ထိုက်ကန်းကျီကို မျက်နှာသာမပေးခြင်း
Vol. 43 Ch. 811
ရှိနေသောသူများကြားတွင်၊ ရောက်လာသောသူမှာ ထိုက်ကန်းကျီဖြစ်ကြောင်း သတိပြုမိကြသောအခါ အများစုသည် နတ်ဘုရားအရှင်နှင်းဓားကဲ့သို့ပင် တုံ့ပြန်ကြလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လည်း သူ့နာမည်အားကြားဖူးပါသည်။
သူသည်ကောင်းကင်အလင်းအဆင့်သို့ အချိန်တိုအတွင်းရောက်နိုင်သူဖြစ်ကာ ချင်ခုန်းခန်းမတွင် မသေမျိုးဖြစ်နိုင်ချေရှိသည်ဟုသတ်မှတ်ထားခံရပြီး သူ၏သာလွန်သောအရည်အချင်းကြောင့် ကျော်ကြားပေသည်။
ထိုအချိန်တွင်၊
မိုးနှင်းနှင့်လေမျှော်စင်အနီး၌ မဟာနန်းတော်က နီးကပ်လာခဲ့သဖြင့် နတ်ဘုရားအရှင်နှင်းဓားသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အားနာစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မတောင်းပန်ပါတယ်။ ဂျူနီယာညီမရှန်း၊ ဂျူနီယာမောင်လေးကျန်း၊ ကျွန်မ ထိုက်ရှန်းကျီကို ကိုယ်တိုင်သွားကြိုရမယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ခြင်းပင် ပြုံးကာ ခေါင်းကိုခါလိုက်သည်။
“စီနီယာအစ်မနှင်းဓား၊ ကျွန်မတို့ကိုအားနာစရာမလိုပါဘူး၊ သွားပါ။”
“ကောင်းပါပြီ။”
နတ်ဘုရားအရှင်နှင်းဓားသည် ခေါင်းညိတ်လိုက်သည်။
ခနအကြာတွင်၊ သူမသည် ကိုယ်တိုင် ထိုဂုဏ်ကျက်သရေရှိသောနန်းတော်သို့ သွားလိုက်သည်။
ထိုအချိန်တွင် သူမနှင့် အတူအချို့ကျင့်ကြံသူများလည်း အတူသွားကြလေသည်။
နတ်ဘုရားအရှင်နှင်းဓားသည် တစ်ချက်ကြည့်လိုက်ကာ သူတို့အား အာရုံမစိုက်တော့ပေ။ ထိုအစား၊ သူမသည်ဂုဏ်ကျက်သရေရှိသောနန်းတော်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းထိုက်ကန်းကျီ၊ ရှင်က အဝေးကလာခဲ့တာပဲ၊ ရှင့် ရှိနေတာက ကျွန်မရဲ့မျှော်စင်ကို ပိုပြီး တောက်ပသွားစေပါတယ်။”
“နတ်သမီးနှင်းဓားက အရမ်းယဉ်ကျေးနေပါပြီ။”
ကြည်လင်ရှင်းလင်းသည့် အမျိုးသားအသံတစ်ခုက ချက်ခြင်းပင် ကြီးမားသည့်နန်းတော်ထံမှ ထွက်လာခဲ့သည်။
ပြီးနောက် ပုံရိပ်တစ်ခုက လင်းလက်သွားသည်။
အနက်ရောင်တာအိုဝတ်ရုံကိုခြုံထားကာ ကျောက်စိမ်းကဲ့သို့အသားအရည်ရှိပြီး နဖူးပေါ်တွင် တာအိုပုံစံရေးထွင်းထားသော အလွန်ချောမောသည့် လူငယ်အမျိုးသားတစ်ဦးသည် လူတိုင်း၏အရှေ့တွင် ပေါ်လာခဲ့သည်။ “မင်္ဂလာပါ။ တာအိုရောင်းရင်းထိုက်ကန်းကျီ။”
ချက်ခြင်းပင် ရှိနေသောသူများက ထိုက်ကန်းကျီအား လေးစားစွာဖြင့် ဦးညွတ်လိုက်ကြသည်။
ထိုက်ကန်းကျီသည် အနည်းငယ်သာခေါင်းညိတ်ပြလေသည်။
ပြီးနောက် သူသည် နတ်ဘုရားအရှင်နှင်းဓားကိုကြည့်ကာပြောလိုက်သည်။
“နတ်ဘုရားနှင်းဓား၊ အချိန်ရောက်ပြီထင်တယ်။ ဒီလဲလှယ်ပွဲကိုစလို့ရပြီလား?”
စကားပြောရင်း ထိုအုပ်စုသည် မိုးနှင်းနှင့် လေမျှော်စင် ထဲသို့ဝင်လာကြသည်။
နတ်ဘုရားအရှင်နှင်းဓားသည် ခဏလောက်တွေးလိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် လဲလှယ်ပွဲကို စကြတာပေါ့။”
သူမသည် သက်တန့်ရောက်များထွက်နေသည့် ကြာပွင့်ကို ထုတ်လာကာ ကြေငြာလိုက်သည်။
“ကျွန်မ ဒီမူလဝိညာဉ်ကို သန်မာစေတဲ့ ဝိညာဉ်ခုနှစ်မျိုးကြာပွင့်နဲ့ စပြီးကမ်းလှမ်းပါ့မယ်။ ဒီပစ္စည်းရဲ့တန်ဖိုးကိုတော့ ကျွန်မကရှင်းပြဖို့လိုမယ်မထင်ပါဘူး။
ဒီမှာပါ၊ ကျွန်မက ဒီပစ္စည်းကို ရေခဲနဲ့ နှင်းပိုင်နက် သို့ မိုးကြိုးပိုင်နက်ကိုတိုးမြင့်ပေးနိုင်တဲ့ ပစ္စည်းနဲ့လဲလှယ်ချင်ပါတယ်။”
မျက်လုံးများသည် နတ်ဘုရားအရှင်နှင်းဓား၏ကမ်းလှမ်းချက်ကြောင့် တောက်ပသွားကြသည်။
သို့ရာတွင်၊ လူတိုင်းက သူမလဲလှယ်လိုသည့်ပစ္စည်းကိုကြားသောအခါ နှလုံးသားထဲမှ သက်ပြင်းချလိုက်ရုံအပြင် မတတ်နိုင်ခဲ့ပေ။
ရှင်းလင်းစွာပင်၊ နတ်ဘုရားအရှင်နှင်းဓားမှ လဲလှယ်လိုသည့်ပစ္စည်းမှာ သူတို့ကဲ့သို့ သာမန်ဓမ္မပုံစံအဆင့် သို့ ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများတွင် မရှိပါ။
သို့ရာတွင် ထိုးထွင်းသိမြင်ခြင်းအဆင့်ရှိ အင်အားကြီးကျင့်ကြံသူများနှင့် ထိုက်ကန်းကျီကဲ့သို့ ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူများတွင်သာရှိနိုင်ပေသည်။
“နတ်သမီးနှင်းဓား။”
ပြီးနောက်တွင် လူငယ်အမျိုးသားသည် နတ်ဘုရားအရှင်နှင်းဓားနှင့်လဲလှယ်ရန် ရုတ်တရက် ရှစ်ထောင့်ရေခဲသလင်းကျောက်ကို သူ၏ပိုင်ဆိုင်မှုထဲမှ ထုတ်လာခဲ့သည်။ နတ်ဘုရားအရှင်နှင်းဓား၏မျက်နှာသည် ထိုသလင်းကျောက်ကို စိတ်ဝင်စားမှုဖြင့် တောက်ပသွားခဲ့သည်။
လူငယ်အမျိုးသားသည် အပြုံးဖြင့်ပြောလိုက်သည်။ “ဒီမှော်ဝင်နှစ်တစ်ထောင်ရေခဲခြင်ဆီက ရေခဲနှင့်နှင်းပိုင်နက်ကို တိုးမြင့်ပေးနိုင်ပါတယ်။ ခင်ဗျားရဲ့ ခုနစ်မျိုးကြာပွင့်နဲ့လဲဖို့ ပြဿနာမရှိလောက်ပါဘူးမလား?”
“ဟဲဟဲ၊ ကျီဝူ ရှင်က အရမ်းယဉ်ကျေးနေပါပြီ။” နတ်ဘုရားအရှင်နှင်းဓားသည် အနည်းငယ်ပြုံးကာ တုံ့ပြန်လိုက်သည်။
“ကျွန်မရဲ့ဝိညာဉ်ခုနှစ်မျိုးကြာပွင့်ကို မင်းရဲ့မှော်ဝင်နှစ်တစ်ထောင်ရေခဲခြင်ဆီနဲ့လဲရမယ်ဆိုတော့ ဒီလဲလှယ်ခြင်းကနေ အကျိုးအမြတ်ရတဲ့သူက ကျွန်မဖြစ်မှာပဲ။
မျှတသွားဖို့အတွက်၊ ကျွန်မက ကောင်းကင်သလင်းကျောက်သုံးသောင်းပါ ထည့်ပြီးလဲလှယ်မယ် ဆိုရင်ကော ဘယ်လိုလဲ?”
“နတ်ဘုရားအရှင်နှင်းဓားက အဲ့လိုလုပ်မယ်ဆိုမှတော့ ကျွန်တော်မငြင်းတော့ပါဘူး။” လူငယ်အမျိုးသား ကျီဝူက အနည်းငယ်ပြုံးကာ ပြောလိုက်ပြီး မှော်ဝင်နှစ်တစ်ထောင်ရေခဲခြင်ဆီကို နတ်ဘုရားအရှင်နှင်းဓားကိုပေးလိုက်လေသည်။
သူတို့၏လဲလှယ်ခြင်းပြီးဆုံးပြီးနောက်၊ နတ်ဘုရားအရှင်နှင်းဓား၏ အောက်တွင်ထိုင်နေသော အနီရောင်ဆံပင်နှင့်လူသည် ကျောက်စီမ်းပုလင်းတစ်ခုကို ယူထုတ်လာကာ လူတိုင်းကို ကြေငြာလိုက်သည်။
“ရောင်းရင်းတို့ ကျွန်တော့်မှာ မီးဝိညာဉ်ကောင်းကင်ရေစက်ရှိပါတယ်။ ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကိုမြင့်တင်ပေးနိုင်တဲ့ ဆေးလုံးတစ်မျိုးနဲ့လဲချင်ပါတယ်။”
“ဟမ်၊ မီးဝိညာဉ်ကောင်းကင်ရေစက်လား?”
ထိုအရာကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။
ရှန်းရူယန်သည် ချက်ခြင်းပင် ကျန်းချန်ရွှမ်အား ဆက်သွယ်လိုက်သည်။ “ယောကျာ်း၊ ရှင်အဲ့ဒီမီးဝိညာဉ်ကောင်းကင်ရေစက်ကိုသုံးလို့ရလား?”
ကျန်းချန်ရွှမ်သည် မငြင်းပယ်ပဲ တုံ့ပြန်ရန် ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ အဲ့ဒီမီးဝိညာဉ်ကောင်းကင်ရေစက်က ကိုယ့်အတွက် မီးစည်းမျဉ်းကိုနားလည်ဖို့ ကူညီပေးနိုင်တယ်။”
“ဒါဆိုရင် ကျွန်မရဲ့ လျို့ဝှက်ဆန်းကြယ်နိယာမဆေးလုံးနဲ့စမ်းကြည့်မယ်။”
ရှန်းရူယန်ကပြောလိုက်ပြီး သူမ အောင်မြင်စွာသန့်စင်ထားသည့် လျို့ဝှက်ဆန်းကြယ်နီယာမဆေး လုံး အသစ်ကို ထုတ်ကာ ဆံပင်အနီနှင့်လူကို ပြောလိုက်သည်။
“တာအိုရောင်းရင်း၊ ကျွန်မမှာ အသစ်သန့်စင်ထားတဲ့ လျို့ဝှက်ဆန်းကြယ်နိယာမဆေးလုံးရှိတယ်။ ရှင့်ရဲ့ မီးဝိညာဉ်ကောင်းကင်ရေစက်နဲ့လဲဖို့ စိတ်ဝင်စားလား?”
“ဟမ်။”
ရုတ်တရက် ရှန်းရူယန်၏ကမ်းလှမ်းချက်ကိုကြားလျှင် ရှိနေသည့်သူများသည် အံ့အားသင့်သွားသည် ကို ပြလာခဲ့သည်။
သူတို့သည် နတ်ဘုရားအရှင်နှင်းဓားကိုယ်တိုင်ကြိုဆိုသောသူသည် အဆင့် ၇ အဂ္ဂိရတ်ပညာရှင် ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။
အဂ္ဂိရတ်ပညာရှင်ဆိုသည့် ရာထူးသည်မြင့်မားပါသည်။ အထူးသဖြင့် အဆင့် ၇ဆေးလုံးကို သန့်စင်နိုင်သည့် အဂ္ဂိရတ်ပညာရှင်များပင်ဖြစ်သည်။
သူတို့သည် ထိုကဲ့သို့အဂ္ဂိရတ်ပညာရှင်မှ ဝန်ဆောင်မှုလိုအပ်လိမ့်မည်ဟု မသိခဲ့ပါ။
ထို့ကြောင့်။
အဆင့် ၇ အဂ္ဂိရတ်ပညာရှင်များနှင့် ထိုအဆင့်ထပ်မြင့်သူများသည် အခြားသူများမှ လေးစားခြင်းကို ခံရပါသည်။
ဆံပင်အနီနှင့်လူသည်လည်း လျို့ဝှက်ဆန်းကြယ်နိယာမဆေးလုံးကိုမြင်လျှင် မျက်လုံးများ တောက်ပသွားပြီး ရှန်းရူယန်အားပြောလိုက်လေသည်။
***