ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းဝင်ရောက်လာခြင်း၊ မီးတောက်များ၏တိုက်ခိုက်မှု
Vol. 43 Ch. 801
“ဘာ? အသာလွန်ဆုံးအဆင့် ဝိညာဉ်ရတနာပဲ။”
မီးတောက်ဓားဧကရာဇ်၏အမူအရာက ထိုအချိန်တွင် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူသည် ဆန်းကြယ်သောပိုင်နက်က ဝါးချောင်းမှထွက်လာကာ သူ၏အဆင့်မြင့် ဝိညာဉ်ရတနာ၏အကာအကွယ်ကို လွယ်ကူစွာထိုးဖောက်နိုင်ကာ ၎င်း၏အဆီအနှစ်ကို ပျက်စီးစေခဲ့သည်ကို သိသာစွာအာရုံခံလိုက်သည်။
“သေစမ်း။”
သူ၏အမူအရာသည် မှောင်မဲသွားကာ ထိုကဲ့သို့ပြိုင်ဘက်ကို ဆန့်ကျင်နိုင်စွမ်းမရှိကြောင်းကိုသတိပြုမိသွားသည်။ ခုခံရန်လုပ်ခြင်းသည်သာ သူ့အတွက် ဦးစားပေးဖြစ်ပေသည်။
ထိုအကြောင်းကိုတွေးမိလျှင်၊ မီးတောက်ဓားဧကရာဇ်သည် ချက်ခြင်းလူတိုင်းကို အဆင့် ၇ အစီအရင်ကို အသက်သွင်းရန် အမိန့်ပေးလိုက်သည်။
ချက်ခြင်းပင်၊ မရေတွက်နိုင်သော ဓားအလင်းသည် ကောင်းကင်တွင် ပြည့်သွားခဲ့ကာ တစ်ခုချင်းဆီသည် ငွေရောင်အလင်းဖြင့် တောက်ပနေကာာ ထက်ရှသောအရောင်အဝါများထွက်နေလေသည်။
ထိုအစီအရင် အမြင့်ဆုံးကောင်းကင်ဓားအစီအရင်သည် ထာဝရဓားဂိုဏ်း၏ ကျော်ကြားသော အရာဖြစ်သည်။
ထိုအရာကိုမြင်လျှင်၊ အကြီးအကဲ ယွမ်ဖန်သည် တစ်ခစ်ခစ်ရယ်လိုက်သည်။
ထိုအချိန်တွင်၊ သူသည် မတိုက်ခိုက်သေးဘဲ အစီအရင်၏အပြင်ဘက်တွင်သာ မတ်တပ်ရပ်နေသည်။
၎င်းသည် မီးတောက်ဓားဧကရာဇ်နှင့် သူ၏လူများအား အကျပ်ရိုက်သွားစေပြီး တိုက်ခိုက်၍လည်းမဟုတ် ပြန်ဆုတ်၍လည်းမရသည့် မသက်သာသောအခြေအနေတွင် ပိတ်မိနေခဲ့သည်။
“သေစမ်း။”
ဒေါသမီးတောက်များသည် မီးတောက်ဓားဧကရာဇ်၏မျက်လုံးများထဲတွင် တောက်ပနေကာ အကြီးအကဲယွမ်ဖန်၏ နည်းဗျူဟာကြောင့် သူသည်အကူညီမဲ့နေခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် ယာယီနောက်ဆုတ်ရန်တွန်းအားပေးခံခဲ့ရကာ ကျယ်ပြောသည့်ပိုင်နက်ကိုအလျော့ပေးခဲ့ရသည်။
“ရွေးချယ်စရာမရှိတော့ဘူး။”
.....
