← Chapters

အခန်း (၄၀၇-၄၀၉)

Vol. 9 Ch. 407-409

အခန်း (၄၀၇-၄၀၉)

Vol. 9 Ch. 407-409

အပိုင်း (၄၀၇)

သူတို့ကြားက ဆက်နွှယ်မှု

သူ(မ)ပြန်လာသည်နှင့် မည်သူကမှ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တော့မည်မဟုတ်ပေ။

လူတိုင်းက အဲ့တာနဲ့ပတ်သက်ပြီး ညည်းတွားနေကြသော်လည်း ဘယ်သူကမှ ပုန်ကန်ဖို့အတွေးကို ထည့်ပင်မတွေးရဲကြ။

လူတိုင်း စိတ်သက်သာရာရကာ သက်ပြင်းချနေဆဲမှာပင် ခေါင်းဆောင်က ချက်ချင်း ပြန်ရောက်လာသည်။

“ ဧကရာဇ်က မြို့စားမင်းမိသားစုရဲ့ ဒုတိယသခင်မလေးလုကို တကယ်ဘဲ လက်ဆက်မှာလားဆိုတာ စုံစမ်းခဲ့။ အမြန်ဆုံး အဖြေရှာလာခဲ့ပြီးတော့ တိကျတဲ့အချက်အလက်ကို မနက်ဖြန် ငါ့ဆီပို့ပေး “

သူ(မ)အသံကိုကြားတဲ့အခါ ခုနလေးတင် စိတ်သက်သာရာရသွားတဲ့ သူတို့စိတ်တွေက ပြန်ပြီး တင်းမာကုန်ကြသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ အသက်ဝဝမရှူရဲသေးခင်မှာပင် ခေါင်းဆောင်ထွက်သွားတာ သေချာပြီလားဆိုသည်အား ထပ်ကြည့်ရတော့သည်။

ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ခေါင်းဆောင်က ရုတ်တရက်ကြီး ပြန်လာရတာလဲ။

အဲ့တာက မှန်ကန်တဲ့ မေးခွန်း မဟုတ်သေးဘူး။ ဘာလို့ ခေါင်းဆောင်က ရုတ်တရက်ကြီး နန်းတွင်းတရားရုံးတော်နဲ့ ဆိုင်တဲ့ကိစ္စတွေကို စိတ်ဝင်စားလာရတာလဲ။

ပြီးတော့ မြို့စားမင်းအိမ်တော်က ဒုတိယသခင်မလေးလုက သူတို့ရဲ့ လုပ်ကြံရမယ့်ပစ်မှတ် မဟုတ်လား။

ကြီးကြပ်သူရှုက ဒီကိစ္စနဲ့ပတ်သက်ပြီး အတွေးပိုများနေရသည်။ သူသည် ခေါင်းဆောင်ဘေးနားတွင်ရှိလာတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး သူ(မ)၏မျက်နှာကိုလည်း အရင်က မြင်ဖူးပေသည်။ ပန်းချီထဲက မိန်းကလေးဟာလည်း ခေါင်းဆောင်နဲ့ သေချာပေါက်ကို ဆင်တူလှသည်။

ထို့အပြင် ခေါင်းဆောင်ကလည်း ထိုမိန်းကလေးအပေါ် အတော်လေး စိတ်ပူပန်ကာ သူ(မ)နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို စုံစမ်းစစ်ဆေးချင်နေသည်။ သူတို့နှစ်ယောက်ကြားက ဆက်နွှယ်မှုက ...........

လင်ချင်းယွမ် နိုးလာသည့်အခါ ယို့ယို့က မြို့စားမင်းအိမ်တော်သို့သွားပြီး လုလျန့်ဝေကို သတင်းပို့လိုက်သည်။

သတင်းကြားတဲ့အခါ လုလျန့်ဝေက ချူးကျူကိုခေါ်‌ဆောင်၍ သူတို့ခေတ္တနေသော တည်းခိုဆောင်သို့ သွားလိုက်သည်။

သူ(မ)ရောက်သည့်အချိန်တွင် လင်ချင်းယွမ်မှာ သူ(မ)ပေးသည့်ဆေးကို သူဖုန်းစားအို၏ အကူအညီနှင့် သောက်ပြီးခါစဖြစ်သည်။

