အခန်း (၄၁၀-၄၁၂)
Vol. 9 Ch. 410-412
အပိုင်း (၄၁၀)
ကျွန်တော်ကသာ ဒုတိယသခင်မလေးလုကို ပိုးပန်နေတဲ့သူပါ
ချူးချီက ကျောက်ချန်မဟုတ်ပေ။
ကျောက်ချန်သာ ဤမြင်ကွင်းအား မြင်တွေ့ခဲ့ပါက ဒီထက်ပိုပြီး အတွေးနက်နေတော့မှာဖြစ်သည်။
ချူးချီခံစားရသည်က သေးငယ်တဲ့စပ်စုမှုတစ်ခုသာဖြစ်သည်။
“ ရှန်းယန်မြို့ဘက်ကို လမ်းကြောင်းလှည့်လိုက် “
လုံယန်၏ အေးစက်ဩဇာသြောင်းတဲ့အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
ချူးချီက စတင်၍ မြင်းကို ဦးတည်ရာလှည့်လိုက်သည်။ ထို့နောက်
“ အရှင်၊ ဘာလို့ဒီလိုဆုံးဖြတ်ရတာပါလဲ “
ရှန်းယန်မြို့သည် ရှန်းယန်မင်းသား လုံရှောင်၏ နယ်ပိုင်ဖြစ်သည်။ ထို့အပြင် ထိုလမ်းက မြို့တော်သွားသည့် လမ်းကြောင်းလည်းမဟုတ်ပေ။
လုံရှောင်ဟာ ယခင်က လုံယန်နောက်လိုက်ရခြင်းကို နှစ်သက်ခဲ့သော်လည်း ရှန်းယန်မြို့အား ပေးအပ်ခံရပြီးသည့်နောက် သူသည် ဧကရာဇ်မြို့တော်ကိုပင် သိပ်ပြန်မလာခဲ့တော့ချေ။
ရှန်းယန်မင်းသားဟာ သူ့အရှင်က လုံချီကို အဓိကဆက်ခံသူအဖြစ် လျာထားလိုက်ခြင်းနဲ့ပတ်သက်၍ ယခုထိ အလွန်အခဲမကျေဖြစ်နေမှာ သေချာသလောက်ရှိသည်။ ဒီလောက်အနေအထားသာဆိုလျှင် ပုန်ကန်ဖို့အတွေးပင် သေချာပေါက်ရှိနေလောက်သည်။
သူ့အရှင်သည် ရှန်းယန်မြို့မှ သာမန်အခြွေအရံလောက်နှင့်သာ ဝင်ရောက်နေခြင်းဖြစ်သည်။ အကယ်၍ ရှန်းယန်မင်းသားကသာ တစ်ခုခုကြံရွယ်နေခဲ့သည်ဆိုလျှင် သူ့အရှင်က ချက်ချင်းကို ရာထူးကကျမည့် အခြေအနေတစ်ခုနှင့် ကြုံရပေလိမ့်မည်။
လုံယန်က ချူးချီရဲ့အတွေးတွေကို ခန့်မှန်းမိလေသည်။ ထို့ကြောင့် သူ့မျက်လုံးတို့က ရယ်ချင်စိတ်တို့ဖြင့် လင်းလက်သွားတော့သည်။
“ ဆယ့်တစ်ယောက်မြောက်ညီတော်က အဲ့လောက် မတုံးအပါဘူး။ သူငယ်ငယ်တုန်းက သူ့ကို တော်ဝင်အစ်မတော်က အချိန်အတော်ကြာစောင့်ရှောက်ပေးခဲ့တာကြောင့်မို့ သူက သူ(မ)ကို အလေးထားတယ်။ သူက အခု ကိုယ်တော်တို့ကို ဘာမှလုပ်မှာမဟုတ်ပါဘူး “
ချူးချီက ထိုစကားအားကြားသည့်အခါ သူ့အရှင်ကို နားချမည့်အတွေးအား ရပ်လိုက်တော့သည်။