ရက်အနည်းငယ်ကြာပြီးနောက်။
မီးတောက်ဓားဧကရာဇ်သည် အကြီးအကဲများထံမှ အစီအရင်ခံသည်များကို နားထောင်ကာ သူ၏မျက်နှာသည် မဲမှောင်နေခဲ့သည်။
“ငါတို့ရဲ့လက်ရှိအခြေအနေနဲ့ ဟောက်ရန်ဂိုဏ်းက လူတွေကို ပြန်တိုက်နိုင်ဖို့နည်းလမ်းမရှိဘူး။
ဒီအခြေအနေကို ဆက်သွားနေတာက ထာဝရဓားဂိုဏ်းရဲ့အင်အားကိုအလကားဖြစ်စေလိမ့်မယ်။”
“ဒါဆိုရင် စီနီယာအစ်ကိုမီးတောက်ဓား၊ ဘယ်လိုအကြံပြုချင်လဲ?”
အကြီးအကဲပိုင်ရှန်းက သိချင်စိတ်ဖြင့်မေးလိုက်ရာ လူတိုင်း၏အကြည့်သည် မီးတောက်ဓားဧကရာဇ်ထံသို့ရောက်သွားခဲ့သည်။
သူ၏မျက်လုံးသည် စူးရှသွားကာ ဖြည်းဖြည်းချင်ပြောလိုက်သည်။
“ငါကတော့ ငါတို့ဂိုဏ်းခေါင်းဆောင်တွေနဲ့ အကြီးအကဲချုပ်တွေကို ငါတို့အခြေအနေကိုပြောပြပြီး သူတို့ ဒီကိစ္စအတွက် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို အကူအညီတောင်းနိုင်မလားဆိုတာ သတင်းပို့ရမယ်။”
“ဘာ? ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို သတင်းပို့မယ်ဟုတ်လား?”
အကြီးအကဲပိုင်ရှန်းနှင့် အခြားသူများသည် ထိုအကြံပြုချက်ကြောင့် နောက်ဆုတ်သွားကြသည်။
“အကယ်၍ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို ဒီကိစ္စထဲဆွဲသွင်းလိုက်ရင် ငါတို့ ဒီနေရာကို လုံးဝဆုပ်ကိုင်ထားနိုင်တော့မှာမဟုတ်ဘူး။
အကယ်၍ ငါတို့ ဟောက်ရန်ဂိုဏ်းကို နိုင်ခဲ့ရင်တောင်မှ ကောင်းကင်သလင်းကျောက်မိုင်းတွင်းအတွက် ငါတို့ထာဝရဓားဂိုဏ်းကရမဲ့ဝေစုက အရမ်းနည်းသွားလိမ့်မယ်။”
“ဒါဆိုရင် ဒီလိုနည်းလမ်းကလွဲပြီး ငါတို့မှာပိုကောင်းတဲ့ရွေးချယ်စရာများရှိလို့လား?”
မီးတောက်ဓားဧကရာဇ်က စိန်ခေါ်လိုက်ကာ အခြားသူများကိုကြည့်လိုက်သည်။
ရှင်းလင်းစွာပင်၊ သူတို့သည် လက်ရှိအခြေအနေအတွက်ပိုမိုကောင်းမွန်သော ဖြေရှင်းနည်းမရှိပေ။
“ပိုကောင်းတဲ့နည်းလမ်းမရှိဘူးဆိုမှတော့၊ ဒီအစီအစဉ်ကို အစမ်းအနေနဲ့ အတည်ပြုထားတာပေါ့။” မီးတောက်ဓားဧကရာဇ်သည် ထပ်မံ၍ စကားပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ဒါက ငါ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ပါဘူး။
အရာအားလုံးက ဂိုဏ်းသခင်နဲ့ အကြီးအကဲချုပ်တွေအပေါ်သာမူတည်ပါတယ်။”
.........
