အစီအရင်ကိုဖျက်ခြင်း၊ ထိုးဖောက်ခြင်း၊ ဆုလဒ်
Vol. 43 Ch. 816
နတ်ဘုရားအရှင်နှင်းဓားသည် မတတ်နိုင်ဘဲ သူမ၏စိုးရိမ်စိတ်ကို ရှန်းရူယန်အားဖော်ပြလိုက်သည်။ “ဂျူနီယာညီမရှန်း၊ ဂျူနီယာမောင်လေးကျန်းက ဒီလိုလုပ်တာ ပြဿနာမရှိနိုင်ဘူးလား?”
ယွဲ့ချန်ကျွင်းသည်လည်း စိုးရိမ်သည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။
သို့ရာတွင်၊ ရှန်းရူယန်သည် သူမ၏ခေါင်းခါလိုက်သည်။
“စိတ်မပူပါနဲ့။ အကယ်၍ ကျွန်မယောကျာ်းက ဒီလိုလုပ်ဖို့ စဉ်းစားတာ၊ သူ့ကိုယ်သူ သေချာပြီသားဖြစ်လို့ပါ။”
သူတို့သည် စကားပြောနေချိန်၌ ကျန်းချန်ရွှမ်သည် ကုသိုလ်ချီများဖြင့်ရစ်ပတ်ထားသည့် လက်ချောင်းတွင် သုံးရာမီတာအဝေးရှိ အဖြူအမဲဓားအလင်းနှင့် ရစ်ပတ်နေသည့် ဆက်သွယ်ထားသောအရာကို ဆက်သွယ်လိုက်မိလေသည်။
ခီ…ခီ..ခီ…ခီ
ချက်ခြင်းပင်၊ ဖျက်စီးသည့် အသံတစ်ခုက ကျွင်းချန်ရွှမ်နားရောက်လာခဲ့လေသည်။
သူ၏လက်ချောင်းသည် ချက်ခြင်းပင် ဖုန်မှုန့်အဖြစ်ပပျောက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းကျင့်ကြံမှုဖြင့်ပင် သူသည် ထိုအရာကိုသည်းမခံနိုင်ပေ၊ ထို့အပြင်၊ ကြောက်လန့်ဖွယ်ကောင်းသည့် ဖြတ်တောက်ခြင်းအင်အားကို သူ၏လက်ချောင်းမှ သူခန္ဓာကိုယ်တစ်ခုလုံးကို သတ်ဖြတ်ခြင်းအစီအရင်ဖြတ်တောက်ခြင်းစွမ်းအားထဲသို့ ရောက်စေရန် ကြိုးစားနေပုံရသည်။
ကံကောင်းစွာပင်၊ ကျန်းချန်ရွှမ်က ပြင်ဆင်ထားပြီးဖြစ်ပါသည်။သူသည် ချက်ခြင်းပင် ကုသိုလ်ချီမျှင်ကို အသက်သွင်းလိုက်သည်။
ချက်ခြင်းပင်သတ်ဖြတ်ခြင်းအစီအရင်က သူအားခြေရာခံကာ ရှင်းလင်းရန်ကြိုးစားနေသော သူ၏လက်ချောင်းသည် ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်အား ထိတ်လန့်သွားစေသည်။
ထိုအစီအရင်၏စွမ်းအားသည် ကြောက်မက်စရာကောင်းလှပါသည်။
သူသည် လျှင်မြန်စွာဖြင့် ထိုအစီအရင်သည် စည်းမျဉ်းတစ်မျိုးမျိုးနှင့် ပါဝင်ပက်သက်ရမည်ဟု သတိပြုမိခဲ့သည်။
ထိုအစီအရင်သည် ထူးခြားသည့်လုပ်နိုင်စွမ်းရှိသည့် စည်းမျဉ်းတစ်ခုခုနှင့်ပေါင်းစပ်ထားပုံရသည်။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကို အသိဉာဏ်ပွင့်ခြင်း အဆောင်၏ စွမ်းအားကိုသုံးကာ စတင်၍ လေ့လာတော့သည်။
သူသည် ရက်ပေါင်းများစွာလေ့လာခဲ့ပြီး နတ်ဘုရားအရှင်နှင်းဓား၊ ယွဲ့ချန်ကျန်းနှင့် ရှန်းရူယန်တို့သည် ထိုအခြေအနေကိုအနီးကပ် စောင့်ကြည့်နေကြသည်။
......