သူ(မ)က နိုးထလာသော်လည်း သူ(မ)ရဲ့ ခန္ဓာကိုယ်ကတော့ သေချာပေါက် အားနည်းနေဆဲအခြေအနေဖြစ်သည်။ သူ(မ)က လုလျန့်ဝေကို မြင်သည့်အခါ အတင်းအကြပ်ပြုံးပြ၍

လုလျန့်ဝေက ရှေ့တိုးကာ သူ(မ)၏ နှလုံးခုန်နှုန်းကို စမ်းသပ်ကြည့်သည်။

ခဏကြာပြီးနောက် လုလျန့်ဝေက လက်ကို ပြန်ချပေးလိုက်သည်။ သူ(မ)က ပြုံးပြီး နှစ်သိမ့်ပေးလာသည်။

လုလျန့်ဝေက သူ့ရဲ့ မျက်လုံးအောက်က အမည်းရောင်မျက်ကွင်းတွေကိုမြင်သည့်အခါ သူက လင်ချင်းယွမ်အား တစ်ညလုံး ရပ်စောင့်နေခဲ့ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမက

“ စိတ်မပူပါနဲ့။ ညီမလေးအယ်မူက အခုအဆင်ပြေနေပါပြီ။ သွားပြီးတော့ အနားယူလိုက်ပါ “

ယို့ယို့က သန်းဝေလိုက်ကာ

“ ကောင်းပါပြီ “

လူကြီးမင်းသည် ယောက်ျားကြီးဖြစ်ပြီး လင်ချင်းယွမ်ကတော့ ငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။ ပုံမှန်အတိုင်းသာဆိုပါက သူ့အတွက် အဆင်မပြေဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မနေ့ညက လင်ချင်းယွမ်အား စောင့်ရှောက်ပေးဖို့တာဝန်မှာ ယို့ယို့ရဲ့ပုခုံးပေါ်ကျလာတာပဲဖြစ်သည်။

သူဖုန်းစားအိုက လုလျန့်ဝေဘက်ကို လှည့်ပြီး ပြောလိုက်သည်။

“ သွားပြီး စကားပြောချည်။ ယို့ယို့ကိုခေါ်သွားပြီး အိပ်ခိုင်းလိုက်မယ် “

သူတို့နှစ်ယောက်ထွက်သွားသည့်အခါ လုလျန့်ဝေ၏အကြည့်တို့က ချူးကျူဆီရောက်သွားသည်။

လုလျန့်ဝေက သူ(မ)အား မိတ်ဆက်မပေးနိုင်သေးခင်မှာတင် ချူးကျူက အရင်စပြီး

“ တံခါးအပြင်မှာ စောင့်နေပါ့မယ်။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကို လှမ်းခေါ်လိုက်ပါ “

လုလျန့်ဝေပြောလိုက်ကာ အနည်းငယ်ကိုးရိုးကားရားနိုင်မှုကို ခံစားလိုက်ရသည်။

ချူးကျူအခန်းထဲကနေထွက်ကာ တံခါးကို ပိတ်သွားခဲ့သည်။

လင်ချင်းယွမ်က ခေါင်းခါပြလိုက်သော်လည်း စိုးရိမ်ကြောင့်ကြစွာဖြင့် ဆက်ပြောလာခဲ့သည်။

လင်ချင်းယွမ်က အပြင်ကို တစ်ချက်လှမ်းကြည့်၍ မည်သူမှ ခိုးနားမထောင်နေဘူးဆိုတာကို အတည်ပြုပြီးနောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“ တမြန်နေ့က လမ်းကြားထဲမှာ ဘယ်သူ့ကို တွေ့ခဲ့တယ်ထင်လဲ “

လုလျန့်ဝေက သူ(မ)ဘယ်သူလဲဆိုတာကို မှတ်မိဖို့ကြိုးစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးမှာတော့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေမှတစ်ဆင့် အဲ့ဒီလူကို ရှာတွေ့သွားခဲ့သည်။

