← Chapters

အခန်း (၄၃၁-၄၃၃)

Vol. 9 Ch. 431-433

အခန်း (၄၃၁-၄၃၃)

Vol. 9 Ch. 431-433

အပိုင်း (၄၃၁)

မင်းက သူ့အတွက် စိတ်မကောင်းဖြစ်နေတာလား။

အဲ့လောက်များတဲ့လူအင်အားက သေချာပေါက် မြို့နယ်အရာရှိတွေကို သတိမူမိစေနိုင်ပေမဲ့ ပြဿနာကို အခုထိ မထုတ်ဖော်သေးတာကြောင့် အဲ့ဒီအရာရှိတွေကလည်း ဒီလျှို့ဝှက်အကြံအစည်ရဲ့ ကြံရာပါတွေဖြစ်နိုင်ချေက အရမ်းကိုမြင့်သည်။

ဤသည်မှာ လုယွင်ရွှမ်းက အကြောက်အလန့်မရှိပြောင်ပြောင်တင်းတင်းလုပ်နိုင်နေသည့်အကြောင်းဖြစ်သည်။

သို့ပေမဲ့ ဒါတွေသာ တကယ်ကို အမှန်ဖြစ်နေမယ်ဆိုပါက လုယွင်ရွှမ်းရဲ့ပြစ်မှုက အလွန်ကိုပို၍ပြင်းထန်မှာဖြစ်ပြီး မြို့စားမင်းမိသားစုတောင်မှ ပတ်သက်နေနိုင်သည်.......

ဒီအချက်ကိုတွေးပြီး လုလျန့်ဝေ မျက်မှောင်ကြုတ်သည်။

လုံယန်ကလည်း ဒီကိစ္စမှာ အရာရှိတွေပါဝင်နေမည့်ဖြစ်နိုင်ချေကိုတွက်စပြီး အတော်လေးကို ဒေါသထွက်နေသည်။

ဒါတွေဟာ အမှန်ဖြစ်နေပါမူ လုယွင်ရွှမ်းနဲ့ ချန်ကျူပင်းတို့ရဲ့ သေခြင်းကတောင် သူတို့၏ အပြစ်ကိုဆေးကြောရန်အတွက် လုံလောက်မည်မဟုတ်။ ပါဝင်ပတ်သက်နေသည့် အရာရှိတွေလည်း ထိုနည်း၎င်းဖြစ်သည်။

လုံယန် မျက်လွှာကိုချကာ သူ့လက်ကိုဆွဲထားသည့် သူမလက်ကို ကြည့်သည်။ သူ့ရင်ထဲက ဟုန်းဟုန်းတောက်နေတဲ့ အမျက်တို့က တိတ်တဆိတ်ဘဲ ပျောက်ကွယ်သွားတော့သည်။ သူက လုလျန်ဝေရဲ့လက်ကို ပြန်ညှစ်လိုက်ပြီး

“ ကိုယ်သိပါတယ်။ မပူပါနဲ့။ ဒီပြစ်မှုတွေက အမှန်အဖြစ်ပေါ်ထွက်လာမယ်ဆိုရင်တောင် မြို့စားမင်းမိသားစုက ပြဿနာထဲမပါစေရပါဘူး “

ထိုအခါ စိတ်သက်သာရာရသွားသော လုလျန့်ဝေက နူးညံ့စွာဖြင့်မေးသည်။

“ အဲ့တာဆို ရှင် စုံစမ်းဖို့စေလွှတ်ထားတဲ့သူဆီက သတင်းတစ်ခုခုများရသေးလား၊ အရှင်မင်းကြီး။ ချန်ချူးယွီက ဘယ်ကိုခေါ်သွားခံရတာလဲ “

လျှို့ဝှက်သက်တော်စောင့်က သူ့အမိန့်ဖြစ်တဲ့ အရှေ့နန်းတော်နဲ့ မြို့စားမင်းချန်ကို စောင့်ကြည့်ရမည်ဆိုတဲ့အလုပ်ကိုသာ ဆောင်ရွက်ခဲ့တာကြောင့် ချန်ချူးယွီက သူတို့ရဲ့ လုပ်ငန်းဆောင်တာတစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့ချေ။ အကယ်၍ သူမကို ထိုနေရာမျိုးသို့ ခေါ်ဆောင်သွားခံခဲ့ရရင်တောင်မှ သူတို့က သူ့အမိန့်မပါဘဲ ကယ်တင်ကြမှာမဟုတ်။

သို့ပေမဲ့ သူ့ကို သွေးအေးတဲ့သူတစ်ယောက်အဖြစ် အထင်ခံရမှာကို စိုးရိမ်တာကြောင့် ဝေဝေအရှေ့မှာ ထိုစကားလုံးတွေကို မပြောနိုင်ခဲ့ချေ။

“ လျှို့ဝှက်ကိုယ်ရံတော်တွေက သူမကို တွေ့တဲ့အခါ အရမ်းကိုနောက်ကျသွားနေနှင့်ပြီ “

သူလက်ကိုမြှောက်ပြီး သူမခေါင်းလေးကို ပွတ်ပေးလိုက်ပြီး သူမကို မထိတ်လန့်စေလိုတာကြောင့် ချော့ချော့မော့မော့ဖြင့် ပြောလိုက်သည်။

“ သူမက ဒီအတိုင်း သိပ်မထင်ရှား၊ အရေးမကြီးတဲ့သူတစ်ယောက်ပါဘဲ။ သူမအတွက်နဲ့ အရမ်းကြီးစိတ်အရှုပ်မခံပါနဲ့ “

လုလျန့်ဝေက ချန်ချူးယွီကို မသိချေ။ သို့သော် လုလျန့်ဝေ သူမကို ကိုယ်ချင်းစာပေမဲ့ သူမကို အလွန်ကြီးစိတ်ပူနေတာမျိုးထိတော့မဖြစ်မိပါ။

“ အိမ်ရှေ့စံမင်းသားကတော့ အခု သေချာပေါက်ကို ချိုတပ်ရတော့မှာဘဲ “

သို့ပေမဲ့ လုံယန်က သူမ စကားကို ကြားလိုက်ရကာ မျက်မှောင်ကြုတ်သည်။

“ မင်းက သူ့အတွက် စိတ်မကောင်းဖြစ်ပေးနေတာလား “

လုလျန့်ဝေ တဒင်္ဂတောင့်သွားပြီး မျက်တောင်ခတ်ကာ သူ့ကို ကြောင်အစွာကြည့်လိုက်သည်။

“ သေချာပေါက် မဖြစ်ဘူးပေါ့။ သူ့ဘဝ သေရေးရှင်ရေးက ကျွန်မနဲ့ ဘာများ သက်ဆိုင်နေလို့လဲ “

လုလျန့်ဝေ သူမလက်ကို ဒေါသတကြီးဆွဲရုတ်လိုက်သည်။

“ သူအဲ့လိုဖြစ်လို့ ကျွန်မက ပျော်တောင်နေသေးတယ်ဆိုတာ ရှင် ကြည့်ရုံနဲ့ မပြောနိုင်ဘူးလား “

လုံယန် သူမစကားတွေကိုကြားမှ စိတ်အနည်းငယ်သက်သာသွားရပြီး သူမ မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ သူမကို အနီးကပ်ကြည့်သည်။ သူ့မျက်ဝန်းထဲက စိတ်မကျေနပ်မှုတို့က လုံးဝကို ပျောက်သွားရတော့သည်။ သူမစကားရဲ့ အမှန်တရားက ဘာဘဲဖြစ်နေပါစေ လုလျန့်ဝေ ထိုကဲ့သို့ပြောတာ ကြားလိုက်ရရုံဖြင့် သူ ဝမ်းသာရသည်။

လုလျန့်ဝေ သူ့လက်ကို ဖယ်ချပြီး နှုတ်ခမ်းကို စူပုတ်ပုတ်ဖြင့်ဆိုသည်။

“ ကျွန်မက သူနဲ့ အဆက်အသွယ်တွေကိုဖြတ်ထားတာ ဟိုးအကြာကြီးကတည်းပါ။ ရှင်က ကျွန်မကို အခုထိ မယုံဘူး ဟုတ်တယ်မလား “

လုလျန့်ဝေက အခုထိ အနည်းငယ်မပျော်မရွှင်ဖြစ်နေသေးသည်။

သူ့ရဲ့ခံစားချက်ကို လုလျန့်ဝေ နားလည်ပေးနိုင်ပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ် မူလခန္ဓာပိုင်ရှင်ရဲ့ လုံချီအပေါ်စွဲလမ်းမှုက ပြောစမှတ်ဖြစ်ဖူးခဲ့သည်။ သူမက လုံချီအပေါ် ရုတ်တရက် ခံစားချက် လုံးဝမရှိတော့ဘူးဆိုတာကို ဘယ်သူကမှ ယုံနိုင်မှာမဟုတ်တာကြောင့် လုံယန်ကလည်း အပါအဝင်ဖြစ်ကောင်းဖြစ်နိုင်သည်။

တခြားသူတွေ ဘယ်လိုထင်ကြမလဲ သူမ ဂရုမစိုက်ပေမဲ့ လုံယန်ကိုတော့ သူမအား ထိုကဲ့သို့တွေးမှာကို သူမ မလိုလားပေ။

အပိုင်း (၄၃၂)

လုံယန်၏ သဝန်တိုစိတ်

အကြောင်းပြချက် တစ်ချို့ကြောင့် သူက သူမအပေါ် အထင်လွဲမှာကို လုလျန့်ဝေ မလိုချင်ပါ။

ဒီအကြောင်းနဲ့ပတ်သက်တဲ့အတွေးက သူမကို အနည်းငယ်သုန်မှုန်စေသည်။

“ အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့အတိတ်က ရှင့်ကို အများကြီးစိတ်မသက်မသာဖြစ်စေတာလား “

သူမရဲ့ လှပတဲ့မျက်ဝန်းတွေက သူ့ရဲ့မျက်နှာမှပြောနေသည့်အချက်တွေကို ရှာဖွေနေသည့်အလား သူ့ကို အနီးကပ်ကြည့်နေသည်။

သို့ပေမဲ့ သူဟာ အမြဲတမ်း မျက်နှာမှစိတ်ဖတ်ဖို့ မလွယ်ကူသည့်သူတစ်ယောက်ဖြစ်သည်။

သူက သူမအပေါ် နူးညံ့ပေးသည့်အခါတွေတင်တောင်မှ သူ့မျက်ဝန်းတွေက နက်ရှိုင်းနေပြီး ခန့်မှန်းလို့မရချေ။ သူ ဘာတွေတွေးနေလဲဆိုတာကို ခန့်မှန်းဖို့က မဖြစ်နိုင်ချေ။

သူမက စိတ်ပျက်လက်ပျက်ဖြင့် မျက်လွှာပြန်ချသွားသည်။

သေချာပေါက်က ဒါက လုံယန်ကို စိတ်မသက်မသာဖြစ်စေတာပေါ့။ မဖြစ်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

လုလျန့်ဝေက လုံချီအတွက်နဲ့ သူမကိုယ်သူမ အစွန့်လွှတ်ခံဖို့ဆန္ဒရှိခဲ့ကြောင်းကို မှတ်မိနေတဲ့အခါ ပို၍ပင် စိတ်ထဲနေမသာဖြစ်စေသည်။ ဒါနဲ့ ပတ်သက်ပြီး သူစိတ်ဆိုးသည်။

ဒီအကြောင်းတွေအားလုံးဟာ အတိတ်ကအရာတွေများသာဖြစ်သော်လည်း သူနှစ်သက်တဲ့မိန်းကလေးရဲ့နှလုံးသားထဲမှာ အခြားတစ်စုံတစ်ယောက်ကရှိခဲ့ဖူးသည်။ ဒါဟာ ငြင်းဆန်မရတဲ့အချက်တစ်ခုဖြစ်နေသည်။

သူ ဒီမိန်းကလေးကို ပိုပြီးပိုပြီးနှစ်သက်မိကြောင်း သိလာတာနဲ့အမျှ သူမရဲ့ ခန္ဓာရော နှလုံးသားကိုပါ သူပိုင်ဆိုင်ချင်လာပြီး သူတစ်ယောက်တည်းကသာပိုင်ဆိုင်လိုသည်။

ဒါကြောင့် သူမရဲ့ အတိတ်ကရူးသွပ်မှုတို့ကို တွေးမိတိုင်း သူ့နှလုံးသားထဲမှာ စူးရှတဲ့နာကျင်မှုတစ်ခုကိုခံစားရပြီး မပျော်ရွှင်ခြင်းအရိပ်တို့သန်းလာရသည်။

သို့ပေမဲ့ ဒီမိန်းကလေးရဲ့ နက်မှောင်လှပတဲ့မျက်ဝန်းတို့ကို မြင်ရတဲ့အခါ သူ့နှလုံးသားကို ဆန့်ကျင်ပြီး ပြောလိုက်သည်။

“ အဲ့တာက ကိုယ့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ တကယ်လို့ဖြစ်တယ်ဆိုရင် ကိုယ်က မင်းအပေါ်ချစ်မိသွားဖို့ကို ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုမိမှာမဟုတ်ဘူး “

သူ့စကားလုံးတွေက လုံးဝမှန်ကန်မနေဘူးဆိုတာကိုတော့ လုလျန့်ဝေခံစားမိပါသည်။

ဘယ်သူကမှ ဒီလိုကိစ္စမျိုးကြောင့် သက်ရောက်မှုမရှိတာ မဖြစ်နိုင်တာကြောင့် သေချာပေါက် သူ စိတ်အနှောင့်အယှက်ဖြစ်နေလိမ့်မည်။

မလိုလားနေတဲ့ဒီကောင်မလေးကို သူ့လက်မောင်းတို့ကြား အတင်းဆွဲဖက်လိုက်ပြီး ချော့မော့ပြောသည်။

“ ဒါတွေက ကိုယ့်အပြစ်ပါဘဲ။ မင်းက စိတ်မဆိုးပါနဲ့။ ကိုယ်က မင်းအပေါ် ဘာကြောင့်များ စောစောမချစ်မိသွားတာလဲဆိုတာနဲ့ပတ်သက်ပြီး နောင်တရသွားလို့ပါ “

သူ့စကားတွေကို နားထောင်ရင်း လုလျန့်ဝေ သူ့လက်မောင်းတို့ကြား မှီပြီးနေနေသည်။ မှီနေရာက မတတ်နိုင်ဘဲ သူမစိတ်ထဲကနေ ချိုမြမြ နဲ့ ယားကျိကျိခံစားချက်ကိုရနေသည်။

‘ အခုတော့ ရှင် ကျွန်မအပေါ် သဘောကျလာတာကဘဲ ကံကောင်းလှပါပြီ ‘

ခဏမျှ တုန့်ဆိုင်းပြီးတော့မှ လုလျန့်ဝေ ရုတ်တရက် သူ့ခါးတစ်ဝိုက်ကို ဖက်ဖို့ လက်လှမ်းလိုက်သည်။

လုံယန်၏ ခန္ဓာကိုယ် တောင့်ခဲသွားပေမဲ့ အဲ့ဒီနောက် မှာတော့ ပျော်ရွှင်ရိပ်လှိုင်းလုံးက လိုက်လာသည်။

သူမအတွက် သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြပြီးကတည်းက သူမက ဘယ်တုန်းကမှ သူ့ကို ပွေ့ဖက်ဖို့ ဦးမဆောင်ခဲ့ဖူးပေ။

သူ့ရှေ့က နူးညံ့သိမ်မွေ့တဲ့ ဒီမိန်းကလေးက သူအရင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးတဲ့ အားရကျေနပ်တဲ့စိတ်ခံစားချက်ကို ယူဆောင်ပေးစွမ်းနိုင်သည်။

သူ့လက်မောင်းတွေကို တင်းတင်းညှစ်ပြီး သူမကို ကြားလေမတိုးတောင်ထိ ပြန်ဖက်ထားဖို့လုပ်တဲ့အချိန်မှာဘဲ လုလျန့်ဝေက ဖက်ထားရာကနေ လက်ဖယ်လိုက်သည်။ သူမ မျက်နှာမော့လာပြီး တည်ကြည်လေးနက်တဲ့အကြည့်ဖြင့် သူ့ကို ကြည့်သည်။

“ ရှင် ကျွန်မကို သံသယဝင်ခွင့်မရှိဘူး။ အတိတ်မှာဖြစ်ခဲ့တာတွေက လုံးဝမရှိဘူးလို့ ကျွန်မတို့ ဟန်ဆောင်လို့မရနိုင်ပေမဲ့ ရှင် ဒါကိုတော့ အမှတ်ရနေပေးပါ။ အဲ့ဒီရူးမိုက်တဲ့လုပ်ရပ်တွေကို လုပ်ခဲ့တာက ကျွန်မ မဟုတ်ဘူး။ အခုလက်ရှိရှိနေတဲ့သူကမှ ကျွန်မ အစစ်အမှန်ပါ “

လုလျန့်ဝေရဲ့ စကားတို့ကိုကြားတဲ့အခါ လုံယန်၏နက်ရှိုင်း ခန့်မှန်းရခက်တဲ့ မျက်ဝန်းထဲတွင် ထူးထူးဆန်းဆန်း ရှုပ်ထွေးသည့်အကြည့်တစ်ချက်ပေါ်လာသည်။ အဲ့ဒီရူးမိုက်တဲ့လုပ်ရပ်တွေလုပ်ခဲ့တဲ့သူက သူမ မဟုတ်ဘဲ အခုလက်ရှိသူမကမှ စစ်မှန်တဲ့သူဆိုတာ ဘာကိုဆိုလိုချင်တာလဲ။

သူ ဘယ်လောက်ဘဲ ထက်မြက်နေပါစေ သူမ စကားလုံးတို့ကြားက အဓိပ္ပာယ်ကို အချိန်တိုအတွင်းမှာ သူ နားလည်သဘောမပေါက်နိုင်ပေ။

သို့ပေမဲ့ သူ့စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးနေသော်လည်း သူ့ရှေ့က လေးနက်တဲ့အကြည့်နဲ့ကောင်မလေးကို မြင်ရတဲ့အခါ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုစကားကိုကြားတဲ့အခါမှ လုလျန့်ဝေ စိတ်သက်သာရာရသွားသည်။ သူမ လက်ဆန့်ပြီး သူ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။

“ ဒါဆို ကျွန်မပြောတဲ့စကားကို ရှင့်စိတ်ထဲမှာမှတ်ထားရမယ်။ အခု နောက်ကျနေပြီဆိုတော့ နန်းတော်ကို ပြန်ဖို့ အရှင်မင်းကြီး ပြင်ဆင်သင့်နေပါပြီ “

လုံယန် သူမကို တကယ်ဘဲ သူ့ရဲ့အဝတ်တွေနဲ့ထုတ်ပြီး သူနဲ့အတူ အဝေးကို သယ်ပြေးလိုက်ချင်မိသည်။

“ ကျွန်မက ရှင့်ကို နှင်ထုတ်နေတာ မဟုတ်ပါဘူး။ ရှင် အပြင်ရောက်နေတာ အတော်လေးကြာနေပြီလေ။ ရှင်ပြန်ပြီးတော့ နိုင်ငံရေးရာကိစ္စတွေ လုပ်ဖို့မရှိဘူးလား “

လုလျန့်ဝေ သူ့ပုံစံအတုခိုးကာ သူ့မျက်နှာကိုလည်း လှမ်းညှစ်လိုက်သည်။

“ အရှင်မင်းကြီးလည်းဘဲ လိမ်လိမ်မာမာနေပါ၊ ဟုတ်ပြီလား “

သူမက သူ့ကိုရုတ်တရက် လက်နဲ့မျက်နှာကို လှမ်းညှစ်လိုက်မယ်လို့ ထင်မထားတာကြောင့် လုံယန် အံ့ဩသွားရသည်။ သူက စူးရှတဲ့လေသံဖြင့်ပြောသည်။

လုလျန့်ဝေက သူ့ကို လုံးဝမကြောက်ပေ။ သူမက နှုတ်ခမ်းတထော်ထော်ဖြင့် ပြန်ပြောသည်။

“ ရာထူးမြင့်အရာရှိတွေကကျ မီးမွှေးလို့ရပေမဲ့ သာမန်လူတွေကကျ မီးပွားလေးညှိရင်တောင်မရဘူးလား။ ရှင် အရင် လုပ်တာလေ “

လုံယန်ရဲ့ ဩဇာလွှမ်းမိုးတဲ့လေထုက သူမကို အမြတ်နိုးကြည့်ရင်း ပျောက်ကွယ်သွားရသည်။

“ မင်းလိုမိန်းကလေးကဘဲ ကိုယ်အရှေ့မှာ ဒီလို ပြောင်ပြောင်တင်းတင်းလုပ်ရဲတာ “

“ မြို့စားမင်းကြီး၊ သခင်မလေးက နေ့လယ်ခင်းတစ်ရေးတစ်မောအိပ်နေပါတယ် .......... “

ကျူးယွီရဲ့ တုန်လှုပ်သွားတဲ့ အပြင်က အသံကို ကြားလိုက်ရလေသည်။

အပိုင်း (၄၃၃)

ညွှန်ကြားသည့်အတိုင်း အိပ်ရာပေါ်မှာ

လုလျန့်ဝေမျက်နှာပေါ်က အမူအရာပြောင်းသွားပြီး သူမက လုံယန်ကိုပြောသည်။

“ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်မ အဖေက ဒီရောက်နေတယ် “

လုံယန်နှုတ်ခမ်းတို့က မျဉ်းဖြောင့်ကဲ့သို့ တစ်သားတည်းဆန့်လိုက်သည်။ လုဟယ့်ထျန်း ရုတ်တရက်ရောက်လာလိမ့်မယ်လို့ သူ မထင်ထားပေ။

လုလျန့်ဝေကို အထိတ်တလန့်မဖြစ်ဖို့ပြောရန် ပြင်နေစဉ်မှာဘဲ သူမက သူ့လက်ကိုဆွဲပြီး အတွင်းခန်းထဲသို့ခေါ်သွားခဲ့သည်။

“ ဒီမှာ မြန်မြန် လှဲနေ။ ပြီးတော့ အသံမထွက်နဲ့နော် “

လုလျန့်ဝေက သူ့ကို သူမကုတင်ပေါ်မှာလှဲနေရန်အတွက် ကြိုးစားပြီး လုံယန်ကို တွန်းလိုက်သည်။

လုံယန် သူ့အရှေ့ကအရာကို ကြည့်လိုက်သည်။ ထိုအရာက သူ့အတွက် အရမ်းကိုသေးလွန်း ကျဉ်းလွန်းသည့် ကုတင်တစ်ခုဖြစ်သည်။ လုံယန် တွန့်ဆုတ်သွားသည်။

လုလျန့်ဝေ တံခါးကနေ အကြည့်မလွှဲနိုင်ပေ။ သူမအဖေရဲ့ ခြေသံတို့က ပိုပိုပြီးနီးကပ်လာစဉ်မှာဘဲ သူမလှည့်ကြည့်လိုက်တဲ့အခါ လုံယန်က မရွေ့တာကြောင့် စိတ်လှုပ်ရှားပြီး သူ့ကို လုလျန့်ဝေ ကုတင်ပေါ်သို့ တွန်းချလိုက်သည်။

သို့ပေမဲ့ ဒီကောင်မလေးက သိသိသာသာပင် ထိတ်ထိတ်ပျာပျာဖြစ်နေပြီး အတော်လေးကို စိတ်ပူပန်နေတာကြောင့် အဲ့လိုအတွေးမျိုး သူမစိတ်ထဲမရှိတော့ပေ။

ဒီအတွက် သူမက မထင်မှတ်ထားတာကြောင့် သူ့ရဲ့ဖွင့်ဟထားသော လက်မောင်းတို့ကြားထဲ တည့်တည့်လဲကျသွားရတော့သည်။

လုလျန့်ဝေမျက်နှာရှုံ့မဲ့လိုက်သည်။ သူမ ရုန်းကန်ဖို့လုပ်တဲ့အချိန်မှာဘဲ လုံယန်က သူမရဲ့ နားနားလေးကိုကပ်လာပြီး တိုးတိုးလေးပြောသည်။

“ ကျူးယွီက မင်းအိပ်နေတာလို့ အခုလေးတင်ပြောလိုက်တာလေ။ မင်း အခုလို ကုတင်ပေါ်မှာလှဲနေမယ်ဆိုရင် မင်းအဖေက ဘာမှ သံသယဖြစ်မှာမဟုတ်ဘူး “

ထိုစကားကိုကြားတဲ့အခါ လုလျန့်ဝေ ရုန်းကန်နေတာကို ရပ်လိုက်သည်။

ကြင်နာမှုအပြည့်နဲ့ လုဟယ့်ထျန်းရဲ့ နူးညံ့တဲ့အသံက အပြင်ကနေ လာတာကို ကြားနိုင်သည်။

လုလျန့်ဝေရဲ့နှလုံးသားဟာ ချည်မျှင်တစ်ခုတည်းနဲ့ချိတ်ထားသည့်အလား ခံစားနေရသည်။ သူမအဖေဝင်လာတဲ့အခါ လုံယန်က သူမကုတင်ပေါ်မှာလှဲနေတာကို တွေ့သွားမှာ စိုးရိမ်နေသည်။ သူမ လျင်လျင်မြန်မြန်ဘဲ အိပ်ချင်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။

“ အဖေ၊ သမီး နည်းနည်း အိပ်ချင်နေလို့ တစ်ရေးအိပ်မလို့လုပ်နေတာပါ။ ကိစ္စတစ်ခုခုများရှိလို့လား “

အထဲကနေလာတဲ့ သူမ အသံကိုကြားတဲ့အခါ သူက သူ့သမီးရဲ့ အခန်းအတွင်းထဲထိလျှောက်ဝင်မသွားတော့ဘဲ အပြင်ကသာရပ်နေခဲ့သည်။

“ မဟုတ်ပါဘူး။ အဖေက ဒီအတိုင်း သမီးကိုတွေ့ဖို့လာတာပါ။ သမီးက ပင်ပန်းနေမှတော့ နည်းနည်းလောက်ပိုပြီး အိပ်သင့်တယ်။ နောက်ကျမှ တစ်ယောက်ယောက်ကို ညစာလာပို့ခိုင်းလိုက်မယ် “

“ အရူးမလေး၊ ငါက မင်းအဖေပါ၊ ဘာအတွက်များ ကျေးဇူးတင်နေရတာလဲ “

လုဟယ့်ထျန်း အနည်းငယ် စိတ်ဆိုးဆိုးဖြင့်ဆိုလိုက်သည်။

လုလျန့်ဝေ သူ(မ)နှလုံးသားထဲမှ မပီပြင်တဲ့ခံစားချက်တစ်ခုရလိုက်ကာ နူးညံ့ချိုသာတဲ့လေသံဖြင့်

“ ကောင်းပြီ။ သမီးဆက်အိပ်ပါ။ အဖေက ဆက်ပြီး မနှောင့်ယှက်တော့ဘူး “

လုဟယ့်ထျန်း ပြန်ထွက်သွားဖို့လုပ်နေစဉ်မှာဘဲ စားပွဲပေါ်က ခြင်းတောင်းရှိရာသို့ မတော်တဆ အကြည့်ရောက်သွားသည်။

သူ့မျက်လုံးထဲမှာ သံသယအရိပ်အယောင်တစ်ချို့ပေါ်လာပေမဲ့ ဘာမှမပြောခဲ့ချေ။ သူက လှည့်ပြန်သွားခဲ့သည်။

သူ့အနောက် တောက်လျှောက်လိုက်လာတဲ့ ကျူးယွီက ကြောက်လွန်းလို့ ဝိဉာဉ်ပင်လွင့်မတတ်ဖြစ်နေသည်။ အခန်းထဲက တိတ်ဆိတ်နေပြီး အရှင်မင်းကြီးရဲ့အရိပ်အယောင်မတွေ့တဲ့အခါ သူ(မ)ရဲ့ပေါက်ထွက်တော့မယ့်နှလုံးသားက နောက်ဆုံးမှာ စိတ်ချသွားရတော့သည်။

မြို့စားမင်းကြီးထွက်သွားတဲ့အခါ သူ(မ)က အခန်းတံခါးကို ပိတ်လိုက်သည်။

အရှင်မင်းကြီးက ထွက်သွားပြီလားဆိုတာကို သူ(မ)က တိတ်တဆိတ် ပတ်ကြည့်နေသည်။

လုလျန့်ဝေဟာလည်း တံခါးပိတ်သံကြားသည့်အခါ ထပ်တူစိတ်သက်သာရာရသွားသည်။

အခုဖြစ်သွားတာက သူ(မ)ကို အကြီးအကျယ်ထိတ်လန့်မှုဖြစ်သွားစေသည်။

ကြောက်လန့်မှုကြောင့် ထွက်လာသည့် နဖူးကချွေးတို့ကို သုတ်လိုက်ရသည်။

အကယ်၍ လုံယန်က သူ(မ)အခန်းထဲမှာရှိနေတာကို သူ(မ)အဖေသိသွားပါက ဒီအတိုင်းထားမည်မဟုတ်ချေ။

လုံယန်က ဧကရာဇ်တစ်ပါးဖြစ်နေရင်တောင်မှ သူ(မ)အဖေက ဒီကိစ္စကို ပေါ့ပေါ့တန်တန်သဘောထားမည်မဟုတ်။

ထိုအကြောင်းတွေးမိ၍ သူ(မ)ဘေးရှိလူကို စွပ်စွဲရိပ်လွှမ်းသောအကြည့်တို့ဖြင့် စောင်းကြည့်ဖို့ လှည့်လိုက်သည်။

အိပ်ရာပေါ်မှာ လှဲနေသည့် အနက်ရောင်ပုံရိပ်က လုံယန်ဖြစ်သည်။ သူ(မ) သူ့ရဲ့အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။

သူက အဲ့မှာ မလှုပ်မယှက်လှဲကာ ပေါ့ပါးတဲ့အငွေ့အသက်နဲ့ ကြိုဆိုနေသည်။ သူ့လက်မောင်းတို့ဟာ ထိုမိန်းကလေး၏နူးညံ့သည့်ခန္ဓာကိုယ်ကို ပွေ့ဖက်ထား၍ ပြည့်နှက်နေသည်။

သူ(မ)ရဲ့ ကိုယ်သင်းနံ့တို့ စွဲကပ်နေသည့်အိပ်ရာအခင်းပေါ်မှာ သူ့ရဲ့ ချောမောတဲ့မျက်နှာက အနည်းငယ်ရှက်သွေးဖြာနေသည်။ လိုက်ကာစက ချထား၌ သူ ကံကောင်းသွားသည်။ အလင်းရောင်ကိုကွယ်ထားတာကြောင့် သူ့မျက်နှာပေါ်က ကြောင်အအနိုင်တဲ့အမူအရာကို ကွယ်ပေးထားနိုင်သည်။

သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေခဲ့သည်။ တည်ငြိမ်အေးချမ်းနေသည့်လေထုကြားမှတစ်ဆင့် ရမ္မက်သွေးလွှမ်းသည့်ခံစားချက်လေထုက တဖြည်းဖြည်းကြီးထွားကာ ပြည့်နှက်လာသည်။ ထိုအရာက လုလျန့်ဝေကို နေမထိထိုင်မသာခံစားချက်မျိုးဖြစ်လာစေသည်။

All Chapters