တစ်လကြာပြီးနောက်တွင်၊
တိုက်ပွဲ၏နောက်တန်းတွင်ရှိသော ကျန်းချန်ရွှမ်သည် ရုတ်တရက် ရှိန်လောက်သည့်အရောင်အဝါများသည် အဝေးမှ ချဉ်းကပ်ပျံသန်းလာသည်ကို အာရုံခံလိုက်မိသည်။
၎င်းသည် သူ၏မျက်လုံးကိုကျဉ်းသွားစေသည်။
အကြောင်းမှာ သူသည် ထိုအုပ်စုမှ တစ်ဒါဇင်ခန့်၏အရောင်အဝါများကို ရင်းနှီးနေသောကြောင့်ဖြစ်သည်။
၎င်းသည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကျင့်ကြံသူများ၏အရောင်အဝါဖြစ်ပါသည်။
ဒြပ်စင်ငါးပါးလမ်းစဉ်ကိုကျင့်ကြံသူတစ်ယောက်အနေနှင့် ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၏ကျင့်ကြံသူများအရောင်အဝါကို ကောင်းမွန်စွာသိပါသည်။
“ကြည့်ရတာ ထာဝရဓားဂိုဏ်းက ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကိုအကူအညီတောင်းထားပုံပဲ။
ဒါက အဲ့လိုပဲဖြစ်လိမ့်မယ်။”
သူ၏မျက်လုံးထဲတွင် ရင်းနှီးသောမျက်နှာအချို့ကို တွေ့လိုက်ရသည်။
သူတို့သည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ဗလာနယ်ပြန်နတ်ဘုရားအရှင်များဖြစ်ကြသည်။
ဦးဆောင်သူနှစ်ဦးမှာ ထိုးထွင်းသိမြင်ခြင်းအဆင့် ဖြစ်သည်။ တစ်ဦးမှာ ဖန်ထျန်းယွင်ဟု ခေါ်ပြီး တစ်ဦးမှာ နတ်ဘုရားအရှင် ပင်လယ်ဖြစ်သည်။
သူတို့ထဲမှ တစ်ဦးသည် မီးတာအို စွမ်းအားကို ကျွမ်းကျင်ကာ၊ အခြားတစ်ဦးမှာ ရေတာအိုစွမ်းအားကိုကျွမ်းကျင်ပါသည်။
ထို့အပြင် ထိုနေရာတွင် များစွာသော ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများနှင့် ဓမ္မပုံစံအဆင့်ကျင့်ကြံသူ ခုနှစ်ဦး ရှစ်ဦးခန့်ရှိသည်။
ဤသည်ကိုကြည့်လျှင်၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းသည် ထိုကြီးမားသည့် ကောင်းကင်သလင်းကျောက်မိုင်းတွင်းအား မည်မျှအရေးကြီးသည့်နေရာတွင်ထားကြောင်း မြင်နိုင်ရန်မခက်ခဲပါ။
သူတို့သည် ထိုကဲ့သို့သော လူများအား တစ်ကြိမ်ထဲနှင့်ပို့လာပေသည်။
“အခုက ငါ့ဂိုဏ်းနဲ့ စီနီယာအစ်မကို သတင်းပို့ရမဲ့အချိန်ပဲ။” ကျန်းချန်ရွှမ်သည် ရှီရှန်းယောင်အား သူတို့၏တည်ရှိမှုကို အထူးနည်းလမ်းဖြင့် သတိပေးလိုက်သည်။
ထို့ကြောင့်။
မကြာမီ၌ပင် ရှီရှန်းယောင်သည် ထိုးထွင်းသိမြင်ခြင်းအဆင့် အကြီးအကဲများဖြစ်သည့် အကြီးအကဲယွမ်ဖန်နှင့် ချီယန်တို့အပါအဝင် ရှေ့တန်းတွင်ရှိသော ကျင့်ကြံသူအားလုံးနှင့် အစည်းအဝေးလုပ်ခဲ့ပေသည်။
ထိုအချိန်တွင် ယွမ်ဖန်နှင့်ချီယန်တို့က ရှီရှန်းယောင်အားကြည့်ကာ အပြုံးဖြင့်မေးလိုက်သည်။
“ဂျူနီယာညီမရှီ၊ ကျုပ်တို့ကို အရေးကြီးကိစ္စတစ်ခုခုရှိလို့ခေါ်လိုက်တာလား?”
