အခန်း (၄၁၆-၄၁၈)
Vol. 9 Ch. 416-418
အပိုင်း (၄၁၆)
လုံယန်က သူ့ကိုယ်သူ မြေးသမက်ဖြစ်တယ်လို့ ပြောတယ်။
မြို့စားမင်းဟောင်းကတော်သည် သူ(မ)ရဲ့ ပုံမှန်မဟုတ်သော အမူအရာအားတွေ့သည့်အခါ သက်ပြင်းချလိုက်သည်။
သူ(မ)သည် လုယွင်ရွှမ်းကို တိုက်ခိုက်ရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ လုလျန့်ဝေက သူ(မ)အပေါ် တာဝန်မကျေပွန်ဘူးလို့ တခြားသူတွေ အထင်လွဲမှာကို မလိုချင်ခဲ့ရုံသာဖြစ်သည်။
သို့သော်လည်း သူ(မ)သည် အလွန်အမင်းအမွှမ်းတင်နေခြင်းခဲ့လည်းမဟုတ်ပေ။ သူ(မ)လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် ပုတီးသည် လုလျန့်ဝေကိုယ်တိုင် ထျန်းကျိုးဘုရားကျောင်းဆီယူသွားပြီး ဆရာတော်ချင်းကျန်ကိုယ်တိုင်မှ ထိုပုတီးအား ဆုတောင်းကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။
သူ(မ)မှ လုလျန့်ဝေအား မသွားရန်တားမြစ်မှာဖြစ်ကြောင်း သိတဲ့အတွက် လုလျန့်ဝေသည် တိတ်တိတ်ကလေး ထျန်းကျိုးဘုရားကျောင်းဆီကို သွားခဲ့လေသည်။ သူ(မ)သိတဲ့အချိန်မှာတော့ တားဖို့နောက်ကျသွားခဲ့ပြီပင်။
ရန်ရွှယ်လော့၏ လူသတ်ရန်ကြံစည်မှုအား ယခုထိ တွေးမိနေဆဲဖြစ်သောကြောင့် လုလျန့်ဝေလည်း ထိုသို့သောအန္တရာယ်မျိုး ထပ်ကြုံရမည်အား စိုးရိမ်နေမိသည်။ ကံကောင်းထောက်မစွာနှင့် ဝေဝေက ဘေးအန္တရာယ်ကင်းကင်းနှင့် ပြန်လာနိုင်ခဲ့ပေသည်။
ထို့ကြောင့် သူ(မ)လက်ကောက်ဝတ်ပေါ်က ပုတီးကို ပို၍ပင် တန်ဖိုးထားလေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ဝေဝေ၏ မြေးဝတ္တရားကျေပွန်သိတတ်မှုပင်ဖြစ်သည်။
ထိုအချိန်တွင် အိမ်တော်ထိန်းဝမ်က အမြန်ပြေးဝင်လာခဲ့သည်။
“ မြို့စားမင်းဟောင်းကတော်၊ အရှင်မင်းကြီးက ဘဏ္ဍာစိုးကျောက်ကို လွှတ်ပြီး မွေးနေ့လက်ဆောင်လာပေးခိုင်းလိုက်ပါတယ် “
ထိုအသံကိုကြားတဲ့အခါ တစ်ခန်းမလုံး တိတ်ဆိတ်သွားသည်။
မြို့စားမင်းဟောင်းကတော်က လုလျန့်ဝေရဲ့ အကူအညီဖြင့် ထရပ်ကာ လက်ဆောင်ထွက်ယူဖို့ အရင်တုန့်ပြန်လိုက်သည်။ သို့သော်လည်း သူ(မ) မရွေ့ခင်မှာတင် ကျောက်ချန်က လူတစ်စုကို ဦးဆောင်၍ တံခါးမှဖြတ်ကာ ဝင်လာခဲ့သည်။
လူတိုင်းက ထိုသို့ ခမ်းနားသည့်မြင်ကွင်းကို မြင်ရတဲ့အခါ မှင်သက်ကုန်ကြသည်။
