← Chapters

ရှန်းရူယန်သည် ဂူထဲမှထွက်လာကာ မိုးကြိုးချိုင့်ဝှမ်းသို့ ပြန်လာခြင်း

Vol. 43 Ch. 808

ရှန်းရူယန်သည် ဂူထဲမှထွက်လာကာ မိုးကြိုးချိုင့်ဝှမ်းသို့ ပြန်လာခြင်း

Vol. 43 Ch. 808

“ဟမ်? ဒါကဘာလဲ?”

ကျန်းချန်ရွှမ်သည် နှလုံးခုန်မြန်သွားသည်။

၎င်းသည် လျို့ဝှက်နယ်မြေမှ သူတို့အား အပြင်သို့ပြန်လည်ပို့တော့မည်ဖြစ်ကြောင်း သူသိနိုင်ရန် အချိန်သိပ်မကြာလိုက်ပါ။

အမှန်တကယ်ပင်။

ကျန်းချန်ရွှမ်သည် သတိပြုမိပြီးသည်နှင့်၊ နေရာရွေ့ပြောင်းခြင်းစွမ်းအားတစ်ခုသည် သူပင် မခုခံနိုင်ပဲ သူ့အား လျို့ဝှက်နယ်မြေ၏အပြင်ဘက်သို့ ပို့လိုက်လေသည်။

အလင်းတစ်ခုတောက်ပသွားခဲ့သည်။

ကျန်းချန်ရွှမ်သည် ထပ်မံ၍ကြည့်လိုက်သော်အခါ သူသည် ရှီရှန်းယောင်၊ ကျောက်ထျန်းဖန်၊ အခြားသူများနှင့်အတူ လျို့ဝှက်နယ်မြေ၏အပြင်ဘက်သို့ ရောက်နေသည်ကို တွေ့ခဲ့ရသည်။

လန်ယွဲဟွားသည် သူတို့၏ဘေးတွင်ရပ်နေခဲ့သည်။

သူသည် လူတိုင်းကိုကြည့်ကာမေးလိုက်သည်။ “အားလုံးပဲ၊ လျို့ဝှက်နယ်မြေက ဘယ်လိုနေလဲ?”

ခဏရပ်လိုက်ပြီးနောက်၊ သူသည် ဆက်လက်၍ ပြောလိုက်သည်။

“ကောင်းပြီ။ မင်းတို့ရဲ့အတွေ့အကြုံကို နောက်မှ ငါနဲ့မျှဝေကြပါ၊ အခုလောလောဆယ်တော့ မင်းတို့ရဲ့ အဆင့်ကို ပြန်လည်ဆန်းစစ်လိုက်ကြပါ။”

လန်ယွဲဟွားက မြင်ပြီးပြီဖြစ်ကြောင်း သိသာပါသည်။

ဤလျို့ဝှက်နယ်မြေသို့ခရီးတွင် အားလုံးက အရာများစွာရရှိခဲ့သည်။

အများစုသည် သူတို့ရရှိထားသည့် အကျိုးအမြတ်များ၏ဖြစ်စဉ်ကို ပြန်လည်ရယူနေဆဲဖြစ်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့်အခြားသူတို့သည် လန်ယွဲ့ဟွားကိုကျေးဇူးတင်လိုက်ကာ မတုံ့ဆိုင်းနေဘဲ သူတို့၏ ယာယီဂူများဆီသို့ အသီသီးသွားလိုက်ကြသည်။

“ဂျူနီယာမောင်လေး နောက်မှ စကားပြောကြတာပေါ့။”

သူတို့၏ဂူအသီးသီးသို့သွားရာလမ်းတွင် ရှီရှန်းယောင်နှင့် ကျောက်ထျန်းဖန်တို့က သူ့အားအပြုံးဖြင့်နှုတ်ဆက်သွားကြသည်။

ကျန်းချန်ရွှမ်သည်လည်းပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

သူ၏ယာယီဂူထဲသို့ရောက်သည်နှင့် ကျန်းချန်ရွှမ်သည် ရုတ်တရက် မရှင်းပြနိုင်သည့် ဆက်သွယ်မှုခံစားချက်ကိုရလိုက်လေသည်။

“ဟမ်? ဘာလဲ?”

