ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန်၊ ကျန်းအန်းရန် တက်ရောက်လာခြင်း
Vol. 43 Ch. 805
“ဒါက…?”
သူသည် အရောင်ငါးရောင်ဖြင့် တောက်ပနေသော ရေကန်ထဲ မဝင်ခင် လေထဲတွင် ရပ်နေခဲ့သည်။
ထိုငါးရောင်ခြယ်ရေမှ ကျန်းချန်ရွှမ်သည် သူ၏ဓမ္မစွမ်းအားအနက်ထဲမှ သန်မာသောအရာကို ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်နှင့် သူလေ့ကျင့်ထားသည့် နည်းစနစ်ဖြစ်သည့် အဆုံးမဲ့ဘီး နှစ်ခုစလုံးသည် တစ်ခုခုမှဆွဲဆောင်ခြင်းကိုခံနေရသည်။
“ဒါက ဒဏ္ဍာရီလာ ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန် ဖြစ်နိုင်လား?”
ကျန်းချန်ရွှမ်သည် သူ၏ဆရာ ချင်ရှန်းဝူပြောဖူးသည်ကိုမှတ်မိသွားခဲ့သည်။
ထိုရေကန်သည် လောကသစ်ကိုဖန်တီးချိန် သို့ နေရာလပ်အသစ်မွေးဖွားလာချိန်တွင် ပေါ်လာတတ်သည်ဟု ဆိုသည်။
၎င်းသည် ဒြပ်စင်ငါးပါးကိုကျင့်ကြံခြင်းအတွက် အလွန်ရှားပါးသည့်ရတနာဖြစ်ကာ ၎င်း၏ ရှားပါးမှုနှင့် စွမ်းအားမှာ နှိုင်းယှဉ်၍မရပါ။
ထိုရေကန်အထဲတွင် တစ်ရက်ကျင့်ကြံခြင်းက အပြင်လောကတွင် နှစ်တစ်ရာကျင့်ကြံခြင်းနှင့် ယှဉ်နိုင်ပါသည်။
အရေးအကြီးဆုံးအချက်မှာ ထိုရေကန်ထဲတွင် ပါဝင်သောဒြပ်စင်စည်းမျဉ်းများသည် ထိုစည်းမျဉ်းများကို နားလည်နိုင်ရန်ကူညီပေးကာ မရေတွက်နိုင်သော နှစ်ပေါင်းများစွာ အားထုတ်ရခြင်းမှ သက်သာစေပါသည်။
“ငါဘယ်တုန်းကမှ ဒီလိုရတနာမျိုးကိုတွေ့ရလိမ့်မယ်လို့မထင်ထားဘူး။”
ကျန်းချန်ရွှမ်သည် စိတ်လှုပ်ရှားလာခဲ့သည်။
သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးကာ မည်သူမှမရှိနေခြင်းမှာ သေချာမှ၊ သူသည် ဆန်းကြယ်ဝိညာဉ်ရေကန်သို့ ဦးတည်ကာ ပျံသန်းသွားခဲ့သည်။
ဝုန်း…ဝုန်း…ဝုန်း…
မမျှော်လင့်ထားဘဲ သူသည် ရေကန်သို့ချဉ်းကပ်သွားသည်နှင့်၊ မှော်ဆန်သည့်အလင်းတန်းသည် သူ့ထံသို့ ပြင်းထန်စွာထွက်လာခဲ့ပြီး သူ့အားလန့်သွားစေသည်။
“ဘာဖြစ်သွားတာလဲ?”