နောက်ဆုံးတွင်။
ရက်ပေါင်းများစွာကြာပြီးနောက် ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်မှ များစွာသုတ်သင်ပြီးပြီ ဖြစ်သည်။
ကျန်းချန်ရွှမ်သည် နောက်ဆုံး၌ အချို့ကိုစလုပ်လိုက်သည်။
သူသည်အမျိုးမျိုးသောပစ္စည်းများကိုထုတ်လာကာ ထိုနေရာတွင် သန့်စင်ခြင်းစတင်လိုက်သည်။
နေ့ဝက်ကြာပြီးနောက်။
ထို့နောက် ကျန်းချန်ရွှမ်၏ရှေ့တွင်အစီအရင်အလံဒါဇင်နှင့်ချီ ပေါ်လာခဲ့သည်။
သူသည် ထိုလံများကို ပတ်ဝန်းကျင်ရှိလေဟာနယ်များထဲတွင် နေရာချလိုက်ပြီး ယခင်က ဗလာဖြစ်နေသောနေရာတွင် ဂယက်များထလာခဲ့လေသည်။
မကြာမီ နတ်ဘုရားအရှင်နှင်းဓား၊ ယွဲ့ချန်ကျွင်းနှင့် ရှန်းရူယန်တို့သည် မီတာရာချီ အကွာတွင် အစီအရင်တစ်ခုပေါ်လာသည်ကို သတိပြုမိသွားသည်။
သူတို့သည် ချက်ခြင်းပင် ထိုအစီအရင်မှ ထွက်လာသည့်အရောင်အဝါသည် ထိုးထွင်းသိမြင်ခြင်း အဆင့်ကိုပင် ချိန်းခြောက်နိုင်သည်ကိုသတိပြုမိလိုက်သည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်၏အစီအရင်အလံလွမ်းမိုးမှုအောက်တွင် ထိုအစီအရင်ဖွဲ့စည်းပုံသည် စတင်၍ ပျောက်ကွယ်လာခဲ့သည်။
“ဘာ?”
နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည်နှစ်ဦးလုံးထိတ်လန့်သွားကြသည်။
ရှင်းလင်းစွာပင်၊ သူတို့သည် ကျန်းချန်ရွှမ်၏ ဆန်းကြယ်သောအစီအရင်သည် ထိုမျှလောက် အစွမ်းထက်လိမ့်မည်ဟု ကြိုတင်မမျှော်လင့်ထားခဲ့ပါ။
ထိုရှိန်လောက်သည့်အစီအရင်ကို ချိုးဖောက်ရန် ရက်အနည်းငယ်ပင်အချိန်ယူခဲ့ရသည်။
သူ၏အဖော် ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏လုပ်ဆောင်မှုကြောင့် အနည်းငယ်အံ့ဩသွားခဲ့သည်။ မည်သူမှသူ့ထပ်ပိုမသိနိုင်သော ကျန်းချန်ရွှမ်၏အစီအရင်ဖွဲ့သည့် အရည်အချင်းသည် အဆင့် ၆၌ ရပ်နေသည်ကို သူသိသည်။
သို့သော် သူ၏ အစီအရင်၌ ဆရာကျမှုက အချိန်တိုအတွင်းတွင်ပင် ချိုးဖောက်နိုင်ခဲ့သည်။
သူပြသခဲ့သောအစီအရင်၏ဆန်းကြယ်မှုအဆင့်ကို အခြေခံ၍ သူသည် အဆင့် ၇ အထွတ်အထိပ် အဆင့်တွင် ရောက်နေနိုင်ပေသည်။
ထိုသို့မဟုတ်လျှင် ထိုအဆင့်နှင့် မဝေးတော့ပေ။
[ဒင်]
တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်၏စိတ်ထဲမှ စနစ်၏သတိပေးသံကို လက်ခံရရှိခဲ့လိုက်သည်။ [ဂုဏ်ယူပါတယ်။ host သင်သည် ဗလာနယ်အစီအရင်ကိုနားလည်ပါတယ်။ သင်သည် ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ချပ်ပြားဝိုင်းနဲ့ စကြဝဠာအစီအရင်ဖျက်စီးခြင်းသော့ကို လက်ခံရရှိပါတယ်။]
