ကျန်းအန်းရန်အား ချင်ရှန်းဝူထံသို့ခေါ်သွားခြင်း
Vol. 43 Ch. 809
သူမ၏ဂူထဲ၌ရှိနေသည့် ကျန်းအန်းရန်သည် ရုတ်တရက် အလွန်ရင်းနှီးသော အရောင်အဝါတစ်ခုက ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။
သူမ၏နှလုံးခုန်သံမြန်သွားခဲ့သည်။
သို့သော် ချက်ခြင်းပင်၊ သူမသည် တစ်ခုခုကိုသတိပြုမိပုံပေါ်ပြီး သူမ၏မျက်နှာတွင် အံ့ဩဝမ်းသာနေသည့် အကြည့်မျိုးဖြစ်ပေါ်လာခဲ့သည်။
လျှပ်တစ်ပြက်အတွင်း သူမသည် သူမ၏ ဂူအပြင်ဘက်သို့ခြေလှမ်းလိုက်သည်။
“ဆရာရှန်း..”
ကျန်းအန်းရန်သည် ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
သူမ၏ဂူအပြင်ဘက်တွင် ရှန်းရူယန်သည် သူမဆီသို့လျှောက်လာခဲ့သည်။ သူတို့နီးကပ်လာသည်နှင့် ရှန်းရူယန်သည် သူမအား နွေးထွေးစွာမပြုံးပြပဲ မနေနိုင်ခဲ့ပေ။
“ကောင်းတယ်။ အန်းရန်၊ မင်းဆရာကျန်းနဲ့ ငါက နောက်ဆုံးတော့ ဒီမှာစောင့်နေခဲ့တာ။ လာ၊ လာ၊ လာ၊ ငါ့ကို ဒီနှစ်တွေအတွင်းမင်းဘယ်လိုဖြတ်သန်းခဲ့လဲပြောပြပါဦး။ ပြီးတော့ အခုအောက်လောကရဲ့အခြေအနေကကော ဘယ်လိုလဲ?”
မကြာမီ၊ ထိုနှစ်ဦးသည် စင်မြင့်ပေါ်တွင်ထိုင်လိုက်ကြသည်။
ကျန်းအန်းရန်သည် သူမ၏အတွေ့အကြုံများနှင့် အောက်လောက၏လက်ရှိအခြေအနေကို ရှန်းရူယန်အား ပြောပြလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ကျေးဇူးကြောင့် ကျန်းမိသားစုသည် အောက်လောကတွင် လေးစားခြင်းခံနေရဆဲဖြစ်သည်။
ကံကောင်းစွာပင် သူတို့ထွက်ခွာလာခဲ့ပြီးနောက် ကျန်းအန်းရန်၏တက်ရောက်ခြင်းအပြင် လွန်ခဲ့သောနှစ်ရာချီအကြာက ကျန်းယွင်ချန်း၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့်လည်း အောက်လောကသည် ဂုဏ်ကျက်သရေရှိသောအချိန်ကို ကြိုဆိုနေခဲ့သည်။
အရာအားလုံးသည် အသစ်သောဦးတည်ချက်ဆီသို့ သွားနေကြပါသည်။
သို့ရာတွင် ကျန်းအန်းရင်၏အမြင်အရ၊ ကျန်းယွင်ချန်းမှလွဲ၍ ကျန်းမိသားစုမှ အခြားသူများသည် ဝိညာဉ်နယ်ပယ်သို့တက်လာနိုင်သည့် ဖြစ်နိုင်ချေမရှိဘဲ၊ လက်ရှိတွင် လိုအပ်သည့် အရည်အချင်း မရှိသေးပေ။
ပြီးနောက်တွင် ကျန်းယွင်ချန်းက ဝိညာဉ်နယ်ပယ်သို့တက်လာနိုင်ခြင်းသည်ပင် ဖြစ်နိုင်ချေတစ်ခုသာ ဖြစ်သည်။
အချိန်ကျလျှင်မည်ကဲ့သို့ဖြစ်မည်ကို မည်သူမှ သေချာမသိနိုင်ပါ။
ထိုစကားကိုကြားလျှင် ရှန်းရူယန်သည် မတတ်နိုင်ဘဲ ညိုးငယ်သွားခဲ့သည်။
သူမသည် အခြားသူများအတွက် အလွန်စိုးရိမ်နေခဲ့သည်။
အဆုံး၌ ကျင့်ကြံရေးလမ်းသည် တွန်းအားပေး၍မရပေ။
ကျန်းမိသားစု၏အနာဂတ်သည် သူတို့၏ကိုယ်ပိုင်အင်အားအပေါ်တွင်သာမူတည်ပါသည်။
သူမအား အကူညီမဲ့သည်ဟုခံစားရစေသည်မှာ သူမ၏အစ်ကိုအရင်း ရှန်းတောက်မင်ပင်ဖြစ်သည်။
ကျန်းအန်းရန်၏ပြောစကားအရ သူမတက်ရောက်ခြင်းမတိုင်မီ၊ ရှန်းတောက်မင်သည် သူ၏ကျင့်ကြံခြင်းတွင် သိသာသောတိုးတက်မှုကို မပြုလုပ်နိုင်ခဲ့ပါ။
အကယ်၍ သူတို့စီစဉ်ထားခဲ့သော အသက်ရှည်ခြင်းဝိညာဉ်ပစ္စည်းများကြောင့်သာမဟုတ်ခဲ့လျှင်၊ သူသည် မည်မျှနေနိုင်မည်ကို မသေချာပေ။
ထိုသို့ဆိုလျှင်၊ နှစ်ပေါင်းငါးထောင်သည် သူ၏သက်တမ်းကုန်ဆုံးမည့်နှစ်ဖြစ်ပေလိမ့်မည်။
နှစ်ပေါင်းသောင်းချီ သို့ နှစ်ပေါင်းသိန်းချီသက်တမ်းကိုပိုင်ဆိုင်ထားသည့် ရှန်းရူယန်အတွက်မူ၊ ၎င်းသည် လျစ်လျူရှု၍ရသောအချိန်ဖြစ်သည်။
၎င်းသည် သူမ၏နှလုံးသားကို အပေါက်ဖြစ်သွားစေသည်။
အဆုံး၌ သူသည် ဤဘဝတွင် သူမ၏ အစ်ကိုအရင်းဖြစ်ပေသည်။
သူသည် နောက်နှစ်ထောင်ချီအကြာတွင် မရှိတော့မည်ကို တွေးမိလျှင် အကယ်၍ သူမသည် လုံးဝမသက်ရောက်ပါဟုပြောလျှင် ရှင်းလင်းစွာပင် သဘာဝကျမည်မဟုတ်ပါ။
သို့သော် သူမသည် ဖြေရှင်းနိုင်ခြင်းမရှိပေ။
ထိုသို့သောကိစ္စသည် ကြီးမြတ်သော မဟာယနတာအိုအရှင်သည်ပင် ဘာမှမလုပ်နိုင်ပါ။
မသေမျိုးအဖြစ်တက်ရောက်သွားပြီးနောက်မှသာ ဆန်းကြယ်မှုတစ်ခုရှိနိုင်လောက်ပေသည်။
ထိုအတွေးကိုဘေးဖယ်လိုက်ကာ၊ ရှန်းရူယန်သည် ကျန်အန်းရန်အားအပြုံးနှင့် ပြန်ကြည့်ကာ ပြောလိုက်သည်။
“အန်းရန်၊ မင်းက ဒီနှစ်တွေအတွင်းငါတို့ကို စိတ်မပျက်စေခဲ့ဘူး။ မင်းက ကျင့်ကြံခြင်းလမ်းက ဘာကအရေးကြီးလဲဆိုတာ သေချာသိတယ်၊ ငါအရမ်းဝမ်းသာတယ်။ စကားမစပ်၊ ငါမင်းဆရာဆီကနေ သတင်းတစ်ခုရထားတယ်။ ပြောတာ သူလည်းလျို့ဝှက်နယ်မြေကနေ ထွက်လာပြီတဲ့။ အကယ်၍ အခြားကိစ္စမရှိရင် ငါမင်းကိုသူနဲ့တွေ့ဖို့ခေါ်သွားမယ်။
ဒါပြီးရင်တော့ မင်းက မင်းဆရာနဲ့ နေမလား သို့ မိုးကြိုးချိုင့်ဝှမ်းမှာပဲနေမလား အဲ့တာကိုရွေးနိုင်တယ်။”
ဤသို့နှင့် ရှန်းရူယန်သည် ကျန်းအန်းရန်အား မိုးကြိုးချိုင့်ဝှမ်းမှ ခေါ်ထုတ်လာပြီး ဟောက်ရန်ဂိုဏ်း ဆီသို့ ဦးတည်၍ သွားလိုက်လေသည်။
........
တစ်ချိန်တည်းမှာပင်၊
ကျန်းချန်ရွှမ်သည် ရှန်းရူယန်က ဟောက်ရန်ဂိုဏ်းသို့ ကျန်းအန်းရန်ကိုခေါ်၍ လာရောက်မည် ဆိုသော သတင်းကို ရရှိခဲ့သည်။
ထိုသတင်းသည်သူ့အားစောင့်မျှော်နေစေသည်။
အဆုံး၌ သူမသည် သူ၏တပည့်ဖြစ်ပေသည်။ သူတို့သည် နှစ်ပေါင်းများမတွေ့ခဲ့ရပေ။ ယခုမူ သူမသည် အောင်မြင်စွာဖြင့် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ကို တက်လာခဲ့ပြီဖြစ်၍ ကျန်းချန်ရွှမ်သည် သူမအားတွေ့ချင်နေပေသည်။
ထို့ပြင်၊ သူသည် ရှန်းရူယန်နှင့်လည်း မတွေ့ရသည်မှာကြာနေပြီဖြစ်သည်။
၎င်းသည် သူ၏မျှော်လင့်ချက်ကို မြင့်မားစေသည်။
ရှန်းရူယန်သည် လျှင်မြန်စွာရောက်လာခဲ့သည်။
နေရာရွေ့ပြောင်းရေးအစီအရင်ကိုဖြတ်သွားပြီးနောက်၊ အမျိုးသမီးနှစ်ဦးသည် ကျန်းချန်ရွှမ်၏ ရှေ့တွင် ရက်အနည်းငယ်အကြာတွင် ပေါ်လာခဲ့သည်။
သူတို့သုံးဦးတွေ့သောအခါ သူတို့သည် စကားစမြည်ပြောလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် လျှင်မြန်စွာဖြင့် အောက်လောကရှိအခြေအနေများကို နားလည်သွားခဲ့သည်။
သုံးဦးသည် စကားပြောနေချိန်၌၊ ကျန်းချန်ရွှမ်သည် ရုတ်တရက်သူ၏ဆရာချင်ရှန်းဝူ၏ အသံပို့ဆောင်ခြင်းကို ကြားလိုက်ရသည်။
“ချန်ရွှမ်၊ ငါ မင်းရဲ့တပည့် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ကိုတက်လာတယ်လို့ကြားတယ်၊ သူ့ကိုငါ့ဆီကိုတွေ့ဖို့ခေါ်ခဲ့ပါ။ ဒါနဲ့ မင်းရဲ့တာအိုအဖော် ရူယန်ကိုလည်းဒီကိုခေါ်ခဲ့ပါ။ ငါသူတို့ကိုပေးစရာရှိတယ်။”
ကျန်းချန်ရွှမ်သည် သူ့ဆရာ၏အသံပို့ဆောင်ခြင်းကိုကြားလျှင် အနည်းငယ်ကြောင်အသွားခဲ့သည်။
သို့ရာတွင်၊ သူသည် လျှင်မြန်စွာတုံ့ပြန်လိုက်ပြီး ချက်ခြင်းပင် အမျိုးသမီးနှစ်ဦးကို ပြုံးပြလိုက်သည်။
“မိန်းမ၊ အန်းရန်၊ ဆရာက ငါ့ကို အခုပဲအသံပို့လာပြီး မင်းတို့ကို သူ့ဆီခေါ်လာဖို့ပြောတယ်။”
“ဟမ်? စစ်သည်တော်ဦးလေးချင်က ကျွန်မတို့ကိုတွေ့ချင်လို့လား?”
ရှန်းရူယန်သည် အနည်းငယ်အံ့ဩသွားခဲ့သည်။
ကျန်းအန်းရန်ကိုမူ ပြောရန်ပင်မလိုပါ။
သူမဆရာ၏ဆရာသည် စစ်မှန်သောတာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ဖြစ်ကြောင်း သူမသိပါသည်။ သူသည် ဝိညာဉ်နယ်ပယ်ပိရမစ်၏ထိပ်တွင် ရပ်တည်နေသောသူပင်ဖြစ်သည်။
၎င်းသည် ကျန်းအန်းရန်အတွက် ထိုကဲ့သို့သောပုဂ္ဂိုလ်ကို တွေ့ဆုံမည်ဟုကြားလိုက်ရသောအခါ လုံးဝစိတ်မလှုပ်ရှားရန်မဖြစ်နိုင်သည်မှာ သိသာပါသည်။
သူ့တပည့်၏ခံစားချက်ကို အာရုံခံမိသကဲ့သို့၊ ကျန်းချန်ရွှမ်သည်မနေနိုင်ဘဲပြုံးကာ သူမကိုနှစ်သိမ့်လိုက်သည်။
ပြီးနောက်၊ သူသည် ရှန်းရူယန်နှင့် ကျန်းအန်းရန်တို့အား ရှန်းဝူတောင်ထိပ်သို့ခေါ်သွားခဲ့သည်။
သူတို့သည် ရှန်းဝူတောင်ထိပ်သို့ရောက်သွားသည်နှင့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် လေထဲတွင် တည်ငြိမ်သည့်လူကြီးတစ်ယောက်က တိတ်ဆိတ်စွာရပ်နေခဲ့သည်။
၎င်းကိုမြင်လျှင် ကျန်းချန်ရွှမ်က ချက်ခြင်းပင် ရှေ့သို့ကြည့်ကာ ဦးညွတ်လိုက်သည်။
“မင်္ဂလာပါ ဆရာ။”
ရှန်းရူယန်သည် လျှင်မြန်စွာပင် ဦးညွတ်ကာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်၊ စစ်သည်တော်ဦးလေးချင်။”
“ကောင်းပြီ။”
သူတို့၏စကားကိုကြားလျှင်၊ ချင်ရှန်းဝူသည် ချက်ခြင်းပင် ပြုံးကာ လှည့်ကြည့်လာသည်။ သူသည် နှစ်ဦးသားကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်။ အထူးသဖြင့် မင်းပဲ၊ ရူယန်။ မင်းကတကယ်ပဲ မဖျက်စီးနိုင်တဲ့ မိုးကြိုးခန္ဓာကိုယ်ကိုရရှိသွားပြီပဲ။ အခုကစပြီး ကြည့်ရတာ မင်းက မဟာယနအဆင့်ကိုချိုးဖောက်နိုင်ဖို့ အခွင့်အလမ်းမြင့်နေပုံ ရတယ်။”
“စစ်သည်တော်ဦးလေးချင်၊ ကျွန်မကိုမြောက်နေပါပြီ။ ”ရှန်းရူယန်သည် နှိမ်ချစွာပြန်ဖြေလိုက်သည်။
ချင်ရှန်းဝူသည် ပြုံး၍ လက်ကိုယမ်းလိုက်သည်။
“မင်းရဲ့ဆရာက ငါ့ကို မင်းရဲ့အခြေအနေအကြောင်းကိုပြောပြပြီးပါပြီ။ ငါ့ရှေ့မှာ နိမ့်ချနေစရာ မလိုပါဘူး။ စကားမစပ်၊ ငါချန်ရွှမ်ကို မင်းကိုခေါ်လာခိုင်းခဲ့တာက မင်းနဲ့သင့်တော်တာတစ်ခုရှိလို့ပါ။”
စကားပြောရင်း၊ ချင်ရှန်းဝူသည် သူ၏လက်ကိုလှည့်လိုက်သည်။
သူသည် လေနှင့်မိုးကြိုးများဖြင့်တောက်ပနေသည့် တောင်ပံတစ်စုံကို ရှန်းရူယန်ဆီသို့ ပေးလိုက်လေသည်။
“ဒီပစ္စည်းကို လေမိုးကြိုးတောင်ပံလို့ခေါ်တယ်။ အဲ့ဒီမှာလေနဲ့မိုးကြိုးစွမ်းအင်တွေပါတယ်။ အဲ့တာကိုမွမ်းမံပြီးရင်၊ မင်းရဲ့ခန္ဓာကိုယ်နဲ့ပူးပေါင်းလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီပစ္စည်းဟာ မင်းရဲ့အရှိန်ကို အရင်ထပ် ဆယ်ဆပိုမြန်စေလိမ့်မယ်။”
“လေမိုးကြိုးတောင်ပံ?”
ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့သည် နှစ်ဦးလုံးထိတ်လန့်သွားခဲ့သည်။
ရှင်းလင်lစွာပင် သူတို့နှစ်ဦးလုံးထိုပစ္စည်းအကြောင်းကိုကြားဖူးပါသည်။
၎င်းသည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်မှချန်ထားခဲ့သည့် ရတနာဟု ပြောကြပေသည်။
၎င်းသည် ထိပ်ဆုံးတွင်ရှိသည့်အချိန်၌မူ ထိုရတနာသည် သာလွန်သော ဝိညာဉ်ရတနာပင် ဖြစ်ပါသည်။
ပြီးနောက် အကြောင်းအရင်းတစ်ချို့ကြောင့် ထိုရတနာ၏အဆင့်က ကျသွားခဲ့သည်။
သို့ရာတွင် ထိုရတနာသည် အဆင့်မြင့်ဝိညာဉ်ရတနာဖြစ်နေပါသေးသည်။
အရေးကြီးဆုံးအချက်မှာ အကယ်၍ ရှန်းရူယန်သည် အနာဂတ်တွင် ၎င်းကိုပြင်ဆင်ရန်နည်းလမ်းကို ရှာဖွေနိုင်ခဲ့လျှင် ထိုဝိညာဉ်ရတနာ၏အဆင့်က တစ်နေ့တွင် ကောင်းကင်ဆက်သွယ်ခြင်း ဝိညာဉ်ရတနာ အဖြစ်သို့ ပြန်သွားနိုင်ပေလိမ့်မည်။
ရှန်းရူယန်သည်အလွန်ယဉ်ကျေးနေရန်မလိုအပ်ကြောင်း သိပါသည်။
ထို့ကြောင့် သူမသည် မငြင်းပယ်ဘဲ၊ ထိုအစား၊ သူမသည် ဦးညွတ်ကာ ကျေးဇူးတင်လိုက်သည်။
“ရတနာအတွက်ကျေးဇူးတင်ပါတယ်၊ စစ်သည်တော်ဦးလေးချင်။”
“ကောင်းပြီ။”
ချင်ရှန်းဝူသည် ပြုံးကာ အနည်းငယ်ခေါင်းညိတ်လိုက်သည်။
ပြီးနောက် သူသည်သူတို့၏နောက်တွင်ရှိသော ကျန်းအန်းရန်အားကြည့်လိုက်သည်။
“ဒါက မင်းရဲ့တပည့် ကျန်းအန်းရန်လား? ကောင်းတယ်။ သူမရဲ့ကျင့်ကြံခြင်းအခြေခံက တကယ်ကိုအရမ်းခိုင်မာတယ်။ ကြည့်ရတာ မင်းတို့သူ့အပေါ် အရင်က အားစိုက်ထုတ်ထားပေး ကြတာပဲ။”
ထိုသို့ကြားလျှင်၊ ကျန်းအန်းရန်သည် လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူမသည် ချက်ခြင်းပင်၊ ရှေ့သို့ထွက်ကာ ချင်ရှန်းဝူအား လေးစားစွာဖြင့် ဦးညွတ်လိုက်သည်။
“တပည့် ကျန်းအန်းရန်၊ အကြီးအကဲကိုနှုတ်ဆက်ပါတယ်။”
“ဟားဟားဟား”
ချင်ရှန်းဝူသည် ရုတ်တရက်ရယ်လိုက်သည်။ သူသည် ကျန်းအန်းရန်အား ခေါင်းညိတ်ပြလိုက်သည်။
“ကလေးမလေး မင်းက မင်းဆရာလိုပဲ ဟာသဉာဏ်ရှိတာပဲ။”
စကားပြောပြီးနောက်၊ ချင်ရှန်းဝူသည် လက်ကိုဆန့်ထုတ်လိုက်သည်။
ပြီးနောက် ကျန်းအန်းရန်၏ရှေ့တွင် ရတနာသုံးခုပေါ်လာခဲ့သည်။
၎င်းတို့သည် အလံတစ်ခု၊ ကျောက်စိမ်းပုလင်းတစ်လုံးနှင့် ကျောက်စိမ်းပြားတစ်ခုဖြစ်သည်။
ထိုအလံသည် မြေဒြပ်စင်ခုခံခြင်းဝိညာဉ်ရတနာဖြစ်သည်။
ကျောက်စိမ်းပုလင်းသည် ဟောက်ရန်ရှင်းလင်းခြင်းရေတစ်စက်ပါဝင်ပေသည်။
ကျောက်စိမ်းပြားအတွက်မူ ၎င်းသည် ကျင့်ကြံခြင်းနည်းစနစ်များကို မှတ်တမ်းတင်ထားသည်။
၎င်းတို့သည် ကျန်းအန်းရန်က တကယ်ပင် လိုအပ်နေသောအရာများဖြစ်သည်။
ဝိညာဉ်ရတနာနှင့် ကျင့်ကြံခြင်းနည်းလမ်းများကိုမဆိုသေးနှင့်၊ ဟောက်ရန်ရှင်းလင်းခြင်းရေစက်သည် အလွန်အဖိုးတန်သည့် ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။
၎င်းသည် ကျင့်ကြံသူအား ဓမ္မစွမ်းအား၊ ကျင့်ကြံခြင်းနှင့် မူလဝိညာဉ်တို့တွင် ရှိနေသည့် မသန့်စင်မှုများကို ဆေးကြောပစ်နိုင်သည်။
၎င်းသည် ကောင်းကင်ရေတံခွန်ဂိတ်တွင် ထိပ်တန်း သန့်စင်ခြင်းရတနာတစ်ခုဖြစ်သည်။
ဟောက်ရန်သန့်စင်ခြင်းရေတစ်စက်သည် များစွာသော ဗလာနယ်ပြန်ဂိုဏ်းများကို တိုက်ခိုက်စေနိုင်သည်ဟု ပြောလျှင်ပင် ချဲ့ကားရာမရောက်ပေ။
“ဆရာ ဒါက အရမ်းအဖိုးတန်တဲ့အရာမဟုတ်ဘူးလား?” ကျန်းချန်ရွှမ်က မနေနိုင်ဘဲ ပြောလိုက်သည်။
သိထားရမည်မှာ ကျန်းအန်းရန်၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်တွင် ဖြစ်သည်။
ထိုကဲ့သို့ အဖိုးတန်သောအရာကိုယခုပေးခြင်းသည် ချဲ့ကားရာရောက်ပါသလား?
သူနှင့် ရှန်းရူယန်သည်ပင် ယခင်ကထိုကဲ့သို့ကောင်းသောအရာကို မရခဲ့ဖူးပါ။
“ဟဲဟဲ၊ သူမက ငါ့ရဲ့မြေးတပည့်ဆိုမှတော့ ဒီပစ္စည်းလေးက ဘာမှမဟုတ်သေးပါဘူး။
စကားမစပ် မင်းက သူ့ကို ဟောက်ရန်ဂိုဏ်းကိုဝင်ခွင့်ပြုမှာလား မိုးကြိုးချိုင့်ဝှမ်းကို ဝင်ခွင့်ပြုမှာလား?”
ထိုမေးခွန်းကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချင်းချင်းကြည့်လိုက်ကြသည်။
အမှန်မှာ သူတို့မလာခင်၌ ထိုပြဿနာအား အချင်းချင်း ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
သူတို့သည် ဟောက်ရန်ဂိုဏ်းကို ဝင်ခြင်းသည် ကျန်းအန်းရန်အတွက် ပို၍သင့်တော်လိမ့်မည်ဟု ခံစားရပေသည်။
အဆုံး၌ ကျန်းအန်းရန်သည် မြေဒြပ်စင်ကောင်းကင်ဝိညာဉ်အမြစ်ရှိသောကြောင့်ဖြစ်သည်။
သူမ၏ကျင့်ကြံခြင်းအဆင့်သည် တကယ်ပင် အရေးပါသောကိစ္စမဟုတ်တော့ပါ။
ထို့နောက်တွင် သူမလိုအပ်သောအရာမှာ သူမ၏ အမြစ်ကို သိပ်သည်းရန်လိုအပ်ပေသည်။
မိုးကြိုးချိုင့်ဝှမ်းအတွက်မူ၊ သူတို့အများစုသည် မိုးကြိုးဒြပ်စင် အမြစ်များရှိကြသည်။
အကယ်၍ ကျန်းအန်းရန်သာထိုနေရာတွင် နေလိုက်လျှင် သူမသည် သူမနှင့်သင့်တော်သည့် အရာကိုရှာတွေ့နိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့်၊
ကျန်းအန်းရန်၏အနာဂတ်အတွက် သူမသည် ဟောက်ရန်ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် သင့်တော်ပါလိမ့်မည်။
ကျန်းချန်ရွှမ်ကပြောလိုက်သည်။ “ဆရာ၊ ရူယန်နဲ့ကျွန်တော်တို့ အန်းရန်ကို ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းကိုဝင်ဖို့ စီစဉ်ထားပါတယ်။” ကျန်းချန်ရွှမ်၏အဖြေကိုကြားလျှင် ချင်ရှန်းဝူ၏မျက်လုံးသည် တောက်ပသွားကာ သူသည် ချက်ခြင်းခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ ဒါဖြစ်သင့်ပါတယ်။”
***