သူသည် ဆန်ကြယ်ဝိညာဉ်ငါးမျိုးရေကန်သည် သူ့ထံသို့ချဉ်းကပ်လာသောသူအား တိုက်ခိုက်တတ်သည်ဟု သူတစ်ခါမှ မကြားဖူးခဲ့ပါ။
တုံ့ပြန်ရန်အတွက် သူသည် သူ၏ဒြပ်စင်ငါးပါးရောင်ခြည်စက်ဝန်းကို ဆင့်ခေါ်လိုက်သည်။
ဒြပ်စင်ငါးပါးတာအိုအလင်းတန်းများသည် ဒြပ်စင်ငါးပါးရောင်ခြည်စက်ဝန်းဖြင့် ဝန်းရံခံလိုက်ရပြီး ငါးရောင်ခြယ်အလင်းဖြင့် တောက်ပနေခဲ့သည်။
ဆန်းကြယ်အလင်းများတိုက်ခိုက်ခြင်းသည် သူ၏ရောင်ခြည်စက်ဝန်းနှင့် ထိမိကာ အတွင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရပြီး ချက်ခြင်းပင်၊ ၎င်း၏စွမ်းအားများနှင့် ခုခံမှုများကို သုံးဆယ်ရာခိုင်နှုန်း တိုးမြင့်ပေးလိုက်လေသည်။
“အဲ့အလင်းတန်းတွေက ငါ့နတ်ဘုရားစွမ်းအားကိုတိုးတက်စေဖို့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာလား?”
အလင်းတန်းများက ပို၍ ထွက်လာခဲ့သည်နှင့်၊ ကျန်းချန်ရွှမ်သည် သူ၏ဒြပ်စင်ငါးပါး ရောင်ခြည်စက်ဝန်းကို ထပ်မံ၍ ဆင့်ခေါ်လိုက်သည်။
ထိုအချိန်တွင် အလင်းတန်းသည် ရောင်ခြည်စက်ဝန်း၏ခုခံခြင်းကို လျစ်လျူရှုကာ တိုက်ရိုက်ပင်ဝင်တိုက်လိုက်သည်။
ဝုန်း….
ချက်ခြင်းပင်၊ ဒြပ်စင်ငါးပါး၏စည်းမျဉ်းက သူ၏ခန္ဓာကိုယ်ထဲတွင်ပေါက်ထွက်လာခဲ့သည်။
ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် စွမ်းအားစည်းမျဉ်းများအဖြစ် အမှုန်ဖြစ်သွားခဲ့ကာ တစ်ခုချင်း ဆီတိုင်းသည် ထူးခြားသည့်အရောင် ငါးမျိုးကို ပြသနေကြသည်။
......
အချိန်များစွာကြာပြီးနောက်တွင်၊
သူ၏ခန္ဓာကိုယ်သည် ပြန်လည်၍ ဖွဲ့စည်းခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏မျက်လုံးများသည် ငါးရောင်ခြယ်ဆန်းကြယ်အလင်းဖြင့် တောက်ပနေလေသည်။
သူ့၏ခန္ဓာကိုယ်အတွင်းတွင် စည်းမျဉ်းအရောင်အဝါများထွက်ပေါ်လာခဲ့သည်။
ချက်ခြင်းပင် ကျန်းချန်ရွှမ်သည် သူ၏ဒြပ်စင်ငါးပါးကိုနားလည်ခြင်း၏တိုးတက်မှုသည် များစွာသော အဆင့်များအဖြစ် တိုးတက်သွားခဲ့ကြောင်း သိသာစွာခံစားခဲ့ရပါသည်။
ကျီ…
တစ်ချိန်တည်းမှာပင်။
ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန်မှ ဆန်းကြယ်အလင်းတန်းသည် ထပ်မံ၍ သူ့ထံသို့ ပစ်လွတ်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ၎င်း၏နောက်မှဆန်းကြယ်မှုကိုဖမ်းဆုပ်မိပုံပေါ်ပါသည်။
သူသည်လက်စည်းကို ဖွဲ့စည်းခဲ့ပြီး အမျိုးမျိုးသောဒြပ်စင်ငါးပါးနတ်ဘုရားစွမ်းအားများသည် သူ့ထံမှ ထွက်လာခဲ့သည်။
ညိုးနွမ်းခြင်း၊ အလင်းဖြတ်တောက်ခြင်း၊ ကောင်းကင်မြုပ်နှံခြင်း၊ ဒေါသမီးတောက်၊ နှစ်ကာလများနှင့် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်းတို့ဖြစ်သည်။
သူသည် ဒြပ်စင်ငါးပါးနတ်ဘုရားစွမ်းအားကိုသုံးသည့်အချိန်တိုင်း၊ တဖြည်းဖြည်းနှင့် ဒြပ်စင်ငါးပါး၏စွမ်းအားသည် သာမန်မျက်လုံးဖြင့်မြင်နိင်သောအရှိန်ဖြင့် တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် ထိုအလင်းတန်းစည်းမျဉ်း၏စစ်မှန်သောအနှစ်သာရကို နားလည်သွားခဲ့သည်။
သာမန်အတွေးဖြင့်၊ မရေတွက်နိုင်သောသိပ်သည်းခြင်း ထက်ရှသောအရောင်အဝါများသည် သူ၏ပတ်ပတ်လည်သို့ ဝန်းရံသွားသည်။
နေရာလပ်သည် ချက်ခြင်းပင် ဖြတ်တောက်ခြင်းအသံများဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါက သူရပ်နေသောနေရာမှ ဦးတည်ချက်မျိုးစုံသို့ ပျံနှံ့သွားသည်။
တစ်ပြိုင်နက်တည်းတွင် ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
“ဟမ်?”
