ရှေးဟောင်းဂူဗိမာန်၊ စီနီယာအစ်မ ယွဲ့ချန်ကျွင်း
Vol. 43 Ch. 813
အခြားတစ်ဖက်၌၊
ရှန်းရူယန်သည် စီနီယာအစ်မနှင်းဓားထံသို့ သူမ၏အသံကိုပို့လွတ်လိုက်သည်။
“ကျွန်မတောင်းပန်ပါတယ်၊ စီနီယာအစ်မနှင်းဓား၊ ကျွန်မရဲ့ယောကျ်ားက အတော်လေးခေါင်းမာတယ်။ အကယ်၍ အခုဖြစ်သွားတာအတွက် အဆင်မပြေတာရှိရင် ကျွန်မ သူ့ကိုယ်စားတောင်းပန်ပါ့မယ်။” နတ်ဘုရားအရှင်နှင်းဓားသည်ရုတ်တရက် သူမ၏ခေါင်းကိုခါလိုက်သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ဂျူနီယာညီမ ရှန်း၊ မင်းရဲယောကျ်ားက ဘာမှမှားတာမလုပ်ထားပါဘူး။ အခြားတစ်ဘက်ကသာ အစ်မရဲ့လဲလှယ်ပွဲက စည်းမျဉ်းတွေကို ချိုးဖောက်တာပါ။ မင်းရဲ့ယောကျာ်းက မှန်တဲ့ဘက်ကရပ်တည်လိုက်တာဟာ အစ်မအတွက် တကယ်အကူအညီဖြစ်ပါတယ်။
မင်းနဲ့မင်းယောကျ်ားက ဒီကိစ္စအတွက်ပူစရာမလိုပါဘူး။”
တစ်ချိန်တည်းမှာပင်၊ ထိုက်ကန်းကျီ၏ဘေးမှ မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲသည် ကျန်းချန်ရွှမ်နှင့် ကောင်းပိုင်ယွဲ့တို့အား အေးစက်စွာကြည့်နေကာ ထိုက်ကန်းကျီအား အသံပို့ဆောင်လိုက်သည်။
“သူတော်စင်သားတော်၊ ဒီပွဲပြီးသွားရင် သူတို့နှစ်ယောက်ကို ကျွန်တော်ကနေကိုယ်စား ဆုံးမပေးရဦးမလား?”
ထိုက်ကန်းကျီက ဖြည်းဖြည်းခေါင်းခါလိုက်သည်။
“မလိုပါဘူး။ ဦးလေးဖန်း၊ ကျွန်တော်ကိုယ်တိုင်ပဲ သူတို့နဲ့နောက်မှ စကားပြောလိုက်ပါ့မယ်။”
အချိန်များကုန်လွန်သွားသည်နှင့် အားလုံးက ဖြစ်ပျက်သွားသည့်အရာများကိုမေ့သွားပုံပေါ်ကာ အချင်းချင်းစကားပြောနေကြသည်။
......
အချိန်တစ်ချို့ကြာပြီးနောက်၊
လဲလှယ်ပွဲက တရားဝင်ပြီးဆုံးသွားသည်။
ထိုပွဲတွင်ပါဝင်ကြသောသူများသည် တစ်ဦးပြီးတစ်ဦးထွက်ခွာသွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း စီနီယာအစ်မနှင်းဓားကို နှုတ်ဆက်ရန်သွားသည့်အချိန်တွင် စီနီယာအစ်မနှင်းဓားက သူတို့အား တားဆီးလိုက်သည်။
“ဂျူနီယာအစ်မ ရှန်း၊ ဂျူနီယာအစ်ကိုကျန်း ခနလောက်စောင့်ပါဦး။”
“ဟမ်?”
နတ်ဘုရားအရှင်နှင်းဓား၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ချက်ခြင်းပင် ထိုနှစ်ဦးသည် ထွက်ခွာတော့မည့် ကောင်းပိုင်ယွဲ့ကိုသတင်းပို့လိုက်သည်။ ထိုသို့နှင့် သူတို့သည် နတ်ဘုရားအရှင်နှင်းဓားက သီးသန်းခန်းထဲသို့ ခေါ်သွားသည်ကိုတွေ့လိုက်ရသည်။
“စီနီယာအစ်မနှင်းဓား၊ ရှင်ကျွန်မတို့ကိုတားရတဲ့အကြောင်းအရင်းက…?”
ရှန်းရူယန်သည် မနေနိုင်ဘဲ မေးလိုက်လေသည်။
အချိန်မဆွဲတော့ဘဲ နတ်ဘုရားအရှင် နှင်းဓားက ကျောက်စိမ်းပြားကိုယူထုတ်လာကာ ရှန်းရူယန်ထံသို့ပေးလိုက်သည်။ “ဒါကိုကြည့်လိုက်ပါဦး။ ဂျူနီယာညီမရှန်း။”
ရှန်းရူယန်သည် ကျောက်စိမ်းပြားကို သူမ၏နတ်ဘုရားအာရုံဖြင့် ရှာဖွေလိုက်ပြီးနောက် အနည်းငယ်ပဟေဠိဖြစ်သွားခဲ့သည်။
သူမ၏အမူအရာသည် ချက်ခြင်းပင်၊ ထိုအတွင်းမှတ်တမ်းတင်ထားသည့် ရှေးဟောင်းဂူတစ်ခု၏တည်နေရာကိုမြင်လျှင် ပြောင်းလဲသွားခဲ့သည်။
သူမသည် ကျောက်စိမ်းပြားကိုနတ်ဘုရားအရှင်နှင်းဓားအားပြန်ပေးလိုက်ပြီး သူမ၏အမူအရာသည် တည်ငြိမ်သွားခဲ့သည်။
“စီနီယာအစ်မနှင်းဓား၊ ဘာလုပ်ဖို့စီစဉ်နေတာလဲ?"
နတ်ဘုရားအရှင်နှင်းဓားသည် အနည်းငယ်ပြုံးလိုက်သည်။
“မင်းခန့်မှန်းထားပြီးသားဖြစ်လိမ့်မယ်။ အစ်မက မင်းနဲ့ဂျူနီယာမောင်လေးကျန်းကို အစ်မနဲ့အတူ ဒီဂူထဲစူးစမ်းလေ့လာဖို့ ဖိတ်ခေါ်ချင်တယ်။”
သူမသည် ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့သည် အသေးစိတ်ကိုရှင်းပြလိုက်သည်။
အချိန်သိပ်မကြာခင်က နတ်ဘုရားအရှင်နှင်းဓားသည် ထိုရှေးဟောင်းဂူဗိမာန်၏ တည်နေရာအတိအကျကို အခွင့်အရေးရ၍ သိခဲ့ရသည်။
သူမသည် ရှေးဟောင်းဂူဗိမာန်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်သည့်အခါ၌မူ၊ ဝင်ပေါက်ကိုအစီအရင်တစ်ခုကာဆီးထားသည်ကို တွေ့ရှိခဲ့ရသည်။
သူမသည် အစီအရင်ကိုချိုးဖျက်နိုင်သည့်စွမ်းအားရှိသော်လည်း၊ အချိန်လိုအပ်မည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဂူအပြင်ဖက်တွင် ပေါ်လာခဲ့သောသူများသည် ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားများက လျော့တွက်၍ မရပါ။
၎င်းသည် နတ်ဘုရားအရှင်နှင်းဓားအားအစီအရင်ကိုဖျက်ရန်ဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့သည်။
နောက်ဆုံးတွင် သူမနှင့်ထိုသူများသည် ကောင်းကင်တာအို၏အောက်တွင် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပြီး ဂူဗိမာန်ကိုအတူတကွစူးစမ်းကြရန် သဘောတူညီလိုက်ကြသည်။
လူတစ်ဦးလျှင် အကူသုံးဦးခေါ်လာနိုင်ပြီး ထိုအုပ်စုမှလွဲ၍ အပြင်လူကို ၎င်းတွေ့ရှိချက်အကြောင်း ပြော၍မရပါ။
“ဘယ်လိုလဲ? ဂျူနီယာညီမရှန်း၊ ဂျူနီယာအစ်ကိုကျန်း၊ ကျွန်မနဲ့ရှေးဟောင်းဂူဗိမာန်မှာ ဘာရတနာရှိလဲ သွားရှာကြမလား?” နတ်ဘုရားအရှင်နှင်းဓားက တောင်းဆိုလိုက်သည်။
သူမ၏ဖိတ်ကြားခြင်းကြောင့်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အချင်းချင်း၏မျက်လုံးထဲ အတည်ပြုခြင်းကို ရယူလိုက်ကြသည်။
ရှန်းရူယန်သည် တုံ့ပြန်လိုက်သည်။ “စီနီယာအစ်မနှင်းဓား၊ ကျွန်မတို့အစ်မနဲ့အတူ ဂူဗိမာန်ကို စူးစမ်းဖို့ဝမ်းသာစွာလက်ခံပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဂူဗိမာန်အကြောင်းကို ပိုသိချင်ပါသေးတယ်။
ပြီးတော့လဲ တတိယတစ်ယောက်အနေနဲ့ အစ်မဘယ်သူ့ကိုဖိတ်ဖို့ စီစဉ်ထားလဲ?”
“ငါကတော့ စီနီယာအစ်မ ယွဲ့ချန်ကျွင်းကိုဖိတ်ဖို့စဉ်းစားထားတယ်။ မင်းလည်းသူ့ကိုသိတယ်မလား။” နတ်ဘုရားအရှင်နှင်းဓားသည် ပြောပြလိုက်သည်။
“စီနီယာအစ်မ ယွဲ့ချန်ကျွင်းလား?”
ထိုနာမည်ကိုကြားလျှင် ရှန်းရူယန်သည် ချက်ခြင်းပင် အသိအမှတ်ပြု၍ ခေါင်းညိတ်လိုက်သည်။
တကယ်ပင်၊
သူမသည်ယွဲ့ချန်ကျွင်းကို သိပါသည်။
သူမသည် သူတို့၏ အကြီးဆုံးစီနီယာအစ်မဖြစ်ကာ မိုးကြိုးချိုင့်ဝှမ်းတွင် တာအိုဖွဲ့စည်းခြင်းအဆင့် အောက်ရှိ နံပါတ်တစ် လူတစ်ဦးဖြစ်ပါသည်။
သူမ၏ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုးသည် ယှဉ်ပြိုင်နိုင်သူမရှိပါ၊ သူမ၏နတ်ဘုရားမိုးကြိုးနှင့် ထိုးထွင်းသိမြင်ခြင်းအဆင့် ကျင့်ကြံသူများစွာ၏ အသက်ကိုနုတ်ယူခဲ့ဖူးသည်။
အရေးအကြီးဆုံးအချက်မှာ၊ စီနီယာအစ်မယွဲ့ချန်းကျွင်းသည် သူမ၏မှန်ကန်ခြင်းနှင့် သူမ၏ဂျူနီယာများအတွက် ရက်ရောခြင်းကြောင့် သူမအား တတိယအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ထွက်ခွာရမည့်အချိန်ကို မေးမြန်းရာ နှစ်ဝက်ကြာပြီးသည့်အချိန်ဖြစ်သည်။
ထိုအချိန်တွက် ကန့်ကွက်မှုမရှိဘဲ ထိုစုံတွဲသည် နတ်ဘုရားအရှင်နှင်းဓားအား ထိုသတင်းကိုမည့်သူ့ကိုမှ ဖွင့်မပြောပါဟု သဘောတူခဲ့လေသည်။
သူတို့သည် ထွက်ခွာတော့မည့်အချိန်တွင် နတ်ဘုရားအရှင်နှင်းဓားသည် သူတို့အား ယာယီရပ်တန့်စေကာ ထိုက်ချန်းကျီအား သတိထားရန်ပြောခဲ့လေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့နားလည်ကြောင်းပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် နတ်ဘုရားအရှင်နှင်းဓား၏အကူအညီကိုလည်း ငြင်းပယ်လိုက်သည်။
နတ်ဘုရားအရှင်နှင်းဓား၏နေရာမှ ထွက်လာပြီးနောက်၊ စားသောက်ဆိုင်တွင် စောင့်နေသော ကောင်းပိုင်ယွဲ့အားရှာတွေ့ခဲ့သည်။
တွေ့ပြီးနောက် သဘာဝကျစွာပင် စကားစမြည်ပြောလိုက်ကြသည်။
သို့ရာတွင် ကောင်းပိုင်ယွဲ့၏ ကျန်းချန်ရွှမ်အပေါ် ကျေးဇူးတင်စိတ်ကပို၍ခိုင်မာနေသည်။
အဆုံး၌ ကျန်းချန်ရွှမ်သည် အကယ်၍ လဲလှယ်ပွဲတွင် ခိုင်မာစွာရပ်တည်ခြင်းမရှိဘဲ ထိုက်ကျန်းကျီဆန္ဒရှိသကဲ့သို့ ပစ္စည်းအားရောင်ရင် မငြင်းပယ်ခဲ့လျှင်ကောင်းပိုင်ရှန်းသည် ခြောက်သွေ့နေမြက်ကို မရနိုင်ခဲ့လောက်ပေ။
သူတို့၏လဲလှယ်ပွဲမှ ဤတွေ့ဆုံမှုကြောင့် ကျန်းချန်ရွှမ်သည် သူ၏အပြုအမူအားဖြင့် ကောင်းပိုင်ယွဲ့၏ကျေးဇူးတင်စိတ်ကိုရရှိထားခြင်းဖြစ်သည်။ အချိန်အနည်းငယ်ကြာလျှင်၊ ကောင်းပိုင်ယွဲ့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ကျောက်စိမ်းပြားတစ်ခုကို လွဲပေးလိုက်သည်။
“တာအိုရောင်းရင်းတို့ ထိုကျောက်စိမ်းပြား၌ ထိုက်ကန်းကျီအကြောင်းသတင်းတွေပါဝင်ပါတယ်။ ခင်ဗျားတို့ပြန်သွားရင်၊ ခင်ဗျားတို့ ပြန်ကြည့်လိုက်တဲ့အခါ သတင်းအချက်အလက်တွေကို တွေ့ပါလိမ့်မယ်။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အတော်လေးအံ့အားသင့်သွားပြီး ကောင်းပိုင်ယွဲ့၏ အပြုအမူကိုမူ မငြင်းပယ်ခဲ့ပါ။
သူတို့၏ကိုယ်ပိုင်ဂိုဏ်းများတွင် ထိုက်ကန်းကျီအကြောင်း သတင်းများကို စုဆောင်းခွင့်ပြုထားသော်လည်း ကောင်းပိုင်ယွဲ့သည် ဝမ်ရှန်းဂိုဏ်းမှဖြစ်ကာ သူသည် သူတို့၏ကိုယ်ပိုင်ဂိုဏ်းများတွင်မရှိသော ထူးခြားသည့် အသိပညာများရှိနိုင်ပေသည်။
သုံးဦးသည် အချိန်ခဏ စကားပြောခဲ့ကြသည်။
ပြီးနောက် သူတို့၏ကိုယ်ပိုင်ဆက်သွယ်ရန်နည်းလမ်းများကို ဖလှယ်ကာ နှုတ်ဆက်လိုက်ကြလေသည်။
ထိုအချိန်တွင်၊ ထိုစုံတွဲသည် နောက်နှစ်ဝက်တွင်သွားရမည့် ရှေးဟောင်းဂူခရီးအတွက် ပြင်ဆင်ရမည်ဖြစ်သည်။
သူတို့သည် အနီးအနားမှ ဈေးကိုသွားပြီး လိုအပ်သည်များ ဝယ်ကာ အခြားလဲလှယ်ပွဲတစ်ခုတွင် ပါဝင်ပြီး အသုံးဝင်သည့်ပစ္စည်းများ ရယူလာခဲ့သည်။
ခြောက်လကြာပြီးနောက်၊ သူတို့သည် နတ်ဘုရားအရှင် နှင်းဓား၏ မျှော်စင်သို့ ရောက်သွားသောအခါ၊ လှပသည့်မျက်နှာနှင့်ဝိညာဉ်ပိုင်နက်ရှိသော အဝါဖျော့ရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် သူတို့အား နှုတ်ဆက်လိုက်ပေသည်။
၎င်းသည်အခြားသူမဟုတ်ဘဲ နတ်ဘုရားအရှင်နှင်းဓားကပြောထားသော ယွဲ့ချန်ကျွင်းဖြစ်ပေသည်။
သူတို့အားတွေ့လျှင်၊ ယွဲ့ချန်ကျွင်း၏မျက်နှာသည် အပြုံးဖြင့်တောက်ပသွားသည်။
“ရှင်တို့က ဂျူနီယာညီမရှန်းနဲ့ ဂျူနီယာမောင်လေးကျန်းဖြစ်ရမယ်။
ရှင်တို့အကြောင်းအများကြီးကြားထားပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်မကအပြင်ရောက်နေပြီး ရှင်တို့နဲ့တွေ့ဖို့အချိန်မရလိုက်ဘူး။ ဂျူနီယာညီမနှင်းဓားကျေးဇူးကြောင့်သာ နောက်ဆုံးတော့ အခွင့်အရေးရပြီ။”
***