အခန်း (၄၁၉-၄၂၁)
Vol. 9 Ch. 419-421
အပိုင်း (၄၁၉)
လုံယန်က ဒီတစ်ခါတော့ နည်းနည်းလွန်သွားခဲ့သည်။
“ ကြည့်လို့ ဝပြီလား “
ထိုယောက်ျား၏ ကြည်လင်ဩရှတဲ့အသံက ထွက်လာသည်။
လုလျန့်ဝေ နှလုံးခုန်သံတစ်ချက်ပင် ကျော်သွားလေသည်။
သူ(မ) မတုန့်ပြန်နိုင်ခင်မှာတင် သူ(မ)ကိုယ်က ချာခနဲလည်သွားသောကြောင့် အော်သံသေးသေးလေးပြုလိုက်မိသည်။ သူ(မ)ဘာဖြစ်သွားလဲဆိုသည်အား သတိထားမိတဲ့အချိန်၌ သူ(မ)သည် ကုတင်ပေါ်တွင်လှဲရင်း ထိုယောက်ျား၏ ရင်ခွင်အောက်သို့ရောက်နေပြီဖြစ်သည်။
သူ(မ) ထိုယောက်ျား၏ နက်ရှိုင်းတဲ့မျက်ဝန်းများကို မြင်သည့်အခါ ရုတ်တရက်စိတ်လှုပ်ရှားသွားလာလေသည်။ သူ(မ)လက်တွေက သူ့ရင်ဘတ်ကို အကျောက်အကန်တွန်းထုတ်နေသည်မှာ သူ(မ)အတွက် အလုံခြုံဆုံးလုပ်ရပ်ဟု ထင်နေသည့်အလား။
“ ဘယ်......ဘယ်တုန်းက အရှင်က ပြန်လာတာလဲ “
“ဘာ”
လုံယန် မျက်မှောင်ကြုတ်လိုက်သည်။
လုလျန့်ဝေရပ်သွားပြီးနောက် သူ့ကိုခေါ်သည့် အသုံးအနှုန်းပြောင်းလိုက်သည်။
လုံယန်က ပြန်ဖြေနေရင်း သူ့အကြည့်တို့က သူ(မ)၏တောက်ပရွှန်းစိုနေတဲ့ အနီရောင် နှုတ်ခမ်းသားတို့အပေါ်သာ အသိလက်လွတ်ဖြင့်ရောက်နေခဲ့သည်။
လုလျန့်ဝေ၏အာရုံအလုံးစုံဟာ သူ့အပေါ်တွင် သာရှိသည်။ ထို့ကြောင့် သူ့မျက်ဝန်းအောက်ရှိ ဖျော့လျတဲ့အသက်ရှူသံအား သတိထားမိလိုက်ပြီး သူ(မ)စိတ်အတွင်းတစ်နေရာက လှုပ်ခတ်သွားသည်။
ဟုသာဖြေလိုက်သည်။ သူ တတ်နိုင်သမျှ မြန်မြန်ပြန်လာချင်ခဲ့သောကြောင့် ပြန်လာသည့်ခရီးလမ်းတွင် မြင်းနှစ်ကောင်သေသွားခဲ့တာကိုတော့ သူ(မ)အား ပြောပြဖို့မလိုဟု သူတွေးလိုက်သည်။
“ မင်း အသံက အံ့ဩနေသလိုဘဲ။ ကိုယ်ပြန်လာတာကို တွေ့ရတာ ဝမ်းမသာဘူးလား “
သူ(မ)ကို စနောက်နေရင်း သူ၏သွယ်လျတဲ့လက်ချောင်းတို့က သူ(မ)ရဲ့ နူးညံ့တဲ့အသားအရေတို့ကို ထိတွေ့နေလေသည်။
သူ့ရဲ့ အသားမာတက်နေသော လက်ချောင်းထိပ်တို့ဖြင့် မထိတထိ သူ(မ)အရေပြားပေါ်ဖြတ်ပြေးသွားသည့်အခါ လုလျန့်ဝေ အနည်းငယ်တုန်လှုပ်သွားသည်။
သူ(မ)ခေါင်းကို ဘေးလှည့်လိုက်ကာ လှုပ်ရှားနေမှုကနေ ရှောင်ဖယ်ဖို့ ကြိုးစားလိုက်သည်။ ထစ်ထစ်အအဖြင့်