သူသည် အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။

ခနအကြာတွင်၊ သူသည် ကောင်းကင်တွက်ချက်ခြင်းနည်းလမ်းကို တွက်ချက်ရန်အတွက် သုံးလိုက်လေသည်။

ခနအကြာတွင်။

အံ့အားသင့်နေသည့် အကြည့်သည် သူ၏မျက်နှာပေါ်တွင် မပေါ်လာဘဲ မနေနိုင်ခဲ့ပေ။

“အန်းရန်က တကယ်ပဲ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ကိုတက်လာခဲ့တာပဲ။”

မှန်ပါသည်။

ထိုရုတ်တရက် သူခံစားလိုက်ရသည့်ဆက်သွယ်မှုသည် တကယ်ပင် ကျန်းအန်းရန်၏ တက်ရောက်လာခြင်းမှဖြစ်သည်။

“ဒီကောင်မလေးက ငါနဲ့ရူယန်ကို စိတ်မပျက်စေခဲ့ဘူးပဲ။”

ယခုမူ ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်က သူ၏တာအိုအဖော်ရှန်းရူယန်ရှိရာ မိုးကြိုးချိုင့်ဝှမ်းသို့ သွားသည်ကို သိလိုက်ရသည်။

ရှန်းရူယန်သည် ယခုတွင် မိုးကြိုးချိုင့်ဝှမ်းတွင်မရှိနိုင်သော်လည်း သူမ၏ ရာထူးနှင့် သူ၏ ဟောက်ရန်ဂိုဏ်းအတွင်း လွမ်းမိုးနိုင်မှုတို့ကြောင့် မိုးကြိုးချိုင့်ဝှမ်းသည် သူမအတွက် သင့်တော်သည့် စီစဉ်မှုများပြုလုပ်ပေးနိုင်မည်မှာ သေချာပါသည်။

တကယ်ပင်။

ထိုအချိန်၌ ကျန်းအန်းရန်သည် ကျိုးချင်ကျူး၏ညွန်ပြမှုဖြင့် နတ်ဘုရားအရှင်နှင်းဓားကို တွေ့လိုက်ရသည်။

ထို့အပြင်၊ နတ်ဘုရားအရှင်နှင်းဓားသည် သူမကျင့်ကြံရန်အတွက် ဂူတစ်ခုကိုပြင်ဆင်ပေးလေသည်။

တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားအရှင် နှင်းဓားသည် သူ၏တပည့် ကျိုးချင်ကျူးကို ကျန်းအန်းရန် အား မိုးကြိုးချိုင့်ဝှမ်းတစ်ဝိုက်တွင်ရင်းနှီးမှုရှိစေရန် ခေါ်သွားခိုင်းစေသည်။

အဓိကအချက်မှာ ကျန်းအန်းရန်သည် လက်ရှိကျန်းချန်ရွှမ်စိတ်ပူရန်မလိုအပ်ပါ။

သူ့အတွက်မူ၊ သူသည် လျို့ဝှက်နယ်မြေမှ ရရှိလာသည့် အကျိုးကျေးဇူးများကို ပြန်လည်စီစဉ်ရန် လိုအပ်နေသေးသည်။

ပထမဆုံးအနေဖြင့် သူနားလည်သဘောပေါက်လာသည့် သတ္တုနှင့် သစ်သားစည်းမျဉ်းများပင် ဖြစ်သည်။

ဒုတိယမှာ သူသည် သူ၏ဝင်ရိုးစွန်နှစ်ဖက် နတ်ဘုရားတောင်ကို ထပ်မံ၍ သန့်စင်ရန်လိုအပ်သည်။

နောက်ဆုံးမှာ သူ၏ခန္ဓာကိုယ်မွမ်းမံမှုကျင့်ကြံခြင်းပင်ဖြစ်သည်။

၎င်းသည် သို့ရာတွင် ယခုလောလောဆယ်အတွက် အရေးမကြီးသေးပါ။

သူသည် သူ၏ဂိုဏ်းသို့ပြန်ရောက်မှ ထိုးဖောက်မှုပြုလုပ်ရန်စောင့်ဆိုင်းနိုင်ပါသေးသည်။

ထိုယာယီဂူထဲတွင် ကျန်းချန်ရွှမ်သည် နှစ်ဝက်ခန့်နေခဲ့လေသည်။

သူသည် လုပ်ဆောင်ရန်လိုအပ်သည့်အရာအားလုံးကိုလုပ်ပြီးနောက်၊ ထိုယာယီဂူထဲတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက်မရှိတော့ပါ။ သူသည် လျှင်မြန်စွာဖြင့် ဂူပြင်သို့ ထွက်လာခဲ့လေသည်။

