ရွှေရောင်နတ်ပြည်ထောင်၏လှုပ်ရှားမှုများ
Vol. 018 Ch. 1779
ကောင်းကင်အာဏာစက်ကျောင်းတော်၏ကော့တေးမှာဖြစ်သည်။
လောလောဆယ် ထိုနေရာတွင် လူတော်တော်များများစုဝေးရောက်နေကြသည်။ ရီဖူရှင်း၊ဂူတုံးလျှို နှင့်သောကျောက်အပါအဝင် ကျင့်ကြံသူတော်တော်များများလည်း ရောက်ရှိနေကြ၏။ နန်လော့ရှန်းနှင့် ရှောင်မုယွီတို့သည်လည်းဘေးမှာရှိကြသည်။သူတို့တစ်ယောက်ချင်းစီတိုင်းသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးများကို ပိုင်ဆိုင်ကြသည့် ဤမျိုးဆက်၏ ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်ကြ၏။
သို့သော် အားလုံးသည် မတ်မတ်ထိုင်နေကြပြီး ရှေ့မှလူပို့ချနေသော သင်ကြားချက်ကို နားထောင်နေကြသည်။
သင်ကြားပို့ချသူသည် ရုပ်ရည်ချောမောပြီး စာပေသမားပုံပေါ်သည်။သူ၏စိတ်နေစိတ်ထားသည် အလွန်နူးညံ့သည်။သူသည် မဟာလမ်းစဉ်၏ဘုံသုံးထောင် တစ်လျှောက်တွင် သူ၏နာမည်ကို ကာလကြာရှည်စွာ ထင်ရှားစေခဲ့သည့် အင်ပါယာနန်မှလွဲ၍ တခြားသူမဟုတ်ပေ။
ဤနန်ထျန်းနတ်ပြည်ထောင်၏အရှင်သည် ယနေ့ကော့တေးတွင် လမ်းစဉ်အကြောင်းကို သင်ကြားပို့ချနေသည်။
ထို့ကြောင့် လူတိုင်းသည် သူ၏သင်ကြားချက်များကို အာရုံစူးစိုက်မှုအပြည့်ဖြင့် နားထောင်နေကြသည်။
“အားကောင်းတဲ့လမ်းစဥ်တွေနဲ့ အားနည်းတဲ့လမ်းစဉ်တွေရှိပေမယ့် နောက်ဆုံးမှာအသုံးချသူပေါ်မူတည်တယ်။မဟာလမ်းစဉ်နတ်ဝင်ရိုးနဲ့တိုက်ရိုက်ဖိနှိပ်ခြင်းထက် မဟာလမ်းစဉ်စွမ်းအားက ထိပ်သီးတိုက်ခိုက်ရေးပညာရပ်ကိုအသုံးချပြီး အဆုံးစွန်သောစွမ်းအားကိုထုတ်လွှတ်နိုင်တယ်။ ဒါကြောင့် ကျင့်ကြံသူတွေက သူတို့အတွက်သင့်တော်တဲ့ တိုက်ခိုက်ရေးပညာရပ်တွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားကြရမယ်။ ရန်ဟောင်အဆင့်ကိုရောက်သွားပြီး နတ်ဝင်ရိုးတစ်ခုကိုဖန်တီးပြီးချိန်မှာ မဟာလမ်းစဉ်စွမ်းအားကိုနားလည်သဘောပေါက်သွားတဲ့အတွက် ကိုယ်ပိုင်အားကောင်းတဲ့ တိုက်ခိုက်မှုပညာရပ်ကိုလွတ်လပ်စွာဖန်တီးနိုင်လိမ့်မယ်...”
အင်ပါယာနန်မှဆက်လက်၍ ပြောသည်။ “ငါတို့ဘိုးဘေးတွေဖန်တီးခဲ့တဲ့ ထိပ်သီးတိုက်ခိုက်မှုပညာရပ်က လူတိုင်းနဲ့ မကိုက်ညီနိုင်ပေမယ့် အဲဒါတွေကစီနီယာတွေ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေရဲ့ အသီးအပွင့်ဖြစ်နေဆဲပဲ။ ဒီပညာရပ်တွေရဲ့ စွမ်းအားတွေ အထူးသဖြင့် ထိပ်သီးပုဂ္ဂိုလ်ကြီးတွေဆီက ဆင်းသက်လာခဲ့တဲ့ အမွေအနှစ်ပညာရပ်တွေက အလွန်အားကောင်းတယ်။ မင်းတို့အားလုံးလည်း အဲဒီကျင့်စဥ်ပညာရပ်တွေကို ပြီးခဲ့တဲ့တိုက်ပွဲမှာ အတွေ့အကြုံရခဲ့မယ်ဆိုတာ သေချာပါတယ်။ ထိုက်ချူတော်ဝင်မြေရဲ့စစ်နတ်ဘုရား ထုတ်လွှတ်လိုက်တဲ့စစ်မှန်တဲ့ရေလှိုင်းစွမ်းအားက အထင်ကြီးစရာပဲ။ တကယ်လို့ ကောင်းကင်အာဏာစက်ဘုံက တစ်စုံတစ်ယောက်က ဒီလိုတိုက်ခိုက်မှုမျိုးကို ထုတ်ဖော်ဖို့ ကြိုးစားမယ်ဆိုရင် မင်းတို့က တူညီတဲ့မဟာလမ်းစဉ်စွမ်းအားကို နားလည်ထားရင်တောင်မှ အဲဒီလိုအားကောင်းတဲ့ တိုက်ကွက်မျိုးထုတ်ဖော်နိုင်မှာမဟုတ်ဘူး။ အဲ့လိုတိုက်ခိုက်နိုင်ဖို့က နောက်ဆုံးမှာ မဟာလမ်းစဉ်ရဲ့စွမ်းအားကိုအသင့်တော်ဆုံး အသုံးချနိုင်မှုနဲ့ လမ်းစဉ်တွေကို ပေါင်းစပ်အသုံးပြုနိုင်မှုပေါ်မှာ မူတည်တာ...။”
အင်ပါယာနန်မှ ရှင်းပြလိုက်သည် “ဒါကြောင့် မဟာလမ်းစဉ်အမျိုးမျိုးကိုနားလည်သဘောပေါက်ထားတဲ့ ကျင့်ကြံသူတွေက အခွင့်အရေးပိုရရှိလိမ့်မယ်။ သူတို့က မဟာလမ်းစဉ်ကို အဆုံးစွန်တိုက်ခိုက်ရေးပညာရပ်မှာ ပေါင်းစပ်လိုက်ပြီး ပိုမိုအားကောင်းတဲ့ ပညာရပ်ကိုဖန်တီးနိုင်တယ်။သူတို့က လမ်းစဥ်တွေကို ရောစပ်ပြီး ပိုမိုအားကောင်းတဲ့လမ်းစဥ် အသစ်ကိုပြောင်းလဲဖန်တီးနိုင်တယ်”
လူတိုင်းသည် ဂရုတစိုက်နားထောင်နေကြ၏။ သူတို့သည် ယခုမှ ရန်ဟောင်အဆင့်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် သူတို့ထဲမှအများစုသည် မဟာလမ်းစဉ်၏စွမ်းအားကို နားလည်သဘောပေါက်နေဆဲအခြေအနေသာဖြစ်သည်။ မဟာလမ်းစဉ်စွမ်းအားကိုအသုံးချရာတွင် ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများနှင့် နှိုင်းယှဥ်လျှင် အရေးမပါသကဲ့သို့အားနည်းပေသည်။သူတို့တိုက်ပွဲတွင် ယှဉ်ပြိုင်သည့်အခါ ဤကွာဟချက်မှာ သိသာလှသည်။
အင်ပါယာနန်သည် ဤပြဿနာကိုနားလည်သဘောပေါက်သောကြောင့် ယခုထိုအချက်ကိုထောက်ပြခြင်းဖြစ်သည်။
“ရီဖူရှင်း အရှင်ထိုက်ရွှမ်ဖန်တီးခဲ့တဲ့ လျှပ်တပြတ်ဓားပညာရပ်က အလွန်အစွမ်းထက်တယ်။ ဒါပေမယ့် တိုက်ပွဲစတင်တာနဲ့ မင်းက ဓားအချင်းချင်း ပဲ့တင်ထပ်အောင်လုပ်ခဲ့တယ်။ဒါက မင်းရဲ့ကိုယ်ပိုင်နည်းလမ်းပဲဟုတ်တယ်မလား” အင်ပါယာနန်က ရီဖူရှင်းအားကြည့်ပြီး မေးလိုက်သည်။
“ဟုတ်တယ်” ရီဖူရှင်းကခေါင်းငြိမ့်ပြီး ပြောလိုက်သည် “ကျွန်တော်က အဲဒါကို ဟွေ့ဓားလို့ နာမည်ပေးထားတယ်”
“သေချာလုပ်ခဲ့တာပဲ။ ဟွေ့ဓားက လျှပ်တပျက်ဓားနဲ့ဆင်တူပေမယ့် မူလထက်တော့ သာလွန်ပြီး မင်းရဲ့လမ်းစဥ်နဲ့လည်း ပိုကိုက်ညီတယ်” အင်ပါယာနန်က ဆန်းစစ်ပြောဆိုလိုက်သည်။ ”ဒီဓားပညာရပ်က လျှပ်တပြတ်ဓားကွက်ထက်ပိုကောင်းတယ်လို့မပြောနိုင်ပေမယ့် ကျွန်တော် အဲဒီဓားကွက်ကို အသုံးပြုတဲ့အချိန်မှာ လျှပ်တပြတ်ဓားထက် ပိုပြီး အားကောင်းတယ်” ရီဖူရှင်းက ခေါင်းငြိမ့်ပြီးထောက်ခံလိုက်သည်။
ဤဓားက သူ့အတွက်တော့ ကောင်းမွန်စွာကိုက်ညီနေသည်။
ထို့အပြင် သူ၏ပြိုင်ဘက်ကိုအနိုင်ယူရာတွင် အသုံးပြုခဲ့သည့်နှင်တံပညာရပ်သည်လည်း သူ၏ကိုယ်ပိုင်ပညာရပ်ဖြစ်သည်။ ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက်သည် မရေမတွက်နိုင်သော အသွင်ပြောင်းမှုများကိုကြုံတွေ့ခဲ့ပြီး အပြန်ပြန်အလှန်လှန်မွမ်းမံပြီးဖြစ်သည်။ရီဖူရှင်းသည် ထိုပညာရပ်က မူလထက်ပိုပြီးအားကောင်းသည်ဟုမပြောနိုင်သော်လည်း သူ့အတွက်တော့ ပြည့်စုံသင့်တော်သည့် ပညာရပ်ဖြစ်သည်။
“ငါလဲ ဓားပညာကိုလေ့ကျင့်ခဲ့တယ်။ ပြီးတော့ ငါ့အတွက်သင့်တော်တဲ့ ဓားတစ်လက်ကိုနားလည်သဘောပေါက်ခဲ့တယ်။ဒီနေ့ ငါ မင်းတို့ကိုပြမယ်” အင်ပါယာနန်ကပြောလိုက်သည်။သူသည် နန်လော့ရှန်းကိုကြည့်ပြီးပြောလိုက်သည် ”လော့ရှန်း ငါ့ကို ချင်းဟယ်ခဏငှားဦး”
နန်လော့ရှန်းသည် ခေါင်းညိမ့်သဘောတူလိုက်ပြီး ချင်းဟယ်နတ်ဓားအား အင်ပါယာနန်ဆီသို့လွှဲပေးလိုက်သည်။ချင်းဟယ်နတ်ဓားသည် မူလက အင်ပါယာနန်၏ဓားဖြစ်သောကြောင့် သူနှင့် ရင်းနှီးပြီးသားဖြစ်သည်။ အင်ပါယာနန်လက်ထဲတွင် ချင်းဟယ်နတ်ဓားကိုကိုင်လိုက်သည့်အခါ ဓားသည်တုန်ခါလာပြီး ပရိသတ်၏နားထဲတွင် အသံများကြားလာရသည်။ထိုသည်မှာ ဓားသည် စိတ်လှုပ်ရှားနေသကဲ့သို့ပင်ဖြစ်သည်။
အင်ပါယာနန်သည် လက်ထဲတွင် ဓားကိုကိုင်လိုက်ပြီး ကောင်းကင်သို့ပျံတက်သွားသည်။ရီဖူရှင်းနှင့်ကျန်လူများသည်လည်း ခုန်တက်ကာ သူ၏နောက်သို့လိုက်ပါသွားကြ၏။
“ငါနဲ့ အဝေးမှာနေကြ” အင်ပါယာနန်က ညွှန်ကြားလိုက်သည်။လူတိုင်းသည် သူတို့လမ်းကြောင်းမှာရပ်လိုက်သည်။တိမ်များသည် ကောင်းကင်တွင်လွင့်မျောနေသည်။ အင်ပါယာနန်သည် ချင်းဟယ်နတ်ဓားကို သူ၏လက်ထဲတွင် ကိုင်ထားသည်။ သူသည်ဓားကို ပေါ့ပေါ့ပါးပါးဆုပ်ကိုင်ထားကာ မဟာလမ်းစဉ်နှင့်ပေါင်းစည်းလိုက်သောကြောင့် ဓားနှင့်တသားထဲဖြစ်လာသည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ရာဓားရောင်သည် အင်ပါယာနန်ကိုဗဟိုပြုဝန်းရံပြီးလွှမ်းခြုံလာသည်။ လေဟာနယ်သည် အပိုင်းပိုင်းကွဲသွားဟန်ရသည်။ ရီဖူရှင်းနှင့် ကျန်လူများသည် သူတို့သည် ဓားနှင့် နီးသောအကွာအဝေးသို့ ဝင်ရာက်လျှင် ဓား၏အသိဖြင့် ဖုန်မှုန့်အဖြစ်သို့ချက်ချင်းကြေမွသွားမည်ဟုခံစားလိုက်ကြရသည်။
“မဟာလမ်းစဉ်ရိုက်ချက်က ရိုးရှင်းတယ်။မင်းတို့သာပိုမြင့်တဲ့ကျင့်ကြံဆင့်ကိုရောက်ရင် ဒီလိုအထင်ကြီးစရာနည်းလမ်းတွေကို မလိုတော့ဘူး။” အင်ပါယာနန်က သင်ကြားပို့ချလိုက်သည်။ “အရိုးရှင်းဆုံးနည်းလမ်းက မင်းတို့ရဲ့စွမ်းအားတွေကို တစ်နေရာထဲမှာစုစည်းလိုက်ပြီး လမ်းစဥ်ရဲ့ စွမ်းအားတွေကို နည်းနည်းလေးတောင် အလဟသဖြစ်မသွားစေဘူး။ ဒါက အားအကောင်းဆုံးနည်းလမ်းပဲ” စကားပြောနေစဉ်တွင် သူ၏အရှိန်အဝါသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။
ကျယ်ပြောသည့်ကောင်းကင်ကို ပုံသဏ္ဍာန်မဲ့ဓားအသိဖြင့် ပတ်ရံထားပုံရသည်ကို လူတိုင်းခံစားမိလိုက်သည်။ ၄င်းက ဖိအားပေးနေသော်လည်း ခြိမ်းခြောက်မှုတော့မရှိပေ။ဤသည်မှာ ဓားက သူတို့အပေါ်ကျရောက်မည်မဟုတ်ကြောင်း သူတို့ခံစားမိသောကြောင့်ဖြစ်နိုင်သည်။
ချင်းဟယ်နတ်ဓားသည် အသံထွက်ပေါ်လာပြီး အင်ပါယာနန်၏ရှေ့တွင် ပေါ်လာသည်။အင်ပါယာနန်သည် လက်ညှိုးထိုးပြလိုက်ပြီး ချင်းဟယ်နတ်ဓားကိုညွှန်ပြလိုက်သည်။ချက်ချင်းပင် ဓားသည် ရှေ့သို့ခုန်တက်လိုက်ပြီးကောင်းကင်ကိုဖြတ်သွားသည်။
ရွှပ်...
စူးရှသောဓားအလင်းတန်းသည် ကောင်းကင်ကိုဖြတ်သွားသည်။ဖြတ်သွားသည့်နေရာတိုင်းတွင် လေဟာပြင်သည် ကွဲထွက်သွားသည်။ရီဖူရှင်းနှင့်ကျန်လူများသည် ဓားကြောင့် ထိတ်လန့်သွားကြသည်။ ကောင်းကင်တွင် မည်းမှောင်သည့် အက်ကွဲကြောင်းများထွက်ပေါ်လာသည်။လေဟာပြင်ကို ဓားဖြင့် ခုတ်ထစ်လိုက်သကဲ့သို့ပင်ဖြစ်သည်။
အပေါက်ပတ်လည်ရှိမဟာလမ်းစဉ်အားလုံးသည် ဖုန်မှုန့်အဖြစ်သို့ ကြေမွသွားသည်။
အခြားနေရာများရှိ ဓားအရှိန်အဝါများက လွင့်စင်ကွယ်ပျောက်သွားသည်။လူအုပ်ကြီးသည် ဖိအားများကို ကြာရှည်မခံစားရတော့ပေ။သူတို့၏မျက်လုံးထဲတွင် ဓားသာ ကျန်ရှိနေသည်။အင်ပါယာနန်သည် သူ၏လမ်းစဥ်အားလုံးကို ဓားဆီသို့ပေါင်းစည်းလိုက်ပြီး အနည်းငယ်မျှပင် အလဟဿမဖြစ်သွားပေ။ သူ၏မဟာလမ်းစဉ်သည် ရိုးရှင်းပြီး အခြေခံကျပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် လူတိုင်းသည် ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်နေကြသည်။ကြောက်မက်ဖွယ်ကောင်းသည့် အပေါက်ကြီးသည် မြင်ရသူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ တပည့်များသည် ထိုမြင်ကွင်းကိုကြည့်ကာ အားကျနေကြသည်။အင်ပါယာနန်သည် သူ၏သင်ကြားချက်များကို ကိုယ်တိုင်ပို့ချခဲ့သည်။ ယခုအခါ ကောင်းကင်အာဏာစက်ကျောင်းတော်သည် နာမည်ကောင်းရရှိပြီး အင်ပါယာနန်ကိုပင် ပို့ချသူအဖြစ်ဖိတ်ကြားနိုင်ပြီဖြစ်သည်။ ကံမကောင်းစွာပဲ လူအများအပြားသည် သူ၏သင်ကြားပို့ချချက်ကို လက်ခံရနိုင်မည်မဟုတ်ပေ။ သူတို့သည် ပထမဆုံး ကောင်းကင်အာဏာစက်ကျောင်းတော်၏အဓိက တပည့်များဖြစ်လာရန်လိုအပ်သည်။ ထို့နောက် သူတို့သည် အင်ပါယာနန်၏ ညွှန်ကြားမှုကို လက်ခံမရရှိခင် ကော့တေးသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မှီရမည်ဖြစ်သည်။
ချင်းဟယ်နတ်ဓားသည် အင်ပါယာနန်၏လက်ထဲသို့ပြန်လည်ရောက်ရှိလာသည်။ သို့သော်ရီဖူရှင်းနှင့်ကျန်လူများသည် ဓားကို ကြည့်နေရင်းမင်သက်နေဆဲဖြစ်သည်။ဓားပညာရပ်သည် ရိုးရှင်းစွာပေါ်လာသော်လည်း ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေသည်။
လူအုပ်ကြီးသည် ကျောင်းတော်သို့ ပြန်လာကြသည်။အင်ပါယာနန်သည် ချင်းဟယ်နတ်ဓားကို နန်လော့ရှန်းထံသို့ ပြန်လည်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ မင်းတို့အားလုံး လုံ့လဝီရိယနဲ့လေ့ကျင့်ကြ။မဟာလမ်းစဉ်၏ဘုံသုံးထောင်ရဲ့ အနာဂတ်က မင်းတို့လက်ထဲမှာပဲ”
“ကျေးဇူးပါ အင်ပါယာနန်” ရီဖူရှင်းသည် ဦးညွှတ်ရင်းပြောလိုက်သည်။ကျန်ရှိသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။ထို့နောက် အင်ပါယာနန်သည် ကျောင်းတော်မှ ထွက်ခွာသွားသည်။
ရာရာ၊ရီဝူချင်း၊ဓားသမားလီဟန်နှင့် အခြားသူများသည် ဓားသမားများဖြစ်ကြသည်။ဤရိုးရှင်းသော ဓားတိုက်ကွက်က သူတို့ကိုအလွန်စိတ်လှုပ်ရှားစေခဲ့သည်။အချို့သောစည်းမျဉ်းများသည် နားလည်ရန်လွယ်ကူသော်လည်း အကောင်အထည်ဖော်ရန်အလွန်ခက်ခဲသည်။
သူတို့သည် အင်ပါယာနန်လုပ်ဆောင်သကဲ့သို့ သူတို့၏စွမ်းအားကိုအသုံးပြုနိုင်မည်ဆိုလျှင် သူတို့၏တိုက်ခိုက်မှုများသည် အင်အားနှင့် အရှိန်မြင့်လာမည်မှာသေချာသည်။
“အင်ပါယာနန်က တကယ်ကိုပဲ သူ့ရဲ့ကျော်ကြားမှုနဲ့ထိုက်တန်တယ်” သောကျောက်သည်အံအားသင့်စွာပြောလိုက်သည်။ “အရင်က မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သူရဲ့လက်ထဲမှာ သေဆုံးသွားတယ်ဆိုတဲ့ကောလဟာလတွေရှိတယ်။သို့ပေမယ့် အခုတော့ သူက ညင်သာရည်မွန်တဲ့ စာပေပညာရှင်လိုပုံစံပဲ”
“သူက ညင်သာတယ်ဆိုတာ ငါတို့ကို လမ်းညွှန်ပြနေလို့ပဲ။သူသာရန်သူနဲ့ရင်ဆိုင်ရမည်ဆိုလျှင် သူက အခြားအဖွဲ့ကိုစိတ်ဒဏ်ရာရစေပြီး တစ်ချက်ထဲနဲ့သတ်ပစ်လိုက်လိမ့်မယ်” ရီဖူရှင်းက မှတ်ချက်ပေးလိုက်သည်။ သောကျောက်သည်လည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
သူ၏ဓားကဲ့သို့သော ဓားတစ်လက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ထိုဓားချက်ကြောင့် လေဟာနယ်အပေါက်တစ်ခုပင်လျှင် ပေါ်လာခဲ့ရသည်။
လူတိုင်းသည် သူတို့လုပ်စရာရှိသည်များလုပ်ရန် ထွက်ခွာသွားသည်။ ရီဖူရှင်းသည်လည်း တစ်ယောက်ထဲ လေ့ကျင့်ရန်သွားခဲ့သည်။ သူသည် မဟာလမ်းစဉ်ကိုနားလည်ရန်ဆက်လုပ်ခဲ့သည်။ ဤကဲ့သို့ ပရမ်းပတာအချိန်တွင် သူသည် သူ၏စွမ်းရည်တိုးတက်ရန် ပြင်းပြသည့်ဆန္ဒတစ်ခုသာရှိသည်။
…
အထက်ကောင်းကင်ဘုံတွင် ရှေးဟောင်းရွှေရောင်နတ်ပြည်ထောင်သည် အဆောက်အဦးကိုရွှေစင်ဖြင့် တည်ဆောက်ထားသောကြောင့်တောက်ပနေသည်။ ထိုအဆောက်အဦးကို မြေပြင်တွင်တည်ဆောက်ထားပြီး မီတာတစ်သောင်းကျော်ရှည်လျားသည်။အဆောက်အဦးကိုရောက်ရှိရန် ရွှေရောင်နတ်ပြည်ထောင်၏လှေကားထစ်ကိုဦးစွာခြေချရန်လိုအပ်သည်။သာမန်လူများသည် ထိုနေရာကိုဝင်ရောက်ရန် အရည်အချင်းပြည့်မှီလိမ့်မည်မဟုတ်ပေ။
သို့သော် ဤနေ့တွင် ဘုံပတ်လည်မှ ကျင့်ကြံသူများသည် ဤရှေးဟောင်းနေရာသို့စုဝေးရောက်ရှိနေကြသည်။
ရွှေရောင်နတ်ပြည်ထောင်၏အရှင်သည် အထက်ကောင်းကင်ဘုံရှိအင်အားစုအားလုံးကိုတွေ့ဆုံရန်ဖိတ်ကြားထားသည်။ ဧည့်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
နေမင်းနန်းတော်၏သတင်းကိုကြားသည့်အခါ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိပ်တန်းတပ်ဖွဲ့များပင်လျှင် အဆင်မပြေကြပေ။ ပြင်ပဘုံမှ အထူးတပ်ဖွဲ့များသည် လေဟာနယ်ဘုံရှိတပ်ဖွဲ့များကိုသိမ်းပိုက်လိုပါကအများစုမှာ ယခင်ကကဲ့သို့ခံနိုင်တော့မည်မဟုတ်ပေ။ ကောင်းမွန်သည့်ဥပမာနှစ်ခုမှာ လျှို့ဝှက်နယ်မြေဘုံနှင့်နေမင်းနန်းတော်ဖြစ်သည်။ အခြေအနေတိုးတက်မှုတွင် နှောင့်နှေးမှုမရှိပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤကံကြမ္မာမှ လွှတ်မြောက်နိုင်သည့်အကြောင်းပြချက်မှာ ကျောင်းတော်သည် များစွာသောအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခြင်းကြောင့်ဖြစ်သည်။ဤသည်ကြောင့်ထိုက်ချူတော်ဝင်မြေသည်သူတို့၏တည်ရှိမှု မကိုင်လှုပ်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုက်ချူတော်ဝင်မြေနှင့်ကောင်းကင်အာဏာစက်ကျောင်းတော်ကြားတိုက်ပွဲသည် အကျပ်အတည်းတစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။ကျေးဇူးတင်စရာမှာ နောက်ဆုံးတွင် ထိုအကျပ်အတည်းကိုဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တော့ ဘုံကိုးခုရှိ များစွာသောအင်အားစုများသည် တောင့်ခံနိုင်ဖို့ရာ ရန်ဟောင်အဆင့်အထက်များ တည်ရှိခြင်းမရှိကြပေ။သူတို့အင်အားစုတွင် အဆင့်မြင့်ရန်ဟောင်များလည်းမရှိပေ။ ထို့ကြောင့် သူတို့၏အင်အားစုများသည် အင်အားကြီးသော်လည်း အမှန်တကယ်အားဖြင့် အလွန်ပျက်စီးလွယ်သည်။ ယခင်ကဘုံ၏ဟန်ချက်ညီမှုကိုထိန်းသိမ်းရန်အင်အားစုအားလုံးသည် အချင်းချင်းသတိရှိကြရန်လိုအပ်သည်။ သို့သော် ဤပရမ်းပတာအခြေအနေတွင် သူတို့အားလုံးသည် အမြစ်ပြတ်ချေမှုန်းခံရနိုင်သည့် အန္တရာယ်ရှိသည်။
အထက်ကောင်းကင်ဘုံတွင် ရှန့်ရှောင်းနတ်နန်းတော်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် ယခင်ထိုက်ရွှမ်တောင်တန်းတွင်သာ ထိပ်သီး ပုဂ္ဂိုလ်ကြီးများရှိသည်။ အခြားအင်အားစုများတွင်သူတို့ကိုခုခံနိုင်သူတစ်ယောက်မှမရှိပေ။ အရှင်ထိုက်ရွှမ်ပင်လျှင် ပိုမြင့်သောအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ အသစ်အဆန်းဖြစ်သည်ဟု တွေးထင်ပေသည်။
ကိုက်ချိန်ပြန်လာပြီးနောက် ရွှေရောင်နတ်ပြည်ထောင်တွင် ပုဂ္ဂိုလ်ကြီးနှစ်ယောက်ဖြစ်သွားသည်။ အခြားတစ်ဖက်မှာလည်း အရှင်ထိုက်ရွမ်သည် ကောင်းကင်အာဏာစက်ဘုံကိုရောက်သွား၏။ ထို့ကြောင့်လက်ရှိ အထက်ကောင်းကင်ဘုံတွင် ရွှေရောင်နတ်ပြည်ထောင်ကို ဆန့်ကျင်နေဆဲဖြစ်သည့် ရှန့်ရှောင်းနတ်နန်းတော်မှလွဲ၍ အခြားသောအင်အားစုများသည် ၎င်းတို့နှင့်မယှဉ်နိုင်ပေ။
ထို့ကြောင့် အထက်ကောင်းကင်ဘုံရှိ အင်အားစုအားလုံးသည် ရွှေရောင်နတ်ပြည်ထောင်မှ ဖိတ်ခေါ်သည့်အခါ လာရောက်ကြခြင်းဖြစ်သည်။ ဤနေ့တွင်ရှီလင်နတ်မြို့တော်၊ ကောင်းကင်နှစ်မြုတ်ခြင်းကလန်နှင့် ချင်းဖုန်းကလန် အပါအဝင် များစွာသော အင်အားစုများသည် ဤတောက်ပနေသည့်ရွှေရောင်နန်းတော်သို့ခြေချလာကြသည်။
ရွှေရောင်နတ်ပြည်ထောင်ခန်းမအပြင်ဘက်တွင် ကျင့်ကြံသူများသည် ကိုက်ချန်နှင့်ကိုက်ချိန်ကိုတွေ့ခဲ့ကြသည်။ ကိုက်ချန်သည် ပြည်ထောင်အရှင်ဖြစ်ပြီး ကိုက်ချိန်သည် အရှင်ဒွန်ဟောင်၏ကွပ်ကဲမှုအောက်တွင်ရှိသည့် နတ်စစ်သူကြီးဖြစ်သည်။ ကိုက်ချိန်၏စွမ်းရည်သည် ကိုက်ချန်ထက် အားနည်းသည်မဟုတ်ပေ။
ညီအစ်ကိုနှစ်ယောက်သည် အတူတကွထိုင်နေကြပြီး ကြီးကျယ်ခမ်းနားသည့်အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။
များစွာသော အင်းအားစုများမှ ကျင့်ကြံသူများရောက်လာသည့်အခါ သူတို့သည် အားနည်းသောကြောင့် ညီအစ်ကိုနှစ်ယောက်ကိုအရိုအသေပြုကြသည်။
ကျင့်ကြံသူအများစုရောက်လာပြီးနောက် ကိုက်ချန်သည် လူအုပ်ကိုစစ်ဆေးလိုက်ပြီး မေးလိုက်သည် “ရှန့်ရှောင်းနတ်နန်းတော်ရဲ့ကိုယ်စားလှယ် ဒီမှာရှိလား”
“ရှန့်ရှောင်းနတ်နန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အခု သူတို့လူအများစုကို ကျောင်းတော်မှာလေ့ကျင့်ဖို့စေလွှတ်ထားတယ်” ရှီလင်နတ်မြို့တော်မှ မိစ္ဆာအိုကြီးလော့ကပြောလိုက်သည်။ ချက်ချင်းပင် ခန်းမထဲမှလေထုသည်ပြောင်းလဲသွားသည်။ အထက်ကောင်းကင်ဘုံတွင် အင်အားစုအားလုံးနီးပါးသည် သူတို့၏တပည့်အနည်းငယ်ကို ကျင့်ကြံရန် ရှန့်ရှောင်းနတ်နန်းတော်သို့ စေလွှတ်ခဲ့သည်။
ယခုအခါ ရွှေရောင်နတ်ပြည်ထောင်သည် အထက်ကောင်းကင်ဘုံရှိအင်အားစုအားလုံးအပေါ် အုပ်စိုးရန်ရည်ရွယ်နေသည်။ ထိုအဖြစ်အပျက်တွင် ကျင့်ကြံခြင်းတော်ဝင်မြေနှင့် အထက်ကောင်းကင်ဘုံ၏ အားအကောင်းဆုံးသောအင်အားစုတို့သည် ဆန့်ကျင်ဘက်တွင်ရပ်တည်နေကြသည်။
ထို့အပြင် နောက်ကွယ်မှ ရွှေရောင်နတ်ပြည်ထောင်ကို ကြိုးကိုင်နေသည့် အခြားအင်အားစုရှိနေကြောင်း ကောလဟာလများကို လူအများကြားသိထားကြသည်။
ထိုက်ချူတော်ဝင်မြေနှင့် တိုက်ပွဲပြီးဆုံးပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်၏လွှမ်းမိုးမှုမှာ အမြင့်ဆုံးသို့ရောက်ရှိသွားသည်။ ထို့အပြင် သူတို့သည် များစွာသောအင်အားစုများနှင့် မဟာမိတ်ဖွဲ့ထားသည်။ ထို့ကြောင့် ကောင်းကင်အာဏာစက်ဘုံကို ပြင်ပလူများက သိမ်းပိုက်ရန် ခက်ခဲပေသည်။
အကျိုးဆက်အနေဖြင့် ပြင်ပဘုံမှ အချို့သောအင်အားစုများသည် သူတို့၏ပစ်မှတ်ကို အထက်ကောင်းကင်ဘုံသို့ပြောင်းလိုက်သည်။
နောက်ဆုံးတွင် ပြင်ပဘုံမှ ထိပ်တန်းအင်အားစုများ၏ပန်းတိုင်သည် ဘုံကိုးခု၌ သူတို့၏ဩဇာလွှမ်းမိုးမှုကို တည်ဆောက်ရန်ဖြစ်သည်။၎င်းတို့အတွက် သူတို့သည်မည်သည့်ဘုံကိုသိမ်းယူထားသလဲဆိုသည်က အရေးမကြီးပေ။
ဗဟိုအင်ပါယာဘုံရှိ အင်အားစုများသည် အင်အားအကြီးဆုံးဖြစ်ကြပြီး သိမ်းယူရန်အခက်ခဲဆုံးဖြစ်သည်။ လျှို့ဝှက်နယ်မြေဘုံသည် ယခုအခါ မိစ္ဆာနက်အဖွဲ့၏လက်အောက်တွင်ရောက်ရှိနေသည်။ထို့ကြောင့် ကျန်ရှိသောရွေးချယ်စရာများက အကန့်အသတ်ရှိနေပေသည်။
***