ထိုက်ကန်းကျီအားမျက်နှာသာမပေးခြင်း (၂)
Vol. 43 Ch. 812
"နတ်သမီး ကျွန်တော် ခင်ဗျားရဲ့ဆေးလုံးကို အရင်ကြည့်လို့ရမလား?”
မိုးနှင်းနှင့် လေမျှော်စင်ထဲတွင် ရှန်းရူယန်သည် အခြားတစ်ဖက်မှအခြားအကြံအစည်များရှိမည်ကို မကြောက်ပါ။ ထို့ကြောင့် သူသည် ယဉ်ကျေးစွာပင် လျို့ဝှက်ဆန်းကြယ်ဆေးလုံးကို အခြားတစ်ဘက်သို့ ပေးလိုက်လေသည်။
ရှန်းရူယန်ထံမှ ကျောက်စိမ်းပုလင်းကိုရရှိပြီးနောက်၊ ဆံပင်အနီနှင့်လူသည် ဖွင့်လိုက်ရာ ချက်ခြင်းပင် ကြွယ်ဝသောအနံ့က ပြန့်နှံ့သွားသည်။
အကြည့်တစ်ချက်ဖြင့်၊ သူသည် ချက်ခြင်းပင် ပုလင်းကိုပြန်ပိတ်လိုက်ပြီး မီးဝိညာဉ်ကောင်းကင်ရေစက်ကို ရှန်းရူယန်အား ပေးလိုက်လေသည်။
“ကျွန်တော်တို့လဲလှယ်ပါ့မယ်။” သူသည် ပြောလိုက်ပြီး ရှန်းရူယန်သည်လည်း ထိုပုလင်းကို မှန်ကန်ကြောင်းစစ်ဆေးလိုက်လေသည်။
ထိုအရာ၌ ပြဿနာမရှိကြောင်း အတည်ပြုပြီး သူမသည် ထိုပုလင်းကို ကျန်းချန်ရွှမ်ဆီသို့ လှမ်းပေးလိုက်လေသည်။
လဲလှယ်ပွဲက ဆက်သွားနေသည်။
နတ်ဘုရားအရှင်နှင်းဓားကကျင်းပသည့် လဲလှယ်ပွဲသည် အဆင့်မြင့်သည်ဟု ပြောနိုင်သည်။
အချို့ပစ္စည်းများသည် ကောင်းသောအရာများဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် သူတို့၏မျက်စိကျသောအရာများရှိပေသည်။ ကံမကောင်းစွာပင် အခြားတစ်ဘက်ကတောင်းဆိုသည့်အရာများသည် သူတို့၌မရှိပေ။
နောက်ဆုံးတွင် သူတို့သည် ပစ္စည်းနှစ်ခုသုံးခုသာ လဲလှယ်လိုက်နိုင်သည်။
“အားလုံးပဲ။”
ထိုအချိန်တွင် လူအုပ်ထဲမှ အရပ်ရှည်သောသူသည် လက်ဖဝါးအရွယ် သံလိုက်နတ်ဘုရား ကျောက်တုံးကို သူ၏ခန္ဓာကိုယ်မှ ယူထုတ်လာခဲ့သည်။
၎င်းသည် များစွာသော သံလိုက်စွမ်းအားများကို သိပ်သည်းထားသည့်ရတနာဖြစ်သည်။
၎င်းသည် သံလိုက်နှင့်ပက်သက်သည့် ရတနာများ၏အဆင့်နှင့်စွမ်းအားကို တိုးမြင့်ရန် တန်ဖိုးရှိပါသည်။
“ဒီသံလိုက်နတ်ဘုရားကျောက်တုံးရဲ့တန်ဖိုးကတော့ အားလုံးရှင်းလင်းပြီးသားဖြစ်မှာပါ။ ကျွန်တော်က ဒီအရာကို ခြောက်သွေ့နေမြက် သို့ ခရမ်းရောင်ကြယ်ပန်းနဲ့လဲလှယ်ချင်ပါတယ်။”
အရပ်ရှည်သောသူ၏စကားကိုကြားလျှင် များစွာသောကျင့်ကြံသူများသည် မျက်မှောင်ကုပ်သွားကြသည်။
သူတောင်းဆိုသည့်အရာ၏ ရှားပါးမှုသည် ထိုးထွင်းသိမြင်ခြင်းအဆင့်အင်အားစုများသည်ပင် သူတို့၏စုဆောင်းမှုထဲမပါဝင်နိုင်ပေ။
သို့ရာတွင် ကျန်းချန်ရွှမ်သည် ရွှေရောင်ရှိကာ အဝေးမှကြည့်လျှင် ဖောက်ထွင်းမြင်နိုင်သည့် ခြောက်သွေ့နေမြက်ကိုထုတ်လာသည့်အချိန်ထိဖြစ်သည်။ ၎င်းသည် သူကလျို့ဝှက်နယ်မြေသို့ စူးစမ်းလေ့လာမှုတွင်ရရှိခဲ့သော အရာဖြစ်သည်။
သူ့အတွက်မူ၊ ခြောက်သွေ့နေမြက်သည် ယခုထိ အသုံးမဝင်သေးသောအရာဖြစ်ပါသည်။
“ဒါဆိုရင်ဘယ်လိုလဲ မိတ်ဆွေ? ခင်ဗျားရဲ့သံလိုက်နတ်ဘုရားကျောက်တုံးကို ကျွန်တော့်ရဲ့ခြောက်သွေ့နေမြက်နဲ့လဲမလား?”