“ မြို့စားမင်းဟောင်းကတော်၊ ကျေးဇူးပြုပြီး ထိုင်ပါ။ ဒီနေ့က သင့်ရဲ့ ခမ်းနားတဲ့မွေးနေ့မင်္ဂလာရက်မြက်ပါ။ အရှင်မင်းကြီးက သူကိုယ်တိုင် မွေးနေ့လက်ဆောင်ကို လာရောက်ပေးဖို့ လုပ်ထားပေမဲ့လည်း လွန်ခဲ့တဲ့ရက်အနည်းငယ်က နန်းတော်အပြင်ထွက်သွားခဲ့ရပါတယ်။ အရေးကြီးတဲ့နိုင်ငံတော်အရေးကိစ္စတွေ စုပုံလာတာကြောင့် အရှင်မင်းကြီးက တကယ်ကို ရှောင်လာလို့မရလို့ပါ။ ဒါကြောင့် ကျွန်တော့်ကိုလွှတ်ပြီး မြို့စားမင်းကတော်ဆီ မွေးနေ့လက်ဆောင် လာပို့ခိုင်းလိုက်တာပါ “
ထိုလက်ဆောင်များဟာ အလွန်ကို စဉ်းစားပေးထားမှန်းသိသာလှသည်။ အသက်ရှည်မက်မွန်သီးများ၊ သက်ရှည်ခေါက်ဆွဲများနှင့် အခြားသော တန်ဖိုးကြီးမွေးနေ့လက်ဆောင်များစွာလည်းပါဝင်ပေသည်။ ၎င်းတို့ထဲတွင် မျက်စိပဒေသာအဖမ်းစားနိုင်ဆုံးကတော့ မိန်းမစိုးနှစ်ဦး၏အလယ်တွင် ကိုင်ထားသည့် ထင်းရှူးပင်နှင့်မန်ချူးရီးယားကြိုးကြာငှက်တို့ပင်ဖြစ်သည်။
ထင်းရှူးပင် နှင့် မန်ချူးရီးယားကြိုးကြာငှက်တို့ကို ကျောက်စိမ်းတုံးမှ ထွင်းထုထားခြင်းဖြစ်သည်။ ထင်ရှူးပင်ဟာ စိမ်းပြာရောင်ရှိသည်။ ထိုနေရာတွင် တင်ထားခြင်းမှာ အလွန်ရုပ်လုံးကြွပြီး အသက်ဝင်သယောင်ထင်ရကာ မန်ချူးရီးယားကြိုးကြာငှက်မှာတော့ နို့နှစ်ရောင်ဖြစ်လျက် ၈နှစ် ၉နှစ်အရွယ်ကလေးတစ်ယောက်နီးပါး မြင့်မားပေသည်။
လုလျန့်ဝေ ထိုအရာအားမြင်သည့်အခါ သူ(မ)နှုတ်ခမ်းထောင့်တို့ပင် အနည်းငယ်လှုပ်သွားရသည်။ သူ(မ)သည် ဒေါ်လေးလန်၏လက်ထဲက ကြိုးကြာကျောက်စိမ်းကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
အမှန်တကယ်ကိုပင် ယှဉ်လို့မရပေ။ မျှော်လင့်ချက်တွေတောင် ပျောက်ဆုံးသွားသယောင်။
ခုနလေးတင် သူ(မ)သည် လုလျန့်ဝေ၏ တိုက်ခိုက်မှုကိုခံထားရပြီး ယခုအခါ ဧကရာဇ်က ပြဿနာကို ပိုဆိုးအောင် ဖန်တီးပေးလိုက်သလိုပင်။ ဧကရာဇ်၏ မွေးနေ့လက်ဆောင်နှင့်သာဆိုလျှင် သူ(မ)ပေးသည့် ကျောက်စိမ်းကြိုးကြာဟာ လျစ်လျူရှုထားခံရပေတော့မည်။
“ ဒါက အရှင်မင်းကြီးဆီက သေချာပေါက်ရရှိရမယ့်အရာပါ၊ ယဉ်ကျေးဖို့ မလိုပါဘူး မြို့စားမင်းဟောင်းကတော် “
ထို့နောက် သူသည် မိန်းမစိုးငယ်များအား ပစ္စည်းတွေကို နေရာချခိုင်းလိုက်သည်။
ထိုနေရာရှိနေတဲ့လူတိုင်းကလည်း စကားလုံးတိုင်းကို နားလည်ပေသည်။ ထိုစကားလုံးတွေအား ကြားရသည့်အခါ ဧကရာဇ်သည် မင်္ဂလာပွဲနဲ့ပတ်သက်၍ အလေးအနက်ထားကြောင်း သိလိုက်ရသည်။
