← Chapters

အစီအရင်ကိုချိုးဖောက်ကာ ဂူဗိမာန်ထဲသို့ဝင်ခြင်း

Vol. 43 Ch. 814

အစီအရင်ကိုချိုးဖောက်ကာ ဂူဗိမာန်ထဲသို့ဝင်ခြင်း

Vol. 43 Ch. 814

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အပေါ် ယွဲ့ချန်ကျွင်း၏ အပြုအမူက ဖော်ရွေပါသည်။

သူမ၏စကားများသည် ယဉ်ကျေးကာ သူမ၏ရာထူးဖြစ်သည့် မိုးကြိုးချိုင့်ဝှမ်း၏ အကြီးဆုံးစီနီယာအစ်မ ဆိုသည့် မာနကို မတွေ့ရချေ။

သဘာဝကျစွာပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တူညီသော ယှဉ်ကျေးမှုဖြင့် ပြန်ဖြေလိုက်ကြသည်။

စကားအနည်းငယ်ပြောကြပြီးနောက်၊ နတ်ဘုရားအရှင်နှင်းဓားသည် အခြားအခန်းထဲမှ ထွက်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုမြင်လျှင်သူသည်လည်း ပြုံးကာခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့လေးဦးသည် ရှေးဟောင်းဂူထဲမှသူတို့၏ ခန့်မှန်းချက်များနှင့် ရရှိလာမည့်အကျိုးအမြတ်များအကြောင်းကို အသေးစိတ်ပြောဆိုကြလေသည်။

သူတို့သည် ဂိုဏ်းတူမိတ်ဆွေများနှင့် မဟာမိတ်များဖြစ်ကြသော်လည်း သူတို့သည်ထိုကိစ္စကို ရှင်းလင်းအောင်လုပ်ထားခြင်းက ဖြစ်နိုင်ချေရှိသည့်အရာများအတွက် အကောင်းဆုံးဖြစ်ပါသည်။

နတ်ဘုရားအရှင်နှင်းဓားသည် အချိန်ကိုစစ်ဆေးကာ ထိုအုပ်စုကိုပြောလိုက်သည်။

“အချိန်ရောက်ပြီ။ ကန့်ကွက်စရာမရှိဘူးဆိုရင် ထွက်ခွာကြရအောင်။”

ထို့ကြောင့်၊ ကျန်းချန်ရွမ်၊ ရှန်းရူယန် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့က ရှေးဟောင်းဂူ ရှိရာနေရာသို့ ပျံသန်းသွားလိုက်ကြသည်။

.........

လဝက်အကြာတွင်။

သူတို့လေးဦးသည် ကျွန်းပေါ်သို့ရောက်သွားခဲ့သည်။

ထိုအချိန်တွင်။

လူအချို့က ကျွန်းပေါ်တွင် စုဝေးနေကြပြီဖြစ်သည်။

ကျန်းချန်ရွမ်သည် ထိုရှိနေသည့်ကျင့်ကြံသူများ၏ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်ကြောင်း သိရှိလိုက်ရပြီး အနည်းဆုံးမှာ ကောင်းကင်အစောပိုင်းအဆင့်ဖြစ်ပေသည်။

သူတို့ထဲတွင် အသန်မာဆုံးမှာ ယွဲ့ချန်ကျွင်းနှင့် နတ်ဘုရားအရှင်နှင်းဓားတို့ကဲ့သို့ ထိုးထွင်းသိမြင်ခြင်းအဆင့်များ ဖြစ်ကြသည်။

“ဂျူနီယာမောင်လေးကျန်း၊ ဂျူနီယာညီမရှန်း၊ အစ်မယွဲ့ သူတို့က ကျွန်မလိုဒီကိုအစောပိုင်းက ရောက်ဖူးတဲ့လူတွေပါ။

သူတို့ထဲမှာ အဲ့ဒီထိုးထွင်းသိမြင်ခြင်းအဆင့် နှစ်ယောက်က နတ်ဘုရားအရိပ်ဂိတ်ရဲ့ နတ်ဘုရားအရှင်အရိပ်နဲ့ ပေါင်းစည်းခြင်းချိုင့်ဝှမ်းက နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာတို့ပဲ။”

နတ်ဘုရားအရှင်နှင်းဓားက မိတ်ဆက်ပေးလေသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူတို့သည် ဂူဗိမာန်အား စတင်တွေ့ရှိသူများဖြစ်ကြောင်း နားလည်သွားကြသည်။

သူတို့၏ဘေးတွင်၊ နတ်ဘုရားအရှင်နှင်းဓား၏ပြောစကားအရ၊ ထိုနေရာတွင် ထိုးထွင်းသိမြင်ခြင်းအဆင့် နှစ်ဦးထပ်မံရှိသေးသည်။

တစ္ဆေခန်းမမှ နတ်ဘုရားအရှင် ဝိညာဉ်သော့နှင့် ဗလာဂိုဏ်းမှ နတ်ဘုရားအရှင် ဗလာနယ်ဓားတို့ ဖြစ်ကြသည်။