သူမအကြောင်းကိုသိပြီးဖြစ်၍ ရှီရှန်းယောင်သည် အရေးကြီးသည့်အကြောင်းပြချက်မရှိပဲ အားလုံးကိုစုဝေးမည်မဟုတ်ကြောင်း နားလည်ကြပါသည်။
“တကယ်ပဲ လူတိုင်းနဲ့ မျှဝေဖို့လိုအပ်တဲ့ ကိစ္စတစ်ခုရှိလို့ပါ။” ရှီရှန်းယောင်က စတင်လိုက်သည်။ “အချိန်မကြာသေးခင်က၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကလူတွေက ထာဝရဓားဂိုဏ်းကလူတွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။”
“ဘာ?”
ရှီရှန်းယောင်၏သတင်းကိုကြားလျှင်၊ အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်နှင့် အခြားသူများသည် သူတို့၏အံ့အားသင့်မှုကိုမဖုံးကွယ်ထားနိုင်ခဲ့ပေ။
သူတို့သည် ထာဝရဓားဂိုဏ်းက တကယ်ပင် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့်ပူးပေါင်းလိမ့်မည်ဟု ကြိုတင်မမျှော်လင့်ထားခဲ့ပါ။
“ဂျူနီယာညီမရှီ၊ ဒါကိုအတည်ပြုနိုင်လား?”
ထိုအချိန်တွင် အကြီးအကဲချီယန်က မနေနိုင်ဘဲ လေးနက်စွာမေးလိုက်သည်။
“ကျွန်မ အတည်ပြုနိုင်ပါတယ်။” ရှီရှန်းယောင်က သေချာစွာခေါင်းညိတ်လိုက်သည်။
ခနရပ်လိုက်ကာ သူမက ထပ်၍ ပြောလိုက်သည်။ “ရှင်တို့ အားလုံးပဲ အရင်တိုက်ပွဲတွေတုန်းက ကျွန်မတို့နောက်ကအရိပ်ထဲကနေ ကူညီနေတဲ့ သူကို မှတ်မိကြမှာပေါ့။”
“ဟမ်?"
ထိုမမြင်ဖူးသော ကူညီသူအား ပြောလိုက်ခြင်းသည် အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်နှင့် အခြားသူများကြား သတိတစ်ခုဝင်သွားစေသည်။
အကြီးအကဲယွမ်ဖန်က မေးလိုက်သည်။
“ဂျူနီယာညီမရှီက အဲ့ဒီလူရဲ့အထောက်အထားကိုသိသလား? ပြီးတော့၊ ဒီသတင်းက သူ့ဆီက လာတာလား?”
“မှန်ပါတယ်။”
ရှီရှန်းယောင်သည် ထိုအချက်ကို မဖုံးကွယ်တော့ပဲ၊ တုံ့ပြန်ကာ ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ၊ သူက ဒီကိစ္စကိုရှာတွေ့ခဲ့တာပါ၊ ပြီးတော့ ကျွန်မက သူ့ရဲ့အထောက်အထားကိုသိပါတယ်။ ဒါပေမဲ့အခုအတွက်က၊”
ထိုအချိန်တွင် ရှီရှန်းယောင်က ခနရပ်လိုက်ပြီးမှ ဆက်၍ ပြောလိုက်သည်။
“ကျွန်မ ဖော်ထုတ်လို့မရသေးဘူး။ အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်။”
အကြီးအကဲများက နားလည်စွာခေါင်းညိတ်လိုက်ကြကာ သူတို့၏အမူအရာသည် အမြန်ပင် လေးနက်သွားခဲ့သည်။
“အကယ်၍ ထာဝရဓားဂိုဏ်းက တကယ်ပဲ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို ဆွဲခေါ်ခဲ့ရင်၊ အချိန်သိပ်မကြာခင်မှာပဲ၊ သူတို့က ငါတို့ကိုဆန့်ကျင်တိုက်ခိုက်လာနိုင်တယ်။” အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ရှီရှန်းယောင်ကလည်း သဘောတူစွာခေါင်းညိတ်လိုက်သည်။
“ဒါကြောင့် ကျွန်မတို့က ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုအပ်လိမ့်မယ်။ ပြီးတော့၊ အစိုးရိမ်လွန်နေဖို့မလိုပါဘူး။ ဒီသတင်းက ကျွန်မတို့ဂိုဏ်းကိုရောက်နေပြီးပြီဆိုမှတော့၊ ကျွန်မတို့ဂိုဏ်းက ညီအစ်ကိုညီအစ်မတွေ လာရောက်ပူးပေါင်းတော့မှာပါ။
ကျွန်မတို့ကတော့..”