အချိန်များစွာကြာပြီနောက်၊
ကျန်းချန်ရွှမ်သည် စည်းမျဉ်း၏စစ်မှန်သောအနှစ်သာရကိုနားလည်သွားခဲ့ကာ ထွက်လာခဲ့သည်။
သူ၏ရှေ့မှ လွတ်နေသည့် နေရာလပ်ကိုကြည့်ကာ သူ့၏စိတ်ထဲတွင် အသိများစွာဝင်လာခဲ့သည်။
ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန်ဟုခေါ်သည့်အရာမှ ဝင်ရောက်ရန်ရည်ရွယ်ထားခြင်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကို ကွဲပြားသည့်ပုံစံများဖြင့် ချဉ်းကပ်လာခဲ့ပေသည်။
၎င်းသည် ဆန်းကြယ်ဝိညာဉ်ငါးမျိုးရေကန်၏ အံ့ဩဖွယ်ရာတစ်ခုပင်ဖြစ်သည်။
ထိုအချိန်တွင် အချိန်မဆွဲတော့ဘဲ ကျန်းချန်ရွှမ်သည် ဦးတည်ချက်အသစ်ကိုရွေးချယ်ကာ သဘာဝလျို့ဝှက်နယ်မြေအတွင်းရှိအခွင့်အလမ်းများကိုရှာဖွေရန် ဆက်လက် လုပ်ဆောင်လိုက်သည်။
...........
ကျန်းချန်ရွှမ်သည် သူ၏အခွင့်အလမ်းများအား သဘာဝလျို့ဝှက်နယ်မြေအတွင်းတွင် ရှာဖွေနေစဉ်တွင် အဝေးတစ်နေရာအနှစ်သာရကိုးပါးကျင့်ကြံရေးလောက၌ ကျန်းအန်းရန်သည် သူမ၏တက်ရောက်ခြင်းကောင်းကင်ဘုံအတိဒုက္ခကို ရင်ဆိုင်နေခဲ့သည်။
ကောင်းကင်သည် သိပ်သည်းသည့် မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နေကာ ကြီးမားသည့် ကုလားကာကြီးသည် ကောင်းကင်ဘုံတွင်ဖွင့်လှစ်ခဲ့သည်။
ကျန်းမိသားစုမှ ကျန်းယွင်ချန်နှင့် ကျန်းရန်ချွမ်တို့အပါအဝင် များစွာသောကျင့်ကြံသူများသည် မျှော်လင့်မှု စိတ်လှုပ်ရှားမှုများဖြင့်ကြည့်နေကြသည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပြီး တက်ရောက်သည့် တတိယမြောက်ကျင့်ကြံသူ ဖြစ်ပါသည်။
အကယ်၍သူမသည်အောင်မြင်သွားခဲ့လျှင်၊ သူတို့၏အနှစ်သာရကိုးပါးကျင့်ကြံခြင်းလောကသည် အထက်လောကသို့တက်ရောက်ရန်အရည်အချင်းများကိုပိုင်ဆိုင်ထားသည်ဟု ပြောနိုင်ပါသည်။
၎င်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်ပါသည်။
ဝုန်း…
ထိုအချိန်တွင် သိပ်သည်းသောတိမ်တိုက်များထဲမှ တောက်ပကာ ကြီးမားသည့်မိုးကြိုးသည် ကျန်းအန်းရန်ဆီသို့ကျရောက်လာသည်။