ကျန်းချန်ရွှမ်သည် ကမ်းလှမ်းလိုက်ပြီး မြက်အားပြလိုက်သည်။ အရပ်ရှည်သောသူသည် အမြင်အရသိသာစွာစိတ်လှုပ်ရှားသွားပြီး ကျန်းချန်ရွှမ်ထံမှ ခြောက်သွေ့နေမြက်ကို ယူလိုက်ကာ နီးကပ်စွာ စစ်ဆေးလိုက်ပြီးနောက် သဘောတူရန် ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့။” သူသည် ပြောလိုက်ကာ ကျန်းချန်ရွှမ်အား သံလိုက်နတ်ဘုရားကျောက်တုံးကို ပေးရန် ပြင်လိုက်သည်။
သို့ရာတွင်၊ ထိုလဲလှယ်မှုက အဆုံးသတ်တော့မည့်အချိန်အရောက်တွင် ရုတ်တရက်အသံတစ်ခုက ဝင်ရောက်နှောက်ယှက်လိုက်သည်။
“နေဦး။”
လူအုပ်သည် လန့်သွားကြပြီး ထိုနောက်ယှက်သည့်ဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက် ကြသည်။
ထိုက်ကန်ကျီသည် ရပ်နေပြီး သူ၏အကြည့်သည် အရပ်ရှည်သောသူ၏လက်ထဲမှ သံလိုက်ကျောက်တုံးဆီတွင် ရှိနေကာ တည်ငြိမ်စွာပြောလိုက်လေသည်။
“ခင်ဗျားကိုင်ထားတဲ့သံလိုက်ကျောက်တုံးက ကျွန်တော်လိုအပ်တဲ့အရာပဲ။
ဒါပေမဲ့ ကျွန်တော့်မှာ ခင်ဗျားလိုချင်တဲ့ ခြောက်သွေ့နေမြက်ကော ခရမ်းရောင်ကြယ်ပန်းကော မရှိဘူး။ ကျွန်တော် အဲ့တာနဲ့တန်ဖိုးညီတဲ့ပစ္စည်းတစ်ခုနဲ့လဲချင်တယ်။ တန်ဖိုးပိုမြင့်ရမယ် ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ပစ္စည်းလဲလှယ်ဖို့ကတော့ ကျွန်တော်နဲ့ပဲဖြစ်ရမယ်။”
ပွဲတစ်ခုလုံးသည် ထိုက်ကန်းကျီ၏ကြေညာချက်ကြောင့် တိတ်ဆိတ်သွားခဲ့လေကာ သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်မှု စိတ်ရှုပ်ထွေးမှုများပေါ်လာခဲ့လေသည်။
သူတို့သည် ချင်ခုန်းခန်းမမှ သူတော်စင်သည် ရာထူးအဆင့်မြင့်မားကာ ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားကြောင်းသိထားကြပါသည်။ သူ၏လက်ရှိကျင့်ကြံခြင်းနှင့်စွမ်းအားမှာ မဆိုးပါ။ သို့သော် သူတို့သည် သူ၏ချဉ်းကပ်မှုက ဤမျှလောက် အထက်စီးဆန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
အရပ်ရှည်သောသူနှင့် ကျန်းချန်ရွှမ်တို့၏လဲလှယ်ခြင်းပြီးဆုံးခါနီးတွင်ကြားဝင်နှောက်ယှက်ခဲ့ပြီး ထိုပွင့်လင်းကာ အင်အားသုံးသောအပြုအမူက နှစ်ယောက်စလုံးကို အားနာပုံမပေါ်ပေ။
ထိုပွဲ၏ဦးဆောင်သူ နတ်ဘုရားအရှင်နှင်းဓားသည်လည်း ထိုကိစ္စကြောင့် မျက်မှောင်ကုပ် သွားခဲ့သည်။
အမှန်မှာ ထိုက်ကန်းကျီသည် သူမ၏ပွဲသို့လာရောက်သည်မှာ သူမ၏ဖိတ်ကြားခြင်းကြောင့် မဟုတ်ပေ။
အကြောင်းမှာ ချင်ခုန်းခန်းမ၏ သူတော်စင်သားတော်သည် မကြာခဏ လဲလှယ်ပွဲများတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။
သူလာရောက်ရသည့်အကြောင်းမှာ သူသည် ထိုပွဲကျင်းပမည့်အကြောင်းကိုကြားပြီး သူသည်လည်းလာရောက်ပါဝင်မည်ဟု သတင်းပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။
နတ်ဘုရားအရှင်နှင်းဓားမှာ ဘာပြောနိုင်မည်နည်း?