သူ့အရှင်က ဘာလုပ်ရမလဲဆိုတာကို သိပေသည်။ ထိုသူက သူယုံကြည်ချက်မရှိသည့်ကိစ္စအား လုပ်ဆောင်ရန် ဘယ်တော့မှ ဆုံးဖြတ်မှာ မဟုတ်ပေ။
ချူးချီဟာ ရွေးချယ်စရာမရှိ အမိန့်ကိုသာ နာခံရလေသည်။
လုံချင်းကျီကတော့ သူ(မ)တို့ဟာ ရှန်းယန်မြို့ကိုသွားနေကြောင်း သိလိုက်ရ၍ ပျော်ရွှင်သွားတော့သည်။
သူ(မ)သည် ငယ်ဘဝအကြောင်းတွေးလိုက်ရင်း လွမ်းဆွတ်သွားရတော့သည်။
“ အဲ့ဒီနှစ်တွေတုန်းက ငါလက်ဆက်ရတော့ ဆယ့်တစ်ယောက်မြောက်မောင်တော်က ကလေးလေးဘဲရှိသေးတာ။ သူက ဆက်တိုက်ကိုငိုနေပြီး သန်ကျွယ်ဘက်နဲ့ လက်မထပ်ဖို့ တောင်းဆိုနေခဲ့တာလေ။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ နှစ်နှစ်ဆယ်ကုန်သွားပြီဘဲ အဲ့ကတည်းက မတွေ့ရတာတောင်အတော်ကြာခဲ့ပြီ ။ သူလည်း အခုဆို လက်ထပ်ပြီး ကလေးတွေတောင် ရနေလောက်ပြီပေါ့၊ ဟုတ်တယ်မလား “
လုံယန်နှုတ်ခမ်းမှာ အပြုံးသေးသေးလေးပေါ်လာခဲ့သည်။
“ အစ်မတော်ထင်နေတာ မှားနေပြီ။ ဆယ့်တစ်ယောက်မြောက်ညီတော်က အမြဲတမ်း ခေါင်းမာတဲ့အကျင့်စရိုက်နဲ့ဘဲ။ အခုထိ ကြင်ယာတော်ရဖို့ဆိုတာ မဖြစ်နိုင်သေးဘူး “
“ ဒါဆို နင်ကရော။ နင်က ဆယ့်တစ်ယောက်မြောက်မောင်တော်ထက်တောင် ငါးနှစ်ပိုကြီးသေးတာလေ။ ဘာလို့ အခုမှ လက်ထပ်မှာလဲ “
လုံယန် သူ(မ)ကို လှမ်းကြည့်လိုက်သည်။ သူ(မ)မှာ မေးခွန်းတွေရှိနေမှာသိသော်လည်း သူကရှင်းပြဖို့ စိတ်ကူးမရှိပေ။ သူပြောလိုက်သည်က
လုံချင်းကျီ မနေနိုင်ဘဲ စနောက်နေရင်းဖြင့် သူ့မျက်နှာထက်၌ ပျော်ရွှင်နေတဲ့အမူအရာကိုတွေ့လိုက်ရသည်။
သူ(မ)ရဲ့ မောင်ဟာ ယခုဆိုလျှင် သုံးဆယ်ပြည့်ပြီဖြစ်ပြီး ဒုတိယသခင်မလေးလုကတော့ ဆယ့်ငါးနှစ်သာရှိသေးသည်။ သူတို့နှစ်ဦးကြား အသက်ကွာခြားမှုက ဆယ့်ငါးနှစ်တောင်မှဖြစ်သည်။
သူ(မ)က ဆယ့်ငါးနှစ်အရွယ်မိန်းမပျိုလေးဖြစ်တာကြောင့် သူ့ရဲ့သမီးအရွယ်လောက်ပင်ဖြစ်လေသည်။ သူ့မောင်လက်ဆက်ချင်တာက ဘယ်လောက်တောင် အရွယ်ကောင်းလေးဖြစ်နေလိုက်သလဲ။
တကယ်တော့ သူကိုယ်တိုင်ပင် ထိုမျှငယ်သည့် မိန်းကလေးတစ်ယောက်ကို ချစ်မိသွားမယ်လို့ မထင်ထားခဲ့ပေ။