ချက်ခြင်းပင် ကြီးမားသည့်ထီးတစ်ခုသည် ကျန်းအန်းရန်၏ခေါင်းပေါ်တွင်ပေါ်လာခဲ့ပြီး ၎င်း၏မျက်နှာပြင်သည် မြေကြီးဝါရောင်ဖြစ်ကာ မြေဒြပ်စင်၏ ပြင်းထန်သောအရောင်အဝါကို ထုတ်လွတ်နေသည်။
မိုးကြိုးသည် ထိုမြေကြီးရောင်တောက်ပနေသည့်အရာပေါ်ကျရောက်ပြီးနောက် အနည်းငယ် တုန်လှုပ်သွားစေကာ သာမန်ပြန်ဖြစ်သွားခဲ့လေသည်။
ဂျုန်း…
ပြီးနောက် ဒုတိယမိုးကြိုးသွားလာလျှင် ပထမတစ်ခုထပ် ပို၍ ကြီးမားကာ ပို၍စွမ်းအားကြီးသည်ကို မြင်နိုင်သည်။
ထီး၏မြေကြီးဝါရောင်အလင်းသည် ပြင်းထန်စွာတုန်လှုပ်နေပြီး သိသာစွာမှိန်ပြသွားခဲ့သော်လည်း ဒုတိယမိုးကြိုးသွား၏ ရိုက်ခတ်မှုကို ခံနိုင်လေသည်။
တတိယမိုးကြိုးသွားကျရောက်လာသောအခါ ကျန်းအန်းရန်သည်ခုခံရန်အတွက် ဓမ္မရတနာ၏ စွမ်းအားအမွေအနှစ်ပေါ်တွင်ပင် မမှီခိုတော့ဘဲ ထိုအစား သူ၏ဓမ္မစွမ်းအားကို ထိုအထဲသို့ ထပ်ပေါင်းထည့်လိုက်သည်။
ချက်ခြင်းပင် အလင်းမှိန်နေသည့် ထီးသည် ထပ်မံ၍ လင်းလာခဲ့ပြီး တတိယမိုးကြိုးအား လွယ်ကူစွာပင် တားဆီးလိုက်သည်။
ပြီးနောက် စတုထ္တ၊ ပဥ္စမ၊ ဆဠမနှင့် သတ္တမမိုးကြိုးချက်များလာခဲ့သည်။
ကျန်းအန်းရန်သည် ထိုသန့်စင်သောယန်ရတနာကိုသုံးကာ တစ်ခုချင်းဆီကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သို့ရာတွင် အဌမမိုးကြိုးလာသည့်အခါ မိုးကြိုး၏အရောင်သည် မူလ ငွေရောင်မှ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအဝေးမှ ကြည့်ရှုသူများသည် သူတို့၏အသက်ရှုသံများကိုထိန်းထားကြသည်။
သူတို့သည် ထိုအတိဒုက္ခ၏စွမ်းအားသည် ယခင်ခုနစ်ခုထပ် ပို၍ သာလွန်လိမ့်မည်ဖြစ်ကာ ပို၍ စွမ်းအားကြီးနိုင်ကြောင်း သိကြသည်။
တည်ငြိမ်နေသော အမူအရာက ကျန်းအန်းရန်၏မျက်နှာတွင်ပေါ်လာခဲ့ကာ သူ၏လက်ဖြင့် စည်းများ ဖွဲ့လိုက်သည်။
သူမ၏နောက်တွင် ကြီးမားသည့် ဓမ္မပုံစံက ပေါ်ထွက်လာခဲ့ကာ ပေတစ်သောင်းထိမြင့်မားပေသည်။
လှုပ်ရှားမှုတစ်ခုဖြင့် ၎င်းသည် ကြီးမားသည့် မြေကြီးဝါရောင်လှံကိုကိုင်ဆောင်ထားကာ ကောင်းကင်မှ ဆင်းသက်လာသည့် အဌမမိုးကြိုးကို တိုက်ရိုက်ခံလိုက်သည်။
ဝုန်း…ဝုန်း..ဝုန်း….