သူမသည် သူ့အားတိုက်ရိုက်ပင်ငြင်းပယ်လိုက်ရမည်လား?
သူမသည် သူ၏ချဉ်းကပ်မှုက ဤကဲ့သို့ သည်းမခံနိုင်လောက်အောင်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ လဲလှယ်ခြင်းကိုကြားဝင်နှောက်ယှက်သည်သာမက ပါဝင်သူများကိုပါ ချိန်းခြောက်ဟန်ပါပြီး သူမ၏လဲလှယ်ပွဲ၏စည်းမျဉ်းကို သွေဖယ်နေခြင်းဖြစ်သည်။
သို့ရာတွင် ထိုက်ကန်းကျီသည် အာရုံလုံးဝမစိုက်ပေ။ သူ၏အကြည့်သည်အရပ်ရှည်သောသူအပေါ်တွင်သာရှိနေသည်။
သို့ရာတွင် လူတိုင်းမမျှော်လင့်ထားသည်မှာ အရပ်ရှည်သောသူသည် ထိုက်ကန်းကျီ၏နောက်ခံကို လုံးဝဂရုမစိုက်ခြင်းပင်ဖြစ်သည်။
သူ၏အကြည့်သည် ထိုက်ကန်းကျီကိုကြည့်ကာ စိတ်မဝင်စားစွာပြောလိုက်သည်။
“ခင်ဗျားမှာ ကျွန်တော်လိုအပ်တဲ့အရာမရှိမှတော့၊ ဘာလို့ကျွန်တော်နဲ့စကားလာပြောနေသေးလဲ?
ကျွန်တော့်ကိုခင်ဗျားပိုင်လို့လား?”
ထိုစကားသည် လူတိုင်း၏အမူအရာကိုအေးခဲသွားစေသည်။
သိသာစွာပင် မည်သူမှ ထိုအရပ်ရှည်သောသူထံမှ ထို့ကဲ့သို့တုံ့ပြန်မှုကို မမျှော်လင့်ထားကြပါ။
သိရမည်မှာ သူ၏ရှေ့မှလူသည် ချင်ခုန်းခန်းမ၏ သူတော်စင်သားတော်ဖြစ်သည်။ နှစ်သောင်းချီအကြာတွင် မသေမျိုးဖြစ်နိုင်ချေအရှိဆုံးသူ ထိုက်ကန်းကျီဟုထင်ရှားသောသူ ဖြစ်ပေသည်။
သူ့အားပွင့်လင်းစွာလေးစားမှုမရှိခြင်းသည် ဒေါသထွက်အောင်လုပ်နေခြင်းပင်ဖြစ်သည်။
တကယ်ပင်၊ ထိုက်ကန်းကျီ၏မျက်လုံးသည်လည်း အနည်းငယ်ကျဉ်းမြောင်းသွားသည်။
သူသည် ကျန်းချန်ရွှမ်ဘက်သို့ကြည့်ကာတောင်းဆိုလိုက်သည်။
“တာအိုရောင်းရင်း၊ ကျွန်တော် ခင်ဗျားရဲ့ခြောက်သွေ့နေမြက်ကို ဝယ်ချင်တယ်။ ဈေးပြောလိုက်ပါ။”
ထိုပြောင်းလဲမှုသည် တက်ရောက်သူများကိုတုန်လှုပ်သွားစေကာ ထိုက်ကန်းကျီသည် ထိုအခြေအနေကို ကျန်းချန်ရွှမ်၏ခြောက်သွေ့နေမြက်ကို ယူကာ အရပ်ရှည်သောသူကို ဘေးဖယ်လိုက်ခြင်းဖြစ်မည်လားဟုသိချင်နေကြသည်။
တကယ်ပင် ထိုလှုပ်ရှားမှုသည် အရပ်ရှည်သောသူ၏အမူအရာကို မဲမှောင်သွားစေခဲ့သည်။
ရှင်းလင်းစွာပင် သူသည် ကျန်းချန်ရွှမ်သည် ထိုက်ကန်းကျီ၏ဖိအားအောက်တွင် ထိုပစ္စည်းကိုရောင်းချလိုက်မည်ကို စိတ်လှုပ်ရှားနေခဲ့သည်။
ထိုအချိန်တွင်၊ သူသည် တကယ်ပင် ခက်ခဲသောအခြေအနေသို့ ရောက်သွားလိမ့်မည်။
သို့ရာတွင် လူအုပ်သည်က ကြိုတင်မမျှော်လင့်ထားမိသည်မှာ ကျန်းချန်ရွှမ်က ထိုက်ကန်းကျီ၏တောင်းဆိုချက်ကိုကြားလျှင် ခေါင်းခါလိုက်လေသည်။
“ကျွန်တော်တောင်းပန်ပါတယ်။ ဒါမဲ့ ကျွန်တော်က ကျွန်တော်လိုအပ်တဲ့အရာအတွက် ဒီကတာအိုရောင်းရင်းနဲ့ လဲလှယ်ဖို့သဘောတူပြီးပြီဖြစ်တာကြောင့် ခြောက်သွေ့နေမြက်ကို ခင်ဗျားကိုမရောင်းနိုင်ပါဘူး။”
“ဘာ?”