ချက်ခြင်းပင်၊ ဗလာနယ်ပြန်သတ်ဖြတ်ခြင်းအစီအရင်ချပ်ပြားဝိုင်းနှင့် စကြဝဠာအစီအရင် ဖျက်စီးခြင်းသော့သည် သူ၏စနစ်နေရာလပ်ထဲသို့ ရောက်ရှိလာခဲ့သည်။
အနောက်တစ်ခုမှ ပြောစရာမလိုပါ သို့သော် အရှေ့တစ်ခုအနေဖြင့် သတ်ဖြတ်ခြင်းအစီအရင် ချပ်ပြားဝိုင်းသည် ယခုပင် အသက်သွင်းနိုင်ကာ အချိန်မရွေးအသုံးပြုနိုင်ပါသည်။
သို့ရာတွင် ထိုချပ်ပြားဝိုင်း၏စွမ်းအားသည် သူယခုပင် လေ့လာခဲ့သည့် ဗလာနယ်သတ်ဖြတ်ခြင်း အစီအရင်ထပ် အနည်းငယ်အားကောင်းပါသည်။
ထိုးထွင်းသိမြင်ခြင်းအဆင့် အင်အားများနှင့် ဆန့်ကျင်နိုင်ကာ သူတို့၏အသက်ကိုချိန်းခြောက်နိုင်ကာ ကျန်းချန်ရွှမ်အတွက် အရေးပါသော ဝှက်ဖဲဖြစ်လာနိုင်ပါသည်။
[ဒင်] စနစ်၏အသိပေးချက်နောက်လိုက်ကာ အခြားတစ်ခုက ထပ်မံ၍ရောက်လာခဲ့သည်။
[ဂုဏ်ယူပါတယ်။ Host သင်သည် အဆင့် ၇ အစီအရင် ဆရာဖြစ်သွားပါပြီ။ သင်သည် လုယူခြင်းအစီအရင်ချပ်ပြားဝိုင်းနှင့် စကြဝဠာအစီအရင်ဖျက်စီးခြင်းသော့ကို ရရှိပါသည်။] မမျှော်လင့်ထားဘဲ စနစ်၏ဆုလဒ်၌ အခြားစကြဝဠာအစီအရင်ဖျက်စီးခြင်းသော့ကိုရရှိခဲ့သည်။
သို့ရာတွင်၊ ၎င်းနှင့် ယှဉ်လျှင် ကျန်းချန်ရွှမ်သည် လုယူခြင်းအစီအရင်ချပ်ပြားဝိုင်းကိုပို၍ စိတ်ဝင်စားနေသည်။
စနစ်၏ဖော်ပြချက်အရ ထိုလုယူခြင်းအစီအရင်ချပ်ပြားဝိုင်းသည် အစီအရင်များကိုလုယူနိုင်သော ချပ်ပြားဝိုင်းဖြစ်ပေသည်။
ဥပမာ ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကိုကြည့်လျှင် အကယ်၍ ကျန်းချန်ရွှမ်သည် ထိုအချိန်က ၎င်းလုယူခြင်းအစီအရင်ရှိခဲ့ပါက သူသည် ထိုဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကို သူကိုယ်တိုင် လုယူနိုင်ပေကာ ထိုချပ်ပြားဝိုင်းထဲထည့်သွားနိုင်ပါသည်။
ထိုအချိန်မှစ၍ သူသည် ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကို ပိုင်ဆိုင်နိုင်ကာ အချိန်မရွေး အသုံးပြုနိုင်သွားမည်ဖြစ်သည်။
တစ်ခါပင် အသုံးပြုခွင့်ရနိုင်မည်ဖြစ်သော်လည်း သူလက်ထဲမှအရေးကြီးဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်လေသည်။