ပြင်းထန်သော ပေါက်ကွဲခြင်းများ ကောင်းကင်တစ်ခွင်ဖြစ်သွားခဲ့ပြီး အဝေးမှ ကြည့်ရှုနေသူများ ကိုပင် မိုင်ပေါင်းသောင်းချီထိ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။
ရုတ်တရက်၊ ပေါက်ကွဲခြင်း၏ကြားတွင် ခရမ်းရောင်မိုးကြိုးသွားသည် ကျန်းအန်းရန်ဆီသို့ ကျရောက်လာခဲ့သည်။
သူမ၏မျက်လုံးများသည် အာရုံစိုက်ကာ ကျဉ်းမြောင်းသွားခဲ့သည်။
ကလန်ဟူသောအသံဖြင့် သူမ၏မူလဓားပျံကိုနောက်ဆုံး၌ ဆင့်ခေါ်လိုက်သည်။
ချက်ခြင်းပင်၊ မြေဒြပ်စင်ဓား၏ စွမ်းအားကြီးကာ သိပ်သည်းသောအရောင်အဝါသည် ကောင်းကင်တစ်ခုလုံးကို ပျံနှံသွားခဲ့သည်။
အက်ကွဲသွားသောအသံများ ထွက်ပေါ်လာခဲ့သည်။
ကျရောက်လာသော မိုးကြိုးသွားများသည် ထပ်မံ၍ ရှင်းလင်းခံခဲ့ရပြီး ကျန်းအန်းရန်၏ ဓားအလင်းဖြင့် အက်ကွဲရာများ ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် ကျယ်လောင်သည့် အသံဖြင့် မိုးကြိုးသွားများသည် အလင်းအမှုန်များအဖြစ် ပြိုကွဲသွားပြီး ပပျောက်သွားခဲ့သည်။
၎င်းသည် နောက်ဆုံး နဝမမြောက်ကောင်းကင်အတိဒုက္ခဖြစ်သည်။
ထိုအချိန်တွင် ကျန်းအန်းရန်သည် သူ၏တက်ရောက်ခြင်းအတိဒုက္ခအဆင့်အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ရုတ်တရက် အလွန်ကြီးမားသောအပြာရောင်အလင်းတန်းသည် တက်ရောက်ခြင်းစင်မြင့်ပေါ်မှ ကျရောက်လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးတွင် မသေမျိုးများပင်ကြားနိုင်သော သံစဉ်တစ်ခုထွက်ပေါ်လာသည်။
ထိုတက်ရောက်ခြင်းအပြာရောင်အလင်းအတွင်းတွင်ရပ်နေရင်း၊ ကျန်းအန်းရန်သည် သူမ၏အကြည့်ကို လူအုပ်ကိုကြည့်ကာ စကားပြောလိုက်သည်။
“လူတိုင်းပဲ၊ ဒီနေ့မှာ ကျွန်မ အထက်လောကကိုတက်တော့မယ်။ ကျွန်မ ရှင်တို့အားလုံးကိုလဲ ဆက်လက်ပြီးလေ့လာကြဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့အထက်လောကမှာ နောက်တစ်ကြိမ်ဆုံတွေ့ဖို့အခွင့်အရေးရချင်ပါသေးတယ်။”
သူမ၏စကားပြီးနောက်တွင် ကျန်းအန်းရန်၏ပုံရိပ်သည် အချိန်မဆွဲတော့ပါ။
အပြာရောင်အလင်း၏လျှင်မြန်သောတောက်ပမှုဖြင့် သူမအား တဖြည်းဖြည်းနှင့် ရှိနေသောသူများ၏ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
“ကျွန်ပ်တို့ နတ်သမီးအန်းရန်ကို အထက်လောကသို့လေးစားစွာဖြင့် ပို့ဆောင်ပါတယ်။”
“ကျွန်ပ်တို့ နတ်သမီးအန်းရန်ကို အထက်လောကသို့လေးစားစွာဖြင့် ပို့ဆောင်ပါတယ်။”
“ကျွန်ပ်တို့ နတ်သမီးအန်းရန်ကို အထက်လောကသို့လေးစားစွာဖြင့် ပို့ဆောင်ပါတယ်။”
ထိုအချိန်တွင် ကျန်းအန်းရန်သည် သူမ၏အသိစိတ်မှ တက်ရောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမ၏တစ်ကိုယ်လုံးသည် အပြာရောင်အလင်းနောက်သို့လိုက်ကာ သူမအား ပို၍ပို၍အမြင့်သို့ တက်သွားခဲ့သည်။
နောက်ဆုံးတွင်၊ သူမ၏ရှေ့မှမြင်ကွင်းသည် အကြီးအကျယ်တောက်ပသွားခဲ့သည်။
အပေါ်သို့ကြည့်လိုက်ရာ သူမသည် မိမိကိုယ်ကိုယ်ကျယ်ပြောသည့် အဖြူရောင်ကျောက်စိမ်းစင်မြင့် ပေါ်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
“ဟမ်။”
ထိုနေရာတွင် တာဝန်ကျနေသော သက်လက်ပိုင်းအရွယ်ကျင့်ကြံသူသည် သူမ၏ ပေါ်ထွက်လာမှုကြောင့် ယာယီနောက်သို့ဆုတ်သွားခဲ့သည်။
သူသည် တက်ရောက်ခြင်းစင်မြင့်ပေါ်တွင်ထွက်ပေါ်လာသည့် ကျန်းအန်းရန်ကိုကြည့်ကာ သူ၏မျက်နှာ၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ကျွန်တော် ခင်ဗျားဘယ်နေရာကနေတက်ရောက်လာသလဲဆိုတာ မေးပါရစေ၊ နတ်သမီး?”
စကားပြောပြီးနောက်၊ သူသည် တစ်ခုခုကိုမှတ်မိသွားပုံရကာ လျှင်မြန်စွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“အို၊ ကျွန်တော် ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့မေ့သွားတယ်။ ကျွန်တော်နာမည်က လျိုဟောက်လုံ ဖြစ်ပြီး တိမ်တိုက်ဂိုဏ်းကပါ။ ဒါက ကျွန်တော် အရှေ့ကောင်းကင်တက်လမ်းမှာ စောင့်ကြပ်ဖို့ အလှည့်ကျတာပါ။
ကျွန်တော် ခင်ဗျားကိုဘယ်လိုခေါ်ရမလဲ၊ နတ်သမီး?
ခင်ဗျားက ဒီအထက်လောကမှာ ဂိုဏ်းတစ်ခုခု သို့ မိသားစုတစ်ခုခုရှိလား?”
လျိုဟောက်လုံ၏စကားကိုကြားလျှင် ကျန်းအန်းရန်က အချိန်ခဏလောက် စဉ်းစားဆင်ခြင်ပြီး နောက်မှ တုံ့ပြန်လိုက်သည်။
“ရှင်က အရမ်းယဉ်ကျေးနေပါပြီ။ တာအိုရောင်းရင်း၊ ကျွန်မက မထင်မရှားအောက်လောက,က တက်ရောက်လာတာပါ။ ကျွန်မ ဒီနေရာက ဘယ်ဝိညာဉ်နယ်မြေအစိတ်အပိုင်းလဲဆိုတာ မေးလို့ရမလား?”
ကျန်းအန်းရန်၏မေးခွန်းကိုကြားလျှင်၊ လျိုဟောက်လုံ၏အမူအရာက သိသာစွာပင် ပို၍လေးနက်သွားခဲ့သည်။
သူသည် ထိုမေးခွန်းကိုရှင်းလင်းစွာမေးနိုင်ခြင်းသည် သိသာစွာပင် ဝိညာဉ်နယ်ပယ်နှင့်ပက်သက်၍ ဗဟုသုတရှိပုံပေါ်ကာ သူသည် ဤနေရာတွင် အရေးကြီးသော နောက်ခံရှိပုံပေါ်ပါသည်။
ထိုအတွေးဖြင့် လျိုဟောက်လုံသည် ဘာကိုမှမဖုံးကွယ်ဘဲ အပြုံးဖြင့်ပြန်ဖြေလိုက်သည်။
“ခင်ဗျားကို ဘာမှ မဖုံးကွယ်ပဲပြောရရင်၊ ခင်ဗျားတက်ရောက်လာတဲ့ဒီနယ်ပယ်က ဝိညာဉ်နယ်ပယ်ရဲ့ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ဖြစ်ပါတယ်။”
***