← Chapters

အခန်း (၄၂၈-၄၃၀)

Vol. 9 Ch. 428-430

အခန်း (၄၂၈-၄၃၀)

Vol. 9 Ch. 428-430

အပိုင်း (၄၂၈)

စားမြိန်တဲ့ဟင်း

ကျောက်ချန် စိတ်သက်သာရာရသွားပြီး ချွေးသုတ်လိုက်ကာ နေရာကနေ အမြန်ဆုံး ပြန်ပြေးတော့သည်။

လုလျန့်ဝေရဲ့လက်ကိုတွဲလျက် လုံယန်ထရပ်ပြီး စားပွဲဆီသို့ လျှောက်သွားသည်။

လုလျန့်ဝေ စားပွဲပေါ်က အစားအစာသေတ္တာကိုကြည့်ပြီး တံတွေးမြိုချလိုက်သည်။

“ အထဲမှာဘာလဲ “

သူမကို ပြုံးလျက်ကြည့်ပြီး လက်တစ်ဖက်တည်းဖြင့် လုံယန်က သေတ္တာအားဖွင့်ကာ ဟင်းအမယ်တွေကို တစ်ခုချင်းထုတ်လိုက်သည်။

နှစ်လိုဖွယ်ကောင်းတဲ့ရနံ့က အိမ်တစ်ခုလုံးကို မွှေးပျံ့သွားခဲ့သည်။

“ ဝါး၊ လျန်ပီဘဲ “

“ ပြီးတော့ စွပ်ပြုတ်ချိုရောဘဲ “

( လျန်ပီဟာ ခေါက်ဆွဲအေးလို ဟင်းမျိုးဖြစ်ပြီး စွပ်ပြုတ်ချိုက မုယောဆန်၊ ပဲနီစေ့၊ ဂျင်ကို၊ ဆေးကုလားမဲတို့ပါဝင်သည့် အချိုပွဲအေးအေးလေးတစ်မျိုးဖြစ်သည် )

လုံယန်သည် သူမရဲ့ ပျော်ရွှင်သွားသောအမူအရာအား တွေ့သည့်အခါ နန်းတော်စားဖိုဆောင်က သူတို့ရဲ့ အစာပြေမုန့်အသစ်နဲ့ပတ်သက်ပြီး ကောင်းကောင်းလုပ်ထားကြောင်း ခံစားလိုက်ရသည်။

ထိုင်လိုက်တဲ့နောက် သူမအောက်က ခုံမှာ ယနေ့ အနည်းငယ်တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူမရဲ့လက်ရှိအာရုံကို သူမရှေ့ကအစားအစာတွေက ဖမ်းစားလိုက်သောကြောင့် စစ်မကြည့်ဘဲ နေလိုက်တော့သည်။

သူမက လျန်ပီပန်းကန်အား သူမဆီသို့ ဆွဲယူလိုက်ကာ ခေါင်းကိုငုံ့ပြီး စားတော့သည်။

လွန်ခဲ့တဲ့ရက်တွေတုန်းက သူမ လျန်ပီ လုပ်စားချင်ခဲ့သော်လည်း အဘွားရဲ့မွေးနေ့နီးကပ်လာသောကြောင့် ပြင်ဆင်စရာတွေများနေပြီး မုန့်လုပ်စားမယ့်အတွေးကို ခဏဘေးဖယ်ထားခဲ့ရသည်။ လုံယန်က နန်းတွင်းစားဖိုဆောင်ကို ဒီလိုဟင်းမျိုးလုပ်ခိုင်းခဲ့လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပေ။

အထူးသဖြင့် နွေရာသီမှာ သူမအနှစ်သက်ဆုံးက ဒီလိုဟင်းလျာမျိုးဖြစ်သည်။ ဒီမုန့်တွေက သူမခံတွင်းကိုအေးမြစေပြီး လျှာပေါ်ထိတွေ့ရသည့်ခံစားမှုက အံ့ဩစရာကောင်းလှသည်။

သို့သော်လည်း အရသာကတော့ အနည်းငယ်လိုအပ်ချက်ရှိနေသေးသည်။ ခြစ်ထားတဲ့သခွားသီးလေးသာ ဖြည့်စွက်လိုက်မယ်ဆိုလျှင် ပို၍အရသာရှိလိမ့်မည်။

သူမသည် သူမအရှေ့က မုန့်အား အရသာခံတာကို အာရုံရောက်နေ၍ တစ်စုံတစ်ယောက်ရဲ့ ပေါင်ပေါ်မှာ ထိုင်နေမိမှန်း သူမ သတိမထားမိပေ။

လုံယန်က လှုပ်ရှားမှုမပြုဘဲ သူမကို ပေါင်ပေါ်မှာ ထိုင်စေသည်။ စားနေရင်းကျေနပ်နေသည့် သူမ မျက်နှာအား ကြည့်နေရခြင်းမှာ ပျော်ရွှင်စရာကောင်းလှသည်။

သူသည် စားပွဲပေါ်က စာအုပ်တစ်အုပ်အား တွေ့သည့်အခါ ကောက်ယူပြီး စာမျက်နှာတွေကို လှန်လှောနေခဲ့သည်။

လျန်ပီနဲ့ စွပ်ပြုတ်ချိုသောက်ပြီးသည့်အခါ လုလျန့်ဝေ တစ်ခုခုအား သတိရသွားလေသည်။ သူမ ဘေးပတ်လည်ကို ကြည့်လိုက်သည်အချိန် လုံယန်ရဲ့ အရိပ်အယောင်အား မတွေ့ရပေ။ ထို့နောက် သူမအနောက်ကို ကြည့်ဖို့ လုပ်လိုက်သည့်အချိန်မှာဘဲ သူမခေါင်းအထက်ကနေ ယောက်ျားတစ်ယောက်ရဲ့ ငြင်သာတဲ့အသံအား ကြားလိုက်ရသည်။

သူမသည် ခေါင်းကို အနောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်ဖို့လုပ်ရင်း ရုတ်တရက် လှုပ်တာကို ရပ်လိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် သူမ မယုံနိုင်ဖြစ်ကာ ပင့်သက်ရှူလိုက်သည်။

လုံယန် မျက်ခုံးပင့်၍ ပျော်မြူးရိပ်ဝေကာ သူမကို ကြည့်လိုက်သည်။

သူမ ‘တင်အောက်မှာလေ ‘ လို့ ပြောနိုင်စရာအကြောင်းမရှိဘူးလေ၊ ဟုတ်တယ်မလား။

ရှက်ပြီး တိတ်နေတဲ့ မျက်နှာငယ်လေးအား လုံယန်ငေးကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ ကိုယ်ခုနက ကိုယ့်ဘာကိုယ်ထိုင်ပြီးတဲ့နောက်မှာမှ မင်းက ဒီပေါ်လာထိုင်တာလေ “

အမှန်တွင် သူမသည် လုံယန်အား ထိုင်ခုံတစ်ခုအဖြစ်လုပ်ကာ ထိုင်မိခဲ့ခြင်းသာဖြစ်သည်။

ထို့အပြင် သူမ အစာနှင့်သောက်စရာတွေအား မျက်နှာအပ်ထားသည့်တစ်လျှောက်လုံး၌ ထိုသူ့ပေါင်ပေါ်မှာပဲ ထိုင်နေခဲ့မိသည်။

လုလျန့်ဝေ ရှက်လည်းရှက်ပြီး အနည်းငယ်လည်း ဒေါသထွက်သွားသည်။

သို့သော်လည်း သူမက သူ့အပေါ်မှာ ထိုင်ခဲ့ပြီးဖြစ်တာကြောင့် အချိန်ပြန်လှည့်ပြီး မထိုင်လို့လည်း မရတော့ပေ။

လုလျန့်ဝေ အမြန်ထရပ်လိုက်သည်။

လုံယန်က ချက်ချင်းထမရပ်ဘဲ ပြုံးလျက်နှင့် ပြောသည်။

လုလျန့်ဝေက ပန်းကန်အလွတ်တွေအား ဘေးပို့ကာ နောက်မှ ကျူးယွီဆေးဖို့ထားလိုက်သည်။

လုံယန် ခြေတစ်ချောင်းမြှောက်ကာ နောက်တစ်ချောင်းကို ထပ်ချိတ်ရင်း အကြောင်းအရာပြောင်းပြောလိုက်သည်။

လုလျန့်ဝေက မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အနည်းငယ် တွေဝေသွားသည်။ သူ့ရဲ့ အပြုအမူက အိန္ဒြေပျက်ပြားတာသေချာပေမဲ့ အဲ့တာက သူ့ရဲ့ဥပဓိကို လုံးဝပျောက်ကွယ်မသွားစေကြောင်း ခံစားမိလိုက်သည်။

သူမခေါင်းငြိမ့်လိုက်သည်။ စားချင်တဲ့ဟင်းကို စားလိုက်ရသဖြင့် စိတ်ခံစားချက်လည်း ကောင်းမွန်လာလေသည်။ လုလျန့်ဝေက ရိုးသားစွာဖြင့် ချီးကျူးစကားပြောလိုက်သည်။

“ ရှင့်ရဲ့ အိမ်တော် နန်းတွင်းစားတော်ကဲက အံ့ဩစရာကောင်းတဲ့ အချက်အပြုတ်စွမ်းရည်ရှိတာဘဲ “

လုံယန်က သူမကိုငေးရင်း စူးရှစွာဖြင့်ပြောသည်။

“ မကြာခင် ကိုယ့်အိမ်က မင်းအိမ်ဖြစ်လာမှာပါ “

အပိုင်း (၄၂၉)

အဲ့မှာကိုယ်တို့ကလေးတွေရောရှိလာလိမ့်မယ်။

လုလျန့်ဝေ ခဏကြောင်သွားပြီး မြန်မြန်ခေါင်းငြိမ့်သည်။

“ ဟုတ်ပါတယ် “

လုံယန် အံ့ဩသွားရသော်လည်း ချက်ချင်းဆိုသလို ကြည်နူးမှုအား ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူမက ထိုကိစ္စအား ဆန့်ကျင်နေသည်မဟုတ်။

ပန်းကန်တွေကို အဝေးဖယ်ပြီးနောက် လုလျန်ဝေ လုံယန်ဘက်သို့လှည့်ကာ အလေးအနက်ပြောလေသည်။

“ ရှင်ပြောလိုက်တဲ့အိမ်မှာ အတိအကျအနေနဲ့ လူဘယ်နှစ်ယောက်ရှိလဲ “

လုံယန်က သူမ အဲ့လိုမေးခွန်းမျိုး မေးလိမ့်မည်ဟု မထင်ထားတာကြောင့် ဖြေရကျပ်သွားသော်လည်း တုန့်ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်သည်။

“ တကယ်လို့ မင်းသာ စိတ်မရှိဘူးဆိုရင် အနာဂတ်မှာ ကိုယ်တို့ကလေးလေးတွေပါရှိလာမှာပေါ့ “

လုလျန့်ဝေ သူ့ရဲ့ ပထမအဖြေမှာ ရင်ထဲနွေးသွားသော်လည်း နောက်ထပ်တစ်ဝက်ကို ကြားလိုက်ရသည့်အခါမှာတော့ သူမနောက်တစ်ခါရှက်သွားရပြန်တော့သည်။

“ ကျွန်မတို့ လက်တောင်မထပ်ရသေးဘူးလေ။ အရမ်းကြီး အရှေ့ကြိုတွေးလွန်းနေတာ မဟုတ်ဘူးလား “

လုံယန်ရဲ့ ကိုယ်ထဲက သွေးထိုးနေမှုက ငြိမ်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် ထရပ်ပြီး သူမအား လက်မောင်းတို့ကြား ရစ်နှောင်လိုက်ကာ အသံတိုးတိုးဖြင့်

“ ဝေဝေ၊ ကိုယ်က အဲ့လောက် ငယ်တော့တာမဟုတ်ဘူး “

လုလျန့်ဝေ အချိန်တစ်ခုမျှ တောင့်ခဲသွားပြီးနောက် ဖြည်းဖြည်းချင်း စိတ်လျှော့လာပြီး ခေါင်းငြိမ့်ပြသည်။

လုံယန်၏ ကိုယ်ကတောင့်သွားကာ သူ့လက်မောင်းကြားက ကောင်မလေးကို စိုက်ကြည့်၍ မျက်မှောင်တို့ကို စုကျုံ့ရင်း မေးလိုက်သည်။

လုလျန့်ဝေက ခေါင်းမော့ကာ ထိုသူ့အား ကြည့်လိုက်သည်။ လုံယန်ရဲ့ ခက်ထန်သည့် မျက်နှာအားမြင်ရတဲ့အခါ လွတ်မြောက်ရမည်ဟူသည့် အသိစိတ်လှိုင်းကြီးတစ်ခုကို ခံစားမိလိုက်ပြီး ခေါင်းကို အတင်းကာရော ခါပြတော့သည်။

“ လုံးဝမဟုတ်ပါဘူး။ ရှင်က ဒီအတိုင်း ပြည့်စုံပါတယ်၊ အရှင်မင်းကြီး။ ရင့်ကျက်တယ်၊ တည်ကြည်တယ်၊ လက်တွေ့ကျတယ်လေ “

လုံယန်က သူမကိုယ်တစ်ဝိုက်က လက်တို့ကို တင်းကျပ်လိုက်ပြီး သူမကို ပိုနီးနီးကပ်ကပ်ဖက်ထားကာ သူ့ နှုတ်ခမ်းထောင့်တို့ကလည်း မြောက်နေလျက်ရှိသည်။

“ ဘယ်လောက်တောင် ချိုသာလိုက်တဲ့ နှုတ်ခမ်းမျိုးရှိနေတာလဲ၊ မိန်းကလေးရဲ့ “

လုလျန့်ဝေ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သော်လည်း စိတ်ထဲကနေတော့ သူမဘာသာ အတွန့်တက်နေလိုက်သည်။

‘ သူဘဲ သူ့ဟာသူ မငယ်တော့ဘူးလို့ပြောပြီး တခြားသူပြောတော့ကျ လက်မခံဘူး။ ဘယ်လောက်တောင် ကျေနပ်အောင်လုပ်ပေးဖို့ခက်တဲ့သူလဲ ‘

သူ့လက်မောင်းကြားထဲ၌ တိတ်တိတ်ကလေးနှင့် ကျုံ့ကျုံ့ကလေးဖြစ်နေသည့် ကောင်မလေးအားကြည့်ကာ လုံယန် တစ်ခုခုကိုတွေးမိပြီး မေးလိုက်သည်။

“ ကိုယ်အခုနလေးက ရောက်လာတော့ ဘာတွေရယ်နေတာလဲ “

“ အဲ့တာဆို ကိုယ်က အသံတွေကြားယောင်နေတာများလား “

လုလျန့်ဝေက မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလေသည်။

လုံယန်က သူမအား အတော်ကြာ စူးရဲစွာ ကြည့်နေလိုက်ပြီးနောက် ရုတ်တရက် လက်ဆစ်ဖြင့် သူမနှဖူးကို ငြင်သာစွာခေါက်လိုက်သည်။

လုလျန့်ဝေက နဖူးကို အလိုအလျောက်ကာလိုက်ပြီး သူမ မတရားခံရတာကို မပြောရဲသော်လည်း သူမရဲ့ လှပတဲ့မျက်လုံးလေးကတော့ စိန်းစိန်းဝါးဝါး ကြည့်နေလေသည်။

သို့သော် လုံယန်က တဒင်္ဂကြောင်အ သွားပြီးနောက် ရုတ်တရက် သူမလက်ကို ဆွဲကာ နဖူးကို ကြည့်ပြီးပြောလိုက်သည်။

“ မင်း အသားညိုသွားတယ်လို့ ကိုယ်ဘာလို့ထင်နေတာပါလိမ့် “

လုံယန်က ပေါ့ပေါ့ပါးပါးဘဲ သူမကို မ ကာ ပေါင်ပေါ်တင်လိုက်ပြီး သူမ မျက်နှာ အနားကပ်၍ စစ်ဆေးနေခဲ့သည်။

သူ ဘာလို့ တင်ထားရတာကို အရမ်းစွဲလမ်းနေတာလဲ။ ဘယ်လိုဘဲဖြစ်ဖြစ် သူမ နည်းနည်းလေးတောင် မလှုပ်ရဲတော့ပေ။

လုလျန့်ဝေသည် သူ့ရဲ့လည်ပင်းအင်္ကျီအနားသားက ငွေချည်မျှင်ကို သူမ လက်နဲ့ ဖယ်ပေးလိုက်ရင်း စစနောက်နောက်လေသံဖြင့်ပြောလိုက်သည်။

လုံယန် သူမကို ကြည့်ရင်း ရုတ်ခြည်း စားပွဲပေါ်တွန်းချကာ အပေါ်ကထပ်မှီ၍ နမ်းလိုက်သည်။

လုလျန့်ဝေ ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ခဲ့။ ထိုအစား ပိုနက်နက်ရှိုင်းရှိုင်းနမ်းလာစေဖို့ တွန်းအားပေးလိုက်သလိုပင်ဖြစ်သွားသောကြောင့် သူမ ချက်ချင်းဘဲ ရှက်လည်းရှက်ကာ စိတ်လည်းရှုပ်လာတော့သည်။

သူမ အခုလေးတင်စားထားပြီး ပါးစပ်မဆေးရသေးဘူးလေ။ သူ တကယ်ဘဲ စိတ်ထဲမထားတာလား။

အဲ့လိုသာဆိုရင်တော့ နောက်တစ်ခါ သေချာပေါက် ကြက်သွန်ဖြူစားထားပြီး သူ့ကို နံစော်နေအောင် လုပ်ပစ်မည်ဟုတေးလိုက်သည်။

လုလျန့်ဝေ ထိုရက်စက်တဲ့အတွေးကို သူမဘာသာတွေးနေခဲ့သည်။ ခဏအကြာမှာတော့ သူမ ပုခုံးကအေးစက်မှုကိုခံစားရ၍ ထခုန်လိုက်သည်။ အဲ့ကျမှ သူမအသိစိတ်ပြန်ကပ်လာပြီး လျော့ကျစပြုနေတဲ့ အင်္ကျီတွေကို ပြန်ဆွဲတင်လိုက်ရသည်။

လုံယန်သည် သူ့ရင်ထဲမှ နောင်တအနည်းငယ်နဲ့ သူမအား အဆုံးမရှိသည့် မျက်ဝန်းတွေဖြင့် ငေးကြည့်နေသည်။

သူသည် သူမရဲ့ နူးညံ့တောက်ပတဲ့အသားအရေအား လျှပ်ခနဲသာမြင်လိုက်ရပြီး တမဟုတ်ချင်းမှာဘဲ မရှိတော့ဘူးဖြစ်သည်။

သူ့လက်ချောင်းတွေမှာ သူမ ခါးတစ်ဝိုက်နားဝဲနေခဲ့သော်လည်း အပေါ်သို့ ဆက်မတက်ဖြစ်လိုက်ချေ။

သူသည် သူမ အဝတ်ပြန်ပြင်ညှိနေသည်အား ကူပေးခဲ့ပြီး အသံနိမ့်နိမ့်အက်အက်ဖြင့်ဆိုလိုက်သည်။

လုလျန့်ဝေ အခုလေးတင်ဖြစ်ခဲ့တဲ့အရာကြောင့် ရှက်နေသေးတုန်း ထိုစကားအား ကြားလိုက်ရသောကြောင့် စိတ်ရှုပ်ထွေးသလိုကြည့်လိုက်သည်။

“ မင်း ချူးကျူကို စုံစမ်းခိုင်းတာနဲ့ပတ်သက်ပြီး ကိုယ်အကုန်သိတယ် “

လုံယန်က ပေါ့ပါးစွာဖြင့် ဆက်ပြောသည်။

“ ကိုယ့် အကူအညီမလိုတာ သေချာရဲ့လား “

လုလျန့်ဝေ တုန်လှုပ်သွားသည်။

“ ချူးကျူ ပြောပြတာလား ရှင့်ကို “

အပိုင်း (၄၃၀)

လုံယန် ဒေါသထွက်နေခဲ့သည်။

လုံယန် ခေါင်းခါပြသည်။

“ မဟုတ်ဘူး။ ကိုယ်ကလည်း မင်း ချူးကျူကို စုံစမ်းခိုင်းတဲ့ကိစ္စကိုဘဲ စုံစမ်းဖို့ အမိန့်ပေးလိုက်တာနဲ့ ကြုံသွားလို့ပါ “

လုလျန့်ဝေ သူ့ကို တအံ့တဩကြည့်လိုက်သည်။

“ ဘယ်လိုဖြစ်ပြီးတော့လဲ။ ရှင်ကရော ဘာလို့ ..... “

“ ချူးချီက မြို့စားမင်းအိမ်တော်က ပွဲကျင်းပတဲ့အချိန်အတောအတွင်း ချူးယီကို တစ်ယောက်ယောက်က အနောက်ကလိုက်နေတယ်လို့ တင်ပြလာတယ်။ ပြီးတော့ ချူးယီက သူတို့ကို ဖမ်းမိသွားတဲ့အခါကျ သူက သူတို့ကို နှိပ်စက်ပြီး နောက်ကွယ်ကသူရဲ့သရုပ်မှန်ကို သိရဖို့ ဝန်ခံခိုင်းတယ် “

“ တကယ်လား “

လုလျန့်ဝေ အံ့ဩသွားရသည်။

“ အဲ့တာဆို ဘယ်သူလဲ “

“ အဲ့တာက အိမ်ရှေ့စံမင်းသမီးရဲ့ အနီးကပ်အစေခံ ဟုန်ရှို့လို့ ကိုယ့်ကိုပြောတယ် “

အဲ့တာကိုကြားသည့်အခါ လုလျန့်ဝေ ချက်ချင်းဘဲ နားလည်လိုက်ပြီး မထူးခြားတဲ့လေသံဖြင့် ပြောလိုက်သည်။

“ ကျွန်မအစ်မတော်က တကယ်ကို စိတ်ပူစရာတွေရဲ့ အကြောင်းပြချက်ဘဲ “

သူ အစကတော့ သတိမထားမိပေမဲ့ စုံစမ်းကြည့်ပြီးသည့်နောက် လုယွင်ရွှမ်းဟာ ဘယ်လောက်တောင် တုန်လှုပ်ပြီးကြောက်စရာကောင်းတဲ့သူမျိုးလဲဆိုတာ သိခဲ့ရသည်။ သူမက တရားဆောင်အမတ်တွေအား မိန်းမလှလေးတွေ၊ ငွေတွေနှင့် လာဘ်ထိုးဖို့ မကြောက်ရွံ့သူဖြစ်သည်။

သူ့လေသံအရ သူတစ်ခုခုကို ရှာတွေ့ထားတာ ဖြစ်ကောင်းဖြစ်နိုင်နေမှန်း လုလျန့်ဝေသိ၍ စိတ်လှုပ်ရှားစွာဖြင့်မေးလေသည်။

“ ဒါဆို အရှင် ဟုန်ရှို့ရယ် အိမ်ရှေ့စံမင်းသမီးရယ်နဲ့ ပတ်သက်ပြီး အညှီနံ့မကင်းတဲ့တစ်ခုခုဖြစ်နေတယ်လို့ ထင်တာကြောင့် သူတို့ကို လူလွှတ်ပြီး စောင့်ကြည့်နေတယ်ပေါ့ “

လုံယန် သူမကို နားလည်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဟုတ်တယ်။ ပြီးတော့ အရှေ့နန်းတော်တင်မဟုတ်ဘူး ကိုယ် မြို့စားချန်အိမ်တော်ကိုလည်း စောင့်ကြည့်ခိုင်းထားတယ်။ သူတို့ ထူးဆန်းတဲ့တစ်ခုခုလှုပ်ရှားတာနဲ့ ကိုယ်ချက်ချင်းသိရမှာပါ။ ဒါပေမဲ့ ကိုယ်က အချိန်တစ်ခုလောက် နယ်စပ်ကိုသွားပြီး တော်ဝင်အစ်မတော်ကို သွားခေါ်ဖို့ ထွက်သွားခဲ့ရတယ်။ အဲ့အချိန်အတွင်းမှာဘဲ သူတို့ကိုစောင့်ကြည့်ဖို့ အမိန့်ပေးထားခဲ့တဲ့ လျှို့ဝှက်အစောင့်တွေက သဲလွန်စတွေ အများကြီးရှာတွေ့ခဲ့ပြီး မနေ့ကလေးတင်မှ ကိုယ့်ကို သတင်းပို့ပေးခဲ့ကြတာ “

လုလျန့်ဝေက ထိုစကားအား ကြားရသည့်အတွက် ဝမ်းသာသွားသော်လည်း သူမ တစ်ခုခုကိုတွေးမိပြီး တည်ငြိမ်စွာမေးလိုက်သည်။

“ ဘာလို့ မြို့စားမင်းချန်အိမ်တော်ကိုပါ လူလွှတ်စောင့်ကြည့်ခိုင်းတာလဲ “

ဤစကားအားကြားသည့်အခါ လုလျန့်ဝေ ဒီကိစ္စရဲ့ အခရာကို သိသွားရတော့သည်။

သူမ သူ့ကို လင်မိသားစုသင်္ချိုုင်းကို ခေါ်သွားတဲ့နေ့ကတည်းက သူက ကိစ္စတွေအများကြီးကို သိထားပြီးတာဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက အဲ့တုန်းက သူ့ကို ဘာမှမပြောပြထားခဲ့တာကြောင့် သူကလည်း ဘာမှအပိုဆောင်းမမေးခဲ့တာဖြစ်သည်။

သို့သော်လည်း လုံယန်က အားလုံးကို သိထားပြီးသားပင်ဖြစ်သည်။

သူမက သူ့ကို ကွက်ကျော်နိုင်ပြီလို့ ထင်ထားခဲ့မိသည့်အပေါ် ရုတ်တရက်ရှက်စိတ်ဝင်မိသည်။

ဤအချိန်မှာတော့ သူမ သူ့ဆီကနေ ထပ်ပြီး ဖုံးကွယ်မထားနိုင်တဲ့အရာတွေ ရှိလာတော့သည်။

“ လင်ချင်းယွမ် သေချင်ယောင်ဆောင်ခဲ့တာက ဘာလို့လဲဆိုတော့ သူမက ချန်ကျူပင်းနဲ့ လုယွင်ရွှမ်းတို့ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကြံစည်ပြီး သာမန်အမျိုးသမီးပြည်သူတွေကို ပြန်ပေးဆွဲနေတာမြင်ခဲ့လို့ပါ။ ချန်းကျူပင်းက လင်ချင်းယွမ်ကို သတ်ချင်ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သူက သူမကို လက်ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်ချင်နေတာ “

“ လင်ချင်းယွမ်က သူမရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အရှုံးမပေးချင်တာကြောင့် ကျွန်မကို ကူညီပေးဖို့ တောင်းဆိုလာတာ။ သူမကို သေချင်ယောင်ဟန်ဆောင်ခိုင်းလိုက်ပြီး လက်ထပ်ပွဲကိုရှောင်ရင်း ချန်ကျူပင်းနဲ့ လုယွင်ရွှမ်းတို့ရဲ့ ပြစ်မှုတွေကို တိတ်တဆိတ်စုံစမ်းဖို့ အကြံရလာတာ။ သူမ သက်သေကို သတိရတာနဲ့ သူမကို ရှင့်ဆီခေါ်လာပြီး ချန်ကျူပင်းနဲ့ လုယွင်ရွှမ်းကို အပြစ်ပေးခိုင်းဖို့ တောင်းဆိုမလို့ဘဲ “

“ လင်ချင်းယွမ်က အိမ်ရှေ့စံမင်းသားရဲ့မောင်းမချန်ကို လူနှစ်ယောက်က မေ့လဲအောင်လုပ်ပြီး မြို့တော်ကနေခေါ်သွားတာကိုလည်း မြင်ခဲ့သေးတယ်။ လင်ချင်းယွမ်က သူတို့နောက်ကိုလိုက်ရင်း အသက်တောင်သေဆုံးရှုံးရတော့မလို့။ ကျွန်မအထင် လုယွင်ရွှမ်းက အဲ့အမျိုးသမီးတွေကို ရှဝူမြို့ထဲမှာ ဖမ်းထားတာလို့ ထင်ပေမဲ့ ကျူက သွားစုံစမ်းတော့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဖူး “

လုလျန့်ဝေက သူမသိတဲ့ ဇာတ်လမ်းအား မရပ်မနားပြောခဲ့သည်။

လုလျန့်ဝေ လက်ခံယူပြီး တစ်ငုံချင်းစီသောက်လိုက်သည်။

သူမပြောတာကြားပြီးသည့်နောက်မှာတော့ လုံယန်က ပုံမှန်နဲ့မတူဘဲ ဒေါသထွက်လာခဲ့သည်။

“ အမျိုးသမီးတွေကို မှောင်ခိုကုန်ကူးနေတာပေါ့။ မိသားစုတွေကလည်း ပျောက်နေတဲ့သမီးတွေကို ရုံးတင်မတိုင်ကြားဘူးလား။ ပြီးတော့ ဒေသခံအရာရှိတွေကလည်း ဘာလို့ ဘာတင်ပြချက်မှ မလုပ်ကြတာလဲ “

လုလျန့်ဝေ တစ်စုံတစ်ခုအား တွေးမိပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ အဲ့ဒီအရာရှိတွေကိုရော လာဘ်ထိုးထားတာဖြစ်နေမလား “

လုယွင်ရွှမ်းနှင့် ချန်ကျူပင်းတို့ တိတ်တဆိတ်စီမံနေတဲ့ကိစ္စတွေဟာ နည်းနည်းလေးတော့မဟုတ်တာ သေချာနေသောကြောင့် သူတို့ သေချာပေါက် နယ်ပယ်ချဲ့ လက်အောက်ခံတွေလိုလိမ့်မည်ပင်။

သူတို့က လက်အောက်ခံတွေအများကြီးကို ဘယ်ကနေ ငှားထားပြီး ရလာကြတာလဲ။

All Chapters