သို့သော်လည်း သူ(မ)ကို တွေ့သည့်အခါတိုင်း သူ့ရင်ထဲမှာ ပန်းတွေပွင့်ရလေသည်။ သူ့တစ်ကိုယ်လုံး ပျော်ရွှင်မှုတွေ လွှမ်းခြုံလာပြီး သူ(မ)ကို ကြည့်လိုက်မိသည့်အခါတိုင်း ပီတိဖြစ်ရသည်။ လွန်ခဲ့တဲ့နှစ်တွေက သူထီးနန်းဆက်ခံခဲ့ရတုန်းကထက်ပင် သူ(မ)နဲ့ အတူရှိနေသည့်အခါ ပို၍ပျော်ရွှင်ရသည်။
သူ့မျက်နှာပေါ်က ရှားပါးလှတဲ့ ရှက်သွေးဖြန်းတဲ့အမူအရာကို လုံချင်းကျီ မြင်တဲ့အခါ သူ(မ)လက်မောင်းထဲမှ သားဖြစ်သူကို ငြင်ငြင်သာသာလွှဲပွေ့ထားရင်းကနေ လှမ်းစနေခဲ့သည်။
“ တကယ်လို့ ငါထင်သလို မဟုတ်ဘူးဆိုရင် တကယ်က ဘာတဲ့လဲ။ အဲ့လောက်ငယ်တဲ့မိန်းကလေးက မင်းကို သူနဲ့အတင်းလက်ထပ်ဖို့ တိုက်တွန်းနေတာတော့ မဟုတ်ဘူးမလား “
သူ(မ)ရဲ့မောင်က သူတို့ငယ်စဉ်ကတည်းက အမြဲတမ်းအေးစက်တဲ့အကျင့်စရိုက်ရှိခဲ့သည်။ အမြဲတစေ ကိုယ့်အားကိုယ်ကိုးပြီး တိကျပြတ်သားတဲ့သူဖြစ်ကာ ငယ်ရွယ်တဲ့အသက်နဲ့မလိုက်အောင်ပင် ရင့်ကျက်တဲ့အပြင် သူ့ရဲ့စိတ်ခံစားချက်တို့ကိုလည်း ဘယ်တော့မှ အလွယ်တကူထုတ်မပြတတ်ပေ။
ယခု သူက ထီးနန်းကို ဆယ်စုနှစ်တစ်စုစာမျှ ဆက်ခံပြီးသည့်နောက် သူ့ရဲ့ ဩဇာညောင်းတဲ့ကိုယ်ရောင်ကိုယ်ဝါဟာ ပိုမိုအားကောင်းလာခဲ့ပြီး သူ့ကို ဝေဖန်အပြစ်တင်ဖို့ရာ မလွယ်ကူတော့ပေ။
သူ(မ)ကိုယ်တိုင်ပင် သူ့မျက်လုံးကို ကြည့်မိတဲ့အချိန်တွေမှာ မတတ်နိုင်ဘဲ သူ့ကိုကြောက်ပြီး လေးစားခဲ့ရသည်အချိန်တွေတောင် ရှိလေသည်။
သူ့အား ယခုကဲ့သို့စနောက်နိုင်မည့် အခွင့်အရေးရှိသည့် အခြေအနေမျိုးမှာ ရရှိဖို့ ခက်ခဲလှသည်။
အပိုင်း (၄၁၁)
တစ်ချို့အရာတွေက စည်းမကျော်သင့်ဘူး။
လုံချင်းကျီ အနည်းငယ်အံ့ဩသွားရသည်။ သူ(မ)မောင်သည် ဒုတိယသခင်မလေးလုအား မည်သို့ပိုးပန်းခဲ့သလဲဆိုတာ သူ(မ) သိချင်မိနေသည်။
သို့သော်လည်း ထိုသူ့အသံအနေအထားမှာ သူပြောပြီးသည်နှင့် ဤစကားဝိုင်းကို တစ်ခန်းရပ်သင့်နေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းအသိပေးနေပုံရသည်။
ဧကရာဇ်တစ်ပါး၏ဂုဏ်သိက္ခာအား သွားစိန်မခေါ်သင့်ပေ။