လုံယန်က တရွေ့ရွေ့ ရွှေ့ကာ သူ(မ)ခေါင်းကို ကိုင်လိုက်ပြီး ဩရှတဲ့အသံဖြင့်မေးသည်။
လုလျန့်ဝေရဲ့ မျက်တောင်တို့ အနည်းငယ်လှုပ်ခတ်နေသည်။ ထိုသူ့ မျက်လုံးကိုပင် တည့်တည့်မကြည့်ရဲပေ။ သူ(မ)သည် သူ့ရင်ဘတ်ပေါ်မှာရှိနေဆဲဖြစ်တဲ့ လက်တို့အားသုံးကာ ထပ်တွန်းလိုက်သည်။
လုံယန် သူ(မ)ကို ငေးကြည့်နေရင်း သူ့အသံမှာတော့ ဝါးစားတော့မည့်သယောင် ဩရှနေသည်။
လုလျန့်ဝေ သူပြောတာကို ကြားသည့်အခါ ခပ်မြန်မြန်ဆိုလိုက်သည်။
“ ဒါဆို ရှင် ကျွန်မပေါ်က မြန်မြန်ဖယ်သင့်တယ်။ ရှင့်ကို ခေါက်ဆွဲတစ်ပွဲပြင်ပေးမယ်လေ “
လုံယန်က ဖယ်ပေးမည့် အရိပ်အယောင်မပြပေ။ အဲ့ဒီအစား သူ့အား တွန်းထုတ်နေသည့် သူ(မ)လက်တွေကို ဆွဲဖမ်းလိုက်ပြီး အိပ်ရာပေါ်သို့အတင်းချလိုက်သည်။ သူက တိုးလျတဲ့အသံဖြင့်
သူ့ခေါင်းကို ရုတ်တရက်အောက်သို့ ငုံ့ပြီး ပြောလိုက်သောကြောင့် သူ(မ)မျက်နှာနှင့် လက်မအနည်းငယ် ပိုနီးကပ်သွားတော့သည်။
လုလျန့်ဝေမျက်တောင်တို့က တဖျတ်ဖျတ်ခတ်သွားသည်။ သူ(မ)ရဲ့ မျက်နှာသေးသေးလေးဟာ အနီရောင်ရှက်သွေးတို့ဖြင့် ခြယ်သထားလေသည်။ သူ(မ)လက်ဖဝါးတို့မှလည်း စိတ်လှုပ်ရှားမှုကြောင့် ချွေးစေးပြန်နေသည်။
သူ(မ) ချောင်ပိတ်နေတာကို လုံယန်မြင်သည့်အခါ သူ့ရဲ့လောင်မြိုက်နေတဲ့စိတ်ဆန္ဒတို့က အနည်းငယ်ငြိမ်ကျသွားလေသည်။
သို့သော်လည်း သူနေ့နေ့ညညတွေးမိနေသောသူက သူ့မျက်စိရှေ့ရောက်နေသည့်အချိန်တွင် နောက်ဆုတ်လိုက်ဖို့တော့ စိတ်ကူးမရှိပေ။
သူ့လက်ချောင်းတို့က သူ(မ)မေးကို ပင့်တင်လိုက်ပြီး ခေါင်းကို ငုံ့ချလိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာပြီးတဲ့အခါ လုလျန့်ဝေအခန်းထဲကနေ အသက်ရှူသံပြင်းပြင်းဖြင့် ထွက်လာခဲ့သည်။ အနီရောင်ရှက်သွေးများဟာ သူ(မ)မျက်နှာပေါ်တွင် သိသိသာသာမြင်နေရလေသည်။
ယခုသူမအနားတွင် ကျူးယွီနဲ့ ချူးကျူတို့ မရှိ၍သာ တော်တော့သည်။ မဟုတ်ပါက သူ(မ)ရှက်လို့ သေလိမ့်မည်ပင်။
လုံယန်ဒီတစ်ခါတော့ အတော်လေးလွန်သွားပြီဖြစ်သည်.....