မဟုတ်ခဲ့ပါက အရှင်မင်းကြီးသည် အထိန်းတော်ကျောက်အား လက်ဆောင်ပေးဖို့ရန် စေလွှတ်မည်မဟုတ်ချေ။ ထို့အပြင် ဤကဲ့သို့သော စကားတွေအထိပါဆိုတော့။
အထိန်းတော်ကျောက်၏ ပြုမူပြောဆိုပုံအရ အရှင်မင်းကြီးဟာ သူ့ကိုယ်သူ မြို့စားမင်းဟောင်းကတော်ရဲ့ မြေးသမက်အဖြစ် ခံယူပြီး ပိုမြင့်မြတ်တဲ့ ဧကရာဇ်အဖြစ် ပေးပို့တာမဟုတ်ကြောင်း သိနိုင်သည်။ ထိုသို့သာ မဟုတ်ပါက အထိန်းတော်ကျောင်းကိုယ်တိုင် အသက်ရှည်ခန်းမတွင်းသို့ ဝင်လာမည်မဟုတ်ပေ။ ထိုသူသည် မြို့စားမင်းဟောင်းကတော်ကိုပင် ကိုယ်တိုင် လက်ဆောင်လာမယူစေဘဲ သူ(မ)ရှေ့အရောက်လာပို့ပေးခဲ့သည်။
အပိုင်း (၄၁၇)
မိန်းမတစ်ယောက်ရဲ့ အထိအတွေ့ကိုရဖို့ ဘယ်လောက်တောင် ဆာလောင်နေခဲ့တာလဲ။
“ ကျွန်တော် ဒီမှာ အကြာကြီးမနေပါဘူး။ နန်းတော်ကို ပြန်ပြီး အရှင်မင်းကြီးကို ခစားရပါဦးမယ်။ မြို့စားမင်းဟောင်းကတော်ကို ကျွန်တော်က ပိုများတဲ့စည်းစိမ်ဥစ္စာနဲ့ အသက်ရှည်ခြင်းကိုရဖို့ ဆုတောင်းပေးလိုက်ပါတယ် “
ကျောက်ချန်က မိန်းမစိုးငယ်များ ပစ္စည်းနေရာချနေစဥ် လက်ဖဝါးတစ်ဖက်ဖြန့် တစ်ဖက်လက်သီးဆုပ်ကာ ဆုမွန်ကောင်းတောင်းရင်း လေးလေးစားစား အရိုအသေပေးလိုက်သည်။
မြို့စားမင်းဟောင်းကတော်က ခေါင်းငြိမ့်ပြသည်။
“ ကျေးဇူးအများကြီးတင်ပါတယ်၊ အထိန်းတော်ကျောက်။ မင်းကြီးကို ခစားရဦးမှာဆိုတော့ ဒီမှာကြာကြာနေဖို့ မတောင်းဆိုတော့ပါဘူး။ အိမ်တော်ထိန်းဝမ်၊ ကျွန်မအစား အထိန်းတော်ကျောက်ကို လိုက်ပို့ပေးလိုက်ပါဦး “
အိမ်တော်ထိန်းဝမ်က ချက်ချင်း ရှေ့ထွက်လာပြီး ကျောက်ချန်အား ရွှင်ပြဖော်ရွေသည့်အမူအရာဖြင့် လိုက်ပို့ရန် ရှေ့မှ ဦးဆောင်လိုက်သည်။
ကျောက်ချန်က မပြန်ခင် လုလျန့်ဝေကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုအကြည့်က လုလျန့်ဝေကို အတွေးများသွားစေတယ်။
သူက ဘာကို ဆိုလိုချင်တာလဲ။
ကျောက်ချန်ထွက်သွားတဲ့အခါမှ လူအုပ်ကြီးဟာ အသိပြန်ဝင်လာခဲ့ကြပြီး တစ်ခန်းလုံးတွင် ပြည့်နှက်သွားသည့် မွေးနေ့လက်ဆောင်တွေအား ကြည့်လိုက်ကြကာ လုလျန့်ဝေကိုလည်း ပို၍ဖော်ရွေသောအကြည့်မျိုးနှင့် ကြည့်လာကြတော့သည်။
အရှင်မင်းကြီးက ဘာလို့များ မြို့စားမင်းဟောင်းကတော်ရဲ့မွေးနေ့ကို ဦးစားပေး အရေးကြီးခွင့်ကျယ်လုပ်ပေးရမှာလဲ။ သူတို့ကြားရသလောက်ဆိုလျှင် အရှင်မင်းကြီးသည် တောင်ဘက်ပိုင်းသို့ ခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပြန်ရောက်သည့်အချိန်မှာဘဲ ချက်ချင်း မြို့စားမင်းဟောင်းကတော်၏ မွေးနေ့အတွက် လက်ဆောင်ပဏ္ဏာပို့ပေးလိမ့်မည်ဟု မည်သူကမှ တွေးမထားခဲ့ကြပေ။