သူ(မ)တို့မှာငယ်စဉ်က အလွန်ရင်းနှီးခဲ့ကြသည့် မောင်နှမတွေဖြစ်ခဲ့ပြီး သူ(မ)နယ်စပ်ကနေ ပြန်အလာကို ကိုယ်တိုင်လာကြိုပေးရင်တောင်မှ စည်းမကျော်သင့်တဲ့အရာတွေကတော့ ရှိလေသည်။
လုံချင်းကျီ ဤအရာကို အသေအချာနားလည်သော်လည်း သူ(မ)စိတ်ထဲက သိချင်စိတ်ကို ဖိနှိပ်မထားနိုင်တော့ပေ။ သူမက တိုးလျတဲ့အသံဖြင့်မေးလိုက်သည်။
“ ဒုတိယသခင်မလေးလုက လက်ထပ်ဖို့ ဆန္ဒမရှိဘူးတဲ့လား “
“ အစ်မတော်ပြောသလိုဘဲ ကိုယ်တော်က သူ့ထက် အသက်အများကြီးပိုကြီးတယ်။ အဲ့တော့ သူ(မ)လက်မခံတာကလည်း သဘာဝကျပါတယ် “
လုံချင်းကျီ ထိုစကားကိုကြားသည့်အခါ ဆက်ပြောချင်စိတ်ကြောင့် နှုတ်ခမ်းတို့ပင် လှုပ်သွားခဲ့သော်လည်း သူ(မ)က တွန့်ဆုတ်နေခဲ့ပြီး အဆုံးမှာတော့ ဘာမှဆက်မပြောလိုက်ပေ။
လုလျန့်ဝေရဲ့ စိတ်ထဲတွင် အိမ်ရှေ့စံမင်းသားရှိနေသေးတာကြောင့် သူ(မ)မောင်အား လက်ထပ်ပြီး နန်းတွင်းဝင်ဖို့ ဆန္ဒမရှိတာလို့ တွေးနေမိသည်။
လုံရှောင်သည် သတင်းကြားကြားချင်း စစ်အခြေစိုက်စခန်းဆီ ရုတ်တရက်အပြေးသွားခဲ့သည်။
“ ကြိုဆိုပါတယ်၊ အစ်ကိုတော် “
“ ကိုယ်တော်တို့က မိသားစုတွေဘဲ။ လုပ်ရိုးလုပ်ထုံးတွေမလိုပါဘူး၊ ဆယ့်တစ်ယောက်မြောက်ညီတော် “
လုံရှောင် ထရပ်လိုက်ပြီး လုံယန်ဘေးမှာ ထိုင်နေသည့် လုံချင်းကျီရှိရာသို့ ချက်ချင်းလှည့်လိုက်သည်။ ရှေ့သို့ခြေလှမ်းအနည်းငယ်ထပ်တိုးလိုက်ပြီးနောက် သူ့၏စိတ်လှုပ်ရှားမှုအား မဖုံးကွယ်နိုင်တော့ဘဲ
လုံချင်းကျီသည် ကျီအယ်ကို လက်မောင်းမှာပွေ့ရင်း ထရပ်လာသည်။ သူ့ကိုကြည့်ပြီး သူ(မ)က ပျော်ရွှင်တဲ့ခံစားချက်တို့ဖြင့် ပြုံးပြလာသည်။
“ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာတောင် နှစ်နှစ်ဆယ်တောင်ကြာသွားခဲ့ပြီဘဲ။ ရှောင်အယ်က အခုဆို ရှန်းယန်မြို့ကိုတောင် တာဝန်ယူနေရပြီ။ အချိန်တွေကုန်တာ မြန်လိုက်တာ။ သန့်ကျွယ်ကို မသွားခင်တုန်းက မောင်လေးက ကျီအယ်အခုအရွယ်လောက်လေးဘဲရှိသေးတာ “
လုံရှောင် နှာခေါင်းကို ပွတ်လိုက်သည်။ သူငယ်ဘဝကို ပြန်အမှတ်ရကာ အနည်းငယ်ရှက်ရွံ့နေလေသည်။