သူ(မ)ခေါင်းထဲက မတော်တရော်အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပြီး မီးဖိုခန်းထဲသို့ အမြန်ဝင်သွားလိုက်သည်။
ကံကောင်းစွာဖြင့် သူ(မ)ရဲ့ မီးဖိုဆောင်လေးထဲတွင် ပြင်ဆင်ချက်ပြုတ်ရန် ပါဝင်ပစ္စည်းအနည်းငယ်အား သိုလှောင်ထားခဲ့သည်။ ၎င်းသည် ခေါက်ဆွဲတစ်ပန်းကန်စာပြင်ဖို့အတွက်တော့ လုံလုံလောက်လောက်ရှိလေသည်။
သူ(မ) ပုစွန်ခြောက်အနည်းငယ်နှင့် မှိုများအား ပန်းကန်လုံးထဲတွင် တစ်ခုစီ ရေစိမ်ထားပြီး အသားတွေကို အပိုင်းပိုင်းလှီးဖြတ်လိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်အနည်းငယ်ကို ရေဆေးလိုက်သည်။
လုံယန်က သူ(မ)အား ကြည့်ဖို့ရောက်လာသည့်အခါ သူ့၏ ကြင်ယာတော်သေးသေးလေးက မီးဖိုဆောင်ထဲတွင် အလုပ်ရှုပ်နေသည်အား တွေ့လိုက်ရသည်။
သူ့မွေးနေ့တွင် သူ(မ)ချက်ပေးခဲ့သည့် အသက်ရှည်ခေါက်ဆွဲအား မြည်းစမ်းခဲ့ရသောကြောင့် သူ(မ)က မီးဖိုဆောင်အလုပ်တွေနှင့် မစိမ်းသက်ကြောင်း သတိထားမိခဲ့သည်။ သို့သော်လည်း သူ(မ)ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နေသည့် မြင်ကွင်းကိုမြင်ရဖို့တော့ ဘယ်တုန်းကမှ အခွင့်မရခဲ့ပေ။
သူ(မ) မီးဖိုရှေ့မှာရပ်ပြီး ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်နေသည်အား တွေ့လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်စရာကောင်းတယ်ဟု သူခံစားလိုက်ရသည်။
သူ(မ)က ဆေးပညာကို လေ့လာနေသည်ဟု ဆိုထားသည်။ ဒါပေမဲ့ အချက်အပြုတ်ကရော။
ဘဝမှာတစ်ခါမှ အလုပ်ကြမ်းမလုပ်ဖူးဘဲ ချမ်းချမ်းသာသာ အေးချမ်းပြည့်စုံစွာနေခဲ့ရတဲ့ ပုံမှန်ဇနီးတစ်ယောက်ရဲ့ သမီးတစ်ယောက်အနေနဲ့ ဒီလိုမျိုးတွေ လုပ်တတ်တယ်ဆိုတာ တွေးကြည့်လို့တောင်မရပေ။
သူ ဒါနဲ့ပတ်သက်ပြီး တွေးကြည့်သည်။
လုလျန့်ဝေက ချက်ပြီးသည့်နောက် ခေါက်ဆွဲအား ပန်းကန်ထဲထည့်လိုက်ပြီး တူတစ်စုံကို ယူလိုက်သည်။ သူ(မ)က ပန်းကန်ကို အခန်းထဲယူလာဖို့ ပြင်ထားသော်လည်း သူ(မ)လှည့်လိုက်သည့်အချိန်တွင် ယောက်ျားတစ်ယောက်၏ နက်ရှိုင်းလှသောမျက်ဝန်းထဲရှိ သူ့ကိုယ်သူ ပြန်မြင်လိုက်ရသည်။
သူ(မ)က အပြင်ကို လူရှိမရှိ သေချာအောင် တစ်ချက်လှမ်းကြည့်ပြီး မရှိတာသေချာမှ အနည်းငယ်စိတ်ပေါ့ပါးသွားရတော့သည်။