ထွက်လာပြီးနောက်၊ ကျင့်ကြံသူတစ်ဦးသည် အထူးလာကာ သူ့အား လန်ယွဲ့ဟွားနှင့် တွေ့ရန်အတွက်ဖိတ်ခေါ်ခဲ့သည်။

ရည်ရွယ်ချက်မှာ သဘာဝကျစွာပင် သဘာဝလျို့ဝှက်ဂူအတွင်းရှိအကြောင်းအရာများကို နားလည်ဖို့ရန်ဖြစ်ပါသည်။

၎င်းသည် မငြင်းနိုင်အောင်ပင် လိုအပ်သည့်အရာဖြစ်သည်။

အဆုံး၌ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ဖြစ်သည့် လန်ယွဲဟွားနှင့်အခြားသူများသည် သဘာဝလျို့ဝှက်နယ်မြေထဲသို့ မဝင်နိုင်ပေ။

သို့သော် ဂိုဏ်း၏အဓိကအဖြစ် ၎င်းသည် လန်ယွဲ့ဟွားအပါအဝင် တာအိုဖွဲ့စည်းခြင်း သူတော်စင်အရှင်များသည် ထိုသဘာဝလျို့ဝှက်နယ်မြေ၏ အခြေအနေကို ပြန်လည် သတင်းပို့ရမည်ဖြစ်သည်။

ထို့ကြောင့်၊

သဘာဝလျို့ဝှက်နယ်မြေအတွင်းသို့ ပထမဆုံးဝင်ရသူများအနေဖြင့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် သူတို့မေးမြန်းမှုကိုခံရမည်ဖြစ်သည်။

ကျန်းချန်ရွှမ် နားလည်နိုင်ပါသည်။

သူသည် သတင်းအချက်အလက်များကိုမထိမ်ချန်ထားဘဲ၊ သဘာဝလျို့ဝှက်နယ်မြေအတွင်း ရရှိလာသည့် အကျိုးအမြတ်များနှင့် အတွေ့အကြံများနှင့်ရှာဖွေတွေ့ရှိမှုများကို ပြောပြလိုက်သည်။

လန်ယွဲ့ဟွားသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ရှင်းလင်းစွာပင်၊ ကျန်းချန်ရွှမ်၏ ရရှိလာသည့်အကျိုးအမြတ်သည် ထိုမျှလောက်ကြီးမားမည်ဟု မမျှော်လင့်ထားခဲ့ပါ။

သူသည် တစ်ကြိမ်တည်းနှင့် စည်းမျဉ်းနှစ်ခုကိုနားလည်လာခဲ့သည်။

သာမန်ကျင့်ကြံသူသည် စည်းမျဉ်းတစ်ခုကိုကျင့်ကြံနိုင်လျှင်ပင်၊ သူတို့သည် ထိုးထွင်းသိမြင်ခြင်း အဆင့်သို့ ထိုးဖောက်နိုင်ရန် အခွင့်အလမ်းမြင့်မားနေပြီဖြစ်သည်။

ယခုမူ ကျန်းချန်ရွှမ်သည် တစ်ကြိမ်ထဲနှင့် စည်းမျဉ်းနှစ်ခုကိုနားလည်လာခြင်းကြောင့် သူ၏အနာဂတ်တွင် ထိုးထွင်းသိမြင်ခြင်းအဆင့်ကို ထိုးဖောက်သည်နှင့် သူသည် သေချာပေါက် ချက်ခြင်းပင် မယှဉ်နိုင်သော စွမ်းအားကြီးသည့် တိုက်ခိုက်စွမ်းအားကို ရရှိမည်ဖြစ်သည်။

ထိုအချိန်တွင် ထိုးထွင်းသိမြင်ခြင်းအဆင့် မှ ယခင်လူများသည် သူ့၏ပြိုင်ဘက်မဖြစ်နိုင်တော့ပါ။