ထင်းရှူးပင်နဲ့ကြိုးကြာကျောက်စိမ်းဟာ တစ်ညတည်းနှင့်လုပ်လို့ရနိုင်သည့် လက်ဆောင်မျိုးမဟုတ်ပေ။ ဆိုလိုသည်က အရှင်မင်းကြီးဟာ ဤအခမ်းအနားအပေါ် သူ့၏စိတ်ရင်းအား ပြသနိုင်ရန် ကြိုတင်စီစဉ်မှုများလုပ်ထားပြီးမှ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ဒါဆို ဘာလို့ အရှင်မင်းကြီးက မြို့စားမင်းဟောင်းကတော်ကို အထူးအရေးတယူထားရတာလဲ။ ဒုတိယသခင်မလေးလုဟာ သူ့အတွက် အရမ်းအရေးပါသောသူဖြစ်တာကြောင့် လုပ်ပေးတယ်ဆိုတာ သံသယဖြစ်စရာပင်မလိုချေ။
သူ(မ)ဟာ သူ့အတွက် အရေးပါသည့်သူဖြစ်တာကြောင့် သူ(မ)နှင့် နီးကပ်သည့်သူတွေဟာလည်း သူ့ရဲ့ဂရုစိုက်ခံရမှုနှင့် ကောင်းချီးပေးခြင်းကို ခံရနိုင်ခြင်းဖြစ်သည်။
သူတို့တစ်ချိန်က ရှုံ့ချပြီး နောက်ကွယ်မှာ အသေရေဖျက်ခဲ့တဲ့ ဒုတိယသခင်မလေးလုဟာ တစ်နေ့မှာ ဒီလိုကောင်းချီးမင်္ဂလာတွေကို ပြည့်ပြည့်စုံစုံခံစားရလိမ့်မယ်ဟု မည်သူကမှ တွေးမထင်ထားခဲ့ဖူးပေ။
ထိုအချိန်မှာဘဲ ထိုနေရာတွင်ရှိသည့် အမျိုးသမီးတိုင်းနှင့် မိန်းမပျိုလေးများက သူ(မ)အပေါ် အားကျစိတ်များ ဖြစ်ပေါ်လာကြတော့သည်။
ဒုတိယသခင်မလေးလုမှာ သူတို့တွေးထားသကဲ့သို့ သာမန်လူနှင့် လက်ထပ်၍ သူ(မ)ဘဝတစ်လျှောက်လုံး စုတ်စုတ်ပြတ်ပြတ်နေမသွားရသည့်အပြင် ဘဝရဲ့အကြီးမားဆုံးအောင်နိုင်သူတစ်ယောက်ဖြစ်လာကာ အိမ်ရှေ့စံမင်းသမီးဖြစ်တဲ့ လုယွင်ရွှမ်းကိုပင် ကျော်ပြီး လွှမ်းမိုးနိုင်သွားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။
လုမိသားစု၏ညီအစ်မများသည် တကယ်ကို မယုံနိုင်စရာကောင်းလောက်တဲ့ အနိုင်ရသူများဖြစ်ကြသည်။
လုယွင်ရွှမ်းသည် သူ(မ)မျက်နှာပေါ်က အပြုံးကို မနည်းထိန်းနေရသည်။
သူ(မ)လည်း လူတိုင်းမြင်သလို မြင်နေရတာဘဲလေ။
အရှင်မင်းကြီးက အဲ့ဒီလုလျန့်ဝေဆိုတဲ့ အရူးမကို အလွန်အရေးပေးလှသည်။ ထိုအရာက လုယွင်ရွှမ်းအား အတိုင်းထက်အလွန်ဒေါသထွက်စေသည်။
လုလျန့်ဝေကတော့ ယခု သူ့ကိုယ်သူ အရမ်းကို ကျေနပ်ပီတိဖြစ်နေမှာသေချာသည်။
ယခုလို မသင့်တော်သည့်အခြေအနေထဲသာ ရောက်မနေဘူးဆိုပါက လုယွင်ရွှမ်း သူ(မ)၏ဒေါသအား လုလျန့်ဝေအပေါ် သေချာဖြေလျော့သည့်အနေဖြင့် ထိခိုက်အောင် လုပ်ပစ်မှာဖြစ်သည်။
