နတ်ဘုရားအရှင် နှင်းဓား၏ဖိတ်ကြားချက်၊ မိုးနှင်းနှင့် လေမျှော်စင်
Vol. 43 Ch. 810
အချိန်တစ်ချို့ကြာပြီးနောက်၊
ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်အား စီမံခန့်ခွဲခြင်းခန်းမသို့ခေါ်သွားခဲ့ပြီး သူမ၏နာမည်ကို ဟောက်ရန်ဂိုဏ်း၏တပည့်အဖြစ် တရားဝင် မှတ်တမ်းတင်လိုက်သည်။
သူမ၏ဝိညာဉ်မီးအိမ်ကိုထွန်းပြီးနောက် အကြီးအကဲခန်းမတွင် ဝတ်ပြုစေကာ ကျန်းအန်းရန်သည်ဟောက်ရန်ဂိုဏ်း၏တပည့်ဖြစ်လာခဲ့သည်။
လာမည့်အချိန်အတွင်း သူမသည် ဟောက်ရန်ဂိုဏ်းပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်လုပ်ကာ သူမနှင့်သင့်တော်မည့် ဂူဗိမာန်ကို ရှာဖွေခဲ့သည်။
အချိန်ကကုန်သွားခဲ့ပြီး ရာစုနှစ်တစ်ခုက မျက်စိတမှိတ်အတွင်းကျော်လွန်သွားခဲ့သည်။
......
ထိုနေ့တွင်။
တိမ်တိုက်တောင်ထိပ်ရှိ ကျန်းချန်ရွှမ်၏ဂူအတွင်းတွင် သူသည် အောင်မြင်စွာဖြင့် သဘာဝလျို့ဝှက်နယ်မြေမှ ရရှိလာသော ဆန်းကြယ်ကိုးပါးလင်းဇီးကို သန့်စင်နိုင်ခဲ့လေသည်။
၎င်းသည် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အဆင့် ရ အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့ ချိုးဖောက်နိုင်စေခဲ့သည်။
အဆင့် ၇ ၏ အလယ်ဆင့်သို့ရောက်ပြီးသောအခါ၊ ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ် နတ်ဘုရားစွမ်းအားများ ဖြစ်သည့် ခုခံခြင်း၊ တိုက်ခိုက်ခြင်းနှင့် အရှိန် အားလုံးသည် တိုးတက်သွားခဲ့သည်။
၎င်းသည် သူ၏ခန္ဓာကိုယ်က ယခုဝိညာဉ်ရတနာတစ်ခုနှင့် ဆင်တူနေပြီဖြစ်ကာ တိုက်ခိုက်မှုတိုင်းသည် ဝိညာဉ်ရတနာတစ်ခု၏လုပ်နိုင်စွမ်းဖြင့် ယှဉ်နိုင်ပြီး သူ၏ခုခံခြင်းသည် ခုခံရေးဝိညာဉ်ရတနာတစ်ခုကဲ့သို့ တောင်တင်းခိုင်မာနေပြီဖြစ်သည်ဟု ပြောလျှင် ချဲ့ကားခြင်း မဟုတ်ပါ။
သူ၏ခုခံမှုကို မည့်သည့်နတ်ဘုရားစွမ်းအား၊ မန္တာန်များ သို့ ဝိညာဉ်ရတနာမှ လွယ်ကူစွာချေမှုန်းနိုင်ခြင်းမရှိတော့ပါ။
အကယ်၍ သူ၏ခန္ဓာကိုယ်သည် ထိုးခွဲခံရခြင်း သို့ ဖုန်မှုန့်အဖြစ်မြေခသွားလျှင် သို့ သူမ၏ မူလဝိညာဉ်သည် ပျောက်ကွယ်သွားလျှင်ပင် ပြန်လည်ရှင်သန်ရန် အခွင့်အရေး ရှိပါသေးသည်။
၎င်းသည် အဆုံးမဲ့ဘီး၏စွမ်းအားဖြစ်ပြီး အရာအားလုံးကိုအစသို့ပြန်လည်သွားနိုင်ပေသည်။
ကျီ…
သူ၏ဂူမှထွက်လာခဲ့လျှင် ကျန်းချန်ရွှမ်သည် ရုတ်တရက် အလွန်မွေးကြိုင်သည့် ဆေးနံ့က အနီးအနားဂူတစ်ခုမှထွက်လာသည်ကို အနံ့ခံလိုက်မိသည်။ ၎င်းသည် ရှန်းရူယန်၏ဂူဖြစ်သည်။
သူ၏ဝိညာဉ်သည် ချက်ခြင်းပင် စိတ်လှုပ်ရှားကာတုန်လှုပ်သွားခဲ့သည်။
“ဖြစ်နိုင်တာ ရူယန်က တကယ်ပဲ..”