.......
ရက်အနည်းငယ်အကြာတွင်၊
မိုင်ပေါင်းသောင်းချီကျယ်ပြန့်သည့် မီးပင်လယ်ကြီးသည် မီးတောက်ပေါက်ကွဲသကဲ့သို့ ဟောက်ရန်ဂိုဏ်း၏တပ်ဆွဲရာနေရာသို့ လိမ့်တက်လာခဲ့သည်။
ထိုအရာကိုမြင်လျှင် ရှီရှန်းယောင်၊ အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်နှင့် အခြားသူများက ထိုဦးတည်ချက်ကို အာရုံစိုက်လိုက်ကြသည်။
“ဒီလို စွမ်းအားမျိုးက အကယ်၍ ကျွန်တော်မမှားရင် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက ဖန်းထျန်ယွင်ဖြစ်ရမယ်။” အကြီးအကဲယွမ်ဖန်က ပြောလိုက်သည်။
“ဒါကသေချာပေါက်သူပဲ။” အကြီးအကဲချီယန်က ရုတ်တရက် ပြောလိုက်သည်။
“သူ့ကိုကျွန်တော့်ကိုကိုင်တွယ်ခွင့်ပေးပါ။ ကျွန်တော်တို့မှာ အရင်ရန်ကြွေးတွေရှိသေးတယ်။ ဒါက ထိပ်တိုက်ရင်ဆိုင်ဖို့ အချိန်ကောင်းပဲ။”
စကားပြောရင်းနှင့် အကြီးအကဲချီယန်၏နောက်တွင် မရေတွက်နိုင်သည့်မီးစက်များစုစည်းလာခဲ့ကာ တောက်ပနေသည့် ကြယ်အဖြစ် စုစည်းသွားခဲ့သည်။
ထိုမီးတောက်ကောင်းကင်ခန္ဓာကိုယ်သည်လာနေသည့်ငရဲဆီသို့ဦးတည်ကာ၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ပို့လွတ်လိုက်သည့် ရှိန်လောက်သည့်သူများနှင့် တိုက်ခိုက်ဖို့ရန် အသင့်ဖြစ်နေသည်။
“ထာဝရဓားဂိုဏ်းက တကယ်ပဲ မင်းတို့ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက သေချာလေ့ကျင့် ပေးထားတဲ့ ခွေးတွေပါလား။ ဒီကိစ္စအတွက်မင်းတို့ကိုသတင်းပေးမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။”
အကြီးအကဲချီယန်သည် ရုတ်တရက် ကျယ်လောင်စွာပြောလိုက်သည်။
“ဒါမဲ့မင်းတို့သိလား၊ ငါတို့ကဒီကောင်းကင်သလင်းကျောက်မိုင်းတွင်းကို အချိန်နည်းနည်း ကြာကတည်းက ရှာတွေ့ခဲ့တာ။
မင်းတို့ဒီနေ့မှရောက်လာတာကနည်းနည်းနောက်ကျမနေဘူးလား?
ဒါမှမဟုတ် မင်းတို့ရဲ့ခွေးတွေက ချက်ခြင်းသတင်းပေးဖို့ကို နောက်ကျနေတာလား?”