အဲ့ဒီ လုလျန့်ဝေ မလောက်လေး မလောက်စား။ သူ(မ)က ဘာလို့ ဒါတွေ ပိုင်ဆိုင်နေရတာလဲ။ ဘာအကြောင်းပြချက်နဲ့ အရှင်မင်းကြီးဆီကနေ ဂရုစိုက်မှုတွေအများကြီးရနေရတာလဲ။
ပြီးတော့ အရှင်မင်းကြီးရဲ့ မိန်းမတွေအပေါ် စိတ်ဝင်စားမှုကလည်း မေးခွန်းထုတ်စရာဘဲ။ လုလျန့်ဝေကို အိမ်ရှေ့စံမင်းသားကတောင် မလိုချင်ခဲ့တာ မသိဘူးလား။ အိမ်ရှေ့စံမင်းသားကတောင် စွန့်ပစ်ထားတဲ့အရာကို သူက ဘာလို့ လိုချင်နေရတာလဲ။
မိန်းမတစ်ယောက်ရဲ့ အထိအတွေ့ကိုရဖို့ ဘယ်လောက်တောင် ဆာလောင်နေခဲ့တာမလို့ ဒီလို တပ်မက်စရာမကောင်းတဲ့အပြင် လူထုကိုရှေ့ မိတ်ဆက်ပေးဖို့တောင် ရှက်စရာကောင်းတဲ့ လုလျန်ဝေကို ရွေးချယ်ရတာလဲ။
လုယွင်ရွှမ်း ဒေါသထွက်လွန်း၍ သွေးအန်ထွက်မတတ်ဖြစ်နေသော်လည်း သူ(မ)ကိုယ်သူ(မ) အတင်းတွန်းအားပေးကာ သည်းခံနေလိုက်ရသည်။
မြို့စားမင်းဟောင်းကတော်ကတော့ လူတွေရဲ့အမြင်တွေအား အာရုံမထားပေ။ အရှင်မင်းကြီးရဲ့ ဒီလိုအလိုက်တသိစီစဉ်ပေးမှုမှာ ဝေဝေ့ကြောင့်သာဖြစ်မှန်း သူ(မ)သိလေသည်။
ကြည့်ရသည်မှာ အရှင်မင်းကြီးသည် ဝေဝေ့အား အမှန်တကယ် တန်ဖိုးထားပုံပေါ်သည်။
မြို့စားမင်းဟောင်းကတော်သည် အစပိုင်းတွင် သူတို့၏လက်ဆက်ခြင်းအား သဘောမတူချင်ခဲ့ပေ။ သို့သော်လည်း အရှင်မင်းကြီး၏ ဝေဝေ့အပေါ် အတတ်နိုင်ဆုံးအလေးထားပေးနေခြင်းက သူ(မ)ရဲ့ မင်္ဂလာပွဲအား ကန့်ကွက်ချင်နေသည့်စိတ်ကို အနည်းငယ်လျော့နည်းလာစေသည်။
ဘာတွေဘဲဖြစ်နေပါစေ အရေးကြီးဆုံးအချက်မှာ အရှင်မင်းကြီးက ဝေဝေ့အပေါ် အသေအချာဂရုတစိုက်ဆက်ဆံပေးနေခြင်းဖြစ်သည်။
ထိုအကြောင်းကိုတွေးပြီးနောက် ဝေဝေ့ခေါင်းအား ပွတ်သပ်ပေး၍
“ အရှင်မင်းကြီးက သမီးကို တကယ်ဂရုစိုက်တာဘဲ”
ဟု စေတနာထားတွေးကာပြောပေးသည်။
လုလျန့်ဝေက မျက်စိမှိတ်တုတ်မှိတ်တုတ်လုပ်ပြီး နားမလည်သလို ဟန်ဆောင်လိုက်သည်။
“ အဘွား ဘာတွေပြောနေတာလဲ။ သူဂရုစိုက်တာက အဘွားပါ။ အရှင်မင်းကြီးရဲ့ လက်ဆောင်တွေရောက်လာတာနဲ့ ကျွန်မတို့ပေးတဲ့လက်ဆောင်တွေက သူပေးတာတွေနဲ့ ယှဉ်လို့တောင်မရပါဘူး “
မြို့စားမင်းဟောင်းကတော်က သူ(မ)စိတ်ကို မသိသလိုဟန်ဆောင်ပေးလိုက်သည်။
“ ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ အရှင်မင်းကြီးဂရုအစိုက်ဆုံးက အဘွားပါဘဲ “