ချက်ခြင်းပင်၊ ရှိနေသောလူတိုင်း၏အမူအရာများသည် ရုတ်တရက် ရှုပ်ထွေးသွားကြသည်။
သူတို့သည် အရပ်ရှည်သောသူနှင့် ကျန်းချန်ရွှမ်တို့သည် သူ၏တောင်းဆိုမှုကိုငြင်းပယ်လိမ့်မည်ဟု မထင်ထားကြပေ။
အခြားတစ်မျိုးပြောရလျှင်၊ နှစ်ဦးသားသည် ထိုက်ကန်းကျီကိုမျက်နှာသာမပေးကြခြင်းဖြစ်သည်။
ချင်ခုန်းခန်းမ၏သူတော်စင်သားတော် ထိုက်ကန်းကျီသည် ၎င်းကိုသည်းခံနိုင်ပါသလား?
ချက်ခြင်းပင် ထိုက်ကန်းကျီ၏အမူအရာသည်မဲမှောင်သွားသည်။
သူသည် အရပ်ရှည်သောသူကိုကြည့်ကာ ကျန်းချန်ရွှမ်အားပြန်ကြည့်လိုက်သည်။ ရုတ်တရက် သူသည် ခေါင်းညိတ်လိုက်သည်။
“အရမ်းကောင်းတယ်။ မင်းတို့အရမ်းကောင်းပါတယ်။”
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် အရပ်ရှည်သောသူသည် သူ့အားလစ်လျူရှုထားကြသည်။
သူတို့၏လဲလှယ်မှုသည်မကြာခင်ပင် ပြီးဆုံးသွားသည်။
ထိုအချိန်တွင် အရပ်ရှည်သောသူသည် ကျန်းချန်ရွှမ်အား အသံပို့ဆောင်လာခဲ့သည်။
“ခင်ဗျားက ကျန်းချန်ရွှမ်၊ တာအိုရောင်းရင်းကျန်း ဟုတ်တယ်မဟုတ်လား?
ကျွန်တော်က ဝမ်ရှန်းဂိုဏ်းက ကောင်းပိုင်ယွဲ့ပါ။ ဒီပွဲပြီးရင် ကျွန်တော် ခင်ဗျားနဲ့ ခင်ဗျားဇနီးတို့နဲ့အတူ ထိုင်လို့ရမလား သိချင်ပါတယ်။”
“ဟမ်? ဝမ်ရှန်းဂိုဏ်းက ကောင်းပိုင်ယွဲ့လား?”
ထိုနာမည်ကိုကြားလျင် ကျန်းချန်ရွှမ်၏နှလုံးခုန်မြန်သွားသည်။
သူသည် ဝမ်ရှန်းဂိုဏ်းသည် ရှည်လျားသည့်သမိုင်းကြောင်းရှိသည့် အထူးဂိုဏ်းတစ်ခုဖြစ်ကာ သူတို့၏ဟောက်ရန်ဂိုဏ်းကဲ့သို့ဖြစ်ကြောင်း သိသည်။
ထို့အပြင် ဝမ်ရှန်းဂိုဏ်းအားပို၍ ရှိန်လောက်စရာဖြစ်စေသည်မှာ မဟာယနတာအိုအရှင်ရှိခြင်းပင် ဖြစ်သည်။
ချက်ခြင်းပင် သူသည် ကောင်းပိုင်ယွဲ့ကို ပြန်လည်ဆက်သွယ်လိုက်သည်။
“ညီအစ်ကိုကောင်းက ဖိတ်ခေါ်မှတော့ ကျွန်တော်နဲ့ကျွန်တော့်ဇနီးက ဒီပွဲပြီးရင် ခင်ဗျားနဲ့အတူ လာထိုင်ပါ့မယ်။”
***