ထိုအတွေးက သူ့စိတ်ထဲဝင်လာစဉ်တွင်ပင် ရှန်းရူယန်၏ ဂူသည် ရုတ်တရက် ပွင့်လာခဲ့ပြီး သူမ၏ပုံရိပ်သည် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
“အာ.. ယောကျ်ား၊ ရှင် အဆင့်ထိုးဖောက်ပြီးသွားပြီလား?”
ကျန်းချန်ရွှမ်ကိုမြင်လျှင် ရှန်းရူယန်၏မျက်နှာသည် ချက်ခြင်းပင် ပျော်ရွင်မှု အံ့အားသင့်မှုတို့နှင့် တောက်ပသွားခဲ့သည်။
သူ၏ဂူပိတ်ကျင့်ကြံခြင်းမတိုင်မီ ကျန်းချန်ရွှမ်သည် ခန္ဓာကိုယ်မွမ်းမံခြင်းအား အဆင့် ၇ အစောပိုင်းမှ အလယ်ဆင့်သို့ မြင့်တင်ရန် ရည်ရွယ်ထားသည်ဟု ပြောထားခဲ့သည်။
ယခုမူ သူမ၏မေးခွန်းကိုကြားလျှင်၊ သူသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ၊ ကိုယ်အဆင့်ချိုးဖောက်ပြီးပြီ။”
ရပ်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က ဆက်ပြောလိုက်သည်။
“စကားမစပ်၊ ရူယန် အခုလေးတင် အဲ့တာက ဘာလဲ?”
သူ၏စိတ်ဝင်စားမှုကိုမြင်လျှင်၊ ရှန်းရူယန်၏မျက်နှာသည် ပြုံးသွားပြီး သူမ၏လက်ကိုလှန်လိုက်ကာ သူမ၏လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
“ဒါက? အဆင့် ၇ လျို့ဝှက်ဆန်းကြယ်နိယာမ ဆေးလုံးလား။ မင်း အဆင့် ရ အဂ္ဂိရတ်ဆရာ ဖြစ်သွားပြီပေါ့၊ ကောင်းတယ်။”
“ဟုတ်ပါတယ်။”
ရှန်းရူယန်က ထပ်မံ၍ ပြုံး၍ခေါင်းညိတ်လိုက်သည်။
“ရှင်ကျွန်မကိုပေးတဲ့ အဂ္ဂိရတ်ပစ္စည်းတွေရဲ့ကျေးဇူးကြောင့်ပါ။
အဲ့ဒီပစ္စည်းတွေမပါပဲ၊ ကျွန်မက ဒီလျို့ဝှက်ဆန်းကြယ်ဆေးလုံးကို သန့်စင်နိုင်မှာမဟုတ်ပါဘူး။”
“ဒါဆိုရင် ကိုယ်မင်းအတွက် တကယ်ကို ဂုဏ်ယူရတော့မှာပဲ။ ကိုယ်တောင် အခုထိ အဆင့် ၇ အဂ္ဂိရတ်ပညာရှင် မဖြစ်နိုင်သေးဘူး။”
“ဟီးဟီး၊ ရှင့်အရည်အချင်းတွေနဲ့ဆိုရင် မကြာခင်မှာ အဆင့် ၇ အဂ္ဂိရတ်ပညာရှင် ဖြစ်လာလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။”
“မျှော်လင့်ရတာပဲ။”
ထိုစုံတွဲသည် ထိုခေါင်းစဉ်အား အနည်းငယ်ဆွေးနွေးပြီးနောက် ရှန်းရူယန်သည် သူမ၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ကြည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်အား ပြောလိုက်လေသည်။
“ယောကျာ်း၊ ရှင် အစ်မနှင်းဓားကို မှတ်မိသေးလား? သူမက သူကျင်းပတဲ့ လေလံပွဲကို တက်ဖို့ ကျွန်မတို့ကိုဖိတ်နေတယ်။”
“လေလံပွဲလား?”