လုလျန့်ဝေ နှုတ်ခမ်းတို့ မြင့်တက်သွားရပြီး နွေးထွေးတဲ့ခံစားချက်က သူ(မ) နှလုံးသားထဲ ပြည့်နှက်သွားရသည်။
လုံယန်က ပြန်ရောက်လာသည်နှင့် ချက်ချင်း သူ(မ)အဘွားအတွက် လက်ဆောင်ပြင်ဆင်ပေးထားလိမ့်မည်ဟု လုလျန့်ဝေ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ကျောက်ချန်ရဲ့စကားတွေက ဒီတိုင်း မလာဖို့ အကြောင်းပြချက်တွေဘဲမဟုတ်လား။
သူကိုယ်တိုင်မလာနိုင်တာမဟုတ်ဘဲ သူ့ရဲ့ ဂုဏ်ထူးနှင့် အဘွားအား ကိုယ်တိုင်ဆုတောင်းပေးရန် ရောက်လာခဲ့ပါက ပတ်ဝန်းကျင်အနေအထားက တင်းမာသွားလိမ့်မည်ပင်။ ထိုသို့ဆိုလျှင် သူ့အဘွားကလည်း ထိုသို့သောအခြေအနေမျိုး၌ မွေးနေ့အား မည်ကဲ့သို့ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ပါတော့မည်နည်း။
အပိုင်း(၄၁၈)
လုံယန်က သူမအခန်းထဲမှာ အိပ်ပျော်သွားခဲ့တယ်။
အရှင်မင်းကြီးသာရောက်လာပါက အဘွားရဲ့မွေးနေ့ဖြစ်ပါသော်ငြား သူ(မ)က သူ့ကို ထွက်ပြီး ကြိုဆို နှုတ်ဆက်ရမည်ဖြစ်သည်။
ကောင်းမွန်တဲ့ မွေးနေ့ပွဲတစ်ခုဟာ ပျော်ရွှင်တဲ့လေထုကြားမှာဘဲ ကုန်ဆုံးကာ အဆုံးသတ်သင့်တာဖြစ်သည်။
လုံယန်က သူ(မ)အဘွားအား အနေရမခက်စေချင်သောကြောင့် အကြောင်းပြချက်ပေး၍ မတက်ရောက်နိုင်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
သူက ဒီအတွက် စေ့စေ့စပ်စပ်တွေးထားခြင်းပင်ဖြစ်သည်။
သိပ်မကြာခင်မှာဘဲ မွေးနေ့စားပွဲတော်က စတင်လေသည်။
အမျိုးသားဧည့်သည်များအား အိမ်တော်ဝင်းအပြင်တစ်ဝိုက်တွင် တည်ခင်းဧည့်ခံပြီး အမျိုးသမီးဧည့်သည်များကိုမူ ဝင်းအတွင်းပိုင်း၌ သီးသန့်စားပွဲများဖြင့် ဧည့်ခံသည်။
လုလျန့်ဝေဟာ ဧည့်သည်တွေအားလုံးပြန်သွားသည့်အခါမှသာ နေဝင်ဆည်းဆာတရားဆောင်ကနေ ပြန်လာခဲ့သည်။
သူ(မ) ဘာမှများများစားစားလုပ်စရာမလိုခဲ့ပါသော်လည်း ထိုအမျိုးသမီးများနှင့် သခင်မလေးများအား ဧည့်ခံရတာနှင့်တင် အနည်းငယ်ပင်ပန်းသည်ဟု ခံစားရသည်။
တံခါးသို့ရောက်တဲ့အခါ ချူးကျူက ရပ်စောင့်နေသည်အား တွေ့လိုက်ရသည့်အတွက် အရမ်းကို အံ့ဩသွားရသည်။
ကျူက အရမ်းကို အလေးထားပြီး အလုပ်ကြိုးစားနေတာလား။ လုလျန့်ဝေ အခန်းထဲမှာမှမရှိတာ တံခါးအပြင်ကနေ စောင့်နေဖို့ မလိုဘူးလေ။
ချူးကျူရဲ့ နှုတ်ခမ်းက လှုပ်သွားပြီး မျက်ဝန်းက တစ်ချက်လက်သွားသည်။ သူ(မ)က တစ်ခုခုပြောချင်ပုံပေါ်သော်လည်း နှုတ်ဆိတ်၍သာနေခဲ့သည်။