တစ်ဦးမှာ နတ်ဆိုးဂိုဏ်းမှဖြစ်ပြီး ပေါင်းစည်းခြင်းဂိုဏ်းမှ ကျောက်စိမ်းမျက်နှာနှင့် မဟာမိတ်ဖြစ်ကာ မှန်ကန်ခြင်းနှင့် နတ်ဆိုးလမ်းများကြား လမ်းတစ်စဖြစ်ပေသည်။

၎င်းသည် အဝေးမှ အလင်းတန်းများစွာကို သူတို့ သတိမပြုမိခင်အချိန်ထိဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များသည် လျှင်မြန်စွာဖြင့် အုပ်စုနှစ်ခုမှ လူများကို အမှတ်ရသွားခဲ့သည်။

အုပ်စုတစ်ခုမှာ တစ္ဆေခန်းမ၏ နတ်ဘုရားအရှင််ဝိညာဉ်သော့နှင့် သူ့အဖော်များဖြစ်ပြီး အခြားသူများမှာ ဗလာဂိုဏ်းမှ နတ်ဘုရားအရှင် ဗလာနယ်ဓားနှင့် သူ၏နောက်လိုက်များဖြစ်သည်။

ထိုအုပ်စုနှစ်ခုက ဆင်းလာသည်နှင့် နတ်ဘုရားအရိပ်ဂိတ်မှ နတ်ဘုရားအရှင်အရိပ်သည် စတင်၍ စကားပြောလိုက်သည်။

“တာအိုရောင်းရင်းကျင့်ကြံသူတို့ ကျွန်တော်တို့ရဲ့ ကနဦးသဘောတူညီချက်အရ ကျွန်တော်တို့ တစ်ဦးချင်ဆီ နေရာယူပြီး ရှေးဟောင်းဂူရဲ့ အတားအဆီးအစီအရင်ကို တိုက်ခိုက်မှုစတင်လိုက် ကြအောင်။

အစီအရင်ပျောက်သွားတာနဲ့ ကျွန်တော်တို့ဝင်ကြပြီး ဘာပစ္စည်းကိုပဲရှာတွေ့မလဲဆိုတာ ကိုယ်ပိုင်ကံကြမ္မာနဲ့ပဲဆိုင်ပါတယ်။

ဒီအစီအစဉ်ကိုကန့်ကွက်မဲ့သူများရှိလား?”

နတ်ဘုရားအရှင် အရိပ်၏စကားကိုကြားလျှင် နတ်ဘုရားအရှင်နှင်းဓားအပါအဝင် သူတို့၏ ခေါင်းများကိုခါပြီး ကန့်ကွက်ရန်မရှိကြောင်း ပြလိုက်သည်။

နတ်ဘုရားအရှင်နှင်းဓားသည် ကျန်းချန်ရွှမ်နှင့် အခြားသူများအား အစီအရင်၏အားနည်းသော နေရာတွင် နေခိုင်းလိုက်သည်။

“စီနီယာအစ်မယွဲ့၊ ဂျူနီယာညီမရှန်း၊ ဂျူနီယာမောင်လေးကျန်း၊ ဒီအစီအရင်မှာ အားနည်းတဲ့နေရာ တစ်ခုရှိတယ်။

သူ့ရဲ့အဆင့်မြင့်မှုကြောင့်၊ အင်အားသုံးချိုးဖျက်ဖို့က ကျွန်မတို့အားတွေအကုန်ပေါင်းပြီး ဦးတည်ချက် ငါးခုကနေ တိုက်ခိုက်မှဖြစ်လိမ့်မယ်။

အင်အားတွေစုပေါင်ပြီးအင်အားနည်းတဲ့နေရာကိုပစ်မှတ်ထားကြတာပေါ့။”

လူတိုင်းသည် နတ်ဘုရားအရှင်နှင်းဓား၏အစီအစဉ်ကိုသဘောတူလိုက်ကြပြီး ငါးဦးလုံးအင်အားများ ပေါင်းလိုက်သည်။

အခြားအုပ်စုလေးခုနှင့် တိုက်ခိုက်မည့် အချိန်ကိုညှိလိုက်ကြပြီးနောက် သူတို့သည် စတင်၍ အစီအရင်၏အားနည်းသည့်နေရာသို့ တိုက်ခိုက်လိုက်ကြတော့သည်။

ဝုန်း….ဝုန်း….ဝုန်း…

ချက်ခြင်းပင် ကြောက်မက်ဖွယ်ကောင်းသည့် လိုင်းက ပေါက်ထွက်လာခဲ့သည်။

ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများစွာ ပူးပေါင်းတိုက်ခိုက်မှုက အလွန်ပင် စွမ်းအားကြီးပါသည်။

ထိုအချိန်များအတွင်း ကျွန်းတစ်ခုလုံးသည် ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ၎င်းသည် အချိန်မရွေးပြောင်းပြန်လန်သွားတော့မလိုဖြစ်ပေါ်လာသည်။