ဝုန်း…
သူ့၏စကားဆုံးပြီးနောက်တွင် သူတို့၏တိုက်ခိုက်မှုများသည် ပြင်းထန်စွာကျရောက်လာခဲ့သည်။
ချက်ခြင်းပင် ကောင်းကင်တစ်ခုလုံးက မီးတောက်အရောင်အဖြစ်ပြောင်းလဲသွားခဲ့ကာ ပတ်ဝန်းကျင်မှ လေများ၊ အသီးအရွက်များနှင့် ကျောက်တုံးများကို အလိုအလျောက် တောက်လောင်သွားစေခဲ့သည်။
အခြားတစ်ဖက်၌ အကြီးအကဲချီယန်၏စကားကိုကြားလျှင် ထာဝရဓားဂိုဏ်းမှကျင့်ကြံသူများ၏ အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ချီယန်က သူတို့၏ဂိုဏ်းကို ခွေး ဟု ခေါ်သည်ကိုပင် ဂရုမစိုက်နိုင်ပါ။ သူတို့သည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းကို သူတို့ကောင်းကင်သလင်းကျောက်မိုင်းတွင်းကို ရှာတွေ့ခြင်းအား ချက်ခြင်းသတင်းမပို့ရသည့်အကြောင်းအရင်းကိုသာရှင်းပြရန် လောနေခဲ့သည်။
သို့ရာတွင် သူတို့စကားမပြောခင်၌ပင်၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူသည် ပခုံးတွန့်လိုက်ကာ ပြန်၍ ကျယ်လောင်စွာတုံ့ပြန်ပြောလိုက်သည်။
“ချီယန်၊ မင်းရဲ့ကြိုးစားမှုက အရာမထင်ဘူး။ မင်းက အဲ့လိုကလေးဆန်တဲ့အကွက်တွေနဲ့ လာသွေးခွဲလို့ရမယ်ထင်နေလား?
သို့မဟုတ် ငါတို့ကို အရူးတွေလို့များထင်နေလား?”
ထိုစကားလုံးများဖြင့်၊ အပြာရောင်ဝတ်ရုံနှင့်အကြီးအကဲသည် ကောင်းကင်သို့ပျံဝဲတက်သွားခဲ့သည်။
သူ၏နောက်တွင်၊ အဆုံးမဲ့မီးပင်လယ်က ဟိန်းလိုက်ကာ နဂါး၊ မိကျောင်း၊ နွား၊ ဖီးနစ်နှင့် အခြားအရာများအဖြစ်သို့ပြောင်းလဲသွားကာ အကြီးအကဲချီယန်ဆီသို့ ဦးတည်၍ လာနေကြသည်။
“ချိုးဖျက်စေ။”
မီးတောက်များသည် အကြီးအကဲချီယန်၏မျက်လုံးထဲတွင် လိမ့်တက်လာခဲ့ကာ သူသည် လက်ကိုမြောက်လိုက်သည်။
ကျီ….
ချက်ခြင်းပင်၊ မရေတွက်နိုင်သည့်မီးတောက်ကြယ်များသည် သေးငယ်သောနေအဖြစ် အဆင့်တက်သွားကာ လိမ့်သွား၍ မီးနဂါး၊ မိကျောင်း၊ နွားနှင့် ဖီးနစ်တို့ဖြင့် တွေ့သွားကြသည်။
ဂျုုန်း….
ကောင်းကင်သည် ပြင်းထန်စွာပေါက်ကွဲသွားပြီး နေပေါက်ကွဲသကဲ့သို့ဖြစ်ကာ ထိုနေရာကို စူးရှသောအလင်းနှင့် တောက်လောင်နေသော မီးတောက်များသည် မီုင်ပေါင်းသောင်းချီအထိ ကျယ်ပြန့်ပြည့်နှက်သွားခဲ့သည်။
တိုက်ခိုက်သောနေရာသည် ကြီးမားသည့် အနီရင့်ရောင်စက်လုံးကြီးအဖြစ်ပြောင်းလဲသွားပြီး အဆုံးမဲ့အလင်းနှင့် အပူများဖြင့် ပြည့်နှက်နေကာ ထိုအရာကိုတွေ့မြင်သောသူတိုင်းအတွက် ကြောက်ရွံ့သည့်ခံစားချက်ကို မြင့်တက်လာစေခဲသည်။
၎င်းသည် ထိုးထွင်းသိမြင်ခြင်းအဆင့်၏စွမ်းအားပင်ဖြစ်ပါသည်။
***