လုလျန့်ဝေက အနည်းငယ်ပင်ပန်းနေသောကြောင့် ချူးကျူ၏အမူအရာများကို အဓိပ္ပာယ်ဖော်ရန် အားမရှိတော့ပေ။ သူမက မနည်းအားတင်းကာ ပြောလိုက်သည်။
ကျူးယွီက လိုက်ဝင်ရန်လုပ်သောအခါ ချူးကျူက သူ(မ)ကို လှမ်းဆွဲကာ တားလိုက်သည်။
ကျူးယွီအနည်းငယ်ဒေါသထွက်သွားသည်။ သူ(မ)သခင်မလေးက ပင်ပန်းနေသည်။ ထို့ကြောင့် သူ(မ)အထဲလိုက်ဝင်ပြီး အနားယူဖို့ ပြင်ဆင်ပေးရမည်ဖြစ်သည်။
ချူးကျူ ဘာစကားမှမပြောဘဲ ကျူးယွီအား အဝေးသို့သာ ဆွဲခေါ်သွားခဲ့သည်။
ကျူးယွီက ထွက်သွားဖို့ ငြင်းဆန်ကာ ချူးကျူထံမှ ရုန်းကန်နေသည်။
“ သခင်မလေးက ငါတို့ကို သွားနားဖို့ပြောလိုက်တာ မကြားလိုက်ဘူးလား။ ဘာလို့ အထဲလိုက်ဝင်ဖို့ လိုမှာလဲ “
“ နင်နားချင်တယ်ဆို ငါနင့်ကို မတားဘူး။ ဘာလို့ ငါ့ကို နင်နဲ့အတူ ဆွဲခေါ်လာရတာလဲ “
ချူးကျူက စည်းကျော်နေတာဖြစ်သည်။ သူက ကျူးယွီလုပ်နေတာကိုတောင် လိုက်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေသည်။
ချူးကျူက အခန်းကို လှမ်းကြည့်လိုက်သည်။ လုလျန်ဝေ အခန်းထဲသို့ ဝင်သွားတာ သေချာပြီဆိုသည့်အခါမှ ကျူးယွီ၏နားနားကိုကပ်၍ တိုးတိုးလေးပြောလိုက်သည်။
သူ(မ)ပြောတာကို ကျူးယွီကြားတဲ့အခါ ကုတ်ဆွဲထားတဲ့ တိုင်ကို လွှတ်လိုက်ပြီး ချူးကျူထက်ပင် ပိုမြန်အောင်ပြေးလေတော့သည်။
ချူးကျူက သူ(မ)ထက်နှေးနေသည်အားမြင်သည့်အခါ အနောက်ပြန်လှည့်ပြီးတော့ပင် ချူးကျူကို ဆွဲပြေးလေသည်။
“ ဘာလို့ အဲ့မှာ ရပ်နေတာလဲ။ မြန်မြန်၊ ငါတို့ တတ်နိုင်သမျှ ဝေးဝေးရောက်နေဖို့လိုတယ် “
ချူးကျူ၏ နှုတ်ခမ်းတို့ လှုပ်သွားသည်။ သူ(မ)သည် ခြေတံရှည်တို့ဖြင့် ခြေလှမ်းကျယ်ကျယ်လှမ်းကာ ကျူးယွီနောက် လိုက်ရင်း နှစ်ယောက်သား ထွက်သွားခဲ့ကြသည်။
လုလျန့်ဝေ အခန်းတွင်းသို့ ဝင်လိုက်သည့်အချိန်တွင် ကျူးယွီနှင့် ချူးကျူတို့ အပြင်ဘက်၌ ဆူဆူညံညံဖြစ်နေသည်အား ကြားလိုက်ရသည်။ သူ(မ) ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှသိပ်မတွေးတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
နောက်ဆုံးတွင် ခြံဝင်းထဲမှ အသံများ တိတ်ဆိတ်သွားသည့်အခါ သူ(မ)လည်း ဆက်ပြီး သိပ်မတွေးတော့။
ခေါင်းခါကာ အတွင်းခန်းသို့ဝင်ရန် လုပ်နေစဉ်၌ ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး ပြတင်းပေါက်ဘေးက နူးညံ့သည့်ကုတင်ထက်တွင်လှဲနေသည့် ပုံရိပ်အား ကြောင်အစွာငေးစိုက်ကြည့်လိုက်မိသည်။