သို့ရာတွင် အချိန်များကုန်လွန်သွားသည်နှင့်၊ ပြင်းထန်သောတုန်ခါခြင်းသည်မြင့်မားလာသည်နှင့် ပတ်ဝန်းကျင်တွင် ဆူနာမီကဲ့သို့ဖြစ်လာကာ ကျွန်းသည် မုန်တိုင်းအလယ်တွင် ကြံကြံခံနေသော သင်္ဘောကဲ့သို့ဖြစ်နေပြီး အရုံးပေးရန် ငြင်းဆန်နေပေသည်။

နောက်ဆုံးတွင် ရက်ပေါင်းများစွာကြာပြီးနောက်၊ သူတို့တိုက်ခိုက်နေသော အားနည်းသည့်နေရာ သည် ပွင့်ထွက်လာခဲ့ပြီး မရေတွက်နိုင်သည့် အလင်းမှုန်များအဖြစ်ပပျောက်သွားခဲ့သည်။

..........

တစ်ချိန်တည်းမှာပင်၊

အခြားအားနည်းသောနေရာလေးခုမှာလည်း ကျယ်လောင်စွာပေါက်ကွဲသွားပြီး လူတိုင်း၏ မျက်စီရှေ့တွင် ဂူဆီသို့ ကြီးမားသော ဝင်ပေါက်ဖြစ်သွားခဲ့ကာ အားလုံးက အာရုံစိုက် သွားစေခဲ့သည်။

ထိုကြီးမားသည့်ဝင်ပေါက်ကြီးကိုကြည့်ကာ မည်သူမှ ပထမဆုံးဝင်ရန်မလောနေကြပဲ ထိုဝင်ပေါက်တွင် သေစေနိုင်သည့်အန္တရာယ်ဖြစ်နိုင်ချေကို သတိထားနေကြသည်။ ၎င်းသည် ထိုအုပ်စုထဲမှရယ်သံတစ်ခုသည် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။

“ကြည့်ရတာ ဘယ်သူမှ အရင်ဝင်ချင်တဲ့ပုံမပေါ်ဘူး။ ဒီလိုဆို ကျွန်တော့ကို အရင်ဝင်ခွင့်ပြုပါ။”

ပြောဆိုသူသည် တစ္ဆေခန်းမမှ နတ်ဘုရားအရှင်ဝိညာဉ်သော့ဖြစ်သည်။

သူသည် လူအုပ်ကိုပြန်လည့်ကြည့်လိုက်ပြီးသူ၏အုပ်စုကိုဦးဆောင်ကာ ဝင်ပေါက်နားသို့ သွားလိုက်လေသည်။

ထိုအရာကိုမြင်လျှင် အခြားသူများ၏အမူအရာသည် မတတ်နိုင်ဘဲ အနည်းငယ် တင်းမာသွားကြသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့အား သတင်းပို့လိုက်လေသည်။

“စီနီယာအစ်မနှင်းဓား၊ စီနီယာအစ်မယွဲ့၊ ဝင်ပေါက်ရဲ့နောက်မှာ အန္တရာယ်မရှိဘူးဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်တို့ဝင်လို့ရပါတယ်။”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့က အတော်လေးအံ့ဩသွားကြသည်။

သို့ရာတွင် သူတို့သည် ရှန်းရူယန်မှ သူမ၏ယောကျ်ားသည် တွက်ချက်ခြင်း၌ကျွမ်းကျင်ကြောင်း ပြောဖူးသည်ကိုအမှတ်ရကာ၊ သူတို့သည် သူ၏ဆုံးဖြတ်ချက်ကိုမှီ၍ရကြောင်း ဆုံးဖြတ်လိုက်လေသည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ခေါင်းညိတ်လိုက်ပြီး အချိန်ဆွဲခြင်းမရှိဘဲ ဝင်ပေါက်ဆီသို့ပျံသွားခဲ့သည်။

ထိုလှုပ်ရှားမှုသည် ကျန်ရှိနေသည့်အုပ်စုသုံးခုကိုတုံ့ပြန်လာစေကာ၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ထိုသို့ရဲတင်းမည်ဟု မမျှော်လင့်ထားကြပေ။

ဝင်ပေါက်တွင် မည်သည့်အရာများရှိမှန်းနားမလည်သေးဘဲ၊ သူတို့သည် ဂူပေါက်ကို တစ္ဆေခန်းမမှလူများကဲ့သို့ “ရူးမိုက်စွာ” မဝင်နိုင်ပါ။

ကျီ....

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်တို့သည် အတားအဆီးပုံစံတစ်ခုကို ကျော်ဖြတ် လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ချက်ခြင်းပင် သူတို့သည် အလွန်သန့်စင်ကာ သိပ်သည်းသောအရောင်အဝါဖြင့် လွမ်းခြုံခြင်း ခံလိုက်ရသည်။

***

All Chapters