ကျန်းချန်ရွှမ်သည် အနည်းငယ်နောက်ဆုတ်သွားခဲ့သည်။
“မှန်တယ်။”
ရှန်းရူယန်က ခေါင်းညိတ်သည်။
“အစ်မနှင်းဓားလို ထိုးထွင်းသိမြင်ခြင်းအဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတွေက သူတို့ကိုယ်ပိုင် လေလံပွဲကျင်းပတတ်ကြပြီး ရင်းနှီးတဲ့ဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ အပြင်က ဆက်ဆံရေးကောင်းတဲ့ သူတွေကိုဖိတ်ကြားတတ်တယ်။
ပြီးတော့ အစ်မနှင်းဓားနဲ့ ဆက်ဆံရေးကောင်းချင်သူတွေကလည်း တက်ရောက်ကြတယ်။ သေချာတာပေါ့။
တက်ရောက်တဲ့မိသားစုနဲ့ ဂိုဏ်းတွေက သာမန်ပါပဲ။ ထိုးတွင်းသိမြင်ခြင်းအဆင့်အင်အားစုတစ်ခုတော့ ပါနိုင်တာပေါ့။”
“ငါသိပြီ။”
ရှန်းရူယန်၏ရှင်းပြချက်ကိုကြားပြီးနောက်၊ ကျန်းချန်ရွှမ်သည် နားလည်သွားခဲ့သည်။
ရိုးသားစွာပြောရလျှင်၊ သူတက်ရောက်ပြီးသည်နှင့် သူသည် တစ်ဦးတည်းကျင်းပသည့် လေလံပွဲမျိုးကို မပါဝင်ရသေးပါ။
၎င်းသည် သူတို့၏ ပထမဆုံးတက်ရောက်သည့် နတ်ဘုရားသခင်နှင်းဓားမှကျင်းပသည့် ပွဲဖြစ်လိမ့်မည်။
“စကားမစပ်၊ မင်းရဲ့ အစ်မ နှင်းဓားက ဘယ်အချိန်ဖြစ်မလဲဆိုတာပြောသေးလား?”
ကျန်းချန်ရွှမ်သည် ရုတ်တရက်ထိုမေးခွန်းကိုတွေးလိုက်မိသည်။
ရှန်းရူယန်သည်ခေါင်းညိတ်လိုက်သည်။ “အခုကစပြီးသုံးလအကြာမှာဖြစ်တယ်။ ကျွန်မတို့ သေချာပေါက်တက်ရလိမ့်မယ်။”
ကျန်းချန်ရွှမ်သည် တွေးလိုက်သည်။ “သူက ငါတို့ဂူပိတ်ကျင့်ကြံနေတုန်း အန်းရန်ကို စောင့်ရှောက်ထားပေးတာပဲ။ ပြီးတော့လည်း၊ သူမက မင်းကိုမိုးကြိုးချိုင့်ဝှမ်းမှာ ကောင်းကောင်း စောင့်ရှောက်ထားပေးတာပဲမဟုတ်လား? ပြီးတော့ သူက ကိုယ်တို့ကိုပထမဆုံးဖိတ်တာဆိုတော့ မသွားလို့မကောင်းဘူး။”
“ကောင်းပြီ။ အဲ့လိုဆိုရင် ကျွန်မတို့သေချာပေါက်တက်မယ်လို့ အခုစာပြန်လိုက်မယ်။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ထိုစုံတွဲက ဟောက်ရန်ဂိုဏ်းတွင်ပင် အချိန်အနည်းငယ်နေခဲ့သည်။
ထိုအချိန်အတောအတွင်း။
သူတို့သည် ချင်ရှန်းဝူထံသို့သွားရောက်ခဲ့ပြီး ကျန်းအန်းရန်ကိုလည်းကျင့်ကြံခြင်းအတွက် ညွန်ပြခဲ့သေးသည်။
သုံးလပြည့်ခါနီးတွင် ထိုစုံတွဲသည်ဟောက်ရန်ဂိုဏ်းမှ ထွက်ခွာသွားကာ နတ်ဘုရားအရှင်နှင်းဓား၏ မိုးနှင်းနှင့် လေမျှော်စင် နေရာသို့ ဦးတည်သွားခဲ့သည်။
၎င်းသည် နတ်ဘုရားအရှင်နှင်းဓားက အပြင်ဘက်တွင် တည်ဆောက်ထားသော နေရာဖြစ်သည်။
သူမ၏ကိုယ်ပိုင်အင်အားဟုလည်းသတ်မှတ်နိုင်ပါသည်။
........