ကုတင်က အနည်းငယ်သေးနေသောကြောင့် ထိုနေရာတွင် အိပ်နေသည့်သူသည် သူ့၏ရှည်လျားသောခြေတံအား ကုတင်ဘေးသို့ချထားရသည်။
လုလျန့်ဝေကြည့်ရသလောက် ကုတင်ပေါ်တွင် ထိုကဲ့သို့သော အနေအထားနှင့် အိပ်နေရခြင်းမှာ အတော်လေး သက်တောင့်သက်သာရှိမည့်ပုံမပေါ်သော်လည်း ထိုသူကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရသည်။
သူ(မ)သည် လက်ချောင်းများအား ဆုပ်ကာ အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။
ကျောက်ချန်ပြောတော့ သူက နန်းတော်မှာ တရားရေးရာကိစ္စတွေဖြေရှင်းနေရတာဆို။ ဒီမှာ ဘာလုပ်နေတာလဲ။
ပြီးတော့ ဘယ်တုန်းကရောက်နေတာလဲ။
သူ့ကိုကြည့်ရတာ ဒီရောက်နေတာ အတော်ကြာပြီထင်သည်။
လုလျန့်ဝေက ကုတင်ဘေးနားရောက်သည့်အခါ ရပ်လိုက်သည်။
အိပ်ပျော်နေသည်လုံယန်ဟာ ပုံမှန်အချိန်များနှင့် အတော်လေးကွဲပြားလှသည်။
ထိုသူက အိပ်ပျော်နေပြီး မျက်လုံးတို့အား မှိတ်ထားသည့်အချိန်တွင် သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အရှိန်အဝါဩဇာမှာလည်း တူညီစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရသည်။
ယခု သူ(မ)မြင်နေရသည့် လုံယန်သည် နွေးထွေးနူးညံ့သောခံစားချက်မျိုးအား ပေးသည်။
သူ့ရဲ့ပုံမှန် ခြိမ်းခြောက်နေသယောင်ဆန်ပြီး စူးရှသည့် မျက်ခုံးများမှာလည်း ပျော့ပျောင်းနေသည်။ သူ့ရဲ့ ဖြောင့်တန်းပြီး ကြည့်ကောင်းတဲ့ နှာတံလေး၊ သူ့ရဲ့ လှပတဲ့ နှုတ်ခမ်းပုံစံလေး .......
အနီးကပ်ကြည့်လိုက်သည့်အခါ ထိုသူ့တွင် တကယ်ကောင်းမွန်သည့် အသားအရေရှိမှန်းလည်း သူ(မ)နားလည်လိုက်သည်။
သူ(မ)ရှေ့ကလူဟာ အသက်သုံးဆယ်အရွယ်ရှိနေသော်လည်း အရွယ်နှင့် မလိုက်အောင် အသေအချာဂရုစိုက်ထားခံရသည့်အလား အရွယ်တင်နုပျိုလေသည်။ အထူးသဖြင့် သူအိပ်နေသည့်အချိန်တွင် အသက်သုံးဆယ်အရွယ်ထဲဝင်နေသည့် အရိပ်အယောင်တွေတောင် သိပ်မရှိတော့ပေ။
လုလျန့်ဝေ သတိမထားလိုက်မိခင်မှာဘဲ သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့မိသည်။
သူ(မ) ကိုယ့်ကိုယ်ကိုယ်ဘာလုပ်နေမိလဲဆိုတာ သတိထားမိချိန်တွင်တော့ လျှောက်ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက်ဆန်စွာ သူ(မ)လက်ချောင်းများသည် လှမ်းဖမ်းဆွဲခြင်းကို ခံလိုက်ရပေသည်။