သစ်သားဒြပ်စင်စည်းမျဉ်းကိုနားလည်ခြင်း
Vol. 43 Ch. 807
ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ရှင်းပြချက်ကိုကြားလျှင်၊ ကျန်းအန်းရန်နှင့်လျိုဟောက်လုံတို့သည် ဝမ်းသာသွားကြသည်။
မသေမျိုးမြို့ထဲရှိနေရာရွေ့ပြောင်းရေးအစီအရင်အားယာယီပိတ်ထားရခြင်းမှာ အံ့ဩစရာမရှိတော့ပါ။ ရာဇဝတ်သားကိုဖမ်းဆီးရန်အတွက်ဖြစ်သည်။
ကျန်းအန်းရန်သည် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏စိုးရိမ်မှုကိုပြလိုက်သည်။
“ဒါကရှင်တို့ကိုပြသနာမဖြစ်စေပါဘူးမလား?”
ခရမ်းရောင်ဝတ်ရုံလူနှင့် အဖြူအမဲဝတ်ရုံနှင့်လူနှစ်ဦးလုံး ပြုံးလိုက်ကြသည်။
“အကယ်၍ အခြားသူသာဆိုရင်၊ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်တော်ခုနကပြောသလိုပဲ နတ်သမီးအန်းရန်ဖြစ်နေတော့ ပြသနာရှိမှာမဟုတ်ပါဘူး။”
ဤသို့ဖြင့်၊ သူတို့သည် ကျန်းအန်းရန်အားနေရာရွေ့ပြောင်းရေးအစီအရင်ပေါ်သို့တက်ရန် ညွန်ပြလိုက်သည်။
အချိန်များစွာမကြာမီတွင်ပင် သူတို့သည်သတင်းပို့လိုက်ကာ မကြာမီ ပန်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် မိန်းမတစ်ဦးက သူတို့ထံသို့ချဉ်းကပ်လာခဲ့သည်။
ခရမ်းရောင်ဝတ်ရုံနှင်လူက အပြုံးနှင့် မိတ်ဆက်ပေးလေသည်။
“နတ်သမီးအန်းရန်၊ ဒါက စီနီယာအစ်မ ကျိုးချင်ကျူးပါ။ သူမက ခင်ဗျားကို မိုးကြိုးချိုင့်ဝှမ်းဆီကို ခေါ်သွားပေးပါလိမ့်မယ်။”
ကျိုးချင်ကျူးက သူမဆီသို့ချဉ်းကပ်လာကာ ကျန်းအန်းရန်ကိုကြည့်ပြီး သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“မင်းက ကျန်းအန်းရန်၊ ဂျူနီယာညီမကျန်း ဟုတ်လား? အကြီးအကဲရှန်းနဲ့ ကျွန်မ ဆရာ နတ်ဘုရားအရှင်နှင်းဓားက သူငယ်ချင်းကောင်းတွေပါ။
ဒါကြောင့်။ ကျွန်မနဲ့အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။ အကယ်၍ တစ်ခုခုလိုအပ်ရင် ကျွန်မကို မေးလို့ရပါတယ်။”
“ကျေးဇူးတင်ပါတယ်။ စီနီယာအစ်မကျိုး။” ကျန်းအန်းရန်က ယဉ်ကျေးစွာတုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ။ အကယ်၍ ဘာကိစ္စမှမရှိတော့ရင် သွားကြတာပေါ့။” ကျိုးချင်ကျူးသည် အပြုံးဖြင့်ပြောလိုက်သည်။
ရုတ်တရက် တစ်ခုခုကိုမှတ်မိသွားပုံဖြင့် ကျိုးချင်ကျူးသည် လျိုဟောက်လုံဘက်သို့လည့်ကာ။
“ပြီးတော့ တာအိုရောင်ရင်းလျို၊ နတ်သမီးကျန်းကို ဒီကိုလာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျွန်မတို့ရဲ့မိုးကြိုးချိုင့်ဝှမ်းက မှတ်ထားလိုက်ပါ့မယ်။
အကယ်၍ ရှင်နဲ့ ရှင်တို့ တိမ်တိုက်ဂိုဏ်းက အနာဂတ်မှာတစ်ခုခုလိုရင် အရမ်းများတဲ့အရာ မဟုတ်သရွေ့ ကျွန်မတို့ဆီလာခဲ့ပါ။”
သူမသည် စကားပြောရင်း ကျိုးချင်ကျူးသည် ခရမ်းရောင်ဝတ်ရုံလူနှင့် အခြားသူများအား လျိုဟောက်လုံထံသို့ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ပေးရန် ပြောလိုက်သည်။
လျိုဟောက်လုံသည် သူတို့အားကျေးဖူးတင်ကာ ကျန်းအန်းရန်ကို ဤနေရာသို့လိုက်ပို့ပြီးနောက် သူ့အပိုင်းကပြီးဆုံးပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ထို့ကြောင့် သူသည် ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ ကျန်းအန်းရန်သည်လျိုဟောက်လုံအား သူမ၏ကိုယ်ပိုင်ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်ကို ပေးကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းလျို၊ ဒါက ကျွန်မရဲ့ကိုယ်ပိုင်ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ပါ၊ အကယ်၍ ရှင်တစ်ခုခုလိုရင် ကျွန်မကိုဒီအဆောင်ကတဆင့်ဆက်သွယ်လို့ရပါတယ်။”
လျိုဟောက်လုံသည် အထူးသဖြင့် ကျိုးချင်ကျူး၏ကတိကိုရပြီးနောက် ထိုကဲ့သို့ ကျေးဇူးတင်လက်မှတ်ကို ရရန်မမျှော်လင့်ထားခဲ့ပေ။
သူသည် ကျန်းအန်းရန်ထံမှ ဆက်သွယ်ရေးကျောက်စိမ်းဆောင်ကို လက်ခံလိုက်ပြီး သူ၏ကျေးဇူးတင်စိတ်ကို ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ နတ်သမီးအန်း၊ ကျွန်တော်ဒါဆိုဆက်မနေတော့ပါဘူး။”
“ကောင်းပါပြီ။”
ကျန်းအန်းရန်သည် ကျိုးချင်ကျူးကိုပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက် သူသည် ကျိုးချင်ကျူးနှင့်အတူ နေရာရွေ့ပြောင်းရေးအစီအရင်ပေါ်သို့တက်သွားခဲ့သည်။
အစီအရင်၏အလင်းအသက်ဝင်လာသည်နှင့် ကျန်းအန်းရန်နှင့်ကျိုးချင်ကျူးတို့သည် လျှင်မြန်စွာပင် လူတိုင်း၏ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
“ဂျူနီယာညီမကျန်း၊ လျိုဟောက်လုံကို ညီမရဲ့ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ပေးလိုက်ဖို့ မလိုပါဘူး။ ငါတို့က သူလုပ်ပေးတဲ့ မင်းကိုခေါ်လာပေးတာအတွက် အသိအမှတ်ပြုပြီးပါပြီ။”
ကျိုးချင်ကျူးကသူတို့နေရာရွေ့ပြောင်းရေးအဆောင်၏အခြားတစ်ဖက်တွင်ပေါ်လာခဲ့ပြီးနောက် အပြုံးဖြင့် မှတ်ချက်ပြုလိုက်သည်။
ကျန်းအန်းရန်က အပြုံးဖြင့်တုံ့ပြန်လိုက်သည်။
“အစ်မပြောတာကိုကျွန်မနားလည်ပါတယ်။ စီနီယာအစ်မကျိုး။
ဒါပေမဲ့ ကျွန်မက အစ်မတို့နဲ့ဒီလိုမြန်မြန်တွေ့ရတာ တာအိုရောင်းရင်လျိုရဲ့ကူညီမှုကြောင့်ပါ။
ဒါက ကျွန်မနဲ့ သူနဲ့ကြားက ကံကြမ္မာကြောင့်ပဲ။ ပြီးတော့ ကျွန်မဘက်ကလည်း ကျေးဇူးတင်တာကို ဖော်ပြဖို့ လိုအပ်တယ်လို့ ခံစားရလို့ပါ။”
“မှန်ပါတယ်။”
ကျိုးချင်ကျူးသည် ကျန်းအန်းရန်၏အဖြေကိုသဘောတူလိုက်သည်။
တစ်ချိန်တည်းမှာပင် ယခုလေးတင်က ကျန်းအန်းရန်၏အပြုအမူကြောင့်၊ သူမသည် ထိုဂျူနီယာညီမအား ပို၍ နားလည်သွားသည်။
“စကားမစပ်၊ အကြီးအကဲရှန်းနဲ့ ဆက်ဆံရေးကကော ဘယ်လိုလဲ?”
ရုတ်တရက် ကျိုးချင်ကျူးသည် ထိုမေးခွန်းကိုစဉ်းစားမိကာ ချက်ခြင်းပင် ကျန်းအန်းရန်အားမေးလိုက်သည်။
ကျန်းအန်းရန်သည် မရှောင်လွဲပဲ ချက်ခြင်းဖြေဆိုလိုက်သည်။
“ရှန်းရူယန်က ကျွန်မဆရာရဲ့ တာအိုအဖော်ပါ။”
“မင်းရဲ့ဆရာ?”
ကျိုးချင်ကျူးသည် ပထမ၌ကြောင်အသွားပြီး နောက်မှ သူသည် တစ်ခုခုကိုစဉ်းစားမိပုံပေါ်ကာ လျှင်မြန်စွာ ဆက်လက်၍မေးလိုက်သည်။
“ဒါဆိုရင် ဟောက်ရန်ဂိုဏ်းက ကျန်းချန်ရွှမ်က မင်းရဲ့…?”
“ဟုတ်ပါတယ်။”
ကျန်းအန်းရန်က ထပ်မံ၍ခေါင်းညိတ်လိုက်သည်။
“သူက ကျွန်မရဲ့ဆရာပါ။”
ကျိုးချင်ကျူးသည် စိတ်ထဲ၌ အံ့ဩသွားခဲ့သည်။
သူမသည် သူမ၏ဂျူနီယာညီမလေးက ထိုကဲ့သို့ အရေးပါသောအဆက်အသွယ်များရှိနေမည်ဟု မထင်ထားခဲ့ပါ။
အခြားသူများက သတိမပြုမိနိုင်သော်လည်း ကျိုးချင်ကျူးသည် သူမ၏အကြီးအကဲရှန်းသည် မိုးကြိုးချိုင့်ဝှမ်း၏ နှစ်ပေါင်းသောင်းချီသမိုင်းကြောင်း၌ တာအိုဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိရန် ဖြစ်နိုင်ချေရှိသော ကိုယ်စားလှယ်များထဲမှ သူဖြစ်ကြောင်းသေချာစွာသိပါသည်။
လက်ရှိတွင် ရှန်းရူယန်သည် မိုးကြိုးချိုင့်ဝှမ်းရှိ အထူးလျို့ဝှက်နယ်ပယ်တွင် ရှိနေသည်ဟု ကောလဟသရှိကာ အကယ်၍ အရာအားလုံးအဆင်ပြေလျှင် သူသည် ထိုးထွင်းသိမြင်ခြင်း အဆင့်သို့ တက်နိုင်ရန် အချိန်ကြာတော့မည်မဟုတ်ပါ။
ဟောက်ရန်ဂိုဏ်းမှထိုသူကိုလည်း ပြောစရာပင်မလိုပါ။
ထိုသူသည် အတော်လေးစွမ်းအားကြီးသည်ဟု ပြောနိုင်ပါသည်။
ကျိုးချင်ကျူး၏ဆရာ နတ်ဘုရားအရှင်နှင်းဓား၏ ပြောကြားချက်အရ ကျန်းချန်ရွှမ်၏ ဖြစ်နိုင်ချေသည် ရှန်းရူယန်နှင့် မကွာခြားပဲ ပို၍ပင် မြင့်မားနိုင်သည်ဟုဆိုသည်။
ဆိုလိုနေသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံး တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် အရေးကြီးသောအခွင့်အရေးရှိသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
အကယ်၍ ထိုသို့ဆိုလျှင်၊ ကျန်းအန်းရန်သည် မတူညီသောဂိုဏ်းနှစ်ခု၏ တာအိုဖွဲ့စည်းခြင်း သူတော်စင်အရှင်နှစ်ဦး၏ နောက်ခံရှိမည်ဟု ဆိုလိုသည်။ ထိုနောက်ခံသည် ကျိုးချင်ကျူးပင် အားကျရပေသည်။
ကျိုးချင်ကျူးသည် ကျန်းအန်းရန်အား မိုးကြိုးချိုင့်ဝှမ်းသို့ ဦးဆောင်သွားချိန်တွင် ကျန်းချန်ရွှမ်သည် သဘာဝလျို့ဝှက်နယ်မြေထဲတွင်သာရှိသေးကာ သူ၏အခွင့်အလမ်းများစွာနှင့် တွေ့ကြုံနေရပြီ ဖြစ်ကာ များစွာသော သန့်စင်ရန်လက်နက်ပစ္စည်းများနှင့် အဂ္ဂိရတ်ပစ္စည်းများ အပါအဝင်ပင် ဖြစ်သည်။
၎င်းတို့ကြားတွင် သာလွန်ဆုံးခန္ဓာကိုယ်မွမ်းမံခြင်းဆေးပင်ဖြစ်သည့် နဝမဆန်းကြယ်လင်ဇီးသည် သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းကျင့်ကြံရေးတွင် အဆင့် ၇ ၏ အလယ်ဆင့်သို့ရောက်အောင် ကူညီပေးနိုင်စွမ်းရှိသည်။
.........
ထိုအချိန်တွင်၊
ကျန်းချန်ရွှမ်သည် တက်ကြွမှုများဖြင့်ပြည့်နေသည့် သစ်တောထဲသို့ ရောက်ရှိသွားသည်။
ထိုသစ်တောထဲသို့ဝင်ပြီးသည်နှင့် ကျန်းချန်ရွှမ်သည် ချက်ခြင်းပင်၊ အသက်စွမ်းအားက သူ့ထံတွင်ရစ်ပတ်နေသည်ကိုခံစားလိုက်ရသည်။
၎င်းသည် ရှားပါးသည့် အခွင့်အလမ်းပင်ဖြစ်ပါသည်။
အချိန်များကုန်လွန်သွားသည်နှင့်အမျှ၊ ထိုသဘာဝအရောင်အဝါသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။
သေချာသည့်အဆင့်တစ်ခုသို့ရောက်လျှင်၊ ထိုနေရာတွင် ထူးခြားသည့်အရာတစ်ခုမှ မရှိသည်မှာဖြစ်နိုင်ပါသည်။
ထိုအကြောင်းကို သိသွားပြီးနောက် ၊ ကျန်းချန်ရွှမ်သည် မပေါ့ဆရဲတော့ပေ။
သူသည် ချက်ခြင်းပင် တက်ကြွခြင်း၏အလယ်ဗဟိုသို့ သွားကာ တင်ပျဉ်ခွေထိုင်ပြီး စတင်၍ အမျိုးမျိုးသောဆန်းကြယ်မှုများကို နားလည်အောင်လုပ်တော့သည်။
တစ်လက ကုန်လွန်သွားသည်။
တင်ပျဉ်ခွေထိုင်နေသော ကျန်းချန်ရွှမ်သည် ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်လိုက်သည်။
ရုတ်တရက် အသက်ဝင်လှုပ်ရှားခြင်းများက သူ၏ခန္ဓာကိုယ်ထဲ လိမ့်တက်လာခဲ့သည်။
၎င်းသည် အလွန်ရှင်းလင်းစွာပင် သူဖမ်းဆုပ်လိုက်သည့် သစ်သားနတ်ဘုရားစွမ်းအား ညိုးနွမ်းခြင်းနှင့် ဖွဲ့စည်းသွားခဲ့သည်။
အကယ်၍ ညိုးနွမ်းခြင်းသည် ငြင်းပယ်ခြင်း၏ ကန့်သတ်ချက်ဖြစ်ခဲ့လျှင် သူယခု နားလည်ခဲ့သောအရာသည် ဘဝ၏ကန့်သတ်ချက်ပင်ဖြစ်လိမ့်မည်။
ရှင်သန်ခြင်းနှင့် ယိုယွင်းပျက်စီးခြင်းသည် တစ်ခုမှာ ယင်ဖြစ်၍ တစ်ခုမှာယန်ဖြစ်ပြီး ချက်ခြင်းပင် ဟန်ချက်ညီသွားခဲ့သည်။
အချိန်တစ်ချို့ကြာသောအခါ၊ ရှင်သန်ခြင်းနှင့် ယိုယွင်းပျက်စီးခြင်းတို့နှစ်ခုလုံး၏ စစ်မှန်သော အနှစ်သာရသည် အဆုံးမဲ့ တက်ကြွခြင်းဖြင့် ပေါင်းစည်းကာ တဖြည်းဖြည်း သူ့ထံမှ ထွက်ပေါ်လာပြီး သူ၏တတိယဒြပ်စင်စည်းမျဉ်း သစ်သားဒြပ်စင်၏ စစ်မှန်သောအနှစ်သာရကို နားလည်ခြင်းကို မှတ်သားထားလိုက်သည်။
နောက်ထပ် သူသည် သူ၏ဒြပ်စင်ငါးပါးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းနိုင်၍ ဟန်ချက်ညီမျှသည့် မျိုးဆက်နှင့် ကန့်သတ်ချက်များကို ရရှိရန် မီးနှင့်မြေတို့၏ စစ်မှန်သည့်အနှစ်သာရကို နားလည်ရန်လိုအပ်နေသေးသည်။
ထိုအချိန်တွင်၊ သူသည် သူ၏ကိုယ်ပိုင် စစ်မှန်သောစိတ်ဝိညာဉ်ပိုင်နက်ကိုအုတ်မြစ်ချခဲ့ပြီး ထိုးထွင်းသိမြင်ခြင်းအဆင့်ကို ခြေလှမ်းလှမ်းခဲ့သည်။
“ဟမ်?”
ရုတ်တရက် ကျန်းချန်ရွှမ်သည် တစ်ခုခုကိုအာရုံခံမိပုံပေါ်သည်။
သူသည်ရုတ်တရက် အနောက်မြောက်ဘက်သို့ကြည့်လိုက်သည်။
ထိုနေရာတွင် တစ်ခုခုက သူ့အားဆွဲဆောင်ကာ ခေါ်နေခဲ့သည်။
တုံ့ဆိုင်းခြင်းမရှိဘဲ၊ သူသည် ပျောက်ကွယ်သွားကာ ခေါ်ယူနေသည့်နေရာဘက်တွင် ပြန်ပေါ်လာခဲ့ပြီး သံလိုက်သွေးကြောသည် သူ့ရှေ့တွင် မှိန်ပျစွာလင်းနေသည်ကို တွေ့လိုက်ရသည်။
၎င်းသည် ကျန်းချန်ရွှမ်၏နှလုံးခုန်မြန်သွားစေသည်။
တပြိုင်နက်ထဲပင် သူသည် စနစ်ကပေးအပ်သည့် ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်ကို ယူထုတ်လာခဲ့သည်။
ပြီးနောက်၊ သူသည် ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်ကို သံလိုက်သွေးကြောနှင့် ထိလိုက်လေသည်။
ချက်ခြင်းပင်၊ သူ၏ ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်သည် အလွန်ကြွယ်ဝသော သံလိုက်စွမ်းအားဖြင့် ပေါက်ထွက်သွားပြီး ယွမ်းသံလိုက်စွမ်းအားကို ဆက်လက်၍ ဆွဲယူနိုင်မည့် ဝဲဂယက်တစ်ခုဖန်တီးလိုက်ကာ ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်အဖြစ်ပြောင်းလဲလိုက်ပေသည်။
ထိုသို့ဖြင့် ၎င်းသည် သူ၏ယခင်က ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင် မဟုတ်တော့ဘဲ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ကိုက်ညီသွားခဲ့သည်။
ဝုန်း…ဝုန်း…ဝုန်း….
ပေါက်ကွဲသံများသည် ရုတ်တရက် လောကထဲတွင် မြည်ဟိန်းသွားခဲ့သည်။
ကျန်းချန်ရွှမ်၏ ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်သည် ဆက်လက်၍ ကြီးမားနေခဲ့သည်။
တစ်လကြာပြီးနောက် ၎င်းသည် ပေတစ်သောင်းထိရောက်သွားခဲ့သည်။
ထို့အပြင် ၎င်းသည် ဆက်လက်၍ ကြီးထွားနေသေးသည်။
.........
လဝက်ကြာပြီးနောက်တွင်။
ကျန်းချန်ရွှမ်၏ ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်သည် မိုင်းတွင်းထဲရှိသံလိုက်စွမ်းအားကို စုပ်ယူခြင်းမှ ရပ်လိုက်သည်။
သူသည် သူ၏လက်ကိုမြောက်ကာ ယမ်းလိုက်သည်။
ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်သည် စတင်၍ လျှင်မြန်စွာကျုံ့သွားခဲ့ကာ ကျန်းချန်ရွှမ်၏ လက်ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် အကြမ်းဖျင်း အာရုံခံခဲ့မိပြီး သူ၏ ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်သည် ဝိညာဉ်ရတနာအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
၎င်းသည် အဆင့်နိမ့်ဝိညာဉ်ရတနာဖြစ်သော်လည်း၊ ယခင်ကထပ်ပို၍ စွမ်းအားကြီးမားလာသည်မှာ သံသယဝင်စရာမရှိပါ။
ထို့ပြင်၊ ၎င်းသည် အနာဂတ်တွင် သံလိုက်စွမ်းအားကို ဆက်လက်၍ စုပ်ယူနိုင်ပါက ၎င်း၏အဆင့်သည် ဆက်လက်၍ မြင့်တက်နိုင်ပါသေးသည်။
သို့ရာတွင် ထိုမတိုင်မီတွင် သူသည် ဝင်ရိုးစွန်းနှစ်ဖက်နတ်ဘုရားတောင်ကို ပြန်လည် ပြုပြင်မွမ်းမံရလိမ့်မည်။
“ကံမကောင်းစွာနဲ့ ငါတို့သဘာဝလျို့ဝှက်နယ်မြေကနေထွက်ခွာဖို့အချိန်သိပ်မလိုတော့ဘူးပဲ။
မဟုတ်ရင်၊ အကယ်၍ ငါဒီမှာပဲ မွမ်းမံလိုက်မယ်ဆိုရင် ဒီမိုင်းတွင်းကနေ သံလိုက်စွမ်းအင်ကိုထပ်စုပ်ယူနိုင်မှာပဲ။
ဒါက အဆင့်နိမ်ဝိညာဉ်ရတနာကနေ အလယ်ဆင့် ဝိညာဉ်ရတနာအထိ ထိုးဖောက်နိုင်တာတောင် ဖြစ်နိုင်တယ်။ အဲ့လိုဆိုရင် သူရဲ့အသုံးဝင်မှုက ငါ့အတွက် အရမ်းအရေးပါလာမှာပဲ။”
ထိုအတွေးက ကျန်းချန်ရွှမ်၏စိတ်ထဲဝင်လာသည်နှင့် သူသည် ဦးတည်ချက်အမျိုးမျိုးမှ တွန်းကန်စွမ်းအားတစ်ခုသည် ရုတ်တရက် သူ့ထံသို့ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
***