ထိုအချိန်တွင်၊ မိုးနှင်းနှင့်လေမျှော်စင်၌။
ထိုနေရာတွင် ကျင့်ကြံသူများစွာ စုဝေးနေကြပြီဖြစ်သည်။
ကျင့်ကြံသူများ၏ကျင့်ကြံခြင်းအဆင့်များသည် အများစုမှာ အနည်းဆုံးဗလာနယ်ပြန်အဆင့်များ ဖြစ်ကြလေသည်။
ထိုသူများထဲတွင်၊ မိုးကြိုးချိုင့်ဝှမ်းမှ တပည့်များလည်းပါကာ အခြားဂိုဏ်းနှင့် မိသားစုများမှ ကျင့်ကြံသူများလည်း ပါကျသည်။
သေချာပါသည်။
ထိုနေရာတွင် မိုးကြိုးချိုင့်ဝှမ်းနှင့် အဆင်ပြေသည့် သေးငယ်သောဂိုဏ်းနှင့် မိသားစုများမှ ကျင့်ကြံသူများစွာရှိပေသည်။
ဆက်ကြည့်လိုက်လျှင် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများသည် ထိုအုပ်စုထဲတွင် သိသာစွာပင် နည်းပါးပြီး ထိုအဆင့်သို့ရောက်ရန်ရှားပါးခြင်းကိုဖော်ပြနေသည်။
သို့ရာတွင်၊ အကယ်၍ တစ်စုံတစ်ဦးက ရေတွက်လိုလျှင် နတ်ဘုရားနှင်းဓား၏ လဲလှယ်ပွဲက မသေးငယ်ပါ။
နောက်ဆုံးတွင်၊ ထိုနေရာ၌ ထိုးထွင်းသိမြင်ခြင်းအင်အားစုလည်းရှိကာ သေးငယ်သောအုပ်စု ဖြစ်သော်လည်း မူလက နတ်ဘုရားအရှင် နှင်းဓား၏သူငယ်ချင်းများနှင့် မိုးကြိုးချိုင့်ဝှမ်းအတွင်း ရင်းနှီးသောသူများဖြစ်သည်။
ထိုအချိန်တွင်၊ နဖူးပေါ်တွင် မီးတောက်အမှတ်အသားနှင့် လူက မနီးမဝေးရှိ အဖြူရောင်ဝတ်စုံနှင့် လှပသောအမျိုးသမီးအား ပြုံးပြလိုက်သည်။ “တာအိုရောင်းရင်းနှင်းဓား၊ ခင်ဗျားရဲ့မျှော်စင်က ပိုပြီးကြီးသထပ် ကြီးလာတာပဲ။ ကျွန်တော်ကြားတာ ဒီတစ်ကြိမ် ခင်ဗျား ကျင့်ကြံသူရာချီဖိတ်ခေါ်ထားတယ်ဆို။ ချန်ခုန်းခန်းမက တစ်ယောက်တောင် မင်းဖိတ်ထားတယ်ဆိုပဲ။
အဲ့နေရာမှာတစ်ခုခုရှိလား?”