“လူတိုင်းက ကျန်းချန်ရွှမ်ဟာ အနာဂတ်မှာ တာအိုဖွဲ့စည်းခြင်းသူတော်စင် ဖြစ်လာနိုင်တယ်လို့ ပြောကြတယ်။ အခုတော့ ကြည့်ရတာ တကယ်ပဲမှန်နေပုံပဲ။”

ထိုအတွေးက လန်ယွဲ့ဟွားစိတ်ထဲတွင် ဝင်လာခဲ့သည်။

သူမသည် ကျန်းချန်ရွှမ်အားကြည့်ကာ သူမ၏အေးစက်သည့်မျက်နှာတွင် အပြုံးတစ်ခုကို ညစ်ထုတ်လိုက်သည်။

သူမသည် ကျန်းချန်ရွှမ်အား အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

“မှန်တယ်။ စစ်သည်တော်တူလေးကျန်း၊ မင်းရဲ့ရှာဖွေတွေ့ရှိမှုက အလွန်တန်ဖိုးရှိပါတယ်။ အထူးသဖြင့် မင်းအဲ့မှာရရှိခဲ့တဲ့ အရာတွေပဲ။ ဒီအချက်တွေက ပြနေတာ မင်းဟာ သဘာဝလျို့ဝှက်နယ်မြေထဲဝင်ရတဲ့ အခွင့်ရေးကို မဖြုန်းတီးခဲ့ဘူးဆိုတာပါပဲ။”

လန်ယွဲ့ဟွား၏ချီးကျူးသံကိုကြားလျှင် ကျန်းချန်ရွှမ်သည် လျှင်မြန်စွာ နှိမ်ချလျက်၊ “စီနီယာလန်၊ ကျွန်တော့်ကိုမြောက်နေပါပြီ။ ကျွန်တော်တို့ ဒီအကျိုးအမြတ်တွေရနိုင်တဲ့အကြောင်းအရင်းက အကြီးအကဲတွေ အခွင့်အရေးပေးလို့ပါ။

ပြီးတော့လည်း၊ စီနီယာလန်ကို ကျွန်တော်တို့ဂျူနီယာတွေကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။”

ကျန်းချန်ရွှမ်၏စကားသည် လန်ယွဲ့ဟွား၏မျက်နှာမှအပြုံးကိုပို၍ကျယ်လာစေသည်။

သူမသည်ကျန်းချန်ရွှမ်အားကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ဆရာက မင်းဟာ စကားပြောတာအရမ်းတော်တယ်လို့ အမြဲပြောနေတာ၊ အခုကြည့်ရတာ ဒါအမှန်ပဲ။ ကောင်းပြီ။ မင်းဒီမှာရှိနေတာလဲ ကြာပြီ။ ကိစ္စမရှိရင် အရင်ပြန်သွားလို့ရပါတယ်။”

“ကောင်းပါပြီ။ စီနီယာလန်။”

ကျန်းချန်ရွှမ်သည် ချက်ခြင်းခေါင်းညိတ်လိုက်သည်။

“ဒါဆိုကျွန်တော်အရင်ပြန်ပါဦးမယ်။”

“ကောင်းပါပြီ။ သွားပါ။”

ကျန်းချန်ရွှမ်သည် လန်ယွဲ့ဟွား၏နေရာမှထွက်လာပြီး ထွက်ခွာရန်အလောတကြီးမလုပ်ပေ၊။ ထိုအစား သူသည် ရှီရှန်းယောင်နှင့် ကျောက်ထျန်းဖန်တို့၏ ယာယီဂူများဆီသို့သွားလိုက်သည်။

သူတို့သည်ဂူပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် အရိပ်အယောင်မရှိပါ။ ထို့ကြောင့် သူသည် သူတို့၏ဂူရှေ့တွင် စာသာချန်ခဲ့လိုက်လေသည်။

သူပြီးသွားခဲ့လျှင် သူသည် လှည့်ကာ မိုင်းတွင်းအပြင်သို့ထွက်လာလိုက်သည်။

ကျန်းချန်ရွှမ်သည် ဧရာမကောင်းကင်သလင်းကျောက်မိုင်းတွင်းကိုချန်ကာ ဟောက်ရန်ဂိုဏ်းသို့ ပြန်လာခဲ့ချိန်တွင် အထူးလျို့ဝှက်နယ်မြေတွင် ရှိသည့် ရှန်းရူယန်သည် နောက်ဆုံးတွင် ထွက်လာခဲ့သည်။

