← Chapters

အခန်း (၄၂၂-၄၂၄)

Vol. 9 Ch. 422-424

အခန်း (၄၂၂-၄၂၄)

Vol. 9 Ch. 422-424

အပိုင်း (၄၂၂)

လုံယန်က သူမနဲ့ပတ်သက်ရင် အရမ်းကို နူးညံ့တယ်။

လုလျန့်ဝေနိုးလာချိန်မှာတော့ ညနေရောက်ဖြစ်နေပြီဖြစ်သည်။

သူမသည် ခုတင် ခေါင်းရင်းကိုမှီနေပြီး မျက်လုံးတို့က အနည်းငယ်တွေဝေနေသည်။

ကျူးယွီက သူမ မျက်နှာအား သန့်စင်ရန် မျက်နှာသုတ် ပဝါယူလာခဲ့ပေးသည်။ သူမက လုလျန့်ဝေရဲ့ မှိုင်တွေနေတဲ့မျက်နှာအမူအရာကိုမြင်တဲ့အခါ စနောက်နောက်အပြုံးဖြင့်ပြောလိုက်သည်။

“အရှင်မင်းကြီးထွက်မသွားခင်တုန်းက ကျွန်မကို ဘာပြောခဲ့လဲဆိုတာ သခင်မလေးကတော့ သိမှာမဟုတ်ဘူး “

လုလျန့်ဝေက ပဝါကိုယူ၍ မျက်နှာကို အုပ်လိုက်သည်။

အေးမြပြီး နေလို့ကောင်းကာ သက်တောင့်သက်သာရှိ၍ အုပ်ပြီး စိတ်လိုလက်ရ သက်ပြင်းချနေမိသည်။

“ အရှင်မင်းကြီးက ဘာပြောခဲ့လို့လဲ “

လုလျန့်ဝေ ပဝါကိုဖယ်ပြီးနောက် ကျူးယွီကို ပြန်ကမ်းပေးလိုက်သည်။

ကျူးယွီက ပဝါကို လှမ်းယူပြီး လုံယန်ရဲ့အသံအနေအထားအား တုပကာ အခုလေးတင် သူမကို မှာကြားသွားသည့်အတိုင်း ပြန်ပြောပြလေသည်။

“ သူက တကယ်ဘဲ အဲ့လိုပြောသွားတာလား “

ကျူးယွီက အပြုံးကြီးကြီးပြုံးလျက် ခေါင်းငြိမ့်ပြသည်။

“ သခင်မလေး၊ အရှင်က သခင်မလေးကို တကယ်ကို စိတ်ရင်းနဲ့ အလေးထား ဆက်ဆံတာပါ။ အဲ့လို အသေးစိတ်ကိစ္စလေးတွေကအစ မှတ်မိပြီးတော့ သခင်မလေး အပူကြောင့်နိုးလာမှာကို စိုးရိမ်နေတာ။ ကျွန်မတောင်မှ အဲ့လိုအပြုအမူတွေကြောင့် ရင်ထဲထိသွားတာဘဲ “

“ အဲ့လောက်လေးနဲ့ ရင်ထဲထိဖို့လုံလောက်တယ်ပေါ့လေ ဟုတ်လား “

လုံယန်က အဲ့လို ကိစ္စသေးသေးလေးတွေကိုအထိ သတိထားမိလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထိုသူက အံ့ဩစရာကောင်းလောက်အောင်ပင် တွေးပေးတတ်သူဖြစ်သည်။

ဤသည်မှာ သူ့ရဲ့အသက်နှင့် အတွေ့အကြုံတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အသက်ပိုကြီးတဲ့ယောက်ျားတွေက ပိုပြီးတွေးပေးတတ်ကြကာ အခြားသူတွေကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုလည်း သိကြသည်။

သာမန်လူတစ်ယောက်သာဆိုလျှင်တော့ သူလုပ်ပေးခဲ့တာက ထည့်ပြောစရာလောက်မလိုလောက်ပေမဲ့ သူထိုက ဧကရာဇ်တစ်ပါးဖြစ်သည်။ သူ့ရဲ့ ရာထူးဂုဏ်ပုဒ်က နိုင်ငံ၊ မြေတို့နှင့် တစ်ပါတည်းတွဲလျက်ဖြစ်သည်။ သူ့ပုခုံးပေါ်မှာထမ်းထားရတဲ့ဝန်က ပေါ့ပါးနေတဲ့အရာတစ်ခုမဟုတ်သော်ငြား သူက သူမနဲ့ပတ်သတ်ပြီး မသိသာတဲ့အချက်အလက်လေးကအစ အချိန်ယူ ဂရုစိုက်ပေးသည်။ ဒါက အတော်ကို တန်ဖိုးရှိလှတဲ့ အပြုအမူမျိုးဖြစ်သည်။

လုံယန်က သူမနှင့်ပတ်သက်လျှင် အမှန်တကယ်ကို နူးညံ့ပြီး တွေးပေးတတ်သည်။

လုလျန့်ဝေ သူမရဲ့ ပူနေတဲ့မျက်နှာကိုထိလိုက်ပြီး စိတ်ထဲက ရှုပ်ထွေးနေတဲ့အတွေးတွေကို ခဏဘေးထားကာ ထရပ်၍ ဖိနပ်စီးလိုက်သည်။

လုလျန့်ဝေ ခေါက်ဆွဲအား အသက်ရှည်ခန်းမဆောင်ဆီ ယူလာချိန်တွင် လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့က ရောက်နေနှင့်ပြီဖြစ်သည်။

သူသည် လုလျန့်ဝေလက်ထဲက ခြင်းတောင်းကို ထိတောင် မထိလိုက်နိုင်ခင်မှာဘဲ တစ်ခုခုက သူ့လက်နောက်ကို လှမ်းရိုက်ချလိုက်သည်။

“ မင်းဘာလို့ မင်းညီမကို အမြဲအနိုင်ကျင့်နေရတာလဲ “

လုထင်ချန်းက သူ့အဖေအား စိတ်ထိခိုက်သွားတဲ့ မျက်နှာထားနဲ့ကြည့်လိုက်သည်။

လုထင်ချန်းစိတ်ဆိုးနေသော်လည်း ဘာတစ်ခွန်းမှပြန်မပြောနိုင်တာကို လုလျန့်ဝေက ပျော်ပျော်ကြီးကြည့်နေလိုက်သည်။ သူမက ခေါင်းခါလိုက်ပြီး ဆရာမတစ်ယောက်လို အထက်စီးလေသံနှင့် ပြောလိုက်သည်။

“ လူငယ်လေး၊ စိတ်လိုလက်ရ ခြေမြန်လက်မြန် လုပ်ဖို့ မသင့်လျော်ဘူး။ ပညာသားပါပါနဲ့ ခန့်မှန်းတာလေးတစ်ခုတောင်မှ မလုပ်နိုင်ဘူးဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ “

“ မင်းက ဘယ်သူ့ကိုဆူနေတာလဲ “

လုဟယ့်ထျန်းက သူ့ကို မျက်နှာထားတင်းတင်းနဲ့ စိုက်ကြည့်လိုက်သည်။

သူမ မြေးလေးအား သူမသားက အပြစ်တင်ကြိမ်းမောင်းနေတာကို မြို့စားမင်းဟောင်းကတော်က ဆက်ကြည့်မနေနိုင်တော့ပေ။ မတတ်နိုင်ဘဲ လုဟယ့်ထျန်းကို မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“ မောင်နှမတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်နေတာဘဲလေ။ ဘာတွေအဲ့လောက်တင်းကျပ်နေရတာတုန်း “

လုဟယ့်ထျန်း ဆက်ပြောမယ့်စကားတွေတောင် နင်သွားရသည်။ သူ့အမေက သူ့သားဖြစ်တဲ့ အဲ့ဒီကောင်စုတ်လေးဘက်ကို သိသိသာသာကြီး ဘက်လိုက်ပြောပေးနေသည်။ အကယ်၍ သူသာ ဆက်ပြီးဆုံးမအပြစ်တင်နေမယ်ဆိုပါက သူ့ကိုပြန်ပြီး သူ့အမေက ဆုံးမတာ ခံရနိုင်သည်။

လုထင်ချန်းက သူ့ကို အာဏာသုံးပြီးဆုံးမနေတဲ့ သူ့အဖေ ချက်ချင်းပါးစပ်ပိတ်သွားရတာကိုမြင်ရ၍ တိတ်တိတ်ကလေးကြိတ်ပျော်နေခဲ့သည်။

သူ့အဖေက သူ့ကိုသာလျှင် ဆူပူနေတတ်သော်လည်း သူ့သမီးနဲ့ပတ်သက်လာလျှင်တော့ အရမ်းကို နူးညံ့လွန်းတတ်သည်။

သူမသားက စကားပြောတာရပ်သွားတာကိုမြင်တဲ့အခါမှ မြို့စားမင်းဟောင်းကတော်က လုလျန့်ဝေကို ကြင်နာစွာဖြင့်ကြည့်ပြီးမေးသည်။

“ အဘွား၊ အဘွားအတွက် အသက်ရှည်ခေါက်ဆွဲလုပ်လာခဲ့တယ် “

လုလျန့်ဝေက ပြောနေရင်းနှင့် ခြင်းတောင်းကို ဖွင့်လိုက်ပြီး အထဲမှ အသက်ရှည်ခေါက်ဆွဲကိုထုတ်လိုက်ကာ မြို့စားမင်းဟောင်းကတော်အရှေ့ရှိစားပွဲပေါ်သို့ အသက်ရှည်ခေါက်ဆွဲကိုတင်လိုက်သည်။

မြို့စားမင်းဟောင်းကတော်က ထိုအရာအား မြင်လိုက်သည်အခါ မျက်ဝန်းတို့၌ နွေးထွေးသည့် ဝမ်းသာမှုတို့ပြည့်နှက်သွားတော့သည်။

“ ဝေဝေကတော့ တကယ်ကို ငါ့အပေါ်သိတတ်တာဘဲ။ ဒီလောက်အသက်ရှည်ကြီးနေခဲ့ရပြီးတာတောင်မှ မင်းအဖေကတော့ ငါ့ကို ဘယ်တုန်းကမှ ခေါက်ဆွဲတစ်ပန်းကန်လေးတောင် လုပ်မပေးဖူးဘူး။ မင်းအမေ တစ်ယောက်တည်းကသာ ....... “

မြို့စားမင်းဟောင်းကတော်က ရုတ်တရက်ပြောနေတာကိုရပ်လိုက်ပြီး ဆုံးအောင်မပြောခဲ့ချေ။ သူမသည် ဒေါ်လေးလန် လှမ်းပေးတဲ့တူကို ယူလိုက်ပြီး ခေါင်းကို ငုံ့ကာ တိတ်တဆိတ်ခေါက်ဆွဲကိုစားနေခဲ့သည်။

အပိုင်း (၄၂၃)

ဘာလို့ အဲ့တာတွေကို မကြိုက်ရမှာလဲ။

လုဟယ့်ထျန်း မျက်နှာပျက်သွားခဲ့သည်။

လုထင်ချန်းကလည်း တိတ်ဆိတ်နေခဲ့သည်။

သူတို့နှစ်ယောက်လုံး သခင်မလင်းကို လွမ်းဆွတ်နေမှန်း လုလျန့်ဝေသိပါသည်။

သူမသည် လက်ထဲက လက်ကိုင်ပဝါကို ဆုပ်ကိုင်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ အဘွားက ကျွန်မရဲ့ အခြေခံဟင်းချက်ပညာလေးကို မကြိုက်တာ မဟုတ်သေးသရွေ့ကတော့ အဘွားနဲ့မွေးနေ့တိုင်းမှာ အသက်ရှည်ခေါက်ဆွဲကို လုပ်ကျွေးနေဦးမှာပါ “

ထိုစကားကိုကြားတဲ့အခါ ကျေနပ်နှစ်သက်တဲ့အမူအရာက မြို့စားမင်းဟောင်းကတော်ရဲ့မျက်နှာမှာပေါ်လာခဲ့သည်။

“ မင်းက သိတတ်ပြီး မြေးဝတ္တရားကျေပွန်တာနဲ့တင် ကောင်းမွန်လှနေပါပြီ။ ဘာလို့များ အဘွားက အဲ့တာတွေကို မကြိုက်ရမှာလဲ။ ပြီးတော့လည်း ကတိတစ်ခုလည်းပေးထားသေးတာဆိုတော့ အဲ့တာကို သေချာပေါက် လုပ်ရမယ်နော်။ မဟုတ်ရင် အဘွားက အဲ့ကိစ္စကို တကောက်ကောက်လိုက်ပြောနေမှာ “

“ ကောင်းပါပြီ။ တကယ်မလို့ မပြီးမြောက်ခဲ့ဘူးဆိုရင် ကိုယ့်ဟာကိုယ်အပြစ်ပေးတဲ့အနေနဲ့ အစားကောင်းတွေကို စားခွင့်မပြုတော့ပါဘူး “

မြို့စားမင်းဟောင်းကတော်က ထိုစကားရယ်လိုက်သည်။

“ မကြာခင်ဘဲ လက်ထပ်ပြီး နန်းတွင်းထဲဘဲဝင်ရတော့မှာလေ။ ကတိကိုမတည်ရင်တောင်မှ အဘွားက နန်းတော်ထဲကို ဘယ်လိုဝင်ပြီး မင်းကို ဖမ်းရမှာလဲ “

“ သေချာပေါက်အဘွားဝင်လို့ရတာပေါ့။ အဘွားမှာ ဧကရာဇ်ဟောင်းက ချီးမြှင့်ထားတဲ့ ရွှေရောင်ဓားရှိတယ်လေ။ ဘယ်သူကမှ အဘွားကိုတားလို့ရမှာမဟုတ်ဘူး။ အဲ့တာကြောင့် ကျွန်မ ကတိကိုဖျက်တာနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး “

စိုထိုင်းထိုင်းနဲ့လေးလံသလိုဖြစ်လာတဲ့ အခန်းပတ်ဝန်းကျင်အနေအထားက လုလျန့်ဝေ အကြောင်းအရာပြောင်းပြောလိုက်တာကြောင့် ပြန်လည်ပေါ့ပါးလာတော့သည်။

လုထင်ချန်းကလည်းဘဲ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

“ ဒီကောင်လေးပြောနေတဲ့ပုံစံကိုကြည့်ပါဦး။ ငါကဘဲ ကပ်စေးနှဲတဲ့သူတစ်ယောက်ကျနေတာဘဲ “

လူတိုင်းက တဟားဟားရယ်ခဲ့ကြပြီး လုဟယ့်ထျန်းရဲ့ဝမ်းနည်းနေတဲ့မျက်နှာဟာလည်း တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတော့သည်။

“ ကိုယ်လုပ်တော်ချန်ရဲ့မိခင်က စာတစ်စောင်ပို့ပြီး ကိုယ်လုပ်တော်ချန်နဲ့တွေ့ဖို့ခွင့်တောင်းနေပါတယ် “

လုံချီ တဒင်္ဂမျှ ကြောင်အသွားရသည်။

ဒီအစေခံကသာ ဒါကိုမပြောရင် အရှေ့နန်းတော်မှာ အဲ့လိုလူတစ်ယောက်ရှိနေမှန်းကို မေ့လုဆဲဆဲဖြစ်သည်။

“ သူမက ကိုယ်လုပ်တော်ချန်ကိုတွေ့ချင်တယ်ဆို ပေးတွေ့လိုက်လေ။ ငါ့ကိုဘာလို့ဒီကိစ္စပါ လာတင်ပြနေတာလဲ။ ဒီလိုကိစ္စသေးသေးလေးတွေဆိုရင် အိမ်ရှေ့စံမင်းသမီးက ဆုံးဖြတ်ချက်ချပေးနိုင်တယ် “

အစေခံက မပြောခင် ခဏတွန့်ဆုတ်သွားပြီးနောက်ဆက်၍ပြောသည်။

“ ကိုယ်လုပ်တော်ချန်က ပျောက်နေတာ ရက်အနည်းငယ်ရှိပါပြီ။ မင်းသမီးက သူမကို ရှာဖို့ အကူအညီတစ်ချို့စေလွှတ်ခဲ့ပါသေးတယ် “

“ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတဲ့သူတစ်ယောက်က အဲ့လိုပျောက်သွားရတာလဲ “

“ ဘယ်သူကမှ သတိမထားမိခဲ့ပါဘူး။ တကယ်လို့ ကိုယ်လုပ်တော်ချန်ရဲ့မိခင်ကသာ ရုတ်တရက်ကြီး တွေ့ဖို့ မတောင်းဆိုဘူးဆိုရင် ဘယ်သူကမှ အဲ့တာကို အရေးထားမိမှာမဟုတ်ပါဘူး “

တကယ်တော့ အရှေ့နန်းတော်မှာ ကိုယ်လုပ်တော်တွေ အများကြီးရှိတာကြောင့် ဘယ်သူကများ ကိုယ်လုပ်တော်ချန်ကိုမှ ပိုထူးကဲပြီးဂရုစိုက်နေမှာလဲ။

ထို့အပြင် အိမ်ရှေ့စံမင်းသားက ဒီအချိန်အတောအတွင်း သူ့ကို အခန်းထဲ အခစားဝင်ဖို့ ကိုယ်လုပ်တော်ချန်ကို ဆင့်မခေါ်ခဲ့ချေ။ သူက တစ်ချိန်လုံး အိမ်ရှေ့စံမင်းသမီးအခန်းထဲမှာဘဲရှိနေခဲ့တာကြောင့် လူတိုင်းက ဒီလိုလူတစ်ယောက်ရှိနေကြောင်းကိုပင် မေ့နေခဲ့ကြသည်။

ကိုယ်လုပ်တော်ချန်ကို အရှေ့နန်းတော်ကနေ အပြင်ထွက်သွားခွင့်ပြုအမိန့်စာပေးခဲ့ဖူးသည်ကို လုံချီ ရုတ်တရက်သတိရသွားသည်။

“ ကိုယ်လုပ်တော်ချန်ရဲ့ အဆောင်ဝင်းထဲမှာပါ “

အစေခံကဖြေသည်။

လုံချီက ချက်ချင်းဘဲ ကိုယ်လုပ်တော်ချန်ရဲ့အဆောင်သို့ ခြေဦးလှည့်လိုက်သည်။

အစေခံက တစ်ခုခုကိုတွေးမိသွားပြီး မေးခွန်းတစ်ခုကို မြန်မြန်မေးလိုက်သည်။

“ အရှင်မင်းသား၊ ကိုယ်လုပ်တော်ချန်ရဲ့အမေကို ဘာလုပ်လိုက်ရပါမလဲ “

“ သူမကို အိမ်ပြန်ခိုင်းလိုက် “

လုံချီက စိတ်ရှုပ်သွားတဲ့အရိပ်အယောင်နဲ့ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ၊ အရှင်မင်းသား “

အစေခံက သူ့အမိန့်ကိုဆောင်ရွက်ဖို့ ထွက်သွားသည်။

အရှေ့နန်းဆောင်ကို စီမံရမယ့်တာဝန်က အလွန်ကိုသေးငယ်တဲ့ ဝတ္တရားလေးဖြစ်တာကြောင့် သူမကို အပ်ထားပေမဲ့ ဒါကတော့ သူမ ထုတ်ပြလိုက်တဲ့ ရလဒ်ဖြစ်နေခဲ့သည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူမက တစ်စုံတစ်ယောက် အဲ့လောက်အကြာကြီးပျောက်နေတာကိုပင် သတိမထားခဲ့ချေ။

လုယွင်ရွှမ်းသည်လည်း ဒေါ်လေးလျုံက အဲ့လောက်မကြာခင်အချိန်အတွင်းမှာဘဲ ရောက်ချလာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

အခုလက်ရှိအခြေအနေအရ ဒေါ်လေးလျုံမှာ ချန်ချူးယွီပျောက်နေမှန်း မသိလောက်သေးပေ။ ဘာလို့ သူမက ရုတ်တရက်ကြီး ဘာအကြောင်းပြချက်မှမရှိဘဲ ချန်ချူးယွီနဲ့တွေ့ဖို့ စာပို့ရတာလဲ။

လုယွင်ရွှမ်း ထိုအကြောင်းအား စဉ်းစားနေစဥ် လုံချီက အဆောင်အပြင်ဘက်မှ အထဲသို့လျှောက်လာသည်ကို မြင်လိုက်ရသည်။

သူမအတွေးတွေကို မြန်မြန်ဘဲစုစည်းပြီး အရှေ့ကို ကြိုဆိုနှုတ်ဆက်ဖို့သွားလိုက်သည်။

“ အရှင်မင်းသား၊ ဒီမှာ ဘာလုပ်မလို့ပါလဲ “

အပိုင်း (၄၂၄)

သေချာပေါက် သူမကို အပြစ်တင်ရမှာ မဟုတ်ဘူး။

လုံချီက မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“ ကိုယ်လုပ်တော်ချန်ပျောက်သွားတဲ့ အဲ့လိုအရေးကြီးတဲ့ကိစ္စကို ဘာလို့ အကြောင်းမကြားတာလဲ “

သူ့အသံမှာ ဒေါသအငွေ့အသက်တွေပါနေကြောင်း လုယွင်ရွှမ်းပြောနိုင်ပေသည်။ သူမသည် မျက်မှောင်ကြုတ်ပြီး သူမရင်ထဲက မပျော်ရွှင်မှုကို သည်းခံလိုက်ကာ ရိုရိုကျိုးကျိုးဖြင့်ပြောသည်။

“ ကျွန်မလည်း အခုမှ ဒီအကြောင်းကို သိရတာပါ “

သူမ အသံတွင် နောင်တရနေသံအပြည့်ဖြင့်

“ဒါတွေက အကုန် ကျွန်မအပြစ်ပါဘဲ။ ကျွန်မက ဒီရက်ပိုင်းအတွင်း .... နေလို့မကောင်းတာကြောင့် သူတို့ကို လာပြီး အခစားမဝင်ဖို့ ခွင့်ပြုပေးထားတာပါ။ အဲ့တာကြောင့် ကိုယ်လုပ်တော်ချန်ပျောက်နေတာကို ဒီလောက်နောက်ကျမှ သိရတာပါ။ ကိုယ်လုပ်တော်ချန်ရဲ့ အမေက ကျွန်မတို့ဆီ တွေ့ဖို့ခွင့်တောင်းတဲ့စာပို့တဲ့အကြောင်း အစေခံတွေကလာပြောတာသာမဟုတ်ရင် ကျွန်မလည်း ဒီအကြောင်းသိရဖို့ ဖြစ်ကောင်းမဖြစ်နိုင်ပါဘူး “

သူမ စကားသံတို့မှ နောင်တအသံကို ကြားရတဲ့အခါ လုံချီရဲ့ဒေါသတို့က အနည်းငယ်ငြိမ်ကျသွားရသည်။ သူမ နေလို့မကောင်းတဲ့အကြောင်းပြောသည့်အခါမှ လုံချီသည် အခုတလော သူမအခန်းထဲမှာဘဲ အချိန်ကုန်နေမိကြောင်း သတိရသွားသည်။ အဲ့တာက သူမကို အတော်လေးအားကုန်သွားစေခဲ့တာဖြစ်မည်။ သူက ချောင်းအနည်းငယ်ဟန့်လိုက်ပြီး သူမကို ပုခုံးမှဖက်လိုက်သည်။

“ ရွှမ်းအာ၊ အဲ့လိုမပြောပါနဲ့။ ဒါက ဘယ်လိုဖြစ်ပြီး မင်းနဲ့သက်ဆိုင်ရမှာလဲ။ ကိုယ် မင်းကို အပြစ်တင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ်က ဒီအတိုင်း စိတ်လှုပ်ရှားသွားလို့ပါ။ အခု အရှေ့နန်းဆောင်မှာ လူတစ်ယောက်က အကြောင်းပြချက်ရေရေရာရာမရှိဘဲ ပျောက်သွားရတယ်လေ။ တကယ်လို့ ဒီသတင်းကသာ ဟိုခေါင်းမာတဲ့အဘိုးကြီးတွေဆီရောက်သွားရင် သူတို့က ဒါကိုအခွင့်အရေးယူပြီး ကိုယ့်ကို အပြစ်တင်နေမှာစိုးလို့ပါ “

“ ကျွန်မက ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တဲ့သူပါ။ အရှင်က ကျွန်မကို အရှေ့နန်းဆောင်ကို စီမံဖို့ အာဏာလက်လွှဲပေးပေမဲ့ ကျွန်မက သေချာ ဂရုမစိုက်နိုင်ဘဲ အဲ့ဒီအစား အမှားတောင်ဖြစ်သွားစေခဲ့မိပါတယ်။ အကုန် ကျွန်မအပြစ်တွေပါ “

သူမအပေါ် ဒေါသပုံချမည့် လုံချီသည် ရုတ်တရက်ပင် သူမစကားတို့အား ကြားလိုက်ရသည့်အခါ ဒေါသတို့က အငွေ့ပျံပျောက်ကွယ်သွားရလေသည်။

ရွှမ်းအာက အရှေ့နန်းတော်အတွက် တာဝန်ရှိပေမဲ့လည်း သူမသည် ကိစ္စတစ်ခုချင်းစီတိုင်းကိုတော့ စီမံဖို့မဖြစ်နိုင်ပေ။ ထို့အပြင် အခု အရှေ့နန်းတော်၌ လူတွေပိုများလာပြီဖြစ်သဖြင့် အခန့်မသင့်တဲ့အမှားတွေကိုတော့ ရှောင်လွှဲလို့မရနိုင်ပေ။ ကိုယ်လုပ်တော်ချန်ပျောက်သွားတာက သေချာပေါက်ကို သူမ အပြစ်မဟုတ်။

“ ကောင်းပါပြီ၊ ဒါက မင်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ကိုယ့်ဟာကိုယ် အပြစ်တင်နေတာ ရပ်ပါတော့ “

“ ကျွန်မ ကိုယ်လုပ်တော်ချန်ရဲ့ အဆောင်နေရာတိုင်းကို ရှာပြီးပါပြီ။ ဒါပေမဲ့ ဘာအစအနမှ ရှာမရခဲ့ပါဘူး။ အဲ့ဒီအပြင် ကိုယ်လုပ်တော်ချန်ရဲ့ အနီးကပ်အစေခံကပါပျောက်နေပါတယ်။ ကိုယ်လုပ်တော်ချန် သွားလေ့ရှိတဲ့နေရာတွေကို လူလွှတ်ပြီးရှာခိုင်းခဲ့ပေမဲ့ ဘာမှရှာမတွေ့ခဲ့ပါဘူး။ အချိန်တစ်ခုရောက်လာရင် ကျွန်မတို့ ကိုယ်လုပ်တော်ချန်ရဲ့အမေကို ဘယ်လိုရှင်းပြကြမလဲ “

လုံချီ သေချာစဉ်းစားလိုက်သည်။ ချန်ချူးယွီမှာ မြို့စားချန်မိသားစုအိမ်က ကိုယ်လုပ်တော်ရဲ့သမီးမျှသာဖြစ်ပြီး အရှေ့နန်းတော်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်သာဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီကိစ္စကိုအရေးကြီးခွင်ကျယ်မလုပ်ဘူးဆိုပါက သူမလို အရေးမပါတဲ့ကိုယ်လုပ်တော်တစ်ယောက်ကို ဘယ်သူက သတိထားမိမှာလဲ။ တကယ်လို့ သူမက ပျောက်သွားတယ်ဆိုလည်း ဒီတိုင်းထားလိုက်လို့ရသည်။ ဘယ်သူကမှ တကူးတက သတိထားမိမှာမဟုတ်ချေ။ သို့သော်လည်း လက်ရှိပြဿနာမှာ ကိုယ်လုပ်တော်ချန်ရဲ့မိခင်က သူမသမီးကိုတွေ့ချင်နေခြင်းဖြစ်သည်။ သူမက ကိုယ်လုပ်တော်ချန်ကိုမတွေ့ရရင် ပြဿနာရှာနိုင်လောက်မလား။

သူမလို အရေးမပါအရာမရောက်တဲ့ ကိုယ်လုပ်တော်တစ်ယောက်က အရှေ့နန်းတော်မှာ သေသွားခဲ့ရင်တောင်မှ ဘာမှဖြစ်မည်မဟုတ်။ သူတို့သာ ကိုယ်လုပ်တော်ချန်ရဲ့မိခင်နဲ့ ညှိနှိုင်းနိုင်ခဲ့မည်ဆိုလျှင် ဘာပြဿနာမှရှိမှာမဟုတ်တော့ချေ။

လုံချီတွေးနေရင်းနှင့် တစ်ခုခုအား သတိရပြီးပြောလိုက်သည်။

“ ကိုယ်လုပ်တော်ချန်က တစ်နေ့က အရှေ့နန်းတော်ကနေထွက်ဖို့ ခွင့်ပြုစာလာတောင်းခဲ့သေးတယ်။ အဲ့ဒီနောက် သူမ ပြန်မလာခဲ့ဘူး။ ကိုယ်တို့ဘက်က ခြေလှမ်းအရင်လှမ်းပြီး မြို့စားချန်အိမ်တော်ကို သူမဘယ်မှာလဲလို့ မေးလို့ရတယ် “

ထိုစကားအားကြားသည့်အခါ လုယွင်ရွှမ်းမျက်ဝန်းတို့ အရောင်လက်သွားသည်။ သူမက တအံ့တဩဖြင့်

ကိုယ်လုပ်တော်ချန်က သူ့ဆီကနေ ခွင့်ပြုစာ ဘယ်လိုတောင်းလဲဆိုတာကို သတိရသွားတဲ့အခါ လုံချီအနည်းငယ်ရှက်ရွံ့သလိုခံစားလိုက်ရသည်။

သူက သူမ မျက်လုံးတွေကိုရှောင်ပြီး မြန်မြန်ဆန်ဆန်ဖြင့်

“ ဦးရီးတော်ပေးထားတဲ့အလုပ်တွေ မပြီးသေးဘူး။ စာကြည့်ဆောင်ကိုသွားပြီးလုပ်လိုက်ဦးမယ်။ ကိုယ်လုပ်တော်ချန်ကိစ္စက မင်းအဆင်ပြေသလို ကြည့်ရှင်းထားလိုက်တော့။ တကယ်လို့ မကိုင်တွယ်နိုင်ဖူးဆိုရင်လည်း တစ်ယောက်ယောက်ကိုလွှတ်ပြီး သတင်းပို့ခိုင်းလိုက်။ ကိုယ်ရှင်းလိုက်မယ် “

“ စောင့်နေဖို့မလိုပါဘူး။ မင်း နေလို့မကောင်းဘူးမဟုတ်လား။ ရက်အနည်းငယ်လောက် အနားယူသင့်တယ် “

သူထွက်သွားသည်နှင့် လုယွင်ရွှမ်းရဲ့အမူအရာမှာ မည်းနက်သည့်အသွင်သို့ ချက်ချင်းပြောင်းသွားတော့သည်။ သူမသည် ဟုန်ရှို့ဘက်သို့ လှည့်ပြီးနောက်

“ နင့်ကို စုံစမ်းစေချင်တာရှိတယ်။ ဘယ်အပျက်မက အောက်လမ်းနည်းတွေသုံးပြီး အိမ်ရှေ့စံမင်းသားကို မြှူဆွယ်နေလဲဆိုတာ ရှာလိုက် “

All Chapters