← Chapters

ထာဝရဓားဂိုဏ်းပြန်ဆုတ်ခြင်း၊ အစီအရင်အောင်မြင်ခြင်း

Vol. 43 Ch. 803

ထာဝရဓားဂိုဏ်းပြန်ဆုတ်ခြင်း၊ အစီအရင်အောင်မြင်ခြင်း

Vol. 43 Ch. 803

“ဘာ?”

သူတို့၏ရှေ့မှမြင်ကွင်းသည် ဖန်ထျန်းယွင်နှင့် နတ်ဘုရားအရှင်ပင်လယ်တို့အား ထိတ်လန့်သွားစေခဲ့သည်။

အရိပ်ထဲတွင် ပုန်းခိုနေသည့်သူသည် မည်သူဖြစ်ကာ သူတို့၏လူများအား ထိုတိုက်ခိုက်မှုကို ပို့လွတ်လိုက်ပါသနည်း?

အချိန်ခနလောက်၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းရှိကျင့်ကြံသူများ၏ မျက်နှာများသည် မဲမှောင်သွားကာ အချို့မျက်လုံး များထဲတွင်မဖော်ပြနိုင်သည့် ကြောက်ရွံ့ခြင်းကိုဖြစ်စေခဲ့သည်။

“သွားကြစို့။”

နောက်ဆုံးတွင် တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ဖန်ထျန်းယွင်နှင့် နတ်ဘုရားအရှင်တို့သည် အမိန့်များ ပေးလိုက်ကာ အဝေးသို့နောက်ဆုတ်ထွက်ခွာသွားကြတော့သည်။

ထိုအခြင်းအရာကိုမြင်လျှင်၊ ရှီရှန်းယောင်၊ အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီဖန်နှင့် အခြားသူများသည် နောက်ကလိုက်ရန် မလောနေပါ။

သူတို့၏တာဝန်သည် ရန်သူကိုသုတ်သင်ရန်မဟုတ်ဘဲ ခုခံကာကွယ်ကာ အစီအရင်ကို တည်ဆောက်ရန်ဖြစ်သည်။

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်သည် အရိပ်ထဲမှပုန်းနေရာမှ ထိုဖရိုဖရဲအခြေအနေကို ကျင့်ကြံသူအချို့ကို ထပ်၍ သုတ်သင်ရှင်းလင်းနိုင်ရန် အခွင့်အရေးယူခဲ့လေသည်။

ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းတို့သည် လုံးဝဆုတ်ခွာသွားမှသာ သူသည် တိုက်ခိုက်မှုကိုရုတ်သိမ်းလိုက်ပြီး ကုသိုလ်ချီမျှင်ကိုသုံးကာ သူ၏တည်ရှိမှုကိုဖုံးကွယ်ရန် သုံးလိုက်လေသည်။

“သေစမ်း။

သေစမ်း၊ သေစမ်း၊ သေစမ်း။”

သူတို့နေရာသို့ပြန်ရောက်သောအခါ ဖန်ထျန်းယွင်နှင့် နတ်ဘုရားအရှင်ပင်လယ်တို့သည် ဒေါသထွက်နေကြသည်။

သူတို့သည် ရောက်သည်နှင့် ဤကဲ့သို့ပြန်လည်ဆုတ်ခွာရမည်ဟု မထင်ထားခဲ့ပါ၊ ထိုရှုံးနိမ်မှုသည် စကားတစ်ခွန်းထွက်သွားသည်နှင့် သူတို့၏ဂိုဏ်းမှလူများမှ လှောင်ရယ်စရာဖြစ်လိမ့်မည်ဖြစ်သည်။

“စီနီယာအစ်ကို၊ ခင်ဗျား အရိပ်ထဲပုန်းကွယ်နေတဲ့လူရဲ့ ကျုပ်တို့အပေါ် သက်ရောက်နေတဲ့ ကြီးမားတဲ့စွမ်းအားကိုသတိပြုမိလား?”

ထိုအချိန်တွင် နတ်ဘုရားအရှင်ပင်လယ်သည် ဖန်ထျန်းယွင်ကိုကြည့်ကာ ပြောလိုက်သည်။

ဖန်ထျန်းယွင်က ခေါင်းညိတ်လိုက်ကာ သူ၏မျက်လုံးသည် နက်ရှိုင်းသောအတွေးဖြင့် တောက်ပသွားသည်။

“တကယ်ပဲ၊ အဲ့ဒီလူမရှိရင် ငါတို့ဘက်က ဒီလောက်အမြန်ကြီး ပြိုလဲသွားရမှာမဟုတ်ဘူး။

ဒါပေမဲ့ အရေးကြီးဆုံးအချက်က စစ်သည်တော်ဦးလေးဝမ်ယန်ဘက်မှာ တကယ်ပဲ ဘာဖြစ်သွားတာလဲ? အဲ့လိုအမှားမျိုးကဘာလို့ဖြစ်လာရတာလဲ?

ကျုပ်တို့ဒီကိစ္စကို ရှင်းလင်းအောင်လုပ်ရမယ်။ မဟုတ်ရင်၊ အကယ်၍ ထပ်ပြီးဆင်တူတဲ့ကိစ္စ ဖြစ်ခဲ့ရင်၊ ခင်ဗျားကော ကျုပ်ကော ပိုင်ရှန်းလိုကံကြမ္မာမျိုးခံစားရမှာမဟုတ်ဘူးလို့ မပြောနိုင်ဘူး။”

“မှန်တယ်။ ကျုပ်ဂိုဏ်းကို သတင်းပို့ပြီး အသေးစိတ်ကိုတင်ပြလိုက်မယ်။” နတ်ဘုရားအရှင်ပင်လယ်သည်သဘောတူလိုက်သည်။

သူသည် ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကိုထုတ်လိုက်ကာ သူတို့၏ဂိုဏ်းချုပ်အား သတင်းပို့လိုက်လေသည်။

မကြာမီ သူတို့သည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ တုံ့ပြန်စာကိုပြန်ရရှိလာသည်။

ဖန်ထျန်းယွင်နှင့် နတ်ဘုရားအရှင်ပင်လယ်တို့သည် စာကို စစ်ဆေးလိုက်ကာ သူတို့၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ဒါဆိုရင် အကြောင်းအရင်းက အဲ့လိုပေါ့။ တစ်ယောက်ယောက်က ကောင်းကင်လျို့ဝှက်ချက်ကို နှောက်ယှက်ခဲ့ပြီး စစ်သည်တော်ဦးလေး ဝမ်ယန်ကို သူရဲ့ပစ်မှတ်ကိုလွဲစေခဲ့ပြီး သူ့ရဲ့မူလပစ်မှတ်ကို အခြားတစ်ယောက်နားရောက်စေခဲ့တာပဲ။

ဒါမဲ့ ဘသူက အဲ့လိုလုပ်နိုင်မှာလဲ?”

ထိုအချိန်တွင် ဖန်ထျန်းယွင် သို့ နတ်ဘုရားအရှင်ပင်လယ်သည်ပင် သူတို့သည် မနေနိုင်ဘဲ ကျောရိုးထဲမှပင် ကြက်သီးများထသွားခဲ့သည်။

အကြောင်းမှာ သူတို့သည် ပြဿနာကိုတွေးမိခြင်းကြောင့်ဖြစ်ပေသည်။ အကယ်၍ မီးတောက်ဓား ဧကရာဇ်နှင့် ပိုင်ရှန်းတို့မဟုတ်ခဲ့လျှင် သူတို့သည် စစ်သည်တော်ဦးလေးဝမ်ယန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရနိုင်ပါသည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် သူတို့သည် မကျေချမ်းစွာ သေသွားနိုင်ပါသည်။

ထို့အပြင်၊ သူတို့အား ထိတ်လန့်စေသည်မှာ ဤအရာအားလုံးကိုဖြစ်စေသည့် သူသည် သူတို့၏ စစ်သည်တော်ဦးလေးဝမ်ယန်ထပ် ပို၍ အင်အားကြီးသောသူဖြစ်နိုင်ပေသည်။

အခြားတစ်နည်းဖြင့်ပြောရလျှင် ဟောက်ရန်ဂိုဏ်း၏တာအိုဖွဲ့စည်းခြင်းသူတော်စင်သည် ယခင်တိုက်ပွဲတွင် လှုပ်ရှားမှုပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ? ငါတို့ ဒီပြဿနာထဲမှာ တာအိုဖွဲ့စည်းခြင်းသူတော်စင်တွေ တိုက်ရိုက်မပါဝင်ရဘူးလို့ သဘောတူထားခဲ့တာ မဟုတ်ဘူးလား?”

သူတို့မသိကြသည်မှာ အစောကဖြစ်ခဲ့သော အရာအားလုံးသည် ကုသိုလ်ကြောင့်သာ ဖြစ်ကြောင်းပင်ဖြစ်သည်။

သို့ရာတွင် ဖန်းထျန်းယွင်၊ နတ်ဘုရားအရှင်ပင်လယ် သို့ သူတော်စင်ဝမ်ယန်ပင်ဖြစ်စေ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ မည်သူမျှ မသိခဲ့ကြပါ။

အကြောင်းမှာ ကုသိုလ်သည် ကောင်းကင်လျို့ဝှက်ချက်များကို တားဆီးနိုင်သည့် စွမ်းရည်ရှိသောကြောင့်ဖြစ်သည်။

သူတော်စင်ဝမ်ယန်ကိုယ်တိုင်မလာခဲ့လျှင်၊ ထိုဆန်းကြယ်မှုကိုသိရှိနိုင်ရန် မဖြစ်နိုင်ပါ။

ဖန်ထျန်းယွင်နှင့်နတ်ဘုရားအရှင်ပင်လယ်တို့သည် ထိုအကြောင်းကိုတွက်ချက်မိလျှင်၊ မီးတောက်ဓားဧကရာဇ်သည် ထာဝရဓားဂိုဏ်းဆီသို့ ပိုင်ရှန်း၏ကျဆုံးခြင်းအပါအဝင် အပြောင်းအလဲများကိုတင်ပြပြီးဖြစ်သည်။

ထာဝရဓားဂိုဏ်း၏ ခန်းမထဲတွင်၊ တောင်များကဲ့သို့မြင့်မားသောပုံရိပ်များသည် ဖိတ်ခေါ်ခံရပြီး အဖြစ်အပျက်များအပေါ် စဉ်းစားဆင်ခြင်နေကြသည်။

“ဒီကိစ္စကိုဘယ်လိုမြင်ကြလဲ?” တစ်ဦးကမေးလိုက်သည်။

အနည်းငယ်အက်ကွဲနေသည့်အသံတစ်ခုကပြောလိုက်သည်။ “ဒီကိစ္စက တာအိုရောင်းရင်းဝမ်ယန်က ရည်ရွယ်ချက်နဲ့လုပ်လိုက်တဲ့ပုံမပေါ်ဘူး။ တစ်ခုခုမမျှော်လင့်ထားတာဖြစ်သွားတာဖြစ်ရမယ်။ မဟုတ်ရင် ဒီကိစ္စက မဆီလျော်နေဘူး။”

“ကျွန်တော်လည်း စီနီယာအစ်ကို ခန်ကျန်းကိုသဘောတူတယ်။ ဒါပေမဲ့၊ ဒီကိစ္စက ကျွန်တော်တို့ဂိုဏ်းဝင်တစ်ယောက်သေဆုံးရတာဖြစ်တယ်။ ကျွန်တော်တို့ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို အသေးစိတ်ကိုမေးရမယ်။”

“ကျွန်တော်သဘောတူတယ်။”

“ကျွန်တော်သဘောတူတယ်။”

“ကျွန်တော်သဘောတူတယ်။”

..........

ရက်အနည်းငယ်ကြာပြီးနောက်တွင်။

ကျန်းချန်ရွှမ်သည် သူ၏ဆရာထံမှ သူ့အား အဓိကနေရာများတွင်ရှိသည့် ထာဝရဓားဂိုဏ်းနှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများကို ရှင်းလင်းရန် ညွန်ကြားသည့် သတင်းကို လက်ခံရရှိလိုက်သည်။

ထိုတာဝန်သည် သူတို့၏ဗျူဟာအကျိုးအတွက် အရေးကြီးသဖြင့် ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည်။

အထူးသဖြင့် သူသည် ထိုနေရာများကိုကြည့်လိုက်သောအခါ၊ သူသည် သူ၏ဆရာ၏စီစဉ်မှုသည် အလွန်ပညာရှိကြောင်း ရိုးသားစွာခံစားလိုက်ရသည်။

ထိုနေရာများကို ပစ်မှတ်ထားကာ အောင်မြင်လျှင် ရန်သူ၏ ရှေ့တန်းမှ လုပ်နိုင်စွမ်းကို အမှန်တကယ် ကြီးမားစွာ သက်ရောက်မှုဖြစ်စေလိမ့်မည်ဖြစ်သည်။

သို့ရာတွင်၊ ချင်ရှန်းဝူက သူ့အားသတိပေးထားပေသည်။ ပထမဆုံးတိုက်ခိုက်မှုသည် ချောမွေ့စွာအောင်မြင်သွားခဲ့လျှင် နောက်ဆက်တွဲလုပ်ဆောင်မှုများသည် သူ့အားဖမ်းဆီးရန် အထူးဒီဇိုင်းလုပ်ထားသည့် ထောင်ချောက်များဖြစ်လာနိုင်ကြောင်းဖြစ်သည်။

ထိုအချိန်တွင် သူသည် ဂရုစိုက်ရမည်ဖြစ်သည်။

အကယ်၍ တကယ်ပင် အလုပ်မဖြစ်ခဲ့လျှင် သူသည် နောက်ဆုတ်ရပေလိမ့်မည်။

အချုပ်အားဖြင့်၊ သူ၏ကိုယ်ပိုင်လုံခြုံရေးသည်သာ အရေးအကြီးဆုံးဖြစ်ပေသည်။

ကျန်းချန်ရွှမ်သည်သူ့ဆရာ၏ညွန်ကြားချက်ကို နှလုံးသားဖြင့် မှတ်ထားပါသည်။

ထိုအချိန်တွင် သူသည် အချိန်များစွာမဖြုန်းတော့ဘဲ၊ ချက်ခြင်းပင် သူ့ဆရာပေးထားသည့် မြေပုံနောက်လိုက်က တိဟန်တောင်ကြားဟု ခေါ်သည့်နေရာကို သွားလိုက်သည်။

၎င်းသည် ထာဝရဓားဂိုဏ်း၏အရေးကြီးသောနေရာဖြစ်ကာ သူတို့၏ အဝေးတိုက်ခိုက်မှု အစီအရင်အတွက် အဓိကနေရာပင်ဖြစ်သည်။

ထိုနေရာအား ဖျက်စီးခြင်းသည် သူတို့၏ ထောက်ပံ့ပို့ဆောင်ရေးနှင့်ဗျူဟာအတွက် အရေးကြီးသော နှောက်ယှက်မှုကိုဖန်တီးနိုင်လိမ့်မည်ဖြစ်ကာ သူတို့၏ တိုက်ပွဲတွင် ရွေ့ပြောင်းသွားလာရေးကို လျော့ချနိုင်လိမ့်မည်ဖြစ်သည်။

......

ထိုအချိန်တွင်၊ တိဟန်တောင်ကြား၌။

ထာဝရဓားဂိုဏ်းမှ များစွာသောကျင့်ကြံသူများသည် အစီအရင်ကိုအားပြည့်ဖြည့်နေကြသည်။

ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူတစ်ဦးကပြောလိုက်သည်။ “လူတိုင်းပဲ၊ ဒါက ငါတို့ဂိုဏ်းအတွက် အရေးကြီးတဲ့ ဗျူဟာကျတဲ့နေရာပဲ။ ဒါကြောင့် ငါတို့ ဒီနေရာမှာ ခုခံရေးကို သန်မာဖို့ အကောင်းဆုံးလုပ်ရမယ်။”

ကျီ….

သို့ရာတွင် သူသည် စကားပြောပြီးသည်နှင့်၊ အစီအရင်သည် ရုတ်တရက် စတင်၍ ပြင်းထန်စွာတုန်ခါလာခဲ့သည်။

ရှေးဟောင်းစာများသည် စတင်၍ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေခဲ့ပြီး သူတို့သည် အချိန်မရွေးပြိုကျသွားနိုင်သကဲ့သို့ဖြစ်နေသည်။

“အို မဟုတ်ဘူး။”

ဦးဆောင်နေသည့် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင် သူနှင့် အခြားသူများဘာမှမလုပ်နိုင်သေးခင်တွင်ပင်၊ ကျယ်လောင်သည့်အသံသည် သူတို့၏နားထဲဝင်လာခဲ့သည်။

ချက်ခြင်းပင်၊ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားက သူတို့၏နေရာသို့ ကျရောက်လာခဲ့သည်။

လူတိုင်းသည် ထိုအချိန်တွင် သူတို့၏အပြုအမူနှင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားလှည့်ပတ်ခြင်းသည် ဖြည်းညှင်းသွားခဲ့သည်။

၎င်းသည် ချက်ခြင်းပင် သူတို့အား အံ့ဩစေခဲ့သည်။

ဒါက ဒါက စိတ်ဝိညာဉ်ပိုင်နက်ပဲ။

ဝှစ်..

ထိုအချိန်တွင်၊ သူတို့၏ရှေ့တွင် ပုံကြမ်းတစ်ခုက ပေါ်လာခဲ့သည်။

ချက်ခြင်းပင် အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်အလင်းများသည် ချက်ခြင်းပင် သူတို့၏ခန္ဓာကိုယ်မှဖြတ်သွားခဲ့သည်။

အရာအားလုံးက ပျောက်ကွယ်သွားခဲကာ မည်သူမှ ရပ်ကျန်နေခြင်းမရှိတော့ပေ။

ကျန်းချန်ရွှမ်သည် တိဟန်တောင်ကြားမှထွက်သွားပြီးနောက်၊ သူသည် ထာဝရဓားဂိုဏ်း၏ ဒုတိယနေရာသို့သွားလိုက်သည်။

ထိုအချိန်တွင်၊ သူ၏တာဝန်သည် ချောမွေ့စွာပင်ပြီးဆုံးသွားသည်။

သို့ရာတွင် သူသည် ထာဝရဓားဂိုဏ်း၏တတိယနေရာသို့သွားရန် ဦးတည်နေချိန်တွင် အလွန်သန်မာသည့် သတိပေးချက်တစ်ခုက တစ်နေရာရာမှ ထွက်ပေါ်လာခဲ့သည်။

ထိုခံစားချက်သည် သူ့အား ထိုခရီးက အလွန်အန္တရာယ်များလိမ့်မည်ဖြစ်ကြောင်းပြောနေလေသည်။

အကယ်၍ သူသည် ဆက်လက်၍ သွားနေဦးမည်ဆိုလျှင်၊ သူ၏ဘဝသည်အန္တရာယ်များနိုင်ကြောင်း ပြောနေသည်။

အဆုံး၌၊ သူသည် ကောင်းကင်အလင်းအဆင့်တွင်သာရှိသေးကာ ထိုးထွင်းသိမြင်ခြင်းအဆင့် မဟုတ်သေးပါ။

အကယ်၍ အခြားတစ်ဘက်တွင် ထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာရှိလျှင်၊ သူသည် ဒဏ်ရာမရဘဲ ထွက်ပြေးလာနိုင်သေးသည်။

သို့ရာတွင် အခြားတစ်ဘက်တွင် နှစ်ဦးသို့ သုံးဦးရှိနေလျှင်၊ အခြားကိစ္စတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

“ထာဝရဓားဂိုဏ်းက ငါနဲ့ ရင်ဆိုင်ဖို့ ထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်လောက် လွတ်လာတာ ဖြစ်နိုင်လား?

အကယ်၍ အဲ့လိုဆိုရင် သူတို့ရဲ့နောက်တစ်နေရာက အရမ်းအားနည်းနေလို့များလား?”

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် သူ၏ဆရာအား သူ၏ခန့်မှန်းချက်ကို သတင်းပို့လိုက်သည်။

.....

ခနအကြာတွင်၊

ချင်ရှန်းဝူက သူ့အား တာဝန်ကို အောင်မြင်ပြီဖြစ်ကြောင်း သတင်းပို့လာခဲ့သည်။

သူသည် ထိုနေရာတွင် ဘာမှလုပ်စရာမလိုတော့ပေ။ ရလဒ်ကိုသာစောင့်နေရန်လိုအပ်တော့သည်။

ကျန်နေသည့်အလုပ်များအား အခြားသူများက လုပ်လိမ့်မည်ဖြစ်သည်။

ထိုကြောင့် ကျန်းချန်ရွှမ်သည်ငြင်းမနေတော့ပေ။

ထိုအစား သူသည် ရှေ့တန်းကိုသာပြန်ကာ သတင်းကိုစောင့်နေလိုက်သည်။

.......

တကယ်ပင်။

ဆယ်ရက်ကြာပြီးနောက်၊

များစွာသော သတင်းများရောက်လာခဲ့သည်။

၎င်းသည်ထာဝရဓားဂိုဏ်း၏ များစွာသောအရေးကြီးသည့် မိုင်းတွင်းများသည် တိုက်ခိုက်ခံခဲ့ရသည်ဟုဆိုသည်။

ထိုအချိန်အတောအတွင်း၊ ထိုနေရာတွင် များစွာသောထိုးထွင်းသိမြင်ခြင်းအဆင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပေသည်။

ရလဒ်အနေဖြင့်၊ ထာဝရဓားဂိုဏ်း၏မိုင်းတွင်းများသည် ဆုံးရှုံးခဲ့ရပေသည်။

၎င်းသည် ရှေ့တန်းမှအခြေအနေကို တနည်းအားဖြင့် သက်ရောက်မှုရှိစေပါသည်။

နောက်ဘက်တွင် ရှုံးခြင်းက ဤနေရာမှလူများ၏စိတ်ဓာတ်ကို အခြေအနေတစ်ခုအထိ ကျဆင်းသွားစေသည်။

ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၏ကျင့်ကြံသူများသည် အမြင့်ဆုံးဝိညာဉ်များဖြင့် တိုက်ခိုက်ခြင်းသည် အလုပ်မဖြစ်ပါ။

အခြားတစ်ဖက်မှ ထာဝရဓားဂိုဏ်းမှကျဆုံးသွားသော ကျင့်ကြံသူများသည် သူတို့၏ဝမ်းနည်းမှုကို သူတို့၏မဟာမိတ်များထံသို့ လွဲနေခဲ့သည်။

......

လအနည်းငယ်ကြာပြီးနောက်တွင်၊

ထာဝရဓားဂိုဏ်းသည် သူတို့ဆုတ်ခွာတော့မည်ဖြစ်ကြောင်း ပထမဆုံး ကြေငြာလာခဲ့သည်။

သူတို့၏ဆုတ်ခွာခြင်းသည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို အရေးကြီးသည့် သက်ရောက်မှုဖြစ်ခဲ့ပြီး ယခုမူ သူတို့သည် တစ်ကိုယ်တည်း ဟောက်ရန်ဂိုဏ်းကို တိုက်ခိုက်ရတော့မည် ဖြစ်သည်။

အရေးအကြီးဆုံးအချက်မျာ သူတို့၏ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းသည် ဤနေရာနှင့် အလွန်ကွာဝေးပါသည်။

ထာဝရဓားဂိုဏ်း၏အကူအညီမရှိဘဲ၊ သူတို့သည် ခရီးနှင်ရန်ပင် အချိန်အတော်ကြာသုံးရလိမ့်မည် ဖြစ်သည်။

သူတို့၏စစ်ကူများရောက်ရှိလာသည့်အချိန်တွင်၊ တိုက်ပွဲဒီရေသည် အလှည့်အပြောင်း ဖြစ်နေလောက်ပြီ ဖြစ်သည်။

အရေးအကြီးဆုံးမှာ ထာဝရဓားဂိုဏ်းဆုတ်ခွာပြီးသည်နှင့် ရှီရှန်းယောင်နှင့် အခြားထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူများသည် မဟာအစီအရင်ကို အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအစီအရင်သည် တာအိုဖွဲ့စည်ခြင်းသူတော်စဉ်အရှင်က ကိုယ်တိုင်လာကာ နှောက်ယှက်ခြင်း မရှိသရွေ့၊ ထိုးထွင်းသိမြင်ခြင်းအဆင့်စွမ်းအားများ စောင့်ကြပ်သည့်အစီအရင်ကို ချိုးဖောက်ရန်မှာ မဖြစ်နိုင်ရန်နီးပါးပင်ဖြစ်သည်။

***

All Chapters