ထိုအချိန်တွင် ရှန်းရူယန်၏အရောင်အဝါသည် ယခင်ထပ် အဆပေါင်းများစွာသန်မာနေပြီဖြစ်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင်၊ မိုးကြိုးဆက်တိုက်လှုပ်ရှားခြင်းစည်းမျဉ်းမှပိုင်ဆိုင်သော စစ်မှန်သည့် အနှစ်သာရလှိုင်းများကို သိသာစွာမြင်နိုင်ပါသည်။

ထို့အပြင် သူမ၏မိုးကြိုးစည်းမျဉ်းသည် အခြားသူများနှင့် ကွဲပြားသည်။

၎င်းသည် ဒြပ်စင်ငါးပါး၏အလွန်သိသာသော လည့်ပတ်ခြင်းပါဝင်ပေသည်။

“စီနီယာရှန်း။”

ထိုအချိန်တွင်၊ မိုးကြိုးချိုင့်ဝှမ်း၏တပည့်သည် သူမရှေ့သို့ရောက်လာကာ ဦးညွတ်လိုက်လေသည်။

ရှန်းရူယန်သည် ပြုံးကာ သူမအား ခေါင်းညိတ်ပြလိုက်သည်။

လမ်းလျောက်လာရင်း၊ သူမသည် ထိုသူအားပြောလိုက်သည်။

“ကျီယွီ၊ ဒီအတောအတွင်းဘာတွေဖြစ်သွားခဲ့လဲဆိုတာ အသေးစိတ်ပြောပြပါဦး။”

ကျီယွီဟုခေါ်သည့် အမျိုးသမီးသည်ကြားလျှင်၊ သူမသည်ချက်ခြင်းပင် လေးစားစွာသဘောတူလိုက်သည်။

ပြီးနောက်၊ သူမသည် ရှန်းရူယန်အား လတ်တလောဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို အားလုံးပြောပြလိုက်သည်။

နားထောင်ပြီးနောက်၊ ရှန်းရူယန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

သူမသည် ဆန်းကြယ်လျို့ဝှက်နယ်မြေတွင် ဂူပိတ်ကျင့်ကြံနေချိန်၌ အပြင်တွင် အဖြစ်အပျက် များစွာ ဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားမိပါ။

အထူးသဖြင့် ဟောက်ရန်ဂိုဏ်းနှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၊ ထာဝရဓားဂိုဏ်းတို့၏ကြားရှိ တိုက်ပွဲသည် သူမအားထိတ်လန့်သွားစေခဲ့သည်။

ကံကောင်းစွာပင် သူမ၏ယောကျ်ားသည် အန္တရာယ်မရှိခဲ့ပါ။

ထိုအစားသူသည် ထိုစစ်ပွဲက အကျိုးအမြတ်များစွာပင်ရလိုက်သေးသည်။

“ကောင်းတယ်။ ဒါသူနဲ့တွေ့ရမဲ့အချိန်ပဲ။”

ရှန်းရူယန်က ထိုအတွေးဝင်လာချိန်၌ ကျီယွီသည် ထပ်မံ၍ စကားပြောလိုက်သည်။

“စကားမစပ်၊ စီနီယာရှန်း၊ အစ်မကိုတင်ပြဖို့ သတင်းတစ်ခုရှိပါသေးတယ်။”

“အို? အခြားတစ်ခုရှိသေးလား?”

ရှန်းရူယန်သည် အနည်းငယ်အံ့ဩသွားခဲ့သည်။ သူမသည်ကျီယွီအားကြည့်ကာ အပြုံးဖြင့်ခေါင်းညိတ်လိုက်သည်။

“အဲ့တာဘာလဲ?”

ကျီယွီသည် သူမအားအချိန်မဆွဲထားချင်ပဲ ချက်ခြင်းပင်ဖြေလိုက်သည်။

“အရင်က ကျွန်မဂိုဏ်းကနေသတင်းတစ်ခုရခဲ့ပါတယ်၊ အစ်မရဲ့တပည့် ကျန်းအန်းရန်က အောက်လောကကနေ ကောင်းကင်ရေတံခွန်ဂိတ်ကို အောင်မြင်စွာတက်ရောက်လာနိုင်ပုံပါပဲ။”

“အို? မင်းပြောတာ အန်းရန်က ငါတို့ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ် ကိုတက်လာတယ်လို့ ပြောတာလား?”