“ ဟုတ်တယ်။ အချိန်တွေကုန်သွားခဲ့ပေမဲ့ အစ်မတော်ကတော့ ဘာမှမပြောင်းလဲသေးဘူး။ ကျွန်တော်မှတ်မိတဲ့အတိုင်း လှပနေတုန်းပါဘဲ “
လုံချင်းကျီက အနည်းငယ်ညှိုးငယ်စွာဖြင့်
“ တော်ဝင်အစ်မတော်၊ အစ်မက လုံးဝကို အသက်မကြီးသေးပါဘူး “
လုံရှောင် သူ(မ)နားသို့ကပ်လာပြီး သူ(မ)လက်ထဲက ကလေးကို ကြည့်လိုက်သည်။ သူက ပွေ့ချီဖို့ လက်လှမ်းလိုက်သည်။
ကျီအယ်က အိပ်ပျော်တော့မယ့်စဲစဲမှာဘဲ ရုတ်တရက်လှုပ်ရှားသံတစ်ခုကြားလိုက်ရသည်။ ခဏတဖြုတ် တွန့်သွားပြီးနောက် လုံချင်းကျီ၏လက်မောင်းကြားထဲ ပြန်တိုးဝှေ့လိုက်သည်။ ကြီးမားဝိုင်းစက်တဲ့ မျက်လုံးတို့က ကြောက်ရွံ့မှုတို့ပြည့်နှက်နေခဲ့သည်။
“ ရှောင်အယ်ရာ၊ အစ်မတောင်းပန်ပါတယ်။ ကျီအယ်က စိတ်မချမ်းမြေ့စရာကိစ္စတစ်ချို့ ကြုံခဲ့ရတာကြောင့် အခုထိ ထိတ်လန့်နေသေးတာပါ “
လုံရှောင် သူခေါင်းခါပြလိုက်သည်။
“ အစ်မတော်၊ အဲ့တာနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ကျွန်တော်ကသာ သတိမမူဘဲ အလျင်စလို လုပ်လိုက်မိတာပါ “
သူက ခဏရပ်သွားပြီးတဲ့နောက်
“ သူ့ကိုပြဖို့ သမားတော်ဆီ ခေါ်သွားပြီးပြီလား “
လုံချင်းကျီက လုံယန်ကို ကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။
“ မပြရသေးဘူး။ မြို့တော်ကို ပြန်ရောက်တဲ့အခါကျမှ တော်ဝင်သမားတော်နဲ့ ပြဖို့ စီစဉ်ထားတာ “
လုံရှောင်က အကြံပေးသည်။
“ ဆေးပညာအရည်အချင်းပြည့်မီတဲ့ သမားတော်တစ်ယောက် ကျွန်တော့်ရဲ့စံအိမ်မှာရှိပါတယ်။ အစ်မတော်သာ အဆင်ပြေမယ်ဆို သူ့ကို ဒီဆင့်ခေါ်လိုက်ပြီး ကျီအယ်ကို ကြည့်ခိုင်းလိုက်ပါ့မယ် “
လုံချင်းကျီက ချက်ချင်း လက်မခံလိုက်ဘဲ လုံယန်ကိုသာ ဆက်ကြည့်နေခဲ့သည်။
“ ဆယ့်တစ်ယောက်မြောက်ညီတော်၊ ငါ မြို့တော်ကနေထွက်လာတာ အတော်ကြာနေပြီမလို့ ချက်ချင်းပြန်ဖို့လိုအပ်တယ်။ အစ်မတော်ကို မြို့တော်ဆီပြန်ပို့ပေးဖို့ တာဝန်ယူပေးပါဦး “