အပိုင်း (၄၂၀)
လုလျန့်ဝေ တစ်ကိုယ်လုံး လောင်ကျွမ်းတော့မည်ဟု ခံစားလိုက်ရသည်။
သူ(မ) ထိုသို့ပြုမူတာကို မြင်လိုက်ရသည့်အခါ လုံယန်မျက်ဝန်းထဲတွင် ပြုံးယောင်သန်းသွားလေသည်။ သူက ရှေ့သို့တိုးလာပြီး သူ(မ)လက်ထဲက ခေါက်ဆွဲပန်းကန်အား ယူလိုက်ကာ ပျော်ရွှင်မြူးထူးစွာဖြင့် ဆိုသည်။
“ ကိုယ်ဒီကိုသာ မလာမိခဲ့ရင် ကိုယ့်ရဲ့ကြင်ယာတော်လေးက ဘယ်လောက်လုပ်နိုင်စွမ်းရှိလဲဆိုတာကို ကိုယ်ဘယ်တော့မှသိရမှာ မဟုတ်တော့ဘူး။ မင်းက အချက်အပြုတ်လည်းရတာဘဲ “
လုလျန့်ဝေက ရှက်ရွံ့သွားပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ ကျွန်မကို အဲ့လိုမခေါ်ပါနဲ့၊ ကျွန်မက အခုထိ ကြင်ယာတော် မဟုတ်သေးပါဘူး “
လုံယန်က ခေါက်ဆွဲပန်းကန်အား လက်တစ်ဖက်ဖြင့်ယူပြီး နောက်လက်တစ်ဖက်ဖြင့် သူ(မ)လက်အားဆွဲကာ အခန်းတွင်းသို့ပြန်လေသည်။
လုလျန့်ဝေက သူ့ကို ဆက်ပြီး ပြန်မပြောနေတော့ပေ။ သူ တူအားကောက်ကိုင်၍ ခေါက်ဆွဲပန်းကန်ထဲနှစ်ကာစားနေသည်ကို မြင်ချိန်တွင်တော့ သူ(မ)က သတိပေးလိုက်သည်။
“ ရှင့်ရဲ့ အကြိုက်ကို ကျွန်မ မသိဘူး။ ဒီလိုခေါက်ဆွဲမျိုးက ရှင့်အကြိုက်နဲ့ ကိုက်ရဲ့လားဆိုတာ မသေချာဘူး။ အရင် မြည်းကြည့်လိုက်ပါ။ ပြီးတော့ တကယ်လို့ ရှင်အကြိုက်မတွေ့ဘူးဆိုရင်လည်း အတင်းကြီးစားစရာမလိုပါဘူး “
လုံယန်ခဏရပ်လိုက်ပြီး သူ(မ)ကို ကြည့်လိုက်သည်။ သူက လေးလေးနက်နက်ဖြင့်ပြန်ဖြေသည်။
“ ကိုယ့်မှာ တစ်သီးတစ်သန့်ကြီးကြိုက်တဲ့ အစားအစာရယ်လို့ မရှိသလို ကိုယ်မကြိုက်တာလည်း မရှိဘူး။ အဆီများတဲ့အသားကလွဲလို့ ကျန်တာ အစားချေးမများပါဘူး “
သူက သူနှစ်သက်တဲ့အစားအစာပုံစံကို ပြောပြနေတာလား။
သူက အဆီများတဲ့အသားအကြောင်းပြောရင်း ဖြစ်လာသည့်အမူအရာအား မြင်သည့်အခါ ထိုသူနှင့် နှစ်ယောက်တည်း ပထမဆုံး အတူတူစားဖူးခဲ့သည့်အချိန်ကို သတိရမိသွားသည်။ ထိုအချိန်က သူ(မ)သည် ချက်ထားသည့် အဆီများသောအသားအား သူ့ဆီတမင် ပေးခဲ့ဖူးသည်။
သူ့၏မျက်နှာအမူအရာအား သတိထားမိသည့်အခါ ထိုသူက အဆီများသည့်အသားအား မကြိုက်မှန်း ခန့်မှန်းမိလိုက်သော်လည်း ထိုအချိန်က သူသည်ဒီအတိုင်းစားခဲ့လေသည်။
တွေးကြည့်တော့မှ သူက အဆီများတဲ့အသားကို မကြိုက်ဘဲနဲ့ အဲ့တုန်းက ဘယ်လိုများ သည်းခံပြီးစားခဲ့တာလဲ။
သူ့ရဲ့အသံဟာ စူးရှပြီး နူးညံ့နေကာ သူ(မ)အား ချော့မော့ပြောနေသယောင်ထင်ရသည်။
အကြောင်းပြချက် တစ်ချို့ကြောင့် လုလျန့်ဝေ တကယ်ကြီး ပါးစပ်ဟပေးမိလိုက်သည်။
တူနှင့်အပြည့်ခေါက်ဆွဲများ ခွံကျွေးခံလိုက်ရသည့်အခါမှ သူ(မ) အသိပြန်ဝင်လာလေသည်။ သို့သော်လည်း ဝင်လာချိန်တွင်တော့ အသိနောက်ကျသွားပြီဖြစ်သည်။
သူ(မ)မျက်နှာချင်းဆိုင်မှ ပြုံးပြီးကြည့်နေသည့် သူအား ကြောင်အစွာကြည့်လိုက်မိသည်။
“ မင်း ဒီနေ့တစ်နေကုန် ပင်ပန်းနေမှာဘဲ။ အခုဆို ဗိုက်ဆာနေလောက်ပြီထင်လို့။ မင်းချက်ထားတဲ့ခေါက်ဆွဲတွေကလည်း အများကြီးဆိုတော့ ကိုယ်တစ်ယောက်တည်းဆို မကုန်ဘူးလေ။ အတူတူစားကြရအောင် “
လုလျန့်ဝေ သူ(မ)ပါးစပ်ထဲက အစာတွေကို ဝါးလိုက်သည်။ သူ(မ) စားတော်ပွဲမှာကတည်းက စားပြီးပြီဖြစ်ကြောင်း ပြောတော့မည့်အချိန်မှာဘဲ သူက တူအား သူ(မ)ပါးစပ်နားကနေ ရွှေ့လိုက်သည်ကို သတိထားမိလိုက်သည်။ တစ်ခုခုအား သဘောပေါက်သွားသည့်အခါ သူ(မ)မျက်ဝန်းတို့ ပြူးကျယ်လာရသည်။
ထိုအရာအား မြင်လိုက်ရသည့်အခါ လုလျန့်ဝေမျက်နှာမှာ နီရဲသွားရသည်။
သူ(မ)တံတွေးတွေက တူပေါ်မှာလေ၊ သူ စိတ်ထဲမထားဘူးလား။
သို့သော်လည်း သူတို့နှစ်ဦး နမ်းရှုပ်နေသည့် မြင်ကွင်းဟာ သူ(မ)ခေါင်းထဲ ပြန်ပေါ်လာခဲ့သည်။ ထိုအခါ သူ(မ)တံတွေးကို သူ အရမ်းကြီးစိတ်ထဲမထားဘူးဘဲဟု ရုတ်တရက်တွေးမိလိုက်သည်။
လုလျန့်ဝေမျက်နှာ ပို၍ပင်နီရဲတက်လာတော့သည်။
သူ(မ)မျက်နှာ ရုတ်တရက်နီရဲတက်နေတာကို လုံယန်သတိထားမိသည့်အခါ စားနေသည်အား ရပ်လိုက်သည်။ သူက သိချင်စိတ်ဖြင့်
“ ဘာလို့ မျက်နှာက အရမ်းနီနေတာလဲ။ ပူလို့လား “
သူက ပြောကာ တူကိုချ၍ သူ(မ)နှဖူးထက်သို့ လက်တင်စမ်းကြည့်လာသည်။
“ ပူမနေပါဘူး “
သူ့လက်ချောင်းတွေက သူ(မ)မျက်နှာကို ထိလိုက်သည့်အခါ သူအနည်းငယ် အံ့ဩသွားသည်။
“ မင်း နဖူးက ပူမနေပေမဲ့ မျက်နှာကတော့ ပူကျစ်နေတာဘဲ။ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား “
လုလျန့်ဝေသည် သူ(မ)တစ်ကိုယ်လုံး ပေါက်ထွက်တော့မတတ် ခံစားနေရသည်။ သူ(မ)က သူ့လက်အား မြန်မြန်ဖယ်လိုက်သည်။
“ ကျွန်မ အဆင်ပြေပါတယ်။ မီးဖိုးဆောင်ထဲမှာ အကြာကြီးနေလိုက်ရတာမို့ ပူနေတာဖြစ်မယ်။ ခဏလောက် သွားလှဲလိုက်ရင် သက်သာသွားမှာပါ “
မျက်နှာပေါ်က အပူကျဖို့ အတော်လေးအချိန်ယူလိုက်ရသည်။ ထို့နောက် သူ(မ) ပဝါအား ဖယ်လိုက်ပြီး နေရာမှာ ပြန်ချိတ်ထားလိုက်သည်။
လုံယန်က အချိန်ခဏလေးအတွင်းမှာ စားပြီးလိမ့်မည်ဟု မထင်သောကြောင့် သူ(မ)က ကုတင်တိုင်အားမှီကာ ခဏထိုင်နေခဲ့သည်။
သူ(မ)အနည်းငယ်ပင်ပန်းနေသောကြောင့် ခဏလောက်မှေးလိုက်ပါက ပိုလန်းသွားလိမ့်မည်ဖြစ်သည်။
သို့သော်လည်း သိပ်မကြာခင်မှာတင် သူ(မ) စတင်၍ ငိုက်မြည်းလာတော့သည်။ အိပ်ချင်လာသည်နှင့်အမျှ ခေါင်းက တိုင်အား မှီလာခဲ့သော်လည်း အိပ်မပျော်သွားအောင် တင်းထားပေသည်။
လုံယန်က အပြင်မှာ ထိုင်နေခဲ့သည်။ အစတွင် ကာထားတဲ့နေရာမှတစ်ဆင့် အထဲကလှုပ်ရှားနေသည့် ပုံရိပ်လေးအား တွေ့နေရသော်လည်း သိပ်မကြာခင်၌ ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ပေ။ အထဲ၌ အရမ်းကို တိတ်ဆိတ်နေပြီး မည်သည့်အသံမှ ထွက်မလာခဲ့။
အပိုင်း(၄၂၁)
သူမ၏တာဝန်ကိုသိခြင်း
သူ့ရဲ့စိတ်ထဲ၌ တစ်ခုခုပေါ်လာသည့်အတိုင်း သူ့မျက်လုံးထဲတွင် အပြုံးလေးတောက်ပလာလေသည်။
ဝေ့ဝေ့ပြင်ပေးသည့် ခေါက်ဆွဲတစ်ပွဲမှာ အရမ်းများလွန်းတာကြောင့် သူ မကုန်နိုင်ဖြစ်နေသည်။ သူက တူနှစ်ချောင်းကို သူ့နေရာသူပြန်ထားလိုက်ပြီး အခန်းထဲကိုဝင် သွားလိုက်သည်။
သူအခန်းထဲ ဝင်သွားချိန်မှာတော့ သူ့ရှေ့ကမြင်ကွင်းကြောင့် ရယ်ရမလို ငိုရမလိုဖြစ်သွားခဲ့သည်။
အခန်းထဲကမိန်းကလေးဟာ အရမ်းပင်ပန်းနေပြီဖြစ်သည်။ သို့သော် သူမ အိပ်မပျော်သွားအောင် ကြိုးစားနေရှာသည်။ သူမက အိပ်ဆေးသောက်ပြီး အိပ်မပျော်သွားဖို့ ကြိုးစားနေတာပင်။ သူမရဲ့ ဦးခေါင်းသေးသေးလေးက ကြက်ကလေးဆန်စားနေသလို အဆက်မပြတ် စိုက်စိုက်ကျနေတော့သည်။
လုံယန်သည် သူမနားရောက်အောင် သွားလိုက်သည်။
လုလျန့်ဝေက သူမရဲ့ကိုယ်ပေါ်သို့ ရောက်ရှိလာသော နူးညံတဲ့စောင်လေးအား ခံစားလိုက်ရသည်။
သူမသည် သူမရဲ့ အိပ်ချင်နေတဲ့မျက်လုံးလေးတွေကိုဖွင့်လိုက်ပြီး သူမရှေ့မှာရပ်နေတဲ့ အမျိုးသားကို ကြည့်ကာ အမှုမဲ့မှတ်မဲ့ ပြောလိုက်သည်။
“ရှင်ဘာတွေလုပ်နေတာလဲ...ကျွန်မ...ကျွန်မက တရေးတမောအိပ်နေရုံပါပဲ”
ထိုသို့ပြောပြီး သူ့ကိုကြည့်နေတဲ့မျက်လုံးလေးများအား မှိတ်ကာ ပြန်အိပ်ပျော်သွားလေသည်။
လုံယန်က သူမအိပ်ပျော်နေစဥ် ဘေးမှာထိုင်ပြီး သူမကိုပြုံး၍ ကြည့်နေခဲ့သည်။
သူသည် သူမရဲ့ နဖူးလေးအား ငေးကြည့်နေပြီး ချွေးပေါက်လေးတွေကို သတိထားမိသွားသည်။ သူက သူမ ပူနေလောက်တယ်ဟုတွေးလိုက်ကာ ပိုးထည်ယပ်တောင်အဝိုင်းလေးကိုယူ၍ ဖြည်းဖြည်းလေး ယပ်ခတ်ပေးလိုက်သည်။
လေပြေလေညင်းလေးက လုလျန့်ဝေအား အသာအယာ တိုက်ခတ်နေသည်။ အိပ်ပျော်နေတဲ့ လုလျန့်ဝေသည် သာယာသည့် အသံအချို့အား ရွတ်နေလေသည်။
လုံယန်က သူမရဲ့ နဖူးကချွေးပေါက်လေးတွေကို သူ့ရဲ့လက်ကိုင်ပဝါလေးနဲ့သုတ်လိုက်ပြီး ယပ်တောင်ကို ဆက်ခတ်နေခဲ့သည်။ သူမ နောက်ထပ်ချွေးထွက်တာမတွေ့ရတော့မှ သူစိတ်ချမ်းသာသွားတော့သည်။
သူမတော်တော်နဲ့ နိုးမှာမဟုတ်ဘူးလို့ သူကတွေးလိုက်သည်။ ထို့နောက် နန်းတော်ကို ထွက်ရန် မတ်တပ်မရပ်ခင်ထိ သူဟာတော်တော်ကြာအောင် ထိုင်နေလိုက်သေးသည်။
သူတို့နှစ်ယောက်က လုံယန်ထွက်လာတာကိုတွေ့လိုက်ပြီး နှုတ်ဆက်ရန်ရှေ့သို့ရောက်လာသည်။
“မင်းတို့မမလေး အိပ်ပျော်နေတယ်။ မနိုးစေနဲ့။ သူမက ပူတာမခံနိုင်လို့ ဂရုစိုက်လိုက်ကြဦး။ သူပူနေရင် သူ့ကို ယပ်ခတ်ပေးလိုက်ကြ”
ကျူးယွီက သူ့ပြောစကားကို ချက်ချင်းလိုက်နာလိုက်ပြီး အခန်းထဲဝင်ကာ လုလျန့်ဝေကို ဂရုစိုက်နေလိုက်သည်။
“သခင် ဒုတိယမမလေးက နှစ်ကြိမ်တောင် လုပ်ကြံခံခဲ့ရတာ။ ကျွန်မ ဒီသတင်းကို ထျန်ကျိုးတောင်ကအပြန် သခင်လေးဆီ ပို့ဖို့ လုပ်ခဲ့သေးပေမဲ့လည်း သခင်လေးက ရုတ်တရက်ထွက်သွားလို့ မပြောခဲ့လိုက်ရတာပါ”
“ပထမအကြိမ်က သခင်ဟွိုက်ကျိုးက မြိုးစားမင်းဆီ ပြောင်းတဲ့နေ့ ထျန်ကျိုးတောင်ပေါ်မှာပါ။ ဒုတိယအကြိမ်က နန်းမြို့တော်မှာပါ။ မမလေးကတော့ ဘာမှမထိခိုက်သွားခဲ့ပါဘူး”
လုယန် နှလုံးသားနာကျင်သွားလေသည်။ ဝေ့ဝေ့က နှစ်ကြိမ်တိုင်လုပ်ကြံခြင်းခံခဲ့ရတာတောင် သူက အခုထိဘာမှမသိခဲ့ဘူးလေ။
“ကျွန်မ မသိသေးပါဘူး။ ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူကိုအခုထိ စုံစမ်းလို့မရသေးပါဘူး။ ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်က နှင်းပျံလွှားငှက်အိမ်တော်က လွှတ်လိုက်တဲ့သူတွေပါ”
သူ အရင်က အဲ့ဒီလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ကြားဖူးတာပေါ့။
“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ နှင်းပျံလွှားငှက်အိမ်တော်က လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး”
လုံယန်က ထိုအဖွဲ့အစည်းကို အရင်က သိုင်းလောကထဲမှာတောင် သိပ်ဂရုစိုက်လေ့မရှိပေ။ သို့သော်လည်း ယခုကိစ္စတွင် ဝေဝေပါလာသည့်အတွက် သူ ပေါ့ပေါ့ဆဆနေလို့မရတော့။ ထို့အပြင် နှင်းပျံလွှားငှက်အိပ်တော်မှာ အောင်အောင်မြင်မြင် မလုပ်ကြံရသေးဘဲ သူတို့ရဲ့ပြစ်မှတ်ကို လက်လျှော့လို့မရဘူးဆိုတဲ့ စည်းမျဥ်းလည်း ရှိသည်။ ဒီအချက်က သူပိုဂရုစိုက်ရမယ်ဆိုတာ ပြောလိုက်တာပင်။
“ကိုယ်တော် ဒီကို ဝေဝေ ကို ကာကွယ်ဖို့ လျို့ဝှက်အစောင့်တွေ တိတ်တိတ်လွှတ်လိုက်မယ်”
ချူးကျူက သူမထိုသို့ကြားလိုက်ရတဲ့အချိန်၌ ရင်ထဲတွင် စိတ်သက်သာရာရသွားတော့သည်။
သူမသည် ထိုအိမ်တော်က လုပ်ကြံသူတွေအား မကြောက်ပါပေ။ သို့သော် ထိုအဖွဲ့အစည်းမှာ အရမ်းကိုင်တွယ်ရခက်လှသည်။ ထို့ကြောင့် သူမကိုယ်တိုင် လုလျန့်ဝေအား မကာကွယ်နိုင်တဲ့ အခြေအနေမျိုး ရောက်လာနိုင်သေးသည်။ သို့သော်လည်း အခု သူမသခင်လေးအတွက် လျို့ဝှက်အစောင့်တွေ ချထားပေးမယ်ဆိုသဖြင့် အဆင်ပြေသွားပြီဖြစ်သည်။ ဒုသခင်မလေးလု ရဲ့လုံခြုံရေးအတွက် နောက်ထပ်အာမခံချက်ရှိသွားပြီပင်။
လျို့ဝှက်အစောင့်တွေက သူမရဲ့ သခင်မလေးအား ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ဤအခြေအနေတွင် သူမရဲ့ သခင်က ဒုသခင်မလေးလု အား ကာကွယ်ရန် လျို့ဝှက်အစောင့်တွေကို ပေးဖို့ မတွန့်မဆုတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ သူမရဲ့ သခင်က ဒုသခင်မလေးလု ကို တကယ်ပဲ နှစ်သက်မြတ်နိုးခြင်းသာဖြစ်သည်။
လုံယန်မှာ အကြာကြီးမနေနိုင်တော့ပဲ မကြာခင်၌ နန်တော်သို့ ပြန်ရတော့မည်ဖြစ်သည်။
သူသည် နန်းတော်သို့ရောက်သည်နှင့် ရှစ်ရီ အားဆင့်ခေါ်လိုက်သည်။ သူက ရှစ်ရီအား လျို့ဝှက်အစောင့်တွေနဲ့အတူ အမိန့်ပေးညွှန်ကြားလိုက်သည်။
“ ဒုသခင်မလေးလု ကို သိုသိုသိပ်သိပ် ကာကွယ်ပါ။ မလိုအပ်ဘဲနဲ့ သူမရှေ့မှာ ရုပ်လုံးပြတာမျိုး မလုပ်ပါနဲ့”
ရှစ်ရီက အမိန့်ကို နာခံလိုက်သည်။
“ အမိန့်တော်အတိုင်းပါ အရှင်”