အခန်း (၄၂၅-၄၂၇)
Vol. 9 Ch. 425-427
(၄၂၅)
ငြီးငွေ့လာတာဖြစ်နိုင်တယ်။
“ အခုချက်ချင်းသွားလိုက်ပါ့မယ် “
ဟုန်ရှို့ချက်ချင်း တုံ့ပြန်လိုက်သည်။
သူမစိတ်ထဲမှာတော့ အိမ်ရှေ့စံမင်းသမီးက အတွေးလွန်နေမှန်းသိသည်။
ဒီအတောအတွင်း အိမ်ရှေ့စံမင်းသားက မင်းသမီးရဲ့ အခန်းထဲမှာဘဲ ညတိုင်းရှိနေခဲ့တာဖြစ်သည်။ ဘယ်လိုလုပ်ပြီး အခြားကိုယ်လုပ်တော်တွေက သူ့နားကို ကပ်နိုင်မှာလဲ။
အိမ်ရှေ့စံမင်းသားက ငြီးငွေ့လာတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အိမ်ရှေ့စံမင်းသမီးကလည်း နေလို့မကောင်းဘူးလို့ပြောလိုက်တာကြောင့် သူက အခွင့်အရေးကို အရယူပြီး မလာဖို့ပြောလိုက်တာဖြစ်မည်။
သို့သော်လည်း ထိုအကြောင်းအား သူမ မင်းသမီးအရှေ့တွင် ထုတ်မပြောရဲပါ။ မဟုတ်ပါက ခံစားရမည့်သူမှာ သူမဖြစ်သွားနိုင်သည်။
နေဝင်တရားဆောင်
အပြင်ကနေ ပြန်လာပြီနောက် ချူးကျူ လုလျန့်ဝေကိုတွေ့ဖို့ တန်းတန်းသွားလိုက်သည်။
လုလျန့်ဝေက ဆေးခန်းငယ်လေးထဲမှာရှိနေသည်။ ချူးကျူပြန်လာတာကိုမြင်တဲ့အခါ သူမက မြန်မြန်အလုပ်တွေ ဘေးချပြီး ထ၍ အပြင်သို့လျှောက်လာကာ မေးလိုက်သည်။
“ အဲ့ဒီတော့ တစ်ခုခုများရှာတွေ့ခဲ့လား “
“ မတွေ့ခဲ့ပါဘူး။ ကျွန်မ ဘာသဲလွန်စမှကို ရှာမလို့မရခဲ့တာပါ “
လုလျန့်ဝေလည်း မျက်မှောင်ကုတ်လိုက်သည်။ ဘယ်လိုဖြစ်ပြီးများ ဘာသဲလွန်စမှကို မရှိရတာလဲ။
သို့သော်လည်း လင်ချင်းယွမ်သည် သူမ အနောက်နေလိုက်ခဲ့တဲ့ သူနှစ်ယောက်က ချန်ချူးယွီနှင့် သူမအစေခံအား ရှဝူမြို့သို့ အမှန်တကယ်ခေါ်သွားကြောင်း အခိုင်အမာပြောခဲ့သည်။
လုယွင်ရွှမ်းရဲ့ အဲ့လို သီးသန့်ကိစ္စတွေကရှဝူမြို့မှာ ဆောင်ရွက်နေမည်ဟု သူမထင်ခဲ့သည်။ ထို့အပြင် ရှဝူမြို့သည် အဓိကမြို့တော်နှင့်လည်းအရမ်းနီးပြီး လုယွင်ရွှမ်းအတွက် သူမကို ထောက်ခံပူးပေါင်းပေးမည့် တရားအမတ်တွေနဲ့လည်း ဆက်သွယ်လို့ရသောကြောင့် အဆင်ပြေချောမွေ့လိမ့်မည်။
အဲ့ဒါဆို ဘယ်လိုဖြစ်ပြီး ဘာသဲလွန်စမှ မရှိရတာလဲ။ ဒါမှမဟုတ် သူမထင်တာ မှားနေခဲ့တာလား။ ဒါမှမဟုတ် လုယွင်ရွှမ်းရဲ့အလုပ်တွေက အဲ့မှာ အခြေမတည်ထားတာများလား။
ဒါပေမဲ့ အဲ့တာက ရှဝူမြို့မှာမဟုတ်ဘူးဆိုရင် ချန်ချူးယွီကို အဲ့လူနှစ်ယောက်က ဘာလို့ အဲ့နေရာကို ခေါ်သွားရတာလဲ။
“ ရှဝူမြို့ထဲက ဆောင်ကြာမြိုင်တွေအကုန်လုံးကို စစ်ကြည့်ပြီးပြီလား “
လုလျန့်ဝေ မျှော်လင့်ချက်ကို လက်လွှတ်ချင်ပုံမရဘဲ မေးလိုက်သည်။
“ စစ်ပြီးပါပြီ။ ရှဝူမြို့က အခြားမြို့တွေထက် ပိုသက်ဝင်လှုပ်ရှားမှုရှိပေမဲ့ အဲ့မှာက ဆိုင်အနည်းငယ်ရယ် ပြည့်တန်ဆာအိမ်နှစ်ခုရယ်ဘဲရှိတာပါ “
လုလျန့်ဝေက မေးကို လက်ချောင်းလေးနဲ့ထောက်ပြီး ခဏတွေးနေခဲ့ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“ ဆောင်ကြာမြိုင်တွေအပြင် အခြားနေရာတွေရော စစ်ကြည့်ခဲ့သေးလား။ သီးသန့်အပန်းဖြေအိမ်တော်လိုမျိုးဟာတွေလေ “
မိန်းကလေးတွေကို ကုန်ကူးသူတွေက အဲ့လိုနေရာတွေမှာဘဲ ပြန်ရောင်းကြတာလို့ သူမ တွေးခဲ့တာဖြစ်သည်။
လုလျန့်ဝေမျက်လုံးတို့တောက်လာသည်။
“ ငါတို့မှားသွားတာဖြစ်နိုင်တယ်။ သူတို့က အဲ့လိုနေရာဆီ ချန်ချူးယွီတို့ကို မခေါ်သွားတာဖြစ်နိုင်တယ် “
လုယွင်ရွှမ်းက လျှို့ဝှက်လုပ်ဆောင်ရာမှာ တော်လွန်းသောကြောင့် သူမလုပ်နေသည်ကိစ္စတွေက တရားဝင်ဆောင်ကြာမြိုင်လို နေရာကနေမဖြစ်နိုင်ပေ။
“ အဲ့ဒါဆို ကျွန်မ နောက်တစ်ခါသွားပြီး စစ်ကြည့်လိုက်ပါ့မယ် “
“ အလျင်လိုဖို့မလိုပါဘူး။ ငါတို့ ခန့်မှန်းထားသလိုသာဆိုရင် သူတို့က သေချာပေါက် ရှဝူမြို့ထဲမှာဘဲ ရှိနေဦးမှာ။ သူတို့ ဘယ်ကိုမှသွားမှာမဟုတ်ဘူး။ အဲ့တာကြောင့် ငါတို့နည်းနည်းနောက်ကျမှသွားလည်း အဆင်ပြေပါတယ်။ ဟိုဟိုဒီဒီသွားထားရတာ ပင်ပန်းနေမှာပေါ့။ အရင်ဆုံးနားလိုက်ပါဦး “
လုလျန့်ဝေက အထဲပြန်ဝင်ပြီးနောက် သူမအတွက် ရေတစ်ခွက်ခပ်ပေးလိုက်သည်။
အဲ့အချိန်မှာဘဲ ကျူးယွီသည် အပြင်ဘက်မှ အမောတကောပြေးလာလေသည်။
“ သခင်မလေး၊ ကျွန်မ အပြင်ကနေ ဘာကြားလာခဲ့တယ်ထင်လဲ “
“ ဖြစ်နိုင်တာကတော့ ထုံးစံအတိုင်း အတင်းအဖျင်းမလား “
“ အပြင်က အတင်းတွေကို တစ်ချိန်လုံး စိတ်မဝင်စားနိုင်ဘူးလေ။ ဒါပေမဲ့ ငါ့ကို ပြောပြလို့ရပါတယ်။ နားထောင်ရင်း အချိန်ကုန်တာပေါ့ “
သူမ စိတ်ဝင်စားတယ်ဆိုခါမှ ကျူးယွီက စိတ်အားတက်သွားပြီး ပြုံးဖြဲဖြဲနှင့်ပြောတော့သည်။
“ အရှေ့နန်းတော်မှာ ဇာတ်လမ်းတစ်ခုဖြစ်နေပြန်ပြီတဲ့။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကြည့်ရသလောက် ဒေါ်လေးလျုံက သူ့သမီးကိုလွမ်းတာကြောင့် အရှေ့နန်းတော်ကို စာပို့ပြီး ကိုယ်လုပ်တော်ချန်နဲ့တွေ့ဖို့ ခွင့်တောင်းတယ်တဲ့။ ဒါပေမဲ့သူတို့က နန်းတော်ဝင်ပေါက်ကနေပိတ်ပြီး ဝင်ခွင့်မပေးဘူးလေ။ အဲ့ဒီနောက်ကျ အိမ်ရှေ့စံမင်းသမီးက မြို့စားချန်အိမ်တော်ကိုသွားပြီး ကိုယ်လုပ်တော်ချန်ကိုတွေ့ချင်ကြောင်း ပြောတော့ သူတို့ကလည်း သူမ ဘယ်မှာမှန်း မသိကြဘူး။ ကိုယ်လုပ်တော်ချန်က အရှေ့နန်းတော်ဆီ ဝင်သွားကတည်းက မြို့စားချန်အိမ်တော်ကသူတွေက သူမကို ဘယ်တုန်းကမှမတွေ့ကြဘူးတဲ့။ အဲ့တာကြောင့် သူမ ပြန်မလာခဲ့ဘူးဆိုပြီး အခိုင်အမာပြောကြရောတဲ့ “
“ ဒါပေမဲ့ နန်းတော်အပေါက်က အစောင့်တွေက ထွက်ဆိုတာကျ လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ကိုယ်လုပ်တော်ချန်က အိမ်ရှေ့စံမင်းသားရဲ့ခွင့်ပြုမိန့်နဲ့ နန်းတော်ထဲကနေ ထွက်သွားပြီး အဲ့ဒီနောက် ပြန်မလာတာသေချာတယ်တဲ့။ နှစ်ဖက်လုံးက သူတို့ရဲ့ကိုယ်ပိုင်သက်သေတွေကို ပြောနေကြပြီးတော့ ဘယ်ဘက်ကမှ အလျှော့မပေးကြဘူးတဲ့။ အခု အပြင်ကလူတွေကတော့ အသစ်ဝင်လာတဲ့ ကိုယ်လုပ်တော်ချန်က အိမ်ရှေ့စံမင်းသားရဲ့အပြင်ထွက်ခွင့်မိန့်ကိုတောင်းပြီး အခြားယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်လို့ ပြောနေကြတယ်
အပိုင်း (၄၂၆)
သူတို့က ဘာလို့ နေ့ခင်းကြီးကို တံခါးတွေပိတ်လိုက်တာလဲ။
ကျူးယွီက ဇာတ်လမ်းကို အောင်နိုင်သူကြီးပမာပြောပြနေသည်။
သူမက အိမ်ရှေ့စံမင်းသားကြုံနေရသည့် ကံဆိုးမိုးမှောင်ကျမှုကို ပြောပြချင်ရုံသာဖြစ်သည်။
ဘယ်သူကများ သူ့သခင်မလေးရဲ့အသည်းကိုခွဲဖို့ တောင်းဆိုနေလို့လဲ။ သူ့ရဲ့အချိုပွဲလေးတွေကဘဲ အခုသူ့ကို ချို(ဂျို)တပ်ရအောင် လုပ်တာလေ။
တရားဝင်ထုတ်ပြန်ချက်က ဘယ်လိုဘဲဖြစ်နေပါစေ အပြင်လူတွေက အိမ်ရှေ့စံမင်းသားဟာ အပြစ်ခံခဲ့ရတဲ့ယောက်ျားသဖွယ်အဖြစ် ပြောဆိုနေကြပြီဖြစ်သည်။
လုလျန့်ဝေ နှုတ်ခမ်းတို့ဟာ အပေါ်သို့ ကွေးညွတ်တက်သွားခဲ့သည်။ ဘယ်လိုတွေဖြစ်သွားလဲဆိုတဲ့အပေါ် သူမ မအံ့ဩမိပါ။
ဒေါ်လေးလျုံ အရှေ့နန်းတော်သို့ ရောက်သွားခြင်းမှာ ချူးကျူကနေတစ်ဆင့် ချန်ချူးယွီပျောက်သွားသည့်အကြောင်းကို အသိပေးလိုက်ခြင်းကြောင့်သာဖြစ်သည်။
လင်ချင်းယွမ်ရဲ့ သုံးသပ်ချက်အရ ချန်ချူးယွီရဲ့ ပျောက်ဆုံးမှုက သေချာပေါက် လုယွင်ရွှမ်းရဲ့လက်ချက်သာ ဖြစ်သည်။
ဒေါ်လေးလျုံ အရှေ့နန်းတော်မှာ ပြဿနာရှာခြင်းက လုယွင်ရွှမ်းကို အများကြီးထိခိုက်မှာတော့မဟုတ်ချေ။ ဘယ်လိုဘဲဖြစ်ဖြစ် သူမသည် ချန်ချူးယွီပျောက်ဆုံးမှုကိုတောင် လုပ်ရဲမှတော့ နောက်ဆက်တွဲကိစ္စတွေကိုလည်း အနည်းဆုံးတော့ ပြင်ဆင်ထားပြီးသားဖြစ်လိမ့်မည်။ သို့သော် ဒေါ်လေးလျုံကလည်း ထိုမျှလွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည်မဟုတ်။ ချန်ချူးယွီက သူမရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး သူမကလည်း မြို့စားမင်းချန်ရဲ့ အထူးအရေးပေးခြင်းကို ခံရသူဖြစ်သည်။ တကယ်လို့ ဒေါ်လေးလျုံကသာ အရေးကြီးခွင့်ကျယ်လုပ်ပြမယ်ဆိုရင် အနည်းဆုံးတော့ လုယွင်ရွှမ်းကို ဝရုန်းသုန်းကားဖြစ်စေမည့် အခြေအနေထဲ ခဏတဖြုတ်လောက်တော့ ကျရောက်သွားစေနိုင်သည်။
အကယ်၍ ချန်ချူးယွီကိုသာ ရှာတွေ့ခဲ့မယ်ဆိုရင်တော့ လုယွင်ရွှမ်းအတွက် အတော်လေးထိတ်လန့်စရာဖြစ်သွားပေလိမ့်မည်။
အဆုံးမှာတော့ ချန်ချူးယွီပျောက်ဆုံးနေသည်မှာ ဆယ်ရက်ရှိပြီဖြစ်သည်။ လုယွင်ရွှမ်းက သူမအား အရမ်းကို လျှို့ဝှက်သည့်နေရာသို့ ပို့လိုက်ပြီးဖြစ်လောက်သည်။
ချန်ချူးယွီရဲ့တည်နေရာကိုရှာခြင်းက လုယွင်ရွှမ်းရဲ့လျှို့ဝှက်ကိစ္စတွေကို ဖော်ထုတ်လိုက်ခြင်းနှင့် အတူတူဘဲဖြစ်သည်။
“သခင်မလေး၊ ဒါနဲ့ပတ်သက်ပြီး စိတ်မကျေနပ်ဘူးလား “
ကျူးယွီက မျက်စိတစ်ဖက်မှိတ်ပြပြီး ခေါင်းပေါ်ကို ညွှန်ပြသည်။
သူမ ထင်ထားတာသာမှန်မည်ဆိုလျှင် လုံချီက ချိုတစ်ခုတည်းမဟုတ်ဘဲ ချိုအစုံပေါင်းများစွာ အတပ်ခံနေရလေသည်။ အဲ့တာတွေကလည်း အကုန်လုံး အိမ်ရှေ့စံမင်းသမီးတစ်ယောက်တည်းက ဒိုင်ခံ သူ့ကိုတပ်ပေးနေခြင်းဖြစ်သည်။
အဲ့ဒီအတွေးကိုတွေးလျက် လုလျန့်ဝေ စိတ်လိုလက်ရရယ်မောနေခဲ့သည်။
ထိုအရာအားမြင်သည့်အခါ ကျူးယွီနဲ့ ချူးကျုံက သူမကို လှည့်ကြည့်သည်။
လုလျန့်ဝေ ခေါင်းကိုလှည့်ကာ တံခါးအပြင်မှ ရုတ်တရက်ရောက်လာသည့် ယောက်ျားကို လှမ်းကြည့်လိုက်သည်။
အဆုံးမရှိတဲ့ မျက်ဝန်းတွေနှင့် သူမကိုကြည့်နေသည့် လုံယန်က အေးအေးဆေးဆေး လျှောက်ကာဝင်လာသည်။
ကျူးယွီနဲ့ ချူးကျူတို့က အချင်းချင်းကြည့်ပြီးနောက် တိတ်တိတ်နဲ့မြန်မြန်ကလေးထွက်သွားကြကာ ထပ်တိုးအနေနှင့် အလိုက်တသိ တံခါးတွေတောင်ပိတ်ပေးသွားကြသည်။
လုလျန့်ဝေသည် အစမှာတော့ အခြေအနေကို အရမ်းကြီးမတွေးမိသော်လည်း ပိတ်ထားတဲ့တံခါးတွေကိုတွေ့သည့်အခါမှာတော့ မတတ်နိုင် အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။
ဒီကောင်မလေးတွေ ဘာလို့ နေ့ခင်းကြီးကို တံခါးတွေပိတ်ပေးသွားကြတာလဲ။
လုံယန် သူမအနားကိုကပ်လာပြီး စားပွဲပေါ်က ပိုးသားယပ်တောင်အဝိုင်းအားယူကာ သူမကို ညင်ညင်သာသာလေး ယပ်ခတ်ပေးနေသည်။
“ တောင်က ကိုယ့်ဆီကို ရောက်မလာမှတော့ ကိုယ်က တောင်ရှိရာကို သွားရမှာပေါ့ “
လုံယန်က စူးစူးရှရှပြောကာ သူမဘေးတွင်ဝင်ထိုင်သည်။
လုလျန့်ဝေက ဘေးသို့ မသိစိတ်အရ ရှောင်ထိုင်လိုက်သည်။
လုံယန်သက်ပြင်းချကာ လက်ကိုမြှောက်ပြီး သူမပုခုံးပေါ်သို့ တင်လိုက်သည်။
လုလျန့်ဝေ ခေါင်းခါလိုက်သည်။
“ ကျွန်မ ရှင့်ကို အဲ့လိုမျိုးမထင်ပါဘူး။ ဒီအတိုင်း ပူလို့ပါ “
ထိုသို့ပြောပြီးနောက် သူ့ထိုလက်ထဲက ယပ်တောင်အားယူကာ သူမကိုယ်သူမ ခပ်ကြမ်းကြမ်းယပ်ခတ်နေလိုက်သည်။

ထိုသို့ပြောပြီးနောက် သူ့ထိုလက်ထဲယ ပ်တောင်အားယူကာ သူမကိုယ်သူမ ခပ်ကြမ်းကြမ်းယပ်ခတ်နေလိုက်သည်။
အပိုင်း (၄၂၇)
သူ အရှင့်ရဲ့ အချိန်ကောင်းလေးကိုတော့ မနှောင့်ယှက်မိလိုက်ဘူးမလား။
“ တကယ်ရော အဲ့လောက်ပူနေလို့လား “
သူမကိုယ်သူမ အတင်းယပ်ခတ်နေတာ မြင်သည့်အခါ လုံယန် ရယ်မောမိသည်။
လုလျန့်ဝေက ခေါင်းငြိမ့်ပြ၍
“ တကယ်ပူတာပါ “
လုံယန်ရပ်လိုက်ပြီး ရုတ်ခြည်းသူမလက်ကို သူ့လက်ထဲဆုပ်ကိုင်လိုက်သည်။
သူကိုင်ထားတဲ့လက်ချောင်းတွေကနေတစ်ဆင့် အေးမြတဲ့ခံစားချက်တစ်ချို့ စီးဝင်လာတာကို လုလျန့်ဝေ ရုတ်တရက် ခံစားလိုက်ရသည်။
သူမကိုယ်သူ ယပ်ခတ်နေတာကို ရပ်လိုက်ပြီး သူတို့နှစ်ယောက် ယှက်သွယ်ထားတဲ့လက်တွေကို စူးစူးစမ်းစမ်းကြည့်နေသည်။
ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။ ခုလေးတင်ကမှ သူမ ပူနေပေမဲ့ အခုတော့ သူမကို သူထိထားတဲ့နေရာကနေ အေးမြမှုအရိပ်အယောင်တို့ကို ခံစားမိနိုင်ပြီး သူမတစ်ကိုယ်လုံးပင် အအေးဓာတ်တို့ စိမ့်တက်လာသည်။
သို့သော် ထူးထူးကဲကဲတစ်ခုခုကို ရှာမတွေ့ခင်မှာဘဲ လုံယန်က သူမအား ရုတ်တရက်ဆွဲလိုက်သောကြောင့် သူ့ကိုယ်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
လုံယန်က ဘယ်လိုတောင်ရဲတင်းပြီး ဒီလိုစကားမျိုးတွေတောင်ပြောရတာလဲ။ ထိုသူသည် အသက်မပြည့်သေးသည့်မိန်းကလေးအား သွေးဆောင်ရန် ကြိုးပမ်းမှုနှင့် အလွယ်တကူ သံသယအဖြစ်ခံရနိုင်သည်။
သူတို့သာ စေ့စပ်ထားတာမဟုတ်ပါက သူ့ကို သေချာပေါက် တဏှာရူးအဖြစ် သတ်မှတ်မိမှာဖြစ်သည်။
အဲ့လိုဆိုရင်တောင်မှ သူမမျက်နှာက ဆူပုတ်ပုတ်ဖြစ်နေကာ သူ့ကို ဆူတော့သည်။
“ အရှင်မင်းကြီး၊ ရှင် မသင့်လျော်တာတွေ လုပ်နေတာဘဲ “
ထိုသို့သောအရှက်ရမှုကို တစ်ကြိမ်လောက် ကြုံလိုက်ရတာနဲ့တင် လိုတာထက်ကို လုံလောက်နေပါပြီ။
သူမ ဆူပုတ်နေသော်လည်း ရှက်နေသေးတာမြင်နေရတဲ့အခါ လုံယန် နှုတ်ခမ်းထောင့်တို့က အူမြူးစွာ မြောက်တက်နေခဲ့သည်။
သူ့ဆီကနေ ခပ်ဝေးဝေးရောက်ပြီးတဲ့နောက် လုလျန့်ဝေ မတ်မတ်ထိုင်လိုက်ကာ သူမမျက်နှာထက်က အပူအား ထိန်းချုပ်ပြီး နှုတ်ခမ်းတထော်ထော်ဖြင့်ပြောလိုက်သည်။
“ ကျွန်မတို့က အဲ့လိုအဆင့်ကိုမှမရောက်သေးတာ။ စကားကို သေချာကြည့်ပြောပါဦး အရှင်မင်းကြီး “
သူထင်ထားတာနဲ့ ကွဲထွက်နေတဲ့ သူမရဲ့ အပြုအမူလေးတွေကိုမြင်တိုင်း သူ တကယ်ကို ပျော်ရွှင်ရသည်။
ပုံမှန်အခြေအနေတွေမှာဆိုရင်တော့ သူမက ရှက်တတ်တယ်လို့ သူထင်ခဲ့သည်။ ရလဒ်အရတော့ သူမက အနည်းငယ်ရှက်တာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဗလုံးဗထွေးပြောတာမျိုး ဒါမှမဟုတ် လုံးဝဥဿုံလျစ်လျူရှုတာမျိုးလောက်ထိ မဟုတ်ပေ။
ဒီကောင်မလေးက သူမအနေအထားသူထိန်းပြီး သူ့ကို သင်ခန်းစာတောင်ပေးနေသေးသည်။
ထို့အပြင် သူမဆူပူနေတဲ့အချိန်၌ မျက်နှာမှာ မှုန်ကုတ်နေပြီး ပုံမှန်နဲ့မတူဘဲ အနည်းငယ် ခက်ထန်နေသည်။ သူ ဘယ်လိုဘဲကြည့်ကြည့် သူမက ဒီအတိုင်းကို ချစ်စရာကောင်းလွန်းသည်။
“ မဟုတ်ပါဘူး။ ကျွန်မတွေးနေတာ အရှင်မင်းကြီးက ဒီလို မသင့်တော်တဲ့သူပုံစံ မဖြစ်သင့်ဘူး။ ကျွန်မတို့သာ စေ့စပ်မထားဘဲ ရှင်က ဒီလိုတွေပြောနေမယ်ဆိုရင် ကျွန်မ ရှင့်ကိုရိုက်မိမှာ “
လုံယန်လည်း မတတ်နိုင်ဘဲ တိတ်တဆိတ် သူ့ကိုယ်သူ ပြန်သုံးသပ်ရတော့သည်။ သူအခုပြောလိုက်တဲ့စကားတွေက အရမ်းကို ရမ်းကားရာများရောက်သွားသလား။
“ မင်းမှန်ပါတယ် ဒုတိယသခင်မလေးလု။ ကိုယ့်ကို သင်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် “
ထိုသူက သူ့အပြစ်သူ ဝန်ခံတာတွေ့သည့်အခါ လုလျန့်ဝေ မျက်နှာကြောကို လျှော့လိုက်သည်။
လုံယန် စိတ်ထဲမပါဘဲပြောလိုက်ရသည်။ အနည်းဆုံးတော့ သူ မင်္ဂလာပွဲမတိုင်ခင် လွန်လွန်ကြူးကြူးလုပ်မှာမဟုတ်။ သို့သော် ပွဲပြီးရင်တော့ သူမမှာ သူ့ကို ခုခံတားဖို့ အကြောင်းပြချက်မရှိတော့ပေ။
လုလျန့်ဝေ ထိုသူ့အား မသင်္ကာစွာ လှမ်းကြည့်လိုက်သည်။
ပိတ်ထားတဲ့အိမ်တံခါးအား အပြင်ဘက်မှနေ၍ ကျောက်ချန်က တွန်းဖွင့်လိုက်သည်။
သူသည် သူ့လက်ထဲ၌ မုန့်သေတ္တာအား ကိုင်ထားပြီး ရိုရိုသေသေ မျက်လွှာချကာ သူ့အရှေ့က မြင်ကွင်းကိုသာကြည့်၍ ဘေးပတ်လည်သို့ ဝေ့မကြည့်ရဲပေ။
သူသည် စားပွဲပေါ်သို့ သေတ္တာအားတင်ပြီးသည်နောက် မြန်မြန်ပြန်ထွက်သွားပြီး အိမ်တံခါးကို ပြန်ထပ်ပိတ်ပေးသွားသည်။
သူ အချိန်မှန်ရောက်သွားတာရော ဟုတ်ရဲ့လား။ သူ အရှင့်ရဲ့ အချိန်ကောင်းလေးကို မနှောင့်မိလိုက်ဘူးမလာ