လုံရှောင်သည် ထိုသူ အဘယ်ကြောင့် ဤနေရာ၌ ရုတ်တရက်ကြီးပေါ်လာတာလဲဆိုတာ တွေးနေခဲ့ခြင်းပေ။ ယခု လုံယန်စကားတွေအား ကြားလိုက်သည့်အခါ လုံယန်က သူ့အား အစ်မတော်ကို မြို့တော်ဆီသို့ လိုက်ပို့စေချင်ခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားတော့သည်။
လုံရှောင်သည် သူ့၏အတွင်းအချိတ်အဆက်တွေမှတစ်ဆင့် သန်ကျွယ်နှင့် ပတ်သက်သည့် အတွင်းရေးပဋိပက္ခတွေကို သိထားလေသည်။ သူ့၏ယောက်ဖတော်က သူ့ဦးရီးတော် ဝမ်ရန်ကျင်းရဲ့ ဓားအောက်တွင် သေခဲ့ရတာဖြစ်သည်။
ထို့အပြင် မြို့တော်မှတစ်ဆင့် သူ့အစ်ကိုတော်ဟာ တောင်ဘက်သို့ ခရီးထွက်သွားကြောင်း သိလိုက်ရသည့်အခါ သူ့အစ်ကိုတော်က နယ်စပ်သို့သွားပြီး သူတို့၏အစ်မတော်ကို သွားခေါ်ကြောင်း ဆက်စပ်တွေးမိလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အစ်ကိုတော်နှင့် အစ်မတော်တို့ဟာ အနီးကပ်ရှိနေကြပြီဖြစ်သည်။ ယခု သူ့အစ်မတော် တည်တည်ငြိမ်ငြိမ်ရှိနေတာတွေ့လိုက်ရပြီး လုံရှောင်ထင်ထားသကဲ့သို့ အစ်ကိုတော်က သူ(မ)ကို ရှန်တိုင်းပြည်ဆီသို့ ပြန်ခေါ်သွားမည်သာဖြစ်သည်။
အပိုင်း (၄၁၂)
ဧကရာဇ်ဟာ အမြဲတမ်း သူ့စိတ်အတိမ်အနက်လို့ ခန့်မှန်းလို့မရတဲ့ လူတစ်ယောက်
“ စိတ်မပူပါနဲ့ အစ်ကိုတော်။ အစ်မတော်ကို နန်းမြို့တော်ဆီ ဘေးအန္တရာယ်ကင်းကင်းနဲ့ရောက်အောင် ပြန်ပို့ပေးလိုက်ပါ့မယ် “
လုံရှောင်ဟာ သူ့အတွေးတွေကို စုစည်းပြီးနောက် ရိုရိုသေသေ ကတိကဝတ်ပေးလိုက်သည်။
“ ကောင်းပြီ။ မင်းလုပ်နိုင်တာ ငါယုံပါတယ် “
လုံယန်က ငြင်ငြင်သာသာခေါင်းငြိမ့်ပြခဲ့ပြီးနောက် လုံချင်းကျီဘက်ကိုလှည့်၍ ပြောသည်။
“ မြို့တော်မှာ ကိုယ်တော် ဖြေရှင်းစရာကိစ္စတွေရှိသေးလို့ ပြန်သွားဖို့လိုတယ်။ အဲ့ဒါကြောင့် အရင်သွားနှင့်လိုက်မယ်။ ညီတော်နဲ့ အစ်မတော်က အလျင်စလိုလာဖို့ မလိုပါဘူး။ တကယ်လို့ ဒီက သမားတော်က ထက်မြက်တယ်ဆိုတော့ မြို့တော်ကို ပြန်မလာခင် ကျီအယ်ကို အရင် စစ်ဆေးထားနှင့်လိုက်ပါ။ ကိုယ်တော့် မင်္ဂလာပွဲမတိုင်ခင် အရောက်ပြန်လာရင် ရပါပြီ “
“ အင်း “