ရှန်းရူယန်သည် ထိုသတင်းကိုကြားလျှင် အံ့ဩဝမ်းသာသွားခဲ့လေသည်။

“ငါ့ယောကျ်ားလည်းဒီသတင်းကိုသိပြီးပြီလားသိချင်မိတယ်။

သူတွက်ချက်ပြီးပြီဖြစ်လိမ့်မယ်။”

သူ၏အာရုံခံနိုင်စွမ်းနှင့် သူ၏လူရင်းအပေါ် သိစိတ်တို့က သူ၏နတ်ဘုရားအာရုံ၏ လုပ်နိုင်စွမ်းနှင့် ပူးပေါင်းလျှင် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်သို့ အန်းရန်တက်ရောက်လာသည့်သတင်းမှာ သူမသိရန် လွယ်ကူမည်မဟုတ်ပါ။

ထိုအတွေးဖြင့် ရှန်းရူယန်သည် သူမ၏ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ယူထုတ်လာခဲ့သည်။

အမှန်တကယ်ပင်။

သူမ၏ဆက်သွယ်ရေးအဆောင်အတွင်း စာများစွာဝင်နေခဲ့သည်။

သူတို့အထဲမှတစ်ခုမှာ ကောင်းကင်ရေတံခွန်ဂိတ်သို့ကျန်းအန်းရန်တက်ရောက်လာကာ မိုးကြိုးချိုင့်ဝှမ်းသို့ ရောက်နေပြီဖြစ်ကြောင်းပါဝင်သည်။

ရှန်းရူယန်သည် ကျီယွီအားကြည့်ကာ ထပ်၍ မေးလိုက်သည်။

“အန်းရန်က မိုးကြိုးချိုင့်ဝှမ်းကိုရောက်နေပြီလား?”

ကျီယွီသည် သိသာစွာပင် ရှန်းရူယန်က ရုတ်တရက် ထိုအကြောင်းမေးမည်ကိုမမျှော်လင့်ထားသဖြင့် သူမသည် ကြောင်အသွားပြီးမှ ခေါင်းညိတ်ကာ ဖြေဆိုလိုက်သည်။

“စီနီယာရှန်း၊ အစ်မသိပြီးပြီလား?

မှန်ပါတယ်၊ ဂျူနီယာညီမကျန်းက တကယ်ပဲ ကျွန်မတို့ မိုးကြိုးချိုင့်ဝှမ်းကိုရောက်နေပါပြီ။

သူမကို စစ်သည်တော်ဦးလေးနှင်ဓားက စီစဉ်ထားပေးပါတယ်။”

“စီနီယာအစ်မ နှင်းဓားလား? ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။”

သူတို့စကားပြောနေရင်း ရှန်းရူယန်နှင့် ကျီယွီသည် ဆန်းကြယ်လျို့ဝှက်နယ်မြေမှ အတူတကွ ထွက်လာခဲ့ကြသည်။

သူတို့အပြင်ဘက်သို့ရောက်သောအခါ၊ နှစ်ဦးသားသည် အချိန်ဆွဲမနေတော့ပါ။

မိုးကြိုးအလျှင်နှင့် ရှန်းရူယန်သည် ကျီယွီအားသူမ၏စွမ်းအားနှင့် ရစ်ပတ်ကာ မိုးကြိုးချိုင့်ဝှမ်းသို့ ဦးတည်၍ သွားလိုက်တော့သည်။

အချိန်တစ်ချို့ကြာပြီးနောက်၊

အလင်းတန်းတစ်ခုသည် မိုးကြိုးကဲ့သို့ရောက်လာပြီး မိုးကြိုးချိုင့်ဝှမ်း၏ရင်ပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။

“ကျီယွီ၊ မင်းလုပ်စရာရှိတာသွားလုပ်ပါ၊ ငါ ငါ့တပည့်အန်းရန်နားသွားလည်ဦးမယ်။”

သူမသည်စကားပြောရင်း၊ ရှန်းရူယန်၏ပုံရိပ်သည် ကျန်းအန်းရန်၏ဂူရှိရာ တောင်ထိပ်ဆီသို့ ပျံတက်သွားခဲ့သည်။

***

All Chapters