ထိုလူငယ်၏စကားများသည် ချက်ခြင်းပင်၊ ရှိနေသောသူများ၏အာရုံကိုဆွဲဆောင်လိုက်သည်။
လူတိုင်းက မနေနိုင်ဘဲ နတ်ဘုရားအရှင်နှင်းဓားကို ကြည့်နေကြကာ သူတို့၏မျက်လုံးများသည် သိချင်စိတ်ဖြင့်ပြည့်နေခဲ့သည်။
သူတို့သည်ထိုလူငယ်ပြောသည့် ချန်ခုန်းခန်းမမှ ထိုလူကို သိကြပြီး ထိုသူသည် လွန်ခဲ့သော နှစ်သောင်းချီအတွင်း ချန်ခုန်းခန်းမတွင် မသေမျိုးဖြစ်လာနိုင်ရန် ဖြစ်နိုင်ချေအရှိဆုံးလူဟု ပြောကြသောသူဖြစ်သည်။
ထိုလူမှာ ထိုက်ကန်းကျီဟုခေါ်သည်။
နှစ်တစ်ထောင်ပင်မရှိသည့်အချိန်တွင်ကျင့်ကြံပြီးနောက်၊ သူသည် ကောင်းကင်အလင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
၎င်းသည် ရှိနေသောသူများ ခန့်မှန်းနိုင်ခြင်းမရှိအောင်ပင်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ထိုသူ၏ဆရာသည် မဟာယနသို့ရောက်ရှိနေသော တာအိုအရှင်တစ်ပါး ဖြစ်သည်။
သူနှင့်သူ၏နောက်ခံသည် အရေးမကြီးပဲ၊ သူသည် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်တွင် ထိပ်ဆုံးမှလူဟုဆိုလျှင်ပင် ချဲ့ကားရာမရောက်ပါ၊ သို့ရာတွင် နတ်ဘုရားအရှင်နှင်းဓားက သူ၏နာမည်ကိုကြားလျှင်၊ သူမသည် အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။ သို့သော် နောက်ဆုံးတွင် သူသည် ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။
“အကယ်၍ တစ်ခုခုမမျှော်လင့်ထားတာ မဖြစ်ခဲ့ရင်၊ တာအိုရောင်းရင်းထိုက်ကန်းကျီက တကယ်ပင် တက်ရောက်မှာပါ။”
သူမပြောလိုက်သည်နှင့် လူအများစုက အံ့အားသင့်သွားခဲ့သည်။
အချို့သောသူများသည်အခွင့်အရေးရလျှင် တာအိုဝါဒီထိုက်ကန်းကျီနှင့် သိကျွမ်းမိုင်မည်ဟု တွေးနေကြသည်။
ကျီ,,,ကျီ…
တစ်ချိန်တည်းမှာပင်၊ လူတိုင်းသည် မိုးနှင်းနှင့်လေမျှော်စင်မှ ကီလိုမီတာသောင်းချီအဝေးမှ အလင်းတန်းနှစ်ခုသည် လျှင်မြန်စွာပျံသန်း၍လာနေကြသည်ကို ခံစားလိုက်ရသည်။
ထိုနေရာမှ ထွက်ပေါ်နေသော ဝိညာဉ်ဖိအားအရ ကောင်းကင်အလင်းအဆင့်သို့ရောက်ရှိနေသည့် နတ်ဘုရားအရှင်နှစ်ပါးဖြစ်သည်။
၎င်းသည် ရှိနေသောသူများအားထိတ်လန့်သွားစေခဲ့သည်။
သူတို့သည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူနှစ်ဦး ထပ်မံလာရောက်လိမ့်မယ်ဟု မထင်ထားခဲ့ပေ။
မမျှော်လင့်ထားပဲ၊ ပွဲကျင်းပသူဖြစ်ကာ အင်အားကြီးသော နတ်ဘုရားအရှင် နှင်းဓားသည် ထိုသူတို့ရောက်လာခြင်းကိုအာရုံခံမိသည်နှင့်ထကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်နှုတ်ဆက်ခဲ့ပြီး လူများကိုထိတ်လန့်သွားစေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
အဲ့လူနှစ်ယောက်မှာ ဘာနောက်ခံရှိလို့လဲ? သူတို့ကို နတ်ဘုရားအရှင်နှင်းဓားကတောင် ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရတယ်။
အဲ့ဒီလူတွေကလည်း အင်အားကြီးတဲ့နောက်ခံတွေရှိလို့လား?