ထို့ပြင်၊ စနစ်အရ လုယူခြင်းအစီအရင်ချပ်ပြားဝိုင်းသည် သုံးကြိမ်အထိအသုံးပြုနိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ လာမည့်နေ့များတွင် အကယ်၍ သူသည် အလွန်ရှိန်လောက်သော သို့မဟုတ် ခြွင်းချက်မရှိမှော်ဝင်အစီအရင်နှင့် ရင်ဆိုင်ခဲ့ရလျှင်၊ သူသည် ထိုအစီအရင်ကို ကိုယ်တိုင် လုယူခြင်းအစီအရင်ကိုသုံးကာ ရယူနိုင်ပေသည်။
သူ၏အစီအရင်တွင် ဆရာကျမှုသည် တကယ်ပင် ထိုအသိဉာဏ်ပွင့်မှုအစီအစဉ်တွင် အလွန်တိုးတက်သွားသည်မှာ မငြင်းနိုင်ပါ။
ထိုတိုးတက်မှုသည် အသိဉာဏ်ပွင့်မှုအဆောင်နှင့် ကုသိုလ်ကြောင့်ဖြစ်သည်။
ယခုမူ ကျန်းချန်ရွှမ်သည် အဖြူအမဲဓားအလင်းများကိုကြည့်လိုက်သည်။
ယခင်က ချဉ်းကပ်ရန်ခက်ဒဲခဲသည့် အစီအရင်အား ယခုမူ သူသည် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိပေသည်။
အချိန်သိပ်မကြာခဲ့ပါ။
ကျန်းချန်ရွှမ်သည် သူယခင်က သန့်စင်ထားသော အလံများကို အထူးစီစဉ်လိုက်လေကာ အဖြူနှင့်အမဲဓားအလင်းသည် ချက်ခြင်းပင် စတင်၍ ပျောက်ပြယ်သွားခဲ့သည်။
အချိန်သိပ်မကြာမီတွင်ပင်၊ အဖြူနှင့် အမဲဓားအလင်းသည်ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာကိုမြင်လျှင် နတ်ဘုရားအရှင် နှင်းဓား၊ ယွဲ့ချန်ကျွင်းနှင့် ရှန်းရူယန်တို့သည် မနေနိုင်ဘဲ ဝမ်းသာအံ့ဩသွားကြသည်။
သူတို့သည် ကျန်းချန်ရွှမ်ဆီသို့ချဉ်းကပ်လာကြသည်။
နတ်ဘုရားအရှင် နှင်းဓားသည် အပြုံးဖြင့်ပြောလိုက်သည်။ “ရှင့်ရဲ့အစီအရင်အပေါ်ကျွမ်းကျင်မှုက အရမ်းနက်နဲလိမ့်မယ်လို့မထင်ထားဘူး။ ဂျူနီယာမောင်လေးကျန်း။ ကြည့်ရတာရှင်နဲ့ ဂျူနီယာညီမရှန်းကိုဖိတ်ခေါ်ခဲ့တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပုံရတယ်။”
ကျန်းချန်ရွှမ်သည် နှိမ့်ချစွာဖြင့် အပြုံးဖြင့်ပြန်တုံ့ပြန်လိုက်သည်။
“စီနီယာအစ်မ နှင်းဓား၊ ကျွန်တော့်ကိုမြောက်နေပါပြီ။ ကျွန်တော့ရဲ့အစီအရင်ကိုဖျက်လိုက်နိုင်တဲ့စွမ်းရည်က ကံကောင်းမှုလည်းနည်းနည်းလိုပါတယ်။”
“ကြည့်ရတာအရ ရှင်အစီအရင်ကိုဖျက်နိုင်ခဲ့တာက အစီအရင်ပညာမှာ ရှင့်ရဲ့ကျွမ်းကျင်မှုကိုပြနေတာပါပဲ။” ယွဲ့ချန်ကျွင်းက အပြုံးဖြင့်ထပ်ဖြည့်ပြောလိုက်သည်။
ပြီးနောက် ထိုအုပ်စုသည်ရှေ့သို့ဆက်သွားခဲ့လေသည်။
အစီအရင်ကိုဖြတ်သန်းပြီးနောက် ကျန်းချန်ရွှမ်နှင့် အဖွဲ့များသည် မဟာနန်းတော်သို့ရောက်ရန် သိပ်မကြာခဲ့ပေ။
***