ထိုသူမှာ ချန်ကျူပင်းရဲ့ အဖေတူအမေကွဲအစ်မဖြစ်သည်။

လင်ချင်းယွမ်က လုလျန့်ဝေမျက်နှာပေါ်မှ မသိတဲ့မျက်နှာထားကို သတိထားမိလိုက်သည်။ ချန်ချူးယွီက အရှေ့နန်းတော်နဲ့ လက်ဆက်လိုက်တဲ့အကြောင်းကို လုလျန့်ဝေမသိသေးမှန်း သူမခန့်မှန်းမိလိုက်၍ အခြေအနေတို့ကို ရှင်းပြလိုက်သည်။

“ ဟုတ်တယ်။ တမြန်နေ့က သူတို့ကို လမ်းကြားထဲမှာ ငါကိုယ်တိုင်မြင်ခဲ့တာ။ သူနဲ့သူ့အစေခံတွေအကုန်မေ့လဲသွားပြီး လှည်းပေါ်တင်ခံလိုက်ရတာ။ သူတို့တွေကို နန်းမြို့တော်ကနေ ခေါ်သွားတယ်လို့ကြားပြီး ငါက အနောက်ကနေ တစ်လျှောက်လုံးလိုက်သွားခဲ့တာ။ ဒါပေမဲ့ ငါမတော်တဆလိုက်လာတာကို သိသွားကြတာမို့ ဒီလို အပြင်းအထန်ဒဏ်ရာရသွားတာဘဲ။ အဲ့လူတွေက အရမ်းကိုရက်စက်ပြီး ငါ အသက်ဆက်ရှင်နေဦးမယ်လို့ မထင်လို့ ဖမ်းမသွားကြတော့တာ။ ကံကောင်းလို့သာ မသေတာ “

လင်ချင်းယွမ်ဟာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားရင်း မျက်နှာက အတော်လေးကို ဖျော့တော့လာသည်။ထိုစဥ်က အခြေအနေမှာ အလွန်ကို အန္တရာယ်များခဲ့သည်။

အပိုင်း (၄၀၈)

ပါးစပ်အပြည့်သွေးအန်ထွက်တော့မလို့

လုလျန့်ဝေက လင်ချင်းယွမ်ရဲ့လက်ကို ပုတ်ပေးလိုက်ပြီး နူးနူးညံ့ညံ့လေး ဆူလိုက်သည်။

“ အရင်တုန်းကတည်းကပြောဖူးပါတယ် အလျင်စလိုမလုပ်ဖို့နဲ့ တစ်ခုခုမူမမှန်တာမျိုးဖြစ်ရင် လူကြီးမင်းနဲ့ ယို့ယို့ကို တိုင်ပင်ရမယ်လို့။ ငါ့စကားကိုဆို ဘယ်တော့မှနားထောင်တယ်မရှိဘူး။ တော်သေးတာပေါ့၊ ဒီတစ်ခေါက်အရမ်းကိုကံကောင်းသွားတာ။ တကယ်လို့ လူကြီးမင်းကသာ အချိန်မီရှာမတွေ့ဘူးဆိုရင် အဲ့တာက နင့်ရဲ့ဘဝအဆုံးသတ်ဖြစ်သွားတော့မှာ “

လင်ချင်းယွမ် တစ်ကိုယ်လုံး စိတ်ထွေပြားတဲ့ ခံစားချက်တွေ ဖြစ်လာပြီး

“ လူကြီးမင်းနဲ့ ယို့ယို့နဲ့က ငါ့ကို လိုက်ရှာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး ...... “

သူ(မ) ဒီကိစ္စမတိုင်ခင် သူတို့အား လုံးဝလျစ်လျူရှုခဲ့တောင်မှ သူ(မ)အကူအညီလိုအပ်သည်အချိန်တွင် သူတို့က ကယ်ဖို့ရောက်လာခဲ့ကြသေးသည်။ သူ(မ) အနည်းငယ်အရှက်ရမိလေသည်။

လုလျန့်ဝေသည် သူ(မ)ရဲ့ အနေအထားအား ကောင်းကောင်းနားလည်ပေသည်။ လင်ချင်းယွမ်က ယခုလက်ရှိတွင် အတော်လေးဆင်းရဲနွမ်းပါးနေပုံဖြစ်နေသော်လည်း သူ(မ)ရဲ့ ချမ်းသာတဲ့ မမလေးအသွင်အပြင်က အခုထက်ထိ မြင်သာနေဆဲဖြစ်တာကြောင့် သူ(မ)က တစ်ခါတလေကြီးကြီးကျယ်ကျယ်ပြုမူတတ်သည်။

သူ(မ)က လူကြီးမင်းနဲ့ ယို့ယို့အပေါ်ကို အထင်သေးခဲ့တယ်ဆိုတာ မြင်သာလှသည်။

သို့သော်လည်းလည်း ပြောစရာရှိတာကတော့ ပြောရမည်ပင်။

“ ယို့ယို့ဆို မနေ့ညက တစ်ညလုံး နင့်ကို စောင့်ရှောက်ပေးခဲ့တာ။နင် သူတို့နှစ်ယောက်ကို အနာဂတ်မှာ ပိုပြီး ကောင်းကောင်းဆက်ဆံသင့်တယ် “

လင်ချင်းယွမ်၏ဖြူဖျော့နေသောမျက်နှာမှာ ရှက်ရွံ့မှုကြောင့် အနီရောင်ရဲရဲရှက်သွေးဖြန်းသွားလေသည်။ ခဏလောက် လျှာကိုကိုက်ကာ ထိန်းထားပြီးနောက်မှာတော့

“ သူတို့ကို ဘယ်လိုကောင်းကောင်းဆက်ဆံပေးရမှာလဲ။ ကျေးဇူးတင်ရုံသပ်သပ်နဲ့တော့ အဲ့ကလေးကို လက်ထပ်စရာမလိုဘူးမလား၊ လိုလို့လား “

“ နင် တကယ်ကိုရယ်ရတာဘဲ။ ယို့ယို့အသက်ဘယ်လောက်လဲ သိလို့လား။ တကယ်လို့ ဘယ်လောက် ကျေးဇူးတင်ကြောင်းပြဖို့ တစ်ယောက်ယောက်ကို လက်ထပ်မယ်ဆိုရင် လူကြီးမင်းက နင်နဲ့ပိုသင့်တော်မယ်လို့ ငါထင်တယ် “

လင်ချင်းယွမ် သွေးပင်အန်ထွက်တော့မတတ်ဖြစ်သွားရသည်။

“ လူကြီးမင်းက ငါ့အဘိုးလောက်နီးနီးကို အသက်ကြီးနေပြီလေ။ လုလျန့်ဝေ၊ ဘာလို့ အဲ့လောက်တောင် အကျင့်ပုတ်ရတာလဲ “

“ မဟုတ်မဟတ်တွေတွေးနေတာ နင်လေ။ ငါတောင်းဆိုတာက သူတို့ကို ပိုပြီးကောင်းကောင်းဆက်ဆံပေးဖို့တင်ဘဲ။ ဒါပေမဲ့ ကျေးဇူးကြောင့် လက်ထပ်ဖို့ တွေးနေတာ နင်လေ။ အခု ငါ့ဘက်လှည့်ပြီး ငါ့ကို အကျင့်ပုတ်တယ်လို့တောင်ခေါ်လိုက်သေးတယ်ပေါ့ “

လင်ချင်းယွမ် ပေါ့ပေါ့ပါးပါးချောင်းဟန့်လိုက်ပြီး မျက်နှာကိုကာလျက်

“ ငါက စနေတာပါ “

“ ဟုတ်ပြီ၊ ဒါဆိုလည်း။ အခု ချန်ချူးယွီက ဘယ်ကို အခေါ်သွားခံရတာလဲဆိုတာကို ပြောပြတော့ “

လုလျန့်ဝေက အလေးအနက်မေးလိုက်သည်။

“ ငါ သူတို့နောက်ကိုလိုက်ရင်း ရှဝူဆိုတဲ့ မြို့ကိုရောက်သွားတယ်။ မြို့တော်လူနေအိမ်တွေကနေတော့ အရမ်းကြီးမဝေးဘူး။ ဒါပေမဲ့ အဲ့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ငါလိုက်လာတာကို သူတို့သိသွားတာ။ အဲ့တာကြောင့် ချန်ချူးယွီကို နောက်ဆုံးမှာ ဘယ်ကို ခေါ်သွားလဲဆိုတာ မသိလိုက်ရဘူး “

လင်ချင်းယွမ် အဲ့ဒီအတွက် စိတ်မကောင်းဖြစ်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

“ အဲ့ဒါက သေချာပေါက် လုယွင်ရွှမ်းနဲ့ ပတ်သက်နေလိမ့်မယ်။ ချန်ချူးယွီနဲ့ သူ(မ)အစေခံတွေကို တစ်နေရာရာဆီ ရောင်းစားလိမ့်မယ်လို့ ငါထင်တယ် “

လင်ချင်းယွမ် ရုတ်တရက် ကျောချမ်းလာသည်ဟု ခံစားလိုက်ရသည်။

“ လုယွင်ရွှမ်းက တကယ်ကို ကြောက်စရာကောင်းတဲ့လူဘဲ။ သူ(မ)ကို ဆန့်ကျင်တဲ့သူမှန်သမျှ နောင်တရကုန်ကြတဲ့အဖြစ်ကို ကြုံတွေ့ရတာချည်းဘဲ။ အချိန်မီ သေချင်ယောင်ဆောင်နိုင်ခဲ့လို့သာ ကံကောင်းတယ်ပြောရမယ်။ မဟုတ်ရင် ငါလည်း ချန်ချူးယွီလိုမျိုး အဆုံးသတ်နေမလားဆိုတာ မပြောနိုင်ဘူး။ ချန်ကျူပင်းက လုယွင်ရွှမ်းရဲ့ အမိန့်တိုင်းကို နာခံပြီးတော့ သူ့ကိုတောင်းဆိုတဲ့ ကိစ္စမှန်သမျှကို သူ(မ)အတွက် ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိတဲ့သူ။ တကယ်လို့ လုယွင်ရွှမ်းကသာ ငါ့ကို ပျောက်ကွယ်သွားစေချင်တယ်ဆိုရင် ချန်ကျူပင်းက ငါ့ရဲ့လည်ချောင်းကနေ စလှီးဖြတ်ဖို့ မရှုံးနိမ့်စေရဘူးဆိုတာ သံသယဝင်စရာတောင်မလိုဘူး “

လုလျန့်ဝေက ခဏမျှ တိတ်သွားခဲ့သည်။ သူ(မ)က လင်ချင်းယွမ်ရဲ့မျက်နှာပေါ်ရှိ အကြောက်တရားကိုမြင်သည့်အခါ နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့သည်။

“ အခုထိ အသက်ရှင်နေသေးပြီး အခုထိ ကောင်းကောင်းမွန်မွန်ရှိနေသေးတာဘဲလေ။ နောက်တစ်ခါကျ ဘာကိုမှ အလျင်စလို မလုပ်မိစေနဲ့နော် ...... တကယ်လို့ နောက်တစ်ခါသာရှိလာရင်ပေါ့ “

“ ရှဝူမြို့မှာ စုံစမ်းမှုတစ်ချို့လုပ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်။ ဘာမှ ရှာမတွေ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း စုံစမ်းမှုပြီးတာနဲ့ နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာကိုတော့ သိနိုင်မှာပါ “

လင်ချင်းယွမ် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် တစ်ခုခုကို ရုတ်တရက်သတိရလိုက်ပြီး လုလျန့်ဝေလက်မောင်းကို တယုတယဖက်တွယ်ကာမေးသည်။

“ အရင်တစ်ခေါက်တုန်းကပေးတဲ့ ဆေးလုံးတွေ အခုထိရှိသေးလား “

“ အမှန်တိုင်းပြောရမယ်ဆိုရင် အဲ့တုန်းက လွတ်လာနိုင်တာက နင်ပေးတဲ့ အဲ့ဆေးလုံးတွေကြောင့်ဘဲ။ သူတို့က ငါ့ကို အရှိန်မြင့်နေတဲ့အချိန်မှာ လက်ဖဝါးသိုင်းနဲ့ တိုက်လိုက်တာမို့ ငါလည်း မြေကြီးပေါ်ကို အဲ့ဆေးလုံးတွေပစ်ပေါက်လိုက်တာ။ အဲ့ကနေ မီးခိုးငွေ့တွေထွက်လာပြီး ဘာမှမမြင်ရတော့တာကြောင့် ငါ ထွက်ပြေးဖို့ အချိန်ရသွားတာလေ “

“ ငါဒီထဲမှာ သတိမေ့စေတဲ့ ဆေးပမာဏကို ပိုတိုးထည့်ထားတယ်။ အဲ့တာကြောင့် ဒီဆေးတွေကို ပစ်ပေါက်တဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားဖို့ မမေ့နဲ့။ မဟုတ်ရင် နင်ပါ မေ့လဲသွား လိမ့်မယ် “

အပိုင်း (၄၀၉)

အရှင်က အခုတလော ဝါသနာအသစ်တစ်ခု ရနေတယ်

လင်ချင်းယွမ်က လုလျန့်ဝေကို ဆွဲဖက်လိုက်သည်။

“ လုလျန့်ဝေ၊ ငါနင့်ကို အရမ်းသဘောကျတာဘဲ။ နင်က တကယ့်ကို ငါ့ရဲ့ ကံကောင်းတဲ့ ကြယ်ကလေးဘဲ “

လုလျန့်ဝေက အတင်းဖက်ခံလိုက်ရတာကြောင့် အသက်ရှုဖို့ပင် ခက်ခဲသွားတော့သည်။ သူ(မ)က လင်ချင်းယွမ်ဖက်ထားရာကနေ ဖယ်လိုက်ပြီး မာဆတ်ဆတ်မေးလိုက်သည်။

“ ဒါက နင့်ရဲ့ ကံကောင်းတဲ့ကြယ်လေးကို ဆက်ဆံတဲ့ အပြုအမူလား “

လင်ချင်းယွမ် အနောက်ကို အနည်းငယ်ဆုတ်လိုက်သည်။ သူမက လုလျန့်ဝေရဲ့ဝတ်ရုံကို တယုတယနဲ့ ပြန့်အောင်ကူဖြန့်ပေးဖို့ လက်လှမ်းလိုက်သည်။

“ ကံကောင်းစေတဲ့ကြယ်သခင်မလေး၊ အသင့်ရဲ့အစေခံက မဆင်မခြင်လုပ်မိပါတယ်။ ကျေးဇူးပြုပြီး ကံကောင်းစေတဲ့ကြယ်သခင်မလေးကဘဲ ခွင့်လွှတ်ပေးပါ။ သင့်ရဲ့ နိမ့်ကျတဲ့အစေခံရဲ့ မိုက်မဲတဲ့အပြုအမူကို ဗွေမယူပါနဲ့ “

လုလျန့်ဝေ ရယ်ချင်၍ နှုတ်ခမ်းတို့လှုပ်သွားသည်။ သူ(မ) လင်ချင်းယွမ်ကို လျစ်လျူရှုပြီး သူဖုန်းစားအိုကို လှမ်းခေါ်၍ ဆေးဆိုင်တစ်ခုဖွင့်ချင်သည့် သူ(မ)၏အတွေးကို ပြောပြလိုက်သည်။ သူ(မ)က သင့်တော်သည့်နေရာတစ်ခုရှာပေးရန် သူ့ကို အကူအညီတောင်းပြီး ငွေစတစ်ထောင်ပေးလိုက်သည်။

“ နေရာက အရမ်းကြီး အရေးမကြီးပါဘူး။ ကျွန်မက အကျိုးအမြတ်ရဖို့ ရည်ရွယ်တာမဟုတ်ဘူး။ ပတ်ဝန်းကျင်ကောင်းကောင်းလေးနဲ့ ခြံဝင်းလေးပါရင် အဆင်ပြေပါပြီ။ အဲ့တာဆို လူကြီးမင်းတို့လည်း အဲ့မှာနေနိုင်ပြီး ဆိုင်ကိုလည်းတစ်ချိန်တည်းမှာ စောင့်ကြည့်ပေးလို့ရတာပေါ့ “

သူဖုန်းစားအိုသည် သူ(မ)ဒီဆေးဆိုင်ကို ဖွင့်လိုခြင်း၏ ရည်ရွယ်ချက်က သူတို့ကို နေစရာပေးလိုခြင်းသည်သာ အဓိကဖြစ်မှန်းသိလေသည်။ ဒီကိစ္စနဲ့ပတ်သက်၍ သူစိတ်နှစ်ခွဖြစ်နေသေးသော်ငြား လက်ရှိမှာ ခက်ခဲနေတာအမှန်ဖြစ်တာကြောင့် မငြင်းတော့ဘဲ လက်ခံလိုက်သည်။ သူကငွေစများကို ယူလိုက်ပြီး အာမခံလိုက်သည်။

“ မပူပါနဲ့၊ မိန်းကလေးလု။ ဒီအလုပ်ကို ပြီးပြတ်သေချာစေရပါမယ် “

“ ကောင်းပါပြီ။ ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

လူအိုကြီးဟာ အတော်လေး ယုံကြည်အားထားရပေသည်။

လုလျန့်ဝေက ဆက်ပြီး ကြာကြာမနေတော့ဘဲ လင်ချင်းယွမ်နဲ့ စကားခဏပြောပြီးတဲ့နောက် ချူးကျူနှင့်အတူ အိမ်တော်သို့ပြန်သွားလေတော့သည်။

ချူးယီးက လျှို့ဝှက်သက်တော်စောင့်အဖွဲ့ကို ဦးဆောင်ရင်း ပါးစပ်နဲ့နှာခေါင်းကို အုပ်လိုက်သည်။ သူသည်အနီးနားက တလိပ်လိပ်တက်နေတဲ့ အငွေ့လုံးများအား ကြည့်၍ ရုတ်တရက်တစ်ခုခုကို တွေးမိသွားသည်။ သူသည် တောက်ပတဲ့မျက်လုံးတွေရှိတဲ့မြင်းပေါ်က သူ့အရှင်သခင်ဘက်ကို လှမ်းကြည့်လိုက်သည်။

ရှစ်ယီး ချက်ချင်း နားလည်လိုက်ပြီး သတိမေ့နေတဲ့ သန်ကျွယ် အထူးတပ်သားတွေကို အလျင်အမြန်သတ်ရန် စီစဉ်လိုက်ကာ လျှို့ဝှက်သက်တော်စောင့်တစ်ချို့ကို သူနဲ့အတူခေါ်၍ ချက်ချင်းနောက်ပြန်လှည့်လိုက်သည်။

လုံယန်က အချိန်ဖြုန်းကာ စောင့်မနေချင်ဘဲ ရှစ်ချီးကို လှည်းဆက်မောင်းရန် အမိန့်ပေးပြီး ရှေ့ဆက်ခဲ့ကြသည်။

အချိန်ကာလမှာ ၇လပိုင်းကုန်ဖြစ်သည်။ မြို့စားကတော်ဟောင်းသခင်မကြီး၏ ခမ်းနားတဲ့မွေးနေ့ပွဲရောက်ရန် ရက်အနည်းငယ်သာလိုတော့သည်။ ထိုပွဲအခမ်းအနားမှာ သူရှိနေချင်သောကြောင့် အမြန်ပြန်ရန် အလျင်လိုနေခဲ့သည်။

သူမြန်မြန်ပြန်ချင်သောကြောင့်သာမဟုတ်ပါက ဝေဝေပေးတဲ့ ဆေးလုံးတွေကို သူဘယ်တော့မှ သုံးဖြစ်မှာ မဟုတ်ပေ။

ဝေဝေ တီထွင်ထားသည့် မေ့ဆေးငွေ့ဆေးလုံးများမှာ အတော်ကို အသုံးဝင်တယ်ဆိုတာတော့ ငြင်းလို့မရပေ။ သေးငယ်သည့်အကျယ်အဝန်းပမာဏအတွင်းသာ ထိထိရောက်ရောက်တိုက်ခိုက်နိုင်သော်လည်း သေချာအကျိုးရှိရှိအသုံးချပါက အချိန်နဲ့စွမ်းအင်ကို အတော်လေးစုဆောင်းနိုင်ပေသည်။

ထိုသန်ကျွယ်အထူးတပ်သားတွေ ရုတ်တရက်ပေါ်လာစဉ်က သူတို့အားလုံးရပ်စရာမလိုခဲ့ပေ။ သူလုပ်စရာက ထိုတပ်သားအုပ်ထဲသို့ ဆေးလုံးကို ပစ်လိုက်ရန်သာဖြစ်ပြီး ချက်ချင်းဘဲပေါက်ကွဲထွက်သွားသည်။ အငွေ့တို့က ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး ထိုတပ်သားများမတုန့်ပြန်နိုင်ခင်မှာတင် သူတို့ဟာ ထောင်ချောက်မိသွားလေတော့သည်။

ထိုအကြောင်းကိုတွေးလိုက်ရင်း သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားရသည်။ အဲ့ဒီမိန်းကလေးကတော့ ဒီလိုပစ္စည်းမျိုးကိုတောင် လုပ်နိုင်တဲ့အထိ တကယ်ကို တမူထူးခြားတဲ့ ပင်ကိုယ်စရိုက်မျိုး ပိုင်ဆိုင်ထားတာဘဲ။

သူတို့ခရီးတစ်လျှောက်တွင် သန်ကျွယ်အထူးတပ်သားအုပ်စုတစ်ချို့နှင့် အကြိမ်အနည်းငယ်ခန့် တွေ့ခဲ့ရသေးသည်။ သို့သော် ထိုတပ်သားများ မည်မျှ သတ္တိပြည့်ဝပြီး စွမ်းအားတွေရှိနေပါစေ သူတို့က အထူးလေ့ကျင့်ထားတဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေအတွက်တော့ ကိစ္စမရှိပေ။ သို့သော်လည်း သူတို့နှင့်အကြိမ်ရေ တော်တော်များများတိုက်ခိုက်လိုက်ရသည့်အတွက် အားအင်အတော်ကုန်ခမ်းသွားကြရသည်။

သူ့အကြည့်တို့က မြို့တော်ရှိရာဘက်သို့ ဦးတည်လိုက်သည်။ သူ့မျက်ဝန်းတို့က နက်နဲတဲ့အတွေးတစ်ခုဆီသို့မြောနေသည်။ သူ မြို့တော်ကနေ ဤမျှကြာကြာ အဝေးရောက်နေတာမျိုး မရှိခဲ့ဖူးသည့်အတွက် ပြန်မလာရတာ အတော်ကြာပြီဟု ခံစားလိုက်ရပြီး ဖျတ်ခနဲပင် ပြန်ရောက်ချင်လာတော့သည်။

အခု ဝေဝေ ဘာလုပ်နေမလဲဟု သူတွေးမိသည်။ သူ(မ) သူ့ကို လွမ်းနေရဲ့လား၊ နည်းနည်းလောက်ဘဲဖြစ်ဖြစ်လေ။

သူသည် သူ့ဝတ်ရုံအိတ်ထဲ၌ ထည့်ထားသည့် လက်ကိုင်ပဝါလေးထံ လက်လှမ်းလိုက်ရင်း ခါးသက်တဲ့အပြုံးလေးတစ်ခုပေါ်လာလေသည်။

ချူးချီက လုံယန်နောက်ကို တောက်လျှောက်လိုက်နေရသဖြင့် သူ့အရှင်ဝတ်ရုံအိတ်နှိုက်သည်အား အမြဲလိုလို သတိထားမိနေခဲ့သည်။ အနည်းငယ် ထူးဆန်းသည်ဟု ချူးချီတွေးလိုက်မိသည်။

အရှင်က ဝတ်ရုံအိတ်ထဲကို မကြာခဏဆိုသလို နှိုက်နေတဲ့ ဝါသနာအသစ်တစ်ခုရနေတာဘဲ။ သူ့အရှင်ထိနေတာက ဘာများဖြစ်မလဲဆိုတာကို ချူးချီတွေးတောမိသည်။

All Chapters