“ဟဲဟဲ ဂျူနီယာညီမလေး ရှန်း၊ ငါမင်းတို့ကိုစောင့်နေတာ တော်တော်ကြာနေပြီ။”
ထိုပုံရိပ်နှစ်ခု၏ရှေ့တွင် နတ်ဘုရားအရှင် နှင်းဓားက ပြောလိုက်လေသည်။
ရောက်လာသူများမှာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဖြစ်သည်။
ထိုအချိန်တွင်၊ ရှန်းရူယန်သည်နတ်ဘုရားအရှင် နှင်းဓားကိုပြုံးပြလိုက်သည်။ “စီနီယာအစ်မ ကျွန်မကိုမြောက်နေတာပဲ၊ ကျွန်မတို့ကို အစ်မကိုယ်တိုင်လာကြိုတာပဲ။”
“ဟဲဟဲ၊ ငါတို့ရင်းနှီးမှုနဲ့ဆိုရင် ဒီလိုကပဲမှန်လိမ့်မယ်။”
နတ်ဘုရားအရှင်နှင်းဓားကအပြုံးဖြင့်ပြောလိုက်သည်။
မကြာမီ၊ သူမ၏အကြည့်သည်ကျန်းချန်ရွှမ်ဘက်သို့လှည့်သွားသည်။
“ငါထင်တာ ဒါက ငါ့ရဲ့မတ် ကျန်းချန်ရွှမ်မှန်လား? မင်းတို့နှစ်ယောက်က ကောင်းကင်က တွဲပေးတဲ့တွဲဖက်နှစ်ယောက်ပဲ ငါတကယ်ပဲအားကျမိတယ်။”
နှစ်ဘက်စလုံးမှ စကားစမြည်ပြောနေကြသည်။
ခနအကြာတွင်…
နတ်ဘုရားအရှင်နှင်းဓားသည် ကိုယ်တိုင် သူတို့နှစ်ဦးကိုဦးဆောင်ကာ သူမ၏ မိုးလေနှင့် လေမျှော်စင်ထဲသို့ခေါ်သွားလိုက်သည်။
သူတို့သည် မျှော်စင်ထဲသို့ဝင်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ခြင်းပင် လူအများအပြားက သူတို့အားကြည့်နေကြောင်းတွေ့လိုက်ရသည်။
နတ်ဘုရားအရှင်နှင်းဓားသည် လျှင်မြန်စွာဖြင့် အသံပို့ဆောင်ရေးမှတဆင့် နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
မကြာမီတွင်ပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှိနေသောသူများ၏အထင်ကြီးမှုကို ခံလိုက်ရလေသည်။
သူတို့အားနေရာချပြီးနောက်၊ ကျင့်ကြံသူများစွာထပ်ရောက်လာခဲ့ပြီး နတ်ဘုရားအရှင်ကိုယ်တိုင် ထွက်၍ ကြိုရခြင်းမရှိတော့ပေ။
အချိန်ကြာပြီးနောက်။
မဟာပုံရိပ်တစ်ခုသည် အဝေးမှ ချဉ်းကပ်လာခဲ့သည်။
ရှန်းရူယန်နှင့် စကားပြောနေသည့် နတ်ဘုရားအရှင်နှင်းဓားသည် ၎င်းဘက်သို့လှည့်ကာ မတ်တပ်ရပ်လိုက်ပြီး ရောက်လာသောသူ၏အရေးပါမှုကိုပြသလိုက်သည်။
***