ဝမ်ရန်ကျင်းက သူတို့အား အမြစ်ဖြတ်ခြေမှုန်းရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သောကြောင့် သူသာ အထူးတပ်သားတွေကို ဤနေရာဆီပို့ရန် စီစဉ်မည်ဆိုလျှင် ကျန်ခရီးတစ်လျှောက်မှာလည်း သူတို့နှင့်ပေါင်းစည်းဖို့အတွက် လူထပ်လွှတ်ရမည်ဖြစ်သည်။
“ အဲ့တာက ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ။ အစ်မဆီမှာ လူတွေအကုန်ထားခဲ့မယ်ဆိုရင်၊ မောင်လေးကရော “
လုံချင်းကျီက တစ်ခုခုပြောဖို့ပြင်လိုက်ချိန်မှာဘဲ လုံယန်က လုံရှောင်ဘက်ကို လှည့်လိုက်လေသည်။
“ ကိုယ်တော်တို့ အစ်မတော်နဲ့ ကျီအယ်ရဲ့ လုံခြုံရေးကို မင်းလက်ထဲဘဲ အပ်ထားတော့မယ်။ သန်ကျွယ်က သူတို့အထူးတပ်သားတွေကို ပို့လိုက်ပြီ၊ သတိထားပါ “
“ စိတ်မပူပါနဲ့၊ အစ်ကိုတော်။ အစ်မတော်နဲ့ ကျီအယ်ရဲ့ လုံခြုံရေးအတွက်သာဆို ကျွန်တော့်အသက်ကိုတောင် စတေးပေးနိုင်ပါတယ် “
လုံချင်းကျီက လိုက်ပို့ချင်သော်လည်း သူက တားလိုက်သည်။
လုံချင်းကျီ ခြေလှမ်းပြင်နေရင်းမှ ရပ်တန့်လိုက်သည်။
လုံယန်သည် ရှန်းယန်စံအိမ်တော်ကနေ မြန်မြန်လျှောက်ထွက်လာသည်။ လုံရှောင်လည်း အနောက်ကလိုက်ကာ အရှိန်မလျှော့ရဲပေ။ လုံယန် မြင်းပေါ်တက်ပြီး ထွက်သွားတာမြင်တဲ့အခါမှသာ သူလည်း စံအိမ်တော်ထဲကို ပြန်ဝင်သွားခဲ့သည်။
သူသည် ကျီအယ်အား ကုသရန် သမားတော်စီစဉ်ပေးပြီးနောက် အကြောင်းပြချက်တစ်ခုရှာကာ စာကြည့်ခန်းသို့သွားခဲ့သည်။
လုံရှောင်၏လက်ထောက်ဆီမှတစ်ဆင့် ဧကရာဇ်က ရှန်းယန်ကိုလာနေကြောင်း သတင်းရထားပြီးဖြစ်သည်။ သူဝင်လာတာတွေ့တဲ့အခါ သူ့လက်ထောက်က
“ ဒါက ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့ လူလွှတ်ပြီး .......... “
ဟုဆိုကာ ဖြတ်ခနဲအချက်လှမ်းပြသည်။
“ ငါ့အစ်ကိုတော်က မြို့တော်ကို သူ့ဘာသာပြန်လာရဲလောက်အောင် ရူးမိုက်မယ်လို့ မင်းထင်လို့လား “
“ သူ့ကို လျှို့ဝှက်စောင့်ကြည့်ကာကွယ်နေတဲ့ ကိုယ်ရံတော်တပ်တွေရှိပေမဲ့ သူခေါ်လာတဲ့အရေအတွက်က အရမ်းကြီးမများပါဘူး။ ဒါက ရှားပါးအခွင့်အရေးပဲ။ လက်လွှတ်လိုက်ရမယ်ဆို နှမြောဖို့ ကောင်းလှပါတယ် “
“ ငါ့အစ်ကိုတော်က ငါတို့ တိတ်တဆိတ်မှောင်ရိပ်ခိုလုပ်နေတဲ့ဟာတွေကို မသိဘူးထင်နေလား။ သူ အကုန်လုံးကိုသိထားတာ အချိန်တော်တော်ကြာနေလောက်ပြီ။ သူက ငါတို့ကို မဖော်ထုတ်ဖို့ ရွေးချယ်ခဲ့ရုံဘဲ။ ငါတို့ ခြေလှမ်းမှားသွားတာနဲ့ ငါ့နေရာကို ရုတ်သိမ်းဖို့အတွက် ချက်ချင်းအကြောင်းပြချက်ရသွားမှာ။ ဒီမှာ သူ့ရဲ့တပ်မှူးတွေကို တမင်ထားခဲ့တာကလည်း ငါ့စိတ်ကို စမ်းဖို့ဘဲ။ ငါသာ တစ်ခုခုလှုပ်ရှားတာနဲ့ အဲ့တာက ငါ့ကို ဘာမှ အကျိုးမပြုမယ့်အပြင် အဲ့တာကို အသုံးချပြီး ငါ့ကို တန်ပြန်စရာ ရသွားလိမ့်မယ် “
လက်ထောက်က သူ့ချွေးစေးတွေကို သုတ်လိုက်သည်။
“ သခင်၊ သခင်က ကျွန်တော်မျိုးထက် ပိုပြီးတိကျစေ့စပ်ပါတယ် “
“ ငါက မင်းထက်ပိုပြီး အစ်ကိုတော့်အကြောင်း ပိုသိနေရုံတင်ပါ “
သူ့အစ်ကိုတော်သည် အမြဲတမ်း နားလည်ရခက်ပြီး လျှို့ဝှက်တတ်သည့်သူတစ်ယောက် ဖြစ်သည်။ တစ်ယောက်ယောက်ကသာ ထိုသူ့အား အထင်အမြင်သေးခဲ့မည်ဆိုပါက ထိုသူများသည် တစ်နေ့တွင် ပြန်၍ နောင်တရမှာပင်ဖြစ်သည်။
ထိုသို့ဖြစ်စေပါမူ လက်ထောက်က နှမြောတသဖြစ်နေသေးသည်။
“ သခင်၊ ကျွန်တော်တို့ ဒီတစ်ခေါက်အခွင့်အရေးကိုသာ လက်လွှတ်ရမယ်ဆို ဒီလို နောက်တစ်ကြိမ် အခွင့်ကောင်းရဖို့ မသေချာတော့ပါဘူး “
သို့သော်လည်း သူက ဒါနဲ့ပတ်သက်ပြီး ဘာတတ်နိုင်မှာလဲ။
“ အစ်ကိုတော် ဒီကိုမလာခင်ကတည်းက အားလုံးစီစဉ်ပြီးသားဖြစ်နေမှာကို စိုးရတယ်။ မဟုတ်ရင် သူ ရှန်းယန်မြို့ကို လာမှာ မဟုတ်ဘူး “
အစ်ကိုတော်က သူ မသေချာတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ချေ။
လက်ထောက်၏ ရူးမိုက်တဲ့ အတွေးတိမ်တို့ဟာ အလျင်အမြန်ပဲ အဆုံးသတ်သွားရတော့သည်။
ဧကရာဇ်တစ်ပါးတည်းသာရှိနေခဲ့ပါက သူ့အစီအစဉ်အတိုင်းသာဆိုလျှင် ထိုသူ့ကိုဖမ်းရန် နည်းလမ်းကောင်းဖြစ်ပေလိမ့်မည်။ ဤနည်းလမ်းသည် ထိုသူ့ကို နန်းဆင်းပေးရန် တွန်းအားပေးလို့ရနိုင်ပြီး ဤသည်က အကောင်းဆုံးဖြေရှင်းချက်ပင်။
သို့သော်လည်း သခင်ရဲ့ အတွေးအခေါ်တို့မှာ အကြောင်းအရင်းမရှိဘဲနှင့်တော့ ဖြစ်မလာနိုင်ပေ။