အခန်း (၄၀၁-၄၀၃)
Vol. 9 Ch. 401-403
အပိုင်း (၄၀၁)
မင်းက ဘာလို့ ဒီရောက်နေတာလဲ။
လုလျန့်ဝေက သဘောတူသည့်အနေဖြင့် ငြင်သာစွာ ခေါင်းငြိမ့်ပြလိုက်သည်။
“ ကောင်းပြီလေ “
လုလျန့်ဝေကို မြို့စားမင်းရဲ့အိမ်တော်ဆီသို့ ကိုးရက်မြောက်နေ့တွင် ပြန်ပို့ပေးပြီးနောက် သူသည် အဆောင်သို့ တိုက်ရိုက်ပြန်သွားတော့သည်။
ထိုအချိန် ဆရာလျုံဖုရင်သည် အနောက်ခြံထဲတွင် စားတော်ပွဲတစ်ခုကျင်းပနေလေသည်။ ထိုအချိန်မှာဘဲ နန်းတော်အစေခံတစ်ယောက်က အပြေးဝင်လာခဲ့ပြီး သူ့အား တီးတိုးပြောလာသည်။
ဆရာလျုံသည် ထိုစကားအားကြားပြီးတဲ့နောက် စိတ်တည်ငြိမ်မှု ပျောက်ဆုံးကာ
လူကြားထဲတွင်ရှိနေသည်ကိုပင်မေ့သွားပြီး ဖန်ခွက်ထဲရှိ ဝိုင်များမှာလည်း ဖိတ်ကျသွားတော့သည်။ ထိုအခါ စားပွဲရှိ အခြားသော ဧည့်သည်တော်တွေက လှမ်းကြည့်ပြီး မေးလာကြသည်။
“ ဘာကိစ္စလဲ၊ ဆရာလျုံ။ ဘာများဖြစ်တာလဲ။ “
ဆရာလျုံသည် စကားသံများကြားရသည့်အခါမှ စိတ်တည်ငြိမ်အောင် အတော် ပြန်ထိန်းလိုက်ရသည်။ သူ ဘယ်လိုများ ဒီလူကို မေ့သွားရတာလဲ။
“ သခင့်ကို အမှန်ပြောရရင် သတင်းပို့သူတင်ပြတာတော့ မိန်းမတစ်ယောက်က အပြင်မှာရပ်ပြီး အရာရှိတွေကို တိုင်ကြားချင်တယ်လို့ ပြောခဲ့ပါတယ်တဲ့။ သူ(မ)က မြို့အနောက်ဘက်က စွန့်ပစ်အိမ်ထဲမှာ လူတွေအများကြီးသေခဲ့တယ်လို့လည်းပြောပါသေးတယ်။ သတင်းပို့သူက သူ(မ)ကို စစ်ဆေးမေးမြန်းတဲ့အခါကျ သူ(မ)က ဧကရာဇ်ရဲ့အမိန့်ဝရမ်းကို ထုတ်ပြလာပါတယ်.... “
သူက ပြောနေရင်း ခေတ္တရပ်လိုက်ပြီးနောက်
သူသည် စကားပြောပြီးနောက် ချွေးများကိုသုတ်လိုက်သည်။ အမှန်ပင် ဒီအဖြစ်အပျက်ဟာ ရုတ်ခြည်းဆန်ပြီး ထူးဆန်းလှသည်။ ဘယ်လိုဖြစ်ပြီး ဒီလိုရည်မွန်သည့်ဟန်ပန်ရှိတဲ့အမျိုးသမီးလက်ထဲမှာ ဧကရာဇ်ရဲ့ အမိန့်ဝရမ်းက ရှိနေရတာလဲ။
ထိုအချိန် စားပွဲဝိုင်းတစ်ခုက လူငယ်တစ်ယောက်က စကားထပြောသည်။ ထိုသူက ဆရာလျုံရဲ့ အငယ်ဆုံးသား လျုံကျင်းရန်ဖြစ်လေသည်။
“အဖေ၊ ဘာလို့ အဖေကိုယ်တိုင် အပြင်ကို တစ်ချက်လောက် သွားမကြည့်တာလဲ။ တကယ်လို့ အတုလား အစစ်လားဆိုတာ အဖေ မခွဲနိုင်ဘူးဆိုရင်တောင် ထင်ချန်းက အခုထိ ဒီမှာရှိသေးတယ်မလား။ သူက ဘယ်တော့မှ အမှားလုပ်မယ့်သူမျိုးမဟုတ်ဘူး “
သူတို့နှစ်ဦးသည် ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ယနေ့ လုထင်ချန်းရဲ့ စားတော်ပွဲအတွက် သူက ဦးဆောင်ကျင်းပပေးခဲ့ခြင်းလည်းဖြစ်သည်။ သူ့အဖေက ဤအကြောင်းကိုကြားပြီးသည့်နောက် သူ့ရဲ့နိုင်ငံတော်အရေးကိစ္စတွေကိုပင် ခဏဘေးဖယ်ထား၍ လူကိုယ်တိုင်ရောက်လာပြီး ဒီပွဲတွင် အဖော်လာပြုပေးခြင်းဖြစ်သည်။
လုထင်ချန်းမှာ မြို့စားမင်းရဲ့ တစ်ဦးတည်းသောသားဖြစ်ရုံသာမက ဧကရာဇ်၏ မျက်နှာသာပေးခံရတဲ့ အင်ပါယာသစ်တောစစ်တပ်ရဲ့ကြီးကြပ်သူလည်းဖြစ်သည့်အပြင် မကြာခင်မှာဘဲ ဦးရီးတော်ဂုဏ်ပုဒ်ရရှိတော့မည့်သူလည်းဖြစ်သည်။
ဒီလိုအရေးပါတဲ့ရာထူးအတွက် ဆရာလျုံသည် သဘာဝကျစွာနှင့် သူ့၏ မျက်နှာသာရဖို့ စိတ်အားထက်သန်စွာ ကြိုးစားလေသည်။
သူတစ်ယောက်တည်းတင်မဟုတ်ဘဲ အချို့ခုံရုံးက ရာထူးမြင့်အရာရှိတွေကလည်း လုထင်ချန်းရဲ့ မျက်နှာသာရဖို့ကို ကြိုးစားနေကြသည်။
သို့သော် လုထင်ချန်းသည် ငယ်ရွယ်သော်လည်း ရိုးသားဖြောင့်မတ်သဖြင့် မြှောက်ပင့်ခြင်းကို မုန်းတီးပြီး မြှောက်ထိုးပင့်တဲ့လုပ်ရပ်မျိုးကိုမူ အမုန်းဆုံးဖြစ်သည်။
လျုံကျင်းရန်ဘက်က စကားစလာခဲ့ပြီဖြစ်၍ လုထင်ချန်းဟာလည်း ရှောင်ဖယ်လိုက်ရန် မလွယ်ကူတော့ချေ။ ထို့အပြင် သူကိုယ်တိုင်ကလည်း ဘယ်သူကများ ဧကရာဇ်ရဲ့ အမိန့်ဝရမ်းကို အတုလုပ်ပြီး အစိုးရကို တိုင်ကြားချက်တင်ရဲလဲဆိုတာကို သိချင်လှသည်။
“ ကောင်းပါပြီ၊ ကျွန်တော်ကလည်း ပြန်တော့မှာဆိုတော့ တစ်ခါတည်း လျုံလူကြီးမင်းနဲ့အတူ ထွက်ပြီး တစ်ချက်လိုက်ကြည့်လိုက်ပါ့မယ် “
ထိုအချိန် တရားရုံးထဲ၌ ချုးကျူက သတင်းပို့သူအစေခံအား စိတ်မရှည်စွာဖြင့်
“ ရှင့်ကို ပြဿနာအကြောင်းပြောပြီးပြီဘဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတော့ ရှင့်ဘာသာ စဉ်းစားပေါ့ “
“ မိန်းကလေး၊ သခင်ကြီးက မကြာခင်လာပါလိမ့်မယ်။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ “
ထိုမိန်းကလေးပြောပုံအရဆို မြို့အနောက်ဘက်မှာ အလောင်း၂၀ကျော်ရှိတယ်ဆိုမှတော့ သူ(မ)ကို ဘယ်လိုလုပ်လွှတ်ပေးလို့ဖြစ်မှာလဲ။
ထို့အပြင် သူ(မ)လက်ထဲရှိ ဝရမ်းမှာလည်း အစစ်လား အတုလား မသိရသေးချေ။ သူသာ သူ(မ)အား ထွက်သွားခွင့်ပြုလိုက်ပါက ခဏနေလို့ သခင်ဖုရင်သာလာရင် သူဘယ်လို ပြန်ဖြေရတော့မှာလဲ။
ချူးကျူက လှည့်ပြီး သူ့ကို အေးစက်စက်ကြည့်လိုက်သည်။
ရုံးတော်အစေခံက သူ(မ)မျက်လုံးထဲက အေးစက်စက်အကြည့်ကြောင့် တုန်လှုပ်ပြီး ရွေ့ဖို့ပင်မေ့သွားလေသည်။
ချူးကျူက ထိုသူ့အား လျစ်လျူရှုပြီး အပြင်ကို လျှောက်ထွက်လာခဲ့သည်။
ရုံးတော်အစေခံသည် သူ(မ)အား လျစ်လျူမရှုရဲသော်လည်း ဖုရင်လူကြီးမင်းက နောက်ကျနေလေသည်။ သူ(မ)သည် ပြဿနာအား တိုင်ကြားပြီးပြီ ဖြစ်သောကြောင့် ကိစ္စမှာ ပြီးမြောက်သွားပြီဟု ယူဆလို့ရပြီဖြစ်သည်။ကျန်တဲ့ကိစ္စကတော့ ဖုရင်နဲ့ဘဲဆိုင်သွားပြီဖြစ်သည်။
သူ(မ)တံခါးကနေ ထွက်လာသည့်အခါ တစ်ယောက်ယောက်က သူ(မ)လက်မောင်းကို လှမ်းဆွဲလိုက်တာကို ခံစားလိုက်ရသည်။
“ မင်းက ဘာလို့ ဒီရောက်နေတာလဲ။ “
အပိုင်း (၄၀၂)
ကြီးမားတဲ့အဖိုးအခပေးခြင်း
သူ့ကိုဆွဲတဲ့သူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရပြီးတဲ့နောက် ချူးကျူကရုန်းဖို့ပြင်နေသည့်အားရပ်တန့်လိုက်သည်။
သူ(မ)က ဂရုမစိုက်သည့်ပုံစံဖြင့်
“ ကျွန်မက ဘယ်မှာ ဘာလုပ်တယ်ဆို ရှင့်ကိုပြောပြစရာမလိုဘူးလေ၊ ဟုတ်တယ်မလား “
လုထင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။သူသည် သူ(မ)ကဲ့သို့ ဒီလောက်မနှစ်မြို့စရာကောင်းတဲ့မိန်းကလေးမျိုးကို မတွေ့ခဲ့ဖူးပေ။
“ ဘယ်သူက မင်းအကြောင်းကို မေးနေလို့လဲ။ မင်းကအခုဝေဝေ့ကို ကာကွယ်နေရတာလေ။ အခု မင်းက ရုတ်တရက်ကြီး ဒီမှာပေါ်လာမှတော့ ငါ့မှာမေးခွင့်ရှိတယ် “
လုထင်ချန်းက သူမကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး
“ ဘာဖြစ်တာလဲ။ ဝေဝေနဲ့ ပတ်သက်နေလား။ “
ချူးကျူက သူ့ခန္ဓာကိုယ်ပေါ်က အရက်နံ့ရနေသောကြောင့် သူမအမူအရာက လှောင်ရိပ်ပေါ်လာတော့သည်။
“ ရှောင်က ဟိုမှာ ထူးဆန်းတဲ့ ရင်းနဲ့ရန်နဲ့ ရှိနေတာမလား။ ဝေ့ဝေ့ကရော အဆင်ပြေရဲ့လား “
“ သခင်လေးလောင်က စိတ်ပူနေတာပါ။ ဒုတိယသခင်မလေးက ကောင်းကောင်းမွန်မွန်ရှိနေပါတယ် “
သူ(မ)က ပြောပြီးနောက် တရားရုံးကို လှည့်တောင်မကြည့်ဘဲ ထွက်သွားတော့သည်။
ဆရာလျုံက မြို့အနောက်ဘက်တွင် လူ၁၂ယောက်ထက်မနည်း အသတ်ခံရသည်ဟုပြောကာ သတင်းလာပို့တဲ့သူကလည်း သူ(မ)ဖြစ်နေသည့်အပြင် ကိုးရက်မြောက်နေ့လည်းဖြစ်သည်။ သူ(မ)သည် ဝေ့ဝေ့နှင့် တစ်နေကုန်ရှိနေခဲ့တာပင်။ ဒီအဖြစ်အပျက်က ဝေဝေနဲ့များ ပတ်သက်နေလား။ သူမရော ထိခိုက်သွားသေးလား။
“ ဆိုတော့ သခင်လေးက သူမကိုသိတယ်ပေါ့။ ဒါဆို ဝရမ်းကိစ္စက .... “
လုထင်ချန်းက ရှင်းပြပြီးနောက် လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
လျုံဖုရင်နဲ့ သူ့သားတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြသည်။
ဝေရှီဥယျာဉ်ကို ပြန်ရောက်လာပြီးသည်နှင့် လုထင်ချန်းရောက်လာသည်က နှစ်ကူးရဲ့ကိုးရက်မြောက်နေ့တွင်ဖြစ်သည်။
သူရောက်ရောက်ချင်းမှာဘဲ လုလျန့်ဝေရဲ့ အခန်းကို တန်းတန်းသွားခဲ့သည်။
သူမသည် ဆေးဆိုင်ဖွင့်ရန်ပြင်ဆင်နေပြီးထိုသို့သာဆိုလျှင် လူအိုကြီးတွေဖြစ်တဲ့ ရုံရုံနဲ့ လင်းချင်းယွမ်တို့လည်း သွားစရာနေရာရှိကြတော့မည်ဖြစ်သည်။
ထိုအချိန်၌ လုထင်ချန်းသည် လိုက်ကာကိုဆွဲ၍ အထဲသို့ဝင်လာသည်။
လုလျန့်ဝေက သူ့ကိုမြင်လိုက်တဲ့အခါ အနည်းငယ်အံ့ဩသွားသည်။
လုထင်ချန်းက ဝင်လာပြီးနောက် သူ(မ)က ယခုထိ ဆေးပစ္စည်းတွေပြင်ဆင်ပြီး ဆိုင်ဖွင့်ဖို့ တွေးနေတာကို မြင်တဲ့အခါ ပြဿနာက သူထင်သလောက် မဆိုးဝါးဘူးဟု တွေးလိုက်သည်။
“ အဲ့မှာ မိတ်ဆွေနှစ်ယောက်ရှိတာကြောင့် သွားတွေ့ခဲ့တာ “
လုလျန့်ဝေ ဖြေလိုက်ပေမဲ့ သူမ ဒီနေ့ မြို့အနောက်ကိုသွားတာကို ဘယ်လိုသိတာလဲဆိုပြီး စိတ်ထဲမှာ ထူးဆန်းနေခဲ့သည်။
“ အခုလေးတင်ဘဲ အစိုးရရုံးတော်မှာ ချူးကျူနဲ့တွေ့ခဲ့တယ်။ သူမက ဧကရာဇ်ရဲ့ ဝရမ်းကိုယူပြီး လျုံလူကြီးမင်းကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ် “
သူမ သံသယဝင်တာကိုမြင်တဲ့အခါ သူက ရှင်းပြလာခဲ့သည်။
လုထင်ချန်းကြားတဲ့အခါ စိတ်လှုပ်ရှားလာပြီး သူမပုခုံးကိုကိုင်ကာ ခေါင်းအစခြေအဆုံးကြည့်ကာ
“ ဘာတွေဖြစ်တာလဲ၊ ဘာဖြစ်သွားသေးလဲ၊ ဘာလို့ လူတွေအများကြီးသေရတာလဲ “
လုလျန့်ဝေ နှလုံးသားနွေးထွေးသွားရသည်။ အစကတော့ ဒီကိစ္စကို စိတ်မပူရအောင် လူသိရှင်ကြားမဖြစ်စေချင်ပေမဲ့ သူသိသွားပြီဆိုမှတော့ သူ့ဆီထပ်ပြီး ဖုံးကွယ်ထားစရာအကြောင်း မရှိတော့ပေ။
“ သေသွားတဲ့သူတွေက ရန်ရွှယ်လော့ရဲ့ လူသတ်သမားတွေ “
သူမက ပေါ့ပါးစွာပင်ဖြေလိုက်သည်။
လုထင်ချန်းသိလိုက်ရတဲ့အခါ သူ့ရဲ့ချောမောတဲ့မျက်နှာက သုန်မှုန်သွားပြီး
လုလျန့်ဝေက ငြင်သာစွာ သက်ပြင်းချလိုက်သည်။ သေချာပေါက်ကို ရန်ရွှယ်လော့က အင်အားကြီးမားတဲ့သူဖြစ်ပြီး ထိုသူ့အကြောင်းကြားသည့်အခါ သူ့အစ်ကိုမျက်နှာထားပင် ပြောင်းသွားခဲ့လေသည်။
လုထင်ချန်း မျက်မှောင်ကြုတ်ကာ
“ ကောင်းပြီ။ မင်းက ဘာလို့ ရန်ရွှယ်လော့နဲ့ ပြဿနာတက်ရတာလဲ “
“ မသိဘူး။ ညီမလေးတောင်မသိလိုက်ဘဲ ဆရာကြီးတစ်ယောက်ယောက်ကို စော်ကားမိလို့နေမှာပေါ့။ အဲ့တာကြောင့်သူက သူ့ရဲ့ပိုက်ဆံတွေသုံးပြီး ညီမလေးရဲ့ ခွေးခေါင်းကိုယူဖို့ ဝန်မလေးတာဖြစ်မယ် “
လုထင်ချန်းရဲ့မျက်နှာက သုန်မှုန်သွားရသည်။ သူမကိုယ်သူမ ထိုကဲ့သို့ပြောခွင့်မပေးနိုင်ချေ။
လုလျန့်ဝေက ဂရုမစိုက်ဘဲ
“ အမှန်ဘဲလေ။ ဒါပေမဲ့ ညီမလေးရဲ့ဘဝက တန်ဖိုးရှိရဲ့လားဆိုတာမသိဘူး။ ရန်ရွှယ်လော့ကို အရေးယူချင်ရင်တော့ အစ်ကို အရမ်းကိုကြီးမားတဲ့ အဖိုးအခပေးရလိမ့်မယ် “
(ရန်ရွှယ်လော့=နှင်းပျံလွှားစံအိမ်တော်)
အပိုင်း (၄၀၃)
ဧကရာဇ်က အရမ်းကိုစိတ်လှုပ်ရှားနေတယ်။
လုထင်ချန်းက တိတ်ဆိတ်နေခဲ့သည်။
သူ ကျန်းဟူရှိ ရန်ရွှယ်လော့မျှော်စင်နဲ့ ပတ်သက်၍ သတင်းတစ်ချို့ကြားခဲ့ရသည်။ ထို့ကြောင့် သူက အရမ်းကို ဒေါသထွက်နေခဲ့သည်။
ရန်ရွှယ်လော့ကို လူသတ်ခိုင်းမယ်ဆိုပါက ငွေကြေးအခိုင်အမာရှိရုံတင်မကဘဲ ရန်ရွှယ်လော့နဲ့ပါ ဆက်ဆံရေးတစ်ခုခုရှိမှရလိမ့်မည်။
ရန်ရွှယ်လော့မှ တာဝန်ယူလိုက်တဲ့ ကိစ္စသာဆိုလျှင် တာဝန်ကျတဲ့သူက အမြစ်ပြတ်ကိုပြတ်လိမ့်မည်ပင်။ မပြီးပြတ်နိုင်တဲ့သူက သေရမည်။
ရန်ရွှယ်လော့လူသတ်သမားတွေက ကြောက်စရာမကောင်းပေ။ ကြောက်စရာကောင်းတာက ရယ်ရွှယ်လော့ရဲ့ စည်းမျဉ်းတွေပဲဖြစ်သည်။
ရန်ရွှယ်လော့အား ကျန်းဟူတစ်ခွင်မှ ကြောက်စရာကောင်းသည့် အဖွဲ့အစည်းတစ်ခုဟုပြောကြသော်လည်း သူတို့ရဲ့ နေရာအတိအကျကိုတော့ ဘယ်သူမှ မသိကြပေ။
ဘယ်သူကများ ဝေဝေ့ရဲ့အသက်ကို လိုချင်နေရတာလဲ။
သူ(မ)က တခြားသူတွေနဲ့လည်း အချေအတင်မဖြစ်ဖူးခဲ့ပေ။ ဖြစ်ဖူးရင်တောင်မှ မိသားစုအချင်းချင်းစကားများတာလောက်တင်မို့လို့ အဲ့လောက်လေးနဲ့ သူ(မ)ကိုသတ်ဖို့အတွက် ရန်ရွှယ်လော့ကို သွားတောင်းဆိုမှာတော့ မဟုတ်ဘူးမလား။
“ အစ်ကိုတော်၊ အရမ်းကြီးတွေးမနေပါနဲ့။ ဒီကိစ္စကဖြစ်ပြီးသွားပြီဘဲမလို့ အများကြီးတွေးနေလည်း အသုံးမဝင်ဘူး။ အလွန်ဆုံးမှ အစ်ကိုတော် အဝေးရောက်နေတဲ့အချိန်မှာ ညီမလေး ကိုယ့်ဘာသာပိုပြီး ဂရုစိုက်ရုံဘဲပေါ့ “
မိန်းကလေးတစ်ယောက်အဖြစ်မြင်နေရတာတောင်မှ သူမက ဒီလိုကိစ္စမျိုးကြုံနေရတာတောင် မတုန်မလှုပ်ဖြစ်နေသေးသည့်အတွက် လုထင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူပူပန်နေမိသော်လည်း စိတ်သက်သာရာရသွားသည်။
“ ကောင်းပြီ၊ ဒါဆို ဒီနေ့ကစပြီးအစ်ကို မင်းကို ဘေးမှာထားပြီး ကာကွယ်ပေးမယ် “
“ ဘယ် နဲ့ ညာ ဧကရာဇ်တွေက နန်းတော်မှာမရှိဘူး။ တခြားသူတွေကို တာဝန်ယူခိုင်းလိုက်ရင်တောင် ပြန်လာရင် ဧကရာဇ်က မင်းကို အပြစ်တင်မှာမဟုတ်ဘူး။ အဲ့ဒီအစား မင်းဆံပင်တစ်မွေးလျော့သွားတာနဲ့ သူက ကိုယ့်ကို အရေခွံစုတ်မှာ ကြောက်ရမှာ “
ယခုအချိန်၌ ကိစ္စများသည် အနည်းငယ်ရှုပ်ထွေးနေသည်ဟု လုထင်ချန်းခံစားလိုက်ရသည်။
ဝေဝေက သူ့ညီမလေးဖြစ်တဲ့အတွက် ဧကရာဇ်က မပြောရင်တောင်မှ သူကိုယ်တိုင် ဂရုစိုက်ပေးမှာဆိုသော်လည်း ဧကရာဇ်က ဝေဝေ့အား သူ့ထံ ယောက်ျားဆီအပ်သလိုမျိုး တောင်းဆိုခဲ့တာဖြစ်၍ ထူးခြားနေခြင်းပေ။
ဧကရာဇ်က ဝေဝေ့ကို အလွန်တန်ဖိုးထားသည်။
တကယ်လို့ လုံယန်က သူ့ကို ဘာမှမပြောခဲ့ရင်တောင်မှ သူ(မ)ကို သူက ကာကွယ်ပေးမယ်ဆိုတာ လုလျန့်ဝေသိနေခဲ့သည်။ သူက သေချာပေါက် သူမကို ကာကွယ်ပေးချင်နေပေမဲ့ ဧကရာဇ်ကို အကြောင်းပြပြီး ပြောနေခြင်းပင်။
“ အပိုတွေမပြောပါနဲ့၊ ဧကရာဇ်က အဲ့လိုတော့မလုပ်ပါဘူး။ အစ်ကိုက သူ့ရဲ့ လုပ်နိုင်စွမ်းပြည့်ဝတဲ့ မဟာမိတ်ဘဲ။ သူ့စိတ်ထဲမှာ အစ်ကိုကတောင် ပိုပြီးအရေးပါနေမှာ “
“ ဒါပေါ့။ အရေးပါတာပေါ့။ ကိုယ်က ဧကရာဇ်ရဲ့ အနာဂတ်ယောက်ဖလောင်းဘဲလေ “
လုလျန့်ဝေက ရှက်သွားပြီး တခြားအကြောင်းပြောင်းပြောလိုက်သည်။
“ ဧကရာဇ်က ဘေကျင်းကနေ ထွက်သွားတာ အတော်လေးကြာနေပြီ။ ဘယ်တော့ပြန်လာမယ်ဆိုတာမသိရဘူး။ အစ်ကိုရော သိလား “
လုထင်ချန်း ခေါင်းခါလိုက်ပြီး သူ(မ) မျက်ခုံးတို့ ကျုံ့ထားတာမြင်တဲ့အခါ မအောင့်နိုင်ဘဲ စနောက်သည်။
“ ညီမလေးက ဧကရာဇ်အတွက် အရမ်းကို စိတ်လှုပ်ရှားနေတာဘဲ။ ဧကရာဇ်အကြောင်းဘဲတွေးနေတာလား “
“ ဘာအဓိပ္ပာယ်မရှိတာတွေလျှောက်ပြောနေတာလဲ။ ဒီတိုင်းဘဲ မေးလိုက်ရုံတင်ပါ။ အစ်ကိုနဲ့ ဆက်ပြီး စကားမပြောတော့ဘူး “
သူမလက်ထဲက ပစ္စည်းတွေကို ချကာ ဆေးပေးခန်းလေးထဲမှ ထွက်သွားတော့သည်။
ထိုအခါ လုထင်ချန်းကလည်း အနောက်က မြန်မြန်လိုက်ထွက်လာသည်။
သူထွက်လာတဲ့အခါ ထိုနေရာတွင်စောင့်ကြပ်နေသည့် ချူးကျူကို တွေ့လိုက်ရသည်။ ခဏမျှရပ်သွားပြီးတဲ့နောက် သူက သူ(မ)အား ခေါင်းငြိမ့်ပြလိုက်သည်။
ဒီနေ့ သူ(မ)က ဝေဝေ့ကို ကာကွယ်ပေးခဲ့ပြီး ဒဏ်ရာမရစေတာကို သူတွေ့ခဲ့သည်လေ။
ထိုသူက သူ(မ)အပေါ် ဒီလိုကြင်နာပြမယ်လို့ မတွေးထားခဲ့ဖူးပေ။
ဒုတိယသခင်မလေးအရှေ့မှာကလွဲပြီး ဒီနတ်ဆိုးက အခြားသူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ ဘယ်တော့မှ မျက်နှာထားမချိုပေ။
ထိုသူ့ရဲ့ စိတ်သဘောထားပြောင်းသွားတာကို ရိပ်မိလိုက်သည်။ ကြည့်ရသည်မှာ ဒုတိယသခင်မလေးကြောင့်ပင် ဖြစ်လိမ့်မည်။
အခန်းတွင်းသို့ ဝင်ပြီးနောက် လုလျန့်ဝေက လုတင်းချန်အား ပြောလိုက်သည်။
သူ့အစ်ကိုတော်က ချူးကျူကို မြင်တဲ့အခါတိုင်း မျက်နှာထားမကောင်းပေ။ အကြောင်းမသိတဲ့သူတစ်ယောက်သာဆိုရင် သူတို့နှစ်ယောက်ကြားမှာ ကိစ္စတစ်ခုခုရှိတယ်ဟု ထင်ကြေးပေးကြလိမ့်မည်။
“ သူ(မ)ကို ဘာလို့ ကြိုက်ရမှာလဲ “
လုထင်ချန်းက ပြန်မေးလိုက်သည်။