ဒါဆိုမင်းက အကြီးအကဲရှန်းရဲ့ဂျူနီယာပေါ့။
Vol. 43 Ch. 806
“ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်လား?”
ဝမ်းမြောက်ခြင်းက ချက်ခြင်းပင် ကျန်းအန်းရန်၏နှလုံးသားထဲ လိမ့်တက်လာသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်၊ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ချန်ခဲ့သည့် နယ်မြေဖြတ်ကျော်ရတနာမှ တဆင့် သူသည် သူတို့တက်ရောက်သွားသည့် နယ်ပယ်ဖြစ်သည့် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်အကြောင်း သိခဲ့ရပေသည်။
“ငါက ဆရာကျန်းနဲ့ ရှန်းလိုပဲ ကောင်းကင်ရေတံခွန်ဂိတ်နယ်မြေကို တက်လာနိုင်လိမ့်မယ်လို့ မထင်ထားဘူး။
ဆိုလိုတာက ငါသူတို့နဲ့မကြာခင်တွေ့ရတော့မှာပေါ့။”
ထိုအတွေးဖြင့် ကျန်းအန်းရန်သည် လျိုဟောက်လုံဘက်သို့လှည့်ကာ အနည်းငယ်ဦးညွတ်ပြီး မေးလိုက်သည်။
“ဒါဆိုရင် တာအိုရောင်းရင်းလျိုကိုမေးပါရစေ၊ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက ဒီကနေ ဘယ်လောက်ဝေးလဲ? ကျွန်မဘယ်ကနေ အဲ့ဒီကိုသွားလို့ရနိုင်မလဲဆိုတာသိလား?”
“ဟမ်…?”
ကျန်းအန်းရန်၏မေးခွန်းကိုကြားလျှင် လျိုဟောက်ရန်သည်ချက်ခြင်းနောက်ဆုတ်သွားသည်။
“ဘာဖြစ်တာလဲ? ဒီနတ်သမီးက ဟောက်ရန်ဂိုဏ်းနဲ့မိုးကြိုးချိုင့်ဝှမ်းနှစ်ခုလုံးနဲ့ အဆက်အသွယ် ရှိနေတာလား?
အကယ်၍ ဒီလိုသာဆိုရင် သူမရဲ့နောက်ခံက အတော်လေး ကောင်းလိမ့်မယ်။ သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိဖို့လိုတယ်။ အဲ့လိုအဆက်အသွယ်က ငါနဲ့ တိမ်တိုက်ဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ယူလာနိုင်လိမ့်မယ်။”
ထိုအတွေးဖြင့် လျိုဟောက်လုံက ကျန်းအန်းရန်အားပြောလိုက်သည်။
“နတ်သမီးက ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကိုသွားချင်လို့လား? အထင်မလွဲပါနဲ့၊ ကျွန်တော်က ရိုးရိုးသားသားပဲပြောတာပါ၊ ဒီနေရာကနေဆိုရင် နေရာနှစ်ခုလုံးက တကယ်ပဲ အတော်လေးဝေးပါတယ်။
အကယ်၍ အဲ့ဒီကိုသွားချင်ရင်၊ မသေမျိုးမြို့အထဲမှာရှိတဲ့ နေရာရွေ့ပြောင်းခြင်းအစီအရင်ကို သုံးတာအကောင်းဆုံးပါပဲ။
မဟုတ်ရင်ပျံပြီးသွားမယ်ဆိုရင်တော့ နှစ်များစွာကြာသွားမှာကိုစိုးရိမ်မိတယ်။”
“တကယ်ပဲလား? အဲ့လောက်တောင်ကြာလား?”
ကျန်းအန်းရန်သည် အနည်းငယ်အံ့အားသင့်သွားသည်။
သူမသည် တက်ရောက်ခြင်းစင်မြင့်မှ ဟောက်ရန်ဂိုဏ်းနှင့်မိုးကြိုးတောင်ကြားထိ အကွာအဝေးမှာ ထိုမျှလောက်ကျယ်ပြောမည်ဟု မထင်ထားခဲ့ပါ။
“တကယ်တော့ အကယ်၍ ခင်ဗျား ဟောက်ရန်ဂိုဏ်း သို့ မိုးကြိုးချိုင့်ဝှမ်းကိုသွားချင်တယ်ဆိုရင်၊ ကျွန်တော် လမ်းပြပေးနိုင်ပါတယ်။
ကျွန်တော့်မှာအခြားတောင်းဆိုစရာမရှိပါဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်ကြရင် ဖြစ်နိုင်မယ် ဆိုရင် အဲ့ဒီဂိုဏ်းတွေက ကျင့်ကြံသူတွေကို ကျွန်တော်နဲ့မိတ်ဆက်ပေးလို့ ရနိုင်မလား။”
လျိုဟောက်လုံသည် ချက်ခြင်းပင် သူ၏အကြံပြုချက်နှင့် ရည်ရွယ်ချက်ကို ပြောလိုက်သည်။
ရှင်းလင်းစွာပင် သူသည် ထိုကိစ္စအတွက် ရှင်းလင်းအောင်မပြုလုပ်ထားလျှင် အခြားတစ်ဘက်က သူ့အားယုံကြည်မည်မဟုတ်ဘဲ သူ့ကိုကူညီခွင့်ပြုမည်မဟုတ်ကြောင်း နားလည်ပါသည်။
၎င်းသည် သူမတက်ရောက်လာခြင်းနှင့် ဤနယ်ပယ်နှင့် မရင်းနှီးမှုကို အခွင့်ကောင်းယူခြင်းပင် ဖြစ်သည်။
ကျန်းအန်းရန်သည် ရှင်းလင်းစွာပင် ၎င်းကို သတိထားမိပါသည်။
သူမသည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းအကြောင်းကိုပြောလိုက်ခြင်းမှာလည်း အချို့အရာများတွင် အဆင်ပြေရန်ဖြစ်သည်။
အနည်းငယ်တွေးပြီးနောက်၊ သူမသည် လျိုဟောက်လုံကို ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင် ကျွန်မကတော့ တာအိုရောင်းရင်းလျိုကိုပဲ ဒုက္ခပေးရတော့မှာပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင်၊ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ကို အခုမှတက်လာတာကြောင့်၊ ကျွန်မက ဒီနေရာနဲ့ရင်းနှီးမှုမရှိသေးဘူး။
အကယ်၍ တာအိုရောင်းရင်းလျိုစိတ်မရှိရင် ကျွန်မအခြေကျပြီးသွားမှ ဒီဂိုဏ်းနှစ်ခုက ကျင့်ကြံသူတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ရှင့်အတွက် ဒါအဆင်ပြေရဲ့လား?”
“သေချာတာပေါ့၊ ခင်ဗျားကိုတွေ့ခွင့်ရတာနဲ့တင် ကျွန်တော့ရဲ့ကံကောင်းမှုဖြစ်နေပါပြီ။
ကျွန်တော့ကိုအခြားသူနဲ့မိတ်ဆက်ပေးခြင်းရှိမရှိက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်။” လျိုဟောက်လုံက ရိုးသားစွာဖြေကြားလိုက်ကာ သူ၏အတွေးကိုဖော်ပြလိုက်သည်။
အဆုံး၌ သူသည် ကျန်းအန်းရန်ကိုတွေ့ရသည်။
သူမအားကူညီကာ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်သည်။
အခြားသူများနှင့် မိတ်ဆက်ပေးခြင်းထပ် သူတို့၏ဆက်သွယ်ရေးက ပို၍ နက်ရှိုင်းလျှင် ကောင်းပါသည်။
၎င်းသည် စစချင်း၌ သူက တိုက်ရိုက်မပြောလိုက်နိုင်ခြင်းပင််ဖြစ်သည်။
အချိန်ဆွဲမနေတော့ဘဲ၊ ထိုနှစ်ဦးသည် တက်ရောက်ခြင်းစင်မြင့်မှထွက်ခွာလာကြသည်။
......
ရက်အနည်းငယ်ကြာပြီးနောက်တွင်။
လျိုဟောက်လုံသည် ကျန်းအန်းရန်အား အနီးအနားရှိ ကြီးမားသည့် မသေမျိုးမြို့သို့ခေါ်သွားခဲ့သည်။
ထိုမြို့သည် ကျန်းအန်းရန်နှင့် ရှန်းရူယန်တို့ တက်ရောက်စဉ်ကမြို့နှင့် မတူပါ။
ထိုအစား၎င်းသည် ဘာမာ မသေမျိုးမြို့ဟုခေါ်သည့်မြို့တစ်မြို့ဖြစ်သည်။
ဤနေရာတွင် မိုးကြိုးချိုင့်ဝှမ်းသို့ သွားနိုင်သည့် နေရာရွေ့ပြောင်းခြင်းအစီအရင်ရှိသည်။
သေချာပါသည်။
နေရာရွေ့ပြောင်းရေးအဆောင်သည် မိုးကြိုးချိုင့်ဝှမ်းသို့တိုက်ရိုက်မပို့ပေးနိုင်ပါ၊ သို့သော် လီပေါင်းများစွာ ကွာဝေးသည့် မသေမျိုးမြို့တစ်မြို့ဆီသို့ရောက်သွားမည်ဖြစ်သည်။
ထိုနေရာမှစ၍ မိုးကြိုးချိုင့်ဝှမ်းဆီသို့ခရီးသည် သိပ်မကွာဝေးတော့ပါ။
လျိုဟောက်လုံနှင့် ကျန်းအန်းရန်တို့သည် မိုးကြိုးချိုင့်ဝှမ်းသို့ သွားမည့်နေရာရွေ့ပြောင်းရေး အစီအရင်ထံသို့ ချဉ်းကပ်လာသည်နှင့် သူတို့သည် နောက်တစ်လထိ သွားမည့်အစီအစဉ် မရှိသေးကြောင်း သိခဲ့ရသည်။
၎င်းသည် လျိုဟောက်လုံအား မျက်မှောင်ကုပ်သွားစေသည်။
သူသည် တစ်လဟူသည့်အချိန်မှာအနီးအနားမှကျင့်ကြံသူများအား အောက်လောကမှ တက်လာသူ ဖြစ်သည့် ကျန်းအန်းရန်၏အထောက်အထားကို သိရှိသွားနိုင်ကြောင်း သတိပြုမိသည်။
၎င်းသည် သူတို့နှစ်ယောက်လုံးအတွက်ကောင်းသောသတင်းမဟုတ်ပါ။
သူ့အတွက်မူ ကျန်းအန်းရန်၏အထောက်အထားအားအခြားသူများသိသွားပါက သူတို့သည် သူ့အား ကျန်းအန်းရန်အားကူညီကာ ဆက်သွယ်မှုလုပ်ကြမည်ဖြစ်ကာ သူ့နေရာရှိတော့မည်မဟုတ်ပေ။
ကျန်းအန်းရန်အတွက်မူ ထိုအခြေအနေက ပို၍နက်နဲပါသည်။
ဟောက်ရန်ဂိုဏ်ဖြစ်စေ မိုးကြိုးချိုင့်ဝှမ်းဖြစ်စေ ကောင်းကင်ရေတံခွန်ဂိတ်၏ အထူးဂိုဏ်းများအဖြစ် သတ်မှတ်ခံရသောကြောင့်၊ သူတို့သည် ရန်သူမရှိပဲနေမည်မဟုတ်ပါ။
အကယ်၍ ပြိုင်ဘက် ဂိုဏ်းများမှ ကျန်းအန်းရန်သည် သူ၏ဂိုဏ်းမှဆက်သွယ်မှုများအား သိသွားပါက သူတို့သည် ပွင့်ပွင့်လင်းလင်းလှုပ်ရှားကြမည် မဟုတ်ဘဲ၊ လျို့ဝှက်ကာ လုပ်ရှားလာနိုင်ခြင်းသည် ကိစ္စတစ်ခုဖြစ်ပါသည်။
ပြီးနောက်သူ၏ကန့်သတ်ချက်ရှိသောလုပ်နိုင်စွမ်းဖြင့် သူမအားကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။။
လျိုဟောက်လုံ၏ စိုးရိမ်မှုကိုသတိပြုမိလျှင်၊ ကျန်းအန်းရန်သည် သူ့အားကြည့်ကာ အနည်းငယ် မျက်မှောင်ကုပ်လိုက်ကာ မေးလိုက်သည်။
“တာအိုရောင်းရင်းလျို၊ နေရာရွေ့ပြောင်းရေးအစီအရင်အသက်ဝင်ဖို့ တစ်လစောင့်ရမှာက ပြဿနာရှိလို့လား?”
လျိုဟောက်လုံက အချိန်အနည်းငယ်စဉ်းစားဆင်ခြင်ပြီးမှ ကျန်းအန်းရန်အားပြောလိုက်သည်။
“နတ်သမီးအန်းရန်၊ တကယ်ပဲပြဿနာအချို့ရှိပါတယ်။”
စကားပြောရင်း သူ၏စိုးရိမ်မှုကို ကျန်းအန်းရန်အားရှင်းပြလိုက်သည်။
ကျန်းအန်းရန်က ကြားလျှင် သူမသည် အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။
တကယ်ပင် လျိုဟောက်လုံပြောစကားသည် ကျိုးကြောင်းသင့်ပါသည်။
အခြားတစ်ဖက်၌ ၎င်းသည်ဖြစ်လာနိုင်ချေရှိသည်ဟု သတ်မှတ်နိုင်ပါသည်။
ထိုအချိန်တွင်၊ တုံ့ဆိုင်းခြင်းသည် လျိုဟောက်လုံ၏မျက်နှာတွင်ပေါ်လာခဲ့သည်။
ကျန်းအန်းရန်က သိချင်စိတ်ဖြင့်မေးလိုက်သည်။ “တာအိုရောင်းရင်းလျို၊ အကြံပြုစရာများရှိလား?”
ထိုအကြောင်းကိုကြားလျှင်၊ လျိုဟောက်လုံသည်အချိန်ဆွဲမနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နတ်သမီးအန်းရန်၊ အကယ်၍ ကျွန်တော်တို့ဒီနေရာမှာတစ်လလောက်စောင့်ရမယ်ဆိုရင်၊ အခြေအနေက တကယ်ပဲရှုတ်ထွေးလာလိမ့်မယ်။ ဒီမှာအချိန်ဆွဲမဲ့အစား၊ ကျွန်တော်တို့ မိုးကြိုးချိုင့်ဝှမ်းကကျင့်ကြံသူတွေကို သူတို့ကူညီပေးနိုင်မလား လို့ မမေးကြည့်ရမှာလဲ?
ဒါက ခင်ဗျားကိုလိုအပ်လိမ့်မယ်၊ နတ်သမီးအန်းရန်၊ ခင်ဗျားရဲ့မိုးကြိုးချိုင့်ဝှမ်းနဲ့ပက်သက်မှုကိုပေါ့။”
“အဲ့လိုလား?”
လျိုဟောက်လုံ၏ အကြံပြုချက်ကိုကြားလျှင်၊ ကျန်းအန်းရန်သည် တုံ့ဆိုင်းခြင်းကို ခံစားလိုက်ရသည်။
ရိုးရိုးသားသားပြောရလျှင်၊ သူမသည်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ဂိုဏ်းထဲတွင် မည်သည့်ရာထူးရှိမှန်းကို မသိပါ။
အကယ်၍ သူတို့၏ရာထူးက မမြင့်မားလျှင် သူတို့ကိုပြောဆိုခြင်းက အခြေအမြစ်ရှိလိမ့်မည် မဟုတ်ပါ။
သို့ရာတွင်၊ အကယ်၍ သူမသည် သူတို့အားမပြောလျှင်လည်း ရှန်းရူယန်ရှိနေသည့် မိုးကြိုးချိုင့်ဝှမ်းသို့ရောက်ရန်လွယ်ကူမည်မဟုတ်ပေ။
“ဒီလိုဆိုရင်၊ ကျွန်မစမ်းကြည့်မယ်။” သူမသည်နောက်ဆုံး၌ သတင်းပို့ကြည့်ရန်ရွေးချယ်ကာ မည်ကဲသို့ဖြစ်လာမည်ကိုကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
လျိုဟောက်လုံသည် ထိုအတွက် အနည်းငယ်မျှော်လင့်ချက်ရှိလာခဲ့သည်။
ထိုနှစ်ဦးသည် မိုးကြိုးချိုင့်ဝှမ်းသို့သွားမည့်နေရာရွေ့ပြောင်းခြင်းအစီအရင်ကိုချဉ်းကပ်သွားလျှင် ထိုနေရာတွင် စောင့်ကြပ်နေသော ကျင့်ကြံသူနှစ်ဦးက အနည်းငယ် မျက်မှောင်ကုပ်လိုက်လေသည်။
“ငါတို့ မင်းတို့ကိုပြောပြီးသွားပြီမလား? ဒီနေရာရွေ့ပြောင်းခြင်းအစီအရင်ကိုသုံးဖို့ တစ်လစောင့်ရမယ်။”
ထိုအကြောင်းကိုကြားလျှင်၊ ကျန်းအန်းရန်သည် ချက်ခြင်းပင် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“တာအိုရောင်းရင်တို့၊ ကျွန်မနာမည်က ကျန်းအန်းရန်ပါ ပြီးတော့ ကျွန်မက အောက်လောက ကနေတက်လာခဲ့တာပါ။
ကျွန်မက ရှင်တို့ရဲ့နေရာရွေ့ပြောင်းရေးအစီအရင်ကို ရှင်တို့ဂိုဏ်းက ကျွန်မရဲ့ဆရာဆီကို သွားတွေ့ဖို့ အတွက် သုံးချင်တာပါ။”
“အာ? မင်းက အောက်လောကကတက်လာခဲ့တာလား?”
ကျန်းအန်းရန်၏အထောက်အထားကိုကြားလျှင်၊ မိုးကြိုးချိုင့်ဝှမ်းမှ ကျင့်ကြံသူနှစ်ဦးသည် နောက်ဆုတ်လိုက်ကြသည်။
သူတို့သည် သူ၏ပြောဆိုချက်နောက်ပိုင်းကို ယာယီစဉ်းစားပြီးနောက် ကျန်းအန်းရန်အား အာရုံစိုက်လိုက်သည်။
မကြာမီတွင်၊ သူတို့၏အကြည့်သည် သူမ၏ဘေးမှ လျိုဟောက်လုံဆီသို့ရောက်သွားသည်။
ကျင့်ကြံသူတစ်ဦးဖြစ်သည့် ခရမ်းရောင်ဝတ်ရုံနှင့်လူသည် ပြောလိုက်သည်။ “အကယ်၍ ငါမမှားရင် မင်းက တိမ်တိုက်ဂိုဏ်းက လျိုဟောက်လုံ မှန်လား?
မင်းက ဒီတစ်ခေါက်တက်ရောက်ခြင်းစင်မြင့်ကိုစောင့်ကြပ်ဖို့တာဝန်ကျတာလား?”
“တကယ်ပဲ၊ ကျွန်တော်ပါ။” လျိုဟောက်လုံသည်လျှင်မြန်စွာခေါင်းညိတ်လိုက်သည်။
“ဒီတာအိုရောင်းရင်းကျန်းက တကယ်ပဲမင်းစောင့်ကြပ်တဲ့တက်ရောက်ခြင်းစင်မြင့်ကနေ တက်လာခဲ့တာလား?” ခရမ်းရောင်ဝတ်ရုံနှင့်လူက ဆက်လက်ကာ မေးမြန်းလိုက်သည်။
လျိုဟောက်လုံသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ကာ အတည်ပြုပေးလိုက်သည်။
“တကယ်ပဲ။ သူမက ခင်ဗျားတို့ဂိုဏ်းမှာ သူရဲ့အကြီးအကဲရှိတယ်ဆိုလို့ နတ်သမီးအန်းရန်ကို ကျွန်တော်ဒီကို ခေါ်လာခဲ့တာပါ။”
“မိုးကြိုးချိုင့်ဝှမ်းက အကြီးအကဲလား?”
လျိုဟောက်လုံ၏စကားများကိုကြားကာ၊ ခရမ်းရောင်ဝတ်ရုံလူနှင့် သူ့အဖော်များက ရုတ်တရက် ထိုကိစ္စကိုအလေးအနက်ထားလိုက်ကြသည်။
သူ၏ကျင့်ကြံခြင်းအဆင့်များသည် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်များဖြစ်ကြသည်။
အကယ်၍ ကျန်းအန်းရန်သည် မိုးကြိုးချိုင့်ဝှမ်းတွင် အကြီးအကဲအမှန်တကယ်ရှိလျှင် ထိုအကြီးအကဲသည် အနည်းဆုံးဓမ္မပုံစံအဆင့်ဖြစ်လိမ့်မည်။
အဖြူနှင့်အနက်ဝတ်ရုံဝတ်ဆင်ထားသည့် အခြားကျင့်ကြံသူတစ်ဦးနှင့် ထိုနှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး မေးလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ မိုးကြိုးချိုင့်ဝှမ်းကအကြီးအကဲရဲ့နာမည်ကိုသိခွင့်ရမလား၊ နတ်သမီး?”
တုံ့ဆိုင်းခြင်းမရှိဘဲ၊ ကျန်းအန်းရန်သည် ဖြေလိုက်သည်။ “ရှန်းရူယန်ပါ။”
“အကြီးအကဲ ရှန်းလား။”
ရှန်းရူယန်ဟူသောနာမည်ကိုကြားလျှင်၊ ခရမ်းရောင်ဝတ်ရုံလူနှင့် အဖြူအနက်ဝတ်ရုံလူတို့သည် နောက်ဆုတ်သွားကြသည်။
သူတို့သည် ကျန်းအန်းရန်သည် သူတို့ဂိုဏ်း၏ကျော်ကြားသောပုံရိပ်ဖြစ်သည့် အကြီးအကဲ ရှန်းရူယန်နှင့်အဆက်အသွယ်ရှိလိမ့်မည်ဟု မမျှော်လင့်ထားကြပါ။
လက်ရှိတွင်၊ ရှန်းရူယန်သည် မိုးကြိုးချိုင့်ဝှမ်းသခင်၏လက်ရင်းတပည့်ဖြစ်သကဲ့သို့ ကောင်းကင်အလင်းအဆင့်သို့ရောက်နေသည့် နတ်ဘုရားအရှင်တစ်ဦးလည်း ဖြစ်ပေသည်၊
ထို့အပြင်၊ သူသည် မိုးကြိုးချိုင့်ဝှမ်းအတွင်းရှိ အဆင့်မြင့်ဆုံးအထူးလျို့ဝှက်နယ်ပယ်သို့ ဝင်ရောက်ပြီးပြီဟု၍လည်း ကောလဟသများရှိပေသည်။
အကယ်၍ အရာအားလုံးကောင်းမွန်စွာဖြစ်လျှင်၊ ရှန်းရူယန်သည် ထိုးထွင်းသိမြင်ခြင်းအဆင့်သို့ ထိုးဖောက်နိုင်တော့မည်ဖြစ်ကာ သူမသည် မိုးကြိုးချိုင့်ဝှမ်းအတွင်းအဆင့်မြင့်နေရာတစ်ခု ရလာတော့မည်ဖြစ်သည်။
ချက်ခြင်းပင် ကျန်းအန်းရန်အပေါ် အမျိုးသားနှစ်ဦး၏အပြုအမူသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ပို၍ ယဉ်ကျေးလာကြသည်။
ခရမ်းရောင်ဝတ်ရုံလူက ပြောလိုက်သည်။ “ဒါဆိုရင် မင်းက အကြီးအကဲရှန်းရဲ့ဂျူနီယာပေါ့။ ဒီလိုဆို ကျွန်တော်တို့ကမိသားစုတွေပဲ။ ကျေးဇူးပြု၍၊ စိတ်မပူပါနဲ့၊ နတ်သမီးအန်းရန်။ ကျွန်တော်တို့ နေရာရွေ့ပြောင်းရေးအစီအရင်ကို ကန့်သတ်ထားရတဲ့အကြောင်းရှိပါတယ်။ ကျွန်တော်တို့က မြို့ထဲက အရာတစ်ခုကို လိုက်ဖမ်းနေတာပါ။
ဒါပေမဲ့ မင်းသုံးဖို့လိုတယ်ဆိုရင်တော့၊ ပြဿနာရှိမှမဟုတ်ပါဘူး။”
***