← Chapters

ဝိညာဉ်နယ်ပယ်၊ နတ်ဆိုးပိုးကောင်များ၊ စနစ်၏တာဝန်

Vol. 43 Ch. 815

ဝိညာဉ်နယ်ပယ်၊ နတ်ဆိုးပိုးကောင်များ၊ စနစ်၏တာဝန်

Vol. 43 Ch. 815

“ဒါက ဘယ်မှာလဲ?”

ကျန်းချန်ရွှမ်နှင့် အခြားသူတို့သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ကြကာ သူတို့ရှေ့မှမြင်ကွင်းကြောင့် နောက်ဆုတ်မိသွားကြသည်။

သူတို့သည် ကျယ်ပြန့်သော ဝိညာဉ်နယ်ပယ်ဖြင့် တွေ့သွားကာ ဝိညာဉ်ဆေးပင်များနှင့် ဆေးများဖြင့် ပြည့်နက်နေလေသည်။

အကြမ်းဖျင်းခန့်မှန်းရလျှင် အနည်းဆုံး အမျိုးပေါင်းရာချီရှိမည်ဟု ခန့်မှန်းရလေသည်။

ထိုဝိညာဉ်နယ်မြေများမှ ရိတ်သိမ်းရန်မှာ များပြားနိုင်ပေသည်။

ကျီ..ကျီ..ကျီ…

သို့ရာတွင်၊ သူတို့သည် ကြည့်နေချိန်တွင် ထိုကွင်းပြင်မှ ဆူညံသံများထွက်ပေါ်လာခဲ့ပေသည်။

ကျန်းချန်ရွှမ်နှင့် အဖွဲ့သည် သတိထားကာ အနီးကပ်ကြည့်လိုက်ကြသည်။

သူတို့အံ့ဩသွားရလောက်အောင်ပင်၊ အညိုရင့်ရောင်ပိုးကောင်များသည် ထိုဝိညာဉ်ဆေးပင်များ ကြားမှ လာနေလေသည်။ ပိုးကောင်တစ်ကောင်ဆီတိုင်းသည် လူခေါင်းအရွယ်အစားလောက်ရှိပြီး ဆူးထစ်များဖြင့်ဖုံးကွယ်ထားကာ၊ မျက်လုံးများသည် ရက်စက်ကာ ကြမ်းတမ်းသောအလင်းများဖြင့် ပေါင်းစပ်ထားသည်။

“အဲ့တာတွေက? နတ်ဆိုးစိတ်ကြွပိုးကောင်တွေ။”

နတ်ဘုရားအရှင်နှင်းဓားသည် ပိုးကောင်များကိုအမှတ်ရသွားပြီး သူမ၏လှပသည့်မျက်နှာသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။

“နတ်ဆိုးစိတ်ကြွပိုးကောင်လား?”

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ယွဲ့ချန်ကျွင်းတို့၏အမူအရာများသည် တင်းမာသွားခဲ့သည်။

ရှင်းလင်းစွာပင်၊ သူတို့သည် ထိုသတ္တဝါများအကြောင်းကြားဖူးပြီး နတ်ဆိုးပိုးကောင်တစ်ကောင် ချင်းဆီသည် လောကအတွက် ဖျက်ဆီးရန် မကျေမချမ်းစိတ်ဖြင့် မွေးဖွားလာကြခြင်းဖြစ်သည်။

သူတို့ခြေရာခံမိသော မည်သည့်အသက်ကိုမဆို အဆုံးမရှိဖျက်စီးခြင်းကြောင့် သိကြပြီး ထိုပိုးကောင်များသည် ရူးသွပ်စွာပြုမူကြကာ သူတို့၏ပစ်မှတ်ကိုရှင်းလင်းရန် မိမိကိုယ်ကိုယ် ဖျက်စီးကြပေသည်။

အကယ်၍ တစ်ဦးသည် ကံမကောင်းစွာဖြင့် ထိုပိုးကောင်များနှင့် တွေ့ခဲ့လျှင်၊ တစ်နည်းသာ ရှိပေသည်။ ၎င်းမှာ သူတို့မကပ်လာခင်တွင် ဖျက်စီးရန်ဖြစ်သည်။

ဝုန်း…

ထိုအချိန်တွင်၊ မယှဉ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့်မိုးကြိုးက ရုတ်တရက် ကောင်းကင်ပေါ်တွင် သိပ်သည်းလားခဲ့သည်။

ချက်ခြင်းပင်၊ အနီရောင်၊ ငွေရောင်၊ ရွှေရောင် နှင့် အပြာရောင် မိုးကြိုးများသည် ပိုးကောင်များအပေါ် ကြဲချလိုက်သည်။

လေထဲတွင်။

မိုးကြိုးများကြောင့် နတ်ဆိုးပိုးကောင်များသည် ခြွင်းချက်မရှိ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင်၊ ထိုပိုးကောင်များ၏ မရေတွက်နိုင်သောအရေအတွက်ကြောင့် မိုးကြိုးများနှင့်ပင် မရှင်းလင်းနိုင်ပေ။

“ငါတို့ပူးပေါင်းသင့်တယ်။” ယွဲ့ချန်ကျွင်း၏တိုက်ခိုက်မှုကိုမြင်လျှင် နတ်ဘုရားအရှင်နှင်းဓားက ပြောလိုက်သည်။

သူမသည် သူမ၏လက်ကိုမြောက်ကာ အမူအရာပြလိုက်သည်။

ချက်ခြင်းပင် ပတ်ဝန်းကျင်တွင် အဆုံးမရှိသောနှင်းများသည် စတင်၍ ပြည့်နှက်လာလေသည်။

ခွပ်….ခွပ်….ခွပ်…. အသံများက ဆက်တိုက်လိုက်လာခဲ့သည်။

မိုင်တစ်ထောင်အတွင်း ထိုဧရိယာသည် ရေခဲနှင့်နှင်း နယ်ပယ်ပြောင်းလဲသွားခဲ့သည်။

ရက်စက်စွာပင် နတ်ဘုရားနှင်းဓား ရေခဲနှင့်နှင်းတို့သည် ဝိညာဉ်ဆေးပင်များနှင့် ဆေးများကို မထိခိုက်စေပေ။ ၎င်းသည် နတ်ဆိုးပိုးကောင်များကိုသာ ပစ်မှတ်ထားလေသည်။

ထိုအရာကိုမြင်လျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း လှုပ်ရှားလိုက်ကြသည်။

အဆုံးမရှိသောထက်ရှခြင်းအရောင်အဝါသည် ကျန်းချန်ရွှမ်နားတွင် စုဝေးလာကာ၊ လျှင်မြန်စွာဖြင့် ဘီးများအဖြစ်ဖွဲ့စည်းသွားပြီး သူတို့၏လမ်းတွင် ရှိသမျှသောအရာတို့ကို ဖျက်စီးနိုင်ကာ နတ်ဆိုးပိုးကောင်များကို သွေးမြူများအဖြစ်သို့ပြောင်းလဲသွားစေခဲ့သည်။

အချိန်တစ်ချို့ကြာပြီးနောက်၊

အဝေးမှလာသော နတ်ဆိုးပိုးကောင်များသည် ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုမှရှင်းလင်းခြင်းကို ခံလိုက်ရသည်။

သူမ၏အာရုံစိုက်မှုကို ဥယျာဉ်ထဲတွင် ဝိညာဉ်ဆေးပင်များနှင့် ဆေးများထံသို့ပြန်ထည့်လိုက်ကာ နတ်ဘုရားနှင်းဓားသည် ကျန်းချန်ရွှမ်နှင့် အခြားသူများကို အကြံပြုလိုက်သည်။

“ကျွန်မတို့အရင်ကသဘောတူထားသလိုပဲ။ ဒီဝိညာဉ်ဆေးပင်တွေနဲ့ ဆေးတွေကို ငါတို့ခွဲယူလိုက်ရအောင်။”

ကျန်းချန်ရွှမ်နှင့် အဖော်များသည်လည်း သူမ၏အကြံပြုချက်ကို မည်သို့မှကန့်ကွက်ရန်မရှိပါ။

သူတို့သည် လျှင်မြန်စွာပင်၊ ထိုဆေးပင်များနှင့် ဆေးများကို သူတို့ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်အတိုင်း ရယူလိုက်ကြသည်။

ထိုလမ်းအတိုင်းဆက်သွားလိုက်သော်၊ သူတို့သည် အဝေးသို့မရောက်ခင်တွင် သူတို့၏ရှေ့တွင် အဖြူအနက်ဓားအလင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ဓားအလင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခုပတ်နေကာ တစ်ခုနောက်သို့တစ်ခုလိုက်နေပြီး အဆုံးမရှိစက်ဝိုင်းပုံစံသေစေနိုင်သည့် အစီအရင်ကို ဖွဲ့စည်းနေပုံရသည်။

“ဒါက ထိုက်ရီယင်ယန်ဓားအစီအရင်လား?”

နတ်ဘုရားအရှင်နှင်းဓားက မနေနိုင်ဘဲ မေးလိုက်သည်။

သို့ရာတွင် ယွဲ့ချန်ကျွင်းသည် သဘောမတူပဲ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး။ ဒါက ထိုက်ရီယင်ယန်ဓားအစီအရင်မဟုတ်ဘူး။

ဆင်တူသလိုထင်ရပေမဲ့၊ အကယ်၍ ထိုက်ရီယင်ယန်ဓားအစီအရင်ကိုသုံးတဲ့နည်းလမ်းနဲ့ ဒီအစီအရင်ကို ဖျက်ဖို့ကြိုးစားကြည့်ရင် ကျွန်မတို့ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ တွေ့ကြုံရနိုင်တယ်။”

စကားပြောရင်း၊ ယွဲ့ချန်ကျွင်းသည် သူမ၏လက်ကို လှန်လိုက်သည်။

ဓမ္မပုံစံအဆင့်သို့ရောက်နေသောရုပ်သေးသည် သူမထံမှဆင့်ခေါ်ခံလိုက်ရသည်။

ထို့နောက်၊ သူမသည် ရုပ်သေးရုပ်အား ရှေ့သို့သွားရန် အမိန့်ပေးလိုက်သည်။

ထိုရုပ်သေးသည် အဖြူအမဲဓားအလင်းသို့ မီတာသုံးရာခန့် ချဉ်းကပ်သွားပြီးနောက်၊ ၎င်း၏ခန္ဓာကိုယ်သည် ဖုန်မှုန့်အဖြစ် မည်သို့မှန်းမသိ ပျောက်ကွယ်သွားလေသည်။ “ဘာ?”

ထိုမြင်ကွင်းသည် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့ပင်မက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပါ တုန်လှုပ်သွားခဲ့သည်။

သူတို့သည် မည့်သည့် ဓမ္မစွမ်းအားသို့ အစီအရင်လိုင်းကိုမှ မခံစားခဲ့ရပဲ၊ ဆိုလိုသည်မှာ ထိုရုပ်သေးသည် မသိနိုင်သည့်စွမ်းအားတစ်ခုမှ ဖျက်စီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ထိုဖျက်စီးခြင်းသည် အဖြူအမဲဓားအလင်းနှင့် ပက်သက်နေပါသလား?

ထိုသို့ဆိုလျှင်၊ ထိုဓားအလင်းသည် တကယ်ပင် မည်သည့်အရာဖြစ်ပါသနည်း?

သို့သော် မဟုတ်လျှင်၊ အကြောင်းအရင်းက ဘာဖြစ်နိုင်မည်နည်း?

ထိုဖြစ်နိုင်ချေများအတွေးများနှင့် ကျန်းချန်ရွှမ်နှင့်အခြားသူများ၏နှလုံးသည် လေးပင် လာခဲ့လေသည်။

ဆိုလိုသည်မှာ ထိုအဖြူအမဲဓားအလင်း၏မီတာသုံးရာအကွာတွင်၊ သူတို့မသိသော အန္တရာယ်တစ်ခုရှိနေပေသည်။

“ဘာလုပ်ကြမလဲ?”

သူတို့သည် မနေနိုင်ဘဲ အချင်းချင်းကြည့်လိုက်ကြသည်။

ရုတ်တရက် ကျန်းချန်ရွှမ်ကပြောလိုက်သည်။

“ကျွန်တော်ကြိုးစားကြည့်မယ်။”

စကားပြောပြီးနောက်၊ သူသည် ရှေ့သို့တစ်ဦးတည်းသွားလိုက်ကာ၊ အဖြူအမဲဓားအလင်းနှင့် မီတာ ၅၀၀ အကွာထိလျှောက်သွားခဲ့သည်။

သူသည် တင်ပျဉ်ခွေထိုင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်၊

သူ၏စိတ်ထဲတွင်၊ အလွန်ကြာရှည်စွာပျောက်ဆုံးနေသည့် စနစ်၏အသံက ရုတ်တရက် မြည်လာခဲ့သည်။

[ဒင်]

[စနစ်က တာဝန်အသစ်ထုတ်ပြန်လာပါတယ်။ Host ကျေးဇူးပြုပြီး သင်၏ ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကို သဘောပေါက်နားလည်အောင်လုပ်ပါ။]

ဟမ်? သူ့ရှေ့မှာ ဗလာဖြစ်နေပုံရတဲ့ ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ရှိတာလား?

အကယ်၍ ထိုသိုဖြစ်ခဲ့လျှင်၊ ထိုအခြေအနေသည် အဓိပ္ပာယ်ရှိပါသည်။

ဒါပေမဲ့၊ အကယ်၍ ငါသာ ငါ့လက်ရှိအဆင့်နဲ့ ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်ကို လေ့လာမယ်ဆိုရင် နှစ်ရာချီ သို့ ထောင်ချီတဲ့အထိ ဘာမှ ရမှာမဟုတ်ဘူး။

အခုအတွက်တော့ ငါ အသိဉာဏ်ပွင့်ခြင်းအဆောင်ကို သုံးကြည့်လိုက်မယ်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် စနစ်၏နေရာလပ်ထဲမှ အဆောင်တစ်ခုကို ချက်ခြင်းထုတ်လိုက်သည်။

သို့ရာတွင် အသိဉာဏ်ပွင့်ခြင်းအဆောင်က သိသာစွာပင် မလောက်ငှပါ။

မည့်သည့်အစီအရင်ကိုမဆိုနားလည်လိုလျှင်၊ အစီအရင်ထဲကိုယ်တိုင်ဝင်ရန်လိုအပ်သည်။

မဟုတ်လျှင် နားလည်နိုင်စွမ်းက မည့်မျှမြင့်မားနေပါစေ၊ နားလည်နိုင်ရန်မဖြစ်နိုင်ပါ။

ထို့ကြောင့် ခနအကြာတွင်၊ ကျန်းချန်ရွမ်သည် သူ၏လက်ချောင်ကို ကုသိုလ်ချီများဖြင့် ရစ်ပတ်ကာ သူ၏ရှေ့မှဗလာနယ်အား သိမ်မွေ့စွာထိကြည့်လိုက်သည်။

အနောက်တွင်ရှိနေသော နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ကျန်းချန်ရွှမ်၏ အပြုအမူကိုမြင်လျှင် သတိပေးလိုက်ကြသည်။

***

All Chapters