?

၎င်းသည် မဖြစ်နိုင်ပါ။

မည်ကဲ့သို့ ဂုဏ်ကျက်သရေနှင့် တာအိုဖွဲ့စည်းခြင်းသူတော်စင်က ထိုကဲ့သို့ အဆင့်နိမ့်အမှားမျိုးမည်သို့ ပြုလုပ်နိုင်မည်နည်း?

တစ်စုံတစ်ဦးက ဤအခြေအနေကိုကြိုမြင်ကာ ၎င်း၏အကြောင်းကို မသိနိုင်သောကိစ္စဖြင့် ပြောင်းလဲလိုက်ခြင်းမရှိလျှင်ဖြစ်သည်။

“အဲ့တာ မင်းလား။ ဂျူနီယာမောင်လေး?”

ရှီရှန်းယောင်သည် သူမ၏ပတ်ဝန်းကျင်ကို သူမ၏နတ်ဘုရားအာရုံဖြင့် ရှာဖွေလိုက်သည်။

နောက်ဆုံးတွင်၊ သူမသည် ဘာကိုမှရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။

သို့ရာတွင် သူမ၏အသိစိတ်က ယခုဖြစ်ခဲ့သောအဖြစ်အပျက်မှာ သူမ၏ဂျူနီယာမောင်လေးနှင့် ပက်သက်လိမ့်မည်ဖြစ်ကြောင်း ပြောနေသည်။

ဝုန်း…..

ထိုအချိန်တွင် ရှီရှန်းယောင်သည် မတုံ့ဆိုင်းနေတော့ပါ။

သူမ၏နောက်တွင်ဖီးနစ်သရဖူဆောင်းထားသည့်အမျိုးသမီးပုဂ္ဂိုလ်သည် ပြင်းထန်သောအလင်းဖြင့် ရစ်ပတ်နေသည့်လှံတံကို ကိုင်ဆောင်ထားသော ကြီးမားသည့်ပုံရိပ်က ပေါ်လာခဲ့သည်။

ဝှစ်ဟူသောအသံမြည်သွားခဲ့သည်။

အေးစက်သည့်အလင်းက လျှင်မြန်စွာပင် မီးတောက်ဓားဧကရာဇ်၏မျက်လုံးများထဲတွင် ကျယ်ပြန့်သွားခဲ့သည်။

သူသည် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အလင်းမှုန်များအဖြစ် ပပျောက်သွားခဲ့ကာ လေကဲ့သို့ အငွေ့ပျံသွားခဲ့လေသည်။

ခနအကြာတွင်။

မီးတောက်ဓားဧကရာဇ်သည် မိုင်ပေါင်းထောင်ချီအဝေးတွင် ပြန်လည်၍ပေါ်လာခဲ့ကာ ရှီရှန်းယောင်ကို ပြန်လည်လှည့်ကြည့်လိုက်ကာ သူ၏မျက်လုံးသည် ကျန်ရှိနေသေးသော ကြောက်ရွံ့မှုများဖြင့် တောက်ပနေခဲ့သည်။

သူ၏ကြောက်ရွံနေရခြင်းအကြောင်းအရင်းမှာ ရိုးရှင်းပါသည်။ ခဏအကြာတွင် ရှီရှန်းယောင်သည် သူ၏ပိုင်နက်အများစုကိုဖျက်စီးပစ်ခဲ့သည်။

အကယ်၍ သူသည် ထိုကဲ့သို့ထပ်မံ၍တိုက်ခိုက်ခဲ့ပါက သူ၏ဝိညာဉ်ပိုင်နက်သည် လုံးဝပျက်စီးသွားရလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေးသည် သူ၏အင်အားကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းထိ ပျောက်သွားစေခဲ့ပြီး အချိန်တစ်ခုထိ သူသည် သူ၏ ထိုးထွင်းသိမြင်ခြင်းအဆင့် ဝိညာဉ်ပိုင်နက်အား အသုံးပြုနိုင်မည်မဟုတ်ပေ။

ဝှစ်…

ထိုအချိန်တွင် မီးတောက်ဓားဧကရာဇ်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပါ။

သူသည် အလင်းတန်းအဖြစ်ပြောင်းလဲကာ အဝေးသို့ပျံသန်းသွားတော့သည်။

ထိုအခြေအနေသည် သူ၏မျှော်လင့်ထားမှုထပ်ကျော်လွန်နေကာ အထူးသဖြင့် သူ့ထပ်ပို၍ သာလွန်သည့်စွမ်းအားရှိသည့် ပိုင်ရှန်း၏ကျဆုံးခြင်းကို မျက်မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် ဖြစ်သည်။

သူသည် ဒြပ်စင်ငါးပါးဂိုဏ်းသည် ထိုအခြေအနေအား တမင် ရည်ရွယ်ထားသည်လားဟုပင် စတင်၍ သံသယဝင်လာခဲ့သည်။

အခြားတစ်ဖက်တွင် ဖန်ထျန်းယွင်နှင့် နတ်ဘုရားအရှင်ပင်လယ်တို့သည် တူညီစွာဖြင့် သုန်မှုန်နေခဲ့သည်။

သူတို့သည် ထိုကဲ့သို့ ကြိုတင်မမြင်ထားသည့် အခြေအနေကဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

ထိုအချိန်အတောအတွင်း တစ်ခုခုဖြစ်သွားခဲ့သည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်က ထိုကဲ့သို့အခြေခံကျသည့်အမှားမျိုးကို လုပ်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။

သူတို့အားပို၍ဒေါသထွက်စေသည်မှာ မီးတောက်ဓားဧကရာဇ်၏အပြုအမူပင်ဖြစ်သည်။

တိုက်ပွဲအား သတိပေးခြင်းမရှိဘဲရှောင်ထွက်သွားခြင်းသည် သူရဲဘောကြောင်သည်ဟုပြောနိုင်ပြီး ပို၍ကြီးမားပြောရလျှင် သူတို့ပူးပေါင်းထားသည့်အင်အားနှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၏ အာဏာကို မလေးစားရာရောက်ပေသည်။

သူ၏ထွက်ခွာခြင်းသည် ခက်ခဲသည့်အခြေအနေကိုဖြစ်စေသည်သာမက ရှီရှန်းယောင်၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားအောက်တွင် ထားခဲ့ခြင်းဖြစ်သည်။

ရှီရှန်းယောင်နှင့် သူ၏အဖော်များနှင့်ဆန့်ကျင်တိုက်ခိုက်ခြင်းသည် မငြင်းနိုင်အောင် ရှုံးနိမ်မည်ဟုဆိုလိုပြီး ထွက်သွားခြင်းသည်လည်း သူတို့အင်အားစု၏ဂုဏ်သတင်းကို အရေးကြီးသော ပျက်စီးခြင်းကို ဖြစ်စေမည်ဖြစ်သည်။

သို့ရာတွင်၊ ထိုအဖြစ်အပျက်၏တိုးတက်မှုသည် သူတို့အပေါ်တွင်မူတည်ခြင်းမရှိပါ။

ထိုအချိန်တွင်၊ များစွာသော ဓမ္မပုံစံအဆင့်ကျင့်ကြံသူများသည် ဖန်ထျန်းယွင်၊ နတ်ဘုရားအရှင်ပင်လယ်တို့၏ အခြားတစ်ဖက်တွင် ရုတ်တရက်လေထဲမှာပေါက်ကွဲသွားကြသည်။

သူတို့သည် ထိုနေရာတွင်ပင် သေဆုံးသွားကြသည်။

နောက်တစ်ဦးမှာ ထာဝရဓားဂိုဏ်းဖြစ်သည်။

ကောင်းကင်အလင်းကျင့်ကြံသူနှစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသည့် မူလဝိညာဉ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်။

သူတို့သည် ထိုနေရာတွင်ပင်ရပ်နေကြသည်။

၎င်းသည် ထက်ရှသောဓားအလင်းသည် သူတို့၏ခန္ဓာကိုယ်ကိုဖြတ်သွားသည့်အချိန်မှသာ အသိစိတ်ကိုပြန်ရသွားခဲ့သည်။

သို့ရာတွင်၊ ၎င်းသည်နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဓားအလင်း၏အောက်တွင်၊ သူတို့၏မူလဝိညာဉ